Thursday, July 7, 2011

နိုင်ငံခြားသား (၇)ယောက်ကို ဒေသခံအာဏာပိုင်တိက စစ်ဆီး


ရခိုင်ရိုးမ ကျောက်ဖြူ။ ။ မြန်မာ-တရုတ် ရီနံနန့်သဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ၀င်ရောက် လုပ်ကိုင်နိန်ရေ ပြည်ပနိုင်ငံခြားသား (၇)ယောက်ကို ကျောက်ဖြူ အာဏာပိုင်တိက ဖမ်းဆီးဗျာလ် စစ်ဆေး မိန်းမြန်းမှုတိ ပြုလုပ်ခကြောင်း သိရပါရေ။
CNPS South East Asia Pipeline Co., Ltd မှာ တာဝန် ထမ်းဆောင်နိန်ရေ အိန္ဒိယနိုင်ငံသား (၇)ယောက်ကို ကျောက်ဖြူ ရဲနန့် လ၀က ခေါ်ယူစစ်ဆေး လိုက်စွာဖြိုက်တေလို့ သိရပါရေ။

“ဒေလအစပိုင်းလောက်ကပါ၊ ကုလား ၇ ယောက်ကို ရဲကနိန်ပြီးကေ လ၀ကမှုနန့်ဆိုလားမသိ ဖမ်းရေလို့ကြားလိုက်တေ ၊ ထောင်မချပါ။ သူရို့ကို စွမ်းအင် ၀န်ကြီးဌာနက ထောက်ခံပီးလိုက်တေ“ လို့ ကျောက်ဖြူ ဒေသခံတဦးက ရခိုင်ရိုးမကို ပြောပြပါရေ။

ယင်းသို့ ဖမ်းဆီးမှုကို ရခိုင်ရိုးမက ဆက်သွယ်ခရာ ရဲဝန်ထမ်းတဦးက ဒေဂုပိုင် ဖြေကြားခပါရေ။
“သူရို့က သက်တမ်း ကုန်ဆုံးနိန်ပါဗျာလ်။ ယင်းအတွက်နန့် စစ်ဆေးမိန်းမြန်းစွာပါရာ”လို့ကျောက်ဖြူ မြိ့က အမည် မဖော်လိုရေ ရဲဝန်ထမ်း တယောက်က ရခိုင်ရိုးမကို ပြောပြပါရေ။

အဆိုပါ အိန္ဒိယနိုင်ငံသား၇ ဦးရေ CNPS South East Asia Pipeline Co., Ltd ၏ Sub Comtractor ဖြိုက်တေ Sievert India Pvt Ltd. ဖြိုက်ပြီးကေ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ၏ ကလာဘာ မြစ်ဖြတ်တေ ပိုက်လိုင်း မှာ ဂဟေ ဆော်ခြင်းနန့် စစ်ဆေးခြင်း လုပ်ငန်းတိကို ဆောင်ရွက်နိန်ရေ အလုပ်သမားတိဖြိုက်ပြီး နိန်ထိုင်ခွင့်သက်တမ်း ကုန်ဆုံးလားရေ အတွက် ဒေဂုပိုင် စစ်ဆေးခြင်းကို ခံရစွာဖြိုက်တေလို့ သိရပါရေ။

လုပ်သား ၇ ဦး အတွက် Stay Permit ရရှိရေးကို စွမ်းအင်ဝန်ကြီးဌာနရုံးက လ၀က ရုံးကို မေတ္တာရပ်ခံစာ ပို့ထားရကြောင်း သိရပါရေ။

သို့သော် တရုတ်ပြည်က အလုပ်သမား တချိုရေ သက်တမ်း ကုန်ဆုံးကေလဲ အာဏာပိုင်တိက စစ်ဆေး မိန်းမြန်းမှုမရှိဟု သိရပါရေ။
“ဒေမာက အိန္ဒိယလူမျိုးရှိရေ၊ အင်ဒိုးနိးရှား၊ ကိုးရီးယား ၊ တရုတ် စရေ လူမျိး အသီးသီးရှိရေ။ ယေဒါလဲ တရုတ်လူမျိုးကျကေ လွတ်လွတ်လပ်လပ် လားလာလို့ ရရေ၊ အာဏာပိုင်တိက စစ်ဆေးမှုတိလဲ မရှိ ၊တရုတ်ဆိုကေ ပိုအခွင့်အရေး သာရေ၊ တခြား နိုင်ငံခြားသား အလုပ်သမားတိထက်”လို့ စီမံကိန်းမှာ ၀င်ရောက် လုပ်ကိုင်နိန်ရေ ၀န်ထမ်း တယောက်က ပြောပြပါရေ။

မြန်မာ-တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို ဒေဂုအခါ ကျောက်ဖြူမြို့နန့် ကလာဘာမြစ် အနီးမှာ သွယ်တန်းနိန်ရေလို့ သိရပါရေ။