ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် မုတ္တမကမ်းလွန်ရှိ ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းမှလည်း ၂၀၁၃ ခုနှစ်အတွင်း၌ပင် စတင်၍ ပြည်ပတင်ပို့ရန် စီစဉ်ထားပြီး အဆိုပါ စီမံကိန်းနှစ်ခုမှ လက်ရှိ ပြည်ပတင်ပို့နေသည့် ရဲတံခွန်နှင့်ရတနာ စီမံကိန်းနှစ်ခုမှ ထွက်ရှိပမာဏ၏ အနည်းဆုံး တစ်ဝက် နီးပါး အထိ ထွက်ရှိတင်ပို့နိုင်မည့် အနေအထားရှိသည်ဟု သိရသည်။
လက်ရှိတွင် ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကိုသာ ပြည်ပတင်ပို့နေခြင်းဖြစ်ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်းက အဆိုပါစီမံကိန်းနှစ်ခုမှ ပြည်ပသို့ ၃၇၃ ဒသမ ၈၇၂ ဘီလျံကုဗပေ တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။Wednesday, January 12, 2011
Wednesday, January 5, 2011
ရခိုင်ပြည်တော်လှန်ရေး ပေါ်ပေါက်လာရခြင်းများ
အေဒီ ၁၇၈၄
ရခိုင်သက္ကရာဇ် ၁၁၄၆ ရခိုင်ပြည်ကို ဗမာကသိမ်းထားသည့်နောက်ပိုင်းကာ လ တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းသည် ရခိုင်လူထုကို ပုံစံအမျိုးမျိုးဖြင့် မျိုးတုံးအောင် ပြုကျင့် လျှက်ရှိသည့်ဖြစ်ရပ်ကို ရခိုင်လူထုက မြင်လာသည့်အခါ တံလျပ်ရေထင်ခဲ့သည့် ရခိုင်ပြည် ၏သစ္စာဖောက် မောင်သံတွေသည် ကိုယ်ဖော်သည့်ဆေးကို ကိုယ်မစားနိုင်သည့် အနေအထား သို့ ရောက်ရှိလာကာ နောက်ဆုံးကာလတွင် ရရာလူများကို စည်းရုံးကာ ဗမာမင်းကို တော်လှန်ခဲ့ရသည်။ သို့သော် ရခိုင်ပြည်ကို အပိုင်သိမ်းထားသဖြင့် တော်လှန်ရေး မအောင် မြင်ခဲ့ချေ။ မောင်သံတွေ၏သားဖြစ်သူ ဗိုလ်ချင်းပျံက တော်လှန်းရေးကို ဆက်လက်ဦးဆောင်ခဲ့ သည်။ ဗိုလ်ချင်းပျံသည် လက်ရုံးရည်ပြည့်ဝသော်လည်း နိုင်ငံရေးဘက်၌ စည်းရုံးရေးအားနည်း ခဲ့လေသည်။ ဗိုလ်ချင်းပျံသည် နိုင်ငံရေးဆက်လက် လှုပ်ရှားမှုမရှိတော့ဘဲ ချင်းတောင်တန်း ဒေသ၌ ခိုလုံနေရပြီး ၁၈၁၅ ခုနှစ်တွင် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်။
သို့သော် ရခိုင်တော်လှန်ရေးသည် ကျဆင်းသွားခြင်းမရှိပါ။ ရခိုင်ပြည်အတွက် တိုက်ပွဲဝင်နေ ကြသည့် ရခိုင်ပြည်တောင်ပိုင်း၌ ဗိုလ်သာဦး၊ ဇော်ဂျီဗိုလ်၊ တိမ်ကြားဗိုလ် စသည့် ရခိုင့်တော် လှန်ရေး အင်အားစုများကလည်း ရခိုင်ပြည်မြောက်ပိုင်းတွင်ရှိသည်။ ဗိုလ်ချင်းပျံ၏ ယောက်ဖ ဖြစ်သူ ဒေဒ၀န်းကြီးအောင်ကျော်ရွှီနှင့် ရခိုင်မင်းဆွေမျိုးများဖြစ်သည့် မင်းသားကြီးရွှေဗန်း၊ မြို့သူကြီးအောင်ကျော်ဇံ စသော ရခိုင်ခေါင်းဆောင်များက ရခိုင်တော်ရေးကို ဆက်ခံကြသည်။
ဗမာကိုမောင်းထုတ်ရန် မဟာမိတ်ဖွဲ့
ဗမာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ရောက်သွားသည့်အချိန်တွင်လည်း ရခိုင်တော်လှန် ရေးသည် အင်္ဂလိပ်စစ်ကူဖြင့် ဗမာကိုတိုက်ရန် စီစဉ်ရသည်။ ထိုစဉ်က အင်္ဂလိပ်နှင့် ရခိုင်တို့ သည် ဗမာတို့ကို တိုက်ရန် အချက်(၁၀)ချက်ပါသည့် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်ကို ရခိုင်ခေါင်းဆောင်နှင့် အင်္ဂလိပ်ခေါင်းဆောင်တို့က သဘောတူခဲ့ကြသည်။
ထိုပုဂ္ဂိုလ် များသည်
ရခိုင်ဘက်မှ-
(၁) မင်းသားကြီးရွှေဗန်း
(၂) မြို့သူကြီးအောင်ကျော်ဇံ
(၃) ဒေးဝန်းကြီးအောင်ကျော်ရွှီ
အင်္ဂလိပ်တို့ဘက်မှ
(၁) မင်းကြီး ဒိန်သျှန်
(၂) ယ၀ါသတ်ခေါ် ရာပသိန်သတ် တို့ဖြစ်ကြပြီး အောက်ပါသဘောတူ အချက်(၁၀)ချက်ကို ချုပ်ဆိုခဲ့သည်။
(၁) ဗမာကို ရခိုင်ပြည်မှ မောင်းထုတ်ရန်။
(၂) အင်္ဂလိပ်ထဲမှ လက်နက်အကူအညီပေးရန်၊ စစ်သားအချို့ ကူညီရန်။
(၃)စစ်ကာလအတွင်း အင်္ဂလိပ်တို့ထံမှ စစ်စရိတ်ထုတ်သုံးရန်။
(၄) ရန်သူဗမာထွက်သွားပြီးနောက် ရခိုင်ပြည်ကို ရခိုင်အကြီးအကဲ(မင်းသား)များသို့ ပြန်အပ်ရန်။
(၅) စစ်ပြီးသွားပါက စစ်အတွင်း အသုံးစရိတ်(၂)ဆကို ရခိုင်တို့က အင်္ဂလိပ်တို့အားပေးရန်။
(၆)အင်္ဂလိပ်တို့သည် ရခိုင်ပြည်သူတို့အား မရက်စက်မစော်ကားရန်နှင့် စာချုပ်ပါ ကတိများ တည်ရန်။
(၇) စစ်ပြီးလျှင် အင်္ဂလိပ်အစိုးရသည် ရခိုင်ပြည်မှ လုံးဝဥဿုံ ထွက်ခွါပေးရန်။
(၈) စစ်တိုက်လျှင် ရခိုင်တို့က ရှေ့ဆောင်လမ်းပြချီတက်ရန်။
(၉) ကုန်းတပ်ရေတပ်တို့၌ နှစ်ဦးနှစ်ဖက် တာဝန်ယူရန်၊ တူညီမျှတ အားသွန်ခွန်စိုက် ရွပ်ရွပ်ချွန်ချွန် တိုက်ထုတ်ရန်။
(၁၀) စစ်အတွင်းရိက္ခာကို ရခိုင်တို့က လုံးဝတာဝန်ယူရန် တို့ဖြစ်သည်။
ထိုသို့ စာချုပ်ချုပ်ဆိုပြီးနောက် ရခိုင်နှင့်အင်္ဂလိပ်တို့က ပူးတွဲတပ်ဖြင့် ၁၈၂၄ ခု မတ်လတွင် စတင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်ကို စိုးမိုးနေသည့် ဗမာတို့လည်း ရခိုင်ပြည်မှ ဆုတ်ခွါသွားရသည်။ နောက်ပိုင်းတွင် ရန္တပိုစာချုပ်ဖြင့် ပြေငြိမ်းလိုက်ရသည်။
အင်္ဂလိပ်အကြံ
သို့သော် ရခိုင်ပြည်မှ ဗမာများကို ရခိုင်-အင်္ဂလိပ်ပူးတွဲစစ်ဆင်ရေးလုပ်ကာ အောင်မြင်စေကာမူ စာချုပ်ပါ ကတိအတိုင်း အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ရခိုင်ခေါင်းဆောင်များလက်ထဲသို့ ပြန်မ အပ်ဘဲ ၄င်းတို့၏ လက်အောက်ခံအဖြစ် သိမ်းပိုက်ထားသည်။ ရခိုင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးကာ ထောင်ချလိုက်သည်။ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် မင်းသားကြီးရွှေဗန်းနှင့် တခြားခေါင်းဆောင်များကိုလည်း ထောင်ထဲတွင် သေဆုံးသွားကြသည်။ ၁၈၈၅ ခုနှစ်တွင် ဗမာပြည်ကို အင်္ဂလပ်တို့သိမ်းယူနိုင်ခဲ့လေသည်။ ထိုအထဲတွင် တော်လှန်ရေးနှစ်မျိုး ပေါ်ပေါက် လာသည်။ ရခိုင့်တော်လှန်ရေးနှင့် ဗမာ့တော်လှန်ရေးပင် ဖြစ်သည်။ အင်္ဂလိပ်တို့သည် အာရှတ တိုက်လုံးအထိ သိမ်းပိုက်နိုင်လေသည်။ ထိုအချိန်တွင် တော်လှန်ရေးကာလသည် မှေးမှိန်သွား လေသည်။
အင်္ဂလိပ်တို့၏ ရန်ဘက်နိုင်ငံတခုအဖြစ် ဂျပန်က စတင်လာသည်။ အင်္ဂလိပ်က အာရှကို သိမ်းထားချိန်တွင် ဂျပန်ကလည်း အနောက်နိုင်ငံများကို သိမ်းပိုက်လာခဲ့သည်။
လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်အသျှင်ဦးဥတ္တမ
ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားဟောပြောလာမှု၊ လမ်းပြပေးမှုတို့ကြောင့် နောက်ပိုင်း ၁၉၂၀ ခုနှစ်ကာလတွင် ကျောင်းသားသပိတ်၊ လယ်သမားအရေးတော်ပုံတို့ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအချိန် ဂျပန်ကလည်း စစ်ရေးအရ တစတစကြီးထွားလာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာပြည်သည် ဂျပန်လက်အောက်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ရခိုင်တို့လည်း ဂျပန်ကို တော်လှန်ရေးစတင်ရလေသည်။ ရခိုင့်ခေါင်းဆောင်များဖြစ်ကြသည့် ဦးဘစော၊ ဦးသာထွန်းအောင်၊ ဗိုလ်ကြီးကြာလှအောင်၊ ဘုံပေါက်သာကျော် စသည့် ရခိုင့်ခေါင်းဆောင် တို့က ဂျပန်တို့ကို တိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၄၅ ခုနှစ်တွင် ရခိုင်ပြည်မှ ဂျပန်တပ်များဆုတ်ခွါသွားခဲ့ရာ ရခိုင်ပြည်တွင်(စီ-အေ-အက်စ် (ဘီ)ခေါ် စစ်အုပ်ချုပ်ရေး စတင်လာခဲ့သည်။ ယင်းကာလတွင် စစ်အုပ်ချုပ်ရေးသည် ပြည်သူ များကို နိုင်ထက်စီးနင်းကာ ဆိုးသွပ်ခဲ့သည်။ အမျိုးသမီးများကို မုဒိန်းကျင့်မှုများလည်း ရှိလာ သည်။ နောက်တွင် ဗမာဦးစီးဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သို့ ရခိုင်ခေါင်း ဆောင်များလည်း ၀င်သွားကြသည်။ ယင်းအချိန်တွင် ဆရာတော် ဦးစိန္တာ၊ ဘုံပေါက် သာကျော် စသည့်ခေါင်းဆောင်များကလည်း အင်္ဂလိပ်အစိုးရထံ လက်နက်မအပ်ဘဲ လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်ရလေသည်။
ရခိုင့်တော်လှန်ရေးဂယက်
၁၉၈၄ ခုနှစ် ဇန်န၀်ရီလ(၄)ရက်နေ့တွင် ဗမာပြည်ကို အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးပြီး နောက်ပိုင်းတွင်မူ ဗမာတို့က ရခိုင်သူပုန်ချေးမုန်းရေး ကျဆင်းလာသည်။ ရခိုင့်ခေါင်းဆောင် တချို့လည်း လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ လက်နက်နှင့်ဒီမိုကရေစီလဲသည် ဆိုသည့် ၀ါဒကြောင့် ရခိုင့်တော်လှန်ရေး အဖွဲ့တို့သည် လက်နက်ချခဲ့သည်။
မည်သို့ဆိုစေကာမူ ရခိုင့်ခေါင်းဆောင်များ လက်နက်ချသွားသော်လည်း နောက်တွင်ကျန်ခဲ့ သည့် ကျော်ဇံရွှီဦးဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ(အေစီပီ)နှင့် မောင်စိန်ညွန့် ဦးဆောင် သည့် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ၊ ထွန်းရွှေမောင်ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်နှင့် ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တို့လည်း တော်လှန်ရေးလက်ဆင့်ကမ်းခဲ့ကြသည်။
နောက်ပိုင်း ၁၉၉၈ တွင်ဖွဲ့စည်းသည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦးနှင့် ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ၊ ဗိုလ်ရာဇာဦးဆောင်သည့် ရခိုင့်တပ်မတော် တို့ကလည်း လက်ဆင့်ကမ်းခဲ့ကြသည်။
ကိုလတ်(ခိုင်ရိုးမ)
ကိုးကား=
(၁) မြန်မာနိုင်ငံသမိုင်းသစ်(၂)တော်လှန်ရေးခရီးဝယ်(ဘုံပေါက်သာကျော်)
(၃)ဦးလှထွန်းဖြူ(ဂေါတမ)ဘ၀နှင့်စာပေ
(၄)နိုင်ငံရေးမှတ်စုများ
(၅)ရခိုင်နိုင်ငံသမိုင်းသစ်(ပိုးလှအောင်-မူကြမ်း)
ရှေးဟောင်းခြေရာကို ဖျက်လိုသူများ
ရှေးဟောင်းခြေရာကို ဖျက်လိုသူများ
ရခိုင်ပြည်နယ် အတွင်းရှိ ရှေးဟောင်း ဘုရားပုထိုးများကို ပြန်လည်ပြုပြင်ရာတွင် မူလရှေးဟောင်း
လက်ရာများ ပျက်စီးခြင်းကြောင်း သတိထားပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း အများပြည်သူ၏ ဆန္ဒ
ကို ခံယူခြင်းမှာ လွန်စွာ အရေးပါလှသည်။
ရခိုင်ပြည်နယ်အတွင်း မြောက်ဦးဒေသသည် AD16ရာစုနှင့် 17ရာစု ကာလများတွင် စီးပွားရေ လူမှုရေး
နိုင်ငံရေး နှင့် ယဉ်ကျေးမှု အားဖြင့် ဖွံဖြိုးတိုးတက် စည်ပင် မှုသည် အထွက်အထိပ်သို့ ရောက်ရှိခဲ့ ကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။
ရှေးဟောင်းဘုရားများကိုယခုအခါ တွေ့ရှိနေရခြင်းဖြစ်သော်လည်း ဘုရားပျက်များကို တတ်နိုင်သလောက် ပြုပြင်မွန်းမွန်ခဲ့ကြ သည်။ ယင်းသို့ ပြုလုပ်ရာတွင် ဒေသခံစေတနာ ရှင်များက ပြုလုပ် သည်များ ရှိသကဲ့သို့ သက်ဆိုင်ရာရှေးဟောင်းသုတေသန ဌာနမှ လည်းပြုပြင်မှုများရှိ ခဲ့ကြောင်း သိရသည်။ သို့သော်လည်းပြန်လည်ပြုပြင်ခြင်းနှင့် ပတ်သက်ပြီး အမြင်မှားမှု များကို ပြည် သူ နှင့် ယဉ်ကျေးမှုဌာ အကြား တွင်ရှိလာခဲ့ရာ ဖြေရှင်း၍ မရနိုင်သော အကြောင်းအရာတခု အဖြစ် ကြီးထွားလာခဲ့ သဖြင့် ရှေးဟောင်းဘုရားများကို ပြုပြင်လိုလျင် ယဉ်ကျေးမှု ဌာနကိုတိုက်တွန်းရန် အကြောင်း ကြား လာရ ကြောင်း သိရသည်။
မြောက်ဦးဒေသခံများကလည်း ၄င်းတို့ လိုအပ်သော ပုံစံအတိုင်း ပြုပြင်လိုသကဲ့ သို့ သက်ဆိုင်ရာဌာန ကလည်း ၄င်းတို့လိုအပ် သလို ပြုပြင်ကြ သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၀၈ - ဇန် န၀ါရီ လ ထုတ် ၇ ရက် သတင်း ဂျာနယ် အတွဲ ၆၊ အမှတ်(၄၁)တွင် ပြည်သူများကို အပုတ်ချရေးသားထား သော
အိဖြုမွန်၏ သတင်းနှင့် ပတ်သက်၍ ကိုယ် လိုရာ ဆွဲ ပြောသည် ဟု ဒေသခံများ ရှုမြင်ခဲ့ကြသည်။ ယင်းတွင် မြောက်ဦးမြို့သို့ လာရောက်လေ့လာခဲ့သော မန္တလေးနည်းပညာတက္ကသိုလ်မှ လက်ထောက်
ကထိက ဒေါ်ယုမွန်မြင့်က ” ဒေသခံတွေ ဘုရားပျက်တွေ ရှိရင် ဒီအတိုင်းမထား ကောင်းဘူး ၊ ဆိုပြီးပြုပြင်ကြတယ်။ ရှေးဟောင်းဘုရားတွေကို ဒီအတိုင်းပြုပြင်ကြတော့ ၊ ရှေးဟောင်း ဗိသုကာ လက်ရာ ပျက်သွားနိုင်တယ်“ ဟု မြောက်ဦးမြို့ရှိ ဗိသုကာ လက်ရာများ သုတေသန စာတမ်း ဖတ်ပွဲတွင် ပြောကြားခဲ့ သည်ဟု ရေးသားထားသည်။
ထို့အပြင်ရန်ကုန်နည်းပညာတက္ကသိုလ် ဗိသုကာဌာနမှ ကထိကဦးခိုင်ဝင်းလတ်ကလည်း ” မြောက်ဦး က ရသျှစ်သောင်း က ရာသီဥတု ဒဏ်ကြောင်း ပျက်စီးတာရှိပေမယ့် ဗိသုကာ အကြောင်း ဒေသခံတွေ နားမလည် တော့ ကိုယ့်သဘောနဲ့ကို ပြုပြင်ကြတယ်။ သျှစ်သောင်းဘုရားရဲ့အောက်ခြေတွေမှာ ၀င်လာတဲ့ မိုးရေတွေကို ထွက်ဖို့ အပေါက် လုပ်ထားပေမယ့် ၊ နားမလည်တဲ့ လူတွေက အပေါက်ကို ပိတ် လိုက်တော့ ရေ ကမထွက်တော့ဘူး၊ ဒါကြောင့် တာရှည် မခံတာပါ၊ ” ဟု ရေးသားထားရာ ဒေသခံ များကို နားမလည် ဟု ရေးသားချက်ပြောဆို ချက် အပေါ် မြောက်ဦးမှ သမိုင်းသုတေသီများ ကလည်း ခံပြင်းခဲ့ ကြကြောင်းသိရ သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် အချို့သောဒေသခံတို့သည် ဗိသုကာ ပညာ ကို လေ့လာလိုက်စားမှုများ ညယနေ့ ကာလအထိ ရှိနေသေးကြောင်း ၊ သို့သော်လည်းဗိသုကာ ပညာကိုည နားလည်မှု မရှိဘဲပြုပြင်ခဲ့မှုများ ရှိကောင်း ရှိခဲ့ သည့်တိုင် အစိုးရဌာနများ အနေဖြင့် လက်ရှိရနေသော အခွင့်အာဏာ ကို အသုံးပြုကာ ကိုယ်ကျိုးအတွက် လုပ်ဆောင်မှုများရှိနေကြောင်း ၊ ရှေးဟောင်းသုတေသန ဌာနများ အနေဖြင့် မလိုလားအပ်သော သတင်းထိမ်ချန်မှု များ ပြုလုပ်လျက် ရှိ နေကြောင်း လည်း သိရ သည်။
ဒေသခံများက မူ ” သူတို့လုပ်ချင်သလို့ လုပ်နေကြတဲ့အတွက် မြောက်ဦးမြို့မှာရှိတဲ့ရှေး ဟောင်း လက်ရာတွေထဲ က တစ်ချို့ဘုရားပုထိုးပျက်တွေမှာ ပြန်လည်ပြုပြင်ထားကြတာ ဟာ ရှေးမူနဲ့လုံးဝ လွဲချော်နေတာတွေ ရှိနေ ပါတယ် ၊ သျှစ်သောင်းဘုရားအထက် မုဒ်ဦးမှာလဲ ရှေးလက်ရာ မဟုတ်ဘဲ သူတို့ လုပ်ချင်သလိုပြုပြင် လိုက်တဲ့ အတွက် ဘုရားပွဲတော်ချတိုင်း အရင်က လုံးဝမကြုံဖူးတဲ့ အဖြစ် အပျက် တွေ နဲ့ကြုံနေရပါပြီ၊ ဒါ ဟာသက်သက်ရှေးဟောင်း ယဉ်ကျေးမှုတွေကို ဖျက်စီးနေတာ ပါ၊ ”ဟု ပြော ဆိုနေကြ သည်။
မြော်ကဦးဒေသ သည် ကမ္ဘာယဉ်ကျေးမှု အမွေ အနှစ်စာရင်းတွင် ထည့်သွင်းထားသောဒေသဖြစ်ရုံမက ရှေးဟောင် ယဉ်ကျေးမှုအမွေ အနှစ် ဒေသတစ်ခုအဖြစ်လည်း ကမ္ဘာ ကအသိအမှတ်ပြုလိုက်သည့် အတွက် ရှေးခေတ်လက်ရာ များ မပျောက်ပျက်အောင် ထိန်ူသိမ်းရေးအတွက် လည်း များစွာ လို အပ်လျက် ရှိကြောင်း အငြင်းပွားမှုများကို ပယ်ပျက်ကာ စစ်မှန်သော ရှေးခေတ် လက်ရာများ ပေါ်ထွက်လာရေး မှာ မြောက်ဦး သမိုင်းဝင်ဒေသ၏ အဓိကစိန်ခေါ်မှု ကြီးတစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက် ပါ သည်။
(လင်းလင်း- ခိုင်ရိုးမ)
နအဖ စစ်စခန်းကို ALA မှတိုက်ခိုက်၍ နအဖ တပ်သား ၄ ဦး ကျဆုံး
1/5/2011
-------------
မောင်အေး
------------
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် ပလက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
အဆိုပါ စခန်းမှာ ပလက်ဝမြို့နယ် လက်ဘ၀ ကျေးရွာတွင်တည်ရှိပြီး နအဖ စစ်သား ၃၀ ခန့် စခန်းထိုင်နေသော စခန်းဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ ၅ မိုင်အကွာတွင်တည်ရှိကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ တွဲဘက် အတွင်းရေးမှူး ၂ ခိုင်သုခမှ တိုက်ပွဲ ဖြစ်ပွားပုံကို ယခုကဲ့သို့ ပြောသည်။
“ ဇန္န၀ါရီလ ၃ ရက်နေ့ နေ့လည် ၂ နာရီမှာ ရခိုင်ပြည်တပ်မတော်က ဗိုလ် ခိုင်သိန်းဇော်ဦးစီးတဲ့ စစ်ကြောင်း တစ်ခုက ၀င်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ နအဖဘက်က ၄ ဦးကျဆုံးပြီး ကျွန်တော်တို့ဆီက တစ်ဦးကျဆုံးသွားခဲ့ပါတယ်။ တိုက်ပွဲက တစ်နာရီထိ ကြာပါတယ်။”
ယခုကဲ့သို့ တိုက်ပွဲအတွင်း နအဖစစ်သား ၄ ဦးကျဆုံးသွားကြောင်းကို မည်ကဲ့သို့ အတည်ပြုနိုင်ပါသနည်းဟု မေးမြန်းရာ ယခုကဲ့သို့ ခိုင်သုခမှ ပြောကြားသည်။
“ တိုက်ပွဲက နေ့ခင်းဘက်မှာ ဖြစ်ပွားတာဆိုတော့ ဘာတွေ ဖြစ်နေတယ်ဆိုတာ အနီးကပ် မြင်နေရတယ်။ သူတို့ဆီက ၄ ဦးကျပြီး စစ်သားနှစ်ဦး ဒဏ်ရာ ရသွားတယ်။ စခန်းကိုတော့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။”
ALA မှ ကျဆုံးသွားသည့် ရဲဘော်မှာ ခိုင်မြ၀င်းဖြစ်ပြီး နအဖ စခန်းအား ၀င်ရောက်ရှင်းလင်းစဉ် ကျဆုံး သွားခြင်းဖြစ်သည်။
အဆိုပါ စစ်စခန်းတွင် ခလရ ၅၅ မှ စစ်ကြောင်း ၂ စစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်း ဦးစီးပြီး အင် အား ၃၀ ခန့်ဖြင့် နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် စခန်းဖြစ်သည်။
ယခုတိုက်ပွဲမှာ ယခုနှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပွားသော တိုက်ပွဲ ဖြစ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ မြန်မာ နိုင်ငံ အနောက်ဘက် ဒေသတွင် စစ်ရေးအရှိန်မြင့်တင်ရန် ရည်မှန်းချက်၏ ပထမဆုံး ဖေါ်ဆောင်သော တိုက်ပွဲ ဖြစ်သည်။ အဆိုပါစခန်းကို ယခုကဲ့သို့ ၀င်ရောက်တိုက်ခိုက်ရခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိကြောင်း သူကဆက် ပြောသည်။
“အဓိက ကျွန်တော်တို့ ဇန်န၀ါရီလ ၃ ရက်နေ့မှာ ရန်သူစခန်းကို ၀င်တိုက်ရတာက ၄ ရက်နေ့က လွတ်လပ်ရေး နေ့ဖြစ်တယ်။ အခုရထားတဲ့ ဗမာပြည်လွတ်လပ်ရေးက ဗမာလွတ်လပ်ရေးသာဖြစ် တယ်၊ ကျွန်တော်တို့ ရခိုင်လွတ်လပ်ရေး မဟုတ်ဆိုဒါကို အချက်ပြဖို့ဖြစ်တယ်။ နောက်တချက်က ကျွန်တော်တို့ပါတီက ချမှတ်ထားတဲ့ ၂၀၁၁ မှာစစ်ရေးအချိန် မြင့်ဖို့ဆိုတာကို အကောင်အထည် ဖော်တာဖြစ်တယ်”ဟု သူကပြောသည်။
ရခိုင်ပြည် လွတ်မြောက်ရေးတပ်မှာ အိန္ဒယ နယ်စပ်တွင်အခြေစိုက်ပြီး စစ်ရေးအရ လှုပ်ရှားနေသည့် ယခုလက်ရှိတခုတည်းသော ရခိုင်လက်နက်ကိုင်တပ်ဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို ၁၉၇၃ ခုနှစ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး အတွက် ထိုင်း-မြန်မာ နယ်စပ် ကရင် အမျိုးသား အစည်းအရုံး နယ်မြေတွင် တည်ထောင်ခဲ့သည်။
: ------------------------------မောင်အေး
------------
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော
အဆိုပါ စခန်းမှာ ပလက်ဝမြို့နယ် လက်ဘ၀ ကျေးရွာတွင်တည်ရှိပြီး နအဖ စစ်သား ၃၀ ခန့် စခန်းထိုင်နေသော စခန်းဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ ၅ မိုင်အကွာတွင်တည်ရှိကြောင်း ဒေသခံများက ပြောသည်။
“ ဇန္န၀ါရီလ ၃ ရက်နေ့ နေ့လည် ၂ နာရီမှာ ရခိုင်ပြည်တပ်မတော်က ဗိုလ် ခိုင်သိန်းဇော်ဦးစီးတဲ့ စစ်ကြောင်း တစ်ခုက ၀င်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ နအဖဘက်က ၄ ဦးကျဆုံးပြီး ကျွန်တော်တို့ဆီက တစ်ဦးကျဆုံးသွားခဲ့ပါတယ်။ တိုက်ပွဲက တစ်နာရီထိ ကြာပါတယ်။”
ယခုကဲ့သို့ တိုက်ပွဲအတွင်း နအဖစစ်သား ၄ ဦးကျဆုံးသွားကြောင်းကို မည်ကဲ့သို့ အတည်ပြုနိုင်ပါသနည်းဟု မေးမြန်းရာ ယခုကဲ့သို့ ခိုင်သုခမှ ပြောကြားသည်။
“ တိုက်ပွဲက နေ့ခင်းဘက်မှာ ဖြစ်ပွားတာဆိုတော့ ဘာတွေ ဖြစ်နေတယ်ဆိုတာ အနီးကပ် မြင်နေရတယ်။ သူတို့ဆီက ၄ ဦးကျပြီး စစ်သားနှစ်ဦး ဒဏ်ရာ ရသွားတယ်။ စခန်းကိုတော့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။”
ALA မှ ကျဆုံးသွားသည့် ရဲဘော်မှာ ခိုင်မြ၀င်းဖြစ်ပြီး နအဖ စခန်းအား ၀င်ရောက်ရှင်းလင်းစဉ် ကျဆုံး သွားခြင်းဖြစ်သည်။
အဆိုပါ စစ်စခန်းတွင် ခလရ ၅၅ မှ စစ်ကြောင်း ၂ စစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်း ဦးစီးပြီး အင် အား ၃၀ ခန့်ဖြင့် နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် စခန်းဖြစ်သည်။
ယခုတိုက်ပွဲမှာ ယခုနှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပွားသော တိုက်ပွဲ ဖြစ်ပြီး ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ၏ မြန်မာ နိုင်ငံ အနောက်ဘက် ဒေသတွင် စစ်ရေးအရှိန်မြင့်တင်ရန် ရည်မှန်းချက်၏ ပထမဆုံး ဖေါ်ဆောင်သော တိုက်ပွဲ ဖြစ်သည်။ အဆိုပါစခန်းကို ယခုကဲ့သို့ ၀င်ရောက်တိုက်ခိုက်ရခြင်းမှာ ရည်ရွယ်ချက်နှစ်ခုရှိကြောင်း သူကဆက် ပြောသည်။
“အဓိက ကျွန်တော်တို့ ဇန်န၀ါရီလ ၃ ရက်နေ့မှာ ရန်သူစခန်းကို ၀င်တိုက်ရတာက ၄ ရက်နေ့က လွတ်လပ်ရေး နေ့ဖြစ်တယ်။ အခုရထားတဲ့ ဗမာပြည်လွတ်လပ်ရေးက ဗမာလွတ်လပ်ရေးသာဖြစ် တယ်၊ ကျွန်တော်တို့ ရခိုင်လွတ်လပ်ရေး မဟုတ်ဆိုဒါကို အချက်ပြဖို့ဖြစ်တယ်။ နောက်တချက်က ကျွန်တော်တို့ပါတီက ချမှတ်ထားတဲ့ ၂၀၁၁ မှာစစ်ရေးအချိန် မြင့်ဖို့ဆိုတာကို အကောင်အထည် ဖော်တာဖြစ်တယ်”ဟု သူကပြောသည်။
ရခိုင်ပြည် လွတ်မြောက်ရေးတပ်မှာ အိန္ဒယ နယ်စပ်တွင်အခြေစိုက်ပြီး စစ်ရေးအရ လှုပ်ရှားနေသည့် ယခုလက်ရှိတခုတည်းသော ရခိုင်လက်နက်ကိုင်တပ်ဖြစ်သည်။ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို ၁၉၇၃ ခုနှစ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး အတွက် ထိုင်း-မြန်မာ နယ်စပ် ကရင် အမျိုးသား အစည်းအရုံး နယ်မြေတွင် တည်ထောင်ခဲ့သည်။
(နိရဉ္စရာ သတင်းမှကူးယူဖေါ်ပြပါသည်။)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသော မုဒိန်းမှူအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ပြန်းထန်စွာရှုတ်ချခြင်း၊
၂ဝ၁ဝ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ (ဘ)ဦး မောင်ကျော်ခိုင် သမီးအသက်(၁၇)နှစ်နှင့် (ဘ)ဦးကျော်တင်မောင်သမီး အသက်(၁၇)နှစ် အမျိုးသမီးငယ် နှစ်ဦး အား မူဆလင်ကုလားများမှ ပြန်ပေးဆွဲပြီး အဓမ္မပြုကျင့်ကြောင်း နေရဉ္စရာသတင်းအရသိရှိရသည်၊ အဆိုပါ ပြုကျင့်ခံရသူ အမျိုးသမီးငယ်များကို ပြုကျင့်ခံရပြီး နှစ်ရက်အကြာနောက်ပိုင်း မယူတောင်သို့ကျော်၍ ရသေ့ တောင်မြို့နယ်အတွင်း ပေးးပို့ခဲ့သည်ဟု သိရှိရသည်။
ထို့နောက်ပြန်ပေးဆွဲခံရပြီး (၉)ရက်ခန့်အကြာ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် အလယ်သံကျော် တိုက်နယ်ဆေး ရုံတွင် စစ်ဆေးခဲ့ကြောင်း ဒေသခံများမှ ကြားသိရသည်။ အမှုကို အလယ်သံကျော် တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်မှ အမှုနှင့်ပတ်သက်င၍ ၄င်းတို့ဘက်မှ ပြုလုပ်၍မရကြောင်း အမှုသည် ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားသည့်အမှုဖြစ်သည့်အတွက်ကြောင့် ရသေ့တောင်မြို့နယ်သို့ တာဝန်ကျဆရာဝန်မှ တာဝန်လွဲအပ် လိုက်ကြောင်း ကိုကြားသိရပါသည်၊၊
ရခိုင်ပြည်အတွင်း မုဒိန်းမှုများဖြစ်ပေါ်နေခြင်းသည် ယခုတစ်ကြိမ်တည်းသာ မဟုတ်ပဲ အခါများစွာဖြစ်ပေါ်လျက်ရှိနေသည် သို့ဖြစ်ရသည်မှာ ကိုယ်ချင်းစာတရားလုံးဝမရှိသော သူယုတ်မာတို့.စရိုက်ကြောင့်ဖြစ်သည်၊ အခြားတဖက်တွင်အစိုးရ အုပ်ချုပ်မှူလုံးဝအသုံးမကျ ဖြစ်သည်ဟု မိမိတို့ မှအခိုင်အမာယုံကြည်သည်၊
သို့ဖြင့် အမျိုးသမီးငယ်များ. ဆန္ဒအလျဉ်းမပါပဲ အတင်းအားဓမ္မ ပြုလုပ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုသဘောတူစာချုပ် စီဒေါ (CEDAW) ကိုချိုးဖောက်ရာကျသည့်အပြင် အပြည် ပြည်ဆိုင်ရာ ကလေးအခွင့်အရေး (CRC) စာချုပ်ကို လည်းချိုးဖောက်ရာရောက်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) မှ အတိအလင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ သို့ဖြင့် ယခုအတင်းအားဓမ္မပြုခဲ့သော မူဆလင်ကုလားများကို နအဖစစ်အစိုးရမှ ထိထိရောက်ရောက် အရေးယူဆောက်ရွက်ရန် အောက်ဖေါ်ပြ ပါ အတိုင်းမိမိတို့မှတောင်းဆိုသည်၊
ရခိုင်ပြည်နယ်ရှိအမျိုးသမီးများမှာ မူဆလင်ကုလားများ. ရန်ကတမျိုး နအဖစစ်အစိုးရ. ရန်ကတဖုံ နည်းမျိုးစုံဖြင့် အတင်းအဓမ္မ ပြုကျင့်မှုကိုခံနေကြရပြီး လုပ်ကိုင်စားသောက်စရာမြေမရှိ။ ပြေးစရာနေရာမရှိ ဖြစ်နေကြရပြီး မည်သို့ဒုက္ခရောက်မည်ကို စိုးရိမ်စိတ်အပြည့်ဖြင့် ကျီးလန့်စာ စားနေရသည့်အလား ဒုက္ခပေါင်း စုံကိုခံစားနေကြရပါသည်၊
သို့ဖြစ်၍ ရခိုင်ပြည်မှ အမျိုးသမီးတို့ ဘဝလုံချုံမှုရှိစေရေးအတွက် အာဏာပိုင်အဖွဲ့ အစည်းများမှ ဆောင်ရွက် ပေးရန် အောက်ပါတောင်ဆိုချက်များကိုမိမိတို့မှ တောင်းဆိုလိုက်သည်၊
ထို့အပြင် ယခင်နှစ်များကလည်း မူဆလင်ကုလားများ. မတရားပြုကျင့်မှုများစွာ ဖြစ်ပျက်ခဲ့ရာ ရခိုင်ပြည်နှင့် ရခိုင် လူမျိုးအတွက် လှုပ်ရှားနေကြသော အဖွဲ့များမှ လိုက်လံဆောင်ရွက်မှု ပြုသည်ကို မတွေ့ရသည့်အတွက် မိမိတို့မှများစွာ ဝမ်းနည်းရပါကြောင်းနှင့် ဤသို့ဖြစ်ရပ်များကို ရခိုင်အမျိုးသားတရပ်လုံးက လူမျိုးရေးအသိဖြင့်ကာကွယ် ကြရန်လိုကြောင်းလည်း ဤထုတ်ပြန်ချက်တွင် ထုတ်ဖေါ်ပြောကြားလိုပေသည်၊
ထို့အတူ ရခိုင်ပြည်တွင်းသို့ မကြာခဏဖြစ်ပျက်နေမှုများကို မဲအနိုင်ရရှိထားသောပါတီများ အင်အားကြီး အတိုက်အခံပါတီများမှလည်း အဓမ္မအနိုင်ကျင့်မှုများပပျောက်အောင် လိုက်လံဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်၊
မိမိတို့ မှတောင်ဆိုချက်များ
(၁) ပြစ်မှုကျုးလွန်သော တရားခံ မုဒိန်းကောင်များကို မုဒိန်းမှုဆိုင်ရာပြစ်မှု၊ ပြန်ပေးဆွဲမှုဥပဒေအရ၄င်း။ ကလေးအခွင့်အရေး ထိပါးစော်ကားမှု ဥပဒေအရ၄င်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု သဘောတူစာချုပ် စီဒေါစာချုပ်ဆိုင်ရာ ဥပဒေအရ၄င်း ထိရောက်စွာ အပြစ်ပေးအရေး ယူပေးရန်၊
(၂) မုဒိန်းမှူ ပြုကျင့်ခံရသည့် အမျိုးသမီးငယ်များ ကာယဣနြေ္ဒိပျက်စီးမှုများအတွက် နိုင်ငံတကာ စံချိန် စံညွန်းနှင့် ကိုက်ညီသော လျှော်ကြေးငွေပေးဆောင်ရန်နှင့် အခမဲ့ဆီးကုသခွင့်ကို အာဏာပိုင်များမှ ဆောင်ရွက်ပေးရန်။
(၃) ပြစ်မှုကျုးလွန်ခံရသော အမျိုးသမီးငယ်များ. ဘဝအာမခံချက်၊ ဘဝလုံခြုံရေးရရှိရေးနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှုများ လျော့နည်းလာစေရန် အာဏာပိုင်များမှ ဆောင်ရွက်ပေးရန်။
(၄) ထိုအမှုအား ဒေသဆိုင်ရာအာဏာပိုင်များမှ လဒ်ပေးလက်ယူများကိုရှောင်ရှားရန်နှင့် အမျိုးသမီးငယ် များဖက်မှ မားမားရပ်တည်ပြီး မှန်ကန်တိကျစွာ အပြစ်ပေးအရေးယူဆောင်ရွက်ပေးရန်။
ဗဟိုအလုပ်မှုဆောင်ကော်မီတီ
ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)
ရခိုင်ပြည်၊
Tuesday, January 4, 2011
http://www.irrawaddy.org/
ဤတိုက်ပွဲတွင်ကေအန်ယူနန့်ဗကပရို့သည်ဦး နုအစိုးရကိုဖြုတ်ချရန်အတွက်တိုက်ပွဲတိဆင်နွဲလာ ရာ အင်းစိန်ခ၀ဲခြံထိရောက်ဟိန့်လြာ
ကေအန်ယူဘက်ကိုလှည့်လားခရာ ကေအန်ယူတိအကျအဆုံးများစွာနန့်ဆု တ်ခွာခကတ်
သည်။ဦးနေ၀င်းနန့်သခင်သန်းထွန်းဇာတိ ကိုဆွေးနွိန်းခကတ်တေလို့ထင်ရေလဲ ...မောင်ဂွစာ
အမြင် ကတော့...ဦးနေ၀င်းရဲဘော်သန်းထွန်း ၊မင်းလည်းဗမာ၊ ငါလည်းဗမာ၊ငါတို့တွေကလွဲပြီး
တို င်းရင်းသားတွေမှာက မြေပေါ်မြေအောက် သယံဇာတတွေရှိတယ်။ တိုင်းရင်းသားတွေသာ အနိုင်ရသွား မယ်ဆိုရင် ငါတို့ဗမာတွေမှာကနေစရာမရှိတော့ ဘူး..ရန်ကုန်ကမွန်ပိုင်တယ်၊မော် တင်စွန်းထိ ရခိုင်ကပိုင်တယ်၊ မေမြို့အထိရှမ်းတွေပိုင်တယ်၊ တော င်ငူပျဉ်းမနားအထိ ကရင် တွေပိုင်တယ်၊စစ်ကိုင်းအထိချ င်းတွေပိုင်တယ်၊ဧရာဝတီတိုင်းကို ရခိုင်နဲ့ကရင်တွေ ပိုင်တယ်.
မိုးကုတ်အထိကချင်တွေပိုင်တယ်။ ငါတို့ဗမာတွေပိုင်တာတွေက ထန်းရည် နဲ့သနပ်ခါးတုံး လောက်သာထွ က်တဲ့ အညာတစ်ဝိုက်သာဖြစ်တယ်။ဒီတော့ဗမာဖြစ် တဲ့ရဲဘော်သန်းထွန်းအနေနဲ့ ကျုပ်တို့ဗမာအစိုးရကိုပြန်တိုက် ပြီး ဗမာ လူမျိုးဒုက္ခရောက်အောင်လု ပ်မာလား (သို့)ဗမာလူမျိုးကြီးဝါ ဒကို ဆက်လက်ကိုင်စွဲထားဖို့ရန် ရဲဘော် ရဲသေနတ်ပြောင်းဝကို ရန်သူ ကေအန်ယူဘက်ကိုလှည့်မှာလား. ..သေချာစဥ်းစားပါ.သန်းထွန်း ဗိုလ် ချုပ်ကြီးပြောတာ ကိုကျုပ် မတွေးမိခဲ့ဘူးဗျ...ကျုပ်နားလည်ြ ပီ၊ဗမာအတွက်ပဲကျုပ်တိုက်ရမာပေါ့ ...
.............................. .............................. .......................
ယနေ့တွင်နိုင်ငံရေးနယ်ပါယ်၍ ဗမာ တိကိုဇာလောက်ယုံရပါဖို့လဲ...ရခိုင် လွတ်မြောက်ရေး အတွက် အားကိုး ရန်မှာဇာသူ့ကိုလဲ.. ရခိုင့်ကံကြမ္မာသည်ရခိုင်သားတိ လက်ထဲမာသာဟိန့် ပါသည် ဟုတစ်ထစ်ချယုံကြည်ပါသည်။နှစ်သစ် မှာ ရခိုင်သားတိအားလုံးစိတ်သစ်၊လူသစ် တိနန့်ဆက်လက်တိုက်ပွဲဝင် ကတ်ပါဖို့..ဆင်ခြင်သုံးသပ်ကတ်ပါရန်တင်ပြ ခင်းသာဖြစ်ပါသည်။
လေးစားစွာနန့်
မျိုးခိုင်
http://www.irrawaddy.org/ article.php?art_id=15080
သည်။ဦးနေ၀င်းနန့်သခင်သန်းထွန်းဇာတိ
အမြင် ကတော့...ဦးနေ၀င်းရဲဘော်သန်းထွန်း ၊မင်းလည်းဗမာ၊
တို
မိုးကုတ်အထိကချင်တွေပိ
..............................
ယနေ့တွင်နိုင်ငံရေးနယ်ပါယ်၍ ဗမာ
လေးစားစွာနန့်
မျိုးခိုင်
http://www.irrawaddy.org/
ရခိုင်လူမျိုးထံမှ ပေးစာ
why didn't you declare or spread news of demonstration by rakhinese people(arakanese people) in front of UN office about rakhinese failed country day fall on Dec 31day? let me know about it. you are afrainding to will know national rakhine and all of the world by burmese' rule with unjustice and inhumanity then colonization.i have been heard BBC news deparment /voa news department and RfA news deparment are free new deparment.so,you should declare news regularly the truth as free news deparments without bias as having in the present all over the world.pls reply me.for why didn't make declaration about that.
ရခိုင်လူမျိုးများ ပြည်ပသတင်းဌါနများကိုသပိတ်မှောက်နိုင်ကြောင်းကိုလိုနီစနစ်ကို ဖျက်သိမ်းပေးရန် ရခိုင်အမျိုးသားများက နယူးယောက် UN ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ခြင်းကိုသတင်းဌါနများမှမထုတ်လွင့်ခြင်းသည်အဘယ်ကြောင့်ပါနည်း၊ရခိုင်ပြည်သူတွေ ကျွန်ပုံးကိုလိုနီဘ၀မှာရှိနေတယ်ဆိုတာကို မျိုးဆက်သစ်မြန်မာလူငယ်တွေအပါအ၀င် (ရခိုင်လူမျိုးတွေသိရှိမှာကိုကြောက်နေလို့ ထင်ပါတယ်။ဟုတ်ပါလား သတင်းဌါနတွေမှာ UNရုံးရှေ့ှဆန္ဒပြ သတင်းများကိုမထုတ်လွင့်နိုင်သည့်
အကြောင့် သိရှိလိုပါတယ်။ကျွန်တော်တို.ရခိုင်လူမျိုးတွေ သတင်းဌါနများကိုလုံးဝမကျေနပ်ပါကြောင်း အသိပေးပါတယ် သတင်းဌါနများ။ ဘီဘီစီသတင်းဌါနဆိုတာ လွတ်လပ်တဲ. သတင်းဌာန ဘက်မလိုက်တဲ. သတင်းဌါနလို. သိရပါတယ်။အမှန်ကို အမှန်အတိုင်း တင်ပြတာ အရှိကို အရှိတိုင်း တင်ပြနေတာကမှ သတင်းဌါန အစစ်လို. ထင်ပါတယ်။၂၂၆ နှစ်မြောက် ရခိုင်ပြည်(ရခိုင်နိုင်ငံတော်) အချုပ်အချာအာဏာကျဆုံးနေ့တွင် ရခိုင်အမျိုးသားများက နယူးယောက် ကုလသမဂ္ဂရုံးရှေ့သို့ သွားရောက်ပြီး ရခိုင်ပြည်(ရခိုင်နိုင်ငံတော်)မှာ ဗမာကိုလိုနီ လက်အောက်သို့ ကျရောက်နေ သဖြင့် ကိုလိုနီ စနစ်ကို အပြီးအတိုင် ဖျက်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်သတင်း မထုတ်လွင့်အပေါ် အမြန်ဆုံးပြန်ကြားပေးပါရန်။
ခင်မင်လေးစားစွာဖြင့်
ရွေမြောက်ဦး(လေးဝတီ)
ရခိုင်လူမျိုးများ ပြည်ပသတင်းဌါနများကိုသပိတ်မှောက်နိုင်ကြောင်းတင်ပြလိုက်ရပါသည်။
အကြောင့် သိရှိလိုပါတယ်။ကျွန်တော်တို.ရခိုင်လူမျိုးတွေ သတင်းဌါနများကိုလုံးဝမကျေနပ်ပါကြောင်း အသိပေးပါတယ် သတင်းဌါနများ။ ဘီဘီစီသတင်းဌါနဆိုတာ လွတ်လပ်တဲ. သတင်းဌာန ဘက်မလိုက်တဲ. သတင်းဌါနလို. သိရပါတယ်။အမှန်ကို အမှန်အတိုင်း တင်ပြတာ အရှိကို အရှိတိုင်း တင်ပြနေတာကမှ သတင်းဌါန အစစ်လို. ထင်ပါတယ်။၂၂၆ နှစ်မြောက် ရခိုင်ပြည်(ရခိုင်နိုင်ငံတော်) အချုပ်အချာအာဏာကျဆုံးနေ့တွင် ရခိုင်အမျိုးသားများက နယူးယောက် ကုလသမဂ္ဂရုံးရှေ့သို့ သွားရောက်ပြီး ရခိုင်ပြည်(ရခိုင်နိုင်ငံတော်)မှာ ဗမာကိုလိုနီ လက်အောက်သို့ ကျရောက်နေ သဖြင့် ကိုလိုနီ စနစ်ကို အပြီးအတိုင် ဖျက်သိမ်းပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်သတင်း မထုတ်လွင့်အပေါ် အမြန်ဆုံးပြန်ကြားပေးပါရန်။
ခင်မင်လေးစားစွာဖြင့်
ရွေမြောက်ဦး(လေးဝတီ)
ရခိုင်လူမျိုးများ ပြည်ပသတင်းဌါနများကိုသပိတ်မှောက်နိုင်ကြောင်းတင်ပြလိုက်ရပါသည်။
Sent at 4:27 PM on Tuesday
