Monday, January 31, 2011

တိုင်းရင်းသားလူမျိုးတပ်မတော်များ

တိုင်းရင်းသားလူမျိုးတပ်မတော်များ

မွန်ဇော်နိုင်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၁

ဒီနေ့မြန်မာနိုင်ငံမှာက စစ်အာဏာရှင်သန်းရွှေရဲ့ စစ်တပ် တတပ်တည်းသာ ရှိတာမဟုတ်ဘူးခင်ဗျ။
ကရင်တပ်မတော်၊ ကချင်တပ်မတော်၊ ရှမ်းတပ်မတော်၊ “၀” တပ်မတော်၊ ကယား၊ ချင်း၊ ပအိုဝ့်၊ မွန်၊ ရခိုင်အသီးသီးတို့ရဲ့ တပ်မတော်။ အဲဒီလို တိုင်းရင်းသားလူမျိုးတပ်မတော်တွေ ရှိနေကြပြီဗျ။

တိုင်းရင်းသားလူမျိုးတပ်မတော်များကို သောင်းကျန်းသူအဖျက်သမား၊ အကြမ်းဖက်သောင်းကျန်းသူရယ်လို့ ဆိုင်းဘုတ်တပ်ပြီး၊ စစ်အာဏာရှင်ကြီးရဲ့ စိတ်ဓါတ်စစ်ဆင်ရေး “ဆိုက်ဝါး” ဓာတ်ပြားဟောင်းကို ဖွင့်လိုက်ရင်တောင် ပြည်သူအများ နားယောင်သွားမယ်ထင်သလား။ ယနေ့အိုင်တီခေတ် ပြည်သူဟာ ဟိုယခင်ဓါတ်ပြားခေတ် ပြည်သူနဲ့ မတူတော့ဘူးဗျ။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလူမျိုးတပ်မတော်တွေကို အဖျက်သမားလို့ အမနာပပြောရအောင် ဖျက်စရာရယ်လို့ လက်ညှိုးထိုးပြစရာ ဘာတွေကိုများ စစ်အာဏာရှင်ကြီးက တည်ဆောက်ထားလို့တုန်း။

နိုင်ငံ့သယံဇာတတွေကို လက်ညှိးထိုး ရောင်းစားလိုက်တာ အရိုးအရင်းအကြွင်းအကျန် အကပ်အသပ်လေးမျှ ရှိပါသေးရဲ့လား အာဏာရှင်ကြီးရယ်။


စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကိုရည်ရွယ်ပြီး စစ်တပ်, စစ်ဗိုလ် ဖေါင်းပွကြီးထွားအောင် မိုက်ကန်းရမ်းကားပစ်တာကလွဲလို့ နိုင်ငံရေး..ဖျက်။ စီးပွားရေး..ဖျက်။ ပညာရေး..ဖျက်။ ကျန်းမာရေး..ဖျက်။ အကျင့်စရိတ္တ..ဖျက်။ နောက်ဆုံး ယဉ်ကျေးမှုသမိုင်း အမွှေအနှစ်တောင်မချန်၊ တဖျက်တည်းဖျက်ဆီးပစ်နေတဲ့ တကယ့်အဖျက်သမား အကြမ်းဖက်စစ်စစ်ကြီးဟာ စစ်အာဏာရှင်ကြီး မဟုတ်ပါလားခင်ဗျာ။

တိုင်းရင်းသားလူမျိုးတပ်မတော်တွေက သူတို့လူမျိုးတွေကို သူတို့ကိုယ်တိုင်ပြန်ပြီး အကြမ်းဖက်ပါ့မလား။ ဆိုကြပါစို့..ဗျာ။ ကရင်တပ်မတော်က ကရင်လူမျိုးတွေကို သတ်ပါ့မလား။ ကရင်ရွာတွေကို မီးရှို့ပါ့မလား။ ကရင်အမျိုးသမီးတွေကို အဓမ္မကျင့်ပါ့မလား။ ဒါတွေကိုကျူးလွန်နေတာက စစ်အာဏာရှင်အဆက်ဆက်က ရည်ရွယ်ချက်ရှိရှိ ပုံသွင်းထားတဲ့ နအဖစစ်တပ်ပါဗျာ။ ဒါတွေကို တနိုင်ငံလုံးကသာမက ကမ္ဘာနိုင်ငံများစွာတို့ကပါ နားလျှံအောင်ကြားသိပြီး အော့နှလုံးနာနေကြလေရဲ့။

အမှန်တကယ်က စစ်ဆိုတာ နိုင်ငံရေးနည်းလမ်းနဲ့ လက်တဆုံးနှိုက်ပြီး ဘယ်လိုမျှဖြေရှင်းမရတော့မှ မလွှဲမရှောင်သာ လက်နက်ကိုင်ပြီး စစ်ခင်းကြရတာမဟုတ်လား။

ပင်လုံညီလာခံကို ကြည့်ကြပါစို့ဗျာ။

ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်များဟာ အနာဂတ်ပြည်ထောင်စုကြီး ထူထောင်ဖို့ရာ နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းတိုင်ပင်နိုင်ခဲ့လို့သာ ကျနော်တို့နိုင်ငံ လွတ်လပ်ရေးရခဲ့တာ မဟုတ်ပါလား။

ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်များ သဘောတူခဲ့ကြတာက တိုင်းရင်းသားလူမျိုးတိုင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ပြီးတော့.. တစည်းတလုံးတည်း အတူတကွလွတ်လပ်ရေး ရယူရေးတို့ဖြစ်တယ်ဗျ။
ဒါပေမယ့် ပင်လုံညီလာခံက ချမှတ်လိုက်တဲ့ နိုင်ငံရေးကတိက၀တ်တွေ ပီပီပြင်ပြင်ပြည့်ပြည့်၀၀ ပေါ်ထွန်းလာခဲ့ပါရဲ့လား။ လက်တွေ့အကောင်အထည်ဖေါ်ရာမှာ အမြင်သဘောထားတွေက မတူခဲ့ကြဘူး။ ကွဲပြားနေခဲ့ကြတယ်လေ။ ပြဿနာတွေကတော့ အမှန်တကယ်ရှိနေခဲ့လေရဲ့။

ပထမဆုံး ဒီပြဿနာကို ၀န်ကြီးချုပ်ဦးနုနဲ့ တိုင်းရင်းသားခေါင်းဆောင်များက နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်ဗျာ။ ဒါပေမယ် ကြိုးပမ်းကြသူဦးနုနှင့် တိုင်းရင်းသားခေါင်းဆောင်များဟာ ဗိုလ်နေ၀င်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချလိုက်ခြင်းကို ခံခဲ့ရတယ်။ ကြိုးပမ်းချက်တွေ မအောင်မြင်ခဲ့ဘူးဗျာ။ တိုင်းရင်းသားအခွင့်အရေး မဆိုထားဘိ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတရပ်လုံး၊ အဲဒီအချိန်ကစလို့ လက်နက်ကိုင်စစ်သားတို့ရဲ့ ဖျက်သိမ်းချေမှုန်းခြင်းကို ခံခဲ့ရတော့တာပါပဲ။

ဒုတိယအကြိမ်အဖြစ် နေ၀င်းဆက်ခံသူစစ်အာဏာရှင်တို့က “အမျိုးသားညီလာခံ”မှာ ညှိနှိုင်းဖြေရှင်းပေးပါ့မယ်လို့ တိုင်းရင်းသားခေါင်းဆောင်များကို ကျောသပ်ချွေးသိပ်ခဲ့တယ်ခင်ဗျ။
၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို တဖက်သတ်ရေး၊ ဇွတ်အဓမ္မအတည်ပြုအပြီးမှာတော့ တိုင်းရင်းသားလူမျိုးလက်နက်ကိုင် တပ်မတော်များကို “နယ်ခြားစောင့်တပ်” အသွင်ပြောင်းရမယ်လို့ `အချိုး´ ပြောင်းလာတယ်။ တကယ်က တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များကို အစအနအမှုံအမွှား အငွေ့အသက်ရယ်လို့ ယောင်ယောင်ကလေးမျှ မကျန်ရလေအောင် အမှည့်ချွေ,ချွေဖို့ သူငယ်နှပ်စားလုပ်ကြံနေတာကလား။ စိတ်စေတနာကောင်း အလျဉ်းမပါလေတော့ မညက်ဘူးဗျ၊ မညက်ဘူး။ အရမ်းကိုကြမ်းတယ်။

ယခုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့်မရ၊ လမ်းဆုံးသွားပြီဗျ။ ဒါကြောင့်စစ်ရေးနည်းနဲ့သာ ဖြေရှင်းရတော့မှာပေါ့ဗျာ။ ဒါကြောင့် ကရင်တပ်မတော်၊ ကချင်တပ်မတော်၊ ရှမ်းတပ်မတော်၊ “၀” တပ်မတော်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်တမ်မတော် အသီးသီးတို့က စစ်အာဏာရှင်စစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ဖို့ အသင့်ပြင်ဆင်ထားကြပြီခင်ဗျ။

အဲဒီလိုအသင့်ပြင်ထားပြီးဖြစ်တဲ့ တိုင်းရင်းသားလူမျိုးတပ်မတော် အသီးသီးဟာ စစ်အာဏာရှင်တို့ရဲ့ သွေးခွဲတိုက်ခိုက်နည်းမျိုးစုံကို သမိုင်းအတွေ့အကြုံရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ တပေါင်းတစည်းတည်း လက်တွဲပြီး တွန်းလှန်တိုက်ခိုက်သွားကြမယ်လို့ ဆိုထားလေတော့ အထူးတလည် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ခင်ဗျာ။

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိရေးဟာ ပြည်သူတရပ်လုံး ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိမှသာ အောင်မြင်မှာပါခင်ဗျ။ ဒါကြောင့် တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်အစိုးရဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူတရပ်လုံးက တိုင်းရင်းသားအားလုံးရဲ့ တန်းတူအခွင့်အရေးရရှိရေးတိုက်ပွဲကို အုံးအုံးကြွက်ကြွက်ထောက်ခံကြရမယ်ခင်ဗျ။ ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး တိုက်ပွဲဆင်နွှဲကြရမယ်ခင်ဗျ။ တိုင်းရင်းသားအားလုံးကလည်း ပြည်သူတရပ်လုံးရဲ့ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီရေးတိုက်ပွဲကို တက်ညီလက်ညီ ထောက်ခံကြရမယ်ခင်ဗျ။ ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး တိုက်ပွဲဆင်နွှဲကြရမယ်ခင်ဗျ။

လတ်တလော မြ၀တီနယ်မြေတကြောမှာတော့ စစ်အာဏာရှင်စစ်တပ်ကို တိုက်ခိုက်နေတဲ့ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA ကရင်တပ်မတော်ကို ကျောင်းသားတပ်မတော်က ပူးပေါင်းပြီး အတူတကွတိုက်ပွဲဝင်လျက်ရှိပါတယ်။ KNLA ကရင်တပ်မတော်ကလည်း နားလည်မှုအပြည့်အ၀ထားပြီး သူ့နည်းသူ့ဟန်နဲ့ပံ့ပိုးလျက်၊ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဒီလိုညီညွတ်တဲ့ ပူးတွဲလုပ်ရပ်တွေကြောင့် သက်ဆိုင်သူ ရဲဘော်ရဲဘက်အားလုံးကို ကျနော်တို့်က ဧရာဝတီမှတဆင့် အလေးပြုဦးညွှတ်လိုက်ပါတယ်ခင်ဗျာ။

အထူးတလည် ဆက်လက်တင်ပြလိုတာက သေနတ်ပြောင်းဝကထွက်တဲ့ အာဏာအားကိုးနဲ့ အစဉ်တစိုက်ဗိုလ်ကျစိုးမိုးဖိနှပ် ရမ်းကားလာတဲ့ စစ်အာဏာရှင်တွေရဲ့ လက်ရှိပကတိအနေအထားပါခင်ဗျ။ ဒင်းတို့ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ယခင်ကလို စစ်ရေးနည်းနဲ့ အကြမ်းဘက်အနိုင်ယူလို့ မရတော့ဘူးဆိုတဲ့အချက်ပါပဲခင်ဗျာ။ ဒီအချက်ကို ဗိုလ်နှုတ်ခမ်းမွှေးတို့ရဲ့ အောင်ပွဲတွေက သက်သေထူနေပါပကောဗျာ။

လက်ရှိအခြေအနေမှာ စစ်အာဏာရှင်အစိုးရကို ရင်ဆိုင်တွန်းလှန်မယ့် တိုင်းရင်းသားလူမျိုးတပ်မတော်တွေကို အခိုင်အမာတည်ဆောက်ထားပြီးဖြစ်လို့ အသင့်အနေအထားမှာ ရှိနေတယ်ခင်ဗျ။ တချိန်တည်းမှာလည်း တိုင်းရင်းသားလူမျိုးတပ်မတော်တိုင်းက ပင်လုံညီလာခံမှာ ဗိုလ်ချုပ်နှင့်တိုင်းရင်းသားခေါင်းဆောင်ကြီးများ သဘောတူညီခဲ့ကြတဲ့ ကတိက၀တ်များအပေါ် အဓိကအခြေခံပြီး နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်းရန် ကမ်းလှမ်းနေကြတယ်ခင်ဗျ။

နိဂုံးချုပ်ပြောချင်တာက ပထမအကြိမ် ပင်လုံညီလာခံက လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီး ပေါ်ထွန်းလာဖို့် “ပြည်တည်” နိုင်ခဲ့ပါတယ်။ တကယ်လို့ ပင်လုံညီလာခံရဲ့ ကတိက၀တ်များကို အဓိကအခြေပြုပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်တို့ကို ရှိရှိသမျှ အင်အားစုအားလုံးက နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာယူနိုင်ပါက ရွှေပြည်တော်ကြီး မဝေးတော့ပြီပေါ့ခင်ဗျား။ ။

အမေရိကန်နိုင်ငံသား ဦးသန်းဝင်းအား လေးစားစွာဖြင့် ပြန်လည်ဖြေကြားသတင်းပေးချက်


အမေရိကန်နိုင်ငံသား ဦးသန်းဝင်းအား  လေးစားစွာဖြင့် ပြန်လည်ဖြေကြားသတင်းပေးချက်
(၁.၉.၂၀၁၁၊ အွန်လိုင်းစာတန်းနှင့်ပတ်သက်၍)
                 ဦးသန်းဝင်း၏ခေါင်းစီးစာတန်း။….. ။အမျိုးကိုချစ်တာလား? ဒါမှမဟုတ်အမျိုးကိုနှစ်တာလား? မေးခွန်:၀ါကျ နှင့်ပတ်သက်လို့ လူကြီးလူကောင်း ဦးသန်းဝင်းကိုပင် မိမိရေးမိလိုက်သော ၀ါကျကို မိမိပြန်လည် စီစစ် ဝေဖန် ဖို့အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။ အောက်ပါအချက်များ ……..
                ဤ၀ါကျကို မည်သည့်နိုင်ငံရေးရှုဒေါင့်မှကြည့်ပြီး ရခိုင်နိုင်ငံရေးသမားများကိုထောက်ပြရဲတာလဲ။ ကိုယ့်နိုင်ငံရေး ခံစားချက်နှလုံးသား(သို့)မည်သူတို့၏ နိုင်ငံရေးဦးဏှောက်၊ နိုင်ငံရေးကျမ်းဆိုသည်ကို ဥပဒေတွင်း၊ဥပဒေပ ဗမာ့နိုင်ငံရေးနှင့် ရခိုင့်နိုင်ငံရေး သမိုင်းကြောင့် ၁၇၈၄-ခုမှ ၂၀၁၁-ခု အထိ အချိန်ကာလ အပိုင်းအခြားအားဖြင့် ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။ အသိများလွန်နေသလား၊ အတတ်များလွန်နေသလား၊ အလွန်ပင် သိမ်မွေ့ နက်ရှိုင်း နေပါသလား ဆင်ခြင်ဖွယ်။
            ဤမျှလောက်ဆွေးနွေးတင်ပြရုံဖြင့် ဦးသန်းဝင်းမိန်းကြားသောမေးခွန်းဝါကျသည်၊ အခြားတဖက်တွင်  မည်သို့ သောအဓိပ္ပါယ်များပုန်းကွယ်နေသောကြောင့် ကိုယ့်ကိုကိုနှလုံးသွင်းဆင်ခြင်နိုင်ဖို့လုံလောက်မည်ထင်ပါ သည်။ ဦးသန်းဝင်း ၏ နိုင်ငံရေးအမြင်သည် ခေသူတစ်ယောက်မဟုတ်ကြောင်း နိုင်ငံရေးသိပ္ပံတွင် ရခိုင်လူမျိုးအဖို့ အားထား လောက်ပါ၏။ အပိုဒ်လိုက်ထောက်ပြချက်များသည်လည်း လက်ရှိစစ်ဘီလူး ဦးသန်းရွှေ၏ နိုင်ငံရေး အခင်းအကျင်းများကို ကွက်ကွက် ကွင်းကွင်းပင် ကောင်းကျိုးဆိုးကျိုးများကို အကျွန်ုပ်တို့အား မြင်စေပါ၏။ (အမှန်အတိုင်း ၀န်ခံခြင်းပင်) သို့သော်………..
            ပြန်လည်သတိပေးချက်…….ဤနိုင်ငံရေးအမြင်မျိုးသည် ကာလရှည်စွာကပင်ရခိုင်လူမျိုးများကို နိုင်ငံ ရေးကျွန်ဇာတ်သွင်းခဲ့ပြီးပြီးဆိုသည်ကို ကြည့်လျှင်ကြက်သိမ်းမွေးညှင်းထမိပါ၏။ဆက်လက်၍ သင်သည်ပင်လျှင် ကျွန်ပိုင်ရှင်တို့နဲ့အတူ globalization နှင့် IT ခေတ်ကြီး၌M -Series များအထူးအထဲကြားတွင် ငါ့ဝမ်းပူဆာမ နေသာလိုကူကြကယ်ကြ တဇာဇာနှင့် ၁၅.၁၈ အရွယ်မှစ၍ မိန်းမ ယောင်္ကျားဟူသမျှတို့သည် ပင်လယ်ရပ်ခြား တိုင်းတပါးသို့  နိုင်ငံတခုဆိတ်သုန်းရသည်အထိ ထွက်ပြေးတိမ်းရှောင်နေရသည် ကံကြမ္မာကိုလာလှည့်ကြည့်ပါ။
            ဦးသန်းဝင်း အရေးတကြီး(သတ်ကွင်း)ထောက်ပြထားသည့် အခြေအနေအဖြစ်မျိုးသို့ မရောက်ခင် မကြာတော့သည်ကာလမှာ အလွန်တရာပင်ဝမ်းနည်းစရာကောင်းဖွယ်ဖြစ်တော့မည့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့သည် သင်ပြောဆိုသည့် ဗိုလ်ချုပ်မှုကြီးသန်းရွှေ စစ်ဖိနပ်အောက်တွင်မြုတ်ဝင်ပျောက်ကွယ်သွားပြီ။ မည်သည့်လူမျိုးများ ရခိုင်ပြည်တွင် အခြေတကျနေထိုင်ကြတော့မည်ဖြစ်ကြောင်း (၂၁) ရာစုအချိန်တိုတိုပိုင်းတွင် သင့်နိုင်ငံရေး အမြင်ကျမ်းကြီးကို အဖြေပေးပါလိမ့်မယ်။ စောင့်ကြည့်ပါတော့၊ ပဉ္စမမြန်မာနိုင်ငံတော်ထူထောင်သူ ဦးသန်းရွှေ ၏ ရခိုင်လူမျိုးများနှင့် တခြားကရင်၊ရှမ်း။ကယား၊မွန်စသည့် လူမျိုးများကံကြမ္မာ-နိဂုံးချုပ် ဂိုးသွင်းပွဲကို အမေရိကန် နိုင်င်ငံတော်ကြီးစင်မြင့်ထက်က တပျော်တပါးကြည့်ကြရအောင်၊ သင်၏သွေးသား သင်၏ဆွေမျိုးများသည်ပင်လျှင် ဤကမ္ဘာမြေ ဘယ်ဆီဘယ်ဝေ၊  သြော် ရခိုင်ပြည်အားချစ်လှစွာသော အမေရိကန်နိုင်ငံသား ဦးသန်းဝင်းခင်ဗျာ­---­- လာလှည့်ရှု့လှည့်.. ဖိတ်ခေါ်ပါတယ် …… သြော်မိတ်ဆွေ။
           
မှတ်ချက်။   ။ ကျန်ရှိသည့်အကြောင်းတိုင်းလည်း ဤအတိုင်း အဓိပ္ပါယ်ရှိသည်မို့ ၊ နိုင်ငံရေးကျမ်းမဖတ်တော့ပါ။
                                                            အားလုံးချစ်ခင်လေးစားလျှက်
     ကမ္ဘာမြေကိုချစ်မြတ်နိုးသူ
၂၅.၁.၂၀၁၁

Sunday, January 30, 2011

ပါဝါ



            .ပါဝါ.

ပါဝါ (power) ကို အမိန့် အာဏာလို့ တချို့က ဘာသာပြန်ကတ်တေ။ အကျွန်ကတော့ လွှမ်းမိုးနိုင်ခြင်း ဂုဏ်သတ္တိ လို့ ပြန်ချင်ရယ်။ ပါဝါကို အာဏာလို့ ဘာသာပြန်ကေ အနှုတ်သဘောဆောင်ရယ် အဓိပ္ပာယ်သက်ရောက်လားနိုင်ရယ်။ မမ တယောက် အလှကြက်သရေ နန့် ပြည်စုံခြင်းရယ် ပါဝါ(power) ဟိခြင်းတမျိုးပါ။ ယေဒါလဲ ယင်းပိုင် အလှကြက်သရေ နန့် ပြည်စုံရယ် မမ တယောက်ကို “ဒေမမ အလှရယ် ကောင်း အမိန့်အာဏာ ဟိရယ်လို့ ဆိုခြင်းထက် တဘက်သားစိတ်ကို ကောင်းကောင်းလွှမ်းမိုးနိုင်ရယ်” လို့ဆိုကေ ပိုလို့ သင့်တော်ဖို့ ထင်ရယ်။ ယင်းပိုင်ပျာယ် အကျွန်ရို့ နိစ္စဓူဝ ဘ၀မှာ ဖေသာဟိရယ်လူတိ၊ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ဟိရယ်လူတိ၊ ရာထူးဟိရယ်လူတိ၊ ပညာဟိရယ်လူတိရယ် တခြားလူတိကို တနည်းနည်းနန့် လွှမ်းမိုးနိုင်ရယ် ဂုဏ်သတ္တိတိဟိကတ်ပါရယ်။  သာဓကအနိန်နန့်ပြောရကေ- အစိုးရ၊ ဗိုက်စကုပ် သရုပ်ဆောင်၊ ကြော်ငြာအမျိုးမျိုး၊ အလုပ်သျှင်၊ ပညာသျှင်၊ မိဘာဆြာ၊ ဘုန်းကြီး၊ ဘာသာရေးဂေါင်းဆောင် တိရယ် သာမန်လူတိကို လွှမ်းမိုးနိုင်ရယ် ပြယုဂ်တိပင် ဖြစ်ကတ်တေ။
ပါဝါ အကြောင်းကို မသျှင်းခင် ပါဝါနန့် ပတ်သက်လို့ လော့အတ်တန်(Lord Acton) ပြောခရယ် စကားတခွန်းနန့် မိတ်ဆက်ပီးချင်ပါရယ်။ သူကပြောခရယ် “ပါဝါ ရယ် လူတိကို ပျက်သုဉ်းခြင်းကို ဖြစ်စီရယ်။ အကြွင်းမိန့် ပါဝါ ရယ် လူတိကို အကြွင်းမိန့် ပျက်သုဉ်းခြင်းကို ဖြစ်စီရယ်” လတ်။ ဒေဟင့်ရယ် နိုင်ငံရေး နန့် ဆက်နွယ်ပြီးကေ အနှုတ်သဘောဆောင်ရယ် ပါဝါ သဘောသဘာဝတခုပင်ဖြစ်တေ။ လူတိရယ် လောက်လေးဂွဟိခါ စိတ်တမျိုး၊ သေနတ်ဟိခါ စိတ်တမျိုးဖြစ်တတ်တေ သဘောသဘာဝကို ဖော်ကြူးထားခြင်းဖြစ်တေ။ နောက်တခုက ပါဝါရယ် ဘိန်းနန့်လဲတူရယ်။ လက်ထဲမှာဟိကေ လက်မလွှတ်ချင်လောက်အောင် ကိုင်စွဲထားချင်ရယ် စိတ်တိကိုလဲ ဖြစ်တတ်တေ။ အထက်စီးက နိန်ချင်ရယ် လူ့ သဘာဝကို ဖော်ဆောင်ထားခြင်းလဲ ဖြစ်တေ။
ယေဒါလဲ အကျွန်ရို့အနိန်နန့် ပါဝါ သဘောသဘာဝကို နားလည်ဖို့အတွက် ဒေထက်ပိုလို့ နက်နက်နဲနဲ စိုင်းစားသင့်ရယ်။ ရောဘတ်အေဒေါ (Robert A. dahl) ကပါဝါကို လူတယောက်က တခြားတယောက်ကို ယင်းလူမလုပ်ချင်ရယ်ကိစ္စကို အထမြောက်အောင် လုပ်ဖို့ လွမ်းမိုးနိုင်ခြင်း (ခိုင်းနိုင်ခြင်း) ဟိခြင်းလို့ သမုတ်ခရယ်။ တနည်း- မောင်ဖြူက မောင်မဲကို မောင်မဲ မလုပ်ချင်ရယ် ကိစ္စတခုကို လုပ်အောင် ခိုင်းနိုင်ခြင်းကို ပါဝါလို့ ခေါ်ရယ်။ ယင်းဟင့်ကို မောင်ဖြူမှာ ပါဝါ ဟိရယ်လို့ ခေါ်ရယ်။ ဒေနိန်ရာမှာ မောင်မဲ မလုပ်ချင်ရယ် ကိစ္စကို မောင်ဖြူက လုပ်အောင် လွှမ်းမိုးခြင်းကို ပါဝါလို့ သတ်မှတ်စွာကို သတိပြုမိပါလိမ့်မေ။ ယေဇု နန့် တယောက်က မလုပ်ချင်စွာကို တခြားတယောက်က လုပ်အောင် လွှမ်းမိုးရရယ် အတွက် နန့် ယင်းနှစ်ယောက်ကြားမှာ ပိပက္ခ ဆိုစွာဟိနိန်ရယ်။ မောင်ဖြူ နန့် မောင်မဲ ရာ အလုပ်တခု အတွက် နှစ်ယောက်စလုံး သဘောထားကိုက်ညီခကေ တယောက်အပေါ် တယောက်က တခုလဲ လွှမ်းမိုးစရာမလိုပါ။ မောင်ဖြူ ခိုင်းခိုင်း မခိုင်းခိုင်း မောင်မဲက သူလုပ်ချင်စွာ(မောင်ဖြူဆန္ဒ) ကို လုပ်ဖို့စွာဖြစ်တေ။ ယင်းပိုင် နှစ်ဦးနှစ်ဖက် သဘောထား ကိုက်ညီရယ် အခြေအနေ တခုမှာ ပါဝါဆိုစွာ မထွက်ပေါ်တတ်။ အကျွန်ရို့တိရယ် တခါတလီ လူကြီးမိဘတိနန့် ဆက်ဆံရယ်အချိန်မှာ သဘောထားမကိုက်ညီခြင်းတိ ဟိတတ်တေ။ ယေအခါ အမိအဘ တိက သားသမီးတိကို မိဘ ပါဝါကို သုံးပြီးကေ အကျွန်ရို့ မလုပ်ချင်ရယ် အရာတခုကို လုပ်စီအောင်ခိုင်းတတ်တေ။ အကျွန်ရို့ကလဲ ကိုယ်က မလုပ်ချင်ဘဲ တဘက်သား ပါဝါ ကို မတွန်းလှန်နိုင်လို့ လုပ်ပီးလိုက်ကေ နှစ်ဦးနှစ်ဘက်ကြားက ပါဝါ လွှမ်းမိုးခြင်း အထမြောက်တေလို့ ခေါ်ရယ်။ အမိအဘတိမှာ ဘလောက်ပင် ပါဝါဟိဟိ သားသမီးတိက မလုပ်ဘဲ နိန်ကေ အမိအဘတိမှာ ယင်းကိစ္စအတွက် ပါဝါဟိရယ် လို့ မဆိုနိုင်။  ယင်းပိုင်ပျာယ် အမိအဘ နန့် သားသမီးဆန္ဒ တထပ်တည်းကျခကေလဲ နှစ်ဦးနှစ်ဖက်ကြားမှာ ပါဝါဆိုစွာ မပေါ်လာနိုင်ပါ။ မိဘတိက သားသမီးတိကို လွှမ်းမိုးစရာလဲ မလိုအပ်ပါ။
·          ပါဝါ လို့ဆိုရယ် လွှမ်းမိုးနိုင်ခြင်း ဂုဏ်သတ္တိ အသွင်သဏာန် သုံးမျိုး ဟိရယ်လို့ ဆိုရယ်။ ပထမအသွင် သဏာန် ရယ် အကျွန်အထက်က ပြောခရယ် လူတိကြားမှာ သဘောထားကွဲလွဲမှုတိဖြစ်ကတ်တေအခါ ဆံုးဖြတ်ချက် တခု ချက်ဖို့အတွက် လွှမ်းမိုးခြင်း ဟိခြင်းပါ။ လူတိမှာ ကိုယ့် ကြိုက်နှစ်သက်ရာ အကြိုက်တမျိုးစီ ဟိကတ်တေအတွက် ကိုယ်သဘောတွိစွာကိုဘဲ ကိုယ်လုပ်ချင်ကတ်တေ။ ကိုယ်တယောက်တည်းခါ ကိုယ်ကြိုက်တေပိုင်လုပ်နိုင်ရယ်။ ယေဒါလဲ အများနန့်ကျလို့ ဆုံးဖြတ်ချက်တခုတည်းချ ရဖို့ကျလာခါ ကိုယ်ကြိုက်စွာကိုယ်ကျည်း လုပ်လို့မရ။ ညှိနှိုင်းခြင်းတိလုပ်ရရယ်။ ဒေနိန်ရာမှာ လူတိရယ် ညှိနှိုင်းခြင်းနည်းကို မသုံးဘဲ ကိုယ်ဖြစ်ချင်စွာကို ဖြစ်အောင်၊ ဆုံးဖြတ်ချက် ချနိုင်အောင် ပါဝါကို သုံးတတ်ကတ်တေ။ ယင်းဟင့်ကို ပါဝါ ပထမ အသွင်သဏာန်လို့ခေါ်ရယ်။။ ဥပမာ- မောင်ဖြူနန့် မောင်မဲ ဈီးကိုလားရယ်။ နှစ်ယောက်ပေါင်းဖေသာ ၁၀ ပါရယ်။ မောင်ဖြူက ကြက်သားဝယ်ချင်ရယ်၊ မောင်မဲက ၀က်သားဝယ်ချင်ရယ်။ သူရို့မှာပါလာရယ် ဖေသာ တစ်ဆယ်နန့် ဆိုကေ တခုဘဲ ၀ယ်လို့ရဖို့ဆိုရယ်အချိန်မှာ ကြက်သားဝယ်ဖို့လား၊ ၀က်သားဝယ်ဖို့လား ဆိုရယ် ဆုံးဖြတ်ချက်ကို ချရပါဖို့။ ယင်းအချိန်မှာ မောင်ဖြူက သူဝယ်ချင်ရယ် ကြက်သားကို ၀ယ်လို့ရအောင် မောင်မဲအကြိုက်ဖြစ်တေ ၀က်သားကို ဘေးဖယ်လို့ သူ့ အကြိုက် ၀ယ်နိုင်အောင် ဆုံးဖြတ်ချက်ချဖို့ လွှမ်းမိုးနိုင်ခြင်းကို ပါဝါ ပထမ အသွင်သဏာန်လို့ ခေါ်ရယ်။ ယေဇု နန့် ပါဝါ ပထမ အသွင်သဏာန်ဆိုစွာ ဆုံးဖြတ်ချက် ချကတ်တေ (Decision Making) တိမှာ ကိုယ်ကြိုက်တေ ကိစ္စကို ရွီးခြယ်ချ မှတ်နိုင်အောင် လွှမ်းမိုးရယ် ဂုဏ်သတ္တိ ပင်ဖြစ်တေ။
ပါဝါ ဒုတိယ အသွင်သဏာန်ကတော့ ယင်းဆုံးဖြတ်ချက် ချဖို့ကိစ္စမပေါ်လာအောင် ကြိုတင် လွှမ်းမိုးပြီးကေ တားဆီးပိတ်ပင်ထား နိုင်ခြင်းဂုဏ်သတ္တိပါ။ ဆိုလိုစွာက ဆုံးဖြတ်ချက် ချဖို့ ကိစ္စကို ရောက်မလာအောင် တားဆီးထားနိုင်ခြင်း ဂုဏ်သတ္တိပါ။ အထက်က ဥပမာကို ပြန်ဆက်ရကေ မောင်ဖြူ နန့် မောင်မဲ ဈီးလားကတ်တေအချိန်မှာ မောင်ဖြူက မောင်မဲ ၀က်သားကြိုက်စွာကို ကြိုလို့သိထားရယ်။ သူ(မောင်ဖြူ)က ကြက်သားကြိုက်တေ။ ဈီးကိုရောက်လို့ ဇာဝယ်ဖို့လဲ တယောက်ကို တယောက် မိန်းကတ်ခါ အကြိုက်ချင်းမတူလို့  သဘောထားကွဲလွဲလာနိုင်စွာကို မောင်ဖြူက ကြိုသိလို့ ယင်းအခြေ အနေ မရောက်အောင် ကြိုလို့ တားဆီးထားနိုင်ရယ် ဂုဏ်သတ္တိကို ပါဝါ ဒုတိယ အသွင်သဏာန်လို့ဆိုခြင်းပါ။ မောင်ဖြူအနိန်နန့် မောင်မဲကို ကို နည်းမျိုးစုံနန့် ယင်းပိုင် ဆုံးဖြတ်ချက် ချဖို့ အနိန်အထားမရောက်လာအောင် လွှမ်းမိုးထားနိုင်ပါရယ်။ ဥပမာ- မောင်မဲမှာ ဖေသာမပါခလို့ဟိကေ သူ့ အတွက် ပိုလို့ ကောင်းပါသိမ့်ရယ်။ မောင်ဖြူ အနိန်နန့် သူ့မှာ ဖေသာပါကြောင်းပြောပြီးကေ သူဝယ်ချင်စွာကို ကြိုပြောထားကေ မောင်မဲက  ကြက်သားမကြိုက်ခကေတောင်မှ ၀က်သားဝယ်ဖို့ စကားထွက်ချင်မှထွက်လာဖို့။ ယင်းပိုင်ပျာယ် မောင်ဖြူက သူအငယ်အတည်းကပင် ၀က်သားမစားဆိုစွာကို ကြိုပြောထားကေ မောင်မဲ အနိန်နန့် ၀က်သားဝယ်ဖို့ စကားပြောထွက်ချင်မှ ထွက်ပါဖို့။ ယေအခါ ဈီးကို ရောက်ကေ ဇာဝယ်လို့လဲ ဆိုရယ် ဆုံးဖြတ်ချက် ချရလောက်တေ အနိန်အထားကို မရောက်လာအောင် မောင်ဖြူက အစကတည်းကပင် ကြိုလို့ဟန့်တားလို့ရပါရယ်။ ယေဇုနန့် တဘက်သားကို ဆုံးဖြတ်ချက် မချ နိုင်အောင် (နည်းတမျိုးမျိုးနန့်) ကြိုလို့ ဟန့်တားထားနိုင်ခြင်းကို ပါဝါ ဒုတိယ အသွင်သဏာန်လို့ခေါ်ရယ်။
ပါဝါ တတိယ အသွင် သဏာန်ကတော့ ပထမ နန့် ဒုတိယ အသွင်သဏာန်ထက် ပိုလို့ နူးညံသိမ်မွေ့ ရယ်။ ဇာဖြစ်လို့ဆိုကေ ကိုယ်လိုချင်ရယ် ကိစ္စတခုကို တခြားလူလဲ လိုချင်လာအောင် ဆွဲဆောင်ထားနိုင်လို့ဘဲဖြစ်တေ။ ယင်းပိုင် ဆွဲဆောင်လွှမ်းမိုးထားနိုင်ခကေ ဆုံးဖြတ်ချက် ချသည်ဘဲ ဖြစ်ဖြစ်၊ မချသည် ဘဲ ဖြစ်ဖြစ် ကိုယ်လိုချင်စွာကို ရလို့ပါ။ တီဗွီကြော်ငြာ တိရယ် ယင်းပိုင်ချောင် ပါဝါ ဟိတတ်ပါရယ်။ ၀ယ်ယူသူတိစိတ်ကို အဆိုပါ ပစ္စည်းကို ၀ယ်ချင်စိတ်ဟိလာအောင် ဆွဲဆောင်ထားနိုင်ရယ် အင်အားဟိလို့ပါ။ ဘာသာရေး မှိုင်းမိအောင်လုပ်ခြင်း၊ နိုင်ငံရေး မှိုင်းမိအောင်လုပ် ခြင်းတိမှာ တတိယ ပါဝါ အသွင်သဏာန်တိပင်ဖြစ်တေ။မောင်ဖြူ မောင်မဲ ကိစ္စကို ပြန်ဆက်ရကေ မောင်မဲ အနိန်နန့် သူကြိုက်တေ ကြက်သားကို လဲ မောင်ဖြူက ကြိုက်လာအောင် ကြိုလို့ ဆွဲဆောင်ထား ခြင်းဘဲ ဖြစ်ပါရယ်။ ယင်းပိုင်ရာလုပ်နိုင်ခကေ သူ အနိန်နန့် မောင်မဲကို သူကြိုက်တေ ကြက်သားဝယ်ဖို့ လွှမ်းမိုးစရာလဲ မလိုရယ်ပိုင်၊ ဆုံးဖြတ်ချက် မချရအောင်လဲ ဟန့်တား စရာမလိုပျာယ်။ လွှမ်းမိုးနိုင်ခြင်းပါဝါမှာ ရုပ်ပိုင်းဆိုင်ရာအင်အားကို သုံးရယ် ပါဝါ နန့် နူးညံ့ သိမ့်မွေ့ ရယ် ပါဝါဆိုပြီးကေ နှစ်မျိုးဟိရယ်။ ရုပ်ပိုင်းဆိုင်ရာ အင်အားကို သုံးရယ် ပါဝါက တခုခု မလုပ်ကေ သတ်ဖို့ ဖြတ်ဖို့ ခြိမ်းခြောက်တတ်တေ ဖိအားပီးတတ်တေ နည်းလမ်းတိကို သုံးတတ်တေ။ ယင်းနည်းကို ပါဝါ ပထမ အသွင်သဏာန်ဖြစ်တေ ဆုံးဖြတ်ချက်ချစွာမှာ ကိုယ့်အကြိုက်ကို ချနိုင်အောင်လွှမ်းမိုးနိုင်ခြင်းနန့် ဒုတိယ အသွင်သဏာန်ဖြစ်တေ ယင်းပိုင် ဆုံးဖြတ်ချက်တိ မချနိုင်အောင် တားဆီးပိတ်ပင်ထားခြင်းတိမှာ တွိရတတ်တေ။ နူးညံ့ သိမ်မွေ့ ရယ် ပါဝါကတော့ ယင်းပိုင်မဟုတ်။ တဖက်သားစိတ်ကို ကိုယ်ဖြစ်စီချင်ရယ် ကိစ္စကို သူ့  ဖာသာသူ လုပ်လာအောင် ကြိုလို့ ရုပ်ပိုင်းဆိုင်ရာအင်အားသုံးစရာမလို့ဘဲ လွှမ်းမိုးထားနိုင်လို့ပါ။ ပါဝါ အသွင်သဏာန် သုံးမျိုးထဲမှာ ကြောက်စရာအကောင်းဆုံး လွှမ်းမိုးနိုင်ခြင်းနည်းရယ် တတိယ ပါဝါ အသွင်သဏာန်ပင် ဖြစ်တေ။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို စလို့ တည်တောင်ခရယ် သမာပဓိကြီး မော်စီတုန်းက “လွှမ်းမိုးနိုင်ခြင်းအာဏာရယ် သေနတ်ပြောင်းဝမှာ တည်ရယ်လို့ပြောခရယ်။” ယင်းပိုင်ပျာယ် “တော်လှန်ရေး တရပ်မှာ အရေးကြီးဆုံးရယ် စိတ်ဓာတ်ပင်” ဖြစ်တေလို့ လဲ ပြောခရယ်။ ယင်းပိုင်ပျာယ် စီးပွားရေးအင်အား၊ ပညာအင်အား၊ စည်းရုံးရေးအင်အား၊ သတင်းဖြန့်ချီရေးအင်အား(properganda)၊ လူ့ အရင်းအမြစ်အင်အား၊ မဟာမိတ်ဖွဲ့  ခြင်းအင်အား၊ စစ်ရေးအင်အား၊ ထောက်ခံမှု အင်အား တိရယ်လဲ ယင်းလွှမ်းမိုးခြင်း အင်အား အသွင်သဏာန်သုံးရပ်ကို အသုံးချဖို့အတွက် လိုအပ်တေ အသုံးချပစ္စည်း(tools) နန့် အရင်းအမြစ် (resourses) တိပင်ဖြစ်ကတ်တေ။ အထက်ပါ လက်နက်၊ စိတ်ဓာတ်၊ ပညာ၊ ဖေသာ….စည်းရုံးခြင်းအင်အား ဆိုရယ် လိုအပ်ချက်တိကို ပိုင်ဆိုင်နိုင်ခါမှ အင်အားစု တရပ်ဆိုပြီးကေ ဖြစ်လာဖို့ဖြစ်တေ။  ယေဇု နန့် တော်လှန်ရေး တရပ်ကို ဆင်နွဲဖို့အတွက် သနတ်အင်အားဟိစွာတခုလောက်နန့် မလုံလောက်ပါ။ စိတ်ဓာတ်အင်အား၊ လူထုထောက်ခံမှုအင်အား၊ ပညာအင်အား၊ ဖေသာအင်အားတိလဲ အကျွန်ရို့တိအတွက်လိုအပ်တေ။
ဗမာစစ်အစိုးရ နိုင်ငံကို ထိန်းချုပ်ထားခြင်းတိရယ် ယင်းဟင့်တိကို အတိုင်းအတာတခုတိ ပိုင်ဆိုင်ထားနိုင်လို့ဖြစ်တေ။ ယင်း အရင်းအမြစ်တိကို သူရို့  ပိုင်ဆိုင်နိုင်လို့ လွှမ်မိုခြင်း အသွင်သဏာန် သုံးမျိုးထဲက ကြိုက်စွာကို သူရို့ အသုံးချနိုင်ရယ်။ ပထမ အသွင်သဏာန်အရ ဆုံးဖြတ်ချ တခုချဖို့စွာမှာ သူရို့ကြိုက်တေပိုင်ချနိုင်ရယ်။ ရီဗုံးပေါက်စွာကို မလိုချင် ရီပါစွာကိုဘဲ မြင်ချင်ရယ် ဆိုရယ် စကားမှာ တဘက်သားကို လွှမ်းမိုးထားနိုင်ခြင်းကို ပြစွာ ဖြစ်တေ။ အသူ့ ကို မဆို ကြိုက်တေပိုင် ဖမ်းဖို့၊ သတ်ဖို့၊ တရားစီရင်အမိန့်ချ ဖို့စွာမှာ သူရို့ ကြိုက်တေပိုင် လွှမ်းမိုးချုပ်ကိုင်လို့ရရယ်။ ဇာဆုံးဖြတ်ချက်ကို မဆို သူရို့ သဘောထားဆန္ဒအတိုင်းလုပ်နိုင်ရယ် အင်အားဟိရယ်။ ယင်းပိုင် လွှမ်းမိုးနိုင်ဖို့အတွက် သူရို့တိမှာ လက်နက်အင်အား၊ စစ်ရေးအင်အား ဟိနိန်လို့ဘဲဖြစ်တေ။ ယင်းဟင့်ရယ် မော်စီတုန်းပြောခရယ် အာဏာရယ် သေနတ်ပြောင်းဝမှာတည်ရယ် ဆိုရယ်စကားနန့် ကိုက်ညီရယ်။ ယင်းပိုင်ပျာယ် အတိုက်အခံ အင်အားစု တိနန့် ဆွေးနွေးရယ် အဆင့်ကို မရောက်အောင်လဲ ကြိုတင်လို့ တားဆီးထားနိုင်ရယ် အာဏာလဲ သူရို့မှာဟိရယ်။ ယင်းဟင့်ကတော့ လက်နက်ကိုင်အင်အားစုတိကို မ၀ရီစာ စီးပွားရေးလုပ်ဖို့အခွင့်အလမ်းစကေ ပီးပြီးကေ အဓိကအကြောင်းအရာတိကို ဆွေးနွေးပနာ ဆုံးဖြတ်ချက်မချရအောင် ကြိုလို့ တားထားလိုက်ခြင်းဖြစ်တေ။ တဘက်အင်အားစုတိမှာလဲ စစ်အစိုးရနန့် အင်အားချင်းမညီမျှရယ်အတွက် နန့်ပီးစွာကို ယူ ရစွာ နန့် ကြေနပ်ခရရယ် အဖြစ်တိဟိခရယ်။
စစ်အစိုးရ နောက်ဆုံး အနိန်နန့် လူတိကို လွှမ်းမိုးထားစွာရယ် တတိယ ပါဝါ အသွင်သဏာန်နန့်ဖြစ်တေ။ သူရို့စစ်အာဏာသျှင်စနစ် နန့် ဗမာလူမျိုးကြီးဝါဒ ကိုထောက်ခံလာအောင် လူတိစိတ်ကို သတင်းဖြန့်ဝီခြင်းနည်းနန့် လွှမ်းမိုးထားရယ်။ ဗမာ့ပညာရေး နန့်လွှမ်းမိုးထားရယ်။ လူတိ ပဇောင်ပိုင် တွေးလာဖို့လဲ ဆိုစွာကို ကြိုလို့ စိတ္တဗေဒ နည်းအရ လွှမ်းမိုးချုပ်ကိုင်ထားခြင်းဖြစ်တေ။ တချို့ကပြောကတ်တေ။ ထောက်ခံရယ်လူမဟိရယ်အတွက်နန့် ဗမာစစ်အစိုးရရယ် တရားဝင်အစိုးရမဟုတ်လို့။ အကျွန်က ဒေပိုင်ပြောချင်ရယ်။ ထောက်ခံရယ် လူမဟိဘဲ အစိုးရတရပ်ရယ်လဲ ဒေလောက်ထိအချိန်အကြာကြီးမရပ်တည်နိုင်ပါ။ ယေဇု နန့် ဗမာ စစ်အစိုးရကို ထောက်ခံရယ်လူတိ ကန်ကကန်ဟိနိန်လို့ ဒေလောက်ထိ သက်ဆိုးရှည်နိန်စွာဖြစ်တေ။ အာဏာကို လူတယောက်တည်းက မောင်ပိုင်စီးထားလို့မရ။ ယင်းလွှမ်းမိုးထားနိုင်ခြင်းအာဏာကို ထောက်ပံ့ပီးဖို့ ထောက်တိုင်တိဆိုစွာလိုအပ်တေ။ ယင်းအာဏာသျှင်ရယ် သူ့ ကို ထောက်ပံ့ထားရယ် ထောက်တိုင် တိကို မှီပြီးကေရာ ပါဝါ အသွင်သဏာန် သုံးမျိုးနန့် အုပ်ချုပ်နိန်ခြင်းဖြစ်တေ။ ရခိုင်သားတိစာပီယိုင်ကျေးမှု။ လွတ်လပ်ရေးကို လိုချင်စိတ်တိ ပျောက်ပျက်လားပြီးကေ ပြည်ထောင်စု အတွေးအခေါ်နန့်အောက်သားကို အထင်ကြီးစိတ်တိဖြစ်လာအောင် လုပ်ထားစွာရယ် ယင်း ပါဝါ တတိယ အသွင်သဏာန် နန့် ပင်ဖြစ်တေ။ ဗမာစာ နန့် ရွီးထားရယ်စာအုပ်၊ ဗမာအသံနန့်ဆိုထားရယ် တေးခြင်း၊ ဗမာဗွီဒီယိုကားတိရယ် ယင်းပါဝါ လွှမ်းမိုးနိုင်ဖို့အတွက် အဓိကကျရယ် နိန်ရာက ပါဝင်ကတ်တေ။ ယင်းဟင့်ကို နူးညံ့သိမ်မွေ့ ရယ်ပါဝါ (soft power) လို့ခေါ်ကတ်တေ။ အဂုခစ် ဗမာအစိုးရက အစ အမေရိကန်အစိုးရအထိ ရုပ်ပိုင်းဆိုင်ရာလွှမ်းမိုးခြင်း ပထမ ပါဝါ အသွင်ကနိန် စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးခြင်း တတိယပါဝါ အသွင်အထိ ဒေ့ဒို့းကြီးဖြစ်ဖြစ် သွယ်ဝှိက်လို့ ဖြစ်ဖြစ် သုံးနိန်ကတ်တေ။ ယင်းဟင့်တိကို ဂနိန့်လက်ဟိအနိန်အထားမှာ စစ်ရေးနိုင်ငံရေးက အစ လူမှုရေးက အလယ် စီးပွားရေးအဆုံးအထိ ကန်ဒ အသီးသီးမှာတွိရရယ်။
ကိုယ်ရို့ကို လွှမ်းမိုးထားရယ် ပါဝါတိကို တိုက်ခိုက်ဖျက်ဆီးဖို့အတွက် တခုတည်းသော နည်းလမ်းက သူရို့ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခုခံနိုင်အောင် ကိုယ့်ရို့လဲ ပါဝါ ဟိအောင်ကြိုးစားအားထုတ်ခြင်းပင်ဖြစ်တေ။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ် နန့်ပတ်သက်လို့ ကနိန့်ခစ်ကမ္ဘာမှာ ရီပန်းစားနိန်ရယ် အတွေးအခေါ်နှစ်မျိုးဟိရယ်။ တခုက အတွေးအခေါ်ပဓာနကျဝါဒဖြစ်တေ (idealism) နန့် နောက်တခုက လက်တွိကျဝါဒ (realism) ဖြစ်တေ။ အတွေးအခေါ်ပဓာနကျဝါဒီတိက ပြီးပြည့်စုံရယ် အခြေအနေ ဖြစ်တေ (utopia) နိုင်ငံရေးအခြေအနေကို ဖန်တီးချင်ကတ်တေ။ တနိုင်ငံနန့် တနိုင်ငံဆက်သွယ်ဖို့အတွက် သံတမန်ရေးရာနန့် ပျော့ပျောင်းညှင်သာရယ် နည်းကို သုံးချင်ကတ်တေ။ အင်္ဂလန်က နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်တိဟိရယ် တက္ကသိုလ်တိမှာ ယင်းအတွေးအခေါ်ပဓာနကျရယ် မူကို လက်ကိုင်ထားရယ် ပါမောက္ခတိကို ဘဲခန့်ပနာ ယင်းအတွေးအခေါ်ကို ဘဲ မြှင့်တင်ကတ်စွာတိများရယ်။ အင်္ဂလန်နန့် စာကေ အမေရိကန်က လက်တွိကျဝါဒကို အလေးပီးရယ်။  သူရို့မူအရ နိုင်ငံတကာ ဆက်ဆံရေးမှာအရေးကြီးဆုံးရယ် ကိုယ့်အင်အားကို ကိုယ်တည်ဆောက်ထားခြင်းဘဲဖြစ်တေလို့ဆိုရယ်။ ယေဇု နန့် ကိုယ်ရို့ အင်အားဟိပြီးကေ လွှမ်းမိုးနိုင်မှုဟိဖို့က အရေးကြီးရယ် လို့ သူရို့က ဆိုရယ်။ အတွေးအခေါ်ပဓာနကျ ၀ါဒ နန့် လက်တွိကျ ၀ါဒ နှစ်ရပ်ရယ် သူ့ နိန်ရာနန့် သူအသုံးဝင်ရယ်အတွက်နန့် တခုခုကို ယတိပြတ်စွန့်လွှတ်ပစ်ဖို့စွာကားမဖြစ်နိုင်။ ဘလောက်ဘဲ ကမ္ဘာရွာအတွေးအခေါ်မကလို့ ပေါ်ချင်ရယ် ဂလိုဘယ်လိုင်ဇေးသျှန်းအတွေးအခေါ်ပေါ်လာလာ ဂနိန်အချိန်အထိ နိုင်ငံတကာ ဆက်ဆံရေးမှာ အဓိက ကျရယ် ဇာတ်ကောင်တိရယ် အချုပ်အချာ ပိုင် နိုင်ငံတိပင်ဖြစ်တေ။ နောက်ဆုံးတော့ သူရို့အချင်းချင်းဘဲ ထိပ်တိုက်တွိရစွာဘဲဖြစ်တေ။ ယေဇု နန့် ပါဝါ အခန်းကန်ဒ ရယ် ပိုလို့ အရေးကြီးလာရယ်။ အဂုပိုင် ကမ္ဘာ့နိုင်ငံရေးစာမျက်နှာမှာ တရုတ်ပေါက်ဖော်ဂေါင်းထောင်လာစွာကိုကြည့်ကေ နိုင်ငံ့ အခန်းကန်ဒ မပျောက်ပျက်ဘဲ ပိုလို့ ခိုင်မြဲလာရယ်လို့ ကောက်ချက်ချရဖို့ပိုင်ဖြစ်နိန်ရယ်။
ယေဇု နန့် လက်ဟိရခိုင်သားတိအနိန်နန့် ပါဝါဟိနိန်ကတ်တေ ကုလားနန့် ဗမာကို ရင်ဆိုင်ဖို့အတွက် ကိုယ်ရို့အင်အားကို ကိုယ်ရို့တည်ဆောက်ဖို့လိုအပ်တေ။ စည်းရုံးခြင်းအင်အား၊ စိတ်ဓာတ်အင်အား၊ ပညာအင်အား၊ စီးပွားရေးအင်အား၊ စစ်ရေးအင်အားတိကို တပြေးညီရရယ်ဘက်က တည်ဆောက်ကတ်ရဖို့ဖြစ်တေ။ အကျွန်ရို့အဂု နိန်ရယ်ကမ္ဘာစွာ ငြိမ်းချမ်းပြီးကေ လိုလီသီး မဟိရယ် အခြေအနေမဟုတ်။  အချင်းချင်း တယောက်နန့်တယောက် ယှဉ်ပြိုင်နိန်ကတ်တေ အားစမ်းနိန်ကတ်တေ အခြေအနေမှာ နိန်နိန်ရစွာဖြစ်တေ။ အင်အားကြီးရယ်လူဘဲ နောက်ဆုံးအသက်ရှင်ရပ်တည်ကျန်လိုက်ဖို့စွာဖြစ်တေ။ လက်ဟိ အရင်းသျှင်ဝါဒ သည်ပင် ပြိုင်ဆိုင်ခြင်းကို အားပီးထားခြင်းဖြစ်တေ။ ပြိုင်ဆိုင်ခြင်းကို တိုးတက်ခြင်းလို့ ယူဆထားရယ် စနစ်တခုဖြစ်တေ။ ယင်းဟင့်တိကို ရင်ဆိုင်ဖို့အတွက် ပထမဆုံးအနိန်နန့် စည်းရုံးခြင်းအင်အားကို အကျွန်ရို့တိတည်ဆောက်ကတ်ရဖို့။ လူတိပဇာဖြစ်လို့ စည်းလုံးကတ်တေလဲလို့မိန်းကေ တချို့က တယောက်နန့်တယောက်နန့်ချစ်လို့၊ တယောက်နန့် တယောက် အပီးအယူမျှတလို့ လို့ ဖြေကတ်တေ။ အကျွန့်အမြင်က စည်းလုံးခြင်းရယ် ဘုံအကျိုး(common interests)ကို လိုလားရယ်လူတိ အထဲမှာရာ တည်ဆောက်လို့ရရယ်။ တကိုယ်ကောင်းဆန်ရယ်လူတိထဲမှာ ယင်းအခြေအနေကို တည်ဆောက်ဖို့စွာမဖြစ်နိုင်။ ဥရောပ ပါလီမန်အဖွဲ့ ၊ အာစီယံအဖွဲ့ ၊ နေတိုး(NATO)အဖွဲ့ တိရယ် လူမျိုးချင်းမတူ၊  ယိုင်ကျေးမှုချင်းကွဲပြားကတ်ကေလဲ အားလုံးသူလိုလားရယ် ဘုံအကျိုးတခုကြောင့် အစုအဖွဲ့ ဖွဲ့ ပနာ နိန်နိုင်ကတ်ခြင်းဖြစ်တေ။ ယေဇုကြောင့်နန့် ရခိုင်သားတိအနိန်နန့် ရခိုင်သားတိုင်လိုလားရယ် ပန်းတိုင်တခုကို ပြတ်ပြတ်သားသား မြင်အောင်ကြိုးစားသင့်ရယ်။ ယင်းပန်းတိုင်ရယ် ရခိုင်အားလုံးကို ရောင်ပြန်ဟပ်ရဖို့ဖြစ်တေပိုင် လူတိုင်းလိုလားရယ် ဘုံအကျိုးတခုလဲ ဖြစ်ရဖို့။ ယင်းပန်းတိုင်ကို ရခိုင်သားတိက မလိုချင်သိမ့်ဆိုကေ လက်နက်ကိုင်တော်လှန်ရေးလဲ နှစ်ကာလကြာရှည်လားနိုင်ရယ်ပိုင်၊ ပြည်ထောင်စု အတွက်ကြိုးပမ်းမှုတိလဲ ဆားမရ ရီမရ ဖြစ်လားလီဖို့။ ယင်းပန်းတိုင်ကို အမြင်ယှင်းပနာ အားလုံးသူကလိုလိုလားလားဟိခါမှ ရခိုင်သားတိအချင်းချင်းကြားမှာ စည်းလုံးမှုကို တည်ဆောက်လာနိုင်ဖို့။ ယင်းပိုင် ရခိုင်သားတိ စည်းလုံးခါမှ ဘုံအကျိုးတိဖြစ်တေ ပညာရေး၊ စီးပွားရေး၊ စစ်ရေး အင်အားတိကို တည်ဆောက်ပြီးသောကေ ကိုယ်ရို့ပန်းတိုင်တိကို အနှောင့်အယှက်ဖြစ်အောင်လုပ်နိန်ရယ် အဟန့်အတားတိကို ယှင်းလင်းနိုင်ဖို့ဖြစ်တေ။ ကိုယ်ရို့ ကိုလွှမ်းမိုးထားရယ် ပါဝါတိကို မတွန်းလှန်နိုင်ရယ် ပါဝါမဟိဘဲ၊ မထိုးဖောက်နိုင်ရယ်ပါဝါမဟိဘဲ အလုပ်တခုကို အကောင်အထည်ဖော်ကေ ပီးဆပ်ရဖို့ တန်ဖိုးက မမျှဖြစ်နိန်ပါရယ်။ ယေဇု နန့် ရခိုင်သားတိ ရင်ဆိုင်ခြင်းအင်အား၊ လွှမ်းမိုးခြင်းအင်ထား၊ ထိုးဖောက်ခြင်းအင်အားတိ ဟိအောင်ကြိုးစားသင့်ရယ်။

ရေးသားသူ
ခင်မောင်မောင်

Friday, January 21, 2011

ထိန်းသိမ်းကတ်ပါမေ ရခိုင်စကား

လွန်ခရေ ၃နှစ်လောက်က ဖြစ်ပါရေ။စစ်တွေမြို.က လ္ဘာရည်ဆိုင်တစ်ဆိုင်မှာ
လ္ဘာရည်သောက်နိန်ရေ လူတိက အတော်အသင်.ဟိပါရေ။သောက်နိန်ရေလူ
တိ
ရခိုင်ပြည်သား/ရခိုင်လူမျိုးတိပါ။ခက်စွာက ယင်းဆိုင်မှာ လုပ်နိန်ရေ
အကောင်ချေတစ်ယောက်က ဗမာချေပါ။သောက်နိန်ရေလူတိနန်. သောက်ဖို.လာရေလူတိကို
ဗမာစကားနန်. မိန်းပါရေ အကို ဘာပြောမလဲ ဘာမှာမလဲ
ယင်းပိုင်ပြောပါရေ။ဆိုင်ရှင်က ရခိုင်သား ဆိုင်ရှင်က ယင်းကောင်ချေကို
လှမ်းပနာ ဟိုမှာတစ်ယောက် လာနေတယ် ဘာသောက်မလဲ မေးကြည်.လိုက် ဟိုဘက်ဝိုင်းက
ခေါ်နေတယ် စသဖြင်. ဗမာစကားနန်. လှမ်းပြောနိန်ပါရေ။ဒေစာကို ဖတ်ရေလူတိ
စိုင်းစားကြည်.ကတ်ပါ။ရခိုင်ပြည်နယ် စစ်တွေမှာက အများအားဖြင်.
ရခိုင်လူမျိုး အများစု နိန်ထိုင်ပနာ ရခိုင်စကားကိုရာ

ထိန်းသိမ်းကတ်ပါမေ ရခိုင်စကား

လွန်ခရေ ၃နှစ်လောက်က ဖြစ်ပါရေ။စစ်တွေမြို.က လ္ဘာရည်ဆိုင်တစ်ဆိုင်မှာ
လ္ဘာရည်သောက်နိန်ရေ လူတိက အတော်အသင်.ဟိပါရေ။သောက်နိန်ရေလူ
တိ
ရခိုင်ပြည်သား/ရခိုင်လူမျိုးတိပါ။ခက်စွာက ယင်းဆိုင်မှာ လုပ်နိန်ရေ
အကောင်ချေတစ်ယောက်က ဗမာချေပါ။သောက်နိန်ရေလူတိနန်. သောက်ဖို.လာရေလူတိကို
ဗမာစကားနန်. မိန်းပါရေ အကို ဘာပြောမလဲ ဘာမှာမလဲ
ယင်းပိုင်ပြောပါရေ။ဆိုင်ရှင်က ရခိုင်သား ဆိုင်ရှင်က ယင်းကောင်ချေကို
လှမ်းပနာ ဟိုမှာတစ်ယောက် လာနေတယ် ဘာသောက်မလဲ မေးကြည်.လိုက် ဟိုဘက်ဝိုင်းက
ခေါ်နေတယ် စသဖြင်. ဗမာစကားနန်. လှမ်းပြောနိန်ပါရေ။ဒေစာကို ဖတ်ရေလူတိ
စိုင်းစားကြည်.ကတ်ပါ။ရခိုင်ပြည်နယ် စစ်တွေမှာက အများအားဖြင်.
ရခိုင်လူမျိုး အများစု နိန်ထိုင်ပနာ ရခိုင်စကားကိုရာ
ပြောကတ်ပါရေ။ဗမာစကား(အောက်ချီးစကား)ကို ပြောလေ.ပြောထ မဟိပါ။ကိုယ်ဘက်မှာ
လုပ်နိန်ရေ အလုပ်သမား အကောင်ချေတစ်ကောင်ကို အလေးထားပနာ ဗမာစကားကို
လိုက်ပြောနိန်ရကေ စားသုးံသူတိကသင်. ဗမာစကားတိနန်. ပြောနိန်ဖြေနိန်ရကေ
ရခိုင်စကားစွာ ရခိုင်သားတိအတွက် စံဘုံစကားတစ်ခု မဖြစ်စီပဲ
ပျောက်ကွယ်လားလီပါဖို.ဗျာယ်။၁၀နှစ်ကျော်ချေ အကောင်ချေတစ်ယောက်ကို
အလုပ်သမားချေတစ်ယောက်ကို အလီးထားပနာ ဗမာစကားကို လိုက်ပြောနိန်ရကေ
အကျွန်မျိုးရို.ရခိုင်စကားစွာ အဆင်.မဟိရေ ဘာသာစကားတစ်ခုထဲကို အလိုလို
ဆွဲသွင်းပြီးသား ဖြစ်နိန်ပါရေ။ဥပမာ ယင်းစားပွဲထိုးကောင်ချေက
ရခိုင်ဆိုင်မှာ လုပ်ချင်ကေ လုပ်ဖို.ဆိုကေ ရခိုင်စကားကို တတ်အောင်
နားလည်အောင် လေ.လာခိုင်းရပါဖို. မဟုတ်ပါလား။ဆိုင်ရှင်ကသင်. ရခိုင်စကားကို
နားလည်မှ ပြောတတ်မှ အလုပ်ခန်.ရပါဖို. မဟုတ်ပါလား။ယေခါမှ ဇာလူမျိုးမဆို
ငါရို.လူမျိုးတိ ရခိုင်ပြည်မှာ အလုပ်လုပ်ချင်ကေ ရခိုင်စကားတတ်မှ
အလုပ်ရဖို. ရခိုင်စကားကို လေ.လာရဖို.လို. မှတ်လီပါဖို. မဟုတ်ပါလား
ရခိုင်စကားက ဘုံစကားတစ်ခု သတ်မှတ်ခံရဖို. မဟုတ်ပါလား
ယင်းဗမာချေစိတ်ထဲမှာတော. ရခိုင်စကားမတတ်လေ. ကိစ္စမဟိ ဗမာစကားတတ်ကေ
ပြီးဗျာယ် ယင်းသူရို. ဗမာစကားပြောကတ်လိမ်.မေလို. အတွိးရောက်လားဖို.စွာ
ဧကန်မုချပါ။ဗမာပြည်မှာ လားအလုပ်လုပ်ကြည်.လိုက်ပါ
ရခိုင်စကားပြောတတ်ရုံနန်. အလုပ်လက်မခံပါ ဗမာစကားကို ပီပီသသ ပြောတတ်မှ
အလုပ်ခန်.ကတ်ပါရေ။တစ်ချို.ဆို မြန်မာစစ်စစ် ဖြစ်ရမယ် ဆိုပနာ
ဆိုင်းဘုတ်ထောင်ပနာ ရီးထားကတ်ပါရေ ဗမာက လွဲပနာ အခြားလူမျိုးကို
အလုပ်မခန်.ဆိုစွာ ဒေကြော်ငြာစာက ဖော်ပြထားပါဗျာယ်။ဇာလောက်ထိ မျိုးကို
ချစ်ပါလဲ ကြည်.ပါ ရခိုင်သားတိ ရခိုင်ဆိုင်ရှင် ကုမဏီ ပိုင်ရှင်တိသင်.
ချင်.ချိန်ကတ်ဖို. လိုနိန်ပါရေ ရခိုင်သားအစစ် ဖြစ်ရမေ ရခိုင်သားကိုသာ
ဦးစားပီးခန်.မေ ဆိုပနာ ဆိုင်းဘုတ်ထောင်သင်.ပါရေ ယေမှ ရခိုင်လူမျိုးတိ
ရခိုင်လူမျိုးဖြစ်ရစွာကို ဂုဏ်ယူပနာ ၀င်ကြွားနိုင်ပါဖို.
မဟုတ်ပါလား။ဇာနိုင်ငံမှာမဆို ဆိုင်ရှင်က ယင်းနိုင်ငံ၏စကား
ယင်းသူရို.လူမျိုးသုးံစကားကို မတတ်ကေ နားမလည်ကေ အလုပ်မခန်.ချင်ပါ
ဦးစားပီး မခံရပါ။ယင်းနိုင်ငံမှာ အလုပ်လုပ်ချင်ကေ ယင်းနိုင်ငံ၏ စကားကို
မလွဲမသွေ လေ.လာရပါရေ။နားမလည်ကေ ပြောဆို ကျိန်းမောင်း ဆဲဆိုပါရေ။ ယင်းမှာက
ဆိုင်ရှင်တိကသင်. မြန်မာအလုပ်သမားအမြောက်အမြား ခန်.ထားကေသင်.
မြန်မာစကားကို လိုက်သင်ပနာ မခိုင်းပါ
ယင်းနိုင်ငံ၏လူမျိုးစကား(သို.မဟုတ်)အင်္ဂလိပ်စကားနန်.ရာ ခိုင်းပါရေ
နားမလည်ကေ ဆဲဆိုပါရေ။ယင်းခါမှ ယင်းနိုင်ငံက စကားတိကို အလေးထားပနာ
လေ.လာကတ်ပါရေ ။တန်ဖိုးဟိရေ ဘာသာစကားတစ်ခုအဖြစ် သတ်မှတ်လာခြင်း
ခံရပါရေ။ယင်းပိုင် ယင်းလူမျိုး ယင်းနိုင်ငံတိပိုင် အကျွန်မျိုးရို.ကသင်.
အကျွန်မျိုးရို. ရခိုင်စကားကို ဘုံစကားတစ်ခုအဖြစ် စံထားပနာ
ပြောဆိုသင်.ပါရေ။ယေပိုင်မဟုတ်ကေ ပေါ.ပျက်ပျက် ရခိုင်စကားတစ်ခုပိုင်
မပြောကေသင်. ရရေ /မဟိကေသင်. ရရေပိုင် ဖြစ်လားပါလားမေ။ရခိုင်သားက
ရခိုင်စကားမပြောကေ မျိုးချစ်စိတ် ပျောက်တေပိုင်
လူမျိုးလည်းပျောက်လားပါလိမ်.မေ။ ။ (သတိ)။ မျိုးချစ်စိတ်အမှန်ဟိရေ
ရခိုင်လူမျိုးတိ ဖြစ်ပါစီလို. ရည်စူုးပနာ မျိုးကို ချစ်တေဆိုကေ
မျိုးချစ်စိတ်ဆိုစွာ ဇာလဲလို. အဂေါင်.လေ.လာပနာ အကောင်းဘက်ကို
ပြုပြင်နိုင်ဖို. အကြံပြုတင်ပြရင်း လက်ညောင်းခံပနာ မအားရေ ကြားထဲက
အေစာကို ရိုက်လိုက်ရခြင်းဖြစ်ပါရေ။ရခိုင်းလူမျိုးတိ အားလုးံ
နားလည်နိုင်ကတ်ပါစီ။အဖရခိုင်ပြည်ကြီး ဗမာလက်အောက်က လွတ်မြောက်ပနာ
ဖွံဖြိုးတိုးတက်ရေ နိုင်ငံတော်သစ် အရင် တည်ထောင်နိုင်ပါစီလို.
ဆုမွန်ကောင်းတောင်းယင်း...................(ခိုင်ကျော်ဆန်း-ရွေမြောက်ဦး)

ဒီဇင်ဘာ ၃၁

ဒီဇင်ဘာ ၃၁ မျိုးမညွတ်လို. ရခိုင်နိုင်ငံတော် ပျက်သုန်းရရေ နိန်.။
ဒီဇင်ဘာ ၃၁ လူမျိုးခြားကို အားကိုးစိတ် ၀င်လို. တိုင်းပြည် ငါးပါးမှောက်ရေနိန်.။
ဒီဇင်ဘာ ၃၁ အမျိုးထဲက  သစ္စာဖောက်လို. အသားထဲက လောက်ထွက်လို.
ရခိုင်သားကျွန်ဖြစ်တေနိန်.။
ဒီဇင်ဘာ ၃၁ ငတွေသံ သစ္စာဖောက်လို. ရခိုင်နန်းတော် မီးရှို. ဖျက်စီး ခံရရေ နိန်.။
ဒီဇင်ဘာ ၃၁ မောင်ဝိုင်း ရခိုင်သားတိကို အစုလိုက် အပြုံလိုက် သတ်တေ နိန်.။
ဒီဇင်ဘာ ၃၁ တင်းဝပန်းခိုင် တစ်မြိုင်မြိုင် အတိုင်း ရခိုင်အလောင်းတိ
ပြန်.ကြဲ နီရေနိန်.။
ဒီဇင်ဘာ ၃၁ ဗမာတိက ရခိုင်လူမျိုးကို မျိုးပြုန်း သတ်ခရေ နိန်.။
ဒီဇင်ဘာ ၃၁ ရခိုင်ယိုင်ကျေးမှု စာပီ နန်. ဘုရားတိကို အခိုးခံ အဖျက်စီး ခံရရေ နိန်.။
အော် ဒီဇင်ဘာ ၃၁ ရင်နာစရာ ကောင်းရေ ရက် ရခိုင်အလောင်းတိ မြီထက်မှာ
ပုံနီရေ ရက်။(၁၇၈၄ ဒီဇင်ဘာလ ၃၁ စနိနိန်.) ရခိုင်သက္ကရာဇ်-၁၁၄၆
ပြာသိုလပြည်.ကျော် ၇ရက် စနိနိန်.)။ရခိုင်သားတိ မုန်တိုင်းမလာခင်
အားယူတာစူနိန်ရေ မျိုးရာ ဖြစ်စီချင်ရေ။စုစည်းမှုက အင်အားဖြစ်တေပိုင်
ရခိုင်နိုင်ငံတော်ကို ပြန်ယူကတ်ပါမေ။

(ခိုင်ကျော်ဆန်း-ရွီမြောက်ဦး)

ရခိုင်သားတိ ဆင်ခြင်စရာ

ရခိုင်သားတိုင်းစွာ အရက်သောက်လာလို. မိန်းစရာ စကားတစ်ခွန်း
ပေါ်နိန်ပါရေ။အများအားဖြင်. ရခိုင်သားတိ ပျော်စား မှုးယစ်
ပျော်ပါးနိန်လို. ဒေစကား ထွက်ပေါ်လာခြင်း ဖြစ်ပါရေ။အရက်ကို မသောက်တတ်ရေလူ
မသောက်ရေလူတိ နည်းပါရေ။အင်လိုင်းမှာတွိရေကလိ
န်မေချေတိ အဝေးရောက်
ရခိုင်သမချေတိ ရန်ကုန်မှာ အခြီချ နိန်ထိုင်ကတ်တေ ရခိုင်သမတိက
ပြောကတ်ပါရေ။ ရခိုင်သားတိ ကကောင်းအရက်သောက်တေ။လူလတ်ပိုင်း လူငယ်ချေတိ
ပိုများပါရေလတ် ယင်းအတွက်နန်. သူရို.မှာ ဟိရေ အပေါင်းအသင်း ရောင်းရင်းတိက
မိန်းကတ်ပါရေလတ် ရခိုင်သားတိုင်းစွာ ရခိုင်သောက်ကတ်လာ အရက်သမားတိလားလို.
အမိန်းခံရပါရေလတ်။ဇာလောက် ရင်နာလိုက်ဖို.ကောင်းရေ မိန်းခွန်းပါလေ
ရခိုင်သားတိ စိုင်းစားကြည်.ကတ်ပါ။အဖရခိုင်ပြည်နန်. မျိုးကို ချစ်တေ
ရခိုင်သားတိ ဆင်ခြင်သင်.ပါဗျာယ်။အရက်သောက်ခြင်းကြောင်. အကျင်.စာရိတ္တ
ပျက်ပြားပနာ အမျိုးကိုလည်း မသိပါ သာသနာကိုလည်း မလေးစားစိတ် ပေါ်ပါရေ
အရက်ကြောင်. အထွေထွေ ဗဟုသုတ နည်းပါးနိုင်ပါရေ အသိစိတ် ကင်းကွာနိုင်ပါရေ
ယင်းအရက်မှာပဲ အချိန်ပီးနိန်ကေ အချိန်လည်းဆုးံ ဖေသာလည်းကုန် လူလည်း
ဒုက္ခရောက်ရပါရေ သက်တမ်းလည်း မရှည်ပါ။လူတောလည်း
မတိုးပါ။ပျက်ရည်ပြုခြင်းလည်း ခံရနိုင်ပါရေ။တစ်ယောက်ကြောင်. အများလည်း
နာမေ ပျက်ရပါရေ။ရခိုင်သမတိ ရခိုင်သားတိကို မယူစော်လည်း
ဒေအကြောင်းပြချက်ကြောင်. မယူစော်လို. ဆင်ခြီပီးခြင်းကို
ခံရပါရေ။ယေပိုင်ဆိုကေ မျိုးရိုးလည်းပျောက် လူမျိုးလည်း
တုးံလီပါဖို.။ရခိုင်သားတိ အေပိုင်ရာ အရက်ဆိုင်မှာ အချိန်ဖြုန်း
သောက်စားနိန်ကတ်ကေ အဖရခိုင်ပြည်ကို ဇာပိုင်စွမ်းအား ဇာပိုင်ပုံသေနည်းနန်.
ပြန်ရနိုင်ပါဖို.လဲယေ။ရခိုင်သားတိမှာ လူ၃ယောက်လောက် စုမိကေ အရက်ဝိုင်း
ပျင်ပနာ အရက်သောက်ကတ်ပါဗျာယ် ပြီးနာ အချင်းချင်း စကားများပနာ
မင်းကဇာကောင် ငါကဇာကောင် ဆိုပနာ  ၇န်ဖြစ်ကတ်ပါဗျာယ် ဒေပိုင်ဆိုကေ
ရခိုင်သားတိ ဇာပိုင်စည်းလုးံမှု စည်းလုးံခြင်းကို ရနိုင်ပါဖို.လဲ
ဇာပိုင်တည်ဆောက်နိုင်ပါဖို.လဲယေ စိုင်းစားကြည်.ကေ ကကောင်း၇င်လီးဖို.
မွန်းဖို.ကောင်းပါရေ အရက် ၀မ်းထဲကို ၀င်ကေ မျိုးကိုချစ်ကြောင်း
ပြောကတ်ပါဗျာယ် အမှန်က မျိုးကို ချစ်ခြင်းမဟုတ်ပါ မျိုးကို
ဖျက်ခြင်းပါ။ဇာနိန်ရာ ဇာမှာပင်ရောက်ရောက် ရခိုင်သားက ရခိုင်သားပါဗျာယ်
ဇာပင်ဖြစ်ဖြစ် ရခိုင်အကျိုးကို ရခိုင်သားကရာ သယ်ပိုးရပါဖို. မဟုတ်ပါလား
ကိုယ်အပြုအမှု ကိုယ်လုပ်ရပ်တိစွာ မျိုးကို ချစ်စော် သဘောသက်ရောက်လား
မရောက်လားဆိုစွာ ဆန်းစစ်ကြည်.ရပါဖို. မဟုတ်ပါလား ရခိုင်သားက ရခိုင်သားကို
ဒုက္ခရောက်အောင် လုပ်လိုက်ကေ သတ်ပလိုက်ကေ တစ်ချိန်ချိန်မှာ
အဖရခိုင်ပြည်ကြီးအတွက် လက်နက်ကိုင်ဖို.ခါ သနတ်ကိုင်ဖို.
လူတစ်ယောက်လျှော.လီပါဖို. မဟုတ်ပါလား ရခိုင်သားတိ အရင်ကထက် ၁၀ဆလောက်
ကြိုးစားဖို. နိုးကြားဖို. လိုနိန်ပါဗျာယ်.ယေမှရာ တော်ရာ ကျပါဖို.
မဟုတ်ကေ ဗမာအုပ်ချုပ်မှုတိ အောက်က လုးံဝလွတ်မြောက်လီဖို.
မဟုတ်ပါ။အပြုသဘောဆောင် ရခိုင်အကျိုးအောင် အမြင်မစောင်း ရခိုင်သားကောင်း
စည်းလုးံမှုမှ အောင်ပွဲစီ ။ရခိုင်းသားတိ လူည.ံ လပေါ မဟုတ်ပါ။အာဂလူတိပါ
ရခိုင်အစွမ်း ရခိုင်ဂုဏ်ရောင်ကို ဖော်ထုတ်ကတ်ပါမေ။
 
ခိုင်ကျော်ဆန်း(ရွီမြောက်ဦး)

Thursday, January 20, 2011

လွှတ်မြောက်ခြင်းသို့

လွှတ်မြောက်ခြင်းသို့

ရိုးမတောင်တန်း
စီကာတန်းသည့်
လခြမ်းရွှေမြီ
ငါရို့ပြီကား
ရန်သူဗမာအောက်
ပြပြားမှောက်ကာ
မျိုးပျောက်စရာထိ
ဝမ်းနည်းဖွယ်ရာ
တွေ့ရပါလည်း
ဖရခိုင်ပြည်
လွတ်မြောက်စီဖို့
လူတိုင်းကိုယ်စီ
တာဝန်ကျီ၍
မလျော့သောဇွဲ
ကြီးမြတ်လုံ့လ
စဉ်ပြုကြလျင်
ငါရို့ကံကြမ္မာ
မလွတ်သေချာ
ရမည်တကား။
……………..
မောင်ဂွစာ(သန္တာမြီ)

Tuesday, January 18, 2011

ဂီရိမုန်တိုင်း(၃)လပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်လွှာ



ဂီရိမုန်တိုင်း(၃)လပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပပြုလုပ်ကြရန်
တိုက်တွန်းနှိုးဆော်လွှာ
သို့
ချစ်သောမြန်မာပြည်သူပြည်သားအပေါင်းတို့

ဂီရိမုန်တိုင်းကြောင့်ရခိုင်ပြည်သူပြည်သားများစွမှာကြီးမားသောအတိဒုက္ခရောက်နေကြရသည်ကိုအမှန်မေ့နေကြ
တာပါလား(သို့)မေ့ဟန်ဆောင်နေကြတာပါလားဆိုတာကိုကျနော်အသေအချာမပြောတတ်တော့ပါ။နိုင်ငံတကာအသိုင်းအ၀ိုင်းများမှလည်းဂီိရိဒုက္ခသည်တို့အပေါ်အာရုံစူးစိုက်အလေးအနက်ထားကြပုံမပေါ်သည်ကိုတွေ့နေရသည်။လူအသေအပျောက်များမှသာလျင်ပြည်တွင်းကရောပြည်ပကပါအကူအညီများရောက်လာကြမည့်သဘောလား..
ကျွန်တော်မပြောပြတတ်တော့ပါ။

ရခိုင်ပြည်ကိုဂီရိမုန်တိုင်းကြီးတိုက်ခတ်သွားခဲ့တာဟာလာမည့်ဇန်န၀ါရီ(၂၂)ရက်နေ့ဆိုရင်တိတ်ဆိတ်စွာနဲ့ဘဲသုံးလ
ပြည့်မြောက်တော့မယ်ဖြစ်ပါတယ်။မုန်တိုင်းတိုက်ခက်ပြီးနောက်တွင်ရခိုင့်လမ်းပန်းဆက်သွယ်ရေးမကောင်းတာကတမျိုး၊တယ်လီဖုန်းဆက်သွယ်ရေးစနစ်လွန်မင်းစွာအားနည်းတာကတသွယ်၊မိမိတို့ကိုယ်တိုင်ကဆင်းရဲနွမ်းပါးမှုဒဏ်ကိုကြိတ်မှိတ်ခံစားနေကြရ၍ မိမိတို့အရေးထက် အခြားသူများ၏အရေးကိစ္စကို လူအများစိတ်မ၀င်စားနိုင်တာကတ
ကြောင်း၊ လူသားချင်းချင်းစာနာထောက်ထားလိုသည့် စိတ်ကင်းမဲ့ပြီးလျစ်လျူရှုကြသည်ကတဖုံ စသည်တို့ကြောင်း
ကျွန်တော်တို့၏လေဘေးသင့်ရေဘေးသင့် ရခိုင်ပြည်သူပြည်သားများဟာ ယနေ့အချိန်ထိ မ၀ရေစာစားပြီးဆင်းရဲပင်
ပန်းစွာအသက်ရှင်နေကြရပါတယ်။ အားလုံးသိကြ၊ ကြားကြ၊ မြင်ကြ ရတဲ့အတိုင်း နိုင်ငံတကာနှင့်ပြည်တွင်းအန်ဂျီအို
တွေရဲ့ အကူအညီအထောက်အပံ့တွေဟာလည်းအလွန်နည်းပါးလွန်းလှပါတယ်။ရွာတစ်ရွာမှာထက်ဝက်လောက်က
သာအကူအညီများရကြပါတယ်။ဒါတောင်မှလုံလောက်တဲ့ထောက်ပံမှုတွေကိုရကြတာမဟုတ်ပါဘူး။ဥပမာပြောရရင်
“အိမ်တိုင်လောက်ပဲကျန်တဲ့မိသားစုကသာအထောက်အပံ့ရမယ်…မဲပေါက်တဲ့သူမှသာတာပိုလင်စရမယ်” ဆိုပြီး ဝေ
ခြမ်းရေးကိုစောင့်ကြည့်နေကြရတဲ့ လေဘေးရေဘေးသင့် ရခိုင်ပြည်သူပြည်သားတွေရဲ့  ဘ၀ဟာ အင်မတန်မှသနား
စရာပါ။

ကယ်ဆယ်ရေးလာပေးမဲ့အကူအညီကိုစောင့်ရင်းလုံလောက်တဲ့အရေးပေါ်ဝေခြမ်းရေးမရတဲ့လေဘေးရေဘေးသင့်သူတွေဟာဆန်ကွဲစားနေကြရတာကိုကိုယ်တိုင်မြင်ခဲ့ရတာတွေကိုကျွန်တော့်ပြောပြရင်မယုံနိုင်စရာပါ။ရင်ထဲမှာဆိုနင့်
အောင်ခံစားနေရဆဲ ဖြစ်ပါတယ်။

ဘာကြောင့်ဒီလူတွေမှာဒီလောက်အကူအညီမဲ့နေရပါသလဲ

ဂီရိမုန်တိုင်းသင့်ဒေသတွေမှာကျေးရွာအဖြစ်အစိုးရကအသိအမှတ်ပြုခြင်းမခံရသေးတဲ့တချို့ တချို့ သောနေရာတွေ
မှာလုပ်ကိုင်စားသောက်နေကြရတဲ့လယ်သမား၊ရေလုပ်သမားတွေဟာမုန်တိုင်းအပြီးအလုပ်အကိုင်မရှိတဲ့နောက်မှာကယ်ဆယ်ရေးပစ္စည်းရရန်အတွက်လျောက်လွှာစာရွက်ကလေးတစ်စောင်ကိုကိုင်ပြီးတစ်ရုံးဝင်တစ်ရုံးထွက်မျက်နှာ
ငယ်စွာဖြင့်ဆန်အလှူခံနေကြရပါတယ်။ဆန်ရဖို့အသာထား၊စကားတောင်အပြောမခံကြတဲ့အတွက်မျက်နှာအောက်
ချပြန်လှည့်ခဲ့ကြရပါတယ်။ NGO အဖွဲ့အစည်းတွေမှာလည်း လုံခြုံရေးဝန်ထမ်းတွေမှနေ အထက်ဝန်ထမ်းများ အထိ
တာဝန်ရှိသူတွေဟာရွာသူရွာသားတွေပြောတဲ့စကားကိုနားထောင်ချိန်မရလောက်အောင်ကိုအလုပ်များနေကြတယ်လို့ရွာသားတွေကတဆင့်သိခဲ့ရပါတယ်။ဒီလိုနဲ့ရွာတွေမှာဝေခြမ်းရေးမရတဲ့လေဘေးသင့်ပြည်သူတွေဟာမြို့ တက်ပြီး
အခက်အခဲတွေကိုပြောပြခဲ့ကြပေမဲ့ဘာမှထူးခြားမှုတွေဖြစ်မလာခဲ့ပါဘူး။ဓါတ်ဆီကုန်ရုံသာမကဘဲ့ထမင်းအထပ်ထပ်ပင်ငတ်ကြရသေးကြောင်းသူတို့ကတဆင့်သိခဲ့ရပါတယ်။ဝမ်းနည်းဖွယ်ကောင်းလေစွ။

အစစအရာရာချွတ်ခြုံကျနေတဲ့ အကူအညီမဲ့ ရေဘေးလေဘေးသင့်ရခိုင်ပြည်သူတွေဟာ ထမင်းတစ်နပ်စားရရေးအ
တွက်အရှက်အကြောက်ကိုမငဲ့ဘဲတောင်းရမ်းစားနေကြရေပေပြီ။မုန်တိုင်းဖြစ်ပြီးတဲ့နောက်မှာရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးကရခိုင်သူရခိုင်သားတွေသာမကပြည်ပရှိရခိုင်သူရခိုင်သားများနှင့်အနယ်နယ်အရပ်ရပ်မှစေတနာရှင်များကလူသားချင်းစာနာတဲ့စိတ်ထားတွေနဲ့ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။သို့သော်လက်ရှိအချိန်မှာမူဒုက္ခသည်များကြုံတွေ့နေရသည့်ဆင်းရဲအမျိုးမျိုးကိုပြည်တွင်းပြည်ပကသူတွေသာမကသတင်းမီဒီယာများကပါအလွန်မြန်ဆန်စွာဖြင့်သိသိသာသာကြီး အာရုံစိုက်မှုနည်းပါးလာနေသည်ကို ၀မ်းနည်းစွာတွေ့နေရပေသည်။

မည်သို့ပင်ဆိုစေ..ရခိုင်ပြည်သည်မြန်မာနိုင်ငံတွင်တည်ရှိသောရခိုင်တိုင်းရင်းသားများနေထိုင်သည့်နယ်မြေတစ်ခုဖြစ်ပါသည်။သို့အတွက်ပြည်တွင်းပြည်ပသတင်းမီဒီယာများမှအာရုံစိုက်မှုနည်းပါးသည်ရှိသော်လည်းမြန်မာပြည်သူပြည်သားအပေါင်းတို့သည်လူသားချင်းစာနာစိတ်ရှိစွာဖြင့်လေဘေးသင့်ပြည်သူများအားအစာရေစာလုံလောက်စွာရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသင့်ကြပါသည်။ မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီမှုများကို ဆက်လက်ပေးရန် လိုအပ်
ကြောင်းပြောကြားလိုပါသည်။အဆိုပါလေဘေးသင့်ပြည်သူတို့သည်မြန်မာနိုင်ငံထဲမှမြန်မာပြည်လူသားများမဟုတ်ပါလော..။

ဒုက္ခရောက်နေကြတဲ့ရခိုင်ပြည်သူပြည်သားများအတွက်ဆက်လက်ကြိုးပမ်းပေးကြရန်ကျွန်တော်လေးနက်စွာတိုက်တွန်းပါရစေ။ယခုလာမည့်ဇန်န၀ါရီလ(၂၂)ရက်နေ့သည်ဂီရိမုန်တိုင်းတိုက်ခတ်ခဲ့သည့် သုံးလပြည့်မြောက်တော့မည်
နေ့ ဖြစ်သည်။သို့ရာတွင် လေဘေးရေဘေးသင့် ရခိုင်ပြည်သူတွေမှာမျှော်လင့်ချက်မဲ့စွာငတ်ပြတ်နေဆဲ ၊ အပစ်ပယ်ခံ
ထားရဆဲဖြစ်သည်။ယင်းနေ့တွင်ပင်မုန်တိုင်းကြောင်းသေဆုံးသွားခဲ့ရတဲ့လူတွေအတွက်ပြီးတော့ဆင်းရဲမှုသောကအ
ပြည်နှင့်ကျန်ခဲ့သောမိသားစုတွေအတွက်ကျွန်တော်တို့ဟာသူတို့အတွက်ထပ်တူထပ်မျှခံစားရပါကြောင်းနှင့်အိုးမဲ့အိမ်မဲ့စွာဖြင့်ဘ၀စားဝတ်နေရေးအတွက်ပူပင်သောကအတိပြည့်နေတဲ့ပြည်သူတွေရဲ့ဘ၀ကိုထပ်တူဝမ်းနည်းမိကြောင်းပြသရန်အလို့ငှာ ၀မ်းနည်းမှုအထိမ်းအမှတ် တစ်ခုကျင်းပပြုလုပ်ရန်အတွက် မြန်မာပြည်သူပြည်သား  တိုင်းရင်းသားညီ
အစ်ကိုမောင်နှမများအား ကျွန်တော်အနေဖြင့် တိုက်တွန်းလိုက်ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့မျိုးချစ်ရခိုင်ပြည်သူပြည်သားတွေအပါအ၀င်အခြားအခြားသောလူသားချင်းစာနာတတ်သူမြန်မာပြည်သူပြည်သားများမှလည်းကျွန်တော်တို့နှင့်အတူဇန်န၀ါရီလ(၂၂)ရက်နေ့တွင်ဒီဝမ်းနည်းခြင်းဖယောင်းတိုင်မီးထွန်းပွဲ
အခမ်းအနားကျင်းပရာတွင်ပါဝင်ကြဖို့ထပ်မံတိုက်တွန်းလိုက်ပါတယ်။


ဒီဇင်ဘာလ(၂၂)ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မြေပုံမြို့မှလူငယ်အချို့ ဟာဂီရိမုန်တိုင်း(၂)လပြည့်ဝမ်းနည်းမှုအထိမ်း
အမှတ်အဖြစ် မိမိတို့ရဲ့ အိမ်ရှေ့ ဆိုင်ရှေ့ နှင့် လမ်းမများပေါ်မှာ ဖယောင်းတိုင်မီးထွန်းညှိခဲ့ကြပါတယ်။

ဒီအတိုင်းပဲယခုလာမည့်ဇန်န၀ါရီလ(၂၂)ရက်နေ့ ၊ စနေနေ့တွင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် အမြို့မြို့အနယ်နယ်
ရှိမြို့များတွင် ရခိုင်လူငယ်များမှ ဖယောင်းတိုင်ကိုယ်စီထွန်းညှိကာ ဂီရိသုံးလပြည့်ဝမ်းနည်းမှုအထိမ်းအမှတ်ကိုကျင်းပ ကြမည်ဖြစ်သည်။

ဆက်လက်တိုက်တွန်းလိုသည်မှာ ပြည်ပတွင်ရောက်ရှိနေကြသော အဝေးရောက်မျိုးချစ်ရခိုင်သူရခိုင်သားများ နှင့်လူ
သားချင်းစာနာတတ်သည့် အခြားသောမြန်မာပြည်သူပြည်သားများမှ တစ်ဦးတစ်ယောက်ချင်းစီမိမိအိမ်နှင့်ဆိုင်ရာနေ
ရာများတွင်ဇန်န၀ါရီလ(၂၂)ရက်နေ့ညနေပိုင်းတွင် ဖယောင်းတိုင်မီး ပြိုင်တူထွန်းညှိကာကူညီပေးကြပါရန်တိုက်တွန်း
နှိုးဆော်လိုက်ရပေသည်။

အောက်တိုဘာ၂၂-၂၃ရက်နေ့များကရခိုင်ပြည်နယ်တွင်တိုက်ခတ်သွားသောအားပြန်းသည့်ဆိုင်ကလုန်းမုန်တိုင်းဂီရိ
သည် အိမ်ထောင်စု(၅၂၀၀၀)ကျော်နှင့်လူဦးရေပေါင်း(၂၆၀၀၀၀)ကျော်ကိုမုန်တိုင်းနှင့်အတူအလူးအလဲခံစားစေခဲ့ပါ
သည်။အဆိုပါမုန်တိုင်းကြောင်း အိမ်ခြေပေါင်း(၂၀၃၈၀)ပျက်စီးဆုံးရှူံးခဲ့ရပြီး လူဦးရေ(၂၀၁၉၂၃)မှာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့
ကြရသည်ဟု ၀ီကီပီးဒီးယား တွင်ဖော်ပြထားသည်။

အခမ်းအနား ဂီရိ(၃)လပြည့်ဝမ်းနည်းခြင်း
အစီအစဉ်-ဖယောင်းတိုင်ထွန်းညှိပွဲ
နေ့ရက်-၂၂.၀၁.၂၀၁၁(စနေနေ့)မိမိနေရာပတ်ဝန်းကျင်တွင်ထွန်းညှိပေးကြပါရန်။

တိုက်တွန်းနှိုးဆော်သူ

Khine BraveHeart