Showing posts with label ရယ်စရာ. Show all posts
Showing posts with label ရယ်စရာ. Show all posts

Sunday, November 20, 2011

ကာတွန့်

Ref: NiNi Htun Linn Facebook's wall မှ

Saturday, November 5, 2011

Tuesday, September 6, 2011

ပြုံးတော်မူပါဖိ

                    ကျေးဇူး

  အိမ်ရှင် ။ ။ ဒေပိုင် မီးမရခကေ အခင် သားသမီးတိ စာလေး ဖတ်ဖို့  မရဗျန်ယေ ဝေ--
မီးလုပ်ပီးသူ ။ ။ ဟုတ်ပါရေနားရာ အခင် ။ အခုတော့ အဆင်ပြီ လားပါဗျန် မနား ။ 
အိမ်ရှင် ။ ။ အေးဝေ- အခုတော့ အဆင်ပြီလားဗျန် ဒေ။ ကောင်းကောင်း ကျေးဇူးတင်ပါရေ ဝေ မင်းကို - တရွာတည်းသား ဖြိုက်လို့  - တော်ပါသိယင့် ဝေ-
မီးလုပ်ပီးသူ ။ ။   ယကေ - အားလုံး အဆင်ပြီကေ ကျွှန်တော် လားပါဖို့ ဗျန် အခင် ။ 
အိမ်ရှင် ။ ။  ကောင်းယင့်ဝေ- ကျေးဇူးတင်ပါရေ ဝေ-၊
မီးလုပ်ပီးသူ ။ ။ ယေကေကျွန်တော်လားပါဖို့ ဗျန် ဒေ။
အိမ်ရှင် ။ ။ ကောင်းယင့်ဝေ- ကျေးဇူးတင်ပါရေ ဝေ-၊
မီးလုပ်ပီးသူ ။ ။ ကျွန်တော် လားဖို့ ဗျန် ဆိုကေ ။
အိမ်ရှင် ။ ။ ကောင်းယင့်ဝေ- ကျေးဇူးတင်ရေ ဝေ- 
မီးလုပ်ပီးသူ ။ ။ ကျေးဇူးတင်လို့  မရပါလေ အခင် ။ 
အိမ်ရှင် ။ ။ ယော် - ကျေးဇူးတင်လို့ လေး မရလားဝေ- မင်းကျေးဇူးကြောင့် အခင်သားသမီးတိ စာဖတ်နီ ကတ် ဗျန်ထောဝေ- 
မီးလုပ်ပီးသူ ။ ။ ကျေးဇူးတင်ရေဆိုစွာ ဖေ့ချာနင့်လေး ကျေးဇူးတင်စွာမျိုး ဟိရပါဖို့ လေ- အလကား တော့ ဇါပိုင် ရပါဖို့ လေး ယေ။
အိမ်ရှင် ။ ။ အော် -အခင်က အလကား လုပ်ပီးစွာ ထင်လို့ ဝေ- မင်းရို့ ကလေး - တရွာတည်း သား ဒေပိုင် မီး မရခကေ ကူညီရဖို့  စွာကို ထားလို့  - မီးလုပ်ပီးသူမှာ အိမ်ရှင်ဝါကြီးက မပီးချင် ပီးချင့် ဖေ့ချာကို ယူပနာ လားခရပါရေ ထော ။ ---------------- --------------- ---------------- -----------------------------

           ပါရမီ

     ပရိသတ်တယောက် ။ ။ ဒေလူက စကား ပြောကောင်းရေ ။ နာမည်လေးကြီးရေ လူဖြိုက်လို့  လူတိ သဘောကျ ကတ်တေထော ။
 ဒုတိယလူ ။ ။ ဟုတ်တေ ၊ ဒေလူကို တနားနီကေ ကျွှန်တော့်နင့် အသိ သတင်းထောက်တယောက်က အင်တာဗျူး လုပ်ဖို့  လတ် ။ 
 ပရိသတ်ထဲက နောက်တယောက် ၊ ။ ထော -ထိုမှာ ယင်းလူ စင်မြင့် ထက်က အောက်ကို ဆင်းလာလို့  အင်တာဗျူးတိ လုပ်နီဗျန် ၊ လားပနာ တချက် နားထောင်ကတ်မေ ။
 ဒုတိယလူ ။ ။ ယော် - ဒေလူ အင်တာဗျူး ပြောစွာက ဒေပိုင်ဖြိုက်လာစွာ ပါရ မီကြောင့် လို့  ပြောရေကာ ။ ပရိသတ်တယောက် ၊ ။ ဟုတ်တေ -အကို့  သတင်းထောက်က မီးစွာ က ဒေပိုင် နာမည်ကြီးလာဖို့  ဒေနီရာမှာ ဇါပိုင်ဖြိုက်လို့  ရောက်နီရေလေ လို့  မီးရေလေ ။ သတင်းထောက် က ဇါပိုင် ဒေနိုင်ငံကို ရောက်လာခလေ၊ ဇါကြောင့် စင်မြင့်ထက် တက်ပနာ ဟောပြောနီရလေ လို့  မီးစွာ ကို ဖြီစွာလေ ၊
 ဒုတိယလူ ။ ။ အော် - ပါရမီကြောင့် ဒေနီရာကို ရောက်တေ လို့  ပြောစွာကိုး။ ယေကေ သူ့ ကို ဒေပိုင်ဖြိုက်လာဖို့  အတွက် လုပ်ပီးခရေ လူတိ ၊ ပံ့ပိုးခရေလူတိကိုဝါ သူက ထည့်မပြောဗျန် လားချင့် ။

                                       ဘ၀ 

 ဆွမ်းတကာ ။ ။ စားဗြီးကေ သပိတ် ဆီးပနာ အိပ်ပလိုက်ဖို့ ဗျန် ဒေ ။
 မောင်ရှင်ချေ ။ ။ ယော် - ယေဇူးနင့် မနားယေ ၊ ဆရာတော်က ဆွမ်းတကာကို ဘ၀ကို မသိလို့  ပြောနီစွာ   ဆွမ်းတကာ ။ ။ မောင်ရှင်ချေ ၊ စားဗြီး မအိပ်ကေ ဇါလုပ်ခြီ ရဖို့ လေး၊ ယင်းချင့်နင့် ဘ၀ကား တခုချေလေး မဆိုင်ကာ ။
မောင်ရှင်ချေ ။ ။ ဆွမ်းတကာမှာ စားဗြီးစွာနင့် အိပ်ပလိုက်ဖို့  ဆိုကေ ပြောလေး ပြောဖို့  နားရာယေ- ဘ၀ကို မသိလို့  - ပြောရေ လူက မှားစွာကား မဟုတ်ယေ။ 
ဆွမ်းတကာ ။ ။ ယာ - ဇါလောက် ချက် ကြည့်ထော ။ ဆွမ်းတကာမှာ စားဗြီး မအိပ်ကေ ဘုန်းကြီးတိပိုင် စာဖတ်နီရဖို့  လား ၊ ဘ၀ဆိုစွာ ကိုယ်နင့် ဇါချင့်လေး ဆိုစွာ သိမှရာယေ ။ ဘုန်းကြီးအလုပ် ဘုန်းကြီး လုပ် ၊ ဆွမ်းတကာ အလုပ်ကို ဆွမ်းတကာလုပ်စွာက ဘ၀ယေ -မှတ်ထား မောင်ရှင်ချေ။ 
                   
                 မဆိုင်ကေ မပြောဗျန်

တရားသူကြီး ။ ။ ဇါဖြိုက်လို့  လင်မယား ကွာချင်ရေ ဆိုစွာကို ပြောပြဝေ ။ ယေမှ မင်းမယားမှာ အပြစ်ဟိကေ ကွာဖို့  စွာကို လုပ်ပီးလို့  ရဖို့ ။ 
ကွာချင်သူ ။ ။ မကွာဘဲနင့် ယင်းသူ့  အပြစ်တိကို ပြောကေ ကျွှန်တော်ရာ နာမည် ပျက်ဖို့  ၊ အခုအချိန်မှာ မကွာခင် မယားဖြိုက်နီပါသိရေ ။
တရားသူကြီး ။ ။ ( တနားချေ စိုင်းစားပနာ ) ကောင်းဗျန် ၊ မင်းကို ကွာခွင့်ပြုလိုက်ဗျန် ၊ မင်းမယားမှာ ဇါလောက်ပင် ကွာရအောင်အပြစ် တိ ဟိခလေ ဝေ။
ကွာချင်သူ ။ ။ အခု ဒေကလေ့မေနင့် ကျွန်တော် ကွာဗြီးဗျန် ဖြိုက်လို့  သူ့ အကြောင်းကို ပြောလို့  မရပါဗျန် ။ ဇါဖြိုက်လို့  ဆိုကေ အသရေဖျက်မူနင့် ကျွန်တော့်ကို တရားစွဲကေ ကျွန်တော်ရာ အပြစ်ကျပါဖို့  ၊ သူနင့် ကျွန်တော် မဆိုင်ပါဗျန် နန်း ။

                                အားလုံး

သား ဖြစ်သူ ။ ။ ဒေကနိ စာမီးပွဲ အောင်စာရင်းထွက်တေ မေမေ ။
မိခင် ။ ။ ယေကေ သားသူယ်ချင်းတိ အောင်ကတ်ယင့်လား ။ 
သားဖြစ်သူ ။ ။ ဇါပိုင် အောင်ကတ်ဖို့ လေး မေမေ ၊ မေမေကို ပြောရေမနား ။ ဒေနှစ်စာမီးပွဲက ကောင်းကောင်း ခက်တေလို့ ။
မိခင် ။ ။ အော် - ယေကေ သားက၀ါ အောင်ယင့်လား ယေ ။
သားဖြိုက်သူ ။ ။ ယင်းလောက် ခက်တေ စာမီးပွဲမှာ မေမေ - အားလုံးသူ ရှူစွာပါယေ -။

Monday, August 1, 2011

လောင်ပွန်းနင့် ပုဂံဇတ်လမ်း

တနိသ၌ အထက်အောက်ပြည်ကို ခရီးလားရာက ရွာကို ပြန်ရောက်လာသူ ဖိုးသူတော်နင့် တွိ၏ ယေခါ သူတယောက်တည်း လာစွာမဟုတ်ကြောင်း ပြောပြ၏ ဇါသူမသေ ပါယင့်လဲ ဆိုပနာ မီးကြည့်ရေအခါ ဖိုးသူတော်မှာ အိမ်သူသက်ထား မယား တယောက်ပါ ခေါ်လာရေဟု ဆို၏ ယေဇူးနင့် ဖိုးသူတော်က မိတ်ဆွီဟောင်းကို တွိ၍ ထမင်းကျွေးဖို့  ခေါ်ရေအတွက် လိုက်လားခရသည်။ အိမ်မှာ ဖိုးသူတော် မယားကို တွိ၍ စကားပြောပြီးနောက် အိမ်ရှေ့ ကွပ်ပြစ်မှာ ထိုင်ဗျာ စကား ပြောနီကတ်ရသည်။ ထမင်းစားချိန်လည်း မရောက်သိရေအတွက် အရက်ပုလင်းကို လူအလယ်မှာ ထားဗျယ် အငယ်ချေခါက အကြောင်းတိကို သောက်ယင်းစားယင်း ပြောဖြစ်နီကတ်သည်။
ဖိုးသူတော် ။ ။ ဟလူ-ယောက်ဖ- ငါကား သီရကျိုးပင် နပ်တေထင်ရေ - ဇါဖြစ်လို့ ဆိုကေ ငါ့ အတွက် အိမ်ဖေါ်ကောင်းတယောက် ကောင်းကောင်း ရလားခစွာရာမနား နန်း ။
သူငယ်ချင်း။ ။ အော် -ဟလူရို့ က မယားတယောက်ရလို့  ယင်းချင့်ကို ပြောစွာရာလား - ယင်းပိုင်ဗျန်ကား ဟလူ- အိမ်ထောင်ကျကေ အိမ်ထောင်တာဝန် ယူကတ်ရစွာက မမ တာဝန်တိရာမနား ယေ ။
ဖိုးသူတော် ။ ။ မတူပါဝေ- ဟလူ- ငါ့မယားက တခြားလူမျိုးဆိုရေအခါ ငါ့အလိုကိုလဲ ကောင်းကောင်းလိုက်ရေကာ ဝေ-
သူငယ်ချင်း။ ။ ဟုတ်ဖို့ လားချင့်ဝေ- မင်းအလိုကို လိုက်တေ ဆိုစွာ - ငါ့ကိုတော့ မလိမ်ကေ့နန်း - ငါက လက်တွိ သမားဝေ- ။
ဖိုးသူတော် ။ ။ ငါတခွန်းထဲ ပြောမေဝေ- ငါက ငါ့မယားကို လုပ်ကျွေးနီစွာနန်း- ယင်းပိုင်လုပ်ကျွေးနီယင့်သားနင့်ရာ ငါ့စကားကို နားမထောင်ကေ အခုအိမ်ထက်က ကျောက်ထုတ်ပလိုက်ဖို့ ယေ ။
ဖိုးသူတော်နင့် သူငယ်ချင်းနှစ်ယောက်မှာ မီးတောက် တောအရက် တပုလင်းခွဲ ကုန်လို့  နောက်တပုလင်းမှာ တပိုင်းတောင် ကုန်နီပါဗျယ်။ အောက်သူမယားကလညဲ ချက်ပြုတ်နီရာက မကျက်သိလား မဆိုနိုင်။ ထမင်းစား
ဖို့  အချိန် ကျဗျယ်လို့  မခေါ်သိ ။
သူငယ်ချင်း ။ ။ ဖိုးသူတော် -ဟလူ- ငါ့အပြောင်းကိုလဲ မမင်းသိရေ - မင်းအကြောင်းကိုလဲ ငါသိရေ ဝေနန်း- ကောင်းဗျယ် ဝေး -မင်းစကားကို မင်းမယား ဇါလောက်နားထောင် လေ ဆိုစွာကို ကြည့်ရဖို့ နားရာ ယေ-
ဝေး ။ ဒေမှာ ထမင်းစားဖို့  အတွက် လောင်ပွန်းကို ယူခဖိလို့  ပြောလိုက်ဝေ-
ဖိုးသူတော် ။ ။ အိမ်ထက်မှာ မစားလားဝေ ။ ကွပ်ပြစ်မှာရာ စားဖို့ လား ။ ကောင်းယင့် - ဟလူ- အခု ပြောလိုက်မေဒေ။
သူငယ်ချင်း ။ ။ တခွန်းထဲ ပြောနန်း ။ ထမင်းစားဖို့  စွာကို ရှင်းပြနီစရာ မလိုဒေ။
ဖိုးသူတော် ။ ။ လောင်ပွန်း - လောင်ပွန်း လောင်ပွန်း
သူငယ်ချင်း ။ ။ သုံးခွန်းတောင် ခေါ်လိုက်ရဗျယ်ကား ဝေ- ဟလူယောက်ဖ- ရခိုင်သား သိက္ခာကျရေ ဝေး ။ ဒေပိုင် ကလေ့မေ မျိုးဆိုကေ ငါက နရင်းအုပ်ပနာ အခုချက်ချင်း ကွာပလိုက်တေယေ-
ဖိုးသူတော် ။ ။ လောင်ပွန်း ။ လောင်ပွန်း လောင်ပွန်း လောင်ပွန်း ။ ထမင်းစားဖို့  လောင်ပွန်း မပီးလာကေ နင်ဆင်းလာလီဖိ - ဝေး ။။။။။။။။။။။။။

Sunday, July 31, 2011

ပြုံတော်မှူပါဖိ(ရီစရာ)

တန်ရာ တန်ရာ


သိကြားမင်း ။ ။ ငါပြောရေ စကားကို မင်းနားလည်လား မာတလိ၊
မာတလိ ။ ။ နားလည်ပါရေ သိကြားမင်း ။ အခုပြောနီရေ စကားက ရခိုင်စကားရာ ပါ မနား။
မာတလိ ။ ။ ဟုတ်တယ် - ဒေစကားတိကို ပြောတတ်အောင် ဇါပိုင် လုပ်ရဖို့ လဲ ဆိုစွာကို သင်တန်းတက်ဖို့  အတွက် ငါလူ့ ပြည်ကို တနားချေ လားလိုက်ရဖို့ ဗျယ်ဒေ။
မာတလိ ။ ။ သိကြားမင်းက ရခိုင်လူမျိုး ဖြစ်ယင့်သားနင့် ရခိုင်ပြည်မှာ ရခိုင်စကားပြော သင်တန်းတက်ဖို့  လားပါဖို့ လား ။ လူတိ ရယ်နီကတ်ပါမေယေ ။
သိကြားမင်း။ ။ မင်းနားမလည် ပါသိဝေ ၊ ငါ့စကားကို ငါ့သားသမီး နားမလည်လို့  ပြသနာယေဝေ ။ သူရို့ က ရခိုင်စကား မပြောလေဝေ ။။။။။

×××××× ××××××× ××××××××× ×××××××× ×××××× ++++++++++

ရခိုင် ညီလာခံ
ဥက္ကဌ ။ ။ ဒေနိ ညီလာခံ ဗြီးလို့  ဟိကေ အစီးအ၀ီး တက်ရောက်သူ ကိုယ်စားလှယ်တော်ကြီးရို့  မိတ်ဆုံတွိဆုံ ညဇါစားပွဲ တက်ကတ်ရပါဖို့ ယေ ။
အခန်းအနားမှူး ။ ။ ယေကေ ဒေချင့်ကို ညီလာခံမှာ ကြော်ငြာပီးလိုက်ရပါဖို့ လား ။
ဥက္ကဌ ။ ။ ဟုတ်ပါရေ - ကြော်ငြာပီးလိုက်ပါ - ယေမှရာ အသင်းသူ အသင်းသားရို့  ဥက္ကဌ တိ အတွင်းရီးမှူးတိနင့် ရင်းနှီးမှူ ရလားကေ လုပ်ငန်းတိ အောင်မြင်လားဖို့  အခြီအနီ ဟိပါရေ လေ ။
အခန်းအနားမှူး ။ ။ ဥက္ကဌ ရို့  မယားတိနင့် အသင်းသူ အသင်းသား မယားတိနင့် မိတ်ဆုံတွိဆုံ ညဇါစားပွဲမှာ တခါတည်း ဖိတ်လိုက်ရပါဖို့ လား ။
ညီလာခံခမ်းမအတွင်းမှာ -၁၅-မိနစ် ခန့်  အသံမကြားရပါ ။ တိတ်လားခပါရေ ။
ဥက္ကဌ ။ ။ အခုသက ညီလာခံ တနားချေ ရပ်လားစွာကို တောင်းပန်ပါရေ ၊ အခန်းနားမှူး ပြောရေအတိုင်း မိတ်ဆုံတွိဆုံ ညဇါ စားပွဲမှာ မယားတိက မတက်ရောက်နိုင်ပါယေ- ဇါဖြစ်လို့ ဆိုကေ
ဥက္ကဌ မယားရို့  အတွင်းရီးမှူး မယားရို့  က အောက်သားလူမျိုးတိ တခြားလူမျိုးတိ ဖြစ်နီရေအခါ အသင်းသူ အသင်းသားရို့  မယား စကားတိကို နားလည်ဖို့  မထင်လို့  မဖိတ်ကြောင်း ကြော်ငြာပီးလိုက်ပါ လေ ။။။

+++++++++ ++++++++++ +++++++++ ++++++++++ ++++++++++ +++++++++ ++++++++ ++++++++++

ဘောလုံးပွဲ

မောင်ဖြူချေ ။ ။ အမှန်ရာ ဆိုကေ ယင်းသူရို့  နိုင်ဗြီးသား ပါရာ ယေ ။ ကျွန်တော်ကတော့ခါ ယင်းသူရို့  ဖက်ကို အားပီးစွာပါဒေ ။ ဒိုင်လူကြီး မကောင်းလို့ ပါရာ ။
မောင်နီချေ ။ ။ ထားလိုက်ပါ အကို - ယင်းသူရို့  အကြောင်း ၊ အကို က ဇါလောက် သိလို့ လဲ - ဒေကောင်တိက ညစ်ပတ်တေ- ယေဇူးနင့် ရှုံးလိုက်ရစွာ ယေ ။
မောင်ဖြူချေ ။ ။ နှစ်ဖက်စလုံး ညစ်ပတ်ကတ်စွာရာ ဝေ- တဖက်လဲ ကောင်းစွာကား မဟုတ်ကာ ၊
မောင်နီချေ ။ ။ ယေချင့်ဗျယ် - ဒိုင်လူကြီးလဲ ညစ်ပတ်စွာ ကမ်းကုန်ရေ ။ ရခိုင်သားပွဲပါရာ အကို ။ နှစ်ဖက်စလုံး ညစ်ပတ်ရေပိုင် ဒိုင်လူကြီးတိကပါ ညစ်ပတ်တေဆိုစွာကို သိထားကေ သူရို့ ဘောလုံးပွဲကို ကြည့်ရစွာ
ကောင်းစွာဗျယ်ကား ယေ ။


------------------------------- ------------------------- ===================== ------------------------

ကန်တော့ပွဲ

ကျောင်းဆရာ ။ ။။။ ဒေနိခါ တပည့်ရို့  ဆရာကန်တော့ပွဲ လုပ်ဖို့  ဆိုကေ ဆရာက တခုအကြံပီးချင်ရေ ။
ကျောင်းသား ။ ။။။ ဟုတ်ပါယင့် - ဆရာကန်တော့ပွဲ အစီအစဉ်မှာ ဖျော်ဖြေပွဲရို့  လုပ်ဖို့  စီစဉ်ထားပါရေ ။
ကျောင်းဆရာ ။ ။။။ ဖျော်ဖြေပွဲ လုပ်ဖို့  စွာထက် မင်းရို့  ဆရာကတော်ကိုပါ ကန်တော့ပွဲ လုပ်ဖို့  ပြောချင်ရေ ဝေ ။


--------------- ====================

Monday, July 25, 2011

မိုးလီဝါသကို သတင်းမီးခြင်း(ဖြစ်ရပ်မှန်)



ဂုရက်ပိုင်းအတွင်း ရခိုင်ပြည်အတွင်း မာမိုးကကောင်းကြီးနီရေ
။”တနင်္ဂနွီမိုးကြီးစီ ရွာလီခုနှစ်ရက်” စကားအတိုင်း မိုးက
တပါတ်လုံးလုံးဆက်တိုက်ရွာနိန်ရေ၊
ဟိုတရက်နိက ရွာရေမိုးစွာ တောင်ကုတ်မာ ၂၉. လက်မ၊ ကျောက်တော်မာ ၁၀
လက်မကျော်၊ မြောက် ဦးမှာ ၁၀လက်မ လတ်၊ ရခိုင်ပြည်နီရာ အနှံ့
အိမ်တိရီမြုပ်၊လမ်းတိပိုင်း၊ တံတားတိကျိုး အစဟိရေ သတင်းတိကိုဖတ်နီရရေ။
ကြားနီရရေ၊ဟိုတရက်နိက စစ်တွေမှာ ရွာခရေ မိုးကလေ့
ကြောက်ကောင်းထမန်း၊တစ်ခါလေ့မကြုံဖူးအောင်ရွာခရေ။ မိုးရီချိန် လက်မ
၃၀လောက်ဟိဖို့ထင်မိရေ၊
သို့သော် အတိအကျကိုသိရအောင်လို့ မိုးလီဝါသဌာန ကို ဖုန်းဆက်ပြီးကေ မီးကြည့်ရေ။
“ဟယ်လို ၊စစ်တွေမိုးလီဝါသ ဌာန ကပါလား၊”
“ ဟုတ်ပါရေအကို၊ ဇာကိစ္စပါလဲ”
“ သြော် ၊ညကရွာခရေ မိုးရီချိန်လက်မသိချင်လို့ပါ”
“အင်း ၊ဟုတ်ပါရေ၊ ညကမိုးရီချိန်လက်မက ၇ လက်မတည်းရလိုက်ပါရေ”
“အောင်ဟုတ်ပါလား အကျွန်က လက်မ၃၀လောက်တောင်ရွာခဖို့ထင်နီစွာ”
“ အင်း ၊ဟုတ်လီဖို့ကို၊ ညကမိုးကထွက်ပေါက်မရအောင်ရွာနီရေခါမနား၊
မိုးရွာနီတုန်းထီးဆောင်းလို့ တိုင်းခီကေတော့ အများကြီးရလီဖို့ကို ၊
ဂုကတော့ မိုးရွာနီတုန်းပျင်းလို့လေ၊ မိုးသာမှ တိုင်းခီရေခါ ကား ၇ လက်မ ရာ
ရလိုက်တေကို။“

မြ၀ါ

Tuesday, December 21, 2010

ကိုသာဒိန် နန့် နာရီ (တပျင်းရယ်ရပါရေ)

ကိုသာဒိန် လပျိုဘဝက မှတ်မှတ်ရရ လူတယောက်နန့် တွိဖူးရေ။
တရက်နိန့် ခင်နန့် ချိန်းထားရေ လဖက်ရည်ဆိုင်မှာ ရောက်နိန်စွာ အချိန် တနာရီလောက် ကြာနိန်ဗျာလ်။ ခင်က ရောက်မလာသိမ့်။ ဇာနှစ်နာရီ ရှိဗျာလ်လဲလို့ နာရီကို ကြည့်လိုက်ခါမှ နာရီက ပတ်လို့ မပါလာ။ ယင်းပိုင်နန့် ဘေးခုံက အခင်ကြီး တယောက်ကို လှည့်ပနာ"ဇာနှစ်နာရီ ရှိပါဗျာလ်လဲ၊ အခင်။" လို့ မိန်းမိရေ။
ယင်း အခင်ကြီးက ကိုသာဒိန်ကို တချက် ကြည့်ပနာ "မပြောနိုင် ဝေး။" လို့ ပြန်ပြောလိုက်တေ။
ကိုသာဒိန်လည်း ကကောင်း အံ့သြလားပနာ "ဇာဖြစ်လို့ပါလဲ၊ အခင်။ အချိန်ကို တခေါက် ပြောလိုက်စွာနန့် အခင့်အတွက် ဇာနစ်နာလားပါဖို့လဲ။" လို့ ပြုံးပနာ ပြန်ပြောလိုက်တေ။"ဇာပြောရေ ဝေ။ ဇာနစ်နာလားဖို့လဲ၊ ဟုတ်လာ။ နစ်နာစရာ ရှိလို့ မပြောစွာ ဝေး။""အချိန်ကို တခေါက် ပြောစွာနန့်ပင် ဇာနစ်နာလားပါဖို့လဲ၊ အခင်။""အဝေး၊ ငါက အချိန်ကို ပြောလိုက်စွာနန့် မင်းက ငါနန့် ရရင်းနှနှီး စကားပြောချင်လာဖို့။ ဟုတ်တေ မလား။""ဖြစ်နိုင်ပါရေ အခင်။"
"အေး၊ ရင်းနှီးဗျာလ်ဆိုစွာနန့် မင်း ငါ့အိမ်ကို အလည်လာချင်လာဖို့၊ ဟုတ်တေမလား။"ကိုသာဒိန် လည်း အံ့သြစိတ်ကို မမျိုသိပ်နိုင်ဘဲ "ဟုတ်ပါရေ၊ အခင်။" လို့ သံယောင်လိုက်ပနာ ထောက်ခံ လိုက်တေ။" ငါကလည်း ကိုယ့် အိမ်ကို လာရေ အာဂန္တုဆိုပနာ လဖက်ရည်ချေယချေ တိုက်မိဖို့။"
"ဖြစ်နိုင်ပါရေ၊ အခင်။""လဖက်ရည် သောက်ပြီးစွာနန့် လဖက်ရည် လာချပီးရေ ငါ့သမီးကို လဖက်ရည် ကောင်း ကောင်းပါရေလို့ ပြောပနာ၊ မင်း ငမ်းချင်လာဖို့။"    "အင်း ဖြစ်နိုင်ပါရေ၊ အခင်။"
"ယင်းပိုင်နန့် ငါ့သမီးနန့် ရင်းနှီးမှု ရှာပနာ၊ မင်း ငါ့သမီးကို ထိုခေါ်၊ ဒေခေါ် လုပ်လာဖို့။"
"အေဟင့်လည်း လူငယ်တိ သဘာဝအရ ဖြစ်နိုင်ပါရေ၊ အခင်။""ငါ့ သမီးကလည်း  မင်း မလာကေ၊ ထိုယောင်၊ ဒေယောင်နန့် မျှော်တတ်လာဖို့။""မမ သဘာဝပါရာမလား။ ဖြစ်နိုင်ပါရေ။"
"နောက်ဆုံးမှာ တယောက်ကို တယောက် မတွိရ မမြင်ရကေ မနိန်နိုင်၊ မထိုင်နိုင် ဖြစ်လာကတ်ပနာ၊ ငါ့ဘားမှာ အခင့်သမီးကို ကျွန်တော် လက်ထပ်ပါရဇီလို့ မင်း လာတောင်းလာဖို့။"ကိုသာဒိန်လည်း   အေတခါ မအောင့်နိုင်ဘဲ ရယ်လိုက်ပနာ "ဟုတ်ပါရေ၊ အခင်။ ကကောင်း ဖြစ်နိုင်ပါရေ။" လို့ ထောက်ခံ လိုက်ပါရေ။
ယင်းခါ အခင်ကြီးက ထိုင်နိန်ရေ ခွီးပုခုံချေက ထလိုက်ပနာ "လချိုင်၊ မင်းပိုင် နာရီချေ တလုံးတောင် မပိုင်ရေ ကောင်နန့် ငါ့သမီးကို သဘောတူရဖို့လား၊ ဝေး။" လို့ ပြောပနာ ကိုသာဒိန်နားက သသွက်ချေ ထွက်လားခလီပါယင့်။

စံဂိုးအောင်