Monday, April 11, 2011
ရခိုင်ရိုးရာ သကြန် ဒေနှစ် စစ်တွေမှာကျင်းပမည်
ရခိုင်ရိုးရာ သကြန် ဒေနှစ် စစ်တွေမှာကျင်းပမည်
ရခိုင်ရိုးမ April 9, 2011
စစ်တွေ။   ( ရခိုင်ရိုးမ)။   အနောက်တိုင်းဆန်ရေ ၀တ်စားဆင်ယင်မှု မဟုတ်ဘဲ ရခိုင်ယဉ်ကျေးမှု အစဉ်လာအတိုင်း ရခိုင်ရိုးရာ ရခိုင်သင်္ကြန်ကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ကျင်းပလားဖိုလိုသိရပါရေ။
ပြည်ပမှာ ကျင့်သုံးနီရေ ရီလောင်းပုံစံမျိုးမဟုတ်ဘဲ။ ရှေးရခိုင်တိ ကျင်းသုံးခကတ်တေ ရခိုင်ရီလောင်းပုံစံအတိုင်း
စည်ကားစွာကျင်းပလားဖို့လို့ ရခိုင်ရိုးရာ သင်္ကြန်ပွဲ ဖြစ်မြောက်ရေးက တာဝန်ရှိသူတဦးက ရခိုင်ရိုးမကို ပြောပါရေ။ ရီလောင်းမဏ္ဍတ်ကို ရှိကသုံးခရေအတိုင်း လောင်းမာရီထည့်ပနာ ရီလောင်းရဖိုလို့သူက ပြောပါရေ။
“ ဒေနှစ်ခါက  ရခိုင်ရိုးရာ ရီလောင်းပုံစံအတိုင်းပါ။ ရခိုင်ရီလောင်းမဏ္ဍတ်မာ အနောက်တိုင်းဆန်ရေ အ၀တ်အစားတိကိုဝတ်မလာရ ၊ မိမိရိုရိုးရာအတိုင်း ၀တ်စားဆင်ယင်မှုနန့်ရီလောင်းရဖို့ ဖြစ်တေလို့ “ လို့ဆိုပါရေ။
ပျောက်ကွယ်လု ဖြစ်နီရေ ရခိုင်ရိုးရာ ရခိုင်သင်္ကြန်ကို ဒေနှစ်ခါ ဖော်ထုတ်ရေ အနေနန့်ကျင်းပခြင်း ဖြစ်တေလို့ သိရပါရေ။
သင်္ကြန်ကာလအတွင်းမှာ နိခင်းပိုင်း၂နာရီမှရာ ကားနန့်လည်ပတ်ရဖိုလို့လည်းသိရပါရေ။ ဒေနှစ်ခါရေ ဌာနဆိုင်ရာ မဏ္ဍတ်တိ မရှိဘဲ ရခိုင်ရိုးရာ မဏ္ဍတ် အတိုင်းရာ ထားရှိဖိုဖြစ်ရာ  ဗဟိုမဏ္ဍတ်ကို မိဇံရပ်ကွက်မာ ထားရှိဖိုလို့သိရပါရေ။
“ဒေနှစ်ခါက ရခိုင်ရိုးရာ ရီလောင်းမဏ္ဍတ် အတိုင်းပါဗျာယ်။ ရခိုင်ဝတ်စားဆင်ယင်မှုနန့်ပါ။ ရပ်ကွက်တိုင်းမာတော့ချလို့ရပါရေ။ ကန့်သတ်ချက်တော့ မရှိပါ။”  ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော် က ရခိုင်ရိုးမ ကိုပြောပါရေ။ ရခိုင်ရိုးရာ ရီလောင်းမဏ္ဍတ်အတွင်း ရခိုင် အမျိုးသားအလံကိုထားဖို့အတွက် ရခိုင်ရိုးရာ သကြန်ဖြစ်မြောက်ရေး ပုဂ္ဂိုလ်တိက အဆိုတင်သွင်းခကေလဲ  ယင်းအလံရေ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အလံနန့်တူနီရေ အတွက်ကြောင်းအသုံးမပြုဖို့အတွက် စစ်တွေခရိုင်မှုးက ကန့်ကွက်ခပါရေ။ ယင်းအပြင် ရီလောင်းမဏ္ဍတ်လို့ ဆိုရေ အသုံးနှုန်းကိုလည်း ပယ်ချလိုက်တယ်လို့သိရပါရေ။
ရခိုင်သင်ရိုးကို အစိုးရသစ်တရပ်တွင်ပြသွားမည်
ရခိုင်သင်ရိုးကို အစိုးရသစ်တရပ်တွင်ပြသွားမည်
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၀ ခုနှစ်။      
ခိုင်ရိုးမ(စစ်တွေ)။တိုင်းရင်းဘာသာကို မိခင်ဘာသာစကား အဖြစ် အခြေခံပညာ မူလတန်း အဆင့်တွင် သင်ကြားနိုင်ရေးအတွက် အစိုးရသစ်တရပ်တွင် တင်ပြသွားနိုင်ရန် ပြင်နေကြောင်း သိရသည်။
ပျောက်ကွယ်လု ဖြစ်နေသည့် ရခိုင်ဘာသာစကားကို  ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့က ဦးစီးပြီး ရခိုင် ပညာရှင်းများက သင်ရိုးစာအုပ်အဖြစ် ညှိနှိုင်းဆွေးနွေးကာ ၂၀၁၀ ရွေးကောက်ပွဲက တက်လာသည့် အစိုးရသစ်တရပ်တွင်တင်ပြနိုင်ရန်အတွက် ရခိုင်စာပေ ညာရှင်များ ဥပဒေဘောင်အတွင်း က တင်ပြသွားမည်ဖြစ်သည်။
" ကျနော်တို့ ဆွေးနွေးဆဲကာလပါ၊ သင်ရိုးကိုလဲ ရေးဆွဲဖို့အတွက် ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး တင်ပြထားပါတယ်။ တက်လာမယ့် အစိုးရဆီကို တင်ပြသွားမှာပါ။ ကျနော်တို့ရခိုင်စာကို မူလတန်း အဆင့်မှာ သင်ကြားနိုင်ဖို့ အတွက်ကို" ဟု ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါ ရခိုင်တိုင်းရင်းဘာသာစကားကို မူလတန်းအဆင့်တွင်ပြဌာန်းနိုင်ရေးအတွက် ယခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စာပေပညာရှင်များဆွေးနွေးပွဲတရပ်ကို  စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်တွင် စစ်တွေမြို့ရှိ စာပေပညာရှင်များကပြုလုပ်ခဲ့ပြီး  ရခိုင်ဘာသာစကားစံတခုဖြစ်ရန် အတွက် ပညာရှင်အားလုံးသာဘောတူသည့် တင်ပြချက်များကိုလည်း  ဆွေးနွေးခဲ့သည်။
" ကျနော်တို့ တင်ပြတာကိုတပြည်နယ်လုံးအတိုင်းအတာထိ သုံးနိုင်အောင် ပညာရှင်တွေရဲ့ သဘောထားတွေကိုကောက်ခံတာလဲရှိပါတယ်။ အားလုံးသဘောတူမှ ရခိုင်ဘာသာစကား စံတခု အဖြစ်  သတ်မှာဖြစ်ပါတယ်" ဟု ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်က ဆက်ပြောသည်။
သို့သော်မည်သည့် ကာလမှာ စတင်အကောင်အထည်ဖော်မည်ကို ရွေးကောက်ပွဲက တက်လာ သည့် အစိုးရလက်ထက်တွင်ပြဌာန်းနိုင်ဖွယ်ရှိကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မှ တွဲဖက်အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
"ရခိုင်ဘာသာစကားနဲ့ ပြဌာန်းမယ်ဆိုတာကို ရခိုင်လူထုတွေက လိုလားနေကြတယ်။ ဥပဒေ ဘောင်အတွင်းကနေကြိုးစာနေကြတာပါ။ အခု တက်လာမယ့်အစိုးရသစ်မှာ တင်ပြသွားဖို့ရှိတယ်။ အခု သင်ရိုးပြဌာန်းစာအုပ်တွေ ပြုစုဖို့အတွက်ဆွေးနွေးနေဆဲပါ" ဟုဦးခိုင်ပြည်စိုးက ပြောသည်။
ဗမာမီဒီယာအစ ရခိုင်ကဟု စစ်တမ်းကဆို
ဗမာမီဒီယာအစ ရခိုင်ကဟု စစ်တမ်းကဆို
ရခိုင်ရိုးမ April 9, 2011
စစ်တွေ( ရခိုင်ရိုးမ)။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ၁၈၅၃ ခုနှစ်စလို့ ထုတ်ဝေခရေ Arakan News ဂျာနယ်ရေ မြန်မာနိုင်ငံ၏ ရှိအကျဆုံး ဂျာနယ်တစောင်ဖြစ်တေလို့ စစ်တမ်းတခုက ဆိုပါရေ။
ယင်းဂျာနယ်ရေ ၁၈၅၃ ခုနှစ်က စစ်တွေမြို့မှာ ပိုင်ရှင်Mr.J.O.Hay. ဦးလှဖော်သူ က တပတ်ကို(၂)ကြိမ် ထုတ်ဝီခရေလို့ သိရပါရေ။ စစ်တွေက ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေရေနောက်ပိုင်း ရိုးမအရှေ့မှ ရတနာပုံ သတင်းစာကို ၁၈၇၂-၇၃ ( ဗမာသက္ကရာဇ်-၁၂၃၆ ) ခုနှစ်မှာ စတင်ထုတ်ဝီခကြောင်းလည်း သိရပါရေ။
“ကျနော်ရို့လေ့လာမိသလောက်ပြောရဖို့ဆိုကေ ဗမာပြည်မီဒီယာ( Press Media) ရေ ရခိုင်မှာ ကနဦးပေါ်လာပြီး နောက်ပိုင်းမှ ဖြစ်လာစာလို့ သိရရေ။ ဇာလဲဆိုကေ ရတနာပုံသတင်းစာစာရေ ၁၈၇၂ - ၇၃ မာရာ စထုတ်စာကိုး၊ ရခိုင်မာ ကတော့ ၁၈၅၃ ကပင် စစ်တွေမြို့မာ စထုတ်နီဗျယ် ယင်းအတွက် ကျနော်ရိုးရှေ့ကျရေလို့ဆိုနိုင်ပါရေ” လိုရခိုင်ဝါရင့် သတင်းစာဆရာတဦးက ပြောပါရေ။
ရခိုင်ပြည်မာ ပုံနှိပ်မီဒီယာလုပ်ငန်း(Press Media) ကို ၁၈၅၃ ကနီပြီးကေ ၁၉၆၀ ခုနှစ်ထိ နှစ်ပေါင်းတရာကျော် ရှည်ကြာခရေလို့လည်း စစ်တမ်းအရ သိရပါရေ။
ရခိုင်ပြည်နယ်မာ( Press Media) လုပ်ငန်းမှာ နာမည်ကြီးဂျာနယ်တိဖြစ်တေ Akyab Commercial News( သို့) ArakanNews ဂျာနယ်ရေ စောင်ရေအများဆုံးထုတ်ဝီနိုင်ခရေ အပြင် ၁၈၅၃ ကနီ ၁၉၁၆ ၀န်းကျင်အထိ ထုတ်ဝီနိုင်ခကြောင်း လေ့လာသိရှိရပါရေ။
ရခိုင်ရိုးမ က စုဆောင်းထားရေးမှတ်တမ်းတရပ်အရ The Arakan Advocate ဂျာနယ်၊ The Arakan Echo၊ The Daily Advertiger ၊The Arakan Time ၊ ပြည်ကြီးမဏ္ဍိုင်သတင်းစာ၊ ရခိုင်ပြည်ရာဇ၀င်အသင်းသတင်းစာ၊ ရခိုင်ပြည်သတင်းစာ၊ ရခိုင်ဇာနည်ဂျာနယ်၊ ရခိုင်အသံသတင်းစာ လမ်းမှန်သတင်းစာ၊ တိုးလက်ရုံးသတင်းစာ။ ရခိုင်တိုင်းသတင်းစာ၊ ရခိုင်ပြည်သူ့သတင်းစာ၊ ရခိုင်အလင်းသတင်းစာ စရေ ဂျာနယ် ၁၅ စောင်ခန့် ထုတ်ဝီခရေ လို့လည်းစုံးစမ်းသိရှိရပါရေ။
ယင်းအပြင် ကျောက်ဖြူ အခြေစိုက် The Arakan Industrial Press ကနီပြီးကေ၁၈၉၆ - ၉၇ -ခုနှစ်က စောင်ရေ ၆၀ ရှိ Kyauk Phyu Advertising and Friend of Arakan ဆိုရေ ဂျာနယ်ကိုလည်းထုတ်ဝီခပါရေ။ ၁၉၆၀ ခုနှစ်နောက်ပိုင်းရေ ရခိုင်ပြည်နယ်မာ ပုံနှိပ်မီဒီယာလုပ်ငန်းကျဆင်းလာရေ အပြင် ဂနိ ထိ ပြည်တွင်းမှာ ရခိုင်ပုံနှိပ်မီဒီယာလုပ်ငန်း မရှိသိကြောင်း သိရပါရေ။ ပြည်ပ အခြေစိုက် ရခိုင်မီဒီယာများကသာ ထုတ်ဝီနီကြောင်းတွေ့ရပါရေ။
Saturday, April 9, 2011
အမျိုးချစ်ပလိုက်ဖို့  ဒေနှစ်သင်္ကြန် ပါကားယေ
                    အမျိုးချစ်ပလိုက်ဖို့  ဒေနှစ်သင်္ကြန် ပါကားယေ
              ယေကေဒေပိုင် အတာကူးရေ အချိန်မျိုးမှာ အိမ်ဝီးနိန်ကတ်တေ ကလေချေတိ ၊ ရပ်ဝီးမှာ နိန်ကတ်တေ မိသားစုတိက ကိုယ့်မြို့ ကိုယ့်ရွာကို လာပနာ သင်္ကြန်ချဖို့  လာကတ်စွာ ပါရာ။ တက္ကသိုလ်ကျောင်းမှာ တက်နိန်ကတ်တေ ကျောင်းသား ကျောင်းသူတိကလဲ ကိုယ့်ရပ် ရွာကို ပြန်လာပနာ သင်္ကြန်မှာ မြို့ ကြီးသား လုပ်တတ်တေ ပုံစံမျိုးနန့်  သင်္ကြန်ပွဲကို နွဲကတ် စွာတိလဲ တွိဖူးပါရေဒေ။ ယင်းချင့်မှာ အကောင်းဆုံး ပျော်ကတ်စွာကတော့ခါ ၀ါကြီးဆာကြီးအဖွဲ့  တိပါယေ။ ၀ါကြီးဆာကြီးတိက ရီမလောင်းပါဒေ။ အလောင်းခံဖို့  အတွက် နွားကာရီနန့်  သင်္ကြန် မှာ  မြို့ ပါတ်ရွာပါတ် ကလို့  လားကတ်စွာပါချင့်။ တချို့ က ၀ဘုတ်စောင့်ရေပိုင် စိတ်ပုတီး တိ ကိုလိုင်မှာ   ဆွဲလို့  လားကတ်ပါရေ ။ တချို့ က အဘုချေတိ နို့ လိမ်စို့ ရေပိုင် ကလို့  ခုန်လို့  လားကတ် ပါရေ ။ အယင်ကခေတ်က ရခိုင်သင်္ကြန်မှာ နွားကာရီနန့်  လားကတ်စွာမှာ လူပေါင်း ၄၀- လောက် -၅၀- လောက် အဖွဲ့ တိ လားကတ်စွာ ဟိန့် ပါရေ ဒေ။ ယင်းပိုင်လားကတ်စွာမှာ သင်္ကြန် သံချပ်ဆိုစွာကလဲ မပါမဖြစ်စွာပါရာ ။ ယင်းပိုင်သံင်္ကြန် သံချပ်မျိုးကို ရီးပီးစွာမှာတော့ တရားသီးစု ရွာက ဗောဓိကျောင်းဆရတော် ပါဗျန်ကားယေ။  ရိုးမရောင်နီ အဖွဲ့ ကို နှစ်စိုင်ပင် သံချပ် ရီးပီးပါရေ ။ ဗောဓိကျောင်းဆရတော် ရီးပီးစွာမှာ အများအားဖြင့် နိုင်ငံရီးသံချပ်ဖြစ်ပါရေ ။ ယင်းပိုင်နိုင်ငံရီးသံချပ် ရီးပီးကေလဲ ဆရာတော်က တခါချေလဲ နိုင်ငံရီးစကားပြောခြင်း မဟိန့် ဖူးပါချင့် ။
             နှစ်တိုင်းသံချပ် ရီးပီးစွာမှာ ဆရာတော်က ပင်တိုင်ဖြစ်လို့  ရိုးမရောင်နီ သင်္ကြန်အဖွဲ့  အတွက် လူစုဖို့  စွာလောက်ရာ ပြသနာဖြစ်ပြီးကေ အခြားစွာတိ တခုလဲ မဟိန့် ပါဒေ။ ဒယောဆင်တူ ၀တ်ပနာ လားနိန်ခကတ်စွာတိကား ကောင်းကောင်းပျော် စရာကောင်းပါရေ ဒေ။ လပျိုချေပေါက်စတိ ဖြစ်လို့  သင်္ကြန်ဆိုစွာနန့်  နံသာသွီးရေနိ့်န့် မှာပင် ရွာခွဆုံမှာ့သောက်လို့ စားလို့  ကနိန်ကတ်စွာပါဗျန်ကာ။ ရခိုင်သားတိက သင်္ကြန်ဆိုကေ သောက်ရဖို့ ရာ ဆိုပနာ အသိကလဲ ဟိန့် နိန်ကတ်တေအတွက် သက်ြန်ကျဗျန် ဆိုကေ လပျိုချေ ကလေချေ တိမှာ တခါချေလဲ အရက်မသောက်ဖူးကေလဲ သင်္ကြန်မှာတော့ သောက်ဖူးအောင် သောက်လိုက် ကတ်စွာပါဗျန်။ ယင်းပိုင်သောက်လိုက်ကတ်ကေလဲ ရန်ခဲပူဆာတော့ လုံးဝဖြစ်ကတ်စွာကို မတွိ ဖူးပါဒေ။ သင်္ကြန်ဆိုစွာ ပျော်ဖို့ ပါးဖို့  ။ ကိုယ်ကြိုက်တေ ကလေ့မေချေရို့ ကို ရည်းစားစကား ပြောဖို့  အတွက် အရေးကြီးနိန်ရေ အချိန်ဖြစ်လို့  ရန်ဖြစ်စွာကို တခါချေလဲ မလုပ်ကတ်ပါယေ။ ယင်းချင့်တခုရာ ရခိုင်သားချေတိမှာ ကောင်းကောင်းချစ်ဖို့  ကောင်းရေ အကွက်ချေ တခုပါရာ။
      နံသာသွီးနိန်ခါ ကကတ်ခုံကတ်နန့်  ပျော်ကတ်ရပြီးကေ မိုးလင်းစွာနန့်  ရွာကကိုးကွယ်ရေ ဘုန်းကြီးကျောင်းကို နွားကာရီတိနန့်  လားပနာ ဘုရားရီချိုးကတ်ပါရေ ။ ရွာကအလှူဖြစ်တေ ပဒေသာပင်ကို ဆရတော်ကို ကပ်ပြီးကေ ကျောင်းမှာ ဟိန့်  ရေ့ ဘုရားဆင်းထုတော်တိကို နံ့သာရည်တိနန့်  ဘုရားချိုးကတ်ပါရေ ။ ယင်းနိန့် ခါမှတော့ ဘုန်းကြီးကျောင်းက ပြန်ရေခါ အချေတိက ရီလောင်းကတ်ပါဗျန်ဒေ။ သင်္ကြန်မဏ္ဍပ်မှာတော့ တချို့  ရွာတိမှာ မဏ္ဍပ်တိမှာ ရီလောင်းကတ်ရပါရေ ။ တချို့ ရွာတိမှာ သင်္ကြန်အတက်နိ့် မှာရာ ရီလောင်းရပါရေ ။  ယင်းပိုင်ရီလောင်းစွာမှာလဲ ကိုယ်၇ို့ မှာ ပါလာရေ ရီဖလားနန့်  မဏ္ဍပ်ထဲက မရီေးချ ရို့ ပါးက ရီတောင်းပနာ လောင်းကတ်စွာပါဗျန်။
        ရခိုင်လူမျိုးမှာ တနှစ်တခါကျရေ သင်္ကြန်မှာ မဏ္ဍပ်ထဲက မရီးချေရို့ ကို ရီလောင်းရစွာ ကမ္ဘာလောက် စိတ်ချမ်းသာဖို့ ကောင်းပရေ ဒေ။ ဇါဖြစ်လို့ လိုဆိုကေ ကိုယ်ကြိုက်နိန်ရေ မရီးချေကို သင်္ကြန်မဏ္ဍပ်ထဲမှာ ရည်းစားစကား ပြောလို့ ရလို့ ပါရာ။ ရခိုင်လူမျိုးတိမှာ မိရိုးဖလာ ယိုင်ကျေးမူ ထုံးစံတိက ဟိန့် နိန်ရေအခါ ကိုယ်ဇါလောက်ပင်ကြိုက်ကြိုက် ရည်းစားစကား ပြောလို့  မရပါဒေ။ လမ်းမတိမှာ လိုက်လို့  ကျောင်းတက်စွာတိမှာ နောက်ကလိုက်လို့  စကားပြောစွာကလဲ မဖြစ်နိုင်ရေ အတွက် သင်္ကြန်အချိန်ရာ အားကိုးစရာ ဖြစ်နိန်ပါရေ ။ ယေဇူးနန့်  နွားကာရီနန့်  လာကတ်တေ သင်္ကြန်အဖွဲ့တိမှာလဲ ဇတ်မင်းသားရှုံးအောင် ကတတ်သူတိပါလို့  ၀ိုင်းဖွဲ့ ပနာ ကလို့  လာသူတိ ဟိန့် ရေပိုင် ၊  မော်တော်ကားတိနန့်  ကလို့ လာရေ လူတိလဲ ဟိန့် ကတ်ပါရေ။
      ပိတောက်ပန်းပန်လို့  တချို့ က စပယ်ပန်းပန်လို့  သဇင်ပန်းပန်လို့   မဏ္ဍပ်ထဲမှာ အလှချင်းပြိုင်လို့  ထိုင်နိန်ကတ်တေ  မရီးချေရို့  ဆိုစွာ ကိုယ့် ကိုပိုးနိန်ရေ ကြိုက်နိန်ရေ ကလေချေတိ လာဗျန်လား ဆိုပနာ စောင်းလို မြောင်းလို့  ကြည့်နိန်တတ်ပါရေ ။ ယေခါကိုယ်ထင်ထားရေ ကလေချေတိအဖွဲ့ ကရာ လာဗျန်ဆိုကေ မဏ္ဍပ်ထဲမှာ နောက်ပြန်ထိုင်ဗျန် မသိရေပိုင် မမြင်ရေပိုင် လုပ်ပနာ ထိုင်နိန်တတ်ပါရေ ။ ယေအခါ အို-မရီးချေ - ရီတစိချေ -ပီးပါပလင့်-လို့  မဏ္ဍပ်အပြင်က တောင်းရပါရေ ။ တေးခင်းသံတိ ။ ဆိုင်းသံတိ ဗုံသံတိ ကြားမှာ လူစွမ်းကောင်းတိက ကိုယ်ကြိုက်နိန်ရေ မရီးချေက ရီတပုံးတောင်းပနာ မေတ္တာရီ ဆိုဗျန် လောင်းဖို့ စွာကို ကြိုးစားနိန်စွာ ကြည့်နိန်ရေ မဏ္ဍပ်စောင့်တိက ကောင်းကောင်း ရယ်ပနာ ကြည့်နိန်တတ်ပါရေ ။ တချို့  ကလေ့မေချေတိက သူရို့  မကြိုက်ရေ ကလေချေတိက ရီတောင်းဗျန် ဆိုကေ မပီးချင်ဘဲ မကြားရေပိုင် မသိရေပိုင် လုပ်တတ်ကတ်တေအခါ ကောင်းကောင်း ပြသနာ တက်ကတ်စွာတိလဲ ဟိန့် ပါရေ ။ ယင်းပိုင်ရာ ရီတောင်းလို့  မရခကေ ၊  မဏ္ဍပ်ထဲမှာ ရီမဟိန့် ခကေ မဏ္ဍပ်ရှင်မ ဖင်ကို တုတ်နန့်  ထိုးဖိ -ဆိုပနာ  အော်ပနာ တေးခင်းဆိုကတ်ပါသိရေ ။
     သံချပ်ထိုးနိန်ကတ်တေ ရီလောင်းအဖွဲ့ တိက မဏ္ဍပ်အပြင်မှာ တချို့ က သံချပ်ထိုးလို့  ကပြနိန်တတ်ပါရေ ။ ယင်းပိုင်သံချပ်ထိုးနိန်ကတ်စွာမှာ ရခိုင်နိုင်ငံတော်မှာ   ရခိုင်ရှင်ဘုရင်တိ ဘုန်းမီးနီလ တောက်ပ စွာတိ ပါစွာကို ကြားရပါရေ ။ ကိုယ့်အမျိဲုးကို ချစ်ကတ်ဖို့  သံချပ်ထိုးပနာ ကနိန်စွာတိလဲ မြင်ရပါရေ ။ သင်္ကြန်မှာ အမျိုးချစ်ကတ်ဖို့  ။ စည်းရုံးကတ်ဖို့  ။ ညီညွတ်ကတ်ဖို့  သံချပ်ထိုးနိန်ကတ်တေ လူတိ အဖွဲ့ တိကား နည်းစွာကား မဟုတ်ပါယေ။  ရခိုင်ပြည်တနံ တလျှံ နားမှာ သင်္ကြန်ဆိုကေ အမျိုးကိုချစ်ရဖို့ လို့  ပြောပြီး အရက်သောက်နိန်ကတ်တေ ကလေ ချေတိကား မြို့ တိုင်းမှာ ဟိန့် နိန်စွာပါရာ။ ယေကေလဲ သင်္ကြန်မဏ္ဍပ်ထဲမှာတော့ - အမျိုးကို ချစ်ဖို့  ဒေနှစ်သင်္ကြန်မှာလို့  မပြောကတ်ဘဲ -အို-မရီးချေ -မရီးချေကို ချစ်မိနိန်န်ပါဗျန်။ ခေါင်းမှာပန်ထားရေ သဇင်ပန်းကုံးကို ပီးခပါလင့် ။ စပယ်ပန်းကုံးကို ပီးပါလင့် ဆိုပနာ တောင်းနိန်  ကတ်စွာပါဗျန်။ ယင်းပိုင်ရာ ပန်းတောင်းလို့  မရီးချေက သူရို့  အမိအဖ အသိခင် သူရို့  အေးမ ညီမ ရို့  အသိခင် ပန်းပီးလိုက်တေ ဆိုကေ ရလားခရေ လပျိုချေမှာ ကွေးနိန် အောင် ကပြီးကေ ကောင်းကောင်းပျော်လို့  ဒေနှစ်သင်္ကြန်မှာ သူအပျော်ဆုံးလို့  ကြွီးကြော်ပနာ ဂုဏ်ယူကတ်စွာမဟုတ်ပါလားယေ။  ယေဇူးနန့် လဲ မဏ္ဍပ်အပြင်ဖက်မှာ အမျိုးကိုချစ်ဖို့  ဒေနှစ်သင်္ကြန်မှာ သံချပ်ထိုးနိန်ကေလဲ  ချစ်လိုက်ရစွာနန့်  ပင် ပြောနိန်စွာကတော့ မဏ္ဍပ်ထဲက  ရခိုင်သားချေရို့  ရိုးရာအသံ မဟုတ်ပါလားယေ။
ခိုင်အောင်ကျော် ( နယူးယောက် )
Sunday, April 3, 2011
မလေးရှားရောက်ရခိုင်ပြည်သူများအဖွဲ့ ပေါင်းစည်းရေး ခြီလမ်းစတင်
မလေးရှား ရောက်ရခိုင်ပြည်သူများအဖွဲ့ ပေါင်းစည်း  ရေးခြီလမ်းစတင်
                                                                                          ၃၊၄။၂၀၁၁
မလေးရှားရောက် ရခိုင်ပြည်သူတီ စုစည်းကာ ဂနီ နခင်ဖက် ၃ချက်တီ အချိန်တွင် ပူချောင်းအသောကရာမ ကျောင်း တွင်ပြုလုပ်ခပါသည်။ အစည်းအဝေး သို့ ဖိတ်ကြားထားသူများ မလေးရှားမှ ရခိုင်အဖွဲ့ အစည်းအားလုံး၊ လူ၂၀၀ကျော်ခန့် ညီညီညွတ်ညွတ်တက်ရောက်ခပါသည် အစည်းအဝေးလုပ်ရသည် ရည်ရွယ်ချက်အဓိကသုံးချက်  ကို ထည်သွင်းကာ ARRC (KL)   ၏လက်ရှိဖြစ်ပျက်နီရေ အကြောင်းအရာ ချေတီကို ရှင်းပြပါရေ ယင်းနောက် မလေးရှား မှာဒုက္ခသည်ရုံး တီပေါင်းစည်းရေးကိစ္စ နှင် Arakan Foundation ထူထောင်ရေးကိစ္စ ကိုလူ ပုဂ္ဂိုလ် အသီးသီးမှ ပြည်သူ နှင့် ဆွေးနွေးရှင်းလင်းခပါသည်။
             ARRC (KL) ၏ လက်ရှိဖြစ်ပျက်နေသည့် အခြေအနေ ကို ဦးစောအောင်(မြန်မာဥယာဉ်)နှင့် ခိုင်မင်းချမ်း(ARRC .KL)ရိုက အသေးစိတ်ရှင်လင်း တင်ပြ ၍ ပြည်သူများ ဆုံးဖြတ်ချက်ကို အခြေခံကာ ရှေ့ ဆက်လုပ်ငန်းစဉ်များကို အဖွဲ့ ပေါင်းစုံ လက်တွဲး ဗျာလ် အမျိုးသားရေး အမြင်နှင့် အတူ တစ်ကွလုပ်ဆောင် သင့်သည်ကို ၄င်းကဆွေးနွေးတင်ပြ ခကတ်ပါသည်။ ယင်းနောက် တက်ရေက်လာသော အဖွဲ့ များက လက်ရှိမလေးရှား တွင် ရခိုင်လူမျိုးများ လိုလားတောင်းတနေသည် အဖွဲ့ ပေါင်းစည်းရေ ကို အပြန်အလှန် ဆွေနွေးကတ်ရာ  တစ်ဖွဲ့  ချင်းစီဖြစ်ကြသော  ARRC(KL),ARRC(Puchong),AAR(Pudu),ALD,ALP ရိုက အသီးသီး တင်ပြဆွေးနွေးခကတ်ပါသည်။ ဂနီ အစည်အဝေး ထူးခြားချက်ကတော မလေးရှားရောက် ရခိုင်ပြည်သူတီ မျော်လင်းချက် ကို မီးစိမ်းပြရေလို ပြောလိုရပါရေ ဇာဖြစ်လို ဆိုကေ မလေးရှားမှာ ၂၀၀၇ နောက်ပိုင်း မှာ ညီညီလွင် လုပ်ရပ် ကိုလက်မခံ ရေလူနန် လက်ခံရေလူ ညီအကိုချင်း သွီးကွဲလာခဲရာမှ အထိုက်အလျှောက် အဖွဲ့ ပေါင်းစုံး မျက်နှာချင်းဆိုင် နွီးထွေးစွာ ယုံကြည်မှူအပြည်အ၀ နှင့်ဆွေနွေးခစွာ ကိုမြင်တွိခပါသည် သို.သော်လည်း ရုံးပေါင်းစည်းရေးအတွက် ARRC(Puchong),ချက်ချင်းအဆုံးအဖြတ်မပီးနိုင်သီးပဲအမှုဆောင်တိနန့်တိုင်ပင်ရမည်ဖြိုက်ကြောင်း၊ ပေါင်းစီးမှု မှာ ဖြစ်သင့်ပါကြောင်းဆွေးနွေးအကြံပြုခပါသည်။ ARRC(Puchong), အားအချိန် သုံးပတ် ပီးကာ ရုံးပေါင်းစည်းရေး ကို အမှူဆောင်များနှင့် မိမိအဖွဲတွင်းဆွေးနွေးပါရန် တက်ရောက်လာသော ရခိုင်ပြည်သူ များမှ အမျိုးသားရေး ကိုကြည်ရူကာ တိုက်တွန်းအကြံပြုခပါသည်။ Arakan Foundation ဖွဲ့စည်းရေးနန့်ပတ်သက်၍ ဦးစေားအောင်မှတင်ပြရာတွင် အမေရိကန်မှာလည်းဤ သို့ဖွဲ့စည်းထားသိကိုတွိရ ကြောင်း၊ ဥပဒေအရ ဆောင်ရွက် နိုင်စရာဟိန်လာပါကလိုအပ် ကြောင်း၊ ပတ်စ်ပို့ကိုင်ဆောင်ထားသူများသာဤ သို့ဖွဲ့စည်းနိုင်ကြောင်း ၊ဖွဲ့ဖြစ် အောင်လည်းစိုင်းစားပီးကတ်ပါဟု တိုက်တွန်းပါကြောင်းပြောကြား ခဲပါသည်။၊လူထုကိုထောက် ခံပါသလားဟု အခမ်းအနားမှူးကမိန်းမြန်းရာ တက်ရောက်လာသောလူထုက “သဘောတူကြောင်း” ပြောကြားခကတ်ပါသည်။ ALD မှ ဦးမျိုးခိုင် မှ ဖြိုက်ချင်စွာထက် ဖြိုက်သင့်စွာကိုအရင်လုပ်သင့်ပါကြောင်း၊ကနိန့်အချိန်တွင် ရုံးပေါင်း စီးရေးစစ်မြီပြင်၊Arakan Foundation ထူထောင်းရေးစစ်မြီပြင်ဆိုဗနာ စစ်မြီပြင်၂ ခုဖြစ်နိန်၍ စစ်မျက်နှာ ၂ ခုမဖွင့်သင့်ပါကြောင်း၊အမေရိကန်မာလုပ်သည့်  အတိုင်းမလေးသျှားမှာ လုပ်ဖို့ဆိုစွာ မဖြိုက်နိုင်ကြောင်း ၊မလေးသျှားသည် အာဆီယံနိုင်ငံတနိုင်ငံဖြိုက်သည့်အတွက်တက်လာသည့် ဗမာအစိုးရနန့်သာ တည့်အောင်ပေါင်းကာ   အမျိုးသား အကျိုး အတွက် လုပ်ဆောင်လားမာဖြိုက်ကြောင်း၊ မလေး သျှားမှာ ကြီးမားသည့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ဖြိုက်ထွန်းရန် အကြောင်းမဟိပါကြောင်း၊ ပတ်စ်ပို့ ကိုင်ဆောင် ထားသူတိသာလုပ် လို့ရဖို့ဆိုသည်ကိုသိရပါ၍ ကနိန့်တက်ရောက်လာကတ်တေ ရခိုင်ပြည် သူလူုထုအထဲမာ ပတ်စ်ပို့ကိုင်ဆောင်ထားသူ ဇာနှိုက်ယောက်ပါပါရေလေး ဟု မိန်းမြန်းရာ တယောက်ရာ ပါဝင်သည် ကိုတွိရကြောင်း ၊ယင်းကြောင်း ဤကိစ္စကို အလျှင်စလို မဆုံး ဖြ တ်စီလို  ကြောင်းတင်ပြဆွေးနွိန်းရာ လူထုမှလည်း ငြိမ်သက်စွာ နားထောင် လျှက် ဖြစ်သင့် မဖြစ်သင့်  ကို နောက်လာ မည့်အစည်းအဝေးတွင် အကျယ် တစ်ဝင့်  ဆွေးနွေးအဖြေရှာ လားမည်ဟု သတင်းရရှိပါသည်
ဂနီ အစည်းအဝေးမှ ဆုံးဖြတ်ချက် မှာ
 (၁)ရုံးပေါင်းစီးရေးကော်မတီတရပ်ဖွဲ့စည်းရန်၊
 (၂)လိုအပ်သည့်အခြေခံဥပဒေတရပ်ခိုင်ခိုင်မာမာဖြိုက်ပေါ်လာရေးအတွက်      အခြေခံဥပဒေရေးဆွဲရေးကော်မတီတရပ်ဖွဲ့စည်းရန်၊
  (၃)အချိန်ကာလကိုသုံးပါတ်သတ်မှတ်ရန်
 (၄)ARRCပူချုန်းအနေဖြင့်၂၃.၀၄.၂၀၁၁နိန့်နောက်ဆုံးထားကာပေါင်းစီးရေးအတွက် ဆုံးဖြတ်ချက်ပီးရန်(ပျက်ကွက်ပါကလူထုဆန္ဒအတိုင်းလုပ်ဆောင် လားရန်)
(၅)ပြည်သူ့ ဆန္ဒခံယူပွဲတစ်ရပ်ကျင်းပကာ အခြေခံဥပဒေ ကိုအတည်ပြုပြီး ထိုဥပဒေ အရ ရွေးကောက်ပွဲကျင်းပရန်။
ရွီးသားပီးပို့ သူ
မောင်သာကီ
အထက်ဖေါ်ပြ ပါသတင်းဆောင်းပါးသည် လေးဝတီ၏ အာဘော်မဟုတ်ပါ စာရေးသူအာဘော်သာဖြစ်သည်။
သမိုင်းရီစီးကြောင်း တက်မပါဘဲ လက်နာင့်လှော်ကတ်ခပနာ
       သမိုင်းရီစီးကြောင်း တက်မပါဘဲ လက်နာင့်လှော်ကတ်ခပနာ
          ကိုယ့်ကိုယ်ကို သတိထား၍ ကြည့်မိခါ တခုခုကို ပြောဖို့ အချိန်ကျဗျာန်လို့  ထင်သည်။ ရင်ထဲမှာ မွန်းကြပ်နီအောင် ဒေစကားတိက ပြည့်နိန်သည်။ တယောက်ယောက်ကို ဖွင့်ပနာ ပြောလိုက်ရမှ အီးလားဖို့ ထင်သည်။ ပြောလဲပြောဖြစ်မိသည်။ ခက်နိစွာက ကိုယ့်အမြင်နာင့် တခြားလူအမြင်နာင့် တူချင်မှတူဖို့ ။ ယေကေလဲ တူဖို့ ဖက်ကတော့ များဖို့ ရာ။ ပဇေါင်ပင်ဖြစ်ဖြစ် ကိုယ်တွက်ကြည့်စွာ အမှားမဟုတ်။ ဇါဖြစ်လို့ ဆိုကေ ဒေခေတ်က -၂၁-ရာစုခေတ်။ အဆက်အသွယ်တိ ကကောင်းဟိန့် သည်။ ကမ္ဘာကြီးတဖက်နာင့် တဖက် ရွာချေတရွာပိုင် ဖြစ်လားခဗျန်မနား။ ရွာတောင်ဖက်က အော်ပြောပလိုက်ကေ ရွာမြောက်ဖက်က အခင်စိန်လှအောင်အိမ်ကပါ ကြားရေစွာမျိုး ။ ဒေပိုင်ခေတ်မှာ လူဖြစ်နိန်ကတ်ရရေ ။  ရခိုင်သားချေတိ ကမ္ဘာတ၀ှမ်းမှာရောက်နိန်ကတ်ပြီး
သား။ ခြီထောက်မှာ သဲမစင်သိ။ အားလုံးနိုင်ငံမှာ သတ္တိရှင် မျိုးချစ်ရခိုင်သားရို့ အ၈င်္လိပ်စကားကို တလုံးချေလဲ မပြောတတ်ကေတောင် အဂ်လိပ်စကားပြောနိန်ရေ နိုင်ငံမှာ လူတွင်ကျယ်ကြီးလုပ်လို့ ။ ယေပြီးကေ သူ၇ို့ အသိမှာ မျိုးချစ်ရခိုင်ပါလို့  ပြောတတ်တေ စာသားချေတိ ရီးလို့  တယောက်ကို ပြောနိန်ကတ်စွာ သိရမြင်ရ နိန်ရသည်။ ယေကေစိတ်ထဲမှာ ဇါပိုင်ပျော်ရကောင်းမှန်းမသိပါကားယေ ။
          ဒေနိန်ရာမှာ မျိုးချစ်ရခိုင်လို့  သုံးနိန်ကတ်တေ ရခိုငသားချေတိကို သတိထားမိသည်။ ရခိုင်သားတိက မျိုးချစ်တေဆိုစွာ စကားကို သုံးကတ်တေအခါ အမျိုးသီလကို စောင့်စည်းနိုင်သည့် လူမျိုးကို ဖေါ်ပြရေအနိန်နာင့် ရီးကတ်စွာကို ချီးကြူးလို့  မဆုံးနိုင်။ ယေကေလဲ အဓိပ္ပါယ်ဖွင့်စွာမှာ တိကျနိန်ဖို့ လိုသည်။ ယင်းချင့်က တနိ န့် က ဆောင်းပါးတစောင်ကို ဖတ်လိုက်ရသည်။ ယင်းဆောင်းပါးမှာ တင်ပြစွာတိ အားလုံးကောင်းသည်။ ယေကေလဲ နောက်ဆုံးစာပိုဒ်မှာကျရေခါ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်လားဖို့  ဆိုစွာကို ရီးပနာ အဆုံးသတ်လားသည်။ ယင်းပိုင်စွာမျိုးကျရေခါ ကျွန်တော်လက်မခံချင်တော့။ ရခိုင်မျိုးချစ်လူငယ်ဆိုသူတိမှာ မျိုးချစ်လို့  သုံးလိုက်ဗျာန်ဆိုစွာနာင့် ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိဖို့  သုံးနုံးရေ လူတိရာဖြစ်နိန်ရဖို့ ပါဒေ။  ရခိုင်နိုင်ငံတော်ဆိုစွာရေ တခါက အောက်သားတိ ဖျက်ဆီးပစ်ခလို့  -၁၇၈၄- ခုနှစ်မှာ အလှပလှ ပျက်စီးလားခသည်။ ယင်းပိုင်နိုင်ငံတော်ပျက်စီးလားခစွာသည် -၁၈၈၅-ခုနှစ်အထိ အဂ်လိပ်လက်ထက်ရောက်လားရေအခါ ဒုတိယအကြိမ် သူ့ ကျွန်ဘ၀ကို ရောက်လားခသည်။ ထိုအချိန်ကပင်စလို့  အောက်သားတိနာင့် ကျွန်တော်ရို့  ရခိုင်နို်င်ငံတော်နာင့် တခုချေလဲ မပါတ်သက်ခဗျန်။ ယင်းပိုင်ဆိုကေ အောက်သားတိနာင့် ပွဲပြီးလားခပါဗျန်ကာ။
         အင်္ဂလိပ်တိလက်အောက်က ဒုတိယကမ္ဘာစစ်ဖြစ်လာရေအခါ ဂျပန်လက်အောက်မှာ တခါကျနိန်ခသည်။ ယေကေ ရခိုင်နိုင်ငံတော်မှာ ဂျပန်ပါးမှာ ကိုလိုနီဖြစ်နိန်စွာပါဒေ။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တိ စစ်ရှုံးလို့  လက်နက်ချလားရေအခါ အင်္ဂလိပ်တိက ရခိုင်နိုင်ငံတော်ကို ဒုတိယအကြိမ် ကိုလိုနီလုပ်သည်။ ရှင်းပါဖို့ ဗျာလ်ထင်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးစွာနာင့် ဓနသဟာယနိုင်ငံတိမှာ ကိုလိုနီနိုင်ငံတိကို လွပ်လွပ်ရီးပီးကတ်ဖို့  ဆိုစွာဖြစ်လာသည်။ ယင်းအကွက်ကို အောက်သားနိုင်ငံရီးသမားတိက လားတွိသည်။ တချိန်တည်းမှာ ရခိုင်တော်လှန်ရီးသမား ၊နိုင်ငံရီးသမားတိက ရခိုင်နို်ငံတော်ပြန်လည်ရရှိဖို့  ပြသနာကို ဗိုလ်ချင်းပျံရို့ ။ မင်းသားကြီး ရွှေဘန်းလက်ထက်အထိ အဆုံးသတ်လိုက်စွာနာင့် ပင် ရခိုင်လက်နက်ကိုင်တော်လှန်ရီးခရီး ပြီးဆုံးလားခသည်။ ဒေနိန်ရာမှာ ရခိုင်တော်လှန်ရီးကို မျိုးချစ်ရခိုင်ရို့  မဆက်စပ်နိုင်ခကတ်။ ယင်းပိုင်နာင့်ပင် ဂျပန်ခေတ်တော်လှန်ရီး ဖြစ်လာရေအခါ ဆရတော်ဦးစိန္တာ၊ ဆရတော်ဦးပညာသီဟ၊ ဘုံပေါက်သာကျော်ရို့  ပေါ်လာပြီးကေ ၇ခိုင်တော်လှန်ရီးသမားအဖြစ် ရပတ်တည်လာသည်။ အတိုချေပြောရဖို့  ဆိုပါကေ ပင်လံညီလာခံလုပ်ခြီစွာမှာ ရခိုင်နိုငံရီးသမားတိ လားလို့ တက်စွာနာင့်ပင် ရခိုင်နိုင်ငံတော်ပြန်လည် ရ၇ှိရီးဆိုစွာ ပျောက်ကွယ်လားခရသည်။
        ယင်းသမိုင်းကို ကျွန်တော်ရို့  လက်ထက်မှာ ဖျောက်ရဖို့  ဖြစ်လာသည်။ ရခိုင်တော်လှန်ရီးသမားရို့  ရခိုင်နို်င်ငံရီးသမားရို့ အမှားကြောင့် -၁၉၄၈-ခုနှစ်မှာ တခုချေလဲ မပါတ်သက်ပါဘဲ ရခိုင်လူမျိုးက တိုင်းရင်းသားလူမျိုးဖြစ်လားခသည်။
၁၉၄၈-ခုနှစ်က အခုအချိန်ထိ ရခိုင်နိုင်ငံတော်မှာ နှစ်ပေါင်း-၆၈- ခုနှစ် ကိုလိုနီဖြစ်နိန်ရသည်။ ဒေပိုင် အောက်သားလက်အောက်မှာ -နှစ်ပေါင်း-၆၈- နှစ် သူ့ ကျွန်ဖြစ်နိန်စွာကို ကျွန်တော်ရို့  ရုန်းထွက်တော်လှန်ရဖို့ ပါကာ။ ရခိုင်တော်လှန်ရီးသမားတိ မှားခရ ယင်းဖီးကို ကျွန်တော်ရို့  ၀ဋ်ခံနိန်ရခြင်းဖြစ်သည်။ အခုဆိုကေ ရခိုင်လူမျိုးချေတိ ရီးနိန်ရေ ဆောင်းပါးတိမှာ ဒေပိုင်စွာမျိုးတိကို တွိနိန်ရသည်။  တချို့ မှာ အောက်သားတိက ကော်မန့် ပီးပနာ ပြန်လို့  ရီးနိစွာတိကို မြင်ရသည်။ ယေကေရန်ဖြစ်နိန်ကတ်တေ သဘောမျိုး။ ကျွန်တော်ရို့  ရခိုင်လူမျိုးချေတိကလဲ ကိုယ့်အမျိုးကိုထိကေ ဇါရပါဖို့ လဲ ။ ရီးပလိုက်တေ ကလေချေတိကလဲ နည်းစွာမဟုတ်။ အောက်သားတိက သူရို့  နိုင်ငံကို အင်္ဂလိပ်တိက နယ်ချဲ့  သိမ်းပိုက်ရေအခါ သူရို့ လက်အောက်က တော်လှန်ရီး လုပ်ခသည်။ ရခိုင်လူမျိုးက အောက်သားလက်အောက်မှာ နှစ်ပေါင်း-၆၈-နှစ်ဖြစ်နိန်စွာကို တော်လှန်ရီး မလုပ်ရလို့  ပြောနိန်သည်။ ဇါသူက တရားနိန်ပါလေချင့် ။ သူရို့ လူမျိုးက အင်္ဂလိပ်ပါးမှာ ကျွန်ဘ၀ကိုေ၇ာက်ခရေအခါ တော်လှန်ရီးလုပ်ခသည်။ ဂျပန်လက်အောက်မှာ ကျွန်ဘ၀ကိုေ၇ာက်လားရေအခါ တော်လှန်ရီး လုပ်ခသည်။ ယင်းကြောင့် အောက်သားလူမျိုး လွပ်လွပ်ရီးရခသည်။ ဒေချင့်က ကိုလိုနီဖြစ်ကေ တော်လှန်ရီးလုပ်တတ်တေသဘော။
      ယေကေ ရခိုင်လူမျိုးက တော်လှန်ရီးလုပ်နိစွာက ဇါအမှားလဲ ။ ဒေချင့်ကို ရခိုင်သားချေတိက သေသေချာချာ ၇ှင်းပြနိုင်ရဖို့ ပါဒေ။ နောက်တခုက ရခိုင်နိုင်ငံတော်က -၆၈-နှစ် ကျွန်ဘ၀ေ၇ာက်နိစွာဖြစ်သည်။ လူမျိုးလည်းမတူ။ ဘာသာယိုင်ကျေးမူလည်းမတူ။ ရီးလဲမတူ။ မြီလဲ မတူ။ ရာသီဥတုလည်းမတူ။ အပင်လည်းမတူ။ နပျောသီးတောင်မတူ။ စားစွာငါးလည်းမတူ။ သောက်တေဟင်းရည်လည်း မတူ။ စားရေ ငရုပ်သီးလည်းမတူ။ တခုလည်းမတူ။ ယင်းလောက် စာပီလည်းမတူ၊ ယိုင်ကျေးမူလည်းမတူ ရေ လူမျိုးနာင့် ဇါခါလဲ အတူတကွနိန်လို့ မဖြစ်။ ဒေချင့်အတွက်နာင့်လဲ ရခိုင်လူမျိုးတိမှာ သမိုင်းနာင့်ချီလို့  ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိဖို့  အရေးကြီးသည်။ လူမျိုးတမျိုးဆိုစွာက ကိုလိုနီဖြစ်နိန်ကေ ကမ္ဘာမှာ လွပ်လွပ်ရီးတိုက်ပွဲ ဟိန့် သည်။ လက်နက်ကိုင်တော်လှန်ရီး လုပ်လို့  ရကေရ ။ မရခကေ ရအောင် ကမ္ဘာကြွီသရွိလုပ်ဖိ ။ ယင်းပိုင်ပါဗျလ်။ အခုရခိုင်လူမျိုးတိမှာ ၁၉၄၈-ခုနှစ်ကပင် တော်လှန်ရီးလုပ်ခကတ်စွာ အခုအချိန်ထိ။ ယင်းအချိန်က ရခိုင်လူမျိုး တော်လှန်ရီးက အရောင်အမျိုးမျိုး။ တချို့ က ဗကပ၊ တချို့ က ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ နောက်ပိုင်းမှာ ရခိုင်အမျိုးသား လွပ်မြောက်ရီးပါတီ ။ ယင်းပိုင်နာင့်ပင် ရခိုင်နိုင်ငံတော်ကို ပြန်လည်၇ရှိရှီးအတွက် ဆိုပနာ ဖွဲ့ စည်းဖြစ်လာစွာက ရခိုင်ကာကွယ်ရီးတပ်မတော် ( AIO ) ။ ဗိုလ်ချုပ်ထွန်းေ၇ွှမောင် ဦးစီးရေ တပ်မတော်။ ယင်းတပ်မတ်ာလဲ အခုက မဟိန့်  ဗျာလ်။ ကရင်ကဆင်းလာရေ ခိုင်မိုးလင်းဦးစီးရေတပ်က ရခိုင်ပြည်ကို အခက်အခဲမျိုးစုံနာင့် လာရသည်။ လမ်းမှာ မဆလစစ်တပ်နာင့် တိုက်ပွဲဖြစ်လို့  ဗိုလ်ခိုင်မိုးလင်း ကျဆုံးလားရသည်။ ဗိုလ်ခိုင်မိုးလင်းကျဆုံးလာကေလည်း အခုအချိန်မှာ ရခိုင်ပြည်လွပ်မြောက်ရီးပါတီ နာင့် တပ်မတော်ဟိန့် သည်။ ရခိုင်အမျိုးသားရီးနာင့် လွပ်မြောက်၇ီးအတွက် လက်နက်ကိုင်တပ်မတော်ဖြစ်နိန်သည်။
          ရခိုင်ကွန်မြူနစ်ပါတီက လက်ကျန်တိ ဖွဲ့ ထားသည့် ပါတီမှာ အခု ဒီမိုကရကတ်တစ်ပါတီဖြစ်သည်။ သူရို့ မှာ လက်နက်ကိုင်ရဲဘော်တိ အများကြီး မဟိန့် လားမသိ။ တခါချေလည်း ရန်သူအောက်သားစစ်တပ်နာင့် တိုက်ပွဲဖြစ်သံတော့မကြား။ ယေကေလည်း သူရို့ မှာ ရခိုင်လူမျိုးတိဖြစ်တေအတွက် ရခိုင်အမျိုးသားရီးတော့ ဟိန့် ဖို့ ထင်ရသည်။ ကျွန်တော်ပြောချင်သည်မှာ ရခိုင်လူမျိုးလက်နက်ကိုင် အဖွဲ့ တိမှာ ဒုက္ခဆင်းရဲ ပင်ပမ်းစွာနာင့် တော်လှန်ရီးဆင်နွှဲနိန်ကတ်သည်။ ယေဇူးနာင့် သူရို့ အချင်းချင်း သင့်သင့်မြတ်မြတ် ဟိန့် စီချင်သည်။ ခက်နိန်စွာက သူရို့  လက်နက်ကိုင်အချင်းချင်း မသင့်မြတ်စွာမှာ သူ၇ို့ ကို ထောက်ခံရေ လူငယ်အချင်းချင်းလည်း စိတ်ဝမ်းကွဲပြားကတ်ရသည်။ ယင်းမှာ သဘာဝဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ က ခေါင်းဆောင်တိ မညီညွတ်စွာမှာ အဓိက ပြသနာ မပြီးစွာကို သူရို့  မသိလိုက်။ ယင်းမှာ ဘုံရန်သူပျောက်လားခပြီးကေ အချင်းချင်း တိုက်နိန်ကတ် သတ်နိန်ကတ်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။
       ယေကေလည်း တော်လှန်ရီးလက်နက်ကိုင်အဖွဲ့ တိမှာ သမိုင်းက ဒဏ်ခတ်စွာကို ခံရဖို့  အချိန် ပါးလာဗျာလ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာတလွှားရောက်နိန်ကတ်တေ ရခိုင်လူငယ်ချေတိမှာ ကွန်ယက်ချိတ်ဆက်နိန်ကတ်သည်။ အချင်းချင်း ပြောဆိုဝီဖန် နိန်ကတ်သည်။ ဇါအဖွဲ့ ကို ထောက်ခံရဖို့  ၊ ဇါလူကိုထောက်ခံရဖို့  ပြောဆိုလာကတ်သည်။ သူရို့ သိသည်မှာ ရခိုင်နိုင်ငံတော်ကို ပြန်လည်ရ၇ှိစီဖို့  လက်နက်ကိုင်တပ်မတော်တခု ဖြစ်ပေါ်ရီးဖြစ်သည်။ လက်နက်ကိုင်တပ်မတော် တခု ဟိန့် ကို ဟိန့် နိန်ဖို့ လိုအပ်နိန်ဗျာလ် လို့  ထင်မြင်ယူဆနိန်ကတ်သည်။ အခုအချိန်မှာ ရန်သူအောက်သားစစ်တပ်ကို တိုက်ခိုက်နိန်စွာမှာ ရခိုင်ပြည်လွပ်မြောက်ရီးတပ်မတော်ဖြစ်နနိ်သည်။ ဒေသူရို့ ကို ထောက်ပံ့ပီးရဖို့  ဖြစ်လာကတ်သည်။ လက်တွိလည်း ထောက်ပံ့လာကတ်သည်။  လက်နက်ဟိန့် မှ ရန်သူကို တိုက်လို့ ရသည်။ ကျည်ဆံဟိန့် မှ တိုက်လို့ ရသည်။ တိုက်နိုင်ဖို့ အတွက် ထမင်းစားဖို့ လိုသည်။ ဆန်ဖိုး ဆီဖိုး ၀ယ်ပီးရဖို့  ရခိုင်လူမျိုးတိ စိုင်းစားဖို့  သင့်လာဗျာလ်ဖြစ်သည်။ ဇါဖြစ်လို့ ဆိုကေ သူရို့ က လက်နက်ကိုင်တိုက်ပွဲ တိုက်နိန်ရေအခါ ကျန်နိန်လူတိက နောက်က၀ိုင်းဝမ်းပီးရဖို့  ဖြစ်သည်။ လက်တွိမလုပ်နိုင်ကေ ဖြစ်နိုင်ရေဖက်က ရခိုင်တော်လှန်ရီးကို အကူအညီ ပီးနိုင်ဖို့ လိုသည်။
ရန်သူနာင့်တိုက်နိန်ရေ ကျွန်တော်ရို့  ရခိုင်တော်လှန်ရီး သမားတိအသက်ကို ကျွန်တော်ရို့  တန်ဖိုးထားရဖို့ ဖြစ်သည်။ ကိုယ်ကလက်နက်မကိုင်လျင် ကိုင်သူကို လေးစား။ ချီးမြှောက် ။ ဂုဏ်ပြု။ ဦးညွတ်။
         ယင်းပိုင်။ ရန်သူနာနင့် တိုက်တေ ရခိုင်မျိုးချစ် ရဲဘော်တိကိုလည်း ကိုယအချင်းချင်း မတိုက်စီချင်။ ရခိုင်လူမျိုးလက်နက်ကိုင်အဖွဲ့ မှာ စိစိပေါက်ပေါက် ရွီလိုက်ကေ ရာဂဏန်းပင်မပြည့် ။ ယင်းချင့်နာင့် အချင်းချင်းမတည့် ဖြစ်နိကတ်သည်။ တခတခါ ပစ်သတ်နိန်ကတ်သည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ ရန်သူနာင့်တိုက်၍ ကျဆုံးသူကို သူရဲကောင်းဘွဲ့  ကျွန်တော်ရို့ ပီးသည်။  ကိုယ့်အချင်းချင်း တိုက်ခိုက်လို့  ကျဆုံးနိန်ကတ်ကေ ဇါပိုင်လုပ်လို့  စိတ်ကောင်းနိုင်ပါဖို့ လဲ။ နောက်ကျွန်တော်ရို့ က အမျိုးချစ်တေ လူလိုလဲ ပြောနိန်ကတ်သည်။ ရခိုင်မျိုးချစ်လူငယ်များလို့  စာရီးခါတော့ ရီးကတ်သည်။  အကြောင်းအရာက ဆဲလိုက်စွာ အားမနာရီးလိုက်စွာတိ တွိရသည်။ စိတ်ပျက်ဖို့ ကောင်းပါသည်။ အခုအချိန်မှာ အခြင်းပြောနိန်ရီးနိန်ဖို့  အချိန်မဟုတ် ၊ ကာလလည်း မဟိန့် ပါဗျည်။
               တခုတော့ သူရို့  သတိမထားမိခြင်းပင်ဖြစ်သည်။ ယင်းမှာ သမိုင်းရီးစီးကြောင်းမှာ သူရို့  မျောနိန်စွာကို မသိခြင်းဖြစ်သည်။ ယေကေလဲ ရင်တွင်းက အကြောင်းတိကို သူရို့ ပြောဖြစ်နိန်ကတ်သည်။ ယင်းမှာ မျိုးချစ်ဆိုရေ စာကြောင်းကို ၇ီးနိန်လာကတ်သည်။ ယင်းချင့်သည်ပင် သမိုင်းကို ဖြတ်လားနနိ်စွာလို့  ကျွန်တော်ပြောချင်သည်။ အကြောင်းမှာ သူရို့  ဖြတ်လားနိန်စွာမှာ ရခိုင်နိုင်ငံတော်လို့  ပြောနိန်လာကတ်ခြင်းပင်ဖြစ်သည်။ ဟုတ်တေ။ ယင်းချင့်သည် လွန်ခရေ -၆၈-ခုနှစ်က မထွက်လာရေ အသံဖြစ်သည်။ ဒေအသံသည်ကား ကျွန်တော်ရို့ ၏ ဗဟိုရ်စည်အသံဖြစ်သည်။ သောသောညံဖို့  ဗဟိုစည်အသံကို ကျွန်တော်ရို့  တီးနိန်ကတ်သည်။ သမိုင်းရီစီးကြောင်းမှာ ရခိုင်မျိုးချစ် လူငယ်တိမှာ ရခိုင်နိုင်ငံတော်အကြောင်းကို ပြောယင်းပင်း အားနာင့် မာန်နာင့် ဟိန့် နိန်လာကတ်သည်။ ဒေပိုင်စွာမျိုးကို ကျွန်တော်ရို့  စုစည်းနိုင်ဖို့  လိုလာပါသည်။ အယင်က ရခိုင်တော်လှန်ရီးသမားတိ နိုင်ံ့ရီးသမားတိ မှားခရေ ၀ဋ်ကြီါးကို ဆပ်ဖို့  အတွက် သမိုင်းရီးကြောင်းမှာ တက်မပါကေလဲ လက်နာင့်လှော်နိန်ကတ်ဖြစ်သည်။
          ဇါပင်ဖြစ်ဖြစ် ကမ်းခြီကို ရောက်က်ဖို့  အရေးကြီးစွာရာလေ။  လွပ်လွပ်ရီးဆိုစွာ တိုက်ပွဲဝင်ရေ  တော်လှန်ရီးသမားတိအတွက် အောင်ပွဲ ရာဖြစ်သည်။
        အဓိကပြောချင်စွာက ရန်သူမှာ လက်နက်ဟိန့် ကေ ကိုယ်ရို့ ကလဲ လက်နက်ရအောင် စုပီးကတ်ဖို့ ဖြစ်သည်။ ရန်သူမှာကျည်ဆံဟိန့် ကေ ကိုယ်ရို့ ကလဲ ကျည်ဆံရအောင် စုရဖို့ ဖြစ်သည်။ ရန်သူနာင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့  အင်အားချင်းညီမျလာဗျာလ်ဆိုကေ ဇါပိုင်ပင်ဖြစ်ဖြစ်ဖြစ် ကိုလိုနီလက်အောက်က လွပ်မြောက်ရီးအသံဆိုစွာ ထွက်လာဖို့ ရာဖြစ်သည်။
       ယင်းအသံကား ရခိုင်နိုင်ငံတော် ကို ရခိုင်မျိုးချစ်တိက ရဖို့ ဗျာလ်ဆိုရေ အသံ
ခိုင်အောင်ကျော် ( နယူးယောက် )
ရခိုင်တော်လှန်ရေး မအောင်မြင်ရရေ အကြောင်းတရားတိ
ရခိုင်တော်လှန်ရေး မအောင်မြင်ရရေ အကြောင်းတရားတိ
အဖိနှိပ်ခံအာဏာရှင် နိုင်ငံအများစုမှာ တော်လှန်ရေးတရပ်ကို ဆင်နွဲဖို့လို့ စိုင်းစားဆုံးဖြတ်လိုက်ကေ အယင်ဆုံး လုပ်ကတ်စွာက လေ့လာရေး ပုံစံကနိန်စပြီးကေ လုပ်ကတ်စွာကို တွီ့ရရေ။ လေ့လာရေးအုပ်စု (study group) အဆင့်ကနိန် မြေအောက်ပါတီ၊ ပုံမှန်ပါတီဆိုပြီးကေ တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာတတ်တယ်။ အကျွန်ရို့ ရခိုင်ပါတီတိ၊ ဗမာပြည်က အခြားပါတီတိကို လေ့လာကြည့်လိုက်ကေ ပါတီထောင်ဖို့၊ အဖွဲ့ထောင်ဖို့ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေတိကို “မင်းပါဖို့လား…လာ အစည်းအဝေး တက်ဖို့ လားမယ်” ပုံစံ ဆွဲခေါ်ပြီးကေ စုဖွဲ့ တတ်ကတ်တယ်။ နိုင်ငံရေး၊ တော်လှန်ရေး အတွေးအခေါ်ကို ထည့်သွင်း မစိုင်းစားဘဲ ရင်းနှီးမှုကို အခြေပြုထားပြီးကေ ပါတီ၊ အဖွဲ့အစည်းတိ ထောင်ကတ်စွာကများရေ။ ယင်းပုံစံကို ရင်းနှီးမှုကို အခြေခံရေနိုင်ငံရေး (Friendship-based politics) လို့ သုံးသပ်ချင်ရေ။ ဖဲသာရှိလူ ဘဏ္ဍာရေးမှူးတာဝန်၊ နည်းနည်း အသက်ကြီးလူ ဥက္ကဌ၊ အပြောအဟောကောင်းရေလူ စည်းရုံးရေးမှူး ဆိုပြီးကေ လက်တန်း တာဝန်တိကို ခွဲဝီကတ်စွာကိုလဲ တွီ့ရရေ။ ယင်းပိုင်ပုံစံတိစွာ ရပ်ရွာ သာရေးနာရေးအဖွဲ့တိအတွက် ပြဿနာအကြီးအကျယ် မရှိကေလေ့ တမျိုးသားလုံးကို ဦးဆောင်ပနာ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းကတ်တေ တော်လှန်ရေး၊ နိုင်ငံရေးပါတီအတွက် အများကြီး စိုင်းစားဖို့လိုလာရေ။
ပပွင့်လလင်း ဝေဖန်ရဖို့ဆိုကေ လက်ဟိ ရခိုင့်တော်လှန်ရေး လမ်းကြောင်းမှာ အားရစရာတိတော့ ကောင်းမတွီ့ရ။ ယကလေ့ တခုအားကောင်းလာစွာက နိုင်ငံရေး၊ တော်လှန်ရေးကို လူငယ်တိ၊ ကျောင်းသားတိ အယင်ခါထက် စိတ်ဝင်စားမှု ပြလာစွာကို တွီ့ရစွာ ဖြစ်တယ်။ ကိုယ်တိုင်ကိုယ်ကျပါဝင် မလုပ်ဆောင်နိုင်ကေတောင် နိုင်ငံရေး၊ တော်လှန်ရေးစွာ လေ့လာစရာ တခုအဖြစ် သဘောထား လာကတ်စွာကို မြင်တွီ့လာရရေ။ ယင်းချင့်က ကောင်းရေအချက်တခု ဖြစ်တယ်။ နောက်တခုက သတင်းနည်းပညာ အကျိုးကျေးဇူး ကြောင့် ဖြစ်တယ်။ လူငယ်တိစွာ အယင်ခါထက် တယောက်နဲ့တယောက် ရင်းနှီးဆက်စပ်မှု ဖြစ်လာစွာ ဖြစ်တယ်။ နိုင်ငံရေးနဲ့ဆိုင်ရေ သတင်းအချက်အလက်တိကို ပုံမှန်ဖတ်နိုင်၊ ဖလှယ်နိန်ကတ်စွာကိုလေ့ တွီ့ရရေ။ တချို့ကလေ့ နည်းပညာကို လွဲမှားရေ နည်းနဲ့ တယောက်နဲ့တယောက် အပြန်အလှန်တိုက်ခိုက်ဖို့ အတွက်လောက်ရာ သုံးနိန်ကတ်သိရေ။ ယကလေ့ ကောင်းမကြာခင် အချိန်အတွင်းမှာ ယင်းမျိုးအပြုအမူတိပျောက်ကွယ်လာ
းဖို့လို့ ယုံကြည်ရေ။ ပစ္စည်းအသစ်တခု၊ နည်းပညာ အသစ်တခုနဲ့စပြီးကေ ထိတွီ့ဆက်ဆံရေအခါ အကျွမ်းတ၀င်မရှိသိလို့ အသုံးကျမှုကို နားလည်သဘောမပေါက်သိလို့ရာ ဖြစ်တယ်။
ရခိုင်တော်လှန်ရေး မအောင်မြင်ရရေ အကြောင်းတရားတိ လို့ ဆိုထားရေအတွက် ခေါင်းစဉ်ကို မြင်ကတည်းကပင် အဆိုးအမြင် အတွေးအခေါ်တိကို ဖြန့်ဝေဖို့လို့ မယူဆစီချင်။ ဇာအတွက်လဲမိန်းကေ မအောင်မြင်ရရေ အကြောင်းတရားကို ဖြေရှင်းနိုင်မှရာ အောင်မြင်နိုင်ရေ လမ်းကြောင်းကို ရာတွီ့ဖို့ဆိုရေ ရည်ရွယ်ချက်နဲ့ သုံးသပ်ထားစွာ ဖြစ်လို့။ တချို့အသုံးအနှုန်းတိစွာ ဒေါသသံ သင့်ချင်ကေလေ့ သင့်ဖို့။ ယကလေ့ ဆိုလိုရင်းကိုရောက်အောင် မသုံးမဖြစ်သုံးရစွာဖြစ်လို့ စာဖတ်လူတိ နားလည်ခွင့်လွတ်နိုင်ဖို့လို့ ယုံကြည်ရေ။
အေနိန့်လက်ဟိ ရခိုင်ပြည် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးလမ်းကြောင်းတိစွာ ဦးတည်ချက်မဟိ၊ ရည်ရွယ်ချက်မဟိ၊ ဗျူဟာမဟိ စိတ်ရူးပေါက် ထလုပ်နိန်ကတ်စွာကို တွီ့နိန်ရရေ။ ဗဟိုချက်မ မဟိရေ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆင်တူရေ။ ဗဟိုချက်မ မဟိဆိုစွာ ဦးဆောင်ပါတီ (တပ်ဦးပါတီ)၊ ဦးဆောင်ပုဂ္ဂိုလ် မဟိလို့ ဆိုလိုချင်စွာမဟုတ်။ ဇာအပေါ်မှာ အခြေပြုပြီးကေ လှုပ်ရှားနိန်လဲဆိုစွာ ဗဟိုချက်မတန်ဖိုး (core value) ပျောက်ဆုံးနိန်စွာ ဖြစ်တယ်။
အဂုတင်ပြဖို့အကြောင်းအရာတိမှာ မိတ်ဆက်သဘောအနိန်နဲ့ ရခိုင်ပြည်လက်နက်ကိုင်တော်လှန်ရေး၊ ပါတီတိလှုပ်ရှား လည်ပတ် နိန်ရေ ပုံစံတိကို အဓိကဦးစားပီး သုံးသပ်တင်ပြထားရေ။ အခြားအကြောင်းအရာတိကို နောက်ရီးရေ ဆောင်းပါးတိမှာ သုံးသပ် တင်ပြဖို့ အစဉ်အစိုင်ဟိရေ။ ရခိုင်ပြည်တော်လှန်ရေး သမိုင်းတလျှောက်မှာ ပါတီအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးအမျိုး၊ ခေါင်းဆောင် အမျိုးအမျိုး ပေါ်ပေါက်ဖူးခဗျာလ်။ အသက်၊ သွီး၊ ချွေးတိလေ့ မနည်းမနော ပီးဆပ်ခကတ်ဗျာလ်။ ယကလေ့ အဂုအချိန်ထိလေ့ အောင်မြင်မှု မရဟိသိ၊ အောင်မြင်မှု မရရုံတောင်မက အောင်မြင်ဖို့ လမ်းစကိုလေ့ ရာမတွီ့ ဖြစ်နိန်သိရေ။ ယင်းအတွက်နဲ့ တော်လှန်ရေးမအောင်မြင်ရရေ အကြောင်းအရင်းတိကို သုံးသပ်ကြည့်မိရေရေ။
(၁) တန်လာ မတန်လာ
အဂုရခိုင်ပြည် လက်နက်ကိုင်တော်လှန်ရေးတိစွာ လူစုရေ၊ ရန်သူနဲ့ ၀ီးရေ တောတနိန်ရာမှာ စခန်းချရေ၊ ကိုယ်ကာယတနား လေ့ကျင့်ရေ၊ ထမင်းချက်စားရေ ယင်းချင့်စွာ ပုံမှန်ဖြစ်နိန်ရေ။ တခါတခါ ရန်သူနဲ့ ဆုံကေ “ဘောင်း ဘောင်း” လေး၊ ငါး၊ ဆယ်ခေါက်ပစ်ပြီးကေ ထွက်ပြီးကတ်တယ်။ တနှစ်မှာ နှစ်ခါ သုံးခါ တိုက်ပွဲချေတိကို ပြည်သူလူထု ယုံကြည်မှုရဖို့၊ ဖဲသာ ငွေကြေးကောက်ခံလို့ရဖို့အတွက် ဆင်နွဲစွာတိကို ကြားသိရရေ။ ကိုယ့်ဘက်က ရဲဘော်တယောက် နှစ်ယောက် ကျဆုံးရေ၊ ရန်သူ့ ဘက်က လေး၊ ငါးယောက် ကျဆုံးရေ။ ယလောက်လို့ရာ မြင်တွီ့ရရေ။ ကိုယ့်ဘက်က ရဲဘော် တယောက်၊ နှစ် ယောက်ကျစွာနဲ့ ရန်သူ့ဘက်က လေး၊ ငါးယောက် ကျစွာနဲ့ တန်လာ မတန်လာ စိုင်းစားကြည့်မိရေ။ အဂုအချိန်မှာ တော်လှန်ရေး လုပ်ဖို့လူ ကကောင်း ရှားလားဗျာလ်။ တော်လှန်ရေးမျိုးဆက်ပြတ်တယ်လို့ ပြောရဖို့လား၊ လူငယ်တိရေစီးကြောင်းပြောင်းစွာလို့ ဆိုရဖို့လား။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စားပြီးကေ ကိုယ်တိုင်ကိုယ်ကျပါဝင်လုပ်ဖို့လူရှားရေ။ ရခိုင်သား တထောင် မှာ တယောက်မရှိ။ ယင်းအတွက်နဲ့ တောတွင်းပြောက်ကျားစစ်ကို အကျွန့်အနေနဲ့ ပီးဆပ်ရစွာမတန်လို့ ယူဆလာရေ။ ယင်းချင့် ထက် မြို့တွင်းပြောက်ကျားစစ်ကို ဖော်ဆောင်နိုင်ကေ ပိုလို့အမြတ်မရနိုင်လာဆိုရေ အတွေးတိကို ဖြစ်လာစီရေ။ အဂုမှ မဟုတ်၊ လွန်ခရေ အနှစ် (၂၀) ကျော်လောက်က မာနယ်ပလောကို ကြီးစိုးထားရေအချိန်ကပင် စိုင်းစားမိရေ။ ယကလေ့ တဖွဲ့ကလေ့ အလေးအနက် မစိုင်းစားခ။ ယင်းအတွက်နဲ့ လက်ကိုင်တော်လှန်ရေးကို စိတ်ဝင်စားလူတိအနေနဲ့ တောတွင်းကပင် မြို့တွင်း ပြောက်ကျားစစ်ကို ကူးပြောင်းဖို့စွာကို အဂုအချိန်မှာ အလေးအနက်စိုင်းစားဖို့လိုအပ်တယ်။ အဂုအချိန်မှာ ပိုလို့ဖြစ်သင့်ရေလို့ ယူဆရေ။ ယကလေ့ လက်ဟိအခြေအနေထိ တခုအဖွဲ့အစည်းကလေ့ တောတွင်းကပင် မြို့တွင်းကို ပြောင်းလဲနိုင်ဖို့ အလား အလာမဟိသိ။ ရခိုင်အဖွဲ့အစည်းတခုတည်းကို ဆိုလိုစွာမဟုတ်။ တခြားလူမျိုးစု အဖွဲ့အစည်းအားလုံးမှာလေ့ ယင်းအတိုင်းသိ။ တိုးတက်ပြောင်းလဲနိန်ရေ စစ်ရေးအတွေးအခေါ်တိကို လက်ခံမကျင့်သုံးနိုင်ကတ်သိ။ တချို့နိုင်ငံတိက တော်လှန်ရေးအဖွဲ့အစည်း တိ ပြောင်းလဲလားစွာ ကြာဗျာလ်။ တောတွင်းကပင် မြို့တွင်းပြောက်ကျားစစ် ကူးပြောင်းဖို့စွာ လွယ်စွာတော့မဟုတ်။ အဂု လက်ဟိ နိုင်ငံတကာ အခင်းအကျင်းနဲ့ မီဒီယာ အာရုံစိုက်မှုတိစွာ မြို့နဲ့တော အများကြီးကွာလားစွာကို တွီ့ရရေ။ ယင်းချင့်ကို ဗျူဟာမြောက်စိုင်းစားရေ နေရာမှာ ထည့်သွင်းစိုင်းစားသုံးသပ်ဖို့လိုရေ။ တော်လှန်ရေးရေရှိန်ကို အများကြီးအပြောင်းအလဲ ဖြစ်စီ နိုင်ရေ။ မြို့မှာရန်သူ့လူတယောက် သီစွာနဲ့ တောမှာ ရန်သူတယောက်သီစွာ စကားအများကြီး ပြောလာရေ။ အဂုလက်ဟိ ရခိုင် လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်စပ်ပြီးကေ ပြောရဖို့ဆိုကေ ရခိုင်လက်နက်ကိုင် တော်လှန်ရေတပ်ဆိုစွာကို နယ်မြေချဲ့ထွင် ရေးအတွက် ရည်ရွယ်ပြီးကေ တည်ဆောက်ထားရေ တပ်လို့လဲ မမြင်မိ။ နယ်စပ်မှ အခြေစိုက်ပြီးကေ ပြည်သူတိဘက်က ဖဲသာ ကောက်ဖို့ တည်ဆောက်ထားရေ ခေါင်းဆောင်တိခပိုက်ဆောင်တပ်တိနဲ့ တူနိန်ရေ။ အေချင့်က ပကတိဖြစ်ပျက်နိန်ရေ အခြေ အနေအရ ပြောရစွာဖြစ်တယ်။ တချို့ရို့ ကြိုက်ချင်မှ ကြိုက်ကတ်ဖို့။ တန်လာမတန်လာဆိုစွာမှာ အေအချက်လေ့ အချက် တချက်အနေနဲ့ပါရေ။ ရခိုင်အမျိုးသားရေးအတွက် အမိအဖကို ပစ်၊ ညီအစ်ကိုမောင်နှမကို ပစ်၊ သား မယား၊ ဘ၀ကို ပစ်လာပြီးမှ တောထဲမှာ နှစ်ပေါင်းအကြာကြီး အကုန်ခံနိန်ရစွာ တန်လာ မတန်လာ စိုင်းစားဖို့လိုလာရေ။
(၂)  ပါတီလေ့လာရေး
ပါတီတခုမှာ ပါတီလေ့လာရေးဆိုစွာကို ဘောင်ခတ်ထားလို့မရနိုင်။ ပါတီရဲဘော်တိခေါင်းထဲကို ပြင်ပက အတွေးအခေါ်တခု (နိုင်ငံရေးအတွေးအခေါ်၊ ရန်သူဘက်က လာရေ အတွေးအခေါ်လေ့ ဖြစ်နိုင်ပါရေ) ၀င်လားကေ ပါတီပြိုကွဲလားဖို့ဆိုရေ အတွေးနဲ့ ပါတီခေါင်းဆောင်တိစွာ ရဲဘော်တိ စာပီလေ့လာရေး၊ မီဒီယာတိနဲ့ အဆက်အစပ်တိကို ပိတ်ပင်ထားလို့မရ။ ခိုင်မာရေအတွေး အခေါ်တခုကို ကိုင်စွဲထားကေ ဇာအတွေးအခေါ်ကိုမဆို ချေဖျက်နိုင်ရေ၊ ကြံ့ကြံ့ခံနိုင်ရေ။ ခိုင်မာရေ၊ အစမ်းသပ်ခံနိုင်ရေ အတွေး အခေါ်ကို မတည်ဆောက်နိုင်ဘဲ ပါတီကို လူအရေအတွက်များဖို့ တခုတည်းနဲ့ တည်ဆောက်ကေ တပ်တွင်းပုန်ကန်မှုတိထိ ဖြစ်လားနိုင်ရေဆိုစွာကို သတိချပ်ဖို့သင့်ရေ။ ခွဲထွက်ရေ၊ ပါတီ နှစ်ခြမ်းကွဲရေ အဆင့်ထိ ဖြစ်လားနိုင်ရေ။ အေချင့်ကို မဖတ်ရ ထိုချင့်မလေ့လာရ တားမြစ်ထားလို့ မရနိုင်။ ပါတီတွင်းမှာ ပန်းပေါင်းတရာ ပွင့်ဖို့လိုရေ၊ အတွေးအခေါ်ပေါင်းစုံ ဖွံ့ဖြိုးနိန်ဖို့ လိုအပ်တယ်။ အတွေးအခေါ်ပေါင်းစုံအပြိုင်အဆိုင် ဆွေးနွေးနိန်ဖို့ လိုအပ်တယ်။ ယေမှရာ အကောင်းဆုံးအတွေးအခေါ်ကို ရွေးချယ် လို့ရနိုင်ဖို့။ ရခိုင်သားတိအားလုံး လက်ခံနိုင်ရေ တော်လှန်ရေ၊ အကောင်းဆုံးအတွေးအခေါ်တခု ပေါ်ထွက်လာနိုင်ဖို့။ ကြားရ သလောက် တောထဲမှာနိန်ရေ ရဲဘော်တိမှာ နယ်စပ်ကဗမာအဖွဲ့အစည်းတိ ထုတ်တေစာအုပ်၊ စာစောင်တိကို တမျှော်မျှော် စောင့်နိန်ရရေလို့ သိရရေ။ ယင်းသတင်းကို ကြားရလို့ စိတ်မကောင်းဖြစ်မိရေ။ နိုင်ငံရေး၊ တော်လှန်ရေးနဲ့ ပတ်သက်တေ တချို့ စာအုပ်တိကို လူကြုံနဲ့တတ်နိုင်သလောက် တောထဲက ရဲဘော်ချေတိအတွက် ပို့ဖြစ်တယ်။ အေချင့်စွာ ရဲဘော်တိ တောထဲမှာနိန်ပြီးကေ အတွေးအခေါ်သီ၊ စိတ်ဓါတ်သီ၊ ဘ၀ပါသီလားနိုင်ရေ အခြေအနေဖြစ်တယ်။ ပါတီမှာ ခေါင်းဆောင် တာဝန်ကိုယူထားရေပုဂ္ဂိုလ်တိ အနေနဲ့လဲ ကိုယ့်ရဲဘော်တိကို ကိုယ့် သား၊ သမီးပိုင် ကိုယ်ချင်း စာတတ်ဖို့လိုရေ။ ပြည်တွင်း ပြည်ပက နိုင်ငံရေး၊ တော်လှန်ရေး ဗဟုသုတရနိုင်ရစီရေ စာအုပ်၊ ဆောင်းပါးတိ၊ စာတမ်းတိကို လေ့လာရေးအတွက် ဖြည့်ပီးဖို့လိုအပ်တယ်။ တခုစိုင်းစားမိစွာက ရဲဘော်တယောက်ကို ရေဒီယိုတလုံးကျ ထောက်ပံ့ပီးနိုင်ကေ အများကြီးအကျိုးဟိနိုင် ရေ။ ပါတီအတွေးအခေါ်ကို ခိုင်မခိုင် စမ်းသပ်နိုင်ဖို့နဲ့ ပါတီနိုင်ငံရေးဖွံ့ဖြိုးတိုးတက်လာဖို့အတွက် တခုတည်းရှိရေနည်းလမ်းရေ ပါတီလေ့လာရေးရာ ဖြစ်တယ်ဆိုစွာကို ပါတီတိုင်း ဆုတ်ကိုင်ထားသင့်ရေ။ ယင်းချင့်ကို တစိုက်မတ်မတ် အကောင်အထည်ဖော် လုပ်ဆောင်ပီးဖို့လဲလိုအပ်တယ်။
(၃) အပြောင်းလဲကို လိုလားရေ စိတ်
နောက်တခုက ပါတီတခုမှာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းတခုမှာပဲဖြစ်ဖြစ် ပုံမှန်အခြေအနေကို မကြိုက် မနှစ်သက်လို့ လမ်းကြောင်း သစ် ဖောက်ချင်လူတိအများကြီးရှိရေ။ ယင်းချင့်ကို လမ်းကြောင်းသစ် ဖောက်ချင်ရေလူတိလို့ ဆိုကတ်တယ်။ စွန့်ဦးထွက်တီထွင် ရှင်လို့လဲ သုံးနှုန်းကတ်တယ်။ ယင်းလူတိအတွေးအခေါ်စွာ သာမန်လမ်းရိုးဟောင်းက အတွေးအခေါ်တိနဲ့ တူနိုင်ဖို့မဟုတ်။ ယင်းစိတ်ဓါတ်မျိုးရှိရေ လူသစ်တိကို တချို့လမ်းဟောင်းက လူတိက အမြင်မကြည်မှုတိနဲ့ နိမ်ချကေ ဆက်ဆံချင်စွာတိလေ့ တချို့ ပါတီတိမှာ တွီ့ရရေ။ လမ်းကြေင်းသစ်တိ၊ အတွေးအခေါ်သစ်တိ၊ လုပ်နည်းလုပ်ဟန်အသစ်တိစွာ ယင်းပိုင် ဖောက်ထွက်ချင်ရေ လူတိဘက်က ထွက်လာတတ်တယ်။ အနီးစပ်ဆုံးဥပမာပီးရဖို့ဆိုကေ ရခိုင်တော်လှန်ရေးထဲက ဗိုလ်ရာဇာရို့ပိုင် လူမျိုးတိ ဖြစ်တယ်။ ဗိုလ်ရာဇာစော် နှစ်ပေါင်းအကြာကြီး တိုးတက်မှုလေ့မဟိ ပျက်စီးမှုလဲမဟိ အသက်တိကြီးရင့်လာပြီးကေ အေအတိုင်း တောထဲမှာ ၀ါးတုတ်ချိုး၊ ကင်းစောင့်ဘ၀နဲ့အခြေအနေကို ပြောင်းလဲဖို့အတွက် ဖဲသာ၊ လက်နက်စွာ အဓိကကျရေလို့ တွေးခေါ် ခရေ။ ယေခါ အတွေးအခေါ်ဟောင်းနဲ့ အတွေးအခေါ်သစ် ပဋိပက္ခစွာ ပေါ်လာရေ။ ယင်းချင့်က တော်လှန်ရေးတခု၊ သမိုင်းတခုမှာ ဖြစ်ရိုးဖြစ်စဉ် တခုရာဖြစ်တယ်။ နောက်ဆုံး သူ့ပါတီထဲမှာ အပြောင်းအလဲ လုပ်လို့ မရ၊ အဂုလူတိနဲ့ ရှေ့တိုးလို့ မရဆိုရေစိတ်နဲ့ သီးခြား Arakan Army ဖြစ်လားခရရေ။ ရခိုင်တော်လှန်ရေး ခေတ်သစ်စာမျက်နှာတခုကို လူမျိုးတိုင်း အထင်ကြီးလေးစား လောက်အောင် စွမ်းဆောင်ပီးနိုင်ခရေ။ ယကလေ့ “ဘုန်းကြီးလို့ အသက်မရှည်”ဆိုပိုင် အသက်ငငယ်ရရွယ်နဲ့ ကျဆုံးလား ခရစွာ ၀မ်းနည်းဖို့ကောင်းရေ။ ကရင်မှာဆိုကေ ဗိုလ်ချုပ်မြကို ညွှန်းရဖို့။ KNU အတွင်းမှာ တဗိုလ်တမင်းနဲ့ ဆုံးဖြတ်ချက်တခု ချက်လို့မရ နိုင်လောက်အောင် ခရီးမရောက်ဖြစ်နိန်စွာကို ဗိုလ်ချုပ်မြက အဖွဲ့အစည်းတွင်း အာဏာသိမ်းပြီးကေ ကရင်တော်လှန်ရေးကို ဦးဆောင်ခရရေ။ ဗိုလ်ချုပ်မြဦးဆောင်ရေ ကရင်တော်လှန်ရေးစွာ ရန်သူကပါ၊ ကမ္ဘာကပါ အသိအမှတ်ပြုရရေ အဆင့်ဖြစ်ခရရေ။ ဗိုလ်ရာဇာရို့ပိုင်၊ ဗိုလ်ချုပ်မြရို့ပိုင် လူတိက (one in a million) လို့ ဆိုရဖို့။ အပြောင်းအလဲကို လိုလားစိတ်၊ ကိုယ့်လူမျိုးကို လူနဲ့ သူနဲ့ တူအောင် ဆက်ဆံခံရဖို့ဆိုရေ စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်ခရေ မျိုးချစ်ပုဂ္ဂိုလ်တိလို့ ဆိုရဖို့။ ယင်းအတွက်နဲ့ ပါတီအဖွဲ့အစည်း တခုစွာ ပိုကောင်းရေအပြောင်းအလဲတိကို ဖန်တီးယူဖို့အတွက် လမ်းဖွင့်ပီးထားဖို့လိုအပ်တယ်။ အတွေးအခေါ်သစ်၊ လုပ်နည်း လုပ်ဟန် အသစ်တိကို နေရာပီးဆက်ဆံတ်ဖို့ လိုအပ်တယ်။ မဟုတ်ကေ “အသက်ကြီးလို့ ဘုန်းမကြီး” ဆိုပိုင် တဖြည်းဖြည်း လုံးပါး ပါးပြီးကေ ပျောက်ကွယ်လားနိုင်ရေ။
(၄) နိုင်ငံရေးရေရှိန်
နောက်တခုက နိုင်ငံရေးရေရှိန်ဖြစ်တယ်။ ပါတီတခုမှာ တော်လှန်ရေး၊ နိုင်ငံရေးရေရှိန် တယောက်နဲ့ တယောက် တူနိုင်ဖို့မဟုတ်။ နောက်ပြီးကေ တယောက်နဲ့ တယောက် ဗီဇဥာဏ်လေ့ တူနိုင်ဖို့မဟုတ်။ ဆိုင်ရာဆိုင်ရာ လူတန်းစားအလိုက်၊ ဖြတ်သန်းလာရေ လူမှုအသိုင်းအ၀ိုင်းအလိုက် နိုင်ငံရေးရေရှိန်၊ ဗီဇ၊ အကျင့် တခုလေ့ တူဖို့ မဟုတ်။ ယင်းပိုင် မတူစွာကို တူအောင်ညှိုမယ်ဆိုပြီးကေ အတင်းအဓမ္မ လုပ်လို့မရနိုင်။ ယင်းပိုင်အတင်းအဓမ္မညှိုယူလို့ တချို့ရခိုင်အဖွဲ့အစည်းတိမှာ စွမ်းရည်ရှိရေ၊ အမြင် ထက်မြက်ရေ နိုင်ငံရေးသမားတိ မဟိသလောက် အားနည်းနိန်စွာကို တွီ့ရရေ။ ယင်းအတွက်နဲ့ လက်ဟိမြင်နိန်ရရေ ရခိုင်နိုင်ငံရေးသမား အများစုဆိုစွာ “ငါရို့ ရခိုင်ပြည်ကို ဗမာတိ ၁၇၈၄ မှာ သိမ်းခရေ၊ အဂုလေ့ ရခိုင်တိကို ဗမာတိနိုင်စားနိန်ရေ၊ ငါရို့ တော်လှန်ရဖို့၊ ကုလားတိလေ့ ရခိုင်ပြည်ကိုအရှင်ခံနိန်ရေ၊ ငါရို့ဆုံးရှုံးလားစွာ လွတ်လပ်ရေး၊ ယင်းအတွက်နဲ့ လွတ်လပ်ရေး ရအောင် လုပ်ရဖို့”ဆိုရေ စကားထက် အပို မပြောနိုင်။ “ငါ့ရို့ ယင်းအတွက်နဲ့ စည်းရုံးဖို့လိုရေ၊ စည်းရုံးဖို့ ငါရို့ ပါတီကို ထောက်ခံ၊ ငွေကြေးထောက်ပံ့” ဆိုရုံလောက်ရာဟိရေ။ အမှန်တကယ် နိုင်ငံရေး အရည်အချင်းရှိရေလူဆိုစွာ သမိုင်းကို အလွတ်ကျပြီးကေ ပြောပြ နိန်ရုံလောက်နဲ့မရ။ ဖဲသာတခုတည်းအတွက် လူပြိန်းကြိုက်နိုင်ငံရေးတိကို အတုံးလိုက်အခဲလိုက် ချပြ စည်းရုံးနိန်စွာကို တွီ့နိန်ရရေ။ ယချင့်ကို စေတနာရှိရေ ပြည်သူ့နိုင်ငံရေးသမားတိလို့ မခေါ်နိုင်။ ဖဲသာရလိုမှုတခုတည်းနဲ့  နိုင်ငံရေးအသိဥာဏ် မဖွံ့ဖြိုးသိရေလူတိအကြိုက် လိုက်လုပ်နိန်ကတ်စွာလို့ရာ ပြောရဖို့။ အမှန်တကယ် ဖြစ်သင့်စွာကား လူတိုင်း နိုင်ငံရေးဗဟုသုတ၊ အသိဥာဏ်၊ နိုင်ငံရေးရေရှိန်မြင့်တက်အောင် ဆောင်ရွက်ပီးသင့်ရေ။ ယင်းအတွက်နဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားလို့ ခံယူလူတိကိုယ်တိုင် နိုင်ငံရေးရေရှိန် ကောင်းနိမ့်ကျနိန်စွာကို တွီ့ရရေ။ ကိုယ့်စွာကို ပြင်ဆင်မှု၊ လေ့လာမှုလေ့မရှိကတ်။ “ဟိက နွားက ကောက်လို့လားကေ၊ နောက်ကနွားကလေ့ ကောက်လို့လားဖို့” ဆိုစွာကို သတိပြုသင့်ရေ။ ယင်းပိုင် လူပြိန်းကြိုက် နိုင်ငံ ရေးသမားတိ ဦးဆောင်နိန်ရေ ဇာပါတီ၊ အဖွဲ့အစည်းတိကိုမဆို နိုင်ငံရေး၊ တော်လှန်ရေး ဗဟုသုတရှိရေ၊ လေ့လာလိုက်စားရေ လူတိက လက်ခံအသိအမှတ် မပြုနိုင်စွာ သေချာရေ။ ယင်းချင့်စွာ အမျိုးမချစ်လို့လဲမဟုတ်။ လုံးဝလွတ်လပ်ရေး၊ ဖယ်ဒရယ် - လုံးလာ၊ ပြားလားမသိစွာကို ကြိုက်စွာရွေး ဆိုလို့ပြောလို့မရ။ အနစ်သာရပြည့်ရေ ရွေးချယ်မှုဆိုစွာ အသိဥာဏ်ကလာစွာ ဖြစ် တယ်၊ ခံစားချက်က လာစွာမဟုတ်။ သူငယ်တန်းအချေကို ဆရာဝန်လုပ်ချင်လာ၊ အင်ဂျင်နီယာလုပ်ချင်လာ လားမိန်းစွာနဲ့ တူနိန် ရေ။ ယင်းအတွက်နဲ့ နိုင်ငံရေးရေရှိန် တိုးတက်လာဖို့စွာ ကောင်းအရေးကြီးရေ။ ရခိုင်တမျိုးသားလုံး နိုင်ငံရေးရေရှိန် မမြှင့်သရွေ့ ရခိုင်ပြည်တော်လှန်ရေး အားကောင်းဖို့ အလားအလာမဟိနိုင်။ ယင်းအတွက်နဲ့ နိုင်ငံရေးရေရှိန်မြင့်မားလာဖို့ကို တမျိုးသားလုံး တာဝန်တရပ်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်ရေ။
(၅) ဖဲသာ
နောက်ဆုံးတချက်အနေနဲ့ အမှန်တကယ် တော်လှန်ရေးသမား၊ နိုင်ငံရေးသမားဆိုရေလူတိစွာ အချောင်သမားတိ၊ ကိုယ့်အတ္တမှာ အခြေပြုပြီးကေ လှုပ်ရှားနိန်ရေ လူတိဘက်မှာ ဖဲသာနဲ့ ဈေးဖြတ်ခံနိန်ရရေ ကိစ္စဖြစ်တယ်။ ယင်းချင့်စွာ တော်လှန်ရေးသမား၊ နိုင်ငံရေးသမားကို အပြင်က နိုင်ငံရေး၊ တော်လှန်ရေးကို နားမလည်ရေလူတိက ဈေးဖြတ်တယ်ဆိုကေ လက်ခံနိုင်ရေ။ အဂုက ယပိုင်မဟုတ်။ ပါတီအတွင်းမှာ ဈေးဖြတ်ခံနိန်ကတ်ရစွာဖြစ်တယ်။ ပါတီထဲက နိုင်ငံရေး၊ တော်လှန်ရေး ရေရည်အမြင်ရှိလူ၊ တွေးခေါ်စိုင်းစားနိုင်ရေလူတိစွာ ဖဲသာရှာဖို့ တတ်ချင်မှ တတ်ကတ်ဖို့။ ယင်းချင့်စွာ အစွမ်းအစမဟိလို့လို့ ပြောလို့မရ။ ဖဲသာရှာဖို့ စွာကို စိတ်မ၀င်စားဘဲ နိုင်ငံရေး၊ တော်လှန်ရေးထဲမှာ သူ့အတွေးကို နှစ်မြုပ်ထားစွာ ဖြစ်နိုင်ရေ။ ယင်းပိုင် သက်တမ်းရင့်၊ နိုင်ငံရေး နဲ့ဆိုင်ရေ အရည်အချင်း ပြည့်မှီရေ နိုင်ငံရေး၊ တော်လှန်ရေးသမားတိစွာ ပါတီမှာ သြဇာအာဏာ မဟိစွာကို တွီ့နိန်ရရေ။ အကြောင်းအရာက ဖဲသာမရှာပီးနိုင်ဆိုရေ အကြောင်းအရင်းဖြစ်တယ်။ ယင်းအတွက်နဲ့ အတွေးအခေါ် ထက်မြက်တေလူတိ၊ နိုင်ငံရေး၊ တော်လှန်ရေးကို တစိုက်မမတ် လေ့လာနိန်ရေပုဂ္ဂိုလ်တိ တင်ပြအကြံပြုရေ အတွေးအခေါ် ကောင်းတိစွာလေ့ ဂျောင်ထိုး ခံရစွာတိဟိနိန်ရေ။ ယင်းအတွက် ပါတီစွာ သက်တမ်းရာကြာလာရေ နိုင်ငံရေးအရ၊ စည်းရုံးရေးအရပါ တ၀ဲလည်လည် ဖြစ်နိန် ကတ်ရရေ။ ဖဲသာရှာပီးနိုင်ရေ လူတိကား ပါတီမှာလေ့ သြဇာဟိ၊ ထမင်းရှင်ပိုင်လေ့ အထင်ခံရ၊ ရဲဘော်တိကိုလေ့ တပည့်ပိုင်၊ အခိုင်းအစေတိပိုင် ခိုင်း၊ ကိုယ့်လေ့ တော်လှန်ရေးဘူဇွာ ဖြစ်ပြီးကေ သာယာနိန်ကတ်စွာတိကို တွီ့ရ။ သူရို့စွာ လက်ဟိ အခြေအနေကို ပျက်လားဖို့စွာကို ကြောက်တယ်။ ပါတီကိုပြုပြင်ပြောင်းလဲရေးလုပ်ကေ အဂုရဟိထားရေ သူရို့အနေအထား ပျောက်လားဖို့စွာကို ကြောက်တတ်တယ်။ ယင်းအတွက်နဲ့ အေအတိုင်း (status quo) ကို ထိန်းထားကတ်စွာကိုလေ့ တွီ့ရရေ။ ဖဲသာ မရှာပီး နိုင်ရေ နိုင်ငံရေး၊ တော်လှန်ရေး အမြော်အမြင်ရှိရေလူတိ တင်ပြရေ လက်ဟိ ကမ္ဘာ့အခြေအနေ၊ ဗမာပြည်နိုင်ငံရေး အခြေအနေ၊ ရခိုင်ပြည်နိုင်ငံရေးအတွက် ဖြစ်သင့်ရေပေါ်လစီတိစွာ ဘေးရောက်လားရတတ်တယ်။ ယင်းပိုင် ပေါ်လစီအဟောင်း တိ၊ အတွေးအခေါ်အဟောင်းတိ၊ လက်ဟိအခြေအနေနဲ့မကိုက်ညီရေ နိုင်ငံရေးလုပ်ငန်းစိုင်တိ နောက်ကွယ်က အကြောင်းအရင်း နောက်ခံတိကို နိုင်ငံရေး၊ တော်လှန်ရေးကို စာအုပ်စာပေဖတ်ပြီးကေ စိတ်ဝင်စားလာရေလူငယ်တိ ရိပ်မိဖို့မလွယ်။ အေချင့်က လူတယောက်၊ အဖွဲ့အစည်းတခု နှစ်ပေါင်းများစွာ အခြေတည်လာပြီးမှ ဖြစ်လာရေအကြောင်းအရာတိ ဖြစ်နိန်ရေ။ ပါတီတွင်းက တချို့ရို့ ရိပ်မိကတ်တယ်။ ယကလေ့ သူရို့လေ့ ဖဲသာရှာပီးနိုင်ရေ လူတိမွီးစပ်ခံရလို့၊ ဝေစုခွဲလို့ ကျေနပ်နိန်ကတ်တယ်အတွက် အပြောင်းအလဲလုပ်သင့်စွာကို သိကေလေ့ တခုအသံလေ့မထွက်ဘဲ ငြိမ်နိန်ကတ်တယ်။ ယင်းပိုင်အကြောင်းအရာတိကို တချို့ နိုင်ငံရေး၊ တော်လှန်ရေးမှာ ထထဲ၀၀င်ပါဝင်ဖူးရေလူတိက တစုံတရာ နားလည်သဘောပေါက်ကတ်တယ်။ ယင်းပိုင် တော်လှန်ရေး ဘူဇွာ ပေါက်စတိစွာ အများကြိုက် (populism) ကို ဆုတ်ကိုင်ပြီးကေ နိုင်ငံရေးအရ မရင့်ကျက်ရေလူတိ ဖြစ်တတ်တေ စိတ်ခံစားမှု နိုင်ငံရေး (Emotional Politics) မှာ အခြေပြုပြီးကေ အမြတ် ထုတ်နိန်ကတ်တယ်။
နိဂုံးချုပ်ပြောချင်စွာက အထက်မှာပြောခရေ အကြောင်းအရင်း (၅) ချက်စွာ ရခိုင်သမိုင်းကြောင်းတလျှောက်မှာ လက်ဟိ အခြေအနေထိ  ဖြစ်နိန်ရေ အကြောင်းအရာတိလို့ သုံးသပ်မိရေ။ အေအခြေအနေတိကို ကျော်လွှားနိုင်မှရာ ရခိုင်တော်လှန်ရေးကို စပြီးကေ အုတ်မြစ်ချတည်ဆောက်လို့ ရနိုင်ဖို့လို့ယုံကြည်ရေ။ ယင်းပိုင်အကြောင်းအရာတိကို မပြုပြင်ဘဲ စည်းရုံးရဖို့ ညီညွတ်ရဖို့ ဆိုရေ အပေါ်အယံအကြောင်းအရာတိကိုရာ ပြဿနာအရင်းအမြစ်လို့ ထင်မှတ်နိန်ကတ်ကေ အေအတိုင်း တ၀ဲလည်လည် ဟိနိန် ဖို့သိ။ ခေတ်တိ၊ နှစ်တိ၊ အချိန်တိရာ ပြောင်းလီဖို့ အေအတွေးခေါ်ဆိုး၊ ဥာဏ်ဆိုးတိ ဟိနိန်သရွေ့ တော်လှန်ရေးအရှိန်အဟုန် တခုစွာ ပပီပပြင်ဖြစ်လာနိုင်ဖို့မလွယ်။ အေချင့်က နှစ်ပေါင်းအကြာကြီး ရခိုင့်တော်လှန်ရေးမှာ အခြေကျနိန်ရေ လုပ်နည်းလုပ်ဟန် တိဖြစ်တေပိုင် အေချင့်တိကို အယင်တော်လှန်ပြောင်းလဲနိုင်ဖို့အတွက် အရည်အချင်းဟိရေ၊ အမြင်အမြော်ဟိရေ၊ ပီးဆပ်စွန့်လွှတ် လူတိ ရခိုင်သားထဲမှာ အများကြီးလိုအပ်တယ်။ ရခိုင်တော်လှန်ရေးကို ပြည်သူတိ ဇာအတွက်စိတ်မ၀င်စားကတ်လဲ အဖြေတိစွာ လေ့ အထက်မှာတင်ပြခရေ အချက် (၅) ချက်ထဲမှာ တစိတ်တပိုင်းအနေနဲ့ ပါဖို့ထင်ရေ။ နိုင်ငံရေးဖြစ်စဉ်တခု၊ အဖြစ် အပျက်တခု၊ ပဋိပက္ခတခုကို ချဉ်းကပ်တေနေရာမှာ ဆန္ဒစွဲကင်းနိုင်ဖို့ လိုရေပိုင် ငါ့ပါတီ၊ ငါ့အဖွဲ့အစည်း၊ ငါ့လူမျိုး ဆိုစွာတိကို ခ၀ါချပြီးကေ ရှုမြင်တတ်ဖို့လဲ လိုရေ။ အကြောင်းအရာတခုကို ကိုယ်က ဇာအမြင်က ကြည့်လေဆိုစွာ ကောင်းအရေးကြီးရေ။ အမြင်မတူကေ ရပ်တည်ချက် မတူနိုင်၊ ရပ်တည်ချက် မတူကေ နည်းနာလေ့ မတူနိုင်။ ယင်းအတွက်နဲ့ အမြင်၊ ရပ်တည်ချက်၊ နည်းနာ မှန်ကန်အောင် အနုလုံပဋိလုံ တွေးခေါ်စိုင်းစားနိုင်ဖို့ အားထုတ်ရဖို့လိုရေ။ ယေမှရာ ဇာကြောင့် ဇာဖြစ်တယ်ဆိုစွာကို အစွဲကကင်းနဲ့ ရှုမြင်နိုင်ဖို့၊ ယင်းပိုင်ရှုမြင်နိုင်မှလေ့ ရခိုင့်တော်လှန်ရေးတိုးတက်ကြီးပွားရေးအတွက် ကိုယ်လေ့ အုတ်တချပ် သဲတပွင့် ပါဝင်လုပ်ဆောင်ပီးလို့ရဖို့။ နောက်လေ့ ရခိုင်ပြည်နိုင်ငံရေး၊ တော်လှန်ရေးနဲ့ဆက်စပ်တေ အကြောင်းအရာတိကို ဆက် ရီးနိုင်ဖို့ ကြိုးစားလားမယ်။
ရခိုင်သူ၊ ရခိုင်သားတိုင်း ဘ၀မှာ တိုးတက်အောင်မြင်မှုတိ ရနိုင်ကတ်ပါစီလို့ ဆုတောင်းမိရေ။
ဦးမောင်ကျော်ခိုင်
(၃ - ၃ - ၂၀၁၁)
(ရခိုင်တော်လှန်ရေးအတွက် အကျိုးဟိဖို့လို့ ယူဆကေ စိတ်ကြိုက်ကူးယူဖော်ပြ ဖြန့်ဝီနိုင်ရေ။)
Saturday, April 2, 2011
ရခိုင်လူငယ် နှစ်ယောက် ပစ္စပို့ ဓာတ်ပုံ ၄၂၀၀နှင့် မလေးရှားတွင်ဖမ်းဆီးခံရ
ရခိုင်လူငယ် နှစ်ယောက် ပစ္စပို့ ဓာတ်ပုံ ၄၂၀၀နှင့် မလေးရှားတွင်ဖမ်းဆီးခံရ
                                                                                                            နေ့ စွဲ။ ၂.၄.၂၀၁၁
မလေးရှား ကာလာလမ်းပူမြို့ မှ ဆုဘန်း မြို့ သို့  အလုပ်ရရှိရန်အတွက် လာရောက်ရာတွင် ဆုဘန်းဂျာယာ ၁၅ရပ်ကွက် inti college ပတ်ဝန်းကျင်အနီး၌ မြန်မာ နိုင်ငံသား(arakan) လူမျိုးများဖြစ်ကြသော မောင်ဇော်ထွန်းအောင် ဒုက္ခသည်အသိအမှတ်ပြု နံပါတ်(HCRJH.6011-12)နှင့် မောင်သာကျော်(HCRPK.8001-74)တို့ အား ဆုဘန်းဂျာယာရဲအရာရှိများက ၁.၄.၂၀၁၁ သောကြာ ည ၁၁နာရီခန့်  တွင်စစ်ဆေးကြည့်သောအခါ မသင်ခါဖွယ်ရာ အဖြစ်ယူဆရသော ပစ္စပို့ ဓာတ်ပုံအရွယ် ၄၂၀၀အားတွေ့ ရှိရသောကြောင်း ရဲစခန်းသို့ ခေါ်ဆောင်သွားခဲပါသည် ။ ထိုနောက် ရဲများက သူတို့ အား အသေအချာစစ်ဆေးမေးမြန်းသောအခါ ထိုသူတိုသည် ၄င်းပစ္စပို့ များအား ကွာလာလမ်းပူ PASAR SINI ကားမှတ်တိုင်အနီး စွန့် ပစ်အမှိုက်ပုံ မှယူခဲ့ကြောင်း ဖြေဆိုကြသည်။ ၄င်းတိုနှစ်ဦးသည် ထို ပစ္စပို့ အထုပ်အား သူ့ သူငယ်ချင်း တို့ အားပြသရန် လိုအင်ဆန္ဒဖြင့်သာယူဆောင် လာခဲသော်လည်း မလေးရှားရဲများက ပစ္စပို့ စာအုပ် UNHCR card အတုလုပ်သူ ဂိုဏ် ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားသည်ဟု သတင်းရရှိ ပါသည်။ 
  ထိုအမှူဖြစ်ရခြင်းမှာ အရေးကြီးသောစွန့် ပစ်ပစ္စည်းများ ကို သေချာစွာဖြတ်ညှပ် ဖျက်စီပြီးမှ မပစ်ဘဲ ပြီးစလွယ် လုပ်တတ် (စွန့် ပစ်) သူများကြောင်း အပြစ်မဲ သူနှစ်ဦးသည် ဒုက္ခကြီးကြီး ဖြင့် ရင်ဆိုင်ဖြေရှင်း နေရပါသည်။  ယခုဖမ်းဆီခံ လူငယ်နှစ်ဦး အား တာဝန်ရှိသူများ မှ မကူညီပါက နှစ်ရှည်ထောင်ဒဏ် ကျရောက်နိုင်သည်ဟု နီစပ်သူ တစ်ဦး ကပြောကြားသွားပါသည်။ 
ပေးပို့ သူ
ခိုင်မြသိန်း
Friday, April 1, 2011
ALA မှ နအဖစစ်တပ် ခလရ (၂၀) ရှေ့ တန်းစခန်းအား ၀င်ရောက်တိုက်ခိုက်
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) မှ နအဖစစ်တပ် ခလရ (၂၀) ရှေ့ တန်းစခန်းအား ၀င်ရောက်တိုက်ခိုက်
ALP News & Info (ဧပြီလ ၁ ရက်၊ ၂၀၁၁ ခု)
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ လက်နက်ကိုင် အဖွဲ့  ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် အမှတ်(၉) တပ် ရင်းမှ ဗိုလ်ကြီး ခိုင်စိုးဟိန်း ဦးဆောင်သော စစ်ကြောင်း တကြောင်းသည် ရန်သူ နအဖတပ်၊ ခလရ ၂၀ မှ ဗိုလ် ကြီး အောင်မျိုးဆက် ဦးစီးသည့် ဘူးသီးတောင်မြို့ နယ် မြိတ်ချောင်းဒေသ နဟန်းကျေးရွာ အနီး အခြေစိုက် စစ်စခန်းအား မတ်လ ၃၁ ရက်နိ ညဥ့် ၁ နာရီ ၄၅ မိနစ်တွင် ၀င်ရောက် ပစ်ခတ်ခကြောင်း  စစ်ကြောင်းမှူး၏ သတင်းပီးပို့ ချက်အရ သိဟိရပါသည်။
တိုက်ပွဲဖြစ်ပွါးပုံမှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ ခလရ ၂၀ ရှေ့ တန်း လှုပ်ရှား အခြေစိုက် စစ်စခန်းအား စတင်ဝင်ရောက်တိုက်ခိုက်ရာမှ  အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခ ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲမှာ မိနစ် (၃၀)ခန့် ကြာမြင့်ခကြောင်းနှင့် ရခိုင်ပြည်လွတ် မြောက်ရေး တပ်မတော်ဖက်မှ အထိအခိုက် အကျအဆုံးတစုံတရာ မဟိဟု စစ်ကြောင်း မှူး၏ ပြောပြချက်အရ သိဟိရပါသည်။ ရန်သူ နအဖတပ်မှ အထိအခိုက်အကျအဆုံးကို တိတိ ကျကျမသိရသေးပဲ ဆက်လက်စုံစမ်းနီဆဲဖြစ်ကြောင်းပြောပြပါသည်။
ွှဤကဲ့သို့  နဟန်းအခြေစိုက်စခန်းအား ၀င်ရောက်ပစ်ခတ်ရသည့် အကြောင်းမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ၂၀၁၁ ခုနှစ်တွင် စစ်ရေးအရှိန်တိုးမြှင့်ရန်  ပေါ်လစီအရ သော် လည်းကောင်း၊ နအဖတပ်ရင်းမှ အဆိုပါနယ်မြေတွင် ရခိုင်အနွယ်ဝင် မြိုလူမျိုးများကို အ တင်း အဓမ္မငွေတောင်းခံခြင်း၊ ပေါ်တာဆွဲခြင်း၊ လူငယ်များကို စစ်သားသစ်အဖြစ် အတင်း အဓမ္မဖမ်းဆီးမှုများသည် တနိထက် တနိပိုမိုများပြားလာသည်ကို ပြည်သူများဖက်မှ ကာ ကွယ်သည့်အနီဖြင့် အဆိုပါ စစ်စခန်းအား ၀င်ရောက်တိုက်ခိုက်ခခြင်းဖြစ်ကြောင်း ဖြစ် သည်။ အခြားတဖက်တွင်လည်း ရခိုင်ပြည်သူလူထုကို အဖရခိုင်ပြည်လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရန် အချိန်တန်ပြီဖြစ်ကြောင်း အသိပီးသည့်အနီဖြင့် တိုက်ခိုက်ခခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွါးသည့် နီရာသည် ရခိုင်-ဘင်္ဂလားနယ်စပ် နယ်ခြားကျောက်တိုင် အမှတ် (၆၉) အနီးတွင် ဖြစ်ပါသည်။ 
ရခိုင်ပြည် လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် တိုင်းချစ်ပြည်ချစ် လူငယ်တစုက အဖရခိုင်ပြည်ကို သူ့ ကျွန်ဘ၀မှ ကယ်တင်ရန် ရည်ရွယ်ကာ ဖွဲ့ စည်းခပြီး ဖွဲ့ စည်းချိန်မှစ၍ အေနိချိန်ထိ တစိုက်မတ်မတ် တိုက်ပွဲဝင်လာသည့် ပါတီ နှင့် တပ်မတော်လည်းဖြစ်သည်။
ဆက်သွယ်ရန် ( + 91 9612869434)
သတင်းနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ရခိုင်ပြည်