Sunday, January 2, 2011

စစ်ကျွန်စနစ်ကို တိုင်းရင်းသားများနှင့် လက်တွဲ တိုက်ပွဲ ၀င်သွားမည်ဟုဆို

ဇန်န၀ါရီ လ ၂ ရက်၊ ၂၀၁၁ ခုနှစ်။

နယူးဒေလီ( ခိုင်ရိုးမ) ။      ။ စစ်ကျွန်သက်ဆိုးရှည်အောင်ဖန်တီးထားသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို တိုင်းရင်းသားဘ၀တူများအားလုံးပူးပေါင်း ကာတိုက်ပွဲဝင်သွားမည် ဟု ဒီဇင်ဘာလ ၃၁ ရက်နေ့က  မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Chinese Assembly Hall) တွင် ပြုလုပ်သည့်ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အခန်းအနားတွင် တက်ရောက်သည့် တိုင်းရင်းသားကိုယ်စားလှယ်များက ပြောဆိုခဲ့သည်။

၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ် အခြာ အာဏာ ကျဆုံးသည့် နေ့ အောက်မေ့ဖွယ် အခမ်းအနားတွင်တက် ရောက် လာကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များက  ညီညွတ်ပြီး တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
“ကျနော်တို့ကရန်သူကိုအမြစ်ပြတ်ချေမှုန်းနိုင်ရေး
အတွက်တိုင်းရင်းသားတွေညီညွတ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားရမှာဘဲ”ဟုကရင် ဒုက္ခသည်အဖွဲ့မှဥက္ကဌ ဦးမင်းစိန်သန်း က ပြောသည်။

သူကဆက်လက်ပြီး  ကိုယ့်ကံကြမ္မာကို ဖန်တီးရေးအတွက် မအောင်မြင်သေးသည့် ပန်းတိုင် သို့ချီတက် သွားကြရန် တိုက်တွန်းခဲ့သည်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ  အာဏာ ကျဆုံးသည့် နေ့ အခမ်းအနားကို မလေးရှား နိုင်ငံ ရှိ
 ရခိုင်ပြည် အမျိုးသားလွတ်မြောက်ရေးပါတီ( ALP)( မလေးရှားဌာနခွဲ)   ရခိုင်ဒီမိုကရေစီ အဖွဲ့(ALD) ( မလေးရှား) (ARRC ANC's လက်အောက်ခံ မလေးရှား) ၊ ARRC (ပူချုန်း မလေးရှား)၊ AARC (ရခိုင်းက္ခသည်များ မဟာမိတ်ရုံး ပူဒူး မလေးရှား)နှင့် RPLC စသည့် အဖွဲအစည်းများက စုပေါင်းကျင်းပ ခြင်း ဖြစ်သည်။









အခမ်းအနားသို့တက်ရောက်သည့်ရခိုင်အမျိုးသား တဦက လည်းရခိုင်းသမိုင်း၏အနှစ်သာရ ကို သိရ သဖြင့် ကျေနပ်ကြောင်း ပြောသည်။
“ကျောင်းမှာသင်လာတာတွေက ဗမာ သမိုင်းတွေဘဲ သင်လာရတာဆိုတော့ ကိုယ့် သမိုင်းရဲ့ အနှစ်သာရ ကို မသိဘူး။ ဒီအခမ်းအနားကို ရောက်မှ ရခိုင်သမိုင်းကို သိလာရတယ်” ဟု ခိုင်ရိုးမ ကို ပြောသည်။

 အခမ်းအနားသို့  ကရင်၊ ကချင်၊ မွန် ရှမ်း  ချင်းစသည့် တိုင်းရင်းသားကိုယ်စားလှယ် များတက်ရောက်ခဲ့ရာ လက်ရှိ ရခိုင်နိုင်ငံရေးအခင်းအကျင်း နှင့်ပတ်သက်၍ ရခိုင်အမျိုးသား များစည်းရုံးကြရန်   နှင့် ရန်သူသွေးခွဲသော်လည်း မကွဲကြရန် အတွက် တက်ရောက်လာသည့် တိုင်းရင်းသားများက ပြောဆိုခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရခိုင်ခေါင်းဆောင်များကလည်း မိမိကံကြမ္မာကို ဖန်တီးနိုင်ရေး အတွက် သမိုင်ပေးတာဝန်ကို  လျှစ်လျှရှု မထားဘဲ စည်းလုံးညီညွတ်ခြင်းကို ဖောင်ဆောင်ကာ  ဆက်လက်တိုက်ပွဲဝင်ကြ၇န်  ပြောဆိုခဲ့ကြသည်။

ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံသည့် အခမ်းအနားကို  ထိုင်းမြန်မာ နယ်စပ်တွင် ထိုင်းနိုင်ငံရှိ ရခိုင်အဖွဲ့အစည်းများပူးပေါင်းပြီးရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းအထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သလိုဂျပန်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယ မြန်မာ နယ်စပ်တွင်လည်းပြုလုပ်သည့် အခမ်း အနားကို ရခိုင်နိုင်ငံရေးပါတီများ။ ဒေသခံ များ  ၊ ။ရခိုင်မျိုးနွယ်စုများ က ပြုလုပ်ခဲ့သည်။

ရခိုင် လူမျိုးတိုသည် ကိုယ်ထီးကိုယ့်နန်း နှင့်နေထိုင်လာသည့် လူမျိုးတမျိုး ဖြစ်ရာ   အေဒီ ၁၇၈၄- ဒီဇင်ဘာလ ၃၁ ရက်၊  ရခိုင်သက္ကရာဇ် ၁၁၄၆ -  ခု နှစ် ပြာသိုလ် လပြည့်ကျော် ၇ ရက်နေ့ တွင် ဗမာ ဘုရင် ဘိုးတော်မောင်းဝိုင်းက စစ်မကြေညာဘဲ ကျုးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့မှု ကြောင်း  ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးခဲ့သည်ဟု  ရမ်းဗြဲတောင်ကျောင်းဆရာတော်ရေးသားခဲ့သည့် ရခိုင်ရာဇ၀င် သစ်ကျမ်း အရ သိရသည်။

ထိုနေ့ကို ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ သတ်မှတ်ကာ ရခိုင်လူထု က အောက်မေ့ဖွယ် အခမ်းအနား အဖြစ် ကျင့်ပလေ့ရှိသည်။

စီးလုံးကတ်မေ ညီကတ်မေ

ညီကတ်ရခိုင်
ရခိုင်ညီကတ်
တစ်နပ်စာကို
တစ်သက်တာထင်
ခွီးအမြင်ကြောင့်
ရခိုင်သားရို့
စိတ်ဝမ်းကွဲပြား
သံဒေဖောက်ပြန်
ရခိုင်ကျွန်ဟု
ပြောစမှတ်ဖြစ်
၁၁၄၆
ထီးနန်းပျောက်ဗျယ်
ရခိုင်သားမှာ
သူ့ကျွန်ဖြစ်ရ
ဝမ်းနည်းစွတည်း။
ရန်သူထိုးနှုက်
ညဏ်ငနက်နှုင့်
မဟာဝါဒီ
ဖက်ဆစ်မွိန်ကြောင့်
ရခိုင်သားမှာ
တောင်ပိုင်း၊မြောက်ပိုင်း
သွီးကွဲလာခဲ့။
နွားကွဲကျားးဆွဲ
သက်သေစကား
မြဲစဉ်းစား၍
ဖရခိုင်ပြည်
သာယာစည်ဖို့
ညီကတ် ရခိုင်
ရခိုင်ညီကတ်
စီးလုံးကတ်မေ
ညီကတ်မေ။

မောင်သာကီ(မုဒ်တော်မြေ)

Saturday, January 1, 2011

ရခိုင်အချုပ်အချာ နှစ်၂၂၆ မှာ အောက်မိဖွယ်ရာ

(၂၂၆)နှစ်မြောက် ရခိုင့်အချုပ်အချာကျဆင်းခရေ အောက်မိဖွယ်မှတ်တမ်း ဒီဇင်ဘာလ(၃၁)ရက်၂၀၁၀

(၂၂၆)နှစ်မြောက် ရခိုင့်အချုပ်အချာကျဆင်းခရေ အောက်မိဖွယ်မှတ်တမ်း
ဒီဇင်ဘာလ(၃၁)ရက်၂၀၁၀
နမောတဿ ဘဂဝတော အရဟတောသမ္မာ သမ္ဗုဒ္ဓဿ
၁၇၈၄ -ခုနှစ် ဒီဇင်ဘာလ၃၁ ရက် စနေ့နေ (ရခိုင်သက္ကရာဇ် -၁၁၄၆ - ခု ပြာသိုလ် လပြည့် ကျော် (၇) ရက် တွင် ရခိုင် တပြည်လုံးသည် ဗမာ လက်အောက်သို့ ကျရောက်ခဲ့သည်။
ကိုလိုနီကျွန်သက်တမ်း၂၂၆ နှစ်ပြည့်နှစ် တွင် ကွယ်လွန်လေပြီးသော ဘိုးဘွားဘီဘင် ရခိုင့်အာဇာနည် သူရဲကောင်း အပေါင်းရို့ နှင့်တကွ သီလစင်ကြည်ကြကုန်သော ရခိုင့်သူတော်ကောင်းရဟန်ရှင်လူ ပြည်သူအပေါင်းရို့အား စိတ်က ရည်သန်၍ ပူဇော်ပါ၏။
ရခိုင့်ပြည်ကြီးကို သူတပါးလက် အောက်သို့ မကျရောက်စီရန်စိတ်ကရည်သန်၍ ကာကွယ်စောင့်ရှောက်လိုသော စိတ်ဖြင့် မိမိအသက်ကိုပင် ပမာဏာမထားဘဲ အသက်ကိုစွန့်၍ကာကွယ်ခဲ့သောကွယ်လွန်သူအဘိုးရှင်မြ၀ါသူတော်ကောင်းကြီးအား လည်းကောင်း။
 ၁၁၄၆-၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ရက် နိန့်တွင် ဗမာအောက်သားမိစ္ဆာများရို့၏ ကျူးကျော်နယ်ချဲ့လာသောစစ်ကိုခုခံကာကွယ်ရင်နှင့်အသက်ဆုံးရှုံးကွယ်လွန်လားခသောရခိုင်အာဇာနည်အပေါင်းရို့အားလည်းကောင်း။
သူ့ကျွန်မခံလိုသောစိတ်ဖြင့် ဘုရင်မင်းမြတ်မဟာသမ္မတရာဇာနှင့်တကွ မင်းညီးမင်းသား မင်းသမီးရို့အားလည်းကောင်း။ဓါးပိုင်ကြီးကျော်ပုံနှင့်တကွရခိုင့်သူရဲကောင်းအပေါင်းရို့ အားလည်းကောင်း။မဟာမြတ်မုနိအရှင်မြတ်အားမပီးလို၍ခုခံကားကွယ်ရင်အသက်ဆုံးရှုံလားခသောရှစ်သောင်းသောရခိုင့်သူတော်စင်အပေါင်းရို့အားလည်းကောင်းမဟာမြတ်မုနိအရှင်မြတ်အား ပင့်ဆောင် လားသောအခါ တောင်ကုတ်လမ်းတွင်အသတ်ခံသောတစ်သောင်းသောသူတော်ကောင်းအပေါင်းရို့လည်းကောင်းအချစ်ဝါသနာမဟိပါငြားပျူအောက်သားရို့၏ရက်စက်ကြမ်း ကြုတ်စွာဖြင့် မိခင်၏ရင်ခွင်မှ နို့စို့သူငယ်များကို ယူငင်လျှက်ကောင်းကင်ကိုမြှောက် လို့ဓါးလှံရို့ဖြင့်ခုတ်ပိုင်းထိုးသတ်၍ကွယ်လွန်လားခသောနှစ်သောင်းသောနို့စို့သူငယ်အပေါင်းရို့အားလည်းကောင်းကျီးကျွန်း၊ အုန်းကျွန်၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းရို့၌ တစ်ယောက်မကျန် မြီကိုလှန်၍အသတ်ခံရသောလူကြီးလူငယ်ရခိုင်ပြည်သူအပေါင်းရို့အားလည်းကောင်း။ ကိုးဆယ့်ကိုးတောင်၊ဒိုင်းကြီး၊င/ရကောက်၊စံကားတောင်၊ဒိုင်းဂျီ၊ဘုရားပေါ်၊ ရှစ်သောင်းကိုးသောင်း ရှင်ကျော် သရက်အုပ် မဟာထီး မြို့ဟောင်းမြို့၏အရှေ့အနောက် တောင် မြောက်လေးပါးရို့၌ အသတ်ခံရသော ရခိုင်လူဦးရေ သုံးသိန်းကျော်ရို့အားလည်းကောင်း  ၁၁၄၆နှစ်တွင် ကြိမ်သတ်ကြိုးဖြင့်နားကြိုးတပ်၍ အမရပူရသို့အယူခံရသော မင်းညီမင်းသား ရဟန်းရှင်လူ နှစ်သိန်းကျော်သော ရခိုင်ပြည်သူ ရို့အနက် မခံမရပ်နိုင်သည့်အတွက်ခုခံပြောဆိုမှုကြောင်း အသတ်ခံရသောသူရို့ အားလည်း ကောင်း ယင်းနောက်အမရပူရ၌ ဆင်ဖြူကို ရှိခိုးခိုင်း၍ ၎င်းနီထွက်ဘုရင် ကျွန်တော်မျိုးပါဟု ၀ါးခြမ်းပြား ပီရွက်ရို့တွင် ရေးထိုးပြီး နံနှိပ်၍ကြွေးကြော်ခိုင်း၍ လည်းကောင်း မပြုလုပ်သူရို့အား သတ်ဖြတ်ခြင်းခံရ၍ ကွယ်လွန်သူရို့အားလည်းကောင်း ယင့်လူအုပ်စုမှ လက်သမားနှစ်ရာရို့ကို ထမင်းတစ်ထပ်စီကျွေး၍ မန္တလေးနန်းတော်ကိုဆောက်လုပ်ခိုင်း၍ နှစ်ထပ်ထင်းမင်း တောင်းဆို ခုခံပြောဆိုမှုကြောင်းအသတ်ခံရသောလက်သမားနှစ်ရာရို့အားလည်းကောင်း မိတ္ထိလာကန်ကို တူးခိုင်းပြီး အဆုံးစီရင်ခံရသောသူရို့အားလည်းကောင်း ယိုးဒယားသို့စစ်တိုက်လာသောအခါ ပေါ်တာအဖြစ်ခေါ်ဆောင်လားသော ရခိုင်သားရို့သည် အစာရေစာဝအောင်းမစာရ၍ မလားနိုင်သောကြောင့်အသတ်ခံရသော ခြောက်ထောင်သောရခိုင်သားရို့်လည်းကောင်း ယင်းနောက်ရခိုင်ပြည်တွင် အိုနာကျိုးကန်း အဘိုးအဘွားရို့ကို အခန်းတိုက်လုပ်၍ အခန်းထဲသို့ သွင်းပြီး မီးရှိုး၍အသတ်ခံရသော အဘိုးအဘွားရို့လည်းကောင်း ဗိုလ်မင်းထောင်၊ ဖလံထောင်၊ အ၀ကျွန်းမှ ပြည်သူများ ရခိုင်ပြည် အီးချမ်းသည်ဟုကြား၍ ပြန်၍လာကြသောသူရို့အား ချင်းပျံစစ်သားဟုစွပ်စွဲကာ လက်မောင်းရင်းမှစပြီး ခြီဖျားထိ တကိုယ်လုံးကြိုးဖြင့်ရိုစ်သတ်ကာ အဂုမြို့ဟောင်းမြို့ဂေါင်းဖြူပြင်၌ ဓါးဖြင့်ပိုင်းဖြတ်၍ အသတ်ခံကွယ်လွန်သူ လူကြီးလူငယ်ရခိုင် သားရခိုင်သမသုံးသိန်းကျော်အားလည်းကောင်း ယင်းသို့ပြုကျင့်ပြီးနောက် ပိုင်း ရခိုင်သက္ကရာဇ် ၁၁၄၆ခုနှစ်တွင်ရခိုင်တပြည်လုံး၌ရှိသောကျောင်းကြီးသုံးဆယ် ကျောင်းငယ်သုံးထောင်ကျော်ရို့မှ ရဟန်း အပေါင်းရို့အားလူဝတ်လဲ၍ ဒွန်စဏ္ဍား ဇာတ်နိ့သူရို့အား ရဟန်ပြုပြီး လူဝတ်လဲထား သောဆရားတော်သမားတော်ရို့အားပြန်၍ ရဟန်းခံခိုင်းပြီးဒွန်စဏ္ဍားဇာတ်နိ့သူရို့အားရှိခိုးခိုင်း၍ပြန်လှန်ပြောဆိုမှုကြောင်းအသတ်ခံရသော ဆရာတော်သမားတော်ရို့အားလည်း ကောင်း ယင်းသို့ခုခံမပြောဝံဘဲ စိတ်ဆင်းရဲစွာဖြင့် ပျံလွန်တော်မူလားကြသောရဟန်သံဃာတော်များလည်ကောင်း ဗမာအောက်သားမိစ္ဆာများရို့၏ မုဒိမ်းကျင့်ခံရမှုရို့ကိုခုခံကာကွယ်ပြောဆိုမှုကြောင်းအသတ်ခံရသောရခိုင်သူရခိုင်းရို့အားလည်းကောင်းယင့်နောက်အဖရခိုင်ပြည်ကြီးကိုကယ်တင်ရန်အတွက်ကြိုးပမ်းအားထုတ်ခသောဗိုလ်ချင်းပျံ၊ဗိုလ်မျက်တောင်ရှည်၊ဗိုလ်င/ပြောင်းလုံး၊ဗိုလ်တိမ်ကျားဗိုလ်၊ဗိုလ်င/မောက်မျက်ကန်းဗိုလ်၊ ကျော်ထွီးမှအစ တပ်မှူးတပ်ဗိုလ် အာဇာနည်ရဲဘော် အပေါင်းရို့အားလည်းကောင်း ရခိုင်ပြည်လွတ်လပ် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခသော မင်းသားကြီးရွီးဘန်းသည် အင်္ဂလိပ်ရို့၏ ဖိနှပ်မှုကို မခံမရပ်နိုင်သောကြောင်း လက်ဖံမှသွီးဖြင့်သီတန်စားရွီးထိုးပြီးနောက် မိမိအသက်ကို စတည်း၍ကွယ်လွန်လားခသောမင်းသားကြီးရွှီဘန်း၊ ဒေ၀န်းကြီးအောင်ကျော်ရွှီ မြို့သူကြီးအောင် ကျော်ဇံရို့နှင့်တကွ တစ်ကျိပ်ခြောက်ယောက်သော ရခိုင့်အာဇာနည် သူရဲကောင်း ကြီးများနှင့် ရဲဘော်ရဲဘက်အပေါင်းရို့အားလည်းကောင်း ယင်းနောက် အမျိုးသားတော်လှန်ရေးကို ဆက်လက်ကြိုးပမ်းခသော မင်းလောင်းမောင်ဖော်အောင်နှင့် ရဲဘော်ရဲဖက် များအားလည်း ကောင်း ဗမာအောက်သားမိစ္ဆာရို့၏ သတ်ဖြတ်မှုကိုခံရသော “တင်းဝါးပန်းခိုင် တမြိုင်မြိုင်” ဟုစာဆိုဟိသည့်အတိုင်း ၇၄၅၂၇၅၅ ယောက်ဖြစ်သော ရခိုင်ပြည်ရို့အားလည်းကောင်း ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်မိုးသောက်အာရုံလေးနာရီ မိနစ် နှစ်ဆယ်အချိနတွင် အင်္ဂလိပ်ရို့သည် ရခိုင်ပြည်နှင့်ရခိုင်လူမျိုးရို့အား ဆက်လက်ကျွန်ပြုလုပ်ရန် ဗမာအောက်သားမိတ်ဆာရို့၏ လက်ထဲသို့အပ်နှင်းခဲ့သည့်အတွက်ကြောင့် ဒီမိုကရေစီနည်းဖြင့် လွတ်လပ်ရေးကို တောင်းဆို သော ရခိုင်ပြည်သူရို့ အား ဦးနုလက်ထက် နေဝင်းလက်ထက် ရို့တွင် ထောင်သွင်းအကျဉ်းချ လူမသိအောင် တိတ်တဆိပ်ခေါ်ယူ၍သတ်ဖြတ်ခံရသော ရခိုင် ပြည်သူအပေါင်းရို့အားလည်း ကောင်း၊ ၁၉၅၂ခု ဒီဇင်ဘာလ၅ ရက်နိတွင် ဗမာအောက်သား ခေါင်းဆောင်ဦးနု၏ အမိန့်ဖြင့် တစ်ရွာလုံး အသတ်ခံရသော တောပန်ဇင်းရွာသူရွာသား မောင်ရှင်သီလရှင်များအားလည်း ကောင်း အင်္ဂလိပ်လက်ထက်တွင် လွတ်လပ်ရေးအတွက်၊ ကြွေးကြော်တောင်းဆိုဆန္ဒပြမှု ကြောင့်လည်းကောင်း အင်္ဂလိပ်ရို့၏ရက်စက်ကြမ်းကြုတ်စွာဖြင့် အမြောက်ဖြင့်ပစ်သတ်၍ ရွာလုံးကျွတ်အသတ်ခံရသော ၎င်းတောပန်ဇင်ရွာသူရွာသားရို့အား လည်းကောင်း။
၁၉၆၇ ခုသြဂုတ်လ၁၃ ရက်နေ့တွင် စစ်တွေမြို့၌အငတ်ပြဿနာကြောင့် ဆန္ဒပြတောင်းဆိုသူရို့ အား မဆလ ခေါင်းဆောင်နေဝင်း၏ အမိန့်အရ G 3, G4 ဖြင့်ပစ်သတ်ခံရသော ရခိုင်ပြည်သူအပေါင်းရိုအားလည်းကောင်း၁၉၇၅ခုနှစ်ရခိုင်ပြည်ကျွန်းပုံးကိုလိုနီဘ၀မှလွတ်မြောက်ရန်အသက်ပီးလားရေ(Arakan Independence Organization-AIO)ထွေထွေအတွင်းရေးမူး ဆရာဦးစံကျော်ထွန်း နှင့်အဖွဲဝင်များအားလည်းကောင်းယင်းနောက် ၁၉၇၇ ခုနှစ် အဖရခိုင်ပြည်ကြီးကို ကယ်တင်မည်ဟု ကြွေးကြော်သဖြင့် တပ်မှူးတပ်ဗိုလ် ရဲဘော်ရဲဖက် 120 ကျော်ရို့ဖြင့် ရခိုင်ပြည်သို့ အရောက်ချီတက်မှုကြောင့် တိုက်ပွဲပေါင်း 21 ပွဲဖြစ်ပြီးနောက် ရန်သူတို့ ၏ အဆက် မပြတ်ပိတ်ဆို့မှုမှ မလွတ်မြောက်နိုင်၍ ပီစတိုဖြင့် မိမိကိုယ်ကို မိမိအဆုံးစီရင်၍ လား ခသော အာဇာနည် ALP ၏ ဥက္ကဌကြီးခိုင်မိုးလင်းနှင့် ရန်သူအားခုခံတိုက်ခိုက်ရင်းနှင့် တိုက်ပွဲ ၌ကျဆုံးလားခသော ALP ၏ အတွင်းရေးမှုးခိုင်ဘကျော်၊ ဗိုလ်ကြီးခိုင်မင်းနိုင်၊ ခိုင်ဗိုလ်သိန်းနိုင်၊ ဗိုလ်ခိုင်ကျော်ထွီး၊ ဗိုလ်ခိုင်သီဟ၊ ဆရာကြီးခိုင်ထွန်းဘအေး၊ ဗိုလ်ခိုင်ဓညအောင်၊ ဆရာခိုင်ရွှေခိုင်၊ ဆရာခိုင်ပြောက်ကျား ရဲဘော်ခိုင်ကျော်ဝင်း၊ ဆရာခိုင်သန်း၊ ရဲဘော်ခိုင်မိုးကြိုး၊ ဆရာခိုင်စိုးနိုင်၊ ဆရာခိုင်ရဲလင်း၊ ခိုင်ဗိုလ်စိုးနိုင်၊ ရဲဘော်ခိုင်သန်းထွန်းနှင့်တကွ တပ်မှူးတပ်ဗိုလ် 40 ကျော်ရို့အားလည်းကောင်း ရခိုင်ပြည်၌ကျဆုံးလားခသော ဆရာကြီးခိုင်ကျော်ထွန်း၊ ဆရာကြီးခိုင်ထွန်းနိုင်တကွ တပ်မှူးတပ်ဗိုလ်ရဲဘော်များအားလည်းကောင်း၊ ဘင်္ဂလားဒေ့ခ်ျ၌ ကျဆုံးလားခသော ဆရာခိုင်သစ္စာအားလည်းကောင်း အိန္ဒိယနိုင်ငံ၌ တိုင်းပြည်အတွက်ကျဆုံး လားခသော ရဲဘော် ခိုင်ရွက်သစ်နီ၊ ရဲဘော်ခိုင်ဘော်ခိုင်ဝရဇိန်၊ ဆရာခိုင်တိုက်ထွန်းရို့အား လည်းကောင်း ရခိုင်ပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်၍ ရန်သူအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်လားရင်းနှင့် ကွယ်လွန်လားခသော ALP အတွင်းရေးမှူး ဦးစံကျော်ထွန်း (ဗိုလ်မှူး) နှင့်ရဲဘော်ရဲဘက်များအားလည်းကောင်း ပါတီပေါင်းစုံရို့မှ လွတ်လပ်ရေးအတွက် အသက်ပီး တိုက်ပွဲဝင်လား၍ကွယ်လွန်လားခသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များ အားလည်းကောင်း ဒုတိယကမ္ဘာစစ်မတိုင်မီ အင်္ဂလိပ်နယ်ချဲ့ရို့၏သတ်ဖြတ်မှုကိုခံရသော ပြည်သူရို့အားလည်းကောင်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ရို့၏ နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခံရ သော ရခိုင်ပြည်သူအပေါင်းရို့အားလည်းကောင်း ပညာရှိသုခမိန် ဘွဲ့ ထူး ဂုဏ်ထူး ရာထူးကိုရ သော ဦးဦးသာထွန်းအား ယခင်မဆလ အခု နဝတ ခေါင်းဆောင်ကြီးများဖြစ်ကြသော နေဝင်း ဗိုလ်ချုပ်မှူးကြီးစောမောင် ဗိုလ်ချုပ်ခင်ညွန့်ရို့သည် အကြိမ်ကြိမ်ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ရန် ကြိုးစားအားထုတ်၍ မရရှိနိုင်သော်လည်း ၁၉၈၈ခုနှစ် ရှစ်လေးလုံး ဗမာပြည်အရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါပညာရှိဦးဦးသာထွန်းသည် အိုမင်းမစွန်းဖြစ်လာ၍ ပညာရှိသော်လည်း သတိမြဲခဲသည် ဆိုသည့်အတိုင်း သတိလက်လွတ်လားသဖြင့် ရခိုင်ဒီမိုကရေစီပါတီ ထူထောင် ၍ တရားဟောသောကြောင့် နဝတခေါင်းဆောင်ကြီးများ၏အကြိုက်အကွက်ကောင်းဝင်လာ သည့်အတွက်ကြောင့် ဖမ်းဆီးချုပ်နှောင်၍ စစ်တွေထောင်သို့ ပို့ဆောင်ပြီး အတင်းအားဓမ္မ အဆိပ် ကျွေး၍ အသတ်ခံကွယ်လွန်လားခသော ဆရာကြီးဦးဦးသာထွန်းအားလည်း ကောင်း  ရခိုင်ပြည်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သောရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့်ရခိုင်ပြည်အမျိုသားညီညွတ်ရေးတပ်ဦး(NUFA)စစ်ဦးချုပ်ဗိုလ်ခိုင်ရာဇာနှင့်ဂေါင်းဆောင်များရဲဘော်များအားလည်းကောင်း ဗမာစစ်ကျွန်ဘ၀မှလွတ်မြောက်ရန်တိုကပွဲဝင်ရင်းကွယ်
လွန်လားရေ ရခိုင့်အာဇာနည်ခေါင်းကြီးများနှင့်တကွ ဘိုးဘွားဘီဘင်ရခိုင်ပြည်သူ အပေါင်း ညီအစ်ကိုမောင်နှမ လုပ်ဖော်ကိုင်ဖက် သူတော်စင်အပေါင်းရို့အားလည်းကောင်း မှတ်တမ်းတင် ဟိခိုးဂါရ၀ပြုပါသည်။

အမျိုးသားရေး နိုင်နိုင်
ကိုးကား
ခိုင်ရာဇဝံသ(မှတ်တမ်းမှ)

၂၂၆ နှစ်မြောက် ရခိုင့်ပြည်ကျဆုံးရေ နီ မလေးရှားနိုင်ငံတွင် ကျင်းပ

ဒီဇင်ဘာ (၃၁)ရက်နေ့ကျရောက်သော (၂၂၆)နှစ်မြောက် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို မလေးသျှားရှိ ရခိုင်အဖွဲ့အစည်းမှစုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ရခိုင်မင်္ဂလာစည်းတော်ဖြင့်တီခတ်ဖွင့်လှစ်ကာ ၊ ကရင်၊ ကချင်၊ မွန်၊ ရှမ်း၊ချင်း စသောတိုင်းရင်းသာ ကိုယ်စလှယ်များ၊ အရခိုင်အဖွဲ့အစည်းအသီသီးမှခေါင်းဆောင်များနှင့် စိတ်ပါဝင်စားသူ ရခိုင်ပြည်သူများ
စုစုပေါင်း(၂၅၄)ဦးခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။ ထိုအခမ်းအနားကို  ယနေ့ နေ့လည် (၁)နာရီမှ ညနေ(၄)နာရီ မိနစ် (၃၀)အထိ ကွာလာလမ်ပူ(Chinese Assembly Hall ) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ရဒဖ(ပြည်ပ)မလေးသျှားမှ ကိုခိုင်မြတ်သျှင်က "ယခင် အခုလိုမျိုး ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာကျင်းပလည်းမရှိခဲ့ပါဘူး၊အခုလို ကျင်းပတာကို တွေ့ရတော့ ကျနော်အရမ်းဝမ်းမြောက်မိပါတယ်၊ဘာလို့လဲဆိုရင် ကျနော်တို့ ရခိုင်အဖွဲ့အစည်းများသည် စည်းလုံးခြင်းတရပ်တည်ဆောက်တယ်လို့ပြောလို့ရပါတယ်၊ ရခိုင်လူထုတရပ်လုံးလည်း အတိုင်းထက်အလွန်ဝမ်းသာကြပါတယ်၊အခုလို ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပလိုက်တာဟာ ကျနော်တို့ရခိုင်လူထုတရပ်လုံးကို နိုင်ငံရေးအသိစိတ်ဓာတ်ပိုမိုးနိုးကြားစေပါတယ်၊" ဟု ပြောသည်။
ရခိုင်ဘုရင့်နိုင်ငံတော်သည် ရှည်လျှားသောသမိုင်းတခေတ်ကို နှစ်ပေါင်း(၅၀၀၀)ကျော်တိုင်တိုင် စည်းလုံးခြင်းဖြင့် တည်ဆောက်ခဲ့ကြသည်။ မြန်မာ့(ဗမာ့)ဘုရင် ဘိုးတော်မောင်ဝိုင်း စစ်မကြေငြာဘဲ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှုကြောင့်    ရခိုင်ဘုရင့်နိုင်ငံတော်သည် (၁၁၄၆) ခု-ပြာသိုလပြည့်ကျော် (၇) (၁၇၈၄- ဒီဇင်ဘာ-၃၁) ရက်နေ့တွင် အချုပ်အခြာအာဏာကျဆုံးပြီး  ဗမာ့နယ်ချဲ့ ကိုလိုနီ သူ့ကျွန်အဖြစ်သို့လုံးလုံးလျားလျား ကျရောက်ခဲ့သည်။              လူမျိုးပြုန်း မျိုးတုန်းအောင်စီဖံချက်ဖြင့် ကလေး အရွယ်မှစပြီး ဇရာအရွယ်သက်ကြီးအိုများပါမကျန် (၂၃၆၀၀၀)သောလူဦးရေကို လူမဆန်စွာသတ်ဖြတ်ခဲ့သည်။ ထိုကြောင့် ကျနော်တို့သည်၊အဖိနှိပ်ခံ ကျွန်ဘ၀မှ လွတ်မြောက်ရန်၊ ရခိုင်လူထုတရပ်လုံးနိုင်ငံရေးအသိစိတ်ဓာတ် ပိုမိုးပြင်ထန်လာစေရန် ရွယ်ရည်ချက်ဖြင့်ကျနော်တို့  ရခိုင်နိုင်ငံတော်ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပရခြင်းဖြစ်တယ်ဟု သူကပြောသည်။
လူမျိုးတမျိုးစီတိုင်း အသက်သွေးကြောသည် ယင်းလူမျိုး၏ စာပေ၊ယဉ်ကျေးမှု၊ရှေးဟောင်းအမွေအနှစ်များသည် ပဓာန ကျသောအချက်အလက်ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ်သာမက လူမျိုးတခုလုံးကိုပါဝါးမျိုပိုက်ရန်ကြံစည်နေသော ရန်သူ(ဗမာ့)မြန်မာဝါဒကြီးလူမျိုးတို့သည် ကျနော်တို့အား အဖိနှိပ်ခံဗိုလ်ကျ အုပ်ချုပ်နေခြင်းအပေါ် ခေါင်းငုံ့မခံဘဲ မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ရေးအတွက် သမိုင်းပီးတာဝန်ကို လျှစ်လျှူရှု့မထားဘဲ စည်းလုံးညီညွတ်ခြင်းကိုတည်ဆောက်ကာ             လက်တွေ့ကျကျ တိုက်ပွဲဝင်ကြရန် ရခိုင်အဖွဲအစည်းအသီးသီမှခေါင်းများ ပြောကြားခဲ့သည်။

တိုင်းရင်းသားအဖွဲအစည်းတွေအားလုံးကိုယ်စား "ကရင်ဒုက္ခသည်အဖွဲ့အစည်း"မှ ဥက္ကဌ ဦးမင်းစိန်သန်း မှ ကျနော်တို့၏ မဟာရန်သူကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ကျနော်တို့တိုင်းရင်းသားတွေလည်း                               ညီညွတ်ခြင်းတည်ဆောက်ပြီး မပြီးဆုံးသေးသော တိုက်ပွဲတွေအတွက် လက်တွဲလုပ်ဆောင်သွားဖို့အရေးကြီးတယ် ဟု ပြောသွားခဲ့သည်။

အလားတူ ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားကို ဂျပန် ALD (ပြည်ပ)ဌာနချုပ်မှ ဒီဇင်ဘာ (၂၆) ရက်နေ့ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုနောက် ရခိုင်အဖွဲ့အစည်းအသီးသီးမှာ ကဗျာရွက်ဖတ်ခြင်း၊ ပြည်ပအဖွဲ့အစည်းအသီးသီးမှပေးပို့လိုက်သော သ၀ဏ်လွှာများအားဖတ်ကြားခြင်း၊ ထုတ်ပြန်ကြေငြာချက်ဖတ်ကြားပြီး၊                                                                              အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ မင်္ဂလာစည်တော်များတီးခတ်နေစဉ် ရတနာရွေမိုး၊ငွေမိုးရွာသန်းပေးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

ရခိုင်လွတ်မြောက်ရေး ကိုလိုနီစနစ်ဖျက်သိမ်းပေး

ကိုလိုနီစနစ်ကို ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားများက နယူးယောက် UN ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို


1/1/2011
၂၂၆ နှစ်မြောက် ရခိုင်ပြည် အချုပ်အချာအာဏာကျဆုံးနေ့တွင် ရခိုင်အမျိုးသားများက နယူးယောက် ကုလသမဂ္ဂရုံးရှေ့သို့ သွားရောက်ပြီး ရခိုင်ပြည်မှာ ဗမာကိုလိုနီ လက်အောက်သို့ ကျရောက် နေသဖြင့် ကိုလိုနီ စနစ်ကို အပြီးအတိုင် ဖျက်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

Free-Arakan-in-New-York
ဆန္ဒပြပွဲကို စီစဉ်ရာတွင် ဦးဆောင် ပါဝင်သူ တစ်ဦး ဖြစ်သည့် ကိုလှဌေးမှ ဆန္ဒပြပွဲတွင် တောင်းဆို ခဲ့သည် တောင်းဆိုချက်ကို ယခုသို့ ပြောကြားသည်။ " အဓိက ကျွန်တော်တို့ UN ရုံးရှေ့ကို သွားရောက်ပြီ ရခိုင်ပြည်မှာ ကိုလိုနီ စနစ်ကို အပြီးအတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်" ဟု ပြောသည်။

၎င်းပြင်သူက ရခိုင်ပြည်တွင် ကိုလိုနီစနစ်ကို ဖျက်သိမ်းပေးရန် တောင်ဆိုရသည့် အကြောင်းအရင်း ကိုလည်း ယခုကဲ့သို့ ပြောသည်။ "ကျွန်တော်တို့ ဘာကြောင့် ရခိုင်ပြည်မှာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းဖို့တောင်းဆိုရသလဲ ဆိုရင် ရခိုင်ပြည်ဟာ လွတ်လပ်တဲ့ တိုင်းပြည် တပြည်ဖြစ်ပြီး ၁၇၈၄ ခုနှစ်မှာ ဗမာ ဘုရင် ဘိုးတော် မောင်ဝိုင်းက ကျူးကျော် ၀င်ရောက် သိမ်းပိုက်တဲ့ အတွက် ကိုလိုနီ လက်အောက်ခံ အဖြစ် ကျရောက် ခဲ့ကြရပါတယ်။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့မှာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် မရှိဘူး။ ကိုယ့်သမိုင်းကို ဖေါ်ထုတ် ပိုင်ခွင့်မရှိ။ ကျွန်တော်တို့မှာ ကိုယ့်စာပေကို ကိုယ်သင်ပိုင်ခွင့် မရှိဘူး။ ကိုယ့်ရိုးရာ ကိုယ်ယဉ်ကျေးမူကို ထိန်းသိမ်း စောင့်ရှောက်ပိုင်ခွင့် မရှိဘူး။ ကျနော်တို့ဟာ လူမျိုး တစ်မျိုးရဲ့ အခြေခံကျတဲ့ အခွင့်အရေးတွေကို အကြီးအကျယ် အကုန်လုံး ရှုံးဆုံးနေရပါတယ်။ ကျနော်တို့မှာ ခုချိန်မှာလူသား တစ်ဦးရဲ့ အခွင့်အရေး၊ လူမျိုးတစ်မျိုးရဲ့ အခွင့်အရေး ဆိုတာ လုံးဝ တစ်ခုလည်း မရှိပါ။ ခုလို ဖြစ်နေတာဟာ ရခိုင်ပြည်ကို ကိုလိုနီ ကျွန်ပြုထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်က ဗမာ ကိုလိုနီ စနစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။"
ဆန္ဒြုပပွဲကို ၀မ်းနည်း အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ လူပေါင်း ၃၀ ခန့်တက်ရောက်ခဲ့ပြီး ရခိုင်အမျိုးသားထဲမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါက်တာအေးကျော်လည်း တက်ရောက်ကာ အဖွင့် မိန်းခွန်းပြောကြားခဲ့သည်ဟု သိရသည်။ အခမ်းအနားအပြီးတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အပါအ၀င် အမေရိကန် အစိုးရနှင့် အီယူးနိုင်ငံများ၊ တခြားနိုင်ငံ အသီးသီးရှိ ကိုလိုနီဖျက်သိမ်းရေး ရုံးများသို့လည်း ရခိုင်ပြည်တွင် တည်ရှိနေသော ကိုလိုနီ စနစ်ကို ဖျက်သိမ်း ပေးရန် တောင်းဆိုခဲ့ကြသည်။ စာထဲတွင် ရေးသားထားသော အကြောင်းအရာ များကိုလည်း ကိုလှဌေးက ယခုကဲ့သို့ ပြောသည်။
Free-Arakan-in-New-York-show
" စာထဲမှာ ပါတဲ့ အဓိက အချက်လက်တွေကတော့ အထက်မှာ ပြောခဲ့သလိုပါဘဲ။ ရခိုင်ပြည်ဟာ လူ့အခွင့်အရေး ချိုးဖေါက်မူကို နည်းမျိုးစုံနဲ့ ခံနေရပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ခံခဲ့ရတယ်။ စစ်အစိုးရ တက်လာတဲ့ အချိန်မှာလည်း ဗမာတွေနဲ့ မတူတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို ခံနေကြရတယ်။ လူမျိုး တစ်မျိုးရဲ့ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့် ဘာမှ မရှိဘူး။ ဒါတွေကို ထောက်ပြပါတယ်။ ၁၉၆၀ ဒီဇင်္ဘာ ၁၄ ရက်နေ့မှာ ကမ္ဘာ ကုသမဂ္ဂကနေပြီး ကိုလိုနီ ကျွန်ပြုခံ လွတ်မြောက်သင့်တယ်။ လွတ်မြောက်ရမယ်ဆိုပီး ထုတ်ပြန်ကျေညာချက်တွေ ရှိပါတယ်။ ဒါတွေကို ထောက်ပြပြီး ကိုလိုနီ စနစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်" ဟု ပြောသည်။

၎င်းပြင် ဦးဆောင်သူ ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးခိုင်အောင်ကျော်မှလည်း မည်သည့် အတွက်ကြောင့် ယခုကဲ့သို့ ယူအန်ရုံးရှေ့တွင် ရခိုင်သားများ စုရုံး ဆန္ဒပြရသည်ကို ယခုကဲ့သို့ ပြောသည်။

" ရခိုင်ဆိုတာ ကိုယ့်ထီး ကိုယ့်ချင်း ကိုယ့်ထီးနန်းနဲ့ နေထိုင်လာခဲ့တဲ့ လူမျိုး ဖြစ်ပါတယ်။ ကိုယ့်ထီး ကိုယ့်ချင်း ကိုယ့်ထီးနန်းနဲ့ နေထိုင်လာခဲ့တဲ့ ရခိုင်နိုင်ငံတော်ဟာ ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့မှာ ဗမာ ဘုရင် ဘိုးတော်မောင်ဝိုင်းက ကျူးကျော် နယ်ချဲ့ ၀င်ရောက် သိမ်းပိုက်တဲ့ အတွက် ရခိုင်နိုင်ငံတော် ကျဆုံးခဲ့ရတယ်။ အခု ကျဆုံးခဲ့တာ နှစ်ပေါင်း ၂၂၆ နှစ် ရှိနေပြီ ဖြစ်တယ်။ နယ်ချဲ့ သိမ်းပိုက်ခံရတဲ့ အချိန်မှာ ရခိုင်လူမျိုး နှစ်သိန်းကျော် သေဆုံးခဲ့ရတယ်။ ကျန်တဲ့ လူတွေလည်း အိန္ဒိယကိုထွက်ပြေးပြီး တချို့ကလည်း အခု ဘင်္ဂလာဒေခ်ျ့ဖြစ်တဲ့ နိုင်ငံကို ထွက်ပြေးခဲ့ကြရတယ်။ မသေဘဲ ကျန်နေလိုက်တဲ့ ရခိုင်အမျိုးသားထဲက မျိုးဆက်သစ် ၅ ဆက်မြောက် ဖြစ်တဲ့ ကျွန်တော်တို့ဟာ ရခိုင်လူမျိုး အဖြစ် ရပ်တည်ပြီး ရှိနေတယ်။ ရခိုင်လူမျိုး အဖြစ် ရပ်တည် နေထိုင်လာတဲ့ ကျွန်တော်တို့ဟာ ရခိုင်ပြည်ရဲ့ အချုပ်အချာအာဏာကို ပြန်လိုချင်တဲ့ အတွက် ကုလသမဂ္ဂရုံးရှေ့ကို လာပြီး ကိုလိုနီ စနစ်ကို ဖျက်သိမ်းဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။ ဒါဟာ တရားတယ်။ မှန်ကန်တယ်။"

နောက်ထပ် တက်ရောက်လာသူ ကိုကျော်မင်းကလည်း ယခုပြုလုပ်ရသည်မှာ နယူးယောက်မှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဆီကို တိုက်ရိုက် စာရေးသား ပေးပို့ရတဲ့ အတွက်လည်း ကျွန်တော်ကတော့ တော်တော် ၀မ်းသာပါတယ်။ နောက်ထပ်ပီးလည်း လူပ်ရှားမူတွေ ဆက်ပြုလုပ်သွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆိုသည်။

ဦးဆောင်ရာတွင် ပါဝင်သူ ရခိုင်လူငယ် တစ်ဦးဖြစ်သူ ကိုဘခင်မှလည်း အောင်မြင်မူ ၇၅ ရာခိုင်နုန်း ရရှိသည်ဟု ပြောကြားပြီး မိမိတို့မှာ ရခိုင်ပြည်မှ မိုင်ပေါင်း ၅၀၀၀ ကျော်ဝေးကွာနေသော နေရာတွင် ရောက်ရှိနေသော်လည်း ရခိုင်ပြည်သူတွေ အနီးဆုံးနေရာမှာ ရှိနေကြောင်း ပြောဆိုသည်။ ပြည်ပတွင်ရောက်ရှိနေသော ရခိုင်အမျိုးသားများအားလည်း သူတို့နှင့် အတူ လက်တွဲ ဆောင်ရွက်သွားကြရန် သူက ပြောကြားသည်။

အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် စတင်ခဲ့ပြီး ၂ နာရီတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

Wednesday, December 29, 2010

ရခိုင်နန့် ဖက်ဒရယ်

ရခိုင်တိ ဆုံယှုံးနီရေ အချုပ်အခြာအာဏာစွာ“ရွှီတုံး” နန့် တူပြီးဂေ၊ ဂနိဗမာတချို့အပါအ၀င် တခြားတိုင်းရင်းသားတိတောင်းဆိုနီဂတ်တေ ဖက်ဒရယ်ပြည်ထောင်စုဆိုစွာ “ကြီးတုံး” အဆင့်ရာဟိရေ။ အောက်ချီးတိနန့်ပေါင်းကေ “ကြီးတုံး” က “ချီးတုံး” ဖြစ်လားဖို့စွာသေချာရေ။ စနစ်ကိုယုံရေ၊ လူကို မယုံ။

နောက်တချက်က တခြားတိုင်းရင်းသားမာ ပထ၀ီအနီအထားအရ သူရို့ခထောက်မာသူရို့ ရေဟြည်ရပ်တည်နိုင်ဖို့အခက်အခဲဟိရေ။ အောက်ချီးမာ ပိုဆိုးရေ။ အောက်ချီးပြည်က ထွက်ကုန်ဆိုလို့ ထန်းရည်နန့် မြက်ခြောက် ရာဟိရေ။ ယင်း ထန်းရည်နန့်မြက်ခြောက်ကို ပြည်ပကိုတင်ပို့ဖို့ဆိုဂေတောင်မ ရခိုင်နန့်မွန်က သီးခြားခွဲထွက်လားဂေ အောက်ချီးပြည်စွာ လာအိုနိုင်ငံရို့ပိုင် ကုန်းတွင်းပိတ်နိုင်ငံဖြစ်လားဖို့။ ယင်းချင့်ကို အောက်ချီးတချို့ကမြင်ဘနာ ဖက်ဒရယ်လို့အော်ရေ။ ယင်းဇူးနန့် ဖက်ဒရယ်စနစ်ဆိုစွာကို အောက်ချီးတချို့နန့် တခြားတိုင်းရင်းသားတိက ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ သဖောမျိုးနန့် မချစ်ကေလေ့ အောင့်ဘနာနမ်းနီဂတ်စွာရာဖြစ်တေ။ တယောက်ကိုတယောက် မခွဲနိုင်၊ မခွာနိုင်လောက်အောင် ချစ်လို့မဟုတ်။

ရခိုင်တိအနီနန့် ဒေအချိန်မာ ဟိုယောင်ယောင် ဒေယောင်ယောင်လုပ်နီဖို့အချိန်မဟုတ်ယာ။ ရခိုင်ပြည်ကျွန်ဘ၀ကလွတ်မြောက်ပြီးဂေ ခေတ်မီ၊ သာယာ၊ ဖွံ့ဖြိုး၊ တိုးတက်၊ အီးချမ်းရေ ရခိုင်နိုင်ငံပြန်တည်ထောင်ဖို့ကိုရာ လုံးဝ(လုံးဝ) အာရုံစူးစိုက်သင့်ရေ။ ရခိုင်ပြည်ကို ကိုယ်စားပြုနီရေပါတီတိ၊ အဖွဲ့အစည်းတိအားလုံး “ဘုံ” ရည်မှန်းချက်တခုရာ ဟိသင့်ရေ။ ယင်းလောက်ယာ.....

free4waddy

၃၁ ဒီစင်္ဘာ

နီရာယူ....အသင့်ပျင်....

အော်....

ဒီဇင်္ဘာ....ဒီဇင်္ဘာ....

ဆိုးလိုက်တေ ကံကြမ္မာ

မဟာဗမာ အမြီဆိုး

ငရို့အမျိုး....ကျွန်လူမျိုး....။



အော်....

ဒီဇင်္ဘာ....ဒီဇင်္ဘာ....

လာပြန်ယာ တခါ

ဒေကြမ္မာဆိုး

ငရို့ မရိုက်ချိုးကတ်ယာလား....။



နိုးထဂတ်ဖိ....

ရုန်းကြွဂတ်ဖိ....

မချိရေကြားက

ဟိသမျှအားနန့် လှော်ဂတ်မေ

အဖ ရခိုင်ပြည်ထိလေ။



တော်လှန်ရေးသစ္စာနန့် -

free4waddy

ဦးရာဇ်တောင်စေတီတော်မြတ်

Posted by Picasa