Wednesday, December 29, 2010
Tuesday, December 28, 2010
Thursday, December 23, 2010
ပထွီးယုတ်လက်အောက်က ရခိုင်ပြည်
ပထွီးယုတ်လက်အောက်က ရခိုင်ပြည်
ဖိုးခေါင်တောင်ထက်မှာမျဉ်းဖြောင့်တကြောင်းဆွဲကြည့်ကတ်ဖို့ဆိုကေအကို ဇာနီရာမှာမဆိုပါဖြစ်အောင်ပါဖို့ဆို။ လို့ ပြောထားပါရေ။
အကျွန့်အနီနန့် ပြောရဖို့ဆိုကေတော့ခါ ရခိုင်သားတိအားလုံး စစုစစည်းနန့် အိပ်ဇိုးဒတ်(Exodug)သင်္ဘော ချေတစင်းလောက် ဆောက်နိုင်ကတ်ဖို့ဆိုကေ ယင်းသင်္ဘောကုန်းပတ်ထက်မှာ သံချီးပင်ခေါက်ရခေါက်ရ၊လက် အံသီအောင် ရီပင်ပစ်ရပစ်ရ လိုက်ချင်ပါယင့် ----။ ။”ကြောက်တတ်တေလူစွာ အမြဲတမ်းအခြောက်ခံရရေ”ရခိုင်သားတိုင်း လွတ်လပ်အီးချမ်းနိုင်ကတ်ပါစီ။
ရခိုင်သားချေ
Wednesday, December 22, 2010
သမိုင်းကိုပျောက်အောင် မဖျောက်မိကြဖို့  လိုအပ်
သမိုင်းကိုပျောက်အောင် မဖျောက်မိကြဖို့  လိုတယ်
Wednesday, December 8, 2010
လူမျိုးတိုင်းမှာ သမိုင်းရှိသည်။ မဖေါ်ပြလို၍ မရေးသားကြခြင်းနှင့် မလိုအပ်၍ မရေးသားပေးကြခြင်းမျိုး။ ယခုတလောဖတ်နေရသော ဆောင်းပါးများတွင် လူမျိုးနှင့် ပါတ်သက်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် ပါတ်သက်သောဆောင်းပါးများကို ဖတ်ကြငြင်းကြ ပြောနေကြသည်။ အမှားတွေကို တွေ့ နေရတော့ ပြောကြဆိုကြပေလိမ့်မည်။ စင်စစ်အားဖြင့် ကျွန်တော်ပင်လျင် ဤအကြောင်းကို ၀င်၍မဆွေးနွေးချင်။ သို့ သော် နောင်လာနောက်သားတွေ၊မျိုးဆက်သစ်
ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ်ဆိုခြင်း
ပြည်ထောင်စုမြန်မာနိုင်ငံခေါ်ဆို
နယ်ချဲ့ အုပ်ချုပ်သူ ဗမာစစ်အာဏာရှင်တို့ သည် အခြားသောလူမျိုးများအား တိုင်းရင်းသားလူမျိုးများဟု ခေါ်ဝေါ်သတ်မှတ်ပြီး သူတို့ လူမျိုးကိုမူ ဗမာလူမျိုးဟု ခေါ်ဆိုသတ်မှတ်ထားကြသည်။ ယင်းဌါနေတွင် နေထိုင်ပါလျက် ဗမာလူမျိုးများမှာ မည်သည့်အတွက်ကြောင့် ဗမာတိုင်းရင်းသားလူမျိုးဖြစ်သည်
ဗမာတိုင်းရင်းသားလူမျိုးတို့ ထံသို့  ဗုဒ္ဒဘာသာရောက်ရှိလာခြင်း
ဗမာတိုင်းရင်းသားလူမျိုးတို့ မှာ ယင်းအချိန်က ယခုအချိန်ကဲ့သို့  သီးခြားဗမာလူမျိုးဟူ၍ မခေါ်ဆိုသေး။ သူတို့ ထံသို့  သီဟိုဋ်နိုင်ငံမှသာ ဗုဒ္ဒဘာသာယဉ်ကျေးမူ ရောက်ရှိလာခြင်းဖြစ်သည်။ အေဒီ ၁၄ ရာစုနှစ်မှာမှ ဗုဒ္ဒဘာသာရောက်ရှိလာရာ စာပေယဉ်ကျေးမူမှာ ရခိုင်လူမျိုးများထက် လွန်စွာနောက်ကျမှရောက်ရှိခြင်ြး
မျက်မှောက်ကာလ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်လိုကြမူ
ယခုတလော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် ဒုတိယပင်လုံညီလာခံအရေးတွေ ဆွေးနွေးရေးသားကြသည်။ ဤအခါမိမိတို့ လိုရာ ဆွဲပြီးရေးသားနေကြသည်ကို တွေ့ မြင်ရသည်။ သမိုင်းကိုမသိဘဲ လိုရာကိုကောက်ချက်ချကာ ရေးသားနေကြသည်ကို ၀မ်းနည်းဘွယ်တွေ့ မြင်ရသည်။ စောစောကပြောခဲ့သလို ရခိုင်လူမျိုးတို့ မှာ ထီးမွေနန်းမွေပျောက်ကာ လူမျိုးပေါင်း သိန်းနှင့်ချီကာ အသတ်ခံခဲ့ရသည်။ နိုင်ငံလည်းပျောက်ခဲ့ ကြရသည်။ သက္ကရာစ် ၈၁၆ ခုနှစ်တွင် ရခိုင်ရှင်ဘုရင် မင်းခရီနှင့် အင်းဝဘုရင် တို့ ရခိုင်ရိုးမတောင်( ဖိုးခေါင်တောင် ) တွင် နှစ်နိုင်ငံစာချုပ်ဆိုခဲ့ ကြသည်။ ဖိုးခေါင်တောင်၏ အရှေ့ဖက်ကို အ၀ဘုရင်နိုင်ငံပိုင်သည်ဆိုပြီး အနောက်ဖက်ကို ရခိုင်နိုင်ငံတော်၏ အချုပ်အချာ အာဏာပိုင်နိုင်ငံဟု ခေါ်ဝေါ်သတ်မှတ်အသိအမှတ်ပြုခြဲ့
မြောက်ဦးဘုရင် မဟာသမတရာဇါမင်းလက်ထက်တွင် ဗမာဘုရင်မောင်ဝိုင်းက မကြေညာသောစစ်ကို ကျူးကျော်ပြီး စစ်တိုက်သည်။ ထို့ကြောင့် ရခိုင်ထီးနန်း နှင့် ရခိုင်နိုင်ငံတော်ကျဆုံးခဲ့
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းပိုင်ခွင့်အရေး
ကောင်းပါပြီ။ ယခုတင်ပြသောရခိုင်လူမျိုးတို့ ၏ သမိုင်းကို မျက်စိမှိတ်လက်မခံလျှင်လည်း အကြောင်းမဟုတ်၊ ဗမာတိုင်းရင်းသားလူမျိုးတို့ သည် ရခိုင်လူမျိုးတို့ ၏ ဤသီးခြားသမိုင်းအခြေအနေကို မည်သို့ မျှ မမေ့လျော့မိကြစေရန်သာ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် ရေးနေကြသော ဗမာဆောင်းပါးရှင်များက စစ်အစိုးရသတင်းစာများမှ အလိုတော်ရိဆောင်းပါးရှင်များထက် ပိုမိုရေးသားနေမူများက များပြားနေကြသောကြောင့်ဖြစ်သည်။ ဤနေရာ၌ လူ့ အခွင့်အရေးအခြေခံအချက် ( ၃၀ ) တွင် ပုဒ်မကြီးဖြင့် သေသေချာချာဖေးပြထားမူတချက်ရှိေ
ယင်းကျွန်ဘ၀မှလွပ်မြောက်ရေးအတွ
အခြားတဖက်မှာ ဗမာလူမျိုးနယ်ချဲ့ စစ်အာဏာရှင်အုပ်စိုးထားသော ဤနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်
ဤသည်မှာသမိုင်းကို သေသေချာချာ ချပြထားပြီး ရေးသားထားသော ရခိုင်နိုင်ငံတော်ဖြစ်ရပ်များ
ခွဲထွက်ပိုင်ခွင့်ကိုမက လုံးဝသီးခြားနိုင်ငံတော်အတွက်ကိ
တန်းတူရေးဆိုသည်မှာ ဘုန်းကြီးကျောင်းဆောက်ခြင်း၊ တံထားဆောက်ခြင်းလောက်မှမျှ တန်းတူရေးကို ပြောဆိုခြင်းမဟုတ်။ နိုင်ငံရေးအရလွပ်လွပ်စွာ တန်းတူခွင့်ရှိနေရေးဖြစ်သည်။ လူမျိုးတမျိုးက လူမျိုးတမျိုးကို နယ်ချဲ့ကိုလိုနီအဖြစ် ပြုလုပ်ထားပြီး ညီအကိုပါဟု ပြောဆိုနေရုံမျှတော့ ဘာမျှ ဖြစ်လာမည်မဟုတ်။ လူ့ အခွင့်အရေးအခြေခံဥပဒေအချက်အလက်
နိုင်ငံပေါင်းစု ဖက်ဒရယ်သို့ မဟုတ် ပြည်ထောင်ပေါင်းစုဖက်ဒရယ်နိုင်
စစ်မှန်သောဒီမိုကရေစီအခွင့်အရေး
အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ေ
ကျွန်တော်တို့ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်မည်ဆိုသောအခါ သမိုင်းအချက်အလက်များကို တည်ဆောက်ရန်အရေးကြီးသည်။ မိမိစိတ်ကြိုက်ထင်သလို မှတ်တမ်းမှတ်ရာကျန်ရစ်အောင် ရေးသား၍မရ။ အတိတ်ကဖြစ်ပျက်နေခဲ့သော သမိုင်းဆိုင်ရာအချက်အလက်များတို့ သည် နှောင်းလူတို့ အပေါ် အထူးမီးမောင်းထိုးပြနေသည်။ အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ေ
မီးလောင်ရာလေပင့်ဖြစ်အောင် ပြုလုပ်ခြင်းမှာ အနာဟောင်းများ မကျက်ခင် သွေးစိမ်းရှင်ရှင်ထွက်အောင် ဒါးနှင့် ထပ်မံတူးဆွနေကြခြင်းကိုမူ အထူးဆင်ခြင်ရန်လိုအပ်သည်။ အဓိကအားဖြင့် သမိုင်းကို မဖျောက်ဖျက်မိကြဖို့  အထူးအရေးကြီးပါသည်ဟုပြောချင်သည်
ခိုင်အောင်ကျော် (နယူးယောက်)
Tuesday, December 21, 2010
ကိုသာဒိန် နန့် နာရီ (တပျင်းရယ်ရပါရေ)
ကိုသာဒိန် လပျိုဘဝက မှတ်မှတ်ရရ လူတယောက်နန့် တွိဖူးရေ။
တရက်နိန့် ခင်နန့် ချိန်းထားရေ လဖက်ရည်ဆိုင်မှာ ရောက်နိန်စွာ အချိန် တနာရီလောက် ကြာနိန်ဗျာလ်။ ခင်က ရောက်မလာသိမ့်။ ဇာနှစ်နာရီ ရှိဗျာလ်လဲလို့ နာရီကို ကြည့်လိုက်ခါမှ နာရီက ပတ်လို့ မပါလာ။ ယင်းပိုင်နန့် ဘေးခုံက အခင်ကြီး တယောက်ကို လှည့်ပနာ"ဇာနှစ်နာရီ ရှိပါဗျာလ်လဲ၊ အခင်။" လို့ မိန်းမိရေ။
ယင်း အခင်ကြီးက ကိုသာဒိန်ကို တချက် ကြည့်ပနာ "မပြောနိုင် ဝေး။" လို့ ပြန်ပြောလိုက်တေ။
ကိုသာဒိန်လည်း ကကောင်း အံ့သြလားပနာ "ဇာဖြစ်လို့ပါလဲ၊ အခင်။ အချိန်ကို တခေါက် ပြောလိုက်စွာနန့် အခင့်အတွက် ဇာနစ်နာလားပါဖို့လဲ။" လို့ ပြုံးပနာ ပြန်ပြောလိုက်တေ။"ဇာပြောရေ ဝေ။ ဇာနစ်နာလားဖို့လဲ၊ ဟုတ်လာ။ နစ်နာစရာ ရှိလို့ မပြောစွာ ဝေး။""အချိန်ကို တခေါက် ပြောစွာနန့်ပင် ဇာနစ်နာလားပါဖို့လဲ၊ အခင်။""အဝေး၊ ငါက အချိန်ကို ပြောလိုက်စွာနန့် မင်းက ငါနန့် ရရင်းနှနှီး စကားပြောချင်လာဖို့။ ဟုတ်တေ မလား။""ဖြစ်နိုင်ပါရေ အခင်။"
"အေး၊ ရင်းနှီးဗျာလ်ဆိုစွာနန့် မင်း ငါ့အိမ်ကို အလည်လာချင်လာဖို့၊ ဟုတ်တေမလား။"ကိုသာဒိန် လည်း အံ့သြစိတ်ကို မမျိုသိပ်နိုင်ဘဲ "ဟုတ်ပါရေ၊ အခင်။" လို့ သံယောင်လိုက်ပနာ ထောက်ခံ လိုက်တေ။" ငါကလည်း ကိုယ့် အိမ်ကို လာရေ အာဂန္တုဆိုပနာ လဖက်ရည်ချေယချေ တိုက်မိဖို့။"
"ဖြစ်နိုင်ပါရေ၊ အခင်။""လဖက်ရည် သောက်ပြီးစွာနန့် လဖက်ရည် လာချပီးရေ ငါ့သမီးကို လဖက်ရည် ကောင်း ကောင်းပါရေလို့ ပြောပနာ၊ မင်း ငမ်းချင်လာဖို့။" "အင်း ဖြစ်နိုင်ပါရေ၊ အခင်။"
"ယင်းပိုင်နန့် ငါ့သမီးနန့် ရင်းနှီးမှု ရှာပနာ၊ မင်း ငါ့သမီးကို ထိုခေါ်၊ ဒေခေါ် လုပ်လာဖို့။"
"အေဟင့်လည်း လူငယ်တိ သဘာဝအရ ဖြစ်နိုင်ပါရေ၊ အခင်။""ငါ့ သမီးကလည်း မင်း မလာကေ၊ ထိုယောင်၊ ဒေယောင်နန့် မျှော်တတ်လာဖို့။""မမ သဘာဝပါရာမလား။ ဖြစ်နိုင်ပါရေ။"
"နောက်ဆုံးမှာ တယောက်ကို တယောက် မတွိရ မမြင်ရကေ မနိန်နိုင်၊ မထိုင်နိုင် ဖြစ်လာကတ်ပနာ၊ ငါ့ဘားမှာ အခင့်သမီးကို ကျွန်တော် လက်ထပ်ပါရဇီလို့ မင်း လာတောင်းလာဖို့။"ကိုသာဒိန်လည်း အေတခါ မအောင့်နိုင်ဘဲ ရယ်လိုက်ပနာ "ဟုတ်ပါရေ၊ အခင်။ ကကောင်း ဖြစ်နိုင်ပါရေ။" လို့ ထောက်ခံ လိုက်ပါရေ။
ယင်းခါ အခင်ကြီးက ထိုင်နိန်ရေ ခွီးပုခုံချေက ထလိုက်ပနာ "လချိုင်၊ မင်းပိုင် နာရီချေ တလုံးတောင် မပိုင်ရေ ကောင်နန့် ငါ့သမီးကို သဘောတူရဖို့လား၊ ဝေး။" လို့ ပြောပနာ ကိုသာဒိန်နားက သသွက်ချေ ထွက်လားခလီပါယင့်။
စံဂိုးအောင်

Friday, December 17, 2010
အမင် အမင်....
အမင် အမင် အမင်
အို....
အမင်...
ဇာနှရာ ဇာ ကိုပင်ရောက်ရောက်
ကိုအိမ် ကိုရွာ ကိုနေရာလောက်
သာယာ အီချမ်း ဇာလေ့မရှိ အမင်....
ဆွေမျိုးညာတီ ဗလာမဲပြီး
ရပ်ဝီးပြည်ရွာ ဒေကမ္ဘာမှာ
ငရဲးအသွင် လောကတွင်သည့်
လူစံလူညွန်း ဓနလမ်းတွင်
ဇာလေ့မရှိ ပင်ထီးထီးနန်
အံကြိတ် လျှောက်လှမ်း
ခေတ်ယုတ်လမ်း ကို
သူလာ ဗျာလ် ကောင်းစေချင်သည်
မှာသည့်စကား မာယာများ၏ အမင်...
ဇာသူပင်ဇာလောက်ကောင်း..
ဇာနေရာဇာလောက်ကောင်း
အမိ အပြုံးနန့် အမိ အိမ်ချေလောက်
နွီးထွီးစော် လွတ်လပ်စွာ ဟိနိုင်ပါဖို့လား အမင်။။။။။။
သားမောင်
ခြီသလုံးအိမ်တိုင်မင်းသား