Tuesday, November 23, 2010

Friday, October 22, 2010

ဂီရီမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင်

ဂီရီမုန်တိုင်း ရခိုင်ကမ်းရိုးတန်းကို ဝင်


နယူးဒေလီ (မဇ္ဈိမ)။       ။ ဂီရီ ဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး ဝင်ရောက်ခဲ့ပြီး မုန်တိုင်း ဗဟိုချက်အနီးတွင် ရေပြင်မြေပြင်လေသည် တနာရီလျှင် မိုင် ၁ဝဝ မှ ၁၂ဝ အတွင်း တိုက်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဌာနက ယနေ့ ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂီရီ၏ လက်ရှိအဆင့်ကို အနီရောင်အဖြစ် သတ်မှတ်ထားပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွင် ပင်လယ်ဒီရေသည် ၁၂ ပေထိ တက်မည်ဟု ဆိုသည်။

ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းပိုင်း giri-currentမုန်တိုင်းအဖြစ် အရှေ့မြောက်ပိုင်းသို့ ရွေ့လျားနိုင်ကာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် မြေပြိုမှုများ ဖြစ်လာနိုင်သောကြောင့် ရှောင်ရှားရန်လည်း သတိပေးထားသည်။

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးကာ လေတိုက်နှုန်းသည် ရခိုင်ကမ်းရိုးတန်းတွင် တနာရီ မိုင် ၈ဝ မှ ၁ဝဝ အတွင်း တိုက်ခတ်ကာ၊ မြစ်ဝကျွန်းပေါ်ဒေသတွင် တနာရီလျှင် ၄၅ မိုင်နှုန်း တိုက်ခတ်မည်ဟု ဆိုသည်။

ကမ်းနီးကမ်းဝေး ငါဖမ်းလှေများ၊ သင်္ဘောများ မုန်တိုင်း အန္တရာယ်ရှောင်းရှားရန် လိုအပ်သည်ဟုလည်း ဆိုထားသည်။

ရခိုင်ပြည်နယ် မြို့နယ်များသို့ ယနေ့ ညပိုင်းတွင် ဆက်သွယ်ကြည့်ရာ အများစုမှာ ဖုန်းခေါ်၍ မရခဲ့ပါ။

ရန်ကုန်ရှိ ကြံ့ဖွံ့ပါတီမှ ရခိုင်တိုင်းရင်းသား လူမျိုးစုလွှတ်တော် အမတ်လောင်း ဒေါက်တာ ထွန်းဇံအောင်က မန်အောင်ကျွန်းသို့ ညနေပိုင်းတွင် ဆက်သွယ်နိုင်ခဲ့သော်လည်း နောက်ပိုင်း အဆက်ပြတ်သွားသည်ဟု ဆိုသည်။

“မန်အောင်ကျွန်းနဲ့ နေ့လည် ၁၂ လောက်ထိ အဆက်အသွယ် ရှိခဲ့တယ်။ ညနေပိုင်းမှာ ဖုန်းအဆက်သွယ် ပြတ်နေတယ်။ အဲဒီမှာ အမျိုးရှိတယ်လေ။ အဲဒီချိန်မှာတော့ မုန်တိုင်းက ကမ်းကို မဝင်သေးဘူး။ လေတော့ တိုက်နေတယ်၊ မိုးရွာတယ်ပေါ့။ ဖုန်းတွေတော့ ဆက်သွယ်နေကြတယ်။ မရသေးဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

’’မာန်အောင်နဲ့ ကျောက်ဖြူမှာ တော်တော် တိုက်သွားတယ်လို့ ပြောတယ်။ ကျနော် ညနေအထိ အဆက်အသွယ် ရှိခဲ့တယ်။ ဒီရေတွေလည်း တော်တော်တက်တယ်လို့ ပြောတယ်။ ၁၂ နာရီလောက် စတိုက်တိုက်တာလို့ ပြောတယ်။ ကျနော်တို့ တောင်ကုတ်မှာ မိုးကြီးတယ်။ အခုထိ ရွာနေတုန်းပဲ’’ ဟု တောင်ကုတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

Wednesday, October 20, 2010

ရခိုင်mp3

  1. ရခိုင်အာဇာနီ-ဦးမောင်သိန်း
  2. ရောက်ဖူးခရေ မြောက်ဦးမြီ-ဦးမောင်သိန်း
  3. ရခိုင်နိုင်ငံတော်သခြင်း-ခိုင်ဇော်
  4. ဒုက္ခငှက်ချေ-ဝင်းကိုခိုင်
  5. ကိုကို -ဇင်မာထွန်း
  6. ရခိုင်ပြည်လွတ်မြောက်တေနိန့်-ကိုခိုင်ဇော်
  7. အုတ်မြစ်/အချစ်နွံ-ကံထွန်းကြည်_ဝတီစိုးမိုး
  8. အလင်းတန်းခါး-အဖွဲ့
  9. အိပ်မက်ဆိုး-မြတ်ခိုင်ကျော်
  10. နားထောင်အမောင်-ဗျာလ
  11. ပိုးဝါဘွဲ့-စိမ်းလဲ့လဲ့
  12. ဒုက္ခငှက်ချေ+အား-ဝင်းကိုခိုင်
  13. မမလို့ခေါ်မေ-
  14. မုန်းမမှားမေ မမ-ကိုသန်းဆွေ
  15. ရခိုင့်ဇာတိဂုဏ်-
  16. လီဗာချစ်သူ-
  17. အလွမ်းသင်ဆရာမ-ရမ္မာဝတီ စံဝင်း
  18. မျိုးချစ်ရခိုင်-မောင်သူ၊ တူတူ
  19. ကျောက်ဖြူသူသို့အလွမ်းပြေ-ခိုင်ကျော်လင်း
  20. ပန်းဝေဒနာ-ဦးမောင်သိန်း

ရခိုင်ပြည်ဗုဒ္ဓဘာသာနန့်ပတ်သက်လို့ ဦးဥာဏိဿရာမိန်းခွန်းကို ဆရာကြီး ဦးဦးသာထွန်းကပြန်လို့ချေပချက်
...........................................................................


  • ၁။ ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ


  • ၂။ ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ
  • ၃။ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ


  • ၄။ ထေရဝါဒဗုဒ္ဓဘာသာ ရခိုင်ပြည်မှာထွန်းကားလာပုံ


  • ရခိုင်အမျိုးသားဒီမိုကရေစီအတွက် စဉ်းရုံးရေးခရီး ၊မင်းပြားမြို့နယ် ပြားချောင်းရွာဟောပြောပွဲ
    -------------------------------------------------------------------

  • ၁။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ


  • ၂။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ


  • ၃။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ


  • ၄။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ


  • ၅။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ


  • ၆။ မင်းပြားနယ် မြို့နယ် ပြားချောင်းရွာဟောပြောပွဲ



  • ---------------------------------
    (၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နိန့်မှာ မွန်ပြည်နယ် ဘီးလင်းမြို့က ဆရာတော်အသျှင်ဝိမလ ဟောကြားထားရေတရားပါ။
  • ၁။ (၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နိန့်တရားတော် အပိုင်း (၁)


  • ၂။ (၅)ကြိမ်မြောက် ရခိုင်ပြည်နယ်နိန့်တရားတော် အပိုင်း (၂)

  • အမောင်ရခိုင်သား ဇာမှားနီလေ

    အမောင်ရခိုင်သား ဇာမှားနီလေ
    -----------------------------
    ရခိုင်စင်စစ်က
    ယခီးဖြစ်ရ
    ဟိရေ စာကိုမရွီးလို့ --။၊

    သခင်စင်စစ်က
    ကျွန်ဖြစ်ရ
    အချင်းချင်းတန်ဖိုးမထားလို့ --။

    မျောက်နှင်ခံရရေ ယာသျှင်
    ဘ၀င်လီဟပ်ပနာ ဘ၀မိ
    ပကတိကိုမမြင်
    အထည်ကြီးပျက်စင်ထက်မှာ
    ပြောကေ အမျိုးချစ်တေ
    ရခိုင်သားကြားထဲမှာ လကျယ်
    အောက်ချီးအသံကြားကေ
    ကျားလောက်ကြောက်တေ --။

    ရခိုင်ထမင်းကို
    ရခိုင်စားပနာ
    ရခိုင်ရီကို
    ရခိုင်သောက်လို့ 
    ရခိုင်မြီမှာ
    ရခိုင္ကိုမြီး
    ရခိုင်သွီးတိနန့် အသက်ရှင်နီကေလည်း
    ဗမာနွားကိုလားကျောင်းနီရေ
    အမောင်ရခိုင်သား
    ဇာမှားနီလေ --။

    မင်းထီးရာဇာ (ရခိုင်ပြည်)

    (ဗမာကျွန်ပီသနီရေ ယခီးတိ သံဝေဂရပနာ ဘ၀မှန်ကိုပြောင်းလာကတ်ဖို့ ဒေကဗျာကို ရွီးစပ်သည်။)

    ရခိုင်သမက်တက်

    ရခိုင်သမက်တက်
    ------------------
    ရခိုင်အပျိုလူပျိုတိအရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများဟိရေပိုင် အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွီးချယ်ပီးသည်များပါသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ဟိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွီးချယ်ပီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ဟိသည်။
    ရှိရိုးအစဉ်အဆက်ကျင့်သုံးလာခသော ရခိုင်လူမျိုးရို့၏လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ ထူးခြားသောဓလေ့ထုံးစံများဖြစ်သည်။

    ရခိုင်ရိုးရာသမက်တက်

    ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးသျှင် (သတို့သမီး) နှင့် သမက်သျှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။

    သမီးတောင်းခြင်း

    ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီးစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွီးချယ်ပြီး စိစပ်ကြောင်းလမ်းပြုလုပ်သည်။


    စိစပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)


    စိစပ်ကြောင်းလမ်းမင်္ဂလာပွဲကို သမီးသျှင်အိမ်တွင်ပြုလုပ်သည်။ ရှိဦးစွာ သမီးသျှင်ထိုင်ရန်နီရာ၏လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွီမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းရို့၏ရှိတွင် နီရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။

    ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။

    မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။

    လက်ထပ်မင်္ဂလာပွဲ

    လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍
    ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။

    ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-

    မင်္ဂလာမြှောက်ခြင်း
    မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း

    သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။

    သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။

    ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။

    ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။
    အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။

    အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။

    သမီးစောင့်ခြင်း

    သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။

    သမက်တက်ခြင်း

    သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။

    အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။

    သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။

    ဥပမာ-
    နှင်းပန်း အီးချမ်းစီရန်
    နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
    သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
    အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
    စံကားပန်း စံစားရစီရန်

    ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။

    လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။

    မိဘကန်တော့ခြင်း

    သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

    လက်ဆုံစားခြင်း

    မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။

    လက်ဖွဲ့ခြင်း

    ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။

    သျှောင်ချသျှောင်တင်

    သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။

    အိမ်ပြန်လည်ခြင်း

    သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။

    ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။

    ကျမ်းကိုးကားစာအုပ်များ
    သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
    ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
    (တက္ကသိုလ်သျှင်သီရိ)
    မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်

    ငါကရခိုင်

    ငါကရခိုင်


    ငါကရခိုင်
    -----------
    ငါကရခိုင်
     
    မနှင်းဇီ

    နင်ကမြန်မာ

    ငါကရခိုင်

    မျဉ်းပြိုင်နှစ်ကြောင်း

    မဆုံကောင်းပါ

    ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။

    ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။

    အပိုင်း (၁)

    ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။

    မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။

    ထိုနိမှစ၍ မနှင်းဇီက “ကိုခုနစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။

    အပိုင်း (၂)

    ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။

    ၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ။ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။

    အပိုင်း (၃)

    ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။

    နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညှိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။

    ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။

    ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရာထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။

    ဖနောင့်ကသွီး ငယ်ထိပ်တက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။

    မနှင်းဇီ၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။

    (နိဂုံး)

    မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။

    မနှင်းဇီ

    နင်ကမြန်မာ

    ငါကရခိုင်

    မျဉ်းပြိုင်နှစ်ကြောင်း

    မဆုံကောင်းပါ

    ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
     
    ရေးသားသူ
    (ကွန်ချုပ်ကေ)

    ပရွက်စီဆိတ်နန်ဒေါင့်ဒေ

    နီရောင်တောက်ပနီသော မိုးထက်စောစောတခုမှာ ပုရွက်ဆိတ်တကောင် ပေါ့ပါးလျင်မြန်စွာ အစာရှာထွက်လာယင်း လိပ်ပြာအဖြစ်သို့ အသွင်ပြောင်းခါနီးဖြစ်သော ဒေါင့်ဒေးအိမ်နားက ဖြတ်လာ၏။ သက်ဝင်ခါစ ဒေါင့်ဒေးက သူပုတုံးကိုတချက် လှုပ်ယမ်းလိုက်၏။ ပုတုံးလှုယမ်းမှုက ပုရွက်ဆိတ်အား ကဲ့ရဲ့ပြောဆိုရန် ဆွဲဆောင်လိုက်သလိုလို ဖြစ်လီ၏။ “ငရဲကြီးလိုက်တေပင်..။ တရိစ္ဆာန်ဖြစ်ရစွာတောင် ခြီးလက်မစုံ၊ သနားဖို့ကောင်းလိုက်တေပင်...။ ဇာလောက်ရုပ်ဆိုးလိုက်တေ ဘ၀လေးချင့်။ ငါက ထိုနားဒေနား ပြီးလွှားနိုင်ရေ။ ဧရာမကြီးမားရေသစ်ပင်အမြင့်တိကို ပြီးတက်နိုင်ရေ။ နင်ကား အေမရွတ်ခွံချေထဲမှာ ထောင်ကျကျလို့ရာ။ ပုတုံးချေတခုတည်းရာ လှုပ်နိုင်ရေ။ ဘ၀ငရဲဆိုစွာ ယင်းချင့်ရာမနားယေ..။” ဟု ပုရွက်ဆိတ် မျက်မှောင်ကုတ် ပြောလိုက်၏။ ဒေါင့်ဒေးမှာ ပြန်မပြောနိုင်ဘဲ ကြားရုံလောက်ရာ နားထောင်နီလိုက်ရ၏။


    သုံးလေးရက်ကြာသောနောက်မှာ ပုရွက်ဆိတ် နောက်တခေါက် အနားကဖြတ်လာသောအခါ မရွတ်ခွံပိုးအိမ်အခွံတခုတည်းရာ ဟောင်းလောင်းတွိ့ရ၏။ ပါတ်ဝန်းကျင်းကိုတချက် သိုင်းဝိုင်းကြည့်လိုက်၏။ ဇာနားရောက်လားခလေ ဒေါင့်ဒေတကောင်း.... စိတ်မှာရည်ရွက်လိုက်၏။ အလွန်လှပသော ရောင်စုံအပြည့်နန့် လိပ်ပြာတောင်ပန်ခပ်နီသော အရိပ်ကြီးတခု ကျလာသည်ကို အလန့်တကြီးတွိ့လိုက်ရ၏။ လိပ်ပြာက ”တချက် ကြည့်စမ်..!..!..! အဆွေသနားရေ ဒေါင့်ဒေးသူငယ်ချင်းပါရာ...။ လျင်မြန်သွက်လက်တေ အဆွေခြီချောင်းတိ ခွန်အားဟိသလောက် ကျနှုပ်ကိုမှီအောင် လိုက်ပြီးကြည့်ပလင်..။ ကျနှုပ်ပြောရေစကားချေတိကို နားထောင်ချင်ကေ ကျနှုပ်ကိုမှီအောင် ချိတ်တက်ပါလတ်...အဆွေ..။“ ဟု ပြောယင်း ဆောင်းဦးပေါက် လီပြေလီညှင်းထဲ ပျံတက်လားလီ၏။


    ”ရုပ်သွင်ပြင်တိရေ ထင်ယောင်ထင်မှား ဖြစ်စီတတ်၏“

    ဘာသာပြန်
    ခိုင်မြသိန်း (ချောင်းသာကြီး)
    ၂၈၊ ၀၉၊ ၂၀၁၀

    စကားစာပီ တည်တံ့စီ

    စကားစာပီ တည်တံ့စီ

    ရခိုင်စာသည်...............ငါရို့စာ။
    ရခိုင်စကားသည်...........ငါရို့စကား။
    ရခိုင်စာကို..................ချစ်ပါ။
    ရခိုင်စကားကို..............မြတ်နိုးပါ။
    စာပီမြင့်မှ..................လူမျိုးမြင့်မည်။
    စာပီမြင့်မှ.................အမျိုးသားရေးစိတ် မြင့်မည်