Sunday, February 27, 2011
မလေးသျှားဌာနခွဲ၏ လူထုတွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
မလေးသျှားဌာနခွဲ၏ လူထုတွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
(ရေးသားသူ) ခိုင်နိုင်လင်း                                                   နေ့ စွဲး။...         27.2.2011
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ) မလေးသျှားဌာနခွဲ၏
နှစ်ပတ်လည် လူထုတွေ့ဆုံပွဲကို ယနေ့ နေ့လည်၌ မလေးသျှားရှိ တရုတ်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုအစည်းအဝေးသို့ မလေးသျှားရောက် ရခိုင်သူ၊ ရခိုင်သားများတက်ရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ တွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်များမှာ ပါတီ၏ လက်ရှိ အခြေအနေရေးရာများနှင့် ရှေ့ဆက်လုပ်ကိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ပြည်သူများသို့ တင်ပြဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ညီလာခံအား ရခိုင့်နိုင်ငံတော်သီချင်းရွတ်ဆိုခြင်း၊ ကျဆုံးလေပြီးသော ရခိုင့်ခေါင်းဆောင်များအား ဦးညွတ်အလေးပြုပြီး စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မလေးသျှားဌာနခွဲ၏ ဥက္ကဋ္ဌ ဦးမင်းတေဇမှ လက်ရှိရခိုင့်နိုင်ငံရေး အခြေအနေများနှင့် ရခိုင့်သမိုင်းအား တင်ပြပြောဆိုခဲ့သည်။ ပါတီမူဝါဒရေးရာ အကြံပေး ဦးသာထွန်းအောင်မှ ဥပဒေပြင်ပ ရခိုင့်နိုင်ငံရေးလှုပ်ရှားသုံးသပ်ချက်နှင့် အတွင်းရေးမှူး ဦးမျိုးခိုင်မှ  ဥပဒေဘောင်အတွင်း ရခိုင့်နိုင်ငံရေးလှုပ်ရှားမှုသုံးသပ်ချက်များကို တင်ပြပြောဆိုခဲ့သည်။ ထို့အပြင် ရှေ့လုပ်ငန်းစဉ်များအား ပရိုဂျက်တာများဖြင့် တင်ပြရှင်းလင်းခဲ့သည်။ ညနေ (၃) နာရီတွင် ညီလာခံအား ခေတ္တနားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူ ရခိုင်ပြည်သူလူထုမှလည်း လိုအပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် မိမိတို့၏ သဘောထားများကို ထောက်ပြဆွေးနွေးခဲ့ကြသည်။ လက်ရှိမလေးသျှားရောက် ရခိုင်သူ၊ ရခိုင်သားများ၏ အခက်အခဲများကို အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည်ဟု မလေးသျှားဌာနခွဲ၏ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တွေ့ဆုံပွဲအား နေ့လည် (၁) နာရီတွင်စတင်ခဲ့ပြီး ညနေ (၆) နာရီတွင် အမျိုးသားရေးကြွေးကြော်သံများဖြင့် အောင်မြင်စွာရုတ်သိမ်းခဲ့ကြသည်။
ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မလေးသျှား၏ အတွင်းရေးမှူး ဦးမျိုးခိုင်မှ ကျင်းပရသည့် ရည်ရွယ်များအား ယခုလိုပြောကြားခဲ့သည်။
" ကျွန်တော်တို့ အခုလို လူထုတွေ့ဆုံပွဲပြုလုပ်ရတဲ့ရည်ရွယ်ချက်က
(၁) ပါတီဌာနခွဲမှ ရေးဆွဲထားသည့် အခြေခံမူကြမ်းမှာပါရှိသည့် ပြည်သူများသိသင့်သိထိုက်တဲ့အချက်တွေကို ပြည်သူများကို ချပြရန်၊
(၂) ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ ဖြစ်ပေါ်ပြောင်းလဲနေသည့် ဒီမိုကရေစီလှိုင်းဂယက်နှင့် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်၏ ရှေ့ဆက်သွားမယ့် နိုင်ငံရေးဂဏ္ဍများကို ပြည်သူသို့ အသိပေးတင်ပြရန်၊
(၃) ရခိုင့်အမျိုးသားနိုင်ငံရေးအတွက် ရခိုင်ပြည်သူလူထုအားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို ပြည်သူများနားလည်သဘောပေါက်စေရန်၊
(၄) ရခိုင့်အချုပ်အချုပ်အခြာအာဏာကျဆုံးပြီးချိန်မှစ၍ ယနေ့အချိန်အထိရခိုင့်နိုင်ငံရေး၊ တော်လှန်ရေး ကဏ္ဍများတွင်အောင်မြင်သင့်သည့်အတိုင်းအတာအထိမရနိုင်ဘဲ ဖြစ်နေရတာကို ဆန်းစစ်လေ့လာသုံးသပ်တင်ပြပြီး ပြည်သူသို့ တင်ပြရန်၊
(၅) ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မည်သည့်အတွက်ကြောင့် ဖက်ဒရယ်မူကို လက်ကိုင်ထားကာ ဥပဒေဘောင်အတွင်းမှ ရခိုင်ပြည်သူလူထုအတွက် တိုက်ပွဲဝင်နေရတာတွေကို ပြည်သူလူထုသို့ ရှင်းလင်းတင်ပြရန်နှင့်
(၆) စစ်ကောင်စီမှ မဟာဗျူဟာမြောက် ချမှတ်အကောင်အထည်ဖော်နေသည့် ရခိုင်လူမျိုးပျောက်ကွယ်ရေးစီမံချက်အကြောင်းကို ပြည်သူလူထုသို့ မီးမောင်းထိုးပြရန်တို့ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရမှ ကြီးမှူးကျင်းပသည့် (၁၉၉၀) ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် တတိယမဲအများဆုံးရရှိခဲ့သော ပါတီတစ်ရပ်ဖြစ်သည်။ သို့ရာတွင် စစ်အစိုးရမှ ရွေးကောက်ပွဲရလာဒ်များအား အသိအမှတ်ပြုခြင်းမရှိပဲ အာဏာဆက်လက်ဆုပ်ကိုင်ထားခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ၏ အမျိုးသားညီလာခံနှင့် န၀တ၏ အမိန့်အမှတ် (၁/၉၀)ကို ဗြောင်ကျကျဝေဖန်ခဲ့ခြင်းကြောင့် (၁၉၉၃)တွင် မတရားအသင်းအဖြစ် ကြေညာခြင်းခံခဲ့ရသည်။ ထို့နောက်
နိုင်ငံခြားရောက် ရခိုင်ပြည်သူလူထု၏ ကြိုးပမ်းမှုဖြင့် ယခုအခါ နိုင်ငံတကာတွင် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဌာနခွဲများအား ဖွင့်လှစ်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်လျှက်ရှိကြသည်။
ရခိုင့်ဒီမိုကရေစီပါတီ၏ ဌာနခွဲများအား  ထိုင်း၊ ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အမေရိကန်၊ နော်ဝေနှင့် အခြားဥရောပနိုင်ငံများတွင်လည်း ဖွဲ့စည်းတည်ထောင်ထားသည်။
Thursday, February 24, 2011
အဖြစ်အမှန်
     အဖြစ်ပျက်ချေတစ်ခု
ကျနော်မှာ သူငယ်ချင်းအပေါင်းအသင်း ရခိုင်/ဗမာတိ
ဟိပါရေ။ကျနော်ပြောချင်စော်က ဗမာ၎ယောက်နန်. ဆိုင်တစ်ဆိုင်မှာ
ဆုံမိပါရေ။ကျနော်သူငယ်ချင်းရခို
င်တစ်ယောက်နန်. ဆိုင်တစ်ဆိုင်ကို လားရေခါ
တွိ.ဆုံခြင်း ဖြစ်ပါရေ။ပုံမှန်အတိုင်း ဆိုင်မှာ တွိကတ်ယင်းနန်.
အာလာပသာလာပ စကားတိ ပြောဖြစ်ကတ်ပါရေ။ယင်းအချိန်မှာ
ကျနော်၇ို.ရခိုင်နှစ်ယောက် ပြောစရာစကားတိ ပေါ်လာလို. ရခိုင်စကားနန်.
ကျနော်ရို.နှစ်ယောက် ပြောနိန်ကတ်ပါရေ.ယင်းအထဲမှာ ဗမာလေးယောက်မှာ
တစ်ယောက်က ငါတို.ကို အတင်းပြောနေတာလားလို. လှမ်းမိန်းပါရေ ကျနော်ရို.က
မဟုတ်ပါ ကိုယ်ရေးကိုယ်တာကိစ္စလေးတစ်ခု ပြောနေတာပါလို.
ပြန်ဖြေလိုက်ပါရေ။ယင်းဗမာကောင်က ဆက်ပြောပါရေ ဗမာလို ပြောကွာလတ်။ကျနော်က
ဟာ ဗမာလိုတော.ကျနော်တို. လူမျိုးအချင်းချင်း ပြောလို.မရဘူး ကျနော်တို.က
အကျင်.လည်း မရှိဘူး ပြောလေ.ပြောထလေ. မရှိဘူးလို. တရုတ်က တရုတ်က
တရုတ်နဲ.တွေ.ရင် တရုတ်လိုပဲ ပြောတယ် အိန္ဒိယကလည်း
အိန္ဒိယလူမျိုးအချင်းချင်းတွေ.ရင် အိန္ဒိယလိုပဲ ပြောတယ် ခင်ဗျားတို.
ဗမာတွေလည်း မလေးရှားမှာ မလေးတွေရှေ.မှာ ဗမာတွေအချင်းချင်း
မလေးတွေနားလည်အောင် ဘာကြောင်.မလေးစကားကိုမပြောပဲ ဗမာစကားကို
ပြောနေတာလဲလို. ပြန်မိန်းလိုက်ပါရေ။ယင်းခါမှ စကားဆက်ပြောလို.မရမှ
စကားမနိုင်မှန်းသိမှ သိမ်းသွင်းလို. မရနိုင်မှန်းသိလို. နောက်တာပါကွာလို.
ပြန်ပြောပါရေ။
၂။ တစ်ရက်နိန်. အလုပ်ကဗမာတစ်ယောက် မလေးကို ရောက်စော်မကြာသိမ်.ဖြစ်လို.
တစ်ခုကိုသင်. မလားဖူး မရောက်ဖူး မလားတတ်ဖြစ်လို. ယင်းသူမှာ
အသိတစ်ယောက်နန်. ချိန်းထားလို. လိုက်ပို.ပေးပါ ကူညီပါဗျာ ဆိုပနာ
အကူအညီတောင်းပါရေ ကျနော်လေးသင်. အော် အလုပ်ကရာ မလား ကူညီကောင်းပါရေလို.
အတွိးနာန်. လိုက်ပို.ပီးလိုက်ပါရေ.ယင်းသူချိန်းထားရေ နိန်ရာကို ရောက်လို.
ချိန်းထားရေ လူနန်. တွိ.ရေခါ စကားတိ အားရပါးရ
ပြောကတ်ပါဗျာယ်ယေ.ယင်းသူနန်.ချိန်းထားရေလူ(ဗမာ)က အကိုက ဘယ်ကလဲ
မြန်မာလားလို. မိန်းပါရေ ကျနော်က ရခိုင်ရို.ထုးံစံအတိုင်း
ယိုင်ကျေးမှုဟိရေအခါ ဟုတ်ပါရေ ကျနော်လည်း မြန်မာပါပဲလို. ပြောလိုက်ပါရေ
ယင်းအချိန်ခါ ကျနော်ကို လိုက်ပို.ဖို.အကူအညီတောင်းရေ ဗမာက
မြန်မာအစစ်မဟုတ်ဘူး ရခိုင်လို. ပြန်ပြင်ပြောပါရေ။ကျနော်စိတ်ထဲမှာ ထင်.ခနဲ
အတွိးတိ ၀င်လာပါရေ အလုပ်ထဲမှာ အကူအညီတောင်းစရာ ဟိကေ အကိုရေ
မြန်မာအချင်းချင်းတွေပဲ ကူညီပါဦး မြန်မာတွေပဲ ကူညီပါလို. စကားချချိုနန်.
အကူအညီတောင်းတတ်ပါရေ စိုင်းစားကြည်.ကတ်ပါ ကျနော်က သဘောက သဘောရိုးနန်.
အလိုက်သင်.ပင် မြန်မာပါပဲလို. ပြီးစလွေ ပြောလိုက်စော်ကို
မြန်မာစစ်မဟုတ်ဘူး ရခိုင်လို.ပြန်ပြောစော်ကို ကြည်.ပါ ကျနော်အတွိးတိ
များလားခပါရေ ကျနော်မလေးမှာ
မလေးနိုင်ငံသားတစ်ယောက်ဖြစ်စီ/တစ်ခြားနိုင်ငံခြားသား တစ်ယောက်ကဖြစ်စီ
Where do you come from?မင်းက ဇာကလာလဲလို.မိန်းရေခါ အလွေတကူနန်. I came
from myanmar မြန်မာပြည်က လာစော်ပါလို. ပြန်ဖြီိလိုက်ပါရေ
မြန်မာနိုင်ငံကလို. ပြောလိုက်စော်နန်. မြန်မာလူမျိုးလို.
အထင်ရောက်လားဖို.စော်က ကျိန်းသေပါ။ရခိုင်(အာရကန်)လို.ဖြီကေလေ.
သိဖို.မဟုတ်စွာနန်.မဖြီလိုက်ပါ။မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံမှာ
လူမျိုး(၈)မျိုးဟိပါရေ ယင်းအထဲမှာ ကျနော်က
rakhine(arakan)လို.ပြန်ဖြီလိုက်ကေ ဇာကရခိုင်(အာရကန်)လဲလို ပြန်မိန်းကေ
စကားရှည်လားဖို.စော်ကို သိလို. ယင်းပိုင်မိန်းတိုင်း အလွေတကူ
မြန်မာပါလို. ပြန်ဖြီမိလိုက်စော်က အကြိမ်ကြိမ်ပါ ကျနော် အဂုမှ
နောက်တကြီးစော် ရလိုက်ပါရေ နောက်တစ်ခါ လူမျိုးခြားတစ်ယောက်က Where do you
comefrom?လို.မိန်းလာကေI came from arakan
country(rakhine)ကျနော်ရခိုင်နိုင်ငံက လာစော်ပါလို. ပြောမိဖို.စော်
ဖြီမိဖို.စော် အသေအချာပါဗျာယ်ယေ.ထပ်မိန်းလာကေ Our country is ensaved by
burma unfairly and inhumanly and unjustly moreover they are killing
ourrace as a genocide to appear from the world's map then is
destroying our culture and stolen
ourownLiterature.ကျနော်ရို.နိုင်ငံကို ဗမာအစိုးရက မတရား
သိမ်းပိုက်ထားခြင်းဖြစ်ပါရေ ကျနော်ရို.လူမျိုးကိုလည်း ကမ္ဘာမြီပုံက
ပျောက်လားအောင် လူမျိုးပြုန်းသတ်ဖြတ်မှုတိ လုပ်နိန်ပါရေ
ကျနော်ရို.ယိုင်ကျေးမှု ဖျက်စီးနိန်ပါရေ ကျနော်ရို.ပိုင်ဆိုင်ရေ
ကိုယ်ပိုင်စာပီကိုသင်. ခိုးထားပါရေလို. ရှင်းပြဖို.စော်က
အသီအချာပါဗျာယ်။Insie myanmar,majority of burma are very cunning like
foxes and They are being ruling other races contain of our
race(rakhine) rudely without developing on our
country.မြန်မာနိုင်ငံမှာ ဗမာအများစုစော် မြီခွီးတိပိုင် ကောက်ကျစ်ပနာ
တိုင်းပြည်ကို အုပ်ချုပ်နိန်ပါရေ တိုင်းပြည်ကို ဖွံဖြိုးတိုးတက်အောင်
လုပ်ဆာင်ခြင်း အလျဉ်းမရှိပဲ ရခိုင်လူမျိုးအပါအ၀င်
အခြားလူမျိုးစုတိကိုသင်. အုပ်ချုပ်နိန်ပါရေ။ Outside of myanmar,they are
transmiting all of races of myanmar are in unity and they are trying
to be developing so far as fastly as good as they do nothing for
developing.မြန်မာပြည်အပြင်ဘက်မှာကျကေ ဗမာအစိုးရစော် သတင်းလွင်.နိန်ပါရေ
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတိ အားလုးံစစည်းလလုးံနန်.
နိန်ထိုင်ကတ်ပါရေ ယေပြီးနာ သူရို.စော် နိုင်ငံတော် တိုးတက်ဖို.အတွက်
မြန်နိုင်သမျှ အမြန် လုပ်ဆောင်နိန်ပါရေလို. ပြောပါရေ လက်တွိမှာကျကေ
သူရို.တိစော် တစ်ခုသင်. တိုးတက်အောင်မလုပ်ပါလို. ပြောမိဖို.စော်
အသေချာပါ။
၃။ လွန်ခရေ သုးံနှစ်လောက်က ကျနော်သူငယ်ချင်းတစ်ယောက် မလေးကို
လာအလုပ်လုပ်ပါရေ သူပညာအရည်အချင်းကလည်း မဆိုးပါ မလေးလေဆိပ်ကို
ရောက်ရောက်ချင်းအေးဂျင်.က လာကြိုလို. အေးဂျင်.နန်. လိုက်ပါလားပါရေ
အေးဂျင်.နန်. စကားစမြည်ပြောဆိုယင်းနန်. အေးဂျင်.က ယင်းသူဧး အရည်အချင်းကို
သိလားလို. သူဌေးဘက်ကို ပို.ရေခါ သူစော်အရည်အချင်းသိကြောင်း
အင်္ဂလိပ်စကားတတ်ကြောင်းကို တင်ပြပီးလိုက်ပါရေ သူဌေးကလည်း သဘောကျပနာ
နောက်နိန်.ခါ ကျနော် သူငယ်ချင်းကို စာရီးအလုပ်တန်းခန်.ပါရေ လာခါကတော.
ခေါ်စာမှာ ရိုးရိုးအလုပ်သမားအနိန်နန်.ပါ အေးဂျင်.က
အပြောကောင်းလို.စာရီးခန်.ခြင်း၊ office
staff(ရုးံဝန်ထမ်း)တစ်ယောက်ဖြစ်လားပါရေ. ယင်းသူလုပ်တေအလုပ်(စက်ရုံ)ထဲမှာ
အိန္ဒိယလူမျိုးအယောက်၁၀လောက် ဟိပါရေ ဗမာက ၁၉ယောက် ရှိပါရေ မလေးရှားက
တရုတ်သူဌေးအပါအ၀င် အိန္ဒိယလူမျိုးတိကပါ ယင်းသူကို
မြန်မာ(ဗမာ)လူမျိုးလို.ရာ သိကတ်ပါရေ ယင်းအလုပ်ထဲမှာ လူဟောင်းဗမာတစ်ချို.က
သူဌေးလူယုံဖြစ်နိန်ပါရေ။ဗမာတိထဲမှာ ရခိုင်တစ်ယောက် ရုးံအလုပ်ကိုရလားလို.
အထောက်အကူရဖို. အကူအညီပီးနိုင်ရေလို. ကျေနပ်ဂုဏ်ယူရဖို.အစား
ရခိုင်သားတစ်ယောက် အထက်ကို ရောက်လားဖို.စော်ကို
သူရို.ထက်သာလားဖို.စော်ကို ကြောက်နိန်ကတ်
မနာလိုဖြစ်နိန်ကတ်ပါရေ.ယင်းအတွက်နန်. သူဌေးအပါအ၀င် သူရို.မန်နေဂျာကိုပါ
ကျနော်သူငယ်ချင်းမကောင်းကြောင်း အောက်ခြီလွတ်ဘ၀င်မြင်.ကြောင်း
မဟုတ်မတရား လိမ်ဆယ်ပနာ ဂျောက်တွန်းကတ်ပါရေ ယင်းချင်.တောင် မကသိမ်.
ကျနော်သူငယ်ချင်းကို ရန်စရှာပနာ ဗမာတိ ၀ိုင်းရိုက်ကတ်ပါရေ သူဌေးလည်း
ယင်းနိန်.ည သိသိချင်း ရောက်လာပနာ All are myanmar.stay like family and
all of young brother and elder brother.အားလုးံမြန်မာတိရာမလား
မိသားစုပိုင် ညီအစ်ကိုတိပိုင် ချစ်ချစ်ခင်ခင် နိန်ကတ်ပါလို. ပြောပါရေ.
ယင်းနောက်ပိုင်း ဗမာတိက ပြသာနာကို ပိုကြီးထွားလာအောင် လုပ်ကတ်ပါရေ
သူဌေးသင်. ပြောလို.မရပါဗျာယ် ကျနောက်သူငယ်ချင်းက တစ်ယောက်တည်း ဗမာတိက
အများ အများနန်.တစ်ယောက်ဆိုခါ သူဌေးသင်. အများစကားကိုရာ
နားဝင်လားပါရေ.နောက် ယင်းချင်.ကနိန် ကျနော်သူငယ်ချင်းကို
စာရီးအလုပ်ကနိန်ဖြုတ်ပနာ ရိုးရိုးအလုပ်သမားနိန်ရာကို ဗမာတိနန်.
တတူတူအလုပ်လုပ်ဖို. ခိုင်းလိုက်ပါရေ ချချင်းသျှေပြောရဖို.ဆိုကေ
စာရီးအလုပ်က ဖြုတ်ချပလိုက်ပါရေယေ ယင်းအလုပ်မှာ
မိသားစုစီးပွားရီးသင်.အဆင်မပြေခါ သည်းအည်းခံပနာ ၃နှစ်လုးံလုးံ
ဗမာတိလက်အောက်မှာ အလုပ်လုပ်ခရပါရေလို. ကျနော်ကို
ရင်ဖွင်.ပြပါရေ.ကျနော်ကသင်. ဗမာဆိုစော် ရခိုင်လူမျိုးတိအပေါ်ကို
သမိုင်းအဆက်ဆက် ပုဂ္ဂိုလ်ရီးအရသော်လည်းကောင်း၊လူမျိုးရီးအရသော်လည်းကောင်း
ဇာခါမှ ကောင်းကျိုးမပီးရေအပြင် အမျိုးမျိုး ဒုက္ခပီး နှိပ်စက် ပြသာနာတိကို
မီးခွက်ထွန်းလို. ရှာရေ မြီခွီးအောက်တန်းစား အယုတ်တမာကောင်တိ
လူမျိုးတိပါလို.ပြောလိုက်ပါရေ ကျနော်သူငယ်ချင်းပိုင် အဖြစ်မျိုး
ဒေကမ္ဘာမြီထက်မှာ ဗမာက ရခိုင်ကို ဒုက္ခပီးနိန်စော်
ဒုနန်.ဒေးပါ။တစ်ပုံတစ်ပင်ကြီးပါ။ရခိုင်လူမျိုးတိ သိကတ်ပါ
သဘောပေါက်ကတ်ပါ။ရခိုင်ပြည်မှာ ဗမာအုပ်ချုပ်နိန်လို. နှိပ်စက်မှုဒဏ်တိ
အမျိုးမျိုးပြသာနာရှာနိန်ကတ်လို. စီးပွားရီးအဆင်မပြေကတ်လို.
နိုင်ငံခြားမှာ အလုပ်လာလုပ်စော်တောင်မှ ယင်းသူရို.လက်အောက်ရန်က
မလွတ်နိုင်ပါသိမ်.ယေ။ယေအတွက်နန်. ရခိုင်လူမျိုးတိ စည်းလုးံကတ်ပါ ဗမာနန်.
မပေါင်းကေ မရဆိုရေ အတွိးမျိုး မမွီးကတ်ပါကေ.မတတ်သာလို. လုပ်ငန်းခွင်တိမှာ
အဆင်ပြေဖို.ပေါင်းသင်းရကေသင်. အလိမ္မာနန်.
ပေါင်းသင်းဆက်ဆံကတ်ပါ.ရနိုင်သလောက် ကိုက ပညာယူပါ ကိုဘက်က မပီးပါကေ.
ကိုဘက်က ယင်းသူရို.ကို ပညာတစ်ခုပီးလိုက်ကေ ကိုယ်ရခိုင်လူမျိုးကို
ဒုက္ခပီးဖို. ပညာတစ်ခု သင်ပီးလိုက်စော်နန်. တတူတူပါဗျာယ်
ယင်းသူရို.နန်.တွိလို. မတတ်သာလို. လ္ဘက်ရည်တစ်ခွက် တိုက်ရဖို. အခြီအနိန်
ကြုံလာကေ ဆလိပ်တစ်လိပ် တိုက်လိုက်ပါ မဟုတ်ကေ ကွမ်းတစ်ယာ ကျွေးလိုက်ပါ
ယင်းလ္ဘက်ရည်တစ်ခွက်ကို ရခိုင်လူမျိုးတစ်ယောက်ကို တိုက်လိုက်ပါ
ရခိုင်လူမျိုးတစ်ယောက် လ္ဘက်ရည်တစ်ခွက်
သောက်ရပါလိမ်.မေ.ဘေးမဖြစ်စီပါ။စစ်မှန်ရေ မျိုးချစ်စိတ်နန်.
မျိုးစောင်.တရားကို လက်ကိုင်ထားကတ်ပါ ရခိုင်အချင်းချင်း
ရိုင်းပင်းကူညီကတ်ပါ အသိပညာတိ ဖလှယ်ကတ်ပါ အနာဂတ် ရခိုင်ခေါင်းဆောင်တိ
မကန်လိုအပ်နိန်ပါရေ တစ်ဦးတစ်ယောက်ကောင်းစားဖို.ထက်
ရခိုင်လူမျိုးအများကောင်းစားဖို.ကို ရွီးချယ်ပါ။ ကိုယ်ကျိုးမကြည်.
အနစ်နာခံစိတ် မွီးကတ်ပါ ရခိုင်အချင်းချင်းသည်းခံကတ်ပါ နားလည်ပီးပနာ
သဘောထား ကြီးကတ်ပါ ယေပိုင်ဆိုကေ များမကြာခင်မှာ ဖရခိုင်နိုင်ငံတော်
ပြန်လည် ပေါ်ပေါက် လာပါလိမ်.မေ သာယာဝဖြိုးရေ နိုင်ငံတော်တစ်ခု
တည်ဆောက်ကတ်ပါဖို.လို. အကြံပြုပါသည်
ရွီမြောက်ဦး-ခိုင်ကျော်ဆန်း
Reply
Monday, February 21, 2011
ရခိုင်သူ ရခိုင်သားအားလုံးသို့ 
ရခိုင်သူ၊ရခိုင် သားများအားလုံးသို့
ကျွန်တော်ရို့ ရခိုင်သူ/သားများအတွက် အမျိုးသားနေ့ သတ်မှတ် နိုင်ရေးအတွက်ရခိုင်သူ/သား များ ဇာသူမဆို ဇာနိန့်ကို ရခိုင်အမျိုးသားနိန့်အဖြစ်သတ်မှတ် ကတ်ပါဖို့လဲဆိုရယ် အကြံပြုမူများအား ပေးပို့ကြပါရန်လေးစားစွာဖြင့် ရခိုင်တစ်မျိုးသားလုံးကိုယ်စား ကျွန်တော်ရို့ ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ က နှိးဆောလိုက်ရပါရယ်။ မွန် လူမျိုးတွင် (မွန်အမျိုးသားနေ့ဆိုတာကတော့ ဟံသာဝတီ မွန်တိုင်းပြည် ထူထောင်ခဲ့တဲ့နေ့ကို အစွဲပြုပြီး မွန်ခေါင်းဆောင် တွေက လွန်ခဲ့တဲ့ (၆၄)နှစ်ကစပြီး သတ်မှတ်ကျင်းပခဲ့တာ ဖြစ်ပါတယ်) မွန်လူမျိုးများကဲ့သို့
ကျွန်တော်ရို့ ရခိုင်လူမျိုးများအတွက် ရခိုင်အမျိုးသားနေ့ ကိုဇာနိန့်သတ်မှတ်ပြီးကေ လုပ်ကတ်ဖို့လဲဆိုစွာကို ရခိုင်သူ/သားများ ထံသို့ ထပ်ဆင့်အကြံတောင်းခံအပ်ပါသည်။ e-mail များအား ဤ e-mail  သို့ပေးပို့ကြပါရန်။ 
ရခိုင်တိုးတက်ရေးပါတီ e-mail သို့ ........rndp.sittway@gmail.com
ကျေးဇူးတင်ပါရယ်
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
Wednesday, February 9, 2011
ကြိုဆိုပါသည် ရက္ခမြေဖွါး အသံများတည်း
         ကြိုဆိုပါသည် ရက္ခမြေဖွါး အသံများတည်း
         စင်စစ် သူတို့ အသံများမှာ ယခုမှ ထွက်ပေါ်လာသောအသံမဟုတ်။
ထာဝဉ်ပဲ့တင်ခတ်နေသော သူတို့ ၏ ရင်တွင်းကအသံကို ကျွန်တော်အမှတ်ရမိနေသည်မှာ
ကြာမြင့်ခဲ့ပြီ။ လွန်ခဲ့သော ၁၉ရ၂ ခုနှစ်က ရခိုင်ပြည်အနေက်ပိုင် မောင်တောမြို
့နယ် တမန်းသားကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖြစ်စဉ်က
ယင်းကျေးရွာမှ လူငယ်တချို့ နှင့် စကားလက်ဆုံကျခဲ့သည်။ ယင်းအချိန်က မဆလပါတီမှ
ပုဂ္ဂိုလ်များ လာရောက်လျင်လည်း ထမင်းချက်ကျွေးရ ၊မြေတိုင်းစာရေးလာလျင်လည်း၊
ထမင်းချက်ကျွေးရ ၊ ရဲလာလျှင်လည်း ထမင်းချက်ကျွေးရ၊  စစ်တပ်လာလျင်လည်း
ထမင်းချက်ကျွေးရနှင့် မည်သူ့ ကို အဖေခေါ်ရမှန်း မသိဟု ပြောကြသည်။ နယ်စပ်ဒေသမှာ
နေထိုင်သောသူတို့ မှာ အားလုံးကို ကြောက်လန့် နေကြရသည်။ ထို့ ကြောင့်
ကိုယ်တိုင်းကိုယ့်ပြည်မှာ အေးအေးဆေးဆေး နေလိုသည်ဟု ပြောကြသည်။
         ယင်းကိစ္စနှင့် ပါတ်သက်၍ နယ်စပ်ကျေးရွာမှ လူငယ်များကို
မေးမြန်းကြည့်ရာ သူတို့ ၏ ပြောကြားသောစကားမှာ ရခိုင်ပြည်ကို ရခိုင်လူမျိုးတို့ 
အေးအေးဆေးဆေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသောအချိန်လို ချင်သည်ဟု
ပြောဆိုကြသည်။ အကြောင်းမှာ နေ့ တထိတ်ထိတ် ညတထိတ်ညတထိတ်နှင့်
မည်သည့်အာမခံချက်မရှိသော ဘ၀ကို သူတို့  မလိုလားဟု ပြောဆိုကြသည်။ သူတို့ ၏အသံကို
ကျွန်တော်အမှတ်တရရှိနေဖြစ်သည်။ ရခိုင်ပြည်တောင်ပိုင်း ကုလားပြင် ဆေးပေးခမ်းတွင်
၁၉၈၄- ခုနှစ်က ပြောင်းရွှေ့ ရသည်။ ဂွမြို့ နယ်တခွင် ကျွန်တော် သွားရောက်ရသည်။
ယင်းအချိန်က ကျိန္တလီတံထားမရှိသေး။ ကုလားပြင်ကျေးရွာနှင့် ကိုင်းခုံကျးရွာသို့ 
့မှလာသော မော်တော်ကားဖြင့်လာသည့် ခရီးသည်ကို ယင်းဖေါင်ဖြင့် ၀ါးလုံးထိုးကာ ပို
့ဆောင်ပေးရသည်။ ထို့ အတူ ဂွမြို့ မှလာသော ခရီးသည်ကိုလည်း ထိုနည်းအတိုင်းပင်
ဝါးလုံးထိုးဖေါင်ဖြင့် သယ့်ဆောင်ပေးရသည်။ တခါတရံတွင် ရခိုင်ပြည်တောင်ပိုင်းရှိ
တောင်ပေါက်ကျေးရွာသို့  ကျွန်တော်သွားရောက်သည်။ ယင်းဖက်က
ကျေးရွာသူကျေး၇ွာသားများမှ ရခိုင်မြော်ကပိုင်းလေသံဖြင့် ပြောကြားခြင်းမရှိ။
အရှေ့ ဖက်ကလေသံဖြင့်
ပြောဆို ကြသည်။ အရှေ့ဖက်ကလေသံဆိုခြင်းမှာ ရခိုင်ရိုးမတောင်၏ အရှေ့ဖက်ကရှိသော
ဧရာဝတီဖက်သားလေသံကို ပြောဆိုကြခြင်းဖြစ်သည်။ ရခိုင်မုန့် တီဆိုသည်တောင်မှ
အနောက်မုန့် တီ စားမလား ၊ အရှေ့မုန့် တီစားမလား ဆိုခြင်းကအစ ကွဲပြားသည်။
စကားလေသံကသာ ကွဲပြားသော်လည်း သူတို့ သည် ရခိုင်လူမျိုးဟု စိတ်ထဲမှာကော
ပြင်ပမှာပါ အမျိုးကိုချစ်သော စိတ်ဖြင့် ထာဝရပြောဆိုကြသည်။ သူတို့ နှင့် တွေ
့ဆုံသည့်အခါတိုင်း ဂွမြို့ နယ်မှ ကျွန်တော်နှင့် စကားလက်ဆုံပြောဖြစ်သော
ပုဂ္ဂိုလ်များမှာ - ဝေး နင်လဲ ရခိုင်ပြည်ကို လိုချင်သလို  ငါလဲ လိုချင်တယ်ဟု -
ပြောဆိုတတ်ကြသည်။
       ဂွမြို့ နယ်သည် တော်လှန်ရေးခေတ်အဆက်ဆက် နိုင်ငံရေးနှင့်
စိမ်းသူများမဟုတ်ချေ။ စာပေဗဟုသုတများနှင့် ကင်းကွာသူများမဟုတ်။ စာရေးဆရာများ
အနုပညာသည်များ ထွန်းတောက်ရာမြို့ နယ်ဖြစ်သည်။ ၈၈- အရေးအခင်းကာလတွင်
ကုလားပြင်ကျေးရွာမှ ဦးဘညွန့် မှာ ဖမ်းဆီးခံရပြီး စစ်တွေထောင်ရောက်လာသည်။
ယင်းထောင်မှ ဘူးသီးတောင်ရှိ ကျီးကန်းပြင်ထောင်သို့ ရဲဘက်အဖြစ် ပို့ ခံရသည်။
ကျီးကန်းပြင်ထောင်မှ ထွက်ပြေးကြသောအခါ တဦးမှာ ပစ်သတ်ခံရသည်။ သူတို့ ကို
ယင်းထောင်မှာ ဆက်လက်မထားတော့ဘဲ စစ်တွေထောင်သို့  ပြန်လည်ပို့ သည်။
စစ်တွေထောင်သို့ ရောက်လာသောအခါ ကျွန်တော်က ထောင်ဝင်စာတွေ့ ဆုံပြီး သူ၏စားစရာ
ဆေးလိပ်၊ငပိကအစ တာဝန်ယူ ပို့ ပေးနေခဲ့သည်။ လွပ်မြောက်လာသ်ေအခါ ပြန်စရိတ်ကို
ပေးပြီး ဂွမြို့ နယ်သို့  သင်္ဘောနှင့် တင်ဆောင်ပို့ ပေးလိုက်တော့သည်။ ဦးဘညွန်
့မှာ မြ၀တီမဂ္ဂဇင်းတွင် ရဲဘော်မိုး ကလောင်အမည်ဖြင့် ရေးသားခဲ့ သော လေတပ်မှ
အငြိမ်းစားမယူခင်ကပင် စာရေးနေသော တပ်ကြပ်ကြီး စာရေးဆရာဖြစ်သည်။ ဦးဘညွန့် မှာ
အခါအားလျော်စွာ ကျွန်တော်တို့ နှင့် စကားပြောတိုင်း သမိုင်းနှင့်ချီကာ
ပြောဆိုတတ်သူဖြစ်သည်။ ကျွန်တော်တို့ ဆိုသည်မှာ ကိုမျိုးမြင့်ခေါ်မောင်မောင်လည်
စကားဝိုင်းတွင် ပါသောကြောင့်ဖြစ်သည်။ ကိုမျိုးမြင့်မှာ
သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဦးသန့် အရေးအခင်းတွင် ဖမ်းဆီးထောင်ကျခဲ့ သော
သွားဆရာဝန်လောင်းဖြစ်သည်။ သူ၏အကိုမှာ ကဗျာဆရာအောင်သာမိုး( သံတွဲ ) ဖြစ်သည်။
ယခုတော့ မျိုးမြင့်ခေါ်မောင်မောင် မှာ -  ၈၈ - အရေးအခင်းဖြစ်ပြီး မကြာခင်တွင်
ကွယ်လွန်သွားခဲ့ ပြီဟု သတင်းကြားရသည်။ သူတို့ နှင့် စကားပြောတိုင်း
ရခိုင်ပြည်တောင်ပိုင်းမှ ပုဂ္ဂိုလ်များမှာ ကိုယ့်ရခိုင်နိုင်ငံ ပြန်လည်တမ်းတ
ရချင်သောအကြောင်းတွေကို ပြောဖြစ်ကြသည်သာများသည်။
         ကျွန်တော်သည် ရခိုင်ပြည်တ၀ှမ်းကို တာဝန်ကျရတိုင်း သွားရေက်သလို
မိတ်ဆွေအပေါင်းအသင်း သဘောင်္သားများလည်းရှိရာ အခါအခွင့်ကြုံတိုင်း မြို
့ပေါင်းများစွာသို့  လိုက်ပါသွားဖူးသည်။ မှတ်မှတ်ရရပြောရလျင် မန်အောင်မြို
့ကို ပင်လယ်ခရီးမို့  မသွားချင်ဆိုကာ ပေတေတေ နေခဲ့ ၍ ယင်းမြို့ တမြို့ ထဲသာ
မရောက်ဖူး။ အခြားမြို့ နယ်များ ၊ကျေးရွာများကိုကား တညတန်သည်၊ နှစ်ညတန်သည်၊
တလတန်သည် ၊နေဖူးရောက်ဖူး သွားဖူးသည်။ သည်အခါ နယ်မြေခံပုဂ္ဂိုလ်များနှင့်
အခါအားလျော်စွာ ပြောဖြစ်သောစကားမှာ မွေးရာပါနိုင်ငံရေး စကားဖြစ်ပါတော့သည်။
သည်အခါ ရခိုင်နိုင်ငံတော်အကြောင်းနှင့်  ပြောဖြစ်ခြင်းများပါသည်။
ယခုလည်းမလေးရှားနိုင်ငံရှိ ရခိုင်ပြည်မှ ရခိုင်လူမျိုးများနှင့်
ရခိုင်ပြည်လွပ်မြောက်ရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များက လွပ်လွပ်ရေးလိုချင်သလား
မေးသည်။ ယင်းအခါ လွပ်လွပ်ရေးလိုချင်ကြသည်ဟု လူထုတွေ့ ဆုံပွဲအစည်းအဝေးတွင်
ဖြေကြားကြသလို  ရခိုင်ပြည်လွပ်မြောက်ရေးပါတီက လည်း မိမိတို့ ၏ မူဝါဒမှာ
လွပ်လွပ်ရေးသာဖြစ်ကြောင်း ပြောဆိုကြေညာခဲ့ သည်ဟု သိရှိရသည်။ မလေးရှားရောက်
ရခိုင်လူမျိုးများမှာ ရခိုင်ပြည်တ၀ှမ်းမှဖြစ်သည်။တောင်ပိုင်းကော
မြောက်ပိုင်းကော အရှေ့ကော အနောက်ကော အလယ်ကော ချစ်စဖွယ် စုံနေသည်။
ပြည်သူလူထုအသံနှင့် ရခိုင်ပြည်လွပ်မြောက်ရေးပါတီမှ အသံများမှာ
ဆက်စပ်ယှက်နွယ်ကာ ဘ၀ဂ်ညံသွားပြီဖြစ်သည်။ ယင်းအသံမျိုးကို ကျွန်တော်သည်
ယခင်ကရခိုင်ပြည်တနံတလျားတွင် ကြားခဲ့ဖူးပြီ။ ယခုလိုတစုတဝေးတည်းတွင်
မကြားဖူးသေး။ ကျွန်တော်ရှိနေလိုက်ချင်သည်။ သူတို့ အသံကို မျက်ရည်ဝဲစွာဖြင့်
နားထောင်ချင်သည်။ ခံစားကြည့်ချင်သည်။ ရင်ကိုတုန်လှုပ်စေချင်သည်။ သူတို
့အသံကိုကြားရလျင် သေပျော်နိုင်လောက်ပါသည်။
             အဘယ့်ကြေင့်ဆိုသော် လွန်ခဲ့သော ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ-၃၁- -ရက်နေ
့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂအဆောက်အဦးရှေ့တွင်
ကျွန်တော်တို့  အပါအ၀င် ရခိုင်လူမျိုးအသံတွေကို ညံစေခဲ့ ပြီ။ ယင်းပုဂ္ဂိုလ်တို
့မှာ ရခိုင်နိုင်ငံတော်က ရခိုင်လူမျိုးများဖြစ်သည်။
မည်သည့်ကိုလိုနီပြုလုပ်ခံထားရသည့်   တိုင်းရင်းသားများမဟုတ်။ လွပ်မြောက်နေသော
လူမျိုးများဖြစ်သည်။ သူတို့  လွပ်မြောက်နေသလို ပြည်တွင်းရှိ ကိုလိုနီဖြစ်နေသော
တိုင်းရင်းသားပြုလုပ်ခံထားရသော သူတို့ အား လွပ်မြောက်စေလိုကြသည်။ ပြည်ပမှ
ရခိုင်လူမျိုးတို့  လွပ်မြောက်နေသလို ပြည်တွင်းမှ ရခိုင်လူမျိုးတို့ ကလည်း တနေ
့လွပ်မြောက်လာရမည်ဖြစ်သည်။ သူတို့ လွပ်မြောက်ရေးအတွက် သူတို
့အသံပေးနေကြပြီဖြစ်သည်။
               ခုလည်း မလေးရှားရောက် ရခိုင်နိုင်ငံတော်မှ ရခိုင်လူမျိုးများက
ရခိုင်ငံတော်ကို ပြန်လည်ရရှိရေးအတွက် တသံတည်းထွက်ပေါ်လိုက်ခြင်းမှာ -၂၁-ရာစု
ရခိုင်လူမျိုးများ၏ မင်္ဂလာအရှိဆုံးသော အသံဖြစ်သည်ဟု ထင်သည်။ သူတို့ ၏့ ရှေ့တွင်
ရခိုင်ပြည်လွပ်မြောက်ရေးတပ်မတော် ရှိနေပြီ။  ထို့ ကြောင့် ကြိုဆိုလိုက်သည်
ရက္ခမြေဖွါး အသံတည်းဟု ပြောရလျှင်ကား လွန်အံ့မထင်။
ခိုင်အောင်ကျော် ( နယူးယောက် )
Tuesday, February 8, 2011
သတိထားဖို့ 
                  သတိထားဖို့ 
       အယင်လုပ်ဖို့  သမိုင်းကို တွက်ချက်ထားဖိုလိုရေ
          လွန်ခရေ နှစ်ပေါင်း ၆၃ -နှစ် အချိန်ထဲက ရခိုင်ပြည်မှာ ရွီးကောက်ပွဲ
လုပ်ခလို့  ရခိုင်သားတိ အမတ်ဖြစ်ခပါရေ။ ယင်းပိုင်အထဲမှာ  မူဆလင်ကုလားလူမျိုး
တယောက်ဖြစ်တေ ဆူလတန်မာမွန်လဲ အမတ်ဖြစ်ခပါရေ။ ဦးနု၏ ပြည်ထောင်စုအစိုးရမှာ
ပါလားခရေ ဆူလတန်မာမွတ်ဆိုစော် ပထမအခါမှာ သူ့ ပါတီနာမည်က ရိုးရိုးချေပါ။
         နောက်ပိုင်းခါ သမိုင်းကိုလိမ်လာရေ ( ရိုဟင်ဂျာ လူမျိုး ) နာမည်နန့် 
ပြည်ထောင်စုအစိုးရအတွင်း နာမည်ရောက်အောင်လုပ်လာပါရေ။ ယင်းနာမည်နန့် ပင်
မြန်မာ့အသံက နီပနာ အသံလွှင့်ခပါသိရေ။ နောက်ပိုင်းခါ ရခိုင်သားတိက ကန့် ကွက်လို့ 
အသံလွှင့်အစီအစဉ် ပျက်လားခပါရေ။ ယေကေလဲ ခုအချိန်ထိ ယင်းပိုင်အသံလွှင့်အစီအစဉ်မှာ
ဦးနုခေါင်းဆောင်ရေ ပြည်ထောင်စုပါလီမန် အစိုးရက အသိအမှတ်ပြုခပါရေ၀ါ ဆိုပနာ
အခုပြည်ပမှာ ရောက်နီကတ်တေ မူဆလင်ကုလား( သူရို့ က -ရိုဟင်ဂျာ လူမျိုးလို့ 
ကိုယ့်စော်ကို ခံယူနီသူ ) တိက ကောင်းကောင်းကြီး ကြွေးကြော်နီပါရေ။
ကုလသမဂ္ဂထိကိုတောင် ယင်းနာမည်တိ တက်လာနီပါဗျန်။
        ဒေချင့်ရေ တချိန်က သမိုင်းတခုပါ။
အခုလဲ ဒေပိုင်စော်မျိုး ဖြစ်ဖို့ လာနီပါဗျန်။
၂၀၁၀ ရွီးကောက်ပွဲမှာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး
နန့်  ဒီမိုကရေတစ်ပါတီက
မူဆလင်ဘာသာကို ကိုယ်းကွယ်ရေလူမျိုးတိပါတီပါ။ သူရို့က လူဦးရေများစော်ကို
အခွင့်အရီးယူပနာ ဘူးသီးတောင် မောင်တောမြို့ မှာ မဲအနိုင်ရလားပါဗျန်။
ယေကေသူရို့ပါတီက လွှတ်တော်ကိုယ်စားလှယ်တိက ရခိုင်ပြည်အစိုးရထဲမှာ နီရာ ရလာဖို
့ အခြီအနီ ဟိပါရေထော။
     ရွီးကောက်ပွဲက လုပ်ထုံးလုပ်နည်း ပုံစံသဘောတရားအရ ဆိုကေ
ယင်းပိုင်ဖြစ်လာဖို့ စော်ပါ။
ယေကေ ဒေချင့်ကို မူဆလင်လူမျိုးဖြစ်လို့  လက်သင့်ခံရဖို့ လား။
ကောင်းပါဗျန်။ ဒေပြသနာကို ကောင်းကောင်းကြီးစိုင်းစားကတ်ပါမေဒေ။
(၁)    အခုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနန့်  ဒီမိုကရက်တစ်ပါတီက
မူဆလင်ပါတီလွှတ်တော်ကိုယ်စားလှယ်မှာ ရွီးကောက်ပွဲ ဥပဒေအရ
မြန်မာနိုင်ငံတိုင်းရင်းသား မှန်ကန်ပါယင့်လား ဆိုစော်ကို ဆန်းစစ်ရပါဖို့ ။
   ( က )   ဒေကိစ္စကို လူဝင်မူကြီးကြပ်ရေးဌါနနန့်  မှတ်ပုံတင်ဌါန
၊သန်ကောင်စာရင်းဌါန ရို့ နန့်  ပူးပေါင်းဆန်းစစ် ကြီးကြပ်ရပါဖို့ ။
   ( ခ   )  ရွီးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့  အတွက်
နိုင်ငံ့သားမှတ်ပုံတင်ကဒ်ပြား ပီးလိုက်စော်မျိုး တခုတည်းနန့်  သက်သီပြလို
့မရဘဲ ဆွေစဉ်မျိုးဆက် ခုနှစ်ဆက်ကို စစ်ဆေးကြည့်ရှုခွင့် တောင်းဆိုရပါဖို့ ။
(၂ )    မြန်မာမူဆလင်လူမျိုးခံယူခြင်းနန့်  ဘင်္ဂလီမူဆလင်
လူမျိုးခံယူခြင်းဆိုစော် ယင်းပိုင်တွက်ချက်စော်နန့် ပင် ပြီးမြောက်လားဖို
့စော်ဖြစ်ပါရေ။
(၃ )    ရခိုင်ပြည်တွင်းမှာ မူဆလင်လူမျိုး ဟိနီရေဆိုစော်ကို လက်ခံထား၍
ရွီးကောက်ပွဲကို ၀င်လို့ ရခကေလဲ ကမ္ဘာမှာ သမိုင်းလိမ်ပနာ ( ရိုဟင်ဂျာလူမျိုး )
ပါလို့  ပြောနီစော် လူမျိုးကို အခုလွှတ်တော်ကိုယ်စားလှယ်တိက အသိအမှတ်
     ပြုပါယင့်လားဆိုစော်ကို လုပ်ရဖို့  ဖြစ်လာပါရေ။။
   ( က )   ယေဇူးနန့်  ရခိုင်ပြည်အစိုးရထဲမှာ ၀န်ကြီးနီရာကို ၀င်လာဖို့ 
ဒေမူဆလင်ပါတီက လွှတ်တော်ကိုယ်စားလှယ်ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
လွှတ်တော်ကိုယ်စားလှယ်များကော်မီတီက ညှိနိုင်းဆွေးနွေးသော
           အစည်းအဝေး တခုလုပ်ရပါဖို့ လို့  ထင်မြင်ယူဆပါရေ။
   ( ခ )   ပြည်တွင်းက ရတပ-ပါတီလွှတ်တော်ကိုယ်စားလှယ်ကော်မီတ်ီက ပြည်ပမှာ
တရားမ၀င်သောလူမျိုး တနည်းအားဖြင့် မြန်မာနိုင်ငံအတွင်း လူမျိုး-၁၃၅-
မျိုးထဲမှာ တိုင်းရင်းသားလူမျိုးဟု အသိအမှတ်မပြုသော ( ရိုဟင်ဂျာ ) လူမျိုးကို
အမျိုးသားဖွံ့ဖြိုးရေးပါတီနန့်  ဒီမိုကရက်တစ်ပါတီက မူဆလင်လူမျိုး
လွှတ်တော်ကိုယ်စားလှယ်ရို့ က လက်မခံဖို့ လိုပါရေ။
 ( ဂ )   လက်မခံလို့ ဟိခကေ တရားဝင်လူသိရှင်ကြား ထုတ်ပြန်လိုက်ရပါဖို့ ။
ယင်းပိုင်မဟုတ်ဘဲ ဒေကိစ္စကို တခုချေလဲ အာမခံချက် မပီးဘဲ နီလို့  ဟိခကေ
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တိက
        အခုလက်ရှိ ၀န်ကြီးချုပ်သိန်းစိန် ဦေးဆာင်ရေ ရခိုင်ပြည်အစိုးရထဲမှာ
မပါဝင်နိုင်ကြောင်း ရှင်းရှင်းင်းလင်းလင်း ( နိုင်ငံရီးနည်းနန့် 
ခြမ်းခြောက်ပနာ ထုတ်ပြန်ကြေညာထားရပါဖို့ ဒေ။
 ( ဃ )  ဒေပိုင်သမိုင်းလိမ် နာမည်နန့်  လုပ်တေ မူဆလင်ကုလားလူမျိုး ဆိုစော်
အယင်ကလဲ လုပ်ခရေပိုင် အခုလဲ ယင်းပိုင် လုပ်ဖို့ စော်ကို ဟိနီရေအတွက်
အခုကတည်းကပင် လွှတ်တော်မရောက်ခင် ကတည်းက မိမိရို့ ပါတီအတွင်းမှာ
        ရှင်းရှင်းလင်းလင်း လုပ်ထားလိုက်ဖို့ လိုပါရေ။ ဒေချင့်သည်သာ
ရခိုင်လူမျိုး၏ ကမ္ဘာလောက်အရေးကြီးရေ မျက်မှောက်ကာလ ပြသနာဖြစ်နီပါရေ။
( ၄ )  ၁၉၉၀ ခုနှစ် ရွီးကောက်ပွဲကာလကလဲ မူဆလင်ကုလားတိက ဒေပိုင်နာမည်မျိုးနန့် 
ရွီးကောက်ပွဲကို ၀င်ခကေလဲ ပြည်ပကိုထွက်ပြီးလာရေ ယင်းပါတီက လူတိက ရိုဟင်ဂျာအဖွဲ
့နာမည်နန့် ယင်းသူရို့ လူမျိုးဆိုစော် ရခိုင်ပြည်ကပါလို့ 
      ကုလသမဂ္ဂထိတိုင် ပြောနီပါရေဒေ။ ဒေကိစ္စရေ ကမ္ဘာလောက် ဆိုးဝါးရေ
ပြသနာဖြစ်တေအတွက် ကျွန်တော်ရို့ ကလဲ ပြည်ပမှာ အကြီးအကျယ် တုံ့ ပြန်နီရစော်မျိုး
ဟိနီပါရေ။
ယေဇူးနန့်  နအဖစစ်အစိုးရက တိုင်းရင်းသား လူမျိုး-၁၃၅- မျိုးထဲမှာ ဒေပိုင်(
ရိုဟင်ဂျာ ) လူမျိုး မပါပါလို့  တရာင်းဝင် ကမ္ဘာတ၀ှမ်း ကြေညာထားစော်ကို
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ  မူဆလင် ပါတီ လွှတ်တော်ကိုယ်စားလှယ်က
ထုတ်ဖေါ်ကြေညာဖို့ စော်ကို လုပ်ပီးရပါလိမ့်မေ။
ဒေပိုင်လုပ်လိုက်ကေ မူဆလင်မူမျိုးအချင်းအချင်း ပဋိပက္ခအသွင် သဏ္ဍန်ဆောင်လားဖို
့ဖြစ်ပြီးကေ နောက်လာဖို့  အနာဂါတ်မှာ ဒေပိုင်သမိုင်းလိမ်လူမျိုးကိစ္စလဲ
ပျောက်လားဖို့ စော်ပါရာ။
ဒုတိယပြသနာမှာ ၈၈-ခုနှစ်ကပင် ဘင်္ဂလာေးဒ့ရှ်နိုင်ငံကို ရောက်နီကတ် တေ
ဒုက္ခသည်အဖြစ် ကုလသမဂ္ဂက စောင့်ရှောက်ပီးနီရေ မူဆလင်လူမျိုးပြသနာ ဟိပါရေ။
ယင်းမူဆလင်တက သမိုင်းလိမ်နာမည်နန့်  နီကတ်စော်ဖြစ်ပါရေ။
အခုရခိုင်ပြည်အစိုးရထဲမှာ ဒေမူဆလင်လွှတ်တော်ကိုယ်စားလှယ်ကရာ ၀န်ကြီးနီရာကို
ရလားဗျန်ဆိုကေ ဒေပြသနာက တရက်မဟုတ် တရက် တက်လာဖို့ ဖြစ်ပါရေ။ လောလောဆယ်မှာ
ထိုင်းနိုင်ငံရို့  မလေးရှားနိုင်ငံ။ သြစတေးလီးယားနိုငငံရို့ မှာ
သမိုင်းလိမ်နာမည်နန့်  လုပ်ထားရေ ဒေသူ့ ရို့ ကြောင့် ရခိုင်ပြည်မှာ
နယ်မြေပီးလိုက်ရဖို့  ဖြစ်လားပါဖို့ ဗျန်။
   ယေဇူးနန့်  တိုင်းရင်းသား ဟုတ်မဟုတ်စစ်ဆီးကြည့်ကတ်ဖို့ နန့် 
သမိုင်းလိမ်ကုလားလူမျိုးကို လက်မခံကြောင်း အတိအကျ အမြန်ဆုံး လုပ်ကတ်ရဖို
့လိုပါရေ ။
ယင်းပိုင်မလုပ်နိုင်ခကေ  ကြံ့ဖွံ့ပါတီဦးဆောင်ရေ ရခိုင်ပြည်အစိုးရထဲမှာ
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ပူးပေါင်းမလုပ်ဖို့  လိုပါရေ။
ခိုင်အောင်ကျော် ( နယူးယောက် )
Wednesday, February 2, 2011
မဟာဗမာဝါဒ
မဟာဗမာဝါဒသည်ဗမာအုပ်ချုပ်သူရို့၏အစိုးရမူဝါဒမဟုတ်
မဟာဗမာအမျိုးသားရေးဝါဒသာဖြစ်သည်
တရားမ၀င်နအဖစစ်ကောင်စီကိုတရားဝင်အစိုးရတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် ၂၀၁၀နာမယ်ခံရွီးကောက်ပွဲကကျားကန်ပီးလိုက်ပြီ
ဖြစ်တယ်။ရွီးကောက်ပွဲကနိန်ဗနာဟနိန်ရေလိုအပ်ချက်တိကိုဟြာဖွေကတ်ဖို့ဆိုရေလွှတ်တော်အမတ်မင်းတိဇာတတ်နိုင်ကတ်သီးလဲဆိုစွာမိန်းကြည့်ကတ်ပါဖိ။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာဆိုစွာဟာပြည်သူတိဘားကသာအုပ်ချုပ်တေအစိုးရတစ်ရပ်ဘားကိုဆင်းသက်စွာဖြစ်တယ်။
မဟာဗမာဝါဒီစစ်ကောင်စီရဲ့ အမျိုးသားညီလာခံဆိုစွာကိုကြည့်ပါ။ ဇာသူ့ကို ကိုယ်စားပြုရေလူတိတက်ရောက်ခကတ်တေလဲ။ယင်းက
ပေါ်ထွက်လာရေ အခြေခံဥပဒေမူကြမ်းကိုဇာပိုင်အတီပြုခရေလဲ။ရွီးကောက်ပွဲဥပဒေကိုဇာပိုင်ထုတ်ပြန်ခရေလဲ။ရွီးကောက်ပွဲကော်မ
သျှင်ဆိုရေအဖွဲ့မှာကားဇာသူတိရာပါခရေလဲ။ ရွီးကောက်ပွဲဝင်ဗနာစပေးဟြာဖို့ဆိုရေ အမတ်မင်းတိစိုင်းစားကြည့်ခဖို့ကောင်းဘာရေ။
ဥပေဒရှူ့ ထောင်ကနိန်ဗနာသုံးသပ်ခကတ်ဖို့ကောင်းဘာရေ။
၂၀၁၀ခုနှစ်နိုဝင်ဘာလ(၇)ရက်နိန့်မှာဆိုကေကြံ့ ဖွံ့ပါတီရေ နာမယ်ခံရွီးကောက်ပွဲကို မသာမှုတိများစွာလုပ်ဗနာ ခြိမ့်ခြိမ့်သဲအောင်ပွဲကို
ကျင်းပခရေဆိုစွာအားလုံးသိကတ်ဘာရေ။စစ်တပ်ကနိန်ဗနာအော်တိုမစ်တစ်အမတ်မင်းနိန်ရာ ၂၅%နိန်ရာကိုရယူထားရေ။RNDPစွာ
ရေ အမတ်နိန်ရာ ၃၅ နိန်ရာ ရဟိံ့ခရေ။လွတ်တော်အရပ်ရပ်ကိုကြံ့ ဖွံ့ ကနိန်ရာယူလားခရာ။ ၂၀၀၈ ဥပဒေအရဆိုကေ နိုင်ငံတော်သမ္မတ စွာရေ စစ်မှုထမ်းသက်တမ်းနန့်စစ်ရီးအမြင်ဟိန့်ရဖို့လို့ ပြဌာန်းထားရေအတွက် စစ်တပ်ဗိုလ်ချုပ်တိရာ နိုင်ငံတော်သမ္မတဖြစ်ဘာဖို့။ဗြီးကေပြည်နယ်ဝန်ကြီးချုပ်ဆိုစွာရေနိုင်ငံတော်သမ္မတကရာအဆိုပြုခန့်အပ်လားဖို့ဖြစ်ပြီးကေနိုင်ငံတော်သမ္မတကိုသစ္စာခံသူဖြစ်ရဖို့လို့အတိအလင်းပြဆိုထားရေ။ယင်းအတွက်နန့်ပြည်နယ်ဝန်ကြီးချုပ်ဆိုရေရခိုင်သားထဲကပင်ဖြစ်ဘာဇီဦး။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ္စာကိုစောင့်သိရိုသီရရေနိုင်ငံတော်သမ္မတဆိုသူရဲ့လုပ်ပိုင်ခွင့်အာဏာကင်းမဲ့နိန်ရေရုပ်သီးရုပ်
တစ်ရုပ်ရာဖြစ်နိန်စွာကိုတွိရရေ။ပပွင့်လလင်းပြောရကေ ရွီးကောက်ပွဲဝင်လိုက်တေပါတီတိအားလုံးစွာရေ နအဖစစ်ဘီလူးတိကို
တရားဝင်အာဏာရှင်တစ်ရပ်ဖြစ်လာအောင် ကျားကန်ပီးလိုက်စွာဖြစ်တေလို့ပြောလိုဘာရေ။
ကနိန့်မြန်မာ့နိုင်ငံရေး၊ ရခိုင့်နိုင်ငံရေးနယ်ပါယ်ကပုဂ္ဂိုလ်အသီးသီးတိလျောက်လှမ်းလာကတ်တေနိုင်ငံရေးအခင်းအကျင်းတိအားလုံး
စွာရေ ရန်သူနအဖစစ်ကောင်စီကခင်းပီးလိုက်တေလမ်းကိုရာတစိုက်မတ်မတ်လျောက်လှမ်းလာကတ်တေအခင်းအကျင်းရာဖြစ်တေ
ဆိုစွာကိုအားမနာတမ်းပြောရဘာလိမ့်မယ်။ ၁၉၉၀ ရွီးကောက်ပွဲဆိုစွာလည်းန၀တအခမ်းအကျင်းရာဖြစ်တေ။ယင်းရွီးကောက်ပွဲစွာရေ
ဖက်ဒရယ်လမ်းစိုင်ကိုလားရေရွီးကောက်ပွဲလည်းမဟုတ်တေအတွက်ဗမာကလွဲကေကျန်ရေလူမျိုးတိအတွက်ဝမ်းသာဖို့ကောင်းရေရွီး
ကောက်ပွဲလည်းမဟုတ်ဘာ။ဇာလို့လဲဆိုကေ အန်အယ်ဒီတစ်ခုကကိုမဲဆန္ဒနယ်အားလုံးရဲ့  ၈၂% ကိုရယူခလို့ဖြစ်တေ။ယင်းကြောင်း
လွတ်တော်ပေါ်ပေါက်ခကေတောင်မှ ဗမာကလွဲရေကျန်လူမျိုးတိမှာမိမိရို့ လူမျိုးတိရဲ့ အရေးကိစ္စကိုလွှတ်တော်မှာအဆိုတင်သွင်းဗနာ
အောင်မြင်မှုကိုရနိုင်ဖို့လဲ။ဖက်ဒရယ်လမ်းစိုင်ကိုအကောင်အထည်အမှန်ဖော်ဖို့ဆိုကရခိုင်မှာရခိုင်လူမျိုးနိုင်ငံရေးပါတီနှစ်ခုရာဟိ့ခရ
ဘာဖို့။ယေမရာယင်းပါတီနှစ်ခုစွာရေရခိုင်လူမျိုးအကျိုးကိုသယ်ပိုးကတ်ဖို့ဖြစ်တေ။ရခိုင်မှာအနိုင်ရရေအန်အယ်လ်ဒီကဇာပိုင်နည်းနန့် ရခိုင်အမျိုးသားအရေးကိုအကောင်အထည်ဖော်နိုင်ဘာဖို့လဲ။၂၀၀၈ နာဂစ်အခြေခံဥပဒေပါအချက်တိကိုပြင်ဆင်ခြင်း၊ဖျက်သိမ်းခြင်း၊
အစားထိုးခြင်းတိပြုလုပ်နိုင်ဖို့အတွက်ဆိုကေနောက်နှစ်ပေါင်းငါးဆယ်လောက်နန့်တောင်မဖြစ်နိုင်ဘာ။ယကေရခိုင်လူမျိုးတိမှာယင်းအချိန်ကာလမှာဇာတိဖြစ်လားနိုင်ဘာရေလဲဆိုစွာကိုကြိုဗနာတွီးကြည့်ဂတ်ဘာ။
ယင်းအတွက်နန့် ရခိုင်သားနိုင်ငံရေးသမားတိ အဖပြည်အနာဂါတ်အရီးကို သေချာစိုင်းစားဗနာ မူဝါဒအသစ်တိနန့် ကြိုးပမ်းအကောင်
အထည်ဖော်ဖို့အချိန်ကျရောက်နိန်ဘာရာလို့ထင်ဘာရေ။ဗမာအုပ်ချုပ်သူအဆက်ဆက်စွာရေ ဖက်ဒရယ်ပြည်ထောင်စုကိုဇာခါလည်း
ပီးလိုက်မယ်မဟုတ်ဘာ။ဇာကြောင့်လဲ။ဖက်ဒရယ်ပြည်ထောင်စုကိုအမှတ်တီဆောက်ကတ်ဖို့ဆိုကေသမိုင်းကြောင်းအရပိုင်ဆိုင်ခ
ကတ်တေနိန်မြီတိကိုပိုင်းခြားဂတ်ရပါဖို့။ယင်းခါရခိုင်ကတောင်ဘက်မှာဆိုကေမော်တင်စွန်းအထိ၊မြောက်ဖက်မှာဆိုကေပလက်ဝအထိ၊အဟြိဘက်မှာဆိုကေဥသျစ်ပင်အထိပိုင်လားဘာဖို့။ယင်းအတူမွန်ကလည်းတနင်္သာရီတိုင်းနိန်မြီအချို့တ၀က်နန့်ရန်ကုန်ကိုပိုင်လာဖို့။ကရင်ကလည်းဧရာဝတီတိုင်းနန့်တနင်္သာရီတိုင်းအချို့တ၀က်နန့်တောင်ငူအထိကိုပိုင်လာဖို့။ကချင်ကမိုးကုတ်အထိပိုင်လာဖို့။ချင်းကစစ်ကိုင်းတိုင်းအထိပိုင်လာဖို့။ရှမ်းကလည်းမေမြိ့အထိပိုင်လာဖို့။။ယကေဗမာတိပိုင်ဆိုင်လာဖို့နိန်မြေသည်ထန်းရည်နန့်သနပ်ခါးတုံးရာထွက်တေအပူပိုင်းဇုံအညာတစ်ဝိုက်ဖြစ်လားဘာဖို့။ယင်းခါပထ၀ီနိုင်ငံရေးသဘောတရားအရဗမာလူမျိုးတိစွာရေကုန်းတွင်းပိတ်လူမျိုးတစ်မျိုးဖြစ်လားလီဖို့။ဗြီးကေယင်းသူရို့မှာစီးပွားရေးအရဖွံ့ဖြိုးနောက်ကျဟိ့လားခဖို့ဆိုစွာကိုလည်းအုပ်ချုပ်သူလူမျိုးကြီးဝါဒီတိကသိ
ပြီးသား။
ယင်းချင့်နန့်ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ဇာသူပဲဖြစ်ဖြစ်ဗမာတိစွာရေဖက်ဒရယ်ဆိုရေအသံကိုမကြားချင်လောက်အောင်ဖြစ်
ကတ်ရရေ။ဒေချင့်သည်အုပ်ချုပ်တေဗမာအစိုးရအဆက်ဆက်ရဲမူဝါဒလည်းမဟုတ်။မဟာဗမာအမျိုးသားရေးမူဝါဒတစ်ရပ်သာဖြစ်
တေ။သူရို့ ကိုဇာလောက်ပင်ယုံခရရေလဲ။အရင်ကလည်းယုံလို့မရခ။အဂုလည်းယုံလို့မရရေပိုင်နောက်ကိုလည်းယုံလို့ရလိမ့်မယ်မ
ဟုတ်ဘာ။ဘုန်းကြီးလောကကိုကြည့်ဘာ။နာဂစ်မုန်တိုင်းတိုက်ခတ်တုန်းကဆိုကေသီတဂူဦးညာဏိသရစွာရေလေဘီးသင့်ပြည်သူတိကိုကိုယ်တိုင်ကိုယ်ကျလားဗြီးကေအကူအညီတိပီးခီရေ။ရခိုင်သားတိဂီရိမုန်တိုင်းဒဏ်ကိုခံရရေခါဦးညာဏိသရလားဗနာအကူအညီပီးစွာကိုမတွိရရေပိုင်ဝမ်းနည်းစကားတောင်မပြောဖူးဘာ။အင်္ဂလိပ်လက်အောက်ကိုကျရောက်ပြီးရေခါကပင်ဗမာ့လွတ်လပ်ရေးရယူရေမှသည်၁၉၅၈ကာလအထိရခိုင့်နိုင်ငံရေးသမားတိစွာရေဗမာနောက်လိုက်နိုင်ငံရေးကိုရာလုပ်ဆောင်ခကတ်ပြီးကေရခိုင်အမျိုးသားနိုင်ငံရေးလမ်းကြောင်းကနိန်သွီဖယ်ခကတ်စွာကိုတွိဟိ့ရရေ။မဟာဗမာဝါဒလွမ်းမိုးထားရေနိုင်ငံရေးအခင်းအကျင်းကနိန်ရုန်းထွက်ကတ်ဖို့လိုအပ်ရာလို့သုံးသပ်မိဘာရေ။
အဖပြည်ကိုလွတ်မြောက်စီချင်ကေလူစကားကိုနားမလည်ရေအာဏာအတွက်အဟြက်သိက္ခာမဟိန့်ရေမဟာဗမာဝါဒီစစ်ဘီလူးဖက်ဆစ်တိနန့်နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းဆိုစွာကိုထပ်တလဲလဲပြောနိန်ခြင်းသည်ကားမိမိရို့ရဲ့မောဟဖုံးလွမ်းနိန်မှုလို့ရာမြင်ဘာရေ။
ဆရာဝန်တစ်ယောက်ဆီးထိုးမှားကေလူတစ်ယောက်ရာသီဘာဖို့။အင်ဂျင်နီယာတစ်ယောက်အတွက်အချက်မှားလို့တိုက်ပြိုကေလူငါးဆယ်ရာသီဘာဖို့၊တော်လှန်ရေးမှာနည်းပရိယယ်တစ်ခုမှားကေတပ်ရင်းတစ်ရင်းရာကျဆုံးဘာဖို့၊နိုင်ငံရေးမှာအယူအဆမူဝါဒတစ်ခု
မှားလားကေမျိုးဆက်ပေါင်းများစွာဒုက္ခရောက်ဗနာကမ္ဘာစစ်ကြီးလည်းဖြစ်လာနိုင်ရေ။ကမ္ဘာကြီးလည်ပျက်လားနိုင်ရေ။
စစ်မှုမထမ်းမနိန်ရဥပဒေကိုသန်းရွှေဘ၀ရှင်ဖွတ်တရားကြီးကပြဌာန်းလိုက်ရာ။စစ်မှုမထမ်းမနိန်ရ၊ထောင်ငါးနှစ်ချဆိုရေယုတ်မာပက်
စက်တေဥပဒေသစ်ကြောင်းကာလသားရခိုင်သားချေတိစွာအဖပြည်ကနိန်အများကြီးထွက်လာကတ်ဖို့သီး၊ရခိုင်မှာစစ်တပ်တပ်ရင်း
(၇၀)နီးပါးချထားဗြီးရာ။ကျန်ခရေရခိုင်သမိန်းပျိုချေတိဝါ့ယကေ၊ဇာသူနန့်အိမ်ထောင်ကျကတ်လီဖို့လဲ။ရဲရဲကြီတွီးဂါတ်ပါမယ်။ရခိုင်လူ
မျိုးတိစွာရေမျိုးပြုန်းတီးရေးအန္တရယ်ကြီးကိုကြုံနိန်ရဘာယာ။အဖရခိုင်ပြည်ကိုလွတ်မြောက်စီလိုရေနိုင်ငံရေး၊တော်လှန်ရေးနှင့်ရခိုင်
ပြည်သူပြည်သားတိအနိန်နန့်လာလတ္တံ့သောဆယ်စုနှစ်တစ်နှစ်စာရခိုင့်ကံကြမ္မာကိုရဲ ရဲကြီးတွက်ကြည့်ကတ်ဘာမေ။
အသူကမကောင်း၊ငါကအကောင်းဆိုရေအတ္တစွဲဝါဒ၊ပုဂ္ဂိုလ်ရေးဟြိတန်းတင်ကိုးကွယ်ကတ်တေပုဂ္ဂိုလ်စွဲဝါဒ၊ဇာဝါဒကကောင်းရေ၊ဇာဝါဒကမကောင်းဆိုရေ၀ါဒစွဲဝါဒ၊သူကတော့ဇာအရပ်သား။ငါကတော့ဇာအရပ်သားဆိုရေဒေသစွဲဝါဒစရေ၀ါဒစွဲအမျိုးမျိုးတိကိုဖယ်ရှား
ကတ်ဘာမေ။အမျိုးသားရေးကိုလုပ်ဆောင်စွာမှန်ကေရခိုင်သားတိအားလုံးညီညွတ်ရေးပန်တိုင်မှသည်လွတ်မြောက်ရေးပန်းတိုင်ကိုချီတက်ရဘာဖို့။Statement Politics, Assembly Politics ဆိုစွာနှစ်ပေါင်းကြာလားဘာရာ။အဖပြည်လွတ်မြောက်ရေးအတွက် ဗမာ့တိခင်းကျင်းရေးနိုင်ငံရေးအခင်းအကျင်းမှရုန်းထွက်ဗနာရခိုင်သားတိကိုယ်တိုင်ခင်းကျင်းရေးနိုင်ငံရေးအခင်းအကျင်းကိုအကောင်အထည်ဖော်ဖို့လိုဘာရေ။အချင်းချင်းတိုက်ခိုက်ပုတ်ခတ်နိန်ကတ်ဗနာရန်သူထောင်ချောက်ထဲကိုမဆင်းကတ်ဘဲနန့်ညီညွတ်မှုပန်းတိုင်ကနိန်လွတ်မြောက်ရေးပန်းတိုင်ကိုအားမွိန်းလုပ်ဆောင်လားကတ်ဖို့လိုဘာရေလို့ အကျွန့်အမြင်ကိုတင်ပြအပ်ဘာရေ။
သမဂ္ဂါနံ တပေါသုခေါ။
မောင်သာကီ
၀၃.၀၁.၂၀၁၁