Wednesday, December 29, 2010
ရခိုင်နန့် ဖက်ဒရယ်
ရခိုင်တိ ဆုံယှုံးနီရေ အချုပ်အခြာအာဏာစွာ“ရွှီတုံး” နန့် တူပြီးဂေ၊ ဂနိဗမာတချို့အပါအ၀င် တခြားတိုင်းရင်းသားတိတောင်းဆိုနီဂတ်တေ ဖက်ဒရယ်ပြည်ထောင်စုဆိုစွာ “ကြီးတုံး” အဆင့်ရာဟိရေ။ အောက်ချီးတိနန့်ပေါင်းကေ “ကြီးတုံး” က “ချီးတုံး” ဖြစ်လားဖို့စွာသေချာရေ။ စနစ်ကိုယုံရေ၊ လူကို မယုံ။
နောက်တချက်က တခြားတိုင်းရင်းသားမာ ပထ၀ီအနီအထားအရ သူရို့ခထောက်မာသူရို့ ရေဟြည်ရပ်တည်နိုင်ဖို့အခက်အခဲဟိရေ။ အောက်ချီးမာ ပိုဆိုးရေ။ အောက်ချီးပြည်က ထွက်ကုန်ဆိုလို့ ထန်းရည်နန့် မြက်ခြောက် ရာဟိရေ။ ယင်း ထန်းရည်နန့်မြက်ခြောက်ကို ပြည်ပကိုတင်ပို့ဖို့ဆိုဂေတောင်မ ရခိုင်နန့်မွန်က သီးခြားခွဲထွက်လားဂေ အောက်ချီးပြည်စွာ လာအိုနိုင်ငံရို့ပိုင် ကုန်းတွင်းပိတ်နိုင်ငံဖြစ်လားဖို့။ ယင်းချင့်ကို အောက်ချီးတချို့ကမြင်ဘနာ ဖက်ဒရယ်လို့အော်ရေ။ ယင်းဇူးနန့် ဖက်ဒရယ်စနစ်ဆိုစွာကို အောက်ချီးတချို့နန့် တခြားတိုင်းရင်းသားတိက ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ သဖောမျိုးနန့် မချစ်ကေလေ့ အောင့်ဘနာနမ်းနီဂတ်စွာရာဖြစ်တေ။ တယောက်ကိုတယောက် မခွဲနိုင်၊ မခွာနိုင်လောက်အောင် ချစ်လို့မဟုတ်။
ရခိုင်တိအနီနန့် ဒေအချိန်မာ ဟိုယောင်ယောင် ဒေယောင်ယောင်လုပ်နီဖို့အချိန်မဟုတ်ယာ။ ရခိုင်ပြည်ကျွန်ဘ၀ကလွတ်မြောက်ပြီးဂေ ခေတ်မီ၊ သာယာ၊ ဖွံ့ဖြိုး၊ တိုးတက်၊ အီးချမ်းရေ ရခိုင်နိုင်ငံပြန်တည်ထောင်ဖို့ကိုရာ လုံးဝ(လုံးဝ) အာရုံစူးစိုက်သင့်ရေ။ ရခိုင်ပြည်ကို ကိုယ်စားပြုနီရေပါတီတိ၊ အဖွဲ့အစည်းတိအားလုံး “ဘုံ” ရည်မှန်းချက်တခုရာ ဟိသင့်ရေ။ ယင်းလောက်ယာ.....
free4waddy
၃၁ ဒီစင်္ဘာ
နီရာယူ....အသင့်ပျင်....
အော်....
ဒီဇင်္ဘာ....ဒီဇင်္ဘာ....
ဆိုးလိုက်တေ ကံကြမ္မာ
မဟာဗမာ အမြီဆိုး
ငရို့အမျိုး....ကျွန်လူမျိုး....။
အော်....
ဒီဇင်္ဘာ....ဒီဇင်္ဘာ....
လာပြန်ယာ တခါ
ဒေကြမ္မာဆိုး
ငရို့ မရိုက်ချိုးကတ်ယာလား....။
နိုးထဂတ်ဖိ....
ရုန်းကြွဂတ်ဖိ....
မချိရေကြားက
ဟိသမျှအားနန့် လှော်ဂတ်မေ
အဖ ရခိုင်ပြည်ထိလေ။
တော်လှန်ရေးသစ္စာနန့် -
free4waddy
Thursday, December 23, 2010
ပထွီးယုတ်လက်အောက်က ရခိုင်ပြည်
   ပထွီးယုတ်လက်အောက်က ရခိုင်ပြည်
ရခိုင်ပြည်ပထွီးယုတ်လက်အောက်ကို ကျရောက်နီစွာ နှစ်ပေါင်း(၂၂၆)နှစ် မကြာခင် ပြည့်ပါဖို့ယာထော။ ရခိုင် ပြည်ထဲမာ ဇာဇာဖြစ်ပျက်နီကတ်တေဆိုစွာကို မျက်စိနန့် တပ်အပ်မမြင်ရကေလေ့ နိစိုင်နန့်အမျှ နားနန့်ကြား နီကတ်ရရေ။ စာတိ၊ သတင်းတိ ဖတ်နီကတ်ရရေ။ ယင်းသတင်းတိကို ကြားလိုက်ရကေ ကောင်းရေသတင်းဆို လို့ တခုလေ့မဟိ။ အားလုံး အမင်္ဂလာသတင်းတိဂျေးယာ။ အမင်္ဂလာကောင်တိ အုပ်ချုပ်နီသမျှကာလပတ်လုံး တော့ အမင်္ဂလာ သတင်းကိုမကြားချင်ကေလေ့ ကြားနီကတ်ရပါဖို့ယာ။ လူ့စိတ်ဓါတ်၊ လူ့ကိုယ်ကျင့်သိက္ခာဆိုလို့ တပြားဖိုးလောက်လေ့မဟိရေ အာဏာရူးတိလက်အောက်မာ အကျွန်ရို့ရခိုင်ပြည်သူ၊ ပြည်သားတိ ဇာ လောက်ထိ ဒုက္ခမျိုးစုံကို ရင်ဆိုင်ခံစားနီကတ်လီရဖို့လေ့ဆိုစွာကို စိုင်းစားကြည့်ဖို့ဆိုကေတောင် ဇာကစလို့ ဇာပိုင်စိုင်းစားရဖို့လေ့ မသိ။ရခိုင်ပြည်မာ အကျွန်ရို့အချေခါဘ၀တိကို တခါတရီအတွက်ခံစိုင်းစားမိပါရေ။ အုပ်ချုပ်တေအစိုးရမကောင်းလို့ မတိုးတက်၊ မဖွံ့ဖြိုးကေလေ့ စားရေး၊ သောက်ရေး၊ နီရေး၊ ထိုင်ရေး၊ လားရေး၊ လာရေး အစစအရာရာ ဂုလက် ဟိအခြေအနေထက် အဆပေါင်း ရာထောင်မကကောင်းပါသိမ့်ရေ။ ဆန်ရီစပါး၊ သားငါးပုဇွန် ပေါရေတိုင်းပြည် ဖြစ်လို့ ဆင်းရဲသားတိအတွက်လည်း ဆန်မယှား၊ သားငါး၊ ပုဇွန်၊ ဂဏန်းဆိုကေလေ့ ကွန်ချေတလက်၊ ရင်းဒင်း ချေတခုဟိရေ ကိုယ့်မိသားစုစားဖို့အတွက်တင်မက အိမ်နီးနားချင်းတိကို အပြန်အလှန်ရောင်းစားလို့ အပိုအ လျှံဝင်ငွေတိရကတ်တေ။ ဟင်းသီး၊ ဟင်းရွက်ဆိုကေလေ့ မြစ်နားချောင်းနားကိုပင်လားလား၊ တောထဲတောင် ထဲကိုပင်လားလား တောဟင်း၊ တောင်ဟင်းတိ ကြိုက်တေဟင်းကို ခူးစားလို့ရရေ။ အိမ်တစ်အိမ်မာ တယောက် အလုပ်လုပ်ကေ တအိမ်သားလုံး လလောက်ငငှဝမ်းဝ နိုင်ခကတ်တေ။ ကိုယ့်လူမျိုးအချင်းချင်းရာဟိလို့ အချိန် တန်ကေ ရာသီလိုက်ပွဲတိပြင်တိ၊ ရိုးရာပွဲတော်တိကိုလည်း ပုံမှန်ကျင်းပနိုင်ခကတ်တေ။အေချင့်တိကို ပြန်စိုင်းစားကေ အချေခါ အဘောင်သျှင်ရက်ပြတ်ပြောပြဖူးရေ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်လက် အောက်မာ ဇာပိုင်ဇာပိုင်နီခကတ်ရရေဆိုရေ အကြောင်းတိ။ ကုလားခွပ်ဖို့လိုက်လို့ ဇာပိုင်ပြီးခကတ်ရရေအ ကြောင်းတိ၊ စီးပွါးရေးအကြောင်းတိကိုပြောပြယာဆိုကေ ”အဂု ယင်းခေတ်မဟုတ်ယာ၊ ယင်းချင့်တိကို ပြောပြ နီလို့အပိုရာ” လို့ပြောကေ အဘောင်သျှင် ပြန်ဆဲစွာက ”ခေတ်မကောင်းမှာလူဖြစ်ဖို့ နင်ရို့” လို့စီမကြာမကြာ ပြန် ပြောခရေ။ ဒေဂု ယင်းပြောခရေအတိုင်း အကျွန်ရို့လက်ထက်မှာ အောက်သားမိစ္ဆာကောင်တိပါးမှာ နောက် ကုန်းကို ကျမွိနန့်အထောင်းခံရရေပိုင် ခံနီကတ်ရပါရေ။ပထွီးယုတ်ပီပီ ရခိုင်ပြည်က ဟိသမျှသမိုင်းအမွီအနှစ်၊ ရိုးရာယိုင်ကျေးမှုတိကို ခိုးစွာတမျိုး၊ လုယူစွာတဖုံနန့် ရ ခိုင်ပြည်မှာ တလင်းတောင်မပွဲသိမ့် ဆွဲစရာပုတ်မဟိပါယာ။ သဘာဝအရင်းအမြစ်ဆိုကေလေ့ အားလုံးသိကတ် တေအတိုင်း ပင်လယ်ထွက် အစားအစာ၊ သဘာဝဓါတ်ငွေ့၊ ရနံဆီ အစဟိရေစွာတိကိုရောင်းစားစွာနန့် အားမ ရသိမ့်ဘဲ အဂုတခါ ရခိုင်ပြည်က လယ်ရိုင်း၊ မြေရိုင်းတိကို ဘင်္ဂလားဒေ့(ခ်ျ) ကုလားအစိုးရကို ငှားဖို့လုပ်နီပါရေ။ ရခိုင်ပြည်မာ ရခိုင်သားအတွက်နီစရာ၊ လုပ်စားစရာ မြီမဟိယာ။ယင်းချင့်ထက်ပိုဆိုးစွာက ရခိုင်ပြည်မှာဟိသမျှ ချောင်းချေ၊ မြောင်းချေကအစ အားလုံးကိုလေလံပစ်ရောင်းစား နီရေ။ ယင်းယှင့်က တဖက်မှာ အိမ်ကြက်ချင်းအိုးမဲသုတ်ပနာ တိုက်ပီးနီစွာလည်းဖြစ်တေ။ တရက်ထက်တရက် ကုန်းကောက်စရာမဟိအောင် ရခိုင်ပြည်မှာ ဆင်းရဲတွင်းနက်လာကတ်တေ။ တောထဲ၊ တောင်ထဲမှာ ၀ါးချေတ လုံးခွပ်ဖို့၊ အပင်ချေတပင်ခွပ်ဖို့စွာကအစ ယင်း ယုတ်ပဲ့ရေမျက်နှာတိကိုကြည့်နီကတ်ရရေ။ ဗမာပြည်မှာလည်း မြစ်တိ၊ ချောင်းတိဟိကတ်ပါရေ၊ ယကေလေ့ ဂနိအချိန်ထိ ယင်းချောင်းတိ၊ မြစ်တိကို တနီရာမှာလည်း လေလံ ပစ်ရောင်းစားနီကတ်စွာကို မကြားဖူးပါသိမ့်၊ အကျွန်လေ့လာမှု အားနည်းလို့လည်းဖြစ်ချင်ဖြစ်ပါလိမ္မယ်။ရခိုင်ပြည်က နင်းပြားလယ်သမတိခမာ စစ်တပ်ဆောက်ဖို့အတွက်လယ်တိအသိမ်းခံရစွာတမျိုး၊ အောက်သား ပြည်ကရောက်လာကတ်တေ ရွင့်ပြာသတ်တိအတွက်ရွာဆောက်ဖို့ ၊ လုပ်စားဖို့ကအစ ရခိုင်ပြည်သူ၊ ပြည်သား တိလိုင်ခြောင်းထဲကအစာကို မတရားထုတ်ပီးနီကတ် ရစွာဖြစ်ပါရေ။ ရေရှည်အတွက်ကြည့်ဖို့ဆိုကေ အေယှင့် စွာ တငွိငွိနန့် လူမျိုးတုံး မျိုးဖြုတ်နီရေအစီအစိုင်ပါ။ ဒေကိစ္စတိကို ၂၀၁၀မှာ တက်လာဖို့ ဒီမိုကရေစီလို့ပြောရေ အစိုးရအနီနန့်ကား ဇာပိုင်ဖြေယှင်းပီးဖို့လဲဆိုစွာ မေးခွန်းဖြစ်လာပါဖို့ယေ။ကရင်ပြည်ရို့၊ ရှမ်းပြည်ရို့မာပိုင် ရွာတိကိုမီးတိုက်၊ ဒေသခံတိကိုအားဓမ္မအနိုင်ကျင့်ပနာ ထွက်ပြီးအောင်လုပ်နီ ကတ်စွာတိကို လူအများမြင်နိုင်ကေလေ့ အဂုရခိုင်ပြည်မှာပိုင် လူမျိုးတုံးမျိုးဖြုတ်နီရေအစီအစိုင်က နုညံ့သိမ်မွိပ နာ ပိုပြီးကေကြောက်ဖို့ကောင်းပါရေ။ ဇာကြောင့် အေနည်းကိုသုံးလဲဆိုကေ တခြားကရင်ရို့၊ ရှမ်းရို့ကိုလုပ်တေ ပိုင် ရခိုင်ကိုလုပ်လို့မရနိုင်ပါ။ ယင်းပိုင်လုပ်စွာနန့် စစ်တပ်ထဲကရခိုင်သား ပြောင်းဝတိ ယင်းသူရို့ဖက်ကိုလှည့် လာဖို့စွာကိုကြောက်တေ။ ဗမာစစ်တပ်ထဲမှာ အနှိမ်ခံဘ၀နန့် တာဝန်ထမ်းဆောင်နီကတ်ရရေ ရခိုင်သားတိ လည်း ယှယှင်းပြောရကေ လမ်းမမြင်လို့ မချစ်ကေလေ့ အောင့်ကာနမ်းနီကတ်ရစွာပါရာ။ ယင်းရခိုင်ရဲဖော်တိ ပဉ္စမံတပ်သားတိဖြစ်လာအောင်လုပ်ကတ်ရပါဖို့။ နောက်ဆုံး ဖြစ်နိုင်ကေ ရခိုင့်ကပစ (ကာကွယ်ရေး ပစ္စည်း စက်ရုံ)ကို အောက်သားစစ်တပ်ထဲမှာ ရအောင်တည်ကတ်ရပါဖို့။ကျူးဘားသမတဟောင်း ကတ်စထရိုကို ဇာသူက ဇာပိုင်ပင်သမုတ်သမုတ်၊ အာဏာရှင်လို့ပြောပြော အကျွန့် ရင်ထဲက မဟာသူရဲကောင်းဆိုရေ ဝေါဟာရကို ပျက်ပြယ်နိုင်စွမ်းမဟိပါသိယေ။ အမေရိကန်တိ ကျူးဘားတနိုင် ငံလုံးကို လက်ဝါးကြီးအုပ်ပနာ မှောက်ချင်တိုင်းမှောက် ပြန်ချင်တိုင်းပြန်နီကတ်ခရေ။ တနိုင်ငံလုံးမှာဟိရေ သ ကြားခင်းတိ၊ ဆီးရွက်ကြီးခင်းတိ၊ သကြားစက်ရုံဟူသမျှလည်း အားလုံးအမေရိကန်တိကရာပိုင်ရေ။ ယင်းပိုင်အခြီ အနီကနီပြီးကေ ကတ်စထရိုဦးဆောင်ပနာ လူလေးငါးခြောက်ယောက်နန့် အမေရိကန်ပိုင်စွာတိအားလုံး ကို ပြန်သိမ်းယူခပနာ ကျူးဘား ပြည်သူတိလက်ထဲကို ပြန်ရောက်အောက် ပြန်ထည့်ပီးနိုင်ခရေ။ယင်းပိုင် မကောင်းဆိုးဝါးမိစ္ဆာကောင်တိကို တိုက်ထုတ်ဖို့အတွက် အိုင်ယာလန်နိုင်ငံမှာပိုင် ”ဆင်ဖိန်း(Sinn Fein)”တိ ရခိုင်ပြည်မှာ အများကြီးလိုနီပါယာ။ကဗျာဆရာ နောင်ရဲခိုင်ကတော့ ပေါက်တောရွှေမြေ၊ မဂ္ဂဇိန်း၊ အမှတ်(၂)မှာ ရွီးခရေ ကဗျာချေတပိုဒ်ပိုင် -
ဖိုးခေါင်တောင်ထက်မှာမျဉ်းဖြောင့်တကြောင်းဆွဲကြည့်ကတ်ဖို့ဆိုကေအကို ဇာနီရာမှာမဆိုပါဖြစ်အောင်ပါဖို့ဆို။ လို့ ပြောထားပါရေ။
အကျွန့်အနီနန့် ပြောရဖို့ဆိုကေတော့ခါ ရခိုင်သားတိအားလုံး စစုစစည်းနန့် အိပ်ဇိုးဒတ်(Exodug)သင်္ဘော ချေတစင်းလောက် ဆောက်နိုင်ကတ်ဖို့ဆိုကေ ယင်းသင်္ဘောကုန်းပတ်ထက်မှာ သံချီးပင်ခေါက်ရခေါက်ရ၊လက် အံသီအောင် ရီပင်ပစ်ရပစ်ရ လိုက်ချင်ပါယင့် ----။ ။”ကြောက်တတ်တေလူစွာ အမြဲတမ်းအခြောက်ခံရရေ”ရခိုင်သားတိုင်း လွတ်လပ်အီးချမ်းနိုင်ကတ်ပါစီ။
ရခိုင်သားချေ
Wednesday, December 22, 2010
သမိုင်းကိုပျောက်အောင် မဖျောက်မိကြဖို့  လိုအပ်
သမိုင်းကိုပျောက်အောင် မဖျောက်မိကြဖို့  လိုတယ်  
Wednesday, December 8, 2010
လူမျိုးတိုင်းမှာ သမိုင်းရှိသည်။ မဖေါ်ပြလို၍ မရေးသားကြခြင်းနှင့် မလိုအပ်၍ မရေးသားပေးကြခြင်းမျိုး။ ယခုတလောဖတ်နေရသော ဆောင်းပါးများတွင် လူမျိုးနှင့် ပါတ်သက်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် ပါတ်သက်သောဆောင်းပါးများကို ဖတ်ကြငြင်းကြ ပြောနေကြသည်။ အမှားတွေကို တွေ့ နေရတော့ ပြောကြဆိုကြပေလိမ့်မည်။ စင်စစ်အားဖြင့် ကျွန်တော်ပင်လျင် ဤအကြောင်းကို ၀င်၍မဆွေးနွေးချင်။ သို့ သော် နောင်လာနောက်သားတွေ၊မျိုးဆက်သစ်တွေက သမိုင်းကိုပျောက်အောင်ဖျောက်အောင်ကြိုးစားမူများအား ရော၍မပါဝင်စေလိုခြင်းကြောင့် ဆွေးနွေးရေးသားလိုက်ရခြင်းဖြစ်သည်။ အဓိကအကြောင်းမှာ စာများရေးသားကြလျှင် ဆင်ခြင်သတိထားကြဖို့ လိုနေကြောင်း ပြောလို၍ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ်ဆိုခြင်း
ပြည်ထောင်စုမြန်မာနိုင်ငံခေါ်ဆိုခြင်းမှာ ဗမာတိုင်းရင်းသားလူမျိုးများက အခြားသောလူမျိုးများကို နယ်ချဲ့ ကိုလိုနီပြုကာ လက်နက်အားကိုးဖြင့် အုပ်ချုပ်နေသော နိုင်ငံကို ခေါ်ဆိုခြင်းဖြစ်သည်။ ပကတိမျက်မှောက်ကာလတွင်
နယ်ချဲ့ အုပ်ချုပ်သူ ဗမာစစ်အာဏာရှင်တို့ သည် အခြားသောလူမျိုးများအား တိုင်းရင်းသားလူမျိုးများဟု ခေါ်ဝေါ်သတ်မှတ်ပြီး သူတို့ လူမျိုးကိုမူ ဗမာလူမျိုးဟု ခေါ်ဆိုသတ်မှတ်ထားကြသည်။ ယင်းဌါနေတွင် နေထိုင်ပါလျက် ဗမာလူမျိုးများမှာ မည်သည့်အတွက်ကြောင့် ဗမာတိုင်းရင်းသားလူမျိုးဖြစ်သည်ဟု ဗမာဆောင်းပါးရှင်များက မရေးသားကြသနည်းမသိ။ ယင်းမှာအခြား လူမျိုးများအနေဖြင့် စိတ်ကိုနာကျည်းစေခြင်းဖြစ်သည်။ အကယ်၍ဗမာတိုင်းရင်းသားလူမျိုးများဟုသာ ရေးသားနေကြသည်ဆိုလျှင် အခြားတိုင်းရင်းသားလူမျိုးများဟု ပြောဆိုခံနေကြရသောလူမျိုးများက ယင်းနိုင်ငံကို လက်ခံနားလည် ခွင့်လွှတ်နိုင်ကြမည်ထင်ရသည်။ နယ်ချဲ့ ကိုလိုနီပြုကာ လက်နက်အားကိုးဖြင့် အုပ်ချုပ်သောနိုင်ငံဟု ခေါ်ဆိုရခြင်းမှာလည်း သမိုင်းကိုသတိရစေလို၍ ထောက်ပြခြင်းဖြစ်သည်။ ဤနေရာ၌ ရခိုင်လူမျိုးများသည် ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့ ကြသော သီးခြားလူမျိုးဖြစ်သည်။ AD ၆ ရာစုခန့် ကပင် ယခုရေးသားနေကြသော ကကြီးခခွေး ဗျည်း ၃၃ လုံးကို ရေးသားသုံးစွဲံနေကြသော လူမျိုးဖြစ်သည်။ ဝေသာလီကျောက်စာ ၊ အာနန္ဒစန္ဒြကျောက်စာ ၊ ရှေးဟောင်းငွေဒင်္ဂါးတို့ မှာ ယင်းခေတ်ကပင် ရခိုင်လူမျိုးတို့  သုံးစွဲနေကြပြီဖြစ်သည်။ သက္ကရာဇ် ၁ရ၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ရခိုင်ထီးနန်းကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခဲ့သူမှာ ဗမာဘုရင် မောင်ဝိုင်းဖြစ်သည်။ ရခိုင်လူမျိုးပေါင်း နှစ်သိန်းကျော်အသတ်ခံရသည်။ တချို့  ဘင်္ဂလာေးဒ့ရှ်နိုင်ငံဘက်သို့  ထွက်ပြေးတိမ်းရှောင်ရသည်။ တချို့ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ရခိုင်ရှင်ဘုရင် ထီးနန်းစိုက်ရာမြို့တော်ဖြစ်သော မြောက်ဦးရှိ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးမြို့ သို့  ရခိုင်အကျဉ်းသားများအား ဆောင်ယူခိုင်းခဲ့သည်။ စေတီဘုရားပုထိုးများမှ ရရှိသောကြေးစည်သံမောင်းများဖြင့် မင်းကွန်းခေါင်းလောင်းကို ပြုလုပ်ခဲ့သည်။ ရခိုင်လူမျိုးတို့ ၏ ယဉ်ကျေးမူမှာ အိန္ဒိယနိုင်ငံမှ ဆင်းသက်သည်။ ဗုဒ္ဒမြတ်စွာဘုရားရှင်သည် သက္ကရာဇစ် ၁၂၃ ခုနှစ်တွင် ရခိုင်ရှင်ဘုရင် မဟာစန္ဒသုရိယမင်းက ဖိတ်ကြား၍ ရခိုင်ပြည်မြောက်ဦးမြို့ တော်သို့  ကြွရောက်လာခဲ့သည်။ အေဒီ ၄ ရာစုမှပင် ရခိုင်လူမျိုးတို့ မှာ စာပေယဉ်ကျေးမူ နှင့် ဗုဒ္ဒဘာသာအယူဝါဒထွန်းကားနေခဲ့ ပြီးဖြစ်သည်။ ထို့ ကြောင့် ယခုရေးနေသော ကကြီးခခွေးဗျည်း စာပေမှာ ရခိုင်လူမျိုးတို့ ၏ စာပေသာဖြစ်သည်။ ဤစာမှာ ရခိုင်စာသာဖြစ်သည်။ ရခိုင်လူမျိုးတို့ တွင် ရှေးခေတ်ရခိုင်စာဆိုတော်များစွာရှိသည်။ ရတုရကန်အဲအန် သာခြင်းများကို စပ်ဆိုခဲ့ ကြကုန်သော စာဆိုတော်များမှာ လွန်စွာရှိသည်။ ထို့ ကြောင့် ယခုရေးနေသောစာပေကို ဗမာစာ ဖြစ်သည်ဆိုပြီး ပြောဆိုရေးသားနေမူမျိုးကို ရခိုင်လူမျိုးတို့ သည် အမှတ်တကယ်ပင် ရီမောကြသည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်လူမျိုးတို့ မှာ စာပေသမိုင်းရှိနေကြ၍ဖြစ်သည်။
ဗမာတိုင်းရင်းသားလူမျိုးတို့ ထံသို့  ဗုဒ္ဒဘာသာရောက်ရှိလာခြင်း
ဗမာတိုင်းရင်းသားလူမျိုးတို့ မှာ ယင်းအချိန်က ယခုအချိန်ကဲ့သို့  သီးခြားဗမာလူမျိုးဟူ၍ မခေါ်ဆိုသေး။ သူတို့ ထံသို့  သီဟိုဋ်နိုင်ငံမှသာ ဗုဒ္ဒဘာသာယဉ်ကျေးမူ ရောက်ရှိလာခြင်းဖြစ်သည်။ အေဒီ ၁၄ ရာစုနှစ်မှာမှ ဗုဒ္ဒဘာသာရောက်ရှိလာရာ စာပေယဉ်ကျေးမူမှာ ရခိုင်လူမျိုးများထက် လွန်စွာနောက်ကျမှရောက်ရှိခြင်းဖြစ်သည်။ ရခိုင်လူမျိုးတို့ ၏ ဗုဒ္ဒဘာသာကိုးကွယ်မူမှာ မြတ်စွာဘုရားရှင် ရောက်ရှိလာပြီးနောက် ကိုးကွယ်ခြင်းဖြစ်ရာ အိန္ဒိယမှ ရောက်ရှိလာသော ဗုဒ္ဒဘာသာယဉ်ကျေးမူဖြစ်သည်။ ထို့ ကြောင့်ရခိုင်လူမျိုးနှင့် အိန္ဒိယနိုင်ငံသည် ယဉ်ကျေးမူဓလေ့ထုံးစံများ ရိုက်ခတ်စီးဆင်းနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝေသာလီကျေက်စာနှင့် အခြားသောမရေမတွက်နိုင်သော ကျောက်စာများ စာပေရေးသားမူများမှာ အိန္ဒိယနိုင်ငံရှိ ကျောက်စာများတွင် ရေးထိုးထားသော စာပေမျိုးနှင့် တူညီနေသည်။ ယင်းဗုဒ္ဒဘာသာကို ရခိုင်လူမျိုးစုများသည် ယုံကြည်စွာဖြင့် ကိုးကွယ်ကြသည်။ ရခိုင်လူမျိုးစုတို့ တွင် ရခိုင်လူမျိုးစု၊ သက်လူမျိုးစု ကမန်လူမျိုးစု၊မြိုလူမျိုးစု၊သက်လူမျိုးစု ၊မရမာလူမျိုးစု၊ဒိုင်းနက်လူမျိုးစု များဟူ၍ရှိသည်။ ယင်းလူမျိုးစုများမှာ ရှေးနှစ်ပေါင်းပဝေသဏီကပင် ယခုအချိန်ထိ ရခိုင်လူမျိုးစုနွယ်များအဖြစ် မှီတင်းနေထိုင်ကြသည်။ ရခိုင်လူမျိုးစုဖြစ်သော မရာမာကြီးလူမျိုးသည် .ခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ရှိနေသလို ရခိုင်ပြည်အနှံ့တွင်လည်း ရှိနေကြသည်။ အိန္ဒိယစာပေများနှင့် ရခိုင်သမိုင်းစာပေဆိုင်ရာစာပေများတွင် မရမာကြီးလူမျိုးများဟု သုံးနှုံးခေါ်ဝေါ်ခြင်းကို ဘရမာဒေ့ရှ် တနည်းအားဖြင့် ဗမာလူမျိုးပါဟု ပြောဆိုရေးသားမူမှာ မည်သို့ မျှ အဓိပ္ပါယ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ရခိုင်လူမျိုးများနှင့် အိန္ဒိယနိုင်ငံယဉ်ကျေးမူသည်သာ ဆက်စက်မူရှိနေခဲ့ပြီး ဗမာလူမျိုးများသမိုင်းတွင် ယင်းသို့ ခိုင်ခန့် သော သမိုင်းအချက်အလက်မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဒဘာသာကို စတင်ကိုးကွယ်မူနှင့် ကကြီးခခွေးကို စတင်သုံးစွဲသော ရခိုင်လူမျိုးများ၏ စာသည်သာ ယနေ့ သုံးစွဲနေသော စာပေဖြစ်သည်။ နောက်တချက်မှာ ၁ရ၈၄ ခုနှစ်တွင် ရခိုင်လူမျိုးတို့ ၏ စာဆိုတော်များ ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယင်းကမှတဆင့် ရခိုင်စာပေများကို သင်ကြားခဲ့ကြသောကြောင့် တဖြေးဖြေးနှင့် ကာလရွေ့ လျောလာပြီး ပေထက်အက္ခရာဖြစ်လာကြခြင်းဖြစ်သည်။ ယင်းကြောင့်လည်း ရခိုင်လူမျိုးတို့ မှာ ဤစာသည် ရခိုင်စာဟု သံသယကင်းစွာ ယုံကြည်လက်ခံကြသည်။
မျက်မှောက်ကာလ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်လိုကြမူ
ယခုတလော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် ဒုတိယပင်လုံညီလာခံအရေးတွေ ဆွေးနွေးရေးသားကြသည်။ ဤအခါမိမိတို့ လိုရာ ဆွဲပြီးရေးသားနေကြသည်ကို တွေ့ မြင်ရသည်။ သမိုင်းကိုမသိဘဲ လိုရာကိုကောက်ချက်ချကာ ရေးသားနေကြသည်ကို ၀မ်းနည်းဘွယ်တွေ့ မြင်ရသည်။ စောစောကပြောခဲ့သလို ရခိုင်လူမျိုးတို့ မှာ ထီးမွေနန်းမွေပျောက်ကာ လူမျိုးပေါင်း သိန်းနှင့်ချီကာ အသတ်ခံခဲ့ရသည်။ နိုင်ငံလည်းပျောက်ခဲ့ ကြရသည်။ သက္ကရာစ် ၈၁၆ ခုနှစ်တွင် ရခိုင်ရှင်ဘုရင် မင်းခရီနှင့် အင်းဝဘုရင် တို့ ရခိုင်ရိုးမတောင်( ဖိုးခေါင်တောင် ) တွင် နှစ်နိုင်ငံစာချုပ်ဆိုခဲ့ ကြသည်။ ဖိုးခေါင်တောင်၏ အရှေ့ဖက်ကို အ၀ဘုရင်နိုင်ငံပိုင်သည်ဆိုပြီး အနောက်ဖက်ကို ရခိုင်နိုင်ငံတော်၏ အချုပ်အချာ အာဏာပိုင်နိုင်ငံဟု ခေါ်ဝေါ်သတ်မှတ်အသိအမှတ်ပြုခဲ့ကြသည်။ ယင်းနေ့ မှာ ( အေဒီ - ၁၄၅၄ ခနှစ် - သက္ကရဇစ် - ၈၁၆ ခု၊ တန်းခူးလဆန်း - ၆ - ရက်- တနင်းလာနေ့  ဖြစ်သည်) ။ ရခိုင်နိုင်ငံတော်သည် ယင်းအချိန်မှပင် ရခိုင်လူမျိုးတို့ ၏ နိုင်ငံတော်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ ရခိုင်ရှင်ဘုရင်လက်ထက်က ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ အထိ ပိုင်ဆိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံရှိ မဂိုဘုရင်တို့ နှင့်၎င်း၊ မူဆလင်ဘုရင်တို့ နှင့်၎င်း မကြာခဏစစ်မက်ဖြစ်ပွါးခဲ့ရသည်။ စီးပွါးရေးတွက် နိုင်ငံတကာနှင့် ရေလမ်းခရီးဖြင့် ကူးသန်းသွားလာဖေါက်ကားခဲ့ကြသည်။ ပေါတူဂီ။ဒက်ခ်ျ၊ပြင်သစ်၊ တို့ နှင့် စီးပွါးရေးအထူးကောင်းမွန်ခဲ့သည်
မြောက်ဦးဘုရင် မဟာသမတရာဇါမင်းလက်ထက်တွင် ဗမာဘုရင်မောင်ဝိုင်းက မကြေညာသောစစ်ကို ကျူးကျော်ပြီး စစ်တိုက်သည်။ ထို့ကြောင့် ရခိုင်ထီးနန်း နှင့် ရခိုင်နိုင်ငံတော်ကျဆုံးခဲ့ရသည်။ ယင်းနေ့ မှာ ၁ရ၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်သည်။ ယင်းသို့ ရခိုင်အချုပ်အချာနိုင်ငံတော်ကျဆုံးခဲ့ရသော်လည်း ယင်းနေ့ အလွန် ဇန္န၀ါရီလ ၁ ရက်နေ့ ကပင် ရခိုင်လူမျိုးတိ့ သည် မိမိတို့ ၏ဆုံးရှုံးသွားသော ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိစေဖို့  တော်လှန်ရေးကို စတင်ဆင်နွဲသည်။ ယခုအချိန်ထိ ရခိုင်လူမျိုးတို့ သည် ရခိုင်ပြည်လွပ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲလျက်ပင်ရှိနေဆဲဖြစ်သည်။ ရခိုင်နိုင်ငံတော်ကို ပြန်လည်မရသမျှလက်နက်ကိုင်တော်လှန်ရေးက ဆက်လက်ရှိနေအုံးမည်ဖြစ်သည်။ ဤသည်မှာ ရခိုင်လူမျိုးတို့ ၏ စစ်မှန်သော တရားသော အမှန်တရားပင်ဖြစ်သည်။
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းပိုင်ခွင့်အရေးမရှိလျှင် ခွဲထွက်ပိုင်ခွင့် ရှိရမည့် အခြေအနေ
ကောင်းပါပြီ။ ယခုတင်ပြသောရခိုင်လူမျိုးတို့ ၏ သမိုင်းကို မျက်စိမှိတ်လက်မခံလျှင်လည်း အကြောင်းမဟုတ်၊ ဗမာတိုင်းရင်းသားလူမျိုးတို့ သည် ရခိုင်လူမျိုးတို့ ၏ ဤသီးခြားသမိုင်းအခြေအနေကို မည်သို့ မျှ မမေ့လျော့မိကြစေရန်သာ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် ရေးနေကြသော ဗမာဆောင်းပါးရှင်များက စစ်အစိုးရသတင်းစာများမှ အလိုတော်ရိဆောင်းပါးရှင်များထက် ပိုမိုရေးသားနေမူများက များပြားနေကြသောကြောင့်ဖြစ်သည်။ ဤနေရာ၌ လူ့ အခွင့်အရေးအခြေခံအချက် ( ၃၀ ) တွင် ပုဒ်မကြီးဖြင့် သေသေချာချာဖေးပြထားမူတချက်ရှိနေသည်။ ယင်းမှာ လူမျိုးတမျိုးကို လူမျိုးတမျိုးက ကိုလိုနီအဖြစ် မအုပ်ချုပ်ရ။ မကျူးကျော်ရ။ ဆိုသောအပိုဒ်ပါရှိနေသည်။ သည်တော့ ရခိုင်လူမျိုး တို့ မှာ လူအခွင့်အရေးအခြေခံဥပဒေကို မခံစားရသော လူမျိုး တမျိုးဖြစ်နေသည်ကို သိနားလည်ရပေလိမ့်မည်။ မှန်ပါသည်။ ရခိုင်လူမျိုးတို့ သည် ဗမာနယ်ချဲ့ ကိုလိုနီအဖြစ် နေရသောကျွန်လူမျိုးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ယင်းကျွန်ဘ၀မှလွပ်မြောက်ရေးအတွက် ရခိုင်လူမျိုးတို့ က လက်နက်ကိုင်တော်လှန်ရေးဆင်နွဲနေသည်မှာလည်း ပကတိမျက်မှောက်ကာလမှာ ရှိနေဆဲဖြစ်သည်။
အခြားတဖက်မှာ ဗမာလူမျိုးနယ်ချဲ့ စစ်အာဏာရှင်အုပ်စိုးထားသော ဤနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်လိုကြသည်ဟုလည်း ပြည်ပရောက်ဆောင်းပါးရှင်များ၊ ပြည်ပရောက်အဖွဲ့ အစည်းများက အမြဲပြောဆိုနေကြသည်ကို တွေ့ ရသည်။ တချိန်တည်းမှာ စစ်အစိုးရက မကြိုက်မှာစိုး၍ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို မပြောဆိုတော့၊ စွန့် လွှတ်လိုက်ကြပါပြီဟု ရေးသားပြောဆိုနေကြသည်။ စစ်အစိုးရက မကြိုက်၍ ခွဲထွက်လိုခွင့်ကို အနာဂါတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံမှာ ရေးမထည့်ထားပါဟု ဖွဲစည်းအုပ်ချုပ်ပုအခြေခံဥပဒေရေးဆွဲရေးဥက္ကဌဖြစ်သူက ကျွန်တော့်အား ပြောဆိုခဲ့သည်။ သို့ သော် ကျွန်တော်ရေးသားသော အနာဂါတ်ဓည၀တီရခိုင်ပြည်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒေ( မူကြမ်း ) တွင် ယခုလို ရေးသားဖေါ်ပြထားရှိသည်။ ( ပုဒ်မ-၁၁- (က ) တန်းတူရေးနှင့် ခွဲထွက်ခွင့်--ရခိုင်ပြည်တွင် နိုင်ငံရေးနင့် ခွဲထွက်ခွင့်မရှိသည်အတွက်နှင့်၎င်း၊ အခြားသောတိုင်းရင်းသားလူမျိုးများနှင့် ညီတူညီမျ အကျိုးခံစားပိုင်ခွင့်င့်ရှိသည်၎င်း၊ အကယ်၍ယူဆလျင် ရခိုင်ပြည်သည် ဗဟိုအစိုးရနှင့်၎င်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့်၎င်း၊ ပထမအကြိမ်ပြည်သူ့ လွှတ်တော် သက်တမ်း- ၄ -နှစ်ကျော်လျင် ခွဲထွက်ပိုင်ခွင့်ရှိသည်။ ( ခ ) ဤဥပဒေပုဒ်မ-၁၁ (က ) အရ ဖက်ဒရယ်ပြည်ထောင်စုမြန်ာမနိုင်ငံမှ ခွဲထွက်ခွင့်ရရှိသည်နှင့် သီးခြားလွပ်လပ်သောသို့ မဟုတ်( သို့ မဟုတ်) ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လုံးဝမပါတ်သက်သော ဓည၀တီရခိုင်ပြည်ဖြစ်ကြောင်း ဤဥပဒေပုဒ်မ-၁၁- (ခ ) ဖြင့် ပြဌန်းဖွင့်ဆိုနိုင်သည်။
ဤသည်မှာသမိုင်းကို သေသေချာချာ ချပြထားပြီး ရေးသားထားသော ရခိုင်နိုင်ငံတော်ဖြစ်ရပ်များမှ ရခိုင်လူမျိုးတို့ ၏ ဆန္ဒအမှန်ကို ဖေါ်ထုတ်ပြဆိုခြင်းဖြစ်သည်။ ထို့ကြောင့်လည်း စစ်အစိုးရကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ခွဲထွက်ပိုင်ခွင့်ကိုမက လုံးဝသီးခြားနိုင်ငံတော်အတွက်ကိုပါ ကျွန်တော်တို့ က ရေးဆွဲထားခြင်းဖြစ်သည်။ ယင်းအထဲ၌ အကယ်၍ ဆိုသောစကားရပ်ကို သတိချပ်စေလိုသည်။ မည်သည့်အချိန်တွင်မဆို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ချင်လိုသူများမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုက်နာကျင့်သုံးရေးသည်သာအရေးကြီးသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏အမြော်အမြင်ကြီးမားမူဖြင့် ရေးသားခဲ့သော ယင်း ၄၇ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စစ်အစိုးရမကြိုက်သည်ဆိုပြီး အမှိုက်ပုံထဲကို လွှင့်မပစ်ဖို့ အရေးကြီးသည်။ တချိန်တည်းမှာပင် အခြားသောတိုင်းရင်းသားလူမျိုးများကလည်း ဤအချက်ကို အထူးသတိထားရမည်ဖြစ်သည်။
တန်းတူရေးဆိုသည်မှာ ဘုန်းကြီးကျောင်းဆောက်ခြင်း၊ တံထားဆောက်ခြင်းလောက်မှမျှ တန်းတူရေးကို ပြောဆိုခြင်းမဟုတ်။ နိုင်ငံရေးအရလွပ်လွပ်စွာ တန်းတူခွင့်ရှိနေရေးဖြစ်သည်။ လူမျိုးတမျိုးက လူမျိုးတမျိုးကို နယ်ချဲ့ကိုလိုနီအဖြစ် ပြုလုပ်ထားပြီး ညီအကိုပါဟု ပြောဆိုနေရုံမျှတော့ ဘာမျှ ဖြစ်လာမည်မဟုတ်။ လူ့ အခွင့်အရေးအခြေခံဥပဒေအချက်အလက်များကို တိကျလိုက်နာသော နိုင်ငံရေးစနစ်ရှိမှသာ တန်းတူရေးဖြစ်လာလိမ့်မည်။ ကိုယ်ပိုင်ဥပဒေပြဌန်းပိုင်ခွင့်ပိုင်ဆိုသည်မှာ ကောက်ရိုးပုံစောင့်သောခွေးလို နိုင်ငံရေးစနစ်မဟုတ်ချေ။ မိမိတို့၏နိုင်ငံ ပြည်နယ်ပေါင်းစုတို့ ကို မိမိတို့ သီးခြားကိုယ်ပိုင်ဥပဒေဖြင့် အုပ်ချုပ်စီမံကျင့်သုံးပိုင်ခွင့်ဆိုသော နိုင်ငံရေးစနစ်ရှိစေရေးဖြစ်သည်။ ယင်းအခြေအနေများကို ဖြစ်ပေါ်စေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတခုကို တည်ဆောက်ကြမည်ဆိုလျှင် ၂၁ ရာစုနှင့်အညီ ခေတ်မှီတိုးတက်သောအမြင်ဖြင့် တည်ဆောက်ကြရန်လိုသည်။
နိုင်ငံပေါင်းစု ဖက်ဒရယ်သို့ မဟုတ် ပြည်ထောင်ပေါင်းစုဖက်ဒရယ်နိုင်ငံ တည်ဆောက်ခြင်း
စစ်မှန်သောဒီမိုကရေစီအခွင့်အရေးနှင့် လူ့ အခွင့်အရေးကို အခြေခံသော ဖက်ဒရယ်နိုင်ငံတခုကို တည်ဆောက်ကြရန်အတွက် အဓိကတိုင်းရင်းသားဌါနေလူမျိုးများ အရေးကြီးနေသည်။ ရခိုင်နိုင်ငံတော်ဆုံးရှုံးသွားသော ရခိုင်လူမျိုးများ၊ မွန်ဘုရင့်နိုင်ငံတော်ဆုံးရှုံးသွားသော မွန်လူမျိုးတို့ သည် သူတို့ ၏နိုင်ငံတော်ကို ပြည်လည်လိုချင်ကြသည်ဖြစ်သည်။ ယင်းမှာလုံးဝငြင်း၍မရသော သမိုင်းအချက်ဖြစ်သည်။ သို့ အတူတောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများဖြစ်သော ကချင်၊ကရင်။ ချင်း၊လူမျိုးများတို့ ၏ အခြေခံလူ့ အခွင့်အရေးများသည်လည်း ပျောက်ဆုံးဖယ်ရှားခံရနေမူများကို ပြန်လည်ရလိုကြသည်သာဖြစ်သည်။ ထို့ ကြောင့် ရခိုင်လူမျိုးများနှင့် မွန်လူမျိုးတို့ သည် ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အခြားတိုင်းရင်းသားလူမျိုးတို့ နှင့် လက်တွဲတိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဒီမိုကရေစီအစိုးရစနစ်တခုကို တည်ဆောက်လာနိုင်ပြီဆိုလျင် ရခိုင်လူမျိုးနှင့် မွန်လူမျိုးတို့ မှာ လွပ်လွပ်ရေးကို လုံးဝခံစားရမည့် လူမျိုးဖြစ်သည်။ ဆိုလိုသည်မှာ ရခိုင်လူမျိုးနှင့် မွန်လူမျိုးတို့ ကို ဒီမိုကရေစီအစိုးရဖြစ်လာမည့်အစိုးရက လွပ်လွပ်ရေးပေးရန်လိုသည်။ အကြောင်းမှာသူတို့ အနေဖြင့် ဗမာနယ်ချဲ့ ကိုလိုနီအဖြစ်မှ လွပ်ကင်းပြီး ဖက်ဒရယ်နိုင်ငံတည်ဆောက်သည့်အခါ လူ့ အခွင့်အရေးအခြေခံအချက် ( ၃၀ ) ထဲက ဥပဒေပုဒ်မတို့ ဖြင့် နိုငငံတကာရှိလူသားများနှင့် တန်းတူအကျိုးခံစားပိုင်ခွင့် ရရှိစေရန်ဖြစ်သည်။ ယင်းသို့ ဆိုက နိုင်ငံပေါင်းစုဖက်ဒရယ်ပြည်ထောင်စုကို စစ်မှန်သောဒှီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ကြမည်ဆိုလျင် ရခိုင်နိုင်ငံပြည်ထောင်စုနှင့် မွန်ဘုရင့်ပြည်ထောင်စုတို့ သည်လည်း ပါဝင်လာမည်မှာ အသေအချာဖြစ်သည်။ ပြီးတော့ အခြားသောတောင်တန်းဒေသ ပြည်နယ်ပေါင်းစုလူမျိုးများကလည်း နိုင်ငံပေါင်းစုဖက်ဒရယ်ထောင်စုတွင် ပါဝင်လာမည်ဖြစ်သည်။ သို့ မှသာ သေနတ်သံဆိတ်သုဉ်းသော ပြည်ထောင်စု တခုဖြစ်မည် ။ ယင်းမှာတန်းတူရေးနှင့် ကိုယ်ပိုင်ဥပဒေပြဌာန်းပိုင်ခွင့်၏ တစိပ်တဒေသဖြစ်သည်။
အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ရေး
ကျွန်တော်တို့ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်မည်ဆိုသောအခါ သမိုင်းအချက်အလက်များကို တည်ဆောက်ရန်အရေးကြီးသည်။ မိမိစိတ်ကြိုက်ထင်သလို မှတ်တမ်းမှတ်ရာကျန်ရစ်အောင် ရေးသား၍မရ။ အတိတ်ကဖြစ်ပျက်နေခဲ့သော သမိုင်းဆိုင်ရာအချက်အလက်များတို့ သည် နှောင်းလူတို့ အပေါ် အထူးမီးမောင်းထိုးပြနေသည်။ အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ရေးအတွက် ရေးသားပြောကြဆိုကြမည်ဆိုလျင် ယင်းလူမျိုးတို့ ၏ အတိတ်သမိုင်းများနှင့် နိုင်ငံရေးရေစီးကြောင်းဖြစ်သန်းမူတို့ ကို လေ့လာတွက်ချက်ကြပြီးမှသာ ရေးသားပြုစုရန်သင့်ကြသည်ဟု ထင်သည်။ အဘယ့်ကြောင့်ဆိုသော် နဂိုရ်ကမှ အစာမကြေညက်ဖြစ်နေသာ လူမျိုးရေးပဋိပက္ခများအကြားတွင်
မီးလောင်ရာလေပင့်ဖြစ်အောင် ပြုလုပ်ခြင်းမှာ အနာဟောင်းများ မကျက်ခင် သွေးစိမ်းရှင်ရှင်ထွက်အောင် ဒါးနှင့် ထပ်မံတူးဆွနေကြခြင်းကိုမူ အထူးဆင်ခြင်ရန်လိုအပ်သည်။ အဓိကအားဖြင့် သမိုင်းကို မဖျောက်ဖျက်မိကြဖို့  အထူးအရေးကြီးပါသည်ဟုပြောချင်သည်
ခိုင်အောင်ကျော် (နယူးယောက်)
Tuesday, December 21, 2010
ကိုသာဒိန် နန့် နာရီ (တပျင်းရယ်ရပါရေ)
ကိုသာဒိန် လပျိုဘဝက မှတ်မှတ်ရရ လူတယောက်နန့် တွိဖူးရေ။
တရက်နိန့် ခင်နန့် ချိန်းထားရေ လဖက်ရည်ဆိုင်မှာ ရောက်နိန်စွာ အချိန် တနာရီလောက် ကြာနိန်ဗျာလ်။ ခင်က ရောက်မလာသိမ့်။ ဇာနှစ်နာရီ ရှိဗျာလ်လဲလို့ နာရီကို ကြည့်လိုက်ခါမှ နာရီက ပတ်လို့ မပါလာ။ ယင်းပိုင်နန့် ဘေးခုံက အခင်ကြီး တယောက်ကို လှည့်ပနာ"ဇာနှစ်နာရီ ရှိပါဗျာလ်လဲ၊ အခင်။" လို့ မိန်းမိရေ။
ယင်း အခင်ကြီးက ကိုသာဒိန်ကို တချက် ကြည့်ပနာ "မပြောနိုင် ဝေး။" လို့ ပြန်ပြောလိုက်တေ။
ကိုသာဒိန်လည်း ကကောင်း အံ့သြလားပနာ "ဇာဖြစ်လို့ပါလဲ၊ အခင်။ အချိန်ကို တခေါက် ပြောလိုက်စွာနန့် အခင့်အတွက် ဇာနစ်နာလားပါဖို့လဲ။" လို့ ပြုံးပနာ ပြန်ပြောလိုက်တေ။"ဇာပြောရေ ဝေ။ ဇာနစ်နာလားဖို့လဲ၊ ဟုတ်လာ။ နစ်နာစရာ ရှိလို့ မပြောစွာ ဝေး။""အချိန်ကို တခေါက် ပြောစွာနန့်ပင် ဇာနစ်နာလားပါဖို့လဲ၊ အခင်။""အဝေး၊ ငါက အချိန်ကို ပြောလိုက်စွာနန့် မင်းက ငါနန့် ရရင်းနှနှီး စကားပြောချင်လာဖို့။ ဟုတ်တေ မလား။""ဖြစ်နိုင်ပါရေ အခင်။"
"အေး၊ ရင်းနှီးဗျာလ်ဆိုစွာနန့် မင်း ငါ့အိမ်ကို အလည်လာချင်လာဖို့၊ ဟုတ်တေမလား။"ကိုသာဒိန် လည်း အံ့သြစိတ်ကို မမျိုသိပ်နိုင်ဘဲ "ဟုတ်ပါရေ၊ အခင်။" လို့ သံယောင်လိုက်ပနာ ထောက်ခံ လိုက်တေ။" ငါကလည်း ကိုယ့် အိမ်ကို လာရေ အာဂန္တုဆိုပနာ လဖက်ရည်ချေယချေ တိုက်မိဖို့။"
"ဖြစ်နိုင်ပါရေ၊ အခင်။""လဖက်ရည် သောက်ပြီးစွာနန့် လဖက်ရည် လာချပီးရေ ငါ့သမီးကို လဖက်ရည် ကောင်း ကောင်းပါရေလို့ ပြောပနာ၊ မင်း ငမ်းချင်လာဖို့။"    "အင်း ဖြစ်နိုင်ပါရေ၊ အခင်။"
"ယင်းပိုင်နန့် ငါ့သမီးနန့် ရင်းနှီးမှု ရှာပနာ၊ မင်း ငါ့သမီးကို ထိုခေါ်၊ ဒေခေါ် လုပ်လာဖို့။"
"အေဟင့်လည်း လူငယ်တိ သဘာဝအရ ဖြစ်နိုင်ပါရေ၊ အခင်။""ငါ့ သမီးကလည်း  မင်း မလာကေ၊ ထိုယောင်၊ ဒေယောင်နန့် မျှော်တတ်လာဖို့။""မမ သဘာဝပါရာမလား။ ဖြစ်နိုင်ပါရေ။"
"နောက်ဆုံးမှာ တယောက်ကို တယောက် မတွိရ မမြင်ရကေ မနိန်နိုင်၊ မထိုင်နိုင် ဖြစ်လာကတ်ပနာ၊ ငါ့ဘားမှာ အခင့်သမီးကို ကျွန်တော် လက်ထပ်ပါရဇီလို့ မင်း လာတောင်းလာဖို့။"ကိုသာဒိန်လည်း   အေတခါ မအောင့်နိုင်ဘဲ ရယ်လိုက်ပနာ "ဟုတ်ပါရေ၊ အခင်။ ကကောင်း ဖြစ်နိုင်ပါရေ။" လို့ ထောက်ခံ လိုက်ပါရေ။
ယင်းခါ အခင်ကြီးက ထိုင်နိန်ရေ ခွီးပုခုံချေက ထလိုက်ပနာ "လချိုင်၊ မင်းပိုင် နာရီချေ တလုံးတောင် မပိုင်ရေ ကောင်နန့် ငါ့သမီးကို သဘောတူရဖို့လား၊ ဝေး။" လို့ ပြောပနာ ကိုသာဒိန်နားက သသွက်ချေ ထွက်လားခလီပါယင့်။
စံဂိုးအောင်
Friday, December 17, 2010
အမင် အမင်....
အမင် အမင် အမင်
အို....
အမင်...
ဇာနှရာ ဇာ ကိုပင်ရောက်ရောက်
ကိုအိမ် ကိုရွာ ကိုနေရာလောက်
သာယာ အီချမ်း ဇာလေ့မရှိ အမင်....
ဆွေမျိုးညာတီ ဗလာမဲပြီး
ရပ်ဝီးပြည်ရွာ ဒေကမ္ဘာမှာ
ငရဲးအသွင် လောကတွင်သည့်
လူစံလူညွန်း ဓနလမ်းတွင်
ဇာလေ့မရှိ ပင်ထီးထီးနန်
အံကြိတ် လျှောက်လှမ်း
ခေတ်ယုတ်လမ်း ကို
သူလာ ဗျာလ် ကောင်းစေချင်သည်
မှာသည့်စကား မာယာများ၏ အမင်...
ဇာသူပင်ဇာလောက်ကောင်း..
ဇာနေရာဇာလောက်ကောင်း
အမိ အပြုံးနန့် အမိ အိမ်ချေလောက်
နွီးထွီးစော် လွတ်လပ်စွာ ဟိနိုင်ပါဖို့လား အမင်။။။။။။
သားမောင်
ခြီသလုံးအိမ်တိုင်မင်းသား
Friday, October 22, 2010
ဂီရီမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင်
ဂီရီမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင်
နယူးဒေလီ (မဇ္ဈိမ)။       ။ ဂီရီ ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး ဝင်ရောက်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် ရေပြင်မြေပြင်လေသည် တနာရီလျှင် မိုင် ၁ဝဝ မှ ၁၂ဝ အတွင်း တိုက်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဌာနက ယနေ့ ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂီရီ၏ လက်ရှိအဆင့်ကို အနီရောင်အဖြစ် သတ်မှတ်ထားပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ပင်လယ်ဒီရေသည် ၁၂ ပေထိ တက်မည်ဟု ဆိုသည်။
ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းပိုင်း giri-currentမုန်တိုင်းအဖြစ် အရှေ့မြောက်ပိုင်းသို့ ရွေ့လျားနိုင်ကာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မြေပြိုမှုများ ဖြစ်လာနိုင်သောကြောင့် ရှောင်ရှားရန်လည်း သတိပေးထားသည်။
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးကာ လေတိုက်နှုန်းသည် ရခိုင်ကမ်းရိုးတန်းတွင် တနာရီ မိုင် ၈ဝ မှ ၁ဝဝ အတွင်း တိုက်ခတ်ကာ၊ မြစ်ဝကျွန်းပေါ်ဒေသတွင် တနာရီလျှင် ၄၅ မိုင်နှုန်း တိုက်ခတ်မည်ဟု ဆိုသည်။
ကမ်းနီးကမ်းဝေး ငါဖမ်းလှေများ၊ သင်္ဘောများ မုန်တိုင်း အန္တရာယ်ရှောင်းရှားရန် လိုအပ်သည်ဟုလည်း ဆိုထားသည်။
ရခိုင်ပြည်နယ် မြို့နယ်များသို့ ယနေ့ ညပိုင်းတွင် ဆက်သွယ်ကြည့်ရာ အများစုမှာ ဖုန်းခေါ်၍ မရခဲ့ပါ။
ရန်ကုန်ရှိ ကြံ့ဖွံ့ပါတီမှ ရခိုင်တိုင်းရင်းသား လူမျိုးစုလွှတ်တော် အမတ်လောင်း ဒေါက်တာ ထွန်းဇံအောင်က မန်အောင်ကျွန်းသို့ ညနေပိုင်းတွင် ဆက်သွယ်နိုင်ခဲ့သော်လည်း နောက်ပိုင်း အဆက်ပြတ်သွားသည်ဟု ဆိုသည်။
“မန်အောင်ကျွန်းနဲ့ နေ့လည် ၁၂ လောက်ထိ အဆက်အသွယ် ရှိခဲ့တယ်။ ညနေပိုင်းမှာ ဖုန်းအဆက်သွယ် ပြတ်နေတယ်။ အဲဒီမှာ အမျိုးရှိတယ်လေ။ အဲဒီချိန်မှာတော့ မုန်တိုင်းက ကမ်းကို မဝင်သေးဘူး။ လေတော့ တိုက်နေတယ်၊ မိုးရွာတယ်ပေါ့။ ဖုန်းတွေတော့ ဆက်သွယ်နေကြတယ်။ မရသေးဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။
’’မာန်အောင်နဲ့ ကျောက်ဖြူမှာ တော်တော် တိုက်သွားတယ်လို့ ပြောတယ်။ ကျနော် ညနေအထိ အဆက်အသွယ် ရှိခဲ့တယ်။ ဒီရေတွေလည်း တော်တော်တက်တယ်လို့ ပြောတယ်။ ၁၂ နာရီလောက် စတိုက်တိုက်တာလို့ ပြောတယ်။ ကျနော်တို့ တောင်ကုတ်မှာ မိုးကြီးတယ်။ အခုထိ ရွာနေတုန်းပဲ’’ ဟု တောင်ကုတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
Wednesday, October 20, 2010
ရခိုင်mp3
  1. ရခိုင်အာဇာနီ-ဦးမောင်သိန်း
  2. ရောက်ဖူးခရေ မြောက်ဦးမြီ-ဦးမောင်သိန်း
  3. ရခိုင်နိုင်ငံတော်သခြင်း-ခိုင်ဇော်
  4. ဒုက္ခငှက်ချေ-ဝင်းကိုခိုင်
  5. ကိုကို -ဇင်မာထွန်း
  6. ရခိုင်ပြည်လွတ်မြောက်တေနိန့်-ကိုခိုင်ဇော်
  7. အုတ်မြစ်/အချစ်နွံ-ကံထွန်းကြည်_ဝတီစိုးမိုး
  8. အလင်းတန်းခါး-အဖွဲ့
  9. အိပ်မက်ဆိုး-မြတ်ခိုင်ကျော်
  10. နားထောင်အမောင်-ဗျာလ
  11. ပိုးဝါဘွဲ့-စိမ်းလဲ့လဲ့
  12. ဒုက္ခငှက်ချေ+အား-ဝင်းကိုခိုင်
  13. မမလို့ခေါ်မေ-
  14. မုန်းမမှားမေ မမ-ကိုသန်းဆွေ
  15. ရခိုင့်ဇာတိဂုဏ်-
  16. လီဗာချစ်သူ-
  17. အလွမ်းသင်ဆရာမ-ရမ္မာဝတီ စံဝင်း
  18. မျိုးချစ်ရခိုင်-မောင်သူ၊ တူတူ
  19. ကျောက်ဖြူသူသို့အလွမ်းပြေ-ခိုင်ကျော်လင်း
  20. ပန်းဝေဒနာ-ဦးမောင်သိန်း
ရခိုင်ပြည်ဗုဒ္ဓဘာသာနန့်ပတ်သက်လို့ ဦးဥာဏိဿရာမိန်းခွန်းကို ဆရာကြီး ဦးဦးသာထွန်းကပြန်လို့ချေပချက်
...........................................................................
  • ၁။ ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ
  • ၂။ ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ
  • ၃။ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ
  • ၄။ ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ
  • ရခိုင်အမျိုးသားဒီမိုကရေစီအတွက် စဉ်းရုံးရေးခရီး ၊မင်းပြားမြို့နယ် ပြားချောင်းရွာဟောပြောပွဲ
    -------------------------------------------------------------------
  • ၁။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ
  • ၂။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ
  • ၃။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ
  • ၄။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ
  • ၅။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ
  • ၆။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ
  • ---------------------------------
    (၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နိန့်မှာ မွန်ပြည်နယ် ဘီးလင်းမြို့က ဆရာတော်အသျှင်ဝိမလ ဟောကြားထားရေတရားပါ။
  • ၁။ (၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နိန့်တရားတော် အပိုင်း (၁)
  • ၂။ (၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နိန့်တရားတော် အပိုင်း (၂)
  • အမောင်ရခိုင်သား ဇာမှားနီလေ
    အမောင်ရခိုင်သား ဇာမှားနီလေ
    -----------------------------
    ရခိုင်စင်စစ်က
    ယခီးဖြစ်ရ
    ဟိရေ စာကိုမရွီးလို့ --။၊
    သခင်စင်စစ်က
    ကျွန်ဖြစ်ရ
    အချင်းချင်းတန်ဖိုးမထားလို့ --။
    မျောက်နှင်ခံရရေ ယာသျှင်
    ဘ၀င်လီဟပ်ပနာ ဘ၀မိ
    ပကတိကိုမမြင်
    အထည်ကြီးပျက်စင်ထက်မှာ
    ပြောကေ အမျိုးချစ်တေ
    ရခိုင်သားကြားထဲမှာ လကျယ်
    အောက်ချီးအသံကြားကေ
    ကျားလောက်ကြောက်တေ --။
    ရခိုင်ထမင်းကို
    ရခိုင်စားပနာ
    ရခိုင်ရီကို
    ရခိုင်သောက်လို့ 
    ရခိုင်မြီမှာ
    ရခိုင္ကိုမြီး
    ရခိုင်သွီးတိနန့် အသက်ရှင်နီကေလည်း
    ဗမာနွားကိုလားကျောင်းနီရေ
    အမောင်ရခိုင်သား
    ဇာမှားနီလေ --။
    မင်းထီးရာဇာ (ရခိုင်ပြည်)
    (ဗမာကျွန်ပီသနီရေ ယခီးတိ သံဝေဂရပနာ ဘ၀မှန်ကိုပြောင်းလာကတ်ဖို့ ဒေကဗျာကို ရွီးစပ်သည်။)
    ရခိုင်သမက်တက်
    ရခိုင်သမက်တက်
    ------------------
    ရခိုင်အပျိုလူပျိုတိအရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများဟိရေပိုင် အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွီးချယ်ပီးသည်များပါသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ဟိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွီးချယ်ပီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ဟိသည်။
    ရှိရိုးအစဉ်အဆက်ကျင့်သုံးလာခသော ရခိုင်လူမျိုးရို့၏လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ ထူးခြားသောဓလေ့ထုံးစံများဖြစ်သည်။
    ရခိုင်ရိုးရာသမက်တက်
    ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးသျှင် (သတို့သမီး) နှင့် သမက်သျှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။
    သမီးတောင်းခြင်း
    ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီးစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွီးချယ်ပြီး စိစပ်ကြောင်းလမ်းပြုလုပ်သည်။
    စိစပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)
    စိစပ်ကြောင်းလမ်းမင်္ဂလာပွဲကို သမီးသျှင်အိမ်တွင်ပြုလုပ်သည်။ ရှိဦးစွာ သမီးသျှင်ထိုင်ရန်နီရာ၏လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွီမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းရို့၏ရှိတွင် နီရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။
    ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။
    မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။
    လက်ထပ်မင်္ဂလာပွဲ
    လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍
    ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။
    ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-
    မင်္ဂလာမြှောက်ခြင်း
    မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း
    သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။
    သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။
    ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။
    ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။
    အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။
    အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။
    သမီးစောင့်ခြင်း
    သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။
    သမက်တက်ခြင်း
    သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။
    အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။
    သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။
    ဥပမာ-
    နှင်းပန်း အီးချမ်းစီရန်
    နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
    သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
    အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
    စံကားပန်း စံစားရစီရန်
    ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။
    လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။
    မိဘကန်တော့ခြင်း
    သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
    လက်ဆုံစားခြင်း
    မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။
    လက်ဖွဲ့ခြင်း
    ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။
    သျှောင်ချသျှောင်တင်
    သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။
    အိမ်ပြန်လည်ခြင်း
    သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။
    ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။
    ကျမ်းကိုးကားစာအုပ်များ
    သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
    ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
    (တက္ကသိုလ်သျှင်သီရိ)
    မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်
    ငါကရခိုင်
    ငါကရခိုင်
    ငါကရခိုင်
    -----------
    ငါကရခိုင်
    မနှင်းဇီ
    နင်ကမြန်မာ
    ငါကရခိုင်
    မျဉ်းပြိုင်နှစ်ကြောင်း
    မဆုံကောင်းပါ
    ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
    ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။
    အပိုင်း (၁)
    ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။
    မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။
    ထိုနိမှစ၍ မနှင်းဇီက “ကိုခုနစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။
    အပိုင်း (၂)
    ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။
    ၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ။ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။
    အပိုင်း (၃)
    ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။
    နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညှိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။
    ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။
    ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရာထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။
    ဖနောင့်ကသွီး ငယ်ထိပ်တက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။
    မနှင်းဇီ၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။
    (နိဂုံး)
    မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။
    မနှင်းဇီ
    နင်ကမြန်မာ
    ငါကရခိုင်
    မျဉ်းပြိုင်နှစ်ကြောင်း
    မဆုံကောင်းပါ
    ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
    ရေးသားသူ
    (ကွန်ချုပ်ကေ)
    ပရွက်စီဆိတ်နန်ဒေါင့်ဒေ
    နီရောင်တောက်ပနီသော မိုးထက်စောစောတခုမှာ ပုရွက်ဆိတ်တကောင် ပေါ့ပါးလျင်မြန်စွာ အစာရှာထွက်လာယင်း လိပ်ပြာအဖြစ်သို့ အသွင်ပြောင်းခါနီးဖြစ်သော ဒေါင့်ဒေးအိမ်နားက ဖြတ်လာ၏။ သက်ဝင်ခါစ ဒေါင့်ဒေးက သူပုတုံးကိုတချက် လှုပ်ယမ်းလိုက်၏။ ပုတုံးလှုယမ်းမှုက ပုရွက်ဆိတ်အား ကဲ့ရဲ့ပြောဆိုရန် ဆွဲဆောင်လိုက်သလိုလို ဖြစ်လီ၏။ “ငရဲကြီးလိုက်တေပင်..။ တရိစ္ဆာန်ဖြစ်ရစွာတောင် ခြီးလက်မစုံ၊ သနားဖို့ကောင်းလိုက်တေပင်...။ ဇာလောက်ရုပ်ဆိုးလိုက်တေ ဘ၀လေးချင့်။ ငါက ထိုနားဒေနား ပြီးလွှားနိုင်ရေ။ ဧရာမကြီးမားရေသစ်ပင်အမြင့်တိကို ပြီးတက်နိုင်ရေ။ နင်ကား အေမရွတ်ခွံချေထဲမှာ ထောင်ကျကျလို့ရာ။ ပုတုံးချေတခုတည်းရာ လှုပ်နိုင်ရေ။ ဘ၀ငရဲဆိုစွာ ယင်းချင့်ရာမနားယေ..။” ဟု ပုရွက်ဆိတ် မျက်မှောင်ကုတ် ပြောလိုက်၏။ ဒေါင့်ဒေးမှာ ပြန်မပြောနိုင်ဘဲ ကြားရုံလောက်ရာ နားထောင်နီလိုက်ရ၏။
    သုံးလေးရက်ကြာသောနောက်မှာ ပုရွက်ဆိတ် နောက်တခေါက် အနားကဖြတ်လာသောအခါ မရွတ်ခွံပိုးအိမ်အခွံတခုတည်းရာ ဟောင်းလောင်းတွိ့ရ၏။ ပါတ်ဝန်းကျင်းကိုတချက် သိုင်းဝိုင်းကြည့်လိုက်၏။ ဇာနားရောက်လားခလေ ဒေါင့်ဒေတကောင်း.... စိတ်မှာရည်ရွက်လိုက်၏။ အလွန်လှပသော ရောင်စုံအပြည့်နန့် လိပ်ပြာတောင်ပန်ခပ်နီသော အရိပ်ကြီးတခု ကျလာသည်ကို အလန့်တကြီးတွိ့လိုက်ရ၏။ လိပ်ပြာက ”တချက် ကြည့်စမ်..!..!..! အဆွေသနားရေ ဒေါင့်ဒေးသူငယ်ချင်းပါရာ...။ လျင်မြန်သွက်လက်တေ အဆွေခြီချောင်းတိ ခွန်အားဟိသလောက် ကျနှုပ်ကိုမှီအောင် လိုက်ပြီးကြည့်ပလင်..။ ကျနှုပ်ပြောရေစကားချေတိကို နားထောင်ချင်ကေ ကျနှုပ်ကိုမှီအောင် ချိတ်တက်ပါလတ်...အဆွေ..။“ ဟု ပြောယင်း ဆောင်းဦးပေါက် လီပြေလီညှင်းထဲ ပျံတက်လားလီ၏။
    ”ရုပ်သွင်ပြင်တိရေ ထင်ယောင်ထင်မှား ဖြစ်စီတတ်၏“
    ဘာသာပြန်
    ခိုင်မြသိန်း (ချောင်းသာကြီး)
    ၂၈၊ ၀၉၊ ၂၀၁၀
    စကားစာပီ တည်တံ့စီ
    စကားစာပီ တည်တံ့စီ
    ရခိုင်စာသည်...............ငါရို့စာ။
    ရခိုင်စကားသည်...........ငါရို့စကား။
    ရခိုင်စာကို..................ချစ်ပါ။
    ရခိုင်စကားကို..............မြတ်နိုးပါ။
    စာပီမြင့်မှ..................လူမျိုးမြင့်မည်။
    စာပီမြင့်မှ.................အမျိုးသားရေးစိတ် မြင့်မည်
    Monday, October 18, 2010
    ၁၇။၁၀။၁၀
        မလေးရှားနိုင်ငံ တွင်ရောက်ရှိနေသော ပုဏ္ဏားကျွှန်းမြိုနယ် ဦးရာဇ်တော် ကျွှန်းပတ်ဝန်းကျင်ကျေးရွာ များမှ လူငယ်များစုရုံး ပြီး ၀ရစ်မြေသာရေးနာရေး အသင်း (မလေးရှား) ကို ယနေ့ တွင်အသောကရာမ ကျောင်း ပူချောင်း တွင် အောင်မြင်စွာကျင်းပ ဖွဲ့ စည်းခဲသည်။
     သမာပတိ အဖြစ် နတ်ဆိပ်ရွာ မှ ကိုကျော်ဌေး မှဆောင်ရွက်ပြီး အစည်အဝေးသို စိတ်ပါဝင်စား သည်လူငယ် ၂၄ ယောက်တက်ရောက်ခဲပါသည် သမာပတိ ကိုကျော်ဌေး မှ အသင်း၏ ရည်ရွယ်ချက် နှင့် လုပ်ငန်းစဉ် များကို ရှင်းပြပါသည် ရဲးအဖမ်းအဆီး၊ ကျမ္မာရေး၊ အလုပ်အကိုင်ကောင်းရရှိရေး ၊အသင်း ရန် ဘုံငွေကောက်ခံရေး ၊အသင်းရေရှည်တည်တန်းအောင် ထိမ်းသိမ်းနိုင်ရေး နှင့် အရေးကြုံပါက အဖွဲ့ မှငွေ စိုက်ထုပ် ပုံ များကိုပြောကြာခဲးပါသည်၊ အသင်းသားများမှ လည်းအမြင်သဘောထားများ ကို ဆွေးနွေးကာ
      အသင်း၏ဥက္ကဌ မှာ ကျွဲးထိုး ကျေးရွာ မှ ဆရာဦးဘအောင် ဖြစ်ပြီး အတွင်းရေးမှူး မှာ နတ်ဆိပ်ကျေးရွာ မှ
    ကို ကျော်ဌေး ဒုအတွင်းရေးမှူး မှာတန်ခိုးရွာ မှ ကိုမောင်ဝင်း ဘဏ်တာရေးမှူး မှာ တန်းစွယ် ရွာမှ မောင်လုံး အောင် ဒု ကျော်ဇံကျေးရွာ မှ ကို အောင်ကျော်သန်း နှင့် စာရင်စစ် ကို အောင်ဆန်းဝင်း ဒု ကျော်ဝင်းလှိုင် မြက်သောက်ရွာ ဗဟိုကော်မတီ ၁၀ ယောက် တိုဖြင့်ဖွဲ့ စည်းခဲပါသည်။
    အသင်း၏ ရန်ဘုန်ငွေ နှင့် လစဉ်ကြေးများ ကို ၃၀။ ၁၂ ။၂၀၁၀ နောက်ဆုံးထားကောက်ခံမည် ဟု ဆုံးဖြတ်ခဲကြပါသည် ယင်းသို့ ကောက်ခံရာတွင် နယ်မြေ ကိုယ်စားလှယ် မှတဆင့်ထည်ဝင် ရမည်ဟု ပါရှိပါသည် အသင်း ၀င်ကြေးမှာ RM ၅၀ လစဉ်ကြေး RM ၁၀ ဖြစ်ပါသည်  ယခု ယာယီ ကော်မတီ မှ
    တရုတ် နှစ်ကူး အလုပ်ပိတ်ရက်များ တွင် အားလုံးပါဝင်နိုင်မည် အစည်အဝေးတစ်ရပ် ကျင်းပကာ ခိုင်မာ ကျစ်လစ်စွာဖွဲ့ စည်းသွားမည်ဟုဆုံးဖြတ်ခဲပါသည်။
    ခိုင်မင်းထွန်း
    Saturday, October 16, 2010
    UNHCR-Malaysia ၏ နားလှည့် ပါးရိုက် လုပ်ရပ်များ
    ယခင်စာရွက်နောက်မျက်နှာယခုစာရွက်ရှေ့မျက်နှာ
    အထက်ပါ UNHCR-Malaysia အထောက်အထား စာရွက်များမှ ယခင် စာရွက် ဆိုသည်မှာ ယခင်က တိုင်းရင်းသား လူမျိုး အများစုအား ပေးသော စာရွက်နှင့် ယခု စာရွက်ဆိုသည်မှာ နောက်ပိုင်း ရခိုင်နှင့် ဗမာ လူမျိုးများအား ပေးသောစာရွက်တို့ ကွာခြားပုံကို ယှဉ်တွဲ ဖော်ပြ ထားခြင်း ဖြစ်သည်။ (အမဲလိုင်းများနှင့်ဖျက်ထားခြင်းနှင့် Ref နံပါတ်များ သုညနှင့် အစား ထိုးထားခြင်းမှာ စာရွက်ပိုင်ရှင်၏ လုံခြုံရေးကြောင့် ဖြစ်ပါသည်။)
    ယခင် တိုင်းရင်းသား အများစုကိုသာ UNHCR-Malaysia မှတ်ပုံတင် ပြုလုပ် ပေးသော အချိန်က 354-00C00000 နှင့် 791-00C00000 ဟူ၍ Registration Number နှစ်ခုသာ ရှိသည်။ ယခု ဗမာနှင့် ရခိုင် လူမျိုးများအား UNHCR-Malaysia မှတ်ပုံတင် လုပ်ပေးမည်ဟု သတင်း ထွက်လာပြီး နောက်ပိုင်းမှသာ HCRKL0000-00 စသည့် UNHCR-Malaysia ၏ လုပ်ငန်းစဉ် (interview process) အတွင်း မပါဝင်သည့် နံပါတ်များနှင့်သာ ထုတ်ပေးသည်ကို တွေ့ရပါသည်။
    (Mg Aung from Myanmar is scheduled for a registration interview on 00.00.0000.) ဟု ယခု စာရွက်တွင် ဖော်ပြထားပါသည်။ ယခင်က မှတ်ပုံတင် စာရွက်ပေးသည်နှင့် အတူ ရက်ချိန်း ကဒ်ပြား တခုကို စာရွက်နှင့် တပါတည်း ပေးပါသည်။ ယခု စာရွက်ပေးသည့် အခါ ရက်ချိန်း ကဒ်ပြား မပါတော့ပါ။ ထို့ကြောင့် ယခု ဗမာများအား ထုတ်ပေးသော စာရွက်သည် တိုင်းရင်းသားများအား ပေးသော မှတ်ပုံတင် စာရွက်မဟုတ်ဘဲ မှတ်ပုံတင် စာရွက်ရရန် အတွက် ထပ်မံဖြေဆိုရအုံးမည် ဖြစ်ပါသည်။
    ယခင် တိုင်းရင်းသားများအား ပေးသော စာရွက်၏ နောက်ကျောဘက်တွင် မလေးဘာသာ စကားဖြင့် ရေးသား ထားသော်လည်း ယခု စာရွက်တွင် မည်သို့မျှ ရေးမထားပါ။ မရေးထားသည့် အကြောင်းရင်းမှာ စဉ်းစားမိသမျှ တခုသာ ရှိပါသည်။ Printer ဆေးကုန်မည် စိုးသောကြောင့်သာ ဖြစ်ပါသည်။
    မလေးရှားနိုင်ငံနှင့် နိုင်ငံတကာရှိ NGO များမှ UNHCR-Malaysia သည် စစ်အစိုးရ အုပ်ချုပ်လျက် ရှိသော မြန်မာပြည်မှ လာသည့် ဒုက္ခသည်ချင်း အတူတူ လူမျိုးရေး၊ ဘာသာရေး ခွဲခြား ဆက်ဆံမှုများ ရှိသည်ဟု ဖိအားပေး ပြောကြားလာပြီး နောက်ပိုင်းတွင် UNHCR-Malaysia သည် ရခိုင်နှင့် ဗမာလူမျိုးများအား မှတ်ပုံတင်ပေးမည်ဟု သတင်းလွှင့်ခဲ့သည်။ တကယ်တမ်း ထုတ်ပေးသည့် အခါ အထက်ပါအတိုင်း ကွဲပြားကာ အရပ်စကားနှင့်ပြောရလျှင် သောက်တလွဲ ဖြစ်နေပါသည်။ ဗုံးပေါလအောကို ထုတ်ပေးခဲ့ပါသည်။ အီးကုန်း စက္ကူပေါ်တွင် UNHCR-Malaysia တံဆိပ်တုံး ထုကာ ထုတ်ပေးသည်နှင့်မခြား ပစ်စလတ်ခတ်သာ ဖြစ်ပါသည်။ မလေးရှား နိုင်ငံအတွင်း UNHCR-Malaysia ၏ ခွဲခြားဆက်ဆံမှုများကို ကြားသိ မြင်တွေ့ နေရသော စာရေးသူ၏အတွေ့အကြုံအရ ရခိုင်နှင့် ဗမာများအား ပေးသော စာရွက်များ၏ ၉၀% ကျော်သည် reject ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါသည်။
    354-00C00000 နှင့် 791-00C00000 နံပါတ်များနှင့် မှတ်ပုံတင် စာရွက် လက်ဝယ်ရှိသော ဗမာများသည် အင်တာဗျူးဖြေဆိုမည့် ရက်ချိန်းနေ့ ရက်များတွင် မည့်သည့်မေးခွန်းများကိုမျှ ဖြေဆိုရခြင်းမရှိဘဲ ၆-လ၊ ၁-နှစ် ပြန်လည်၍ ထပ်ခါထပ်ခါ ရက်ချိန်းပေးခံရသည်မှာ အမြောက်အများရှိပါသည်။ ကံအကြောင်းမလှလျှင် ထိုအတောအတွင်း၌ပင် reject ဖြစ်သွားနိုင်ပါသည်။
    အဖမ်းခံရလျှင် ပြစရာလေးတခုရှိတာပေါ့ ဆိုသည့်စကားကို စာရေးသူပြန်လည်တုန့်ပြန်ပါမည်။ ယခင်စာရွက်ကိုင်ထားပြီး ထိန်းသိမ်းရေးစခန်းတွင် အချုပ်ခံနေရသည့်ပို့စ်တပုဒ် စာရေးသူတင်ဖူးပါသည်။ ထိုကဲ့သို့သောသူမျိုး အများအပြားရှိပါသည်။ သို့ဆိုလျှင် ယခုအီးကုန်းစက္ကူပမာ ထုတ်ပေးသောစာရွက်နှင့် အဖမ်းခံရမည်ဆိုပါလျှင် “နေပေတော့……….မစဉ်းစားနဲ့ နေပေတော့………..”
    UNHCR-Malaysia သည် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ UNHCR-Malaysia ရုံးအတွင်း သက်သေပြ၍မရနိုင်သည့် လာဘ်စားမှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လျက်ရှိပါသည်။ UNHCR-Malaysia ရုံးအတွင်းသို့ လာဘ်စားမှုများ၊ ရိုင်းပြစွာဆက်ဆံမှုများကို သက်သေပြစရာဖြစ်လာမည့် ကင်မရာ၊ အသံဖမ်းစက်၊ ဖုန်း မည်သည့်အရာမျှ ယူသွားခွင့်မရှိပါ။ (သက်သေပြစရာမရှိက အမှန်တရားမဟုတ်ပါဟု ဆိုသော် စာဖတ်သူကိုးကွယ်သည့် မည်သည့်ဘာသာမှမဆို ဘုရားသခင်တကယ်ရှိပါသည်ဆိုသည်ကို သက်သေပြ၍ရနိုင်ပါမည်လားဟု စာရေးသူ ပြန်မေးပါမည်။)
    အချုပ် ဆိုရသော် UNHCR-Malaysia ၏ ယခု ထုတ်ပေးသော စာရွက်များသည် ဒုက္ခသည်များ အပေါ် မည်သည့် အကျိုး သက်ရောက်မှုမျှ ရှိမည် မဟုတ်ဘဲ အဖွဲ့အစည်းနှင့် ဒုက္ခသည်များကို ခုတုံးလုပ်ပြီး စီးပွားရှာနေသော သူများအတွက်သာ သေလျှင် မြှုပ်မည့် တွင်းထဲသို့ မြေကြီးဖို့ ရမည်နေရာတွင် ရွှေဖို့၍ ရနိုင်သည် အထိ ချမ်းသာလာအောင် လုပ်ဆောင် ပေးနေခြင်းသာ ဖြစ်ပါသည်။ (မိမိ လူမျိုး တိုးတက် ကောင်းစားရေး အတွက် အားတက် သရော ဆောင်ရွက်နေသော ခေါင်းဆောင်များ ချွင်းချက် ဖြစ်ပါသည်။)
    အင်္ဂလိပ် ဘာသာသို့ ပြန်ဆို ရေးသားပြီး သက်ဆိုင်သည့် နေရာများမှ သိရှိစေရန် ကူညီမည် ဆိုပါက အထူး ကျေးဇူးတင်ပါသည်။ ပို့စ်နှင့် ပတ်သတ်ပြီး ဝေဖန် အကြံပြုမှုများနှင့် UNHCR-Malaysia နှင့်ပတ်သတ်သည့် အတွေ့အကြုံ ရှိပါက ကွန်မန့်တွင် ရေးသား ပေးခဲ့စေ လိုပါသည်။
    မောင်ပါလ
    Wednesday, October 13, 2010
    ရခိုင်ရေဒီယို အိမ်မက်ချေ လာပါဖီ
    ရခိုင်လူမျိုးအတွက်ရခိုင်ရေဒီယို ထုပ်လွင်ဖိုလိုအပ်
    ရေဒီယို ရေ လူတန်စားတိုင်းနားထောင် လိုရရေဆိုစာ အားလုံးအသိပါရာ နေရာဒေသမရွီ ရခိုင်သားတိုင်ကို အမျိုးသား
    စိတ်ဓါတ်နိုးကြားစီဖို သွီးစည်းညီညွတ် ဖို့ နန် ရခိုင်သားတိုင်း သိသင့်ရေ ရခိုင်သမိုင်းဇာရာ ၀င်ကို မီးမောင်းထိုးပြလို
    အလွယ်ကူဆုံးနည်းပါရာ ယခုထုပ်လွင်နီရေ ပြည်တွင်းအြာဇာခံ ရေဒီယို က ရခိုင် စကား မိန်နစ် အနည်းအငယ် နန် ပြည်ပ သတင်းဌာန တီကထုပ်လွင်ရေ ၁၅ မိန်နစ် တီစာ ရခိုင်ပြည်နန် ရခိုင်လူမျိုးအတွက် အနာဂတ် မထွန်းတောက် နိုင်ပါ ရခိုင်သား ကိုယ်ပိုင် ရေဒီယို အသံထုပ်လွင့်ချက် ရှိမှရာ တစ်မျိုးသားလုံးမျော်လင်းချက် စည်းရုံးရေး နန်လွတ်လပ်ရေးကို အိမ်မက်မက်လို ရပါဖို့ ပြည်ပ ရောက်မျိုးချစ်ပြည်ချစ် ရခိုင်ငယ်များ ရခိုင်ရေဒီယို ထုပ်လွင့် ဖြစ်မြောက်ရေး ပထမ အရေးကြီးကိစ္စ အနီနန်ဆွေးနွေးဇီချင်ပါရေ
    လူမျိုးတစ်မျိုးအတွက် ဘာသာ စကား စာပေ ယိုင်ကျေးမှူ ရာဇ၀င် ဒလေ့စရိုက် တီကို လီလှိုင်ထက်က ထုပ်လွင့် ပြောဖို အချိန်ကျော် နီပါဗျာလ် အင်တာနက် ကို ရခိုင်လူမျိုး အားလုံး ၀င်ရောက်မကြည်နိုင်ပါ tv မကြည်နိုင်ပါ ရေဒီယို ကတော မတိုးတက်သိရေ အကျွှန်ရိုပြည် အတွက် လူတိုင်းနားထောင်လို အဆင်ပြေပါကြောင်း တင်ပြအကြံပြုပါရေ ၊
    ရခိုင်ပြည်သားအားလုံး ကျမ္မာပါဇီ
    ခိုင်မင်းထွန်း
    ရခိုင်သားတီသိထား သင့်ရေ လူလိမ် နိုင်ငံရေးဖွတ်ကျား NCGUB ၏လုပ်ရပ်
    ဦးဟန်ယောင်ဝေနှင့် NCGUB ၀န်ကြီးအချို့ရခိုင်ပြည် ကို ကုလား လက်ထဲး ကိုရောင်းစားမည်ဟုသိရ
                                                                         ရက်စွဲ့ အောက်တိုဘာ ၁၂၊ ၂၀၁၀
    သမိုင်းစဉ်လာတလျှောက် လေ့လာဆန်းစစ်လျှင် ရခိုင်ရို့၏သမိုင်းမှတ်တမ်းရို့မှာ “ရိုဟင်ဂျာ” လူမျိုးဟူသော အသုံးအနှုံးဖြင့် မှတ်တမ်းတင်ခမှု စိုးစဉ်မျှမဟိခပါ။ ယင်းအပြင် ရခိုင်ပြည်ကို ကိုလိုနီပြုအုပ် ချုပ်ခရေ အိင်္ဂလိပ်ရို့၏ အလွန်တိကျရေ ဂေဇက်မှတ်တမ်းရို့မှာလေး ယင်းနှာမေကို ထည့်သွင်းမှတ် တမ်းတင်ထားခြင်း အလျဉ်မဟိပါ။ ဗြိတိသျှဂေဇက်တီယာ Gazetteers မှတ်တမ်းရို့တွင် Arakanese Muslim ဟူ၍ မှတ်တမ်းတင် ပါဟိသူရို့ရေ ကိုးကွယ်ယုံကြည့်မှုကလွဲ၍ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားရို့၌ ရခိုင်လူမျိုးနှင့် တူညီကတ်ပါရေ။ ၄င်းရို့ရေ ရခိုင်မင်းရို့လက်ထက်ကပင် ဒေသတွင်းအပြန်အလှန်ဆက်ဆံ ရီးတိကြောင့် ရခိုင်ဒေသသို့ ရောက်ဟိအခြီစိုက်နီထိုင်ခကတ်သူတိ ဖြိုက်ကတ်တေအတွက်နန့် နီထိုင်မှုသက် တမ်း ကြာရှည်လာစွာနန့်အမျှ ဘင်္ဂလီဘာသာစကား ပြောဆိုခြင်းအလျဉ်းမဟိသော ရခိုင်ဒေသတွင် ၄င်းရို့လည်း ဘင်္ဂလီစဘာသာစကား လုံးဝမပြောတတ်ကတ်ပါ။
    ၁၉၅၉-ခုနှစ် နိုဝင်ဘာလထဲမှာ ဦးနု ရခိုင်ပြည်သို့ မဲဆွယ်ဖို့ရောက်လာရေအခါ မောင်တောမြို့နယ်၌ မဲဆွယ်စည်းရုံးရီးတရား ဟောပြောခစဉ်က ”သန့်ရှင်းသာ အနိုင်ရခဲ့ရင် ရိုဟင်ဂျာလူမျိုးလို့ သတ်မှတ်ပေးမယ် မြန်မာ့အသံက တိုင်းရင်းသားအစီအစဉ်တွေမှာ ရိုဟင်ဂျာဘာသာနဲ့ အသံလွင့်ပေးမယ်လို့“ ဂတိပီးခရေ။ အမတ်နီရာ သုံးနီရာရဖို့အတွက် အာဏာရူးခရေဦးနုကြောင့် ရိုဟင်ဂျာဆိုရေ နာမေ ပေါ်ပေါက်လာစွာဖြိုက် တေ။
    ကျကန်းငှက် ညောင်သီးကိုစားလို့ တိုက်နံရံမှာ ချီးယိုပစ်ခစွာရေ လောလောဆယ်မှာ အရေးမကြီးလို့ ထင်ရကေလေး ယင်းညောင်ပင်ကြီးလာမှ ပြသနာတက်ရစွာမျိုး အကျွှန်ရို့ ကြုံနီကတ်ရရေ။ အများစုက အဆောက်အဦး မပျက်စီးဖို့ ညောင်ပင်ကို ခွပ်ပစ်ချင်ကေလေး အချို့က ညောင်ပင်၏ ထည်ဝါမှုနန့် အရိပ်အာဝါသကို အပျက်အစီး မခံနိုင်ဖြိုက်နီကတ်တေ။
    ”ရိုဟင်ဂျာ“လူမျိုးလို့ ကမ္ဘာက အသိအမှတ်ပြု လက်ခံလာအောင် အမျိုးမျိုးကြိုးစား အတေပြုနီ ကတ်သူတိရေ သူရို့၏ ကိုကျိုးအတွက် အမြတ်ထုတ်နီကက်စွာရာဖြိုက်တေ။ ယင်းအထဲမှာ ဟန်ယောင်ဝေနန့် NCGUB က နိုင်ငံရီးကိုလုပ်စားနီကတ်တေ လူတစုလေးပါဝင်ကတ်တေ။ ဟန်ယောင်ဝေနှင့် အပေါင်းပါတ စုရို့ရေ မြန်မာပြည်သူကို အကြောင်းပြုပနာ နိုင်ငံတကာမှ ငွီကြေးတိတောင်းခံပနာ လုပ်စားလာကတ်စွာ အဂုဆိုကေ နှစ်ပေါင်း ၂၀ ကျော်လာခယာဖြိုက်တေ။ ယကေလေ့ အခုအချိန်ထိ စစ်အစိုးရကိုဆန့်ကျင်ရေ လုပ်ဆောင်ချက်တိဆိုလို့ မယ်မယ်ရရ တစိုးတစဉ်းမျှ မတွိဟိရရေအတွက်တာနန့် မြန်မာဒီမိုကရေစီ ရဟိရီးအတွက် ထောက်ပံ့နီကတ်တေ နိုင်ငံတကာ အလှူသျှင်တိက အခုအခါ ရပ်တန့် လိုက်ယဖြိုက် ကြောင့်သိဟိရရေ။ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရအဖွဲ့ကိုလေး နိုင်ငံတကာမှ နှစ်ပေါင်း၂၀ဆယ်ကျော် ထောက်ပံ့ခကေလေး မယ်မယ်ရရ နိုင်ငံရီးလှုပ်ရှားမှုဆိုလို့ တခုလေး လက်ဆုတ် လက်ကိုင် မပြနိုင်ရေအတွက် အခုအခါ ထောက်ပံ့ကြေးငွီတိ ဖြတ်တောက်လိုက်ယာဖြိုက်ကြောင်း သိဟိရရေ။
    ယေဇူးနန့် ဟန်ယောင်ဝေနန့် NCGUB က ၀န်ကြီးအချို့ရေ အကြံကုန်လို့ ဂဠုံဆားချက်ဆိုရေပိုင် မကြာသိမ့်ခင်က ဆော်ဒီနိုင်ငံသို့လားပနာ ငွီကြေးအလှူလားခံကြောင်း သိရပါရေ။ အလှူပီးဖို့ ပုဂ္ဂိုတိကလေး အလကားတော့ခါ ပီးဖို့မဟုတ်။ တခုခုတော့ တောင်းဆိုကတ်လိမ့်မေ။ ဆော်ဒီနိုင်ငံရေ သူရို့မွတ်စလင် နိုင်ငံပြန်ပွါးရီးအတွက် ငွီကြေးအမြောက်အများကိုသုံးစွေးပနာ လုပ်ဆောင်နီကတ်စွာကို လူတိုင်းအသိ ပင်ဖြိုက်ပါရေ အဂုလေး အမေရိကန်ပြည်ထောင်စုဟိ ကမ္ဘာ့ကုန်သွယ်ရီး အဆောက်အဦး ပြိုပျက်လားရေ နီရာအနားမှာ ကုလားဗလီဆောက်ဖို့အတွက် ဆော်ဒီနိုင်ငံက ငွီကြေးသန်းရာနန့်ချီပနာ အကုန်အကျခံပနာ ဆောက်ဖို့လို့ သိရပါရေ။ အဂုလေး ဆော်ဒီနိုင်ငံက မြန်မာနိုင်ငံမှာ မွတ်ဆလင်နိုင်ငံတခု ပေါ်ထွန်းလာဖို့ အတွက် ဟန်ယောင်ဝေနန့် NCGUB က ၀န်ကြီးအချို့ကို ငွီကြေး အမြောက်အများပီးလို့ လုပ်ခိုင်းဟန်တူရေ။ ယေနန့် အမေရိကန်လွတ်တော်အမတ်အချို့နန့် နီးစပ်မှုဟိရေ NCGUB ၀န်ကြီးအချို့က အမေရိကန် ကွန်ကရက်အမတ်ကိုပေါင်းပနာ ”ရိုဟင်ဂျာ“ကို ရခိုင်ပြည်ကတိုင်းရင်းသား လူမျိုးအဖြစ် အသိအမှတ်ပြုပီးဖို့ မြန်မာစစ်အစိုးရကို တွန်းအားပီးရေ စာတန်းတစောင်ကို အမေရိကန် လွတ်တော်မှာ တင်သွင်းခိုင်းစွာဖြစ်တေ။
    အေဖြိုက်မျိုးရေ ၁၉၉၂-ခုနှစ်ကတခါ ဖြိုက်ခဖူးပါရေ။ ကိုကျိုးရှာ ကျောင်းသားအယောင်ဆောင် လူတစုက န၀တစစ်အစိုးရကိုတိုက်ဖို့ ငွီကြေးလိုရေလို့အကြောင်းပြပနာ ၁၉၉၂-ခုနှစ် ဇွန်လ ၇ ရက်နိ့စွေးနန့် ABSDF (ဗဟို)၏ သုတေသနဌာနက စာမျက်နှာ ၄၉ မျက်နှာပါရေ ရိုဟင်ဂျာသမိုင်းနန့် ပတ်သက်တေ စာတမ်းလိမ်တစောင်ကို ထုတ်ပြန်ခဖူးပါရေ။ ယင်းစာတမ်းကို ထုတ်ပြန်ခရေအတွက် (ABSDF)အဖွဲ့ရေ ဒေါ်လာတသန်းကျော်ရဟိကြောင်း ယင်းအချိန်က (ABSDF)မှာ အလုပ်အမှူဆောင် ဗဟိုကော်မီတီအဖွဲ့ဝင် တဦးဖြစ်ခရေ ရခိုင်ကျောင်းသားဟောင်းတယောက်၏ မှတ်တမ်းမှာတွိရပါရေ။
    ယေနန့် ဦးဟန်ယောင်ဝေနန့် NCGUB ၀န်ကြီးအချို့ကို အသိပီးချင်စွာက အကျွှန်ရို့ အဖိုးအဖီး တိပိုင်ဆိုင်ခရေ ရခိုင်ပြည်ဧရိယာကို တလက်မခန့်မျှ ဖေ့ထုတ်ပီးဖို့မဟုတ်။ ဖေ့ထုတ်ယူဖို့ကြိုးစားလာ သူမှန်သမျှကိုလေး အကျွှန်ရို့ ရခိုင်တမျိုးသားလုံး၏ရန်သူအဖြစ် သတ်မှတ်ဖို့ဖြိုက်ကြောင်း အသိပီးလိုက်ပါရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးကို အသုံးချပနာ လုပ်စားနီကတ်တေ နိုင်ငံရီးလုပ်စား ဦးဟန်ယောင်ဝေနန့် NCGUB က ၀န်ကြီးအချို့အား အလေးအနက် အသိပီး တောင်းဆိုအပ်ပါရေ။ 
    ခိုင်ဘခင်                                 
    Monday, October 11, 2010
    မလေးရှား ကလန်းပရိဘောဂစက်ရုံ goldbreeze coporation တွင်မြန်မာ အပါအ၀င် အလုပ်သမား ၄၀၀ကျော် အလုပ်မဆင်ဘဲးဆန္ဒပြ
                      မြန်မာ အပါအ၀င် နိုင်ငံခြားအလုပ်သမား ကိုဖြစ်သလိုထားသည် အလုပ်သမားတန်းလျှား
    မလေးရှားနိုင်ငံ သိုအလုပ်လာရောက်လုပ်ကိုင် သည် မြန်မာအပါအ၀င် နိုင်ငံခြား အလုပ်သမား များကို အမျိုးမျိုးခေါင်ကုန်ဖြတ် လုပ်အားခ လစာငွေ ကို ရက်အပေါင်တစ်လထားကာ အချိန်ပို ဆင်သည် လုပ်အားခမရ ဘဲး တစ်လကို ရင်ဂစ် ၆၀၀ ကျော်လောက်ရရှိ ပါသည် သတ်မှတ် အလုပ်ချိန် ထက်လေးနာရီ အချိန်ပို ကို အလုပ်ရှင်မှ မပေးသည်အတွက် ကလန်းရှိ goldbreeze coporation ပရိဘောဂစက်ရုံတွင် အလုပ်သမားများက အလုပ်မဆင်းဘဲး ဆန္ဒပြ နေပါသည်
        အလုပ်သမား လူငယ်တစ်ဦးမှ ကျွှန်တော်တို တစ်ရက်ကို ၁၂ နာရီ အလုပ် လုပ်ရပါတယ် ot မရသည်အပြင်  ပုံမှန်လစာ ကိုလည် သူတိုပေချင်တဲ့အချိန်ပေးတယ် အလုပ်ကမတရား ခိုင်းပြီး လစာ ကျတော မပေးချင်ဘူး မနေ့ ကစပြီးမဆင်တာ အခု သူတိုကျွှန်တော်တို နေတဲ့ အဆောင်တွေ ကို ရေ၊ မီး ပြတ်လိုက် ပြီး တအား ညစ်ပတ်တာဘဲးဗျာ နောက်ဘာဖြစ်လာ မလည်မသိဘူး  ဟု ပြောဆိုသွားပါသည်၊
       ယခုစက်ရုံတွင် မြန်မာ လူမျိုး ၄၀ကျော် နှင့် နီပေါ ဘင်ဂလား အလုပ်သမားများ လုပ်ကိုင်လျှက် ရှိပါသည်
    မလေးရှားတွင် နိုင်ငံခြားသားများကို သူဌေး များက အလုပ်သမား အခွင့်အရေး နှင့်လုပ်အားခများကို ခေါင်ကုန်ဖြတ် ကာ ရှိနေသည်ကို မလေးရှား အစိုးရမှ တစုံတရာ စီစစ်အရေမယူသည့်အပြင် ဆန္ဒပြ အလုပ်သမား တွေ ကို မိခင်နိုင်ငံ သိုပြန်ပို့ လေ့ရှိပါသည်။
    Saturday, October 9, 2010
    ဒေးဝန်းကြီး အောင်ကျော်ရွှီ
    ဒေးဝန်းကြီး အောင်ကျော်ရွှီ
    ထိန်လင်း(ဘဝတက္ကသိုလ်)
    အေဒီ ၁၈၂၆ ခုနှစ်၊ ဖေဖေါ်ရီလ(၂၆)ရက်နေ့တွင် ရခိုင်သည် အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့သည်။ ဤခေတ်တွင် “မင်းသားကြီးရွှေဘန်း” “ဒေးဝန်းအောင်ကျော်ရွှီ” “ကင်းဆရာတော်” “ဝါးကျောင်းဆရာတော်” “ရွာချောင်းကြီးဦးမောင်သာအောင်” “တန်ခိုးဆရာထွန်း” စသော ပြည်ကျော်စာ ပေပညာရှင်များ ပေါ်ထွန်းခဲ့သည်။
    ဒေးဝန်းအောင်ကျော်ရွှီသည် ဤခေတ်တွင် ပေါ်ထွန်းခဲ့သော စာဆိုတဦးဖြစ်သလို တော်လှန်းရေး သမားတဦး လည်းဖြစ်ပေသည်။ ဒေဝမြို့စားအောင်ကျော်ရွှီသည် ဗြိတိသျှတို့အား စတင်တော်လှန်ရာတွင် ပါဝင်ခဲ့သော ရခိုင့်အာဇာနည်တဦးဖြစ်သည်။
    ဒေးဝန်းကြီးသည် ဗြိတိသျှတို့အား စာပေဖြင့်တနည်း၊ လက်ရုံးဖြင့်တဖုံ တော်လှန်ခဲ့သည်။
    ဗြိတိသျှလက်အောက်သို့ ကျရောက်ပြီး တနှစ်အကြာ ၁၈၂၇-ခုနှစ်တွင် ရခိုင်တို့သည် ဗြိတိသျှတို့အား စတင် တော်လှန်ခဲ့သည်။ မသမာသူသစ္စာဖေါက်တို့ကြောင့် ဒေးဝန်းကြီးမှာ ဗြိတိသျှနယ်ချဲ့တို့၏ ဖမ်းဆီးခြင်းကို ခံသွားခဲ့ရသည်။ ထောင်(၁၄)နှစ် အပြစ်ဒဏ်ဖြင့် တပြည်တနိုင်ငံသို့ အပို့ခံခဲ့ရသည်။ “ကာလိတထောင်”၌ အချုပ်အနှောင်ခံရချိန်တို့တွင် ဒေးဝန်းကြီးသည် မိမိ၏ခံယူချက် ခံစားချက်များကို ရတုကဗျာများဖြင့် ဖွင့်ဟဖော်ထုတ်ခဲ့သည်။
    ဒေးဝန်းအောင်ကျော်ရွှီ၏ မော်ကွန်းဝင်ရတုတွင် ပညာနှင့်ဥာဏ်၊ သတိတို့ကို ပေါင်းစပ်ပြီး တာဝန်သိမှု၊ သစ္စာရှိမှုတို့ဖြင့် အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ကြမှသာ မိမိတို့နိုင်ငံကို နယ်ချဲ့လက်မှ လွတ်မည်ဖြစ် ကြောင်း ရေးစပ်ခဲ့သည်။ “သူ့ကျွန်မခံ” ဟူသော ဇာတိသွေး ဇာတိမာန်အလံကို လွှင့်ထူပြခဲ့သည်။
    “ပညာနှင့်ဥာဏ်၊ သင့်စွာဖန်၍၊ တာဝန်မပျက်၊ သစ္စာ ရွက်လျက်၊ အသက်ကိုလှီး၊ သွီးချောင်းစီးမှ၊ အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့၊ အစို့စို့နှင့် ကိုယ့်မြို့ကိုယ့်ပြည်၊ ကိုယ့်ဌာနေကို၊ ရမည်မုချ၊ ဤလောကသည်၊ အောက်ကျမခံ ချင်သောကြောင့်” ဟူ၍ ရေးဖွဲ့ခဲ့သည်။
    ဒေးဝန်းကြီး၏ ဘဝသမိုင်းဟုဆိုရမည့်“ရွှန်းလိုက်ရတု”မှာ စာဆို၏ ခံစားချက်များကို ဖွင့်အံလှစ်ပြနေသည်ဟု ဆိုရမည်သာဖြစ်သည်။ မိမိအား အကျဉ်းကျအောင် မတရား သက်သေပြကြသည့် တော်လှန်ရေး၏ သစ္စာဖောက်များအား စာဆိုရှင်သည် ဤသို့ပင် ရေးသားခဲ့သည်။
    “မိယုတ်မာ ဘမဲ့သား၊ နောင်သံသရာ၊ ခံဘို့ရာကို၊ ဆံဖြူလွှာ မထွေးငြားဘဲ၊ သမိုက်များဒိဌိတွေ၊ ရုံးလျှင်ဆိုမှု၊ ကျွန်ုပ်ပြု၍၊ တယောက်တစုပင်တည်း”
    ဒေးဝန်းကြီး၏ ရတုများတွင် မိသားစုအိမ်အလွမ်း၊ ကိုယ့်တိုင်း ကိုယ့်ပြည် တမ်းတမှုများကိုလည်း တွေ့ထိခံစား ရပေသည်။
    “ရှေးသံသာကံကောင်းက၊ ကောင်းဆုယူသည်၊ အလှူမသန့်ခ၍၊ ကိုယ့်ဌာနနီတိုင်းရပ်မြီ၊ ကျောင်းကန်ဘုရား၊ စေတီများကို၊ ပါယ်ထားနောက်ခိုင်းပေ၍” ဟူ၍ ဘာသာတရားကို အလေးထားယုံကြည်စွာနှင့် ဆင်ခြင်ကာ တိုင်းပြည် အပေါ်လွမ်းစိတ်ကို ဖြည်ဆည်ခဲ့လေသည်။
    လူ့လောကတွင် ဝမ်းနည်းကြေကွဲစရာနှင့် မတွေ့ကြုံရသူဟူ၍ တဦးတယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ တော်လှန်ရေးသမားများသည်လည်း လူများထဲကလူပင် ဖြစ်ကြသည်။ လူပီပီလူ့ဘဝရဲ့ နိယာမအတိုင်း ဝမ်းနည်းခံစားစရာကြုံရသည့်အခါ ဝမ်းနည်းကြေကွဲမှုဖြစ်ရမည်သာ ဖြစ်သည်။ သို့သော် တော်လှန်ရေးသမား တို့သည် မိမိတိုင်းပြည်နှင့် လူမျိုးအတွက် အသက်တချောင်းကို စတေးခံဖို့ ဝန်မလေးသည့်အပြင် အဆင်သင့် ဖြစ်နေသူများသာ ဖြစ်သည်။
    ဒေးဝန်းကြီးသည် တော်လှန်းရေးသမားတို့၏ စံနှင့်အညီ မိမိတိုင်းပြည် မိမိလူမျိုးအတွက် စတေးခံရန် အဆင်သင့်ရှိနေသူ ဖြစ်သောကြောင့် တိုင်းပြည်နှင့်မိသားစုကို လွမ်းဆွတ်ခဲ့သော်ပါလည်း သေမည်ကိုတော့ မကြောက်ပါခဲ့ချေ။
    ဒေးဝန်းကြီး၏ ရတုများတွင် မိမိ၏နိုင်ငံရေးခံယူချက်နှင့် ပြည်တမ်းအိမ်လွမ်းသော သောကဝေဒနာများကို တွေ့ရှိသည်သာမက တပြည်တနိုင်ငံသို့ သွားသော ခရီးဘဝအတွေ့အကြုံ၊ နိုင်ငံရပ်ခြား၌ တွေ့မြင်ကြုံဆုံခဲ့ ပုံများကိုလည်း မှတ်တမ်းတင်ထားခဲ့လေသည်။
    “သင်္ဘောလည်း၊ သုံးပင်တိုင်၊ ပင်းထွန်းမတင်၊ တက်မဝင်ဘဲ၊ ရွက်လျင်ဖြန့်ကာချည်နှင့်၊ အစဉ်အစဉ် သိယင့်ရာပင်လယ်မြစ်ကြီး၊ သင်္ဘောစီး၍ လွှင့်ပြီးယူသွားပါ” ဟူ၍ သုံးပင်တိုင် သင်္ဘောဖြင့် ရွက်လွှင့်သွားသော ခရီးကိုဖွဲ့ဆိုခဲ့သည်။
    ဒေးဝန်းကြီး၏ ရတုများသည် တော်လှန်ရေးသမားတဦး၏ စိတ်ဓာတ်ကိုလည်းကောင်း၊ သာမာန်လူသားတဦး၏ ခံစားမှုမျိုးကိုလည်းကောင်း၊ စာဆိုတဦး၏ မြင်တတ်ကြည့်တတ် ပြောဆိုတတ်ပုံတို့ကိုလည်းကောင်း တွေ့ထိလေ့လာမိစေနိုင်သော ရတုများပင် ဖြစ်ပေသည်။
    ဒေးဝန်းကြီး၏ မိဘအမည်၊ မျိုးရိုးတော်တို့ကို ကျွန်တော်တို့ မသိ၍ ဖော်မပြနိုင်ခဲ့ပါ။ ၁၉၂၇-ခုနှစ်တွင် ရခိုင်မင်းမျိုးမင်းနွယ်များ ဦးဆောင်ပြီး ဗြိတိသျှကို တော်လှန်ခဲ့ကြပါသည်။ ဒေးဝန်းကြီးအား ဒေဝမြို့စားလည်း ဖြစ်ခဲ့ပါသောကြောင့် မင်းမျိုးမင်းနွယ်တဦး ဖြစ်လိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။
    ဒေးဝန်းကြီးသည် ထောင်ထဲတွင် သေဆုံးသွားပါ၏။ သေဆုံးသွားသောနေ့ကို ထိုအချိန် ထိုအခါက အုပ်ချုပ်သော ဗြိတိသျှ၏ ထောင်ဝန်ထမ်းအချို့သာ တိတိကျကျသိပါလိမ့်မည်။ ကျွန်တော်တော့ အမှန်မသိပါ။ ကျွန်တော်မသိသေးသော အချက်အလက်များကိုသိထားသော ပုဂ္ဂိုလ်များရှိပါက ကျွန်တော့်အား အသိပေးပါလျှင် နောင်တနေ့နေ့တွင် ကျွန်တော် ပြန်လည်ရေးသားပါဦးမည်။
    ကျွန်တော့်အနေဖြင့် ဒေးဝန်းကြီးအောင်ကျော်ရွှီသည် ဤပြည်ထောင်စုမြန်မာနိုင်ငံတွင်“အားလုံးသော လက်ရုံးနှင့် အားလုံးသော နှလုံးသားကို ဆန့်တန်းပြီး” နယ်ချဲ့ဟူသမျှ ဘယ်ပုံစံဖြင့် ချဲ့ချဲ့၊ တိုင်းရင်းသားများ စည်းလုံးညီညွှတ်စွာဖြင့် ထာဝရ ဆန့်ကျင်တိုက်ပွဲဝင်သွားဖို့ မီးမောင်းထိုးပြခဲ့သော မြင့်မြတ်သော မျိုးချစ်စာဆို တော်လှန်ရေးသမားကြီး တဦးဟု ယုံကြည်ပြီး လေးစားမြတ်နိုးလာခဲ့သည်မှာ ကြာပြီးဖြစ်ပါ၏။ ဤပုဂ္ဂိုလ်သာ ယနေ့ရှိနေလျှင် ကျွန်တော်မှာ သူ၏ ဘက်တော်သားနောက်လိုက်ကောင်း တဦး ဧကန်ဖြစ်နေပါလိမ့်မည်။
    ထိန်လင်း (ဘဝတက္ကသိုလ်)
    စာကိုး
    ရခိုင်ပြည်နယ်သမိုင်း ပဉ္စမတွဲနှင့် စစ်တွေ သရဖူကျောင်းတိုက်ဆရာတော်၏ မှတ်စုများ။
    ရခိုင်ပြည် မှာမုန်းတိုင်တိုက်ခတ်
    ဒီလိုင်းလုံးများတက်လာသဖြင့် ငမန်းရဲကျွန်းမှ ရွာသားများ အသက်လု ထွက်ပြေးခဲ့ရ
    10/8/2010
    Adjust font size:  
    Arakan-state-Mray-Bon-city-water-flood အောက်တိုဘာလ ၇ ရက်နေ့က မြေပုံမြို့လမ်းများ၊ ရပ်ကွက်များကို ရေနစ်နေစဉ်
    ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲကျွန်းတွင် မုန်တိုင်းနှင့် အတူ ဒီရေ လိုင်းလုံးကြီးများ တက်လာသဖြင့် ကျွန်းပေါ်တွင် ရှိနေသော ကျေးရွာသားများမှာ သူတို့ နေထိုင်ရာ ကျေးရွာများကို စွန့်ခွာပြီ မြေပုံမြို့သို့ လှေများဖြင့် အသက်လု ထွက်ပြေးခဲ့ရသည်ဟု သတင်း ရရှိသည်။
    အောက်တိုဘာလ ၇ ရက်နေ့က စတင်ပြီး ရာသီ ဥတု ဖေါက်ပြန်လာပြီးနောက် လေပြင်းများတိုက်ခတ်လာကာ ဒီရေလိုင်းလုံးကြီးများပါ တက်လာသဖြင့် ငမန်းရဲကျွန်းတွင် ကျေးရွာ အများအပြားကို ရေနစ်သွားခဲ့သည်ဟု သိရသည်။
    ယခုအခါ အဆိုပါ ကျွန်းပေါ်မှ ကျေးရွာသားများမှာ မြေပုံ မြို့ပေါ်တွင် ခိုလုံနေကြသည်ဟု မြေပုံ မြို့ခံများက ပြောသည်။
    ၁၉၆၇ ခုနှစ်မေလ အတွင်းက တိုက်ခတ်သွားခဲ့သော မုန်တိုင်းကြောင့် ဒီရေလိုင်းများ တက်လာသဖြင့် ငမန်းရဲကျွန်းတွင် လူပေါင်း ၅၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ဦးကျော်မြသာက ပြောသည်။
    Arakan-state-Mray-Bon-city-water-flood အောက်တိုဘာလ ၇ ရက်နေ့က မြေပုံမြို့လမ်းများ၊ ရပ်ကွက်များကို ရေနစ်နေစဉ်
    အလားတူ မြေပုံမြို့နယ်ရှိ င/ရှီပြင်၊ လောင်းဒရိတ်၊ င/မန်းရဲကျွန်း၊ ကြက်ရေကျွန်း၊လွန်းလုံးပိုက်နှင့် ပင်လယ် ကမ်းခြေ တလျောက်ရှိ ကျေးရွာမှ ကျေးရွာသားများလည်း မုန်တိုင်နှင့် အတူ ဒီရေ လိုင်းများ မြင့်တက် လာမူကြောင့် မြေပုံမြို့သို့ ထွက်ပြေး ခိုလုံနေကြသည်ဟု ပြောသည်။
    မြေပုံ မြို့ခံ တစ်ဦးက “ သူတို့ကို အခု စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပါတယ်။ လူပေါင်း ထောင်ချီပြီး ရှိမယ်ထင်ပါတယ်။ တိတိကျကျ မပြောနိုင်သေးဘူး” ဟု ပြောသည်။
    မြေပုံမြို့တွင်လည်း ရေတက်လာသဖြင့် အဓိက လမ်းများကို ရေလွှမ်းနေပြီး မြေနိမ့်ပိုင်းရပ်ကွက်မှ အိမ်များကို ရေ ၄ ပေကျော်ထိ နစ်နေကြောင်း သိရသည်။
    မုန်တိုင်းနှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီရေလိုင်းများ တက်လာသဖြင့် တာတမံ အများအပြား ကျိုးပေါက်သွားသဖြင့် လယ်ယာမြေ အမြောက်အများ ပျက်စီးသွားကြောင်း သတင်း ရရှိသည်။
    : ----------------------------------- ----------------------------------- ----------------------------------
    Saturday, October 2, 2010
    ဂျီမးလ်ဝယ်ချင်သောသူ
    ဂျီမေးလ်ဝယ်ခြင်းသောသူ
    နွေရာသီကျောင်းပိတ်ရက်မြန်မာနိုင်ငံသို့အလည်ပြန်ဖြစ်သည့်အချိန်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်ကလေးတစ်ခုပါ ၊အခုခေတ်သည်ကားနည်းပညာခေတ်ဖြစ်နေသည် နည်းပညာ၏ပံပို့မှု့ကြောင်ကိစ္စအတော်များများ အချိန်ကုန်လူပန်းသက်သာ၏၊လျှပ်တစ်ပြက်အတွင်မှာကမ္ဘာကြီးနှင့်တိုက်ရိုက်ဆက်သွယ် စကားပြောနိုင် ထိတွေ့နိုင်ပြီးကမ္ဘာကြီးမှာဘာဖြစ်နေသည်ကိုလည်းမြင်တွေ့နိုင်ပြီးစာရေးသူတို့နိုင်ငံသည်ကားဖွ့ဖြိုးမှု့အားနည်း သော်လည်းနည်းပညာပိုင်ဆိုင်ရာမှာညံသည်ဟုမဆိုင်နိုင်သို့သော်လည်းပြည်တွင်းက မြန်မာအများစုမှာ    ကွန်ပျုတာနှင့်ပတ်သတ်၍အခေါ်အဝေါ်များကိုမူအင်္ဂလိပ်အသံထွက်အတိုင်တိုက်ရိုက်ယူ၍ပြောဆိုသုံးစွဲကြ၏ တစ်ခြားနိုင်ငံများတွင်သူဘာသာစကားတစ်ခုတတ်လျှင်ပင်လုံလောက်သော်လည်းအထူးသဖြင့်မြန်မာ နိုင်ငံသားအတွက်မလုံလောက်ဟုဆိုခြင်သည်အဘယ်ကြောင်းဆိုသော်တစ်ခြားနိုင်များတွင် မည်သည့် ပစ္စည်ပင်ထုတ်ထုတ်သူဘာသာစကားဖြင့်ထည့်သွင်းထားသောကြာင်းမိမိမိခင်ဘာသာစကားတစ် ခု ကိုတတ်လျှင်အလုပ်ဖြစ်နိုင်သော်ဗမာပြည်သားများအတွင်မူ အချိန်စောနေသေးသည်ထိုကြောင်းလည်း အင်္ဂလိပ်စာမတတ်ဘဲအင်္ဂလိပ်ဝေါဟာရကိုမြန်မာလို့ခေါ်ဆိုမိသောမြန်မာများအတွက်ကြားရသူဖို့ရယ်စရာဖြစ်ခဲ့ရသည် တစ်ဖန်မြန်မာပြည်တွင်ကမြန်မာများဘယ်လောက်ဗဟုသုတနည်းနေသေးသည်ဆိုတာကိုလည်းသိနိုင်သည်
    အစစအရာအရာနအဖထိမ်းချုပ်ထားသောမြန်မာပြည်မှာလူအများစုသည်မျက်စိပိတ်နားပိတ်လျှက် ကမ္ဘာကြီး၏အပြင်ပတစ်နေရာကိုရောက်နေသကဲ့သိုဖြစ်နေသည်။ထိုင်းမလေးစသောနိုင်ငံများတွင် ဟန်ဖုန်းကိုလူတိုင်နီးနီးကိုင်နိုင်သကဲ့သိုအင်တာနက်ကိုဖုန်းသုံးလို့ရတဲ့နေရာတိုင်းတွင်သုံးနိုင်သည် ဖုန်းမှတစ်ဆင့်သော်လည်းကောင်း ယူအစ်ဘီ မော်ဒန်ဖြင့်သော်လည်းကောင်းသုံးနိုင်၏ သို့သော်မြန်မာ နိုင်ငံတွင်တွင်ဖုန်းကိုင်နိုင်လျှင်သူဌေးဟုလူအများမှတ်ထင်ကြ၏ထင်လောက်အောင်လည်းဟန်းဖုန်းကိုင်နိုင်သူ များမှာငွေကြေးတတ်နိုင်သူများသာအင်တာနက်ဆိုလျှင် မြို့ကြီးပြကြီးများလောက်တွင်သာ သုံးရသော်လည်း
    ကော်နယ်ချင်ကျခြင် အစိုးရထိန်းချုပ်ခြင်း စသောချုပ်ချယ်ကန့်သတ်မှု့များစွာဖြင့်သာသုံးစွဲနိုင်၏ ၊ တစ်နေ့ စာရေးသူတို့အိမ်နားကအင်တာနက်ကဖေတွင်အင်တာနက်သွားသုံးစဉ် တောမှ လူကြီးတစ်ယေက်မလေးရှားတွင်အလုပ်လုပ်နေသာသူသားနှင့်စကားပြောရန်ရောက်လာသည် ။ စာရေးသူသည်သူကိုကြည့်လျှက်အကဲခတ်နေသည်ဆိုင်ပိုင်ချင်နှင့်တစ်ခြားအသိတစ်ဦးမှအကူအညီပေးမှု့ကြောင် အွင်လိုင်းကဂျီတောဖြင့်ကော်နယ်ရှင်ကျလိုက်တက်ဖြင့်တက်သည့်သည်အချိန်စကားပြောလိုက်ကျသည်အချိန်မှာတောမှလူကြီးမှာကျမှန်မသိသူပြောချင်ပြောနေလျှက် ဘေးနားကလူမှကော်နေယ်ချင်ကျနေတယ်ခဏစောင့်ပါဦးဆိုမှရပ်လိုက်သည်တော်ကြာနေကော်နယ်ရှင်တက်လာသောအခါ ပြန်စကားပြောပြန်သည် ဤကဲ့သို့ပြောလိုက်ရသည်ကိုအလွန်မတန်ပီတိသောမနဿဖြစ်နေသော လူကြီးသည်ဆိုင်ရှင်ကိုလှမ်းမေးလိုက်ပုံမှာငါတူအဘဂျီးမေးလ်တစ်လုံးလောက်ဝယ်ခြင်းတယ်ကွာဘယ်လောက်ပေးရမလဲ သားနဲစကားပြောခြင်ရင်တစ်ခါတစ်ခါမြို့လာရတာမလွယ်ဘူး တဲ့ ၊ အိုမြန်မာပြည်မှာသူလို့ဘဲဂျီးမေလ်းတစ်ခုလောက်ဝယ်ထားခြင်သူတွေအများကြီး ရှိကြမှာပါ ဘာဖြစ်လို့လည်းဆိုတောမြန်မာနိုင်ကလူတော်တော်များများသူများနိုင်ငံမှာအလုပ်ထွက်လုပ်နေကြရပြီးလေ သူတိုသားသမိးတွေ့တွေ့ခြင်မြင်ချင်စကားပြောချင်ကြမှာပေါ့။ဗမာပြည်ကပြန်အလာထိုင်းနိုင်ငံကိုရောက်လာအခါ မိမိ၏မိတ်ဆွေ မင်းထက် အိမ်ကိုရောက်လို့လာပြန်သည်အင်္ဂလိပ်စာလုံးဝမတတ်သော်လည်း မိတ်ဆွေအပေါင်းသင်းများ၏အကူအညီအကြောင်းကွန်ပျုတာအင်တာနက်များအထိုက်အလျှောက်သုံးစွဲနိုင်သော မောင်မင်းထက် သည် သူသိခြင်တတ်ခြင်သောအရာများအားမရှက်မကြောက်မေးတတ်သူပီးပီ အင်တာနက်မှ ဒေါင်းလုပ်လုပ်တာကို သူ့ပြောလိုက်ပုံက ကိုယ်လူ့ရယ်တဲ့ အင်တာနက်က ဒေါင်းမင်းဘယ်လို့လုပ်ရတယ်ဆိုတာရယ်မြန်မာလိုင်းကိုဘယ်ကဖန်ရတယ်ဆိုတာရယ်ကိုခဏသင်ပေးစမ်းပါတဲ့ မြန်မာပြည်တွင်ရေဒီယို ကိုသာ သုံးဖူးသောတောသားလေမောင်းမင်းထက်တစ်ယေက် အင်တာနက်ကမြန်မာလိုင်းကိုဖမ်းဖို့ပြောလာပြိးကောကဲဘာတွေကွာသလဲ စာဖတ်သူစဉ်စားသာကြည့်ပေတော ။ 
    စာရေပေးပို့ သူ 
    ဗူးသီး+ခရမ်းသီး
    လဒနိုင်ငံ