Thursday, June 2, 2011

ပြည်သူ့ အော်သံ

မညီညာရေလမ်းထက်မှာ

ညီညွတ်မှု့မရှိရေ ခြီလှမ်းချေတိကြောင်း

နှစ်”နှစ်ရာကျော်ထီး လားနီကတ်ကေလေ့

ပန်းတိုင်ကမနီး ၀ီးဂျေးဝီးပနာ

ဇာမှာလေချင့်

ဇရာအိုနီဗျာလ် ရခိုင်ပြည်ကြီး

အားအင်တိနည်းပြီး နီညှိချိန်ရောက်ဖို့

ကံကြမ္မာတရားကြီါ်းက ထုထောင်းနိန်ချိန်မှာ
.

စည်းလုံးညီညွတ်ကတ် ရခိုင်ပြည်ကြီးအတွက်

အဖွဲ့ပေါင်းတရာအောက်မှာ

စည်းလုံးမှု့လက်နက် ကိုင်ခိုင်းနီရေပြည်သုများကို

အရူးလုပ်ဖို့အစား

စည်းလုံးကတ်ပါ ဂေါင်းဆောင်ကြီးယို့.......၊၊

အင်..............

နားခိုစရာအရိပ်မရှိ ပူပြင်းရေဂန္တရကြီးထဲ

မရေရာရေ အနာဂတ်အတွက်

ချစ်တဲ့ အဖရခိုင့်နိုင်ငံတော်ကြီးကို စွန့်ပနာ

ကမ္ဘာ့ နိုင်ငံအသီးသီးကို လားနိန်ကတ်ဗျာလ်

ရင်လီးဖို့အစား“ဆီ”မဖြစ်ရေ နှမ်းတစိပိုင်

ထိုဖွဲ့ ဒေဖွဲ့ ကိုယ်ထင်ရာ ကိုယ်စိုင်းနီကတ်ကေ

မြင်ကတ်ပါယင့်လား မျိုးချစ်ကြီးများ

ထေရ၀ါဒ အဖရခိုင့်နိုင်ငံတော်ကြီး

မကြာပါဗျာလ်

ကုလား နိုင်ငံတော်ကြီးဖြစ်လာပါဖို့...
...၊၊

ဟူး........

တထပ်စား ထမင်းအတွက်

ဒုက္ခရာဇာကြီး၏ လက်ကိုင်ဒုတ်အောက်မှာ

မျက်ရီစက်ပေါင်း မြောက်များစွာကိုပီးဆပ်

မလွတ်လပ်ရေ ဘ၀ချေတိအတွက် အားကိုးရှာနိန်သူကို

လိုရာတိကိုပြော လီထဲတိုက်ဆောက်ကာ

အာ..ကောင်းရေ ကျီးကန်းငှက်ချေပိုင်

အာ..အာ..အာနန့် လီနာဆီထိုးပြီး

ဇာလောက်ထီး နှိပ်စက်ဖို့သိလည်း ပြည်သူများကို.....။


ခိုင်နောင်ထွန်း(မြောက်ဦး)


.