Wednesday, January 5, 2011


ရခိုင်ပြည်တော်လှန်ရေး ပေါ်ပေါက်လာရခြင်းများ
အေဒီ ၁၇၈၄
ရခိုင်သက္ကရာဇ် ၁၁၄၆ ရခိုင်ပြည်ကို ဗမာကသိမ်းထားသည့်နောက်ပိုင်းကာ တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းသည် ရခိုင်လူထုကို ပုံစံအမျိုးမျိုးဖြင့် မျိုးတုံးအောင် ပြုကျင့် လျှက်ရှိသည့်ဖြစ်ရပ်ကို ရခိုင်လူထုက မြင်လာသည့်အခါ တံလျပ်ရေထင်ခဲ့သည့် ရခိုင်ပြည် ၏သစ္စာဖောက် မောင်သံတွေသည် ကိုယ်ဖော်သည့်ဆေးကို ကိုယ်မစားနိုင်သည့် အနေအထား သို့ ရောက်ရှိလာကာ နောက်ဆုံးကာလတွင် ရရာလူများကို စည်းရုံးကာ ဗမာမင်းကို တော်လှန်ခဲ့ရသည်။ သို့သော် ရခိုင်ပြည်ကို အပိုင်သိမ်းထားသဖြင့် တော်လှန်ရေး မအောင် မြင်ခဲ့ချေ။ မောင်သံတွေ၏သားဖြစ်သူ ဗိုလ်ချင်းပျံက တော်လှန်းရေးကို ဆက်လက်ဦးဆောင်ခဲ့ သည်။ ဗိုလ်ချင်းပျံသည် လက်ရုံးရည်ပြည့်ဝသော်လည်း နိုင်ငံရေးဘက်၌ စည်းရုံးရေးအားနည်း ခဲ့လေသည်။ ဗိုလ်ချင်းပျံသည် နိုင်ငံရေးဆက်လက် လှုပ်ရှားမှုမရှိတော့ဘဲ ချင်းတောင်တန်း ဒေသ၌ ခိုလုံနေရပြီး ၁၈၁၅ ခုနှစ်တွင် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်။
သို့သော် ရခိုင်တော်လှန်ရေးသည် ကျဆင်းသွားခြင်းမရှိပါ။ ရခိုင်ပြည်အတွက် တိုက်ပွဲဝင်နေ ကြသည့် ရခိုင်ပြည်တောင်ပိုင်း၌ ဗိုလ်သာဦး၊ ဇော်ဂျီဗိုလ်၊ တိမ်ကြားဗိုလ် စသည့် ရခိုင့်တော် လှန်ရေး အင်အားစုများကလည်း ရခိုင်ပြည်မြောက်ပိုင်းတွင်ရှိသည်။ ဗိုလ်ချင်းပျံ၏ ယောက်ဖ ဖြစ်သူ ဒေဒ၀န်းကြီးအောင်ကျော်ရွှီနှင့် ရခိုင်မင်းဆွေမျိုးများဖြစ်သည့် မင်းသားကြီးရွှေဗန်း၊ မြို့သူကြီးအောင်ကျော်ဇံ စသော ရခိုင်ခေါင်းဆောင်များက ရခိုင်တော်ရေးကို ဆက်ခံကြသည်။
ဗမာကိုမောင်းထုတ်ရန် မဟာမိတ်ဖွဲ့
ဗမာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ရောက်သွားသည့်အချိန်တွင်လည်း ရခိုင်တော်လှန် ရေးသည် အင်္ဂလိပ်စစ်ကူဖြင့် ဗမာကိုတိုက်ရန် စီစဉ်ရသည်။ ထိုစဉ်က အင်္ဂလိပ်နှင့် ရခိုင်တို့ သည် ဗမာတို့ကို တိုက်ရန် အချက်(၁၀)ချက်ပါသည့် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်ကို ရခိုင်ခေါင်းဆောင်နှင့် အင်္ဂလိပ်ခေါင်းဆောင်တို့က သဘောတူခဲ့ကြသည်။
ထိုပုဂ္ဂိုလ် များသည်
ရခိုင်ဘက်မှ-
() မင်းသားကြီးရွှေဗန်း
() မြို့သူကြီးအောင်ကျော်ဇံ
() ဒေးဝန်းကြီးအောင်ကျော်ရွှီ
အင်္ဂလိပ်တို့ဘက်မှ
() မင်းကြီး ဒိန်သျှန်
() ယ၀ါသတ်ခေါ် ရာပသိန်သတ် တို့ဖြစ်ကြပြီး အောက်ပါသဘောတူ အချက်(၁၀)ချက်ကို ချုပ်ဆိုခဲ့သည်။
() ဗမာကို ရခိုင်ပြည်မှ မောင်းထုတ်ရန်။
() အင်္ဂလိပ်ထဲမှ လက်နက်အကူအညီပေးရန်၊ စစ်သားအချို့ ကူညီရန်။
()စစ်ကာလအတွင်း အင်္ဂလိပ်တို့ထံမှ စစ်စရိတ်ထုတ်သုံးရန်။
() ရန်သူဗမာထွက်သွားပြီးနောက် ရခိုင်ပြည်ကို ရခိုင်အကြီးအကဲ(မင်းသား)များသို့ ပြန်အပ်ရန်။
() စစ်ပြီးသွားပါက စစ်အတွင်း အသုံးစရိတ်()ဆကို ရခိုင်တို့က အင်္ဂလိပ်တို့အားပေးရန်။
()အင်္ဂလိပ်တို့သည် ရခိုင်ပြည်သူတို့အား မရက်စက်မစော်ကားရန်နှင့် စာချုပ်ပါ ကတိများ တည်ရန်။
() စစ်ပြီးလျှင် အင်္ဂလိပ်အစိုးရသည် ရခိုင်ပြည်မှ လုံးဝဥဿုံ ထွက်ခွါပေးရန်။
() စစ်တိုက်လျှင် ရခိုင်တို့က ရှေ့ဆောင်လမ်းပြချီတက်ရန်။
() ကုန်းတပ်ရေတပ်တို့၌ နှစ်ဦးနှစ်ဖက် တာဝန်ယူရန်၊ တူညီမျှတ အားသွန်ခွန်စိုက် ရွပ်ရွပ်ချွန်ချွန် တိုက်ထုတ်ရန်။
(၁၀) စစ်အတွင်းရိက္ခာကို ရခိုင်တို့က လုံးဝတာဝန်ယူရန် တို့ဖြစ်သည်။
ထိုသို့ စာချုပ်ချုပ်ဆိုပြီးနောက် ရခိုင်နှင့်အင်္ဂလိပ်တို့က ပူးတွဲတပ်ဖြင့် ၁၈၂၄ ခု မတ်လတွင် စတင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်ကို စိုးမိုးနေသည့် ဗမာတို့လည်း ရခိုင်ပြည်မှ ဆုတ်ခွါသွားရသည်။ နောက်ပိုင်းတွင် ရန္တပိုစာချုပ်ဖြင့် ပြေငြိမ်းလိုက်ရသည်။

အင်္ဂလိပ်အကြံ
သို့သော် ရခိုင်ပြည်မှ ဗမာများကို ရခိုင်-အင်္ဂလိပ်ပူးတွဲစစ်ဆင်ရေးလုပ်ကာ အောင်မြင်စေကာမူ စာချုပ်ပါ ကတိအတိုင်း အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ရခိုင်ခေါင်းဆောင်များလက်ထဲသို့ ပြန်မ အပ်ဘဲ ၄င်းတို့၏ လက်အောက်ခံအဖြစ် သိမ်းပိုက်ထားသည်။ ရခိုင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးကာ ထောင်ချလိုက်သည်။ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် မင်းသားကြီးရွှေဗန်းနှင့် တခြားခေါင်းဆောင်များကိုလည်း ထောင်ထဲတွင် သေဆုံးသွားကြသည်။ ၁၈၈၅ ခုနှစ်တွင် ဗမာပြည်ကို အင်္ဂလပ်တို့သိမ်းယူနိုင်ခဲ့လေသည်။ ထိုအထဲတွင် တော်လှန်ရေးနှစ်မျိုး ပေါ်ပေါက် လာသည်။ ရခိုင့်တော်လှန်ရေးနှင့် ဗမာ့တော်လှန်ရေးပင် ဖြစ်သည်။ အင်္ဂလိပ်တို့သည် အာရှတ တိုက်လုံးအထိ သိမ်းပိုက်နိုင်လေသည်။ ထိုအချိန်တွင် တော်လှန်ရေးကာလသည် မှေးမှိန်သွား လေသည်။
အင်္ဂလိပ်တို့၏ ရန်ဘက်နိုင်ငံတခုအဖြစ် ဂျပန်က စတင်လာသည်။ အင်္ဂလိပ်က အာရှကို သိမ်းထားချိန်တွင် ဂျပန်ကလည်း အနောက်နိုင်ငံများကို သိမ်းပိုက်လာခဲ့သည်။

လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်အသျှင်ဦးဥတ္တမ
ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားဟောပြောလာမှု၊ လမ်းပြပေးမှုတို့ကြောင့် နောက်ပိုင်း ၁၉၂၀ ခုနှစ်ကာလတွင် ကျောင်းသားသပိတ်၊ လယ်သမားအရေးတော်ပုံတို့ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအချိန် ဂျပန်ကလည်း စစ်ရေးအရ တစတစကြီးထွားလာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာပြည်သည် ဂျပန်လက်အောက်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ရခိုင်တို့လည်း ဂျပန်ကို တော်လှန်ရေးစတင်ရလေသည်။ ရခိုင့်ခေါင်းဆောင်များဖြစ်ကြသည့် ဦးဘစော၊ ဦးသာထွန်းအောင်၊ ဗိုလ်ကြီးကြာလှအောင်၊ ဘုံပေါက်သာကျော် စသည့် ရခိုင့်ခေါင်းဆောင် တို့က ဂျပန်တို့ကို တိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၄၅ ခုနှစ်တွင် ရခိုင်ပြည်မှ ဂျပန်တပ်များဆုတ်ခွါသွားခဲ့ရာ ရခိုင်ပြည်တွင်(စီ-အေ-အက်စ် (ဘီ)ခေါ် စစ်အုပ်ချုပ်ရေး စတင်လာခဲ့သည်။ ယင်းကာလတွင် စစ်အုပ်ချုပ်ရေးသည် ပြည်သူ များကို နိုင်ထက်စီးနင်းကာ ဆိုးသွပ်ခဲ့သည်။ အမျိုးသမီးများကို မုဒိန်းကျင့်မှုများလည်း ရှိလာ သည်။ နောက်တွင် ဗမာဦးစီးဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သို့ ရခိုင်ခေါင်း ဆောင်များလည်း ၀င်သွားကြသည်။ ယင်းအချိန်တွင် ဆရာတော် ဦးစိန္တာ၊ ဘုံပေါက် သာကျော် စသည့်ခေါင်းဆောင်များကလည်း အင်္ဂလိပ်အစိုးရထံ လက်နက်မအပ်ဘဲ လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်ရလေသည်။

ရခိုင့်တော်လှန်ရေးဂယက်
၁၉၈၄ ခုနှစ် ဇန်န၀်ရီလ()ရက်နေ့တွင် ဗမာပြည်ကို အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးပြီး နောက်ပိုင်းတွင်မူ ဗမာတို့က ရခိုင်သူပုန်ချေးမုန်းရေး ကျဆင်းလာသည်။ ရခိုင့်ခေါင်းဆောင် တချို့လည်း လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ လက်နက်နှင့်ဒီမိုကရေစီလဲသည် ဆိုသည့် ၀ါဒကြောင့် ရခိုင့်တော်လှန်ရေး အဖွဲ့တို့သည် လက်နက်ချခဲ့သည်။
မည်သို့ဆိုစေကာမူ ရခိုင့်ခေါင်းဆောင်များ လက်နက်ချသွားသော်လည်း နောက်တွင်ကျန်ခဲ့ သည့် ကျော်ဇံရွှီဦးဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ(အေစီပီ)နှင့် မောင်စိန်ညွန့် ဦးဆောင် သည့် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ၊ ထွန်းရွှေမောင်ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်နှင့် ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တို့လည်း တော်လှန်ရေးလက်ဆင့်ကမ်းခဲ့ကြသည်။
နောက်ပိုင်း ၁၉၉၈ တွင်ဖွဲ့စည်းသည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦးနှင့် ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ၊ ဗိုလ်ရာဇာဦးဆောင်သည့် ရခိုင့်တပ်မတော် တို့ကလည်း လက်ဆင့်ကမ်းခဲ့ကြသည်။

ကိုလတ်(ခိုင်ရိုးမ)
ကိုးကား=
(၁) မြန်မာနိုင်ငံသမိုင်းသစ်
()တော်လှန်ရေးခရီးဝယ်(ဘုံပေါက်သာကျော်)
()ဦးလှထွန်းဖြူ(ဂေါတမ)ဘ၀နှင့်စာပေ
()နိုင်ငံရေးမှတ်စုများ
()ရခိုင်နိုင်ငံသမိုင်းသစ်(ပိုးလှအောင်-မူကြမ်း)