Monday, June 20, 2011

စစ်တွေ တည်ဆောက်ဆဲ ရီနက်ဆိပ်ကမ်း ဖို့မြီ မိုးကြီးလို့ ပျက်စီးလားဟုသိရ

စစ်တွေ ရခိုင်ရိုးမ June 20, 2011
  စစ်တွေဆိပ်ကမ်းကို အထက်စီးက မြင်ရပုံ စစ်တွေမြို့မှာ ရီနက်ဆိပ်ကမ်းအတွက် တည်ဆောက်ဆဲကာလဖြစ်တေ ရီနက်ဆိပ်ကမ်းဖို့မြီတိရေ ဒေလ ၁၇-ရက်နိက မိုးကြီးခရေအတွက် ဖို့မြီတိပျက်စီးလားကြောင်း စစ်တွေကလာရေ သတင်းတရပ်အရ သိရပါရေ။ . ၂၀၁၁ ခုနှစ်ကစပြီးကေ စစ်တွေဆိပ်ကမ်းအတွက်  မြန်မာဆိပ်ကမ်းအာဏာပိုင်ရုံး အနီးတ၀ိုက်မှာရှိရေ သောင်ပြင်တိကို သဲ တိနန့် ဖို့ထားခြင်းဖြစ်ပြီးကေ မိုးများရေအတွက် ဖို့ထားရေ သဲသောင်တိ ပျက်စီးလားစွာဖြစ်တေလို့ သိရပါရေ။ “မိုးကြီးလို့ ဆိပ်ကမ်းအတွက် ဖို့ထားရေသဲမြီတိ ပျက်စီးလားစွာပါ၊ လုပ်ငန်းကတော့ခါ မိုးတွင်းဆိုခါ ရပ်နားထားပါရေ၊ မိုးကုန်မှ လုပ်ဖို့ထင်ရေ၊ ပျက်စီးလားရေ ဆိပ်ကမ်း၏ ဖို့မြီတိကိုလည်း ပြန်ပနာလုပ်ရဖို့ အနီအထားရှိရေ၊ ခုကတခုလဲမကျန်လိုက်ဗျာ၊ ရီတိုက်စားလို့ “ ဟု စစ်တွေမြို့ခံတစ်ယောက်က ပြောပါရေ။ 
      လုပ်ငန်းအစဦးကာလဖြစ်တေ သောင်ပြင်ကမ်းခြီကို အမာခဲအဖြစ် သဲတိနန့်ဆယ်ဖို့နီစွာဖြစ်ပြီးကေ ခိုင်ခန့်မှု မရှိသိမ့်ရေ အတွက် အခုပိုင်ပျက်စီးလားခြင်းဖြစ်ကြောင်း သူကပြောပါရေ။ အဂုခါရေ မိုးတွင်းကာလ ရောက်လာရေအတွက် လုပ်ငန်းတိကို ရပ်ဆိုင်းထားကြောင်း သိရပါရေ။ ဆိပ်ကမ်းအတွက် ဆည်ဖို့ရန်သဲတိကို ပွိုင့်ကမ်းခြီက တူးဖော်မှု တိရှိရေခါ ပြည်သူတိကကန့်ကွက်ခလို့ ပွိုင့်နန့် အနောက်ဘက်၂မိုင်ကျော်ရှိရေ ရီချိုးဆိပ်ကနီ သဲတိတူးဖော်ပနာ ဆိပ်ကမ်းအတွက် အသုံးပြုနိန်ရကြောင်းသိရပါရေ။ စစ်တွေဆိပ်ကမ်းကို လွန်ခရေ နှစ်အနည်းငယ်ကစပြီးကေ အိန္ဒိယနိုင်ငံ ESSAR ကုမ္ပဏီက ဆောက်လုပ်ရေး လုပ်ငန်းကို တာဝန်ယူထားစွာဖြစ်ပြီးကေ အဆိုပါဆိပ်ကမ်းရေ ရခိုင်ပြည်နယ်မှာ နိုင်ငံတကားရင်းနှီးမြုပ်မှု ဒုတိယ စီမံကိန်းဖြစ်ပြီး အိန္ဒိယ အရှေ့တောင်အာရှဆိုင်ရာ ကုန်သွယ်မှုအတွက် အိန္ဒိယနိုင်ငံ၏ ခြီလှမ်းသစ်တရပ် ဖြစ်ပါရေ။ 
          ၂၀၀၉ခုနှစ် ဧပြီလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာနိုင်ငံက တာဝန်ရှိသူရို့ သဘောတူလက်မှတ်ရွီးထိုးခရေ ရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာသန်း၁၂၀ဖို့ရှိပြီးကေ အဆိုပါဆိပ်ကမ်းရေ အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်တိကနိန် ကုလားတန်မြစ်ကြောင်း ကုန်သွယ်ရေးတိကို ဆောင်ရွက်လားဖို့ဖြစ်ကြောင်း သိရပါရေ။ သို့သော် စီမံကိန်းအတွက် ကုလားတန်မြစ်ကြောင်းတလျှောက်ရှိ ကျေးရွာတချို့ပြောင်းရွိ့ရဖို့ အနီအထားမှာ ရှိရေအတွက် စိုးရိမ်မှုတိရှိနိန်ကတ်ကြောင်း သိရပါရေ။.

မိုးကြီးလို့ ရခိုင်ပြည်နယ် မြို့နယ် တချို့ မှာရီလွှမ်းမို့တိ့ ဖြစ်ပေါ်၊ အဆောက်အဦးတိလဲပျက်စီးလားဟုသိရ

ရခိုင်ပြည်နယ်အတွင်းမိုးဆက်တိုက်ရွာသွန်းခရေအတွက်မြို့နယ်တချို့မှာရီကြီးလို့လူနီအဆောက်အဦးတိနစ်မြုပ်ခစွာတိရှိကြောင်းသိရပါရေ။ ဒေလ၁၈ရက်နိကသံတွဲမြို့မှာမိုးရေချိန်၇ဒသမ၃လက်မရှိခပြီးကေမြိုးလုံးနီပါးရီးမြုပ်လားပြီးစာသင်ကျောင်းအဆောက်အဦးတိလဲ မြုပ်လားကြောင်း သံတွဲမြိုခံတိကိုဆက်သွယ်မီးမြန်းချက် အရသိရပါရေ။ “သံတွဲမြို့လယ်ချောင်းကရီမြင်တက်လာလို့ပါ၊မြီနိပိုင်းအိမ်တိမြုပ်လားပါရေ၊စာသင်ကျောင်းတိလဲပိတ်ထားရပါရေ။အသီအပျောက်တောမပြောတတ်ပါ၊အကျွန်ရို့ဘက်မှာတောမရှိပါ၊တခြားနီရာတိမှာရှိရေလို့တောကြားပါရေ၊ယေလဲ အတိအကျကားဟုတ်ဖို့မထင်ပါ၊”လို့ မြို့ခံတဦးကပြောပါရေ။ ယင်းအပြင် အရေးပေါ်ကယ်ဆယ်ရေးစခန်းများလဲ ထားရှိလိုက်ရကြောင်းသိရပါရေ။ ဒေလ ၁၇ရက်နိ က တောင်ကုတ်မြို့မှာ မိုးကြီးရေအတွက် မြို့မဈီး အပါအ၀င် အဆောက်အဦး တချို့လဲ နစ်မြုပ်ခကြောင်းတောင်ကုတ်မြို့ခံတဦးကပြောပါရေ။ “ ချောင်းကရီ ပြည်တတ်လာလို့ပါ၊ ဈိးနစ်မြုပ်လားပါရေ၊ အဆောက်အဦးတိလဲနစ်ရီကြီးလို့နစ်မြူပ်လားစာတိ ရှိပါရေ”လို့ သူကဆိုပါရေ။ တောင်ကုတ်မြို့မှာရေ တောင်ကျရီကြောင်း မကြာခဏဆိုရေပိုင်ရီးကြီးလေ့ရှိရေလို့သိရပါရေ။ စစ်တွေမြို့နယ်ချီလိုင်ဖင်း ကျေးရွာမာလဲ လီဆင်နှမောင်းတိုက်ခတ်ခရေ အတွက် အိမ်ကိုးလုံးပြိုလဲလားကြောင်း သိရပါရေ။ “ဟုတ်ပါရေ ၁၆ ရက်နိကပါ။ ချီလိုင်ဖင်းရွာမှာပါ လီဆင်နှမောင်းတိုက်ခလို့ အိမ်ကိုးဆောင်ပါလားပါရေ၊ အသီအပျောက်တော့ မရှိပါ” လို အမြင့်ကျွန်းကျေးရွာက ဒေသခံတဦးက ပြောပါရေ။ ရခိုင်ပြည်နယ်မှာမိုးဦးကျကာလရေုမိုးကြီးရေ အတွက် မိုးသက်လီပြင်းတိုက်ခတ်မှုတိမကြာခဏဖြစ်ပေါ်ကြောင်းသိရပါရေ။

Sunday, June 19, 2011

ရခိုင်မျိုးဆက်သစ်လူငယ်မှ ပီးစာ

အာရက္ခ ကို ကုလားရက္ခမဖြစ်စီချင်TO People

ရခိုင်ပြည်ကို ၀င်လာရေဘင်္ဂလီမှူဆလင်တိနန်ပတ်သတ်ဗျန်လေ့လာချက်

ရခိုင်ပြည် ကိုဝင်လာရေ ဘင်္ဂလီမှူဆလင်တိကိုလေ့လာချက်InfluxVirus[1]

မလေးရှားနိုင်ငံမှာ ကမ္ဘာဒုက္ခသည်များနိန့်  ရခိုင်ရိုးရာအကနန့် ဖျော်ဖြေတင်ဆက်

UNHCR Malaysia ၏ ကမ္ဘာဒုက္ခသည်များနိန့် ကို ကွာလာလမ်ပူမြို့မှာရှိရေ Brickfeild ရှိ KL Central ဘူတာမှာ အေနိစတင်ကျင်းပခပါရေ။ အယင်ကဆိုကေ အေပိုင်နိကို UNCHR ရုံးထဲမှာရာ ဒုက္ခသည်ရုံးတိကို ဖိတ်ကြားဗျာလ် ကျင်းပခကေလည်း အခုပိုင်လူစည်ကားရာ Public နေရာတွင်ကျင်းပစွာရေ ဒုတိယအကြိမ်မြောက်ပင်ဖြစ်ပါရေ။ ဒေဒုက္ခသည်နိအခမ်းအနားသို့ ရခိုင်ကိုယ်စားပြုအနိန်နန့် ရခိုင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ (ARRC)၊ တိုင်းရင်းသားအဖွဲ့ဒုက္ခသည်အဖွဲ့အစည်းတိ၊ တခြားနိုင်ငံက ဒုက္ခသည်အဖွဲ့အစည်းတိနှင့် မလေးရှားက စေတနာ့ဝန်ထမ်းတိလည်း တက်ရောက်ကတ်ပြီးကေ မိမိရို့၏ရိုးရာအကတိနန့် ကပြတင်ဆက်ခကတ်ပါရေ။ မလေးရှားနိုင်ငံရှိ ရခိုင်ဒုက္ခသည်တိကို ဦးဆောင်ကူညီပီးနိန်ရေ ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ( ARRC) ၏ တာဝန်ရှိသူကို ဆက်သွယ်မီးမြန်းရာ “ကျွန်တော်ရို့ ARRC က ကုန်ခရေနှစ်ကပိုင် အဆိုအကနန့် ဇွန်လ 18 ၊ 19 နှစ်ရက်ဆက်တိုက် ပါဝင်ဖို့ ရှိပါရေ။ အေနိခါ တေးခြင်းက ၀င်းကိုခိုင်၏ ရခိုင်သဘာဝတေးသံကို ကိုလင်းလင်း က သီဆိုပြီးကေ ARRC School မှ ကျောင်းသူချေတိက ရခိုင်ရိုးရာ အကနန့် တင်ဆက်ကပြကတ်ပါရေ။ အခမ်းအနားမှာ ဒုက္ခသည်ရို့၏ဘဝကို ဓာတ်ပုံတိနန့် ခင်းကျင်းပြသထားပြီးကေ ဒုက္ခသည်အဖွဲ့အစည်းတိကလည်း လက်မှုပစ္စည်းတိကို ခင်းကျင်းရောင်းချထားပါရေ။ UNHCR ကလည်း ဒုက္ခသည်တိ ရံပုံငွေအတွက် တီရှပ်အင်္ကျီတိကို ရောင်းချထားပြီးကေ ရောက်လာရေ မလေးရှားနိုင်ငံသားတိကို မလေးရှားရှိ ဒုက္ခသည်တိနန့် သက်ဆိုင်ရေမိန်းခွန်းတိကို မိန်းမြန်းဗနာ အဖြေမှန်ရေလူတိကို အမှတ်တရလက်ဆောင်တိ ပီးအပ်ခပါရေ။ အဂုပိုင်လူစည်ကားနိန်ရာမှာ ကျင်းပခြင်းရေ မလေးရှားရှိ ဒုက္ခသည်အခြေအနေကို ပိုမိုနားလည်စီဖို့နန့် ထိုသူရို့၏ အခက်အခဲတိကို မလေးရှားလူမျိုးတိနန့် အာဏာပိုင်တိ ရင်းနှီးသိရှိလာစီဖို့ရန် ဖြစ်ပါရေ။ ဇာကြောင့်ဆိုပါကေ မလေးရှားနိုင်ငံရေ ၁၉၅၇ ခုနှစ် ဒုက္ခသည်တိဆိုင်ရာ ပဋိညာဉ်စာချုပ်မှာ လက်မှတ်ရီးထိုးထားခြင်း မရှိရေအတွက်နန့် မလေးရှားရှိ ဒုက္ခသည်တိရေ မလေးအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနိန်ကတ်ရပြီးကေ အခက်အခဲမျိုးစုံနန့် ရင်ဆိုင်နိန်ကတ်ရရေအတွက် ဖြစ်ပါရေ။ အဂုအခါ UNHCR-Malaysia မှ ထုတ်ပြန်ထားသော အချက်အလက်တိအရ မလေးရှားနိုင်ငံမှာ ဒုက္ခသည်ပေါင်း ၉၀၀၀၀ ကျော် နိန်ထိုင်လျှက်ရှိရေလို့ သိရပါရေ။

Friday, June 17, 2011

ရခိုင်ဘုရင်တိ အုပ်ချုပ်ကာလ အ၀ီးရောက် ရခိုင်လူမျိုးတိ ဖြစ်စိုင်များ

   
     အဆိုအရ အ၀ီးရောက် ရခိုင်လူမျိုးတိဖြစ်စိုင်ရေ ဝေသာလီခေတ်ကပင် စတင်ခကြောင်း လေ့လာ သိရှိရပါရေ။ စူလစန္ဒြားမင်းလက်ထက် (ခရာဇ် ၇၃၃-၆၉)ရေ ပင်လယ်ခရီးအတွင်း နဂါးနစ်လို့ လွန်ပြီး ပြီးနောက် အသက်ရှင် ကျန်ရစ်တေ ဓမ္မဇေယ အမတ်ကြီးကို စန္ဒာဒေ၀ီ မိဖုရား အထင်လွဲလို့ တိုင်းပြည်သို့ အ၀င်မခံဘဲနန့် နှင်ထုတ်ရေခါ ဂစ္ဆပနဒီ မြစ်ရို့တလျှောက် ဆန်တက်လားပြီးကေ မြစ်ဖျားဒေသမာ မြို့ရွာတည် ဆောက်ခပါရေ။ ဟစ်ရုံပြည်ဟု ခေါ်ကြ၏။
              လမ်းခုလပ်မှာ မြို့ရွာတည်လို့ ကျန်လိုက်ခသူတိကို မြုံလို့ ခေါ်ကတ် တေ။ချောင်းသုံးခွမှာ မြို့တည်ပနာနိန်ရေအတွက် တြိပူရ (သုံးပြည်) လို့ခေါ်ကတ်တေ။ ယင်းနီရာရေ ဒေဂု အိန္ဒိယ နိုင်ငံ အရှိမြောက် တြိပူရ ပြည်နယ်လို့ယူဆကတ် တေ။ 
         ယင်းမာရှိရေ ရခိုင်တိရေ မိခင်ဘာသာ ရခိုင်စကားကို သုံးကတ်တေ။ ယင်းအကြောင်းကို “ဓမ္မရစ် အမတ် ကိုယ်လွတ်ရှောင်ခွာ လာလတ်ရာတွင် မာန်ပါမျက်သွား မိဖုရားကြောင်း ဗြိးလားခတုံ မြဲုဟဲရုံပြည် တည်သည်ယခု” လို့ ရခိုင်မင်းသမီးဧချင်းမာ ရွီးဖွဲ့ထားပါရေ။ ခေတ် သစ်ရခိုင်သုသေသီတိကလဲ အ၀ီးရောက် ရခိုင်လူမျိုးတိ ပထမအုပ်စုရေ ခရာဇ် ၁၀-ရာစုခန့်က အခြီချ နီထိုင်ခကတ်တေ။ အများစုမာ တြိပူရာမှာဖြစ်လို့ မာရမာလို့ခေါ်ကတ်တေ။ အချို့မာရေ တြိပူရသို့ မလားဘဲ အရှေ့ဘင်္ဂလားနယ်ထဲမာကျန်ရစ်ကြလို့ မြုံဟု ခေါ်ကြ၏။  
          ယင်းနောက်ပိုင်းကာလတွင် ပဲဖြူမင်း(ခရာဇ် ၈၇၇၆-၉၃) မလွန်မီမှာ ကိုးသိန်းသော သျှမ်းတိရေ လေးမြို့ဖျား ကဆက်လက်၍ အဉ္စနနဒီ မြစ်တလျှောက် စုံဆင်းပြီးကေ ရမ်းပြည့်ကျွန်းကိုလဲ ဖျက်ဆီးကာ လူသူများစွာ စုပြီး လျှင် အရှေ့ပြည်စကိုင်းအရပ်၌ ရွာတည်ထားလီ၏” ဟုရခိုင်ရာဇင်ဝင်၌ တွိ့ရသည်။ နန်းစော (Nanchao) အင်ပါယာ ချဲ့ထွင်မှုကြောင်း အနောက်ဖက်သို့ ဆင်းသက်လာကြရေ မွန်ဂိုလှိုက် နွယ်ဝင်ရို့၏ ထိုးဖောက်ဝင်ရောက်မှုကို ရည်ညွန်းထားပုံရသည်။ 
       ယင်းအကြောင်းကို သားပဲဖြူနှင့်၊ ရိပ်ဖြု ဆောင်းချုပ်၊ တုန်လှုပ်မစွမ်း၊ ခဲယိုယွင်းတွင်၊ ရှမ်းကိုးသိန်းရှင်၊ သိုခင်ဘွားကြီး တောင်ရိုးစီး၍ဖျက်ဆီးလေခါ…..။ဟုရခိုင်မင်းသမီးဧချင်း ရေးဖွဲ့ထားပါရေ။                          အနီး  အနားများသိုရောက်ရှိလားကတ်တေ အ၀ီးရောက် ရခိုင်လူမျိုးတိ၏ ဖြစ်စိုင်များကိုလေ့လာတွေ့ရှိရပါရေ။ခရာဇ် ၁၂-ရာစုကစလို့ ရခိုင်တိရေ ရခိုင်မြောက်ပိုင်းရှိ တောင်တန်းတိနန့် မြစ်ဝှမ်းလွင်ပြင်တိကနီလို့ စစ်တကောင်း တောင်တန်းဒေသသို့ တစတစ၀င်ရောက်ခရေ နောက်ဆုံးမှာ ဘင်္ဂလားပင်လယ်အော်နန့် ထိတွိ့ရာ စစ်တကောင်း လွှင်ပြင်သို့ထိ ဆင်းသက် ပျံနှံခကတ်ပါသည်။  
        ရခိုင်ဘုရင်မင်းထီး(ခရာဇ် ၁၂၈၃-၁၃၈၄) လက်ထက်တွင် တိမ်းရှောင်သူ ရခိုင်ဘုရင်၏ အုပ်စုတစုရေ သံလွင်မြစ်ကိုရှောင်တိန်း၍ နောက်တခုမှာ ဘင်္ဂလာ နယ်ထဲသို့ ရွိ့ပြောင်းဝင်ရောက်ခကြသည်။ ခရာဇ် ၆၈၉ (ခရာဇ် ၁၃၂၇) တွင် ပုဂံ ဘုရင်ရေ ရမ်းဗြဲကျွန်းကိုတိုက်ခိုက်၍ လူသူ အများကိုယူဆောင်ကာ မဏီပူရနယ်စပ်တွင် အခြီ ချထားသည်။
           နရမိတ်လှ ခရာဇ်(၁၄၀၄- ၃၃)၏ သားသည် မွန်တလိုင်းပြည်သို့ ထွက်ပြီးခပါရေ။ မင်းစောမွန် (ခရာဇ် ၁၄၀၄-၃၃) သည် ခရာဇ် ၁၄၀၇ ခုနှစ်တွင် လောင်းကြက် ထီးနန်းမှ ဂါဝါ (Gaur)သို့ ထွက်ပြေးတိမ်းရှောင်ခရာတွင် မူးမတ် အသင့်အတင့်လောက် ပါရေလို့ သိရသည်။ အင်းဝမင်းခေါင်လက်ထက် ခရာဇ် ၁၄၁၈ တွင် ရမ်းဗြဲကျွန်းကို လာရောက်တိုက်ခိုက်ပြန်ပါသည်။ ဖမ်းဆီးရမိသော ရမ်းဗြဲကျွန်းသားတိအား လမူးချောင်ဖျားမှ ကျောက်တံခါး၊ ကျောက်တံခါးမှ နဂါးရစ်ကုန်း၊ ယင်းမှ မင်းတုံကာမအတိုင်း ယူလားပနာ အင်းဝမင်းခေါင်အား ဆက်သရာ စစ်ကိုင်းမြို့တွင် အခြီချ ထူထောင်ခကြသည်။ နရပတိကြီး (ခရာဇ် ၁၆၃၈-၄၅) လက်ထက် မင်းဆွေမင်းမျိုးတိကို ဖမ်းဆီးကွက်မျက်ရေခါ ကံသာစားငတုံးခင်ထံသို့ ထွက်ပြေးခိုလှုံခကြသည်။ အရေအတွက်မာ ၅၀.၀၀၀ လောက်ရှိသည်။ ယင်းလူတိကိုမာရမာများဟု ခေါ်ကြသည်။ ကံသာမြို့ဆိုစော် စစ်တကောင်းနယ်မှာတည်ရှိဗြိး ယင်းအမည်နန့်ပင် ရွာတရွာကို (Kachaui Unino)တွင် တွိ့ရှိနိုင်သည်။ အထက်ဖော်ပြချက်ဖြစ်စိုင်များမာ ဗမာပြည်မသို့ ဖမ်းယူခေါ်ဆောင်လားမှုတိ ရှိသကဲ့သို့ အဂုအိန္ဒိယနန့် ဘင်္ဂလားဒေရှ်နိုင်ငံထဲသို့ ၀င်ရောက်မှုတိလည်းရှိခကြောင်း သိသာထင်ရှားသည်။သမိုင်းကြောင်းအရ အိန္ဒိယနိုင်ငံ တချို့နေရာဒေသများ၊ဘင်္ဂလားဒေရှ် နိုင်ငံတခုလုံးနီးပါးနန့် ဗမာပြည် တောင်ပိုင်းအချို့ဒေသများရေ ရခိုင်ဘုရင်ပိုင်နက် အဖြစ်တည်ရှိခဲ့ကြောင်း လေ့လာသိရှိရသည်။ ထိုအကြောင်းကိုရခိုင်ရာဇ၀င်များ၌ ဤသို့တွိ ရပါရေ။ 
              ”မြောက်မာအာသံ တောင်ရံသီဟိုဠ်၊နောက်ကိုလှည့်လည်. မရွံပြည်နန့်၊ ဦးတည်ပိုင်ခြား၊ ပင်လယ်ဆင်းအောင်” အနောက်ဘက်မှာ မဇ္ဈိမာနန့်.၊ ဒါဂါ မြစ်လျှောက် မြောက်ကိုတောင်ညို၊ ကုန်းကိုထိခံ၊ အာသံချင်းတွင်း၊ ချောင်းဆင်းရေတွက်၊ရှေဖက်ဒိသာ၊ ဧရာဝတီ၊ မြစ်ဆီခြားကန်၊ မနံထိပ်မျှောင်၊ရှေ့တောင်အဂ္ဂိ၊ ဒက္ခိဏခွင်၊ မော်တင်ရေလှုပ်၊ သမုဒ်ဝင်လေ ရခိုင်နယ်လျှင် ၀န်းကျယ်ခရီး” ဟုဆိုထားသည်။ ကုန်းဘောင်ခေတ်မှ မှတ်တမ်းတခုဖြစ်သော ဇမ္ဗူဒီပဦးဆောင်ကျမ်းတွင် …“ ဓည၀တီနယ်ကား ၊ အရှေ့ဘက် သို့ လားသော ရိုးမ၊ တောင်သို့လားသော်ပင်လယ်၊ အနောက်သို့လားသော် မာန်အောင်ကျွှန်းပါ ပင်လယ်၊ မြောက်ကိုလားသော် ကုလား၊ အတ္တပတ်မြေနန့် ကြောခိုင်း” ဟုတွိ ရသည်။ နိုင်ငံခြားသား ခရီးသည်များ၊ပညာရှင်များကလဲ ရခိုင်ရာဇ၀င်တွင် နောက်ဆုံးဖြစ်သော မြောက်ဦးခေတ် (ခရာဇ် ၁၄၃၃-၁၇၈၄) က ရခိုင်တိုးထိန်းချုပ်ထားသော နယ်မြေရေ မဂိုတို့လက်တွင်းသို့ ခရာဇ်၁၆၆၆ တွင် စစ်တကောင်းဒေသတခုံးလုံးမှသည် နတ်မြစ်အထိ ကျရောက်ခဲ့သည့်တိုင် မြောက်ဖက် တွင် စစ်တကောင်းမှသည် တောင်ဖက် ၌ သံလျှင် အထိကျယ်ပြန့်ခပါရေ။ ခရာဇ် ၁၄၃၀-မှ ၁၆၃၈ အထိ နှစ်ပေါင်း ၂၀၈ နှစ်ကာလအတွင်း မြောက်ဦးခေတ်ရခိုင်ဘုရင့်နိုင်ငံတော် သည်ဂင်္ဂါမြစ်အေ၇ှ့ဖက် ကမ်းမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအထိ ကျယ်ဝန်းခကြောင်း လက်ခံခကတ်ပါရေ။ ရခိုင်ဘု၇င်၏ ပိုင်နက်ရေ တောင်ဖက်တွင်ပဲခူးအစပ်ဖြစ်၍ ပြည်တောင်တန်းအား ဖြင့်ပိုင်းခြားထား၏။ အခြားတဖက်တွင် ဘင်္ဂလားနှင့် နယ်နမိတ်ချင်း ထိစပ်လျှက် စစ်တကောင်းမှသည် နာဂရေ အငူအထိ မာန် အောင်ကျွန်းအပါ အ၀င် ဒေသအားလုံးဖြစ်တေ။ ရခိုင်ဘုရင်ရို့ရေ ဘင်္ဂလားနယ် ဘဂါင်္ ၁၂ မြိုအဖြစ် ဖွဲ့စည်းအုပ်ချုပ်ခဲ့ကြသည်။ ယင်းဖွဲ့စည်းပုံအရ ၁။ မောက်သူ ဇာ(Mushidabad)၂။ ရောင်ဖြူ(Rang pur)၃။ဒါကာ ၊(Dhaka) ၄။ ဂုမ္ဘီလာ(Comilla) ၅။ သီလက် (Sylhet)၆။ ပဋိက္ကရား၊ (Pataikara) ၇။ ဂဂါၤသာရ( Gangasara) ဂ။ စစ်တကောင်း( Chittagong) ၊ ၉။ဘောရိသတ် (Barisal)၊၁၀။ တိလင်္ကာ( Tilinga-Sundwip) ၊၁၁။ ကံသာ( Karnafuli)နန့် ၁၂။ ဂေါတော်ပါလောင် ( Kutupalong)ရို့ဖြစ်ကြသည်။ ရခိုင်ဘုရင်များသည် မိမိရို့ပိုင်နက် အတွင်း၌ အထူးသဖြင့် နယ်စပ်ဒေသများတွင် ကာကွယ်ရေးအမြင်နန့် အစုအဖွဲ့တည်ထောင်ဗနာ လူဦးရေ နီရာချထားမှုများရှိခကြောင်းကိုလေ့လာ တွိ့ရှိရသည်။ လူဦးရေ ပျံ့နှံမှု ညီမျှစီဖို့အတွက် ရည်ရွယ်ကြောင်းကိုလဲသိရသည်။
        သို့သော် လက်ရှိ ရခိုင်ပြည်နယ် နယ်နမိတ် မှအပ ဖြစ်သော ရခိုင်ဘုရင်းနယ်မြေများရေ အစိုင်သဖြင့် တည်တန့်ခိုင်မြဲမှုမရှိခပြီးကေ အကြောင်းအမျိုးမျိုးကြောင်း ဇာတိရပ်မြီရခိုင်ပြည်သို့ ပြန်လာကြသော အ၀ီးရောက် ရခိုင်လူမျိုးများရှိခကတ်ပါရေ ။ အချို့မာလည်း အခက်အခဲများကြားမှ ဆက်လက်ရပ်တည်ကာ နိန် ထိုင်ကျန်ရစ်ခ ကြောင်းသိရ၏။ ခရာဇ်၁၆၆၆)မာ စစ်တကောင်းကျဆုံးပြီးနောက် အခြီချ နိန်ထိုင်ကြသူ ရခိုင်အချို့၊ ရခိုင်ပြည်ကို ထွက်ဗြီးလား ကတ်တေ။ အကြောင်းရင်းမာ မဂို အာဏာပိုင်များက ရခိုင်ခွန် (Magh Joma) ဟုခေါ်ရေ အထူး အခွန်အကောက်တစ်မျိုးကို ရခိုင်တို့အပေါ်စည်းကြပ်ကောက်ခံခခြင်းကြောင့် ဖြစ်ရေ။ သို့သော် ၁၇၆၃ မာ ဗြိတိသျှ အရှေ့အိန္ဒိယာ ကုမ္ပဏီမှ ဘင်္ဂလားနယ်ကို သိမ်းပိုက်ခဲ့ပြီးနောက် ယင်းအခွန်ကိုကင်းလွတ်ခွင့်ပြူခဲ့၍ အခြေချနိန်ထိုင်မှုမာ ဆက်လက်တည်မြဲခဲ့ပြန်သည်။ စစ်တကောင်း နယ်ကို ခရာဇ် ၁၆၆၆ အကုန်မာ မဂိုရို့သိမ်းပိုက်ခကြရေအတွက် ရခိုင်ရို့ရေ ပင်းဝါနန့် အနီး အနားမာဟိရေ စစ်တကောင်းတောင်တန်းဒေသသို့ထွက်ဗြီးလားကတ်တေ။မဂိုတို့စစ်တကောင်းကိုသိမ်းပိုက်ပြီး နောက် စစ်တကောင်းမှ ဗြီးလာကြသူရခိုင်ရို့ရေ စစ်တကောင်းဒေသတောင်ဖက်ပိုင်း ပင်းဝါအထိ ရောက်လာ ကြပြီးနောက် ဆက်လက်မပြီးဘဲ လုပ်ကိုင်စားသောက်နိန်ထိုင်ခကတ်တေ။ မဂိုရို့ တိုက်ခိုက်ပြီးနောက် ဗိုလ်မင်းကောင်းလှဖြူရေ ရခိုင်ပြည်သို့ ၁၇၅၆ ခုနှစ်မာ ထွက်ဗြီး လားဗြီးကေ ၁၇၇၄ မာ ပြန်လာပြီးနောက် Ramu, Idgorနန့် Matamuri မြစ်ဝှမ်းဒေသများတွင် အခြီချ နိန်ထိုင်ခကတ်တေ။ ထိုမှ တဆင့် Maiskal တွင် ၁၈၀၄ ၌ ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး ၁၈၂၂ တွင် လက်ရှိနီထိုင်ကြသသော Bandarban၌ အခြီချခကတ်တေ။ ဒေဂု အခါ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ၌ မှီတင်းနိန်ထိုင်လျှက်ရှိကြသော ထားဝယ် တိုင်းရင်းသားများ လည်း အ၀ီးရောက် ရခိုင်လူမျိုးများ၏ ပြောင်းရွိနိန်ထိုင်မှုဖြစ်စိုင်ရေ ဆက်စပ်နိန်ကြောင်း လေ့လာတွိရှိရပါရေ။ မဟာပညာကျော်လျှောက်ထုံးတွင်“ မရိပ်မချောင်း ၊ နေမြုံကိုးခေါင်းသား အမျိုးရို့ကို ဘီးတော် ဒဿရာဇာမင်း က မာန်အောင်ကျွန်းတွင် ချထားတော်မူရာ တနှစ်ရှိသောအခါ ထွက်သွားလေ၍ ယိုးဒယားနန့် ပဲခူး နှစ်ပြည်ထောင် အကြားတွင် နေလေရာ မြို့ကိုထားဝယ်ဟု တွင်လေသည်ဟု လေ့လာတွိ့ရှိရ၏။ ထားဝယ်လူမျိုးများ၏ ဇာတ်မြစ်ရေ မြန်မာနွယ်ဝင် ရခိုင်လူမျိုးရို့ပင် ဖြစ်တေ။ ရခိုင်ကမ်း ခြီ ဒေသမှ ၇ခိုင်များ ရေ တနင်္သာရီ ကမ်းခြီဒေသသို့ လားရောက်နိန်ထိုင်ကြရာမှ ပေါက်ဖွားလာသော သူရို့ကို ထားဝယ်သားများ ဟုခေါ်ဟန်ရှိသည်။ ထားဝယ်စကားရေ ရခိုင်စကားပြော ဆိုနည်းနန့်ယိုးဒယား လီသံတို့ပေါင်းစပ်ထားရေပိုင်   ဖြစ်နိန်ခြင်းကိုထောက်၍သိသာနိုင်ရေလို့မြန်မာစွယ်စုံကျမ်းတွင် ဖော်ပြထား၏။ 
                      ရခိုင်ဘုရင်များအုပ်ချုပ်မှုကာလအတွင်း၌ အ၀ီးရောက်ရခိုင်လူမျိုးများရေ ရခိုင်ပြည်တွင်းပြဿနာကြောင့်လည်းကောင်း၊ ပြည်ပ ကျူးကျော်မှုများကြောင့်လည်းကောင်း၊ လက်ရှိ ရခိုင်နယ်နမိတ်အပြင်ဖက်ရှိ ရခိုင်ဘုရင် ပိုင်နက် များတွင် သွားရောက်နေထိုင်ကြခြင်း ကြောင့်လည်းကောင်း ၊ ဘင်္ဂလားနယ်နန့် မြန်မာပြည်အခြားဒေသများသို့ ရောက်ရှိနိန်ထိုင် ခဲ့ကြကြောင်း လေ့လာတွိ့ရှိရသည်။ (မှတ်ချက် ၂၀၁၀ခုနှစ် ထုတ် မြောက်ဦးမဂ္ဂဇင်းပါ ရခိုင်ဘုရင်တိ အုပ်ချုပ်ကာလ အ၀ီးရောက် ရခိုင်လူမျိုးတိ ဖြစ်စိုင်များ ဆောင်းပါးကို လိုတိုရှင်းဖြစ်အောင် တည်းဖြတ်ပနာ တင်ပြလိုက်ခြင်းဖြစ်ပါရေ)

Wednesday, June 15, 2011

ရခိုင်ဆောင်းပါးရှင်တယောက်က ရီးလိုက်လို့  ဘဲငါးရာတောင်က ရတနာသိုက် ပဗြုံးစင်လီပါဖို့ မနား

ရခိုင်ရာဇ၀င်တိနာင့် သမိုင်းတိကို ရီးနိန်ကတ်တေ သမိုင်းဆရာကြီးတိ စာရီးဆရာကြီးတိ အများကြီးဟိန့် ပါသည်။ သီသူသီ ပျောက်သူပျောက်နာင့် အခုထက်ထိ ရီးသားနိန်ကတ် ပြုစုနိန်ကတ်တေ မျိုးချစ် သမိုင်းသုတေသီတိလဲ နည်းစွာ မဟုတ်ပါကားယေ။ ယင်းချင့်မှာ ကိုယ်ရီးလိုက်ကေ ကိုယ့်အတွက် ဇါဖြစ်လားဖို့ လဲဆိုစွာကို အယင်စိုင်းစားဖို့ ထက် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံမှာ ဇါလောက်အတိုင်းအတာအထိ အကျိုးကျေးဇူး ဟိန့် လေဆိုစွာကို သမိုင်းသုတေသီတိ စာရီးဆရာကြီးတိက စိုင်းစားဝီဖန် ကြည့်ပနာ ရီးသားကတ်ပါသည် ။  ပြုစုကတ်ပါသည် ။ ယင်းပိုင်ရီးစွာတိထဲမှာ ရခို်င်လူမျိုးတိ အခြီအနိန်နာင့်ဆိုကေ ပိုလို့ တောင် သတိထားရကတ်ပါသည် ။ 
          ဇါဖြစ်လို့ ဆိုကေ ကိုလိုနီဖြစ်နိန်လို့  ကိုယ့်မြီကိုယ်ယာကို တစိချေလဲ မပိုင်ရစွာမှာ အားလုံးကဆုံးရှုံးနိန်ရရေ အခွင့်အရီးတိပါမနား။ ယင်းချင့်ကို မျိုးချစ်ရခိုင်သမိုင်းသုတေသီ စာရီးဆရာကြီးတိက ပိုလို့  သိကတ်ပါသည်။ ယေဇူးနာင့် သတိနာင့် ထိမ်းပနာ ရီးသင့်စွာကို ရီးပနာ သိသင့်စွာကို သိအောင် မျိုးဆက်သစ်ကလေချေ ကလေမေ့ချေတိကို လမ်းညွှန်ပြနိန် ပြောပြနိန်စွာလို့  နည်းလည်ကတ်ရပါသည်။ ဓည၀တီရခိုင်နိုင်ငံတော်ကို လက်ညိုးထိုးလို့  ဒေနိန်ရာကား နန်းရာကုန်းလို့  ပြောလိုက်စွာနာင့် အခုခေတ် ကလေချေတိ ကလေ့မေချေတိက ကောင်းကောင်းသိကတ်ပါသည်။
        နန်းရာကုန်းဆိုကေ အယင်ရခိုင်ရှင်ဘုရင်လက်ထက်က နန်းတော်ကြီးနာင့် ဟိန့် လီနိန်ဖို့  ဆိုစွာကို လူတိုင်းသိပါသည်။ ရခိုင်သားတိ ဆိုနိန်ကတ်တေ-သခြင်းတိထဲမှာလဲ ရခိုင်ရှင်ဘုရင်ရို့  ဘုန်းမီးနီလ တောက်ပခစွာတိကို ဆိုနိန်ကတ်စွာ ကြားရနိန်ပါသည်။ ယင်းပိုင်သတိထားနိန်ကတ်တေ သမိုင်းဆရာကြီးတိ စာရီးဆရာကြီးတိကြားမှာ ကိုယ့်နာမည်ထင်ပေါ်လီဖို့ အတွက် ရီးလာရေ လူတိကြောင့် ရခိုင်နိုင်ငံက ရခိုင်လူမျိုးရို့ မှာ ကုန်းကောက်စရာ မဟိန့် အောင် ဖြစ်လားဖို့  အနိန်အထား ဖြစ်လာရပါသည်။ ရခိုင်လူမျိုးဖြစ်လို့  ရီးဖို့  စွာက ရခိုင်ပါတ်ဝန်းကျင်ကြားမှာ အများကြီး ဟိန့် ပါသည်။ ဘင်္ဂလားပင်လယ်အော်ကို ကြည့်ပနာ ရခိုင်လူမျိုးတိ ငါးမစားရဘဲ ထမင်းငတ်လို့  သီနိန်ကတ်တေအကြောင်းကို ရီးကေ ဇါလောက်အထိ ၀မ်းးနည်း ကြီကွဲဖို့  ကောင်းဖို့ လဲလို့  စိုင်းစားကြည့်ချင်ပါသည်။ လူမူပတ်ဝန်းကျင်အကြားမှာ ရခိုင်လူမျိုးတိက အနိန်ဆင်းရဲ အစားဆင်းရဲနာင့် နိန်ရထိုင်ရစွာကို ရီးဖို့ ဆိုကေ ကောင်းကောင်းအများကြီး ဟိန့် ရေလို့  ထင်ပါသည်။ အခုက ရခိုင်နိုင်ငံတော်က ရတနာသိုက်ကို ဒေနိန်ရာမှာ ဟိန့် နိန်ပါရေ ဆိုပနာ ရီးပြလိုက်စွာသည် ရခိုင်လူမျိုးတိ အဖို့  ကောင်းကောင်းဆုံးရှုံး နစ်နာလားစွာရာဖြစ်ပါသည်။
         ဆောင်းပါးရှင် စာရီးဆရာမှာ မိမိနာမည်တလုံးကရာ အဖတ်တင်ဖို့  ဖြစ်ကေလဲ ကိုယ့်လူမျိုးနာင့် ကိုယ့်နိုင်ငံတော်မှာ အလှပလှဆုံးရှုံးလားခစွာကို ချက်ချင်းသိလားခရေခါကား ကောင်းကောင်းနောက်ကျလားခရေ နောင်တ-တခုကို ခံစားရဖို့  ထင်ပါသည်။ နောင်တဆိုစွာက အရင်းအနှီး အများကြီး ပီးဆပ်ရစွာဖြစ်ပါသည်။ လွန်ခရေ ငါးလက ဖလားဝါးနယူးစ်ဂျာနယ်မှာ ဦးထွန်းရီ( စစ်တွေ ) ဆိုသူက ကုလားတန်မြစ်ကမ်းမှ သမိုင်းဝင်ဘဲငါးရာတောင်နာင့် ထူးခြားသောဖြစ်ရပ်များ ဆိုရေ ဆောင်းပါးကို အခန်းဆက် နှစ်ပတ်တိတိ ရီးခပါသည်။ ယင်းပုဂ္ဂိုလ်ရီးခရေ ဆောင်းပါးမှာ အတိုချုံး ပြောရဖို့ ဆိုပါကေ ဘဲငါးရာတောင်မှာ ရခိုရှင်ဘုရင်ရို့ ၏ ရတာနာသိုက် ဟိန့် သည်လို့  ဆိုစွာအကြောင်း ဖြစ်ပါသည်။     
         ယင်းဆောင်းပါးကို ဖေါ်ပြအဗြီးမှာ နှစ်ပါတ်အကြာ စစ်အစိုးရက ရတနာသိုက်ရှာဖွီရီးကို ဘဲငါးရာတောင်မှာ ထူးဖေါ်ကတ်ပါသည်။ အခုတွိနိန်ဗျန်ဖြစ်ကြောင်း ကြေညာလိုက်ပါသည်။ ယေဖူးနာင့် ရခိုင်လူမျိုးတယောက်ဖြစ်တေ ရခိုင်သားဆောင်းပါးရှင် တယောက်က ရီးလိုက်တေအတွက်နာင့် ပဗြုံးစင်လားဖို့  ဖြစ်နိန်ရေ ရခိုင်ရှင်ဘုရင် ရတနာသိုက်အကြောင်နာင့် ပတ်သက်လို့  တုန့်  ပြန် ရီးလိုက်ရစွာဖြစ်ပါသည်။ ယေကေ ယင်း ဦးထွန်းရီ ( စစ်တွေ ) ဆိုရေ ဆောင်းပါးရှင်းက ဇါအမြတ် ရခပါလဲချင့် ။ ဒေချင့်က အဖြီဖြစ်နိန်ပါသည်။ သူ့ အနိန်နာင့် တခုချေလဲ ရခဖို့  မဟုတ်ပါကားယေ။ စစ်အစိုးရဆိုစွာ ယင်းပိုင်ရတနာသိုက်ကို တွိအောင် ရီးပီးခရေအတွက် သူကောင်းပြုဖို့ လဲ ဇါနည်းနာင့်မဆို လုပ်ဖို့ လဲ မထင်။ ဘဲငါးရာတေင်ဆိုစွာက ရခိုင်နိုင်ငံ ပုဏ္ဍားကျွန်းမြို့ ၏ မြောက်ဖက် (၁၆) မိုင်အကွာ ကုလားတန်မြစ် အနောက်ဖက်ကမ်း ယိုးတရုပ်စံပြကျေးရွာ-စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဖက် တမိုင်ခန့် အကွာမှာရှိဗြီး ဘဲငါးရာတောင်ထိပ်အမြင့်မှာ ပေ-၁၃၆၀ -ခန့် မြင့်ဗျန် အရှည်-၅၆၃-ပေနာင့် အကျယ်-၄၆-ပေရှိပါသည် ။ ဘဲငါးရာတောင်မှာ ရခိုင်နိုင်ငံ မြောက်ဖက်ပိုင်းဒေသ ဗဟိုချက်မမှာ ဟိန့် နိန်ပါသည်။ ယင်းအချိန် ဝေသာလီ စန္ဒရားမင်းဆက် ( ၉) ဆက်မြောက် စူဋ္ဌစန္ဒရားမင်း ၏ သားဖြစ်သူ ငတုံမင်းက (၁၅၆ ) ခုနှစ်မှာ စမ္ပ၀က်မြို့ ကိုတည်ဗျန် ထီးနန်းအုပ်ချုပ်ခပါသည်။ မိဖုရား သီရိဒေ၀ီနာင့် နန်းသက်ကာလမှာ-( ၁၅၆-ခုနှစ်မှ ၁၈၀-ခုနှစ်အထိ ) (၂၄) နှစ်ကြာညောင်းခပါသည်။ သက်တော်(၄၇) ခုနှစ်မှာ ငတုံမင်းနတ်ရွာစံခရပါသည်။ နတ်ရွာမစံခင် ( ၁၈၀ ) ခုနှစ် ပုဂံပြည်မှ စောခင်နှစ်အမည်ရှိ မင်းကလာရောက်တိုက်ခိုက်ခရေအတွက် ရွှေငွေ ကျောက်သံ ပတမြားတိကို ဘဲငါးရာတောင်မှာယန္တရား အစီအမံတိနာင့် မြုပ်နှံထားခသည်လို့  ရခိုင်သမိုင်းတိမှာ ဟိန့် ပါသည်။ ဟိန့် စွာကိုလဲ ရခိုင်သမိုင်းဆရာတိုင်း နိုင်ငံရီးသမားတိုင်း သိထားကတ်ပါသည်။ ဒေပိုင်သမိုင်းဆိုင်ရာအချက်အလက်ကို ဦးထွန်းရီ ( စစ်တွေ ) က ရီးလိုက်ကေလဲ ငတုံမင်းနာမည်နာင့် သက္ကရစ်တိကို လွှဲမှားပနာ ဖေါ်ပြထားစွာ တွိရပါသည်။ ယေကေလဲ ဝေသာလီခေတ် စန္ဒရားမင်းဆက်လက်ထက်မှာ ဖေ့သာဒင်္ဂါးတိကို ရခိုင်နိုင်ငံမှာ သုံးနိန်ဗျန်ဖြစ်လို့  ရခိုင်ရှင်ဘုရင် ငတုံမင်းက ဒေပိုင် အန္တရယ်ကင်းရာ ဘဲငါးရာ တောင်ထက်မှာ ၀ှက်ထားခစွာတိ ဖြစ်နိုင်ဖို့လို့  သုံးသပ်နိုင်ပါသည်။ ဒေပိုင် ဖေ့သာဒင်္ဂါးတိ - ရွှေငွေကျောက်သံ ပတ္တမြားတိ -စိန်ရတနာတိကို လုံခြုံရေ ဘဲငါးရာတောင်မှာ ၀ှက်ထားခစွာက ရန်သူအောက်သားလူမျိုးတိကို မပီးချင်လို့  လက်ထဲကို မပါစီချင်လို့  ထားခစွာပါရာ၊ ယင်းပိုင်ဝှက်ထားးခစွာကို ဖေါ်ကောင် ဦးထွန်းရီ ( စစ်တွေ ) လုပ်လိုက်ကေ သစ္စာဖေါက်လို့  ခေါ်ရဖို့  စွာရာ ဖြစ်နိန်ပါသည်။ ယင်းပိုင် ဦးထွန်းရီ ( စစ်တွေ ) က ရီးသားလိုက်တေ ဆောင်းပါးကို အခြီအခံပနာ စစ်အစိုးရကို လိုချင်မက်မောလားအောင် လုပ်ပလိုက်စွာမှာ နှစ်ပတ်ရာ ကြာပါသည်။ ချက်ချင်း ဘဲငါးရာတောင်ကို လားကတ်ပနာ စမ်းသတ်ထူးဖေါ်ဖို့  ကြိုးစား ကတ်ပါသည်။ ယေခါ ရခိုင်ရှင်ဘုရင်ရို့  မြုပ်ထားခရေ ရတနာသိုက်ကို ခေတ်မှီသိပ္ပံနည်းပိုင်ညာတိနာင့် ရှာဖွီဖို့  ဖြစ်လာပါသည်။ ယင်းပိုင်ရှာဖွီဖို့  စွာကို ကမ္ဘာ့လေကြောင်း ( NASA ) ဂြိုလ်တု စမ်းသပ်ရီးအဖွဲ့ က နည်းပိုင်ညာတိနာင့် ရှာဖွီလိုက်စွာဖြစ်ပါသည်။ ရတနာတိကို မြုပ်နှံထားရေနိန်ရာတိကို High Tech Geology ( NASA) က လွှင့်တင်ထားရေ ဂြိုလ်ထု Lam-dsal -7 EIM+ (200) Digital Image Data ) မှာရှိရေ Speterum လိုင်းတိနာင့် ရတနာသိုက်နိန်ရာ ( ၈ ) နိန်ရာကို တွိရှိစွာဖြစ်ပါသည်။ ယင်းပိုင်တွိလိုက်စွာနာင့် ဒေရတနာသိုက်ကို မတော်လောဘသမားတိနာင့် မသမာလူတိက သိလားကေ ပြသနာတက်လားဖို့  ဖြစ်လို့  ဒေပိုင် သတင်းတိထုတ်ပြန်လားဖို့  စွာကို စိုင်းစားနိန်ခရရေလို့  ပြောပြပါသိသည်။ သူရို့ ပြောစွာက မတော် လောဘသမားနာင့် မသာမာ လူတိ ဆိုစွာက ရခိုင်လူမျိုးတိကို ပြောစွာဖြစ်ပါသည်။ သူခိုးက လာခိုးပနာ အိမ်ရှင်ကို သူခိုးတိ မသမာလူတိလို့ ပြောလာနိန်ပါဗျန်ဒေ။ ဒေပိုင်အပြောခံရစွာမှာ ဦးထွန်းရီ ( စစ်တွေ ) ဆိုသူကြောင့် ပါရာ။ ဒေရတနာသိုက်ကို ရှာဖွီဖို့ အတွက် အခုတွိထားရေ နိန်ရာ ( ၈ ) နိန်ရာကို စစ်အစိုးရ၏ ရုပ်သီးအစိုးရဖြစ်တေ သမတဦးသိန်းစိန်အစိုးရက ခွင့်ပြုချက် တောင်းခံရဖို့  ဟိန့် ရေလို့  ပြောပါသည်။ ယင်းပိုင်ဆိုကေ ရခိုင်နိုင်ငံတော်က ရခိုင်ရှင်ဘုရင်ပိုင်ခရေ ရတနာသိုက်ကို ဇါသူက ပိုင်ဆိုင်စွာပါလဲလို့  မီးစရာ ဟိန့် လာပါသည်။ အဖြီက ရခိုင်လူမျိုးနာင့်ရာ သက်ဆိုင်သည်လို့  ပြောရပါဖို့ ကား။ အခုဆိုကေ ရုပ်သီးအစိုးရက ဒေရတနာသိုက်ကို တူးဖေါ်ဖို့  စတင်လှူပ်ရှားလားနိန်ဗျန်ဖြစ်ပါသည်။ ဆောင်းပါးရှင် ဦးထွန်းရီ( စစ်တွေ ) က ဇါလုပ်နိုင်ပါဖို့ လဲ ၊ ဇါပိုင်အကျိုးခံစားနိုင်ပါဖို့ လဲချင့် ။ 
             လွန်ခရေ ဝေသာလီခေတ်က စန္ဒြရားမင်းဆက် တိထဲက ရန်သူ အောက်သားလက်ထဲမပါလီရအောင် မြုပ်နှံထားခရေ ရတနာသိုက်ဆိုစွာ ရခိုင်နိုင်ငံတော်ကို ပြန်လို့  ရခကေ ရခိုင်လူမျိုးတိအတွက် အလှပလှ ရတာနသိုက် တခုဖြစ်တေဆိုစွာကို ဇါဖြစ်လို့  နားမလည်ဘဲ ဟိန့် နိန်ခပါလေချင့်။ စန္ဒြားမင်းမျက်ရည်ကို ဇါဖြစ်လို့  ဆက်လို့  ကျနိန်စီချင်ပါလေချင့် ။ ဝေသာလီဘုရင်ရို့  အသိပိုင်ညာနာင့် ထားခရေ ရတနာတိကို အမျိုးသားသစ္စာဖေါက်ဦးထွန်းရီ ( စစ်တွေ ) ကြောင့် ရခိုင်လူမျိုးရို့ မှာ အခုဆိုကေ ကောင်းကောင်းကြီး ဆုံးရှုံးလားခရပါဗျန်ဒေ။ စာတလုံးနှစ်လုံးရီးပနာ ဆောင်းပါးရှင် အဖြစ် နာမည် ခံလိုက်စွာက အကြောင်းမဟုတ်ကေလဲ ရခိုင်နိုင်ငံတော်နာင့် ရခိုင်လူမျိုးတိအတွက် နစ်နာလားအောင် လုပ်ပနာ ဖြစ်လားရေအခါမှာ အမျိုးသားသစ္စာဖေါက်လို့  သတ်မှတ်ဖို့ ကလွှဲလို့  အရာတခုလဲ မဟိန့် ပါဗျန်ကာ။ ယေဇူးနာင့် ရခိုင်ဆောင်းပါးရှင်တယောက်ကြောင့် ဘဲငါးရာတောင်က ရခိုင်လူမျိုး ရတနာသိုက်က ပဗြုံးစင်လို့  ကုန်လားပါဖို့ ဗျန်လို့ ရာ ရခိုင်လူမျိုးတိကို ၀မ်းနည်းစွာနာင့် မှာလိုက်ရပါသည်လို့ ရာ ပြောလိုက်ချင်ပါသည်။ 


ခိုင်အောင်ကျော်( နယူးယောက် ) .

Monday, June 13, 2011

မလေးရှား နိုင်ငံမှ တောက်တဲ့ ရောင်းဝယ်ရေး အခွင်းအလမ်း

တောက်တဲ့ မလေးရှားမှာ ရွေထက်တန်ဖိုးကြီးနိန်
 တောက်တဲ့ ကို ဗြီးခရေ ၂၀၁၀ နှစ်ကုန်ပိုင်းကပင် မှောင်ခိုဈီးကွက် မှာ အရောင်းအ၀ယ် လိုက်နိန်ပါရေ လူသိရှင်ကြားရောင်ဝယ်လို မရပါ ။တောက်တဲ့ရောင်း ၀ယ်ရေးကို မာဖီယားဂိုဏ်းပုံစံ နန်လုပ်ကိုင် နိန်ကတ်ပါရေ လက်ဟိန့်  ရောင်းဝယ်နိန်ရေ ဈီနုန်းနန် ဆက်သွယ် ရောင်းဝယ် ဖို့ အတွက် မလေးဘာသာနန် ဖေါ်ပြပီးလိုက်ပါရေ ။ရခိုင်သားတိ အရောင်အ၀ယ်ကို ဂျေးမကြည်ဘဲ အန္တရယ်ကိုလည်းကြည်ရှောင်ဗျန် ချမ်းသာနိုင်ဂတ်ပါစီ။
 harga tokek & jual beli tokek di malaysia/indonesia June 4th, 2011 Donnyien Share YMads.com CPM Advertising Apa itu tokek? Tokek adalah nama umum untuk menyebut cecak besar. Ada beberapa jenis tokek, namun istilah tokek biasanya merujuk kepada jenis tokek rumah berikut. Tokek rumah adalah sejenis reptil yang masuk ke dalam golongan cecak besar, suku Gekkonidae. Tokek rumah memiliki nama ilmiah Gekko gecko (Linnaeus, 1758). Dalam bahasa lain hewan ini disebut sebagai téko atau tekék (bahasa Jawa), tokék (bahasa Sunda), dan tokay gecko atau tucktoo (bahasa Inggris). – Wikipedia Berikut adalah harga sekilo tokek dalam ringgit malaysia RM (anggaran sahaja).Harga dibawah saya perolehi daripada beberapa laman web di internet yang saya kaji. Pantang larang bela tokek: 1. Jangan gunakan sangkar yang diperbuat dari besi atau kaca (aquarium). Tokek lebih suka hidup didalam sangkar kayu atau buluh, sebab paling dekat dengan alam semulajadinya. Tokek akan lebih cepat sesuaikan dirinya, dan tidak stress. 2. Jangan gunakan sangkar yang terlalu besar, tokek akan cepat stress. Cukuplah hanya sekadar sedikit ruang untuk tokek bermain, masukkan buluh kedalam sangkarnya untuk tempat dia bersembunyi apabila rasa terancam oleh bunyi bising atau orang ramai. 3. Tokek adalah binatang yang sangat bersih dan tidak suka sangkarnya kotor. Ia akan membuang najis di tempat yang sama setiap hari. 4. Jauhkan sangkarnya dari tempat yang terlalu terang, sebaiknya tutup sangkarnya dengan jarring hitam seperti yang selalu digunakan di nursery (kedai pokok bunga). 5. Jauhkan dari tempat yang selalu berasap   .

  တောက်တဲ့ ၀ယ်ရေလူကိုဆက်သွယ်ဖို့ အတွက် ဖုန်းနံပါတ်ထည်ပီးလိုက်တေ ကိုတောက်တဲ ကို mms နန်ဓာတ်ပုံတစ်ပုံအရင်ပို့ ပီးရဖို့ လိုပြောရေ ဓာတ်ပုံကို +၆၀၁၇-၃၆၀၃၄၂၇ ကိုပို့ ပီးဗျာလ်
သူရိုဝယ်ဖို့ တောက်တဲက ၄၀၀ ဂရမ်အထက်ကိုမှ ရဖို့ လိုသူရိုဝတ်ဆိုဒ်မှာကြော်ငြော်ထားပါယင့် ဟိန်ရေလူတိ အလုပ်ဖြစ်အောင် ဆက်သွယ်လိုက်ကတ်ပါ။ 

.ဒေမှာဝင်ကြည်လိုက်ပါ  http://donnyien.com/personal/harga-tokek-jual-beli-tokek-di-malaysiaindonesia/ 

ပွဲစားကြီး
မောင်ညှောက်

အထက်ပါသတင်းရေလေးဝတီ ကိုအီးမေးကပီးပိုလာစာဖြစ်တေအတွက် တင်ပြပီးရစွာဖြစ်ပါရေ။

၁၁/…… ကိုင်ဆောင်သူတိကို မလွဲကောင်ဂိတ်က ပြန်လွှတ်ဟု သိရ

လေးဝတီ ခိုင်မင်းထွန်း June 13, 2011
ရခိုင်ပြည်ကနီ ပြည်ပနိုင်ငံတိသို့ ပုံစံ အမျိုးမျိုးနန့် ထွက်ခွာနီကတ်ရာ ရေးနန့် ထားဝယ်ကြားရှိ မလွဲကောင် ဂိတ်ကနိန် ၁၁/ …ကို ကိုင်ဆောင်သူတိကို တခြားနီရာသို့ လားခွင့်မပြုဘဲ ပြန်လွှတ်လိုက်ကြောင်း မကြာမီက ထားဝယ်သို့လားခီရေ ရခိုင်အမျိုးသားတဦးက ပြောပါရေ။ “ရန်ကုန်ကနိန် ထားဝယ် ကော့သောင် အလား ပါ၊ ယင်းမာ ရေးနန့် ထားဝယ်ကြားမှာရှိရေ မလွဲတောင်ဂိတ် ရောက်တေခါ၊ စစ်ဆေးရေးကလူတိ ကျနော့်ကို မိန်းပါရေ ဇာကိုလားဖို့လဲဆိုစွာကို၊ ကျနော်ကလဲသူရို့ မိန်းစွာကို ကောင်းကောင်းမဖြေနိုင်ခါ။ ပြန်လွှတ်လိုက်ပါရေ။ ကော့သောင်သို့လားခွင့်မပြုပါ” လို့သူက ဆိုပါရေ။ ရခိုင်ပြည်တွင်း အလုပ်အကိုင်စီးပွားရေးရေ တနိထက်တနိ ရှားပါလားရေအတွက် ပြည်ပနိုင်ငံသို့ အများအပြား ထွက်ခွာ နိန်ကတ်ရာ လမ်းခုလပ်တိဖြစ်တေ ဂိတ်တိမှာစစ်ဆေးခံရဗျာယ် ခိုင်လုံမှုမရှိကေ ပြန်လွှတ်တေ အနီအထားတရပ် ဖြစ်နီကြောင်း သိရပါရေ။ တခြားလူတိလဲကျနော်ပိုင် ပြန်လာရရေလူတိလဲ ရှိရေ”လို့ သူကဆက်ပြောခပါရေ။ ရန်ကုန် -ထားဝယ် ကော့သောင်းသို့ လားရာမှာ လမ်းခုလပ် ဂိတ်တခုဖြိုက်တေ မလွဲကောင်ရှိ အထူးစစ်ဆေးရေး အဖွဲ့ ၁၁/ မှတ်ပုံတင်ကိုကိုင်ဆောင်ရေ ရခိုင်အမျိုးသားတိကို ပိုမိုတင်းကျပ် စစ်ဆေးရေလို့ သိရပါရေ။ ထားဝယ်လိုင်း ဂိတ်မှူးတဦးက “ဖေ့သာပီးပြီးကေ တဖက်နိုင်ငံတိသို့ လူကုန်ပို့ရေ စနစ်ကပိုတွင်ကျယ်လာလို့ ဂိတ်တိမာအစစ်ဆေးများလာစွာ”လို့ ရခိုင်ရိုးမကဖုန်းနန့် ဆက်သွယ်မီးမြန်းချက်ကို ပြောကြားခပါရေ။ ပြည်မသို့ ခရီးလားနီရေ ရခိုင်အမျိုးသားတဦးကလဲ “၁၁/ မှတ်ပုံတင်ကိုကိုင်ဆောင်ရေလူတိဆိုကေ စစ်ဆေးစွာဗျာယ် ဟိုမိန်းဒေမိန်းနန့်၊ ကိုယ်ကခိုင်ခိုင်လုံလုံ ဖြေရရေ အေး မခိုင်လုံကေတို့ ဆက်မတိုးရဗျာယ်”လို့ သူကဆိုပါရေ။ အဖမ်းဆီးနန့် ပတ်သက်လို့ သူက“ဒေဘက်တိမာတို့ မရှိသလောက်ပါ။ နယ်စပ်ဂိတ်တိမာရာ မပြောတတ်”လို့ ပြောဆိုခပါရေ။ အလားတူ မှတ်ပုံတင် ( ၁၄/ ……)ဧရာဝတီ၊ (၈/….) မကွေး၊(၄/….) ချင်းပြည်နယ်နန့် မှတ်ပုံတင် အမှတ်ကိုင်ဆောင်သူတိကိုလဲ အဆိုပါ ဂိတ်က စစ်ဆေးမှုတိရှိကြောင်း သိရပါရေ။ ရန်ကုန်-ဧရာဝတီ၊ မကွေး-ရခိုင် စရေ ဒေသတိကရေ ရနောင်းသို့ အောက်လမ်းကလားရေလူတိအတွက် ကျပ်ငွေ ၅သိန်း ၇သိန်းဆိုကေ မလေးရှားစင်ကာပူသို့ ပို့ဆောင်ပီးကြောင်း။ အများစုရေ မလေးရှားနိုင်ငံသို့လားကတ်ကြောင်း ပွဲစားနန့် နီးစပ်တေအသိုင်းဝိုင်းဘားက သိရပါရေ။