Monday, January 17, 2011

မလေးရှားတွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ

မလေးရှားတွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ


1/16/2011
---------
စံလင်း
--------
မလေးရှားနိုင်ငံ မာလဂါမာလိန်ဂျာယာမြို့တွင် လွန်ခဲ့သော စနေနေ့က မြန်မာ့ အမျိုးသမီးနှစ်ဦးကို အမည်မသိသူများက ဓါးဖြင့် ရက်စက်စွာ ထိုးသတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

သတ်ဖြတ်ခံရသူ အမျိုးသမီး နှစ်ဦးမှာ စားသောက်ဆိုင်ဖွင့်ပြီး မြန်မာနိုင်ငံသားမျာကို အလုပ်ရှာ ပေးသော အေးဂျင့် အလုပ် လုပ်နေသူ မမြတ်မြတ်နှင့် သူ့ခလေးကို ကူညီ ထိန်းပေးနေသူ အိမ်အကူ မသွယ်သွယ်ညွန့် တို့ဖြစ်ကြောင်း သိရသည်။

မာလဂါမာလိန်မြို့မှ ရခိုင် အမျိုးသား တစ်ဦးက “ အခုလို အသတ်ခံရပြီးတဲ့ နောက်မှာ ရဲက အစစ်အဆေးတွေ များလာနိုင်တဲ့ အတွက် မြန်မာနိုင်ငံသားတွေ အကြားမှာ အထူးစိုးရိမ်မူတွေ တိုးပွားနေပါတယ်။ အခု ဒီသတင်းကတော့ မြန်မာနိုင်ငံသားတွေ အကြားမှာ အထူး စိတ်ဝင်စားနေတဲ့ သတင်းပါ။ လူသတ်သမားတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ပါစေလို့ လူတွေက ဆုတောင်းနေကြပါတယ်“ ဟု ပြောသည်။

လူသတ်မူ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားများ အနေဖြင့် အပြင်သွားသွားလာလာ မလုပ်ကြတော့ဘဲ အများစုမှာ အိမ်တွင်းအောင်းနေကြသည်ဟု သူက ပြောသည်။

“ အခု သတ်သွားတာက မြန်မာနိုင်ငံသားလား၊ မလေးနိုင်ငံသားလားဆိုတာကို တိတိကျကျ မသိရသေးဘူး။ ဒီလို နှစ်လောင်းပြိုင် လူသတ်မူ ဖြစ်တာ အရင်က ဒီမြို့မှာ မရှိခဲ့ဘူးလို့ သိရပါတယ်။ ရဲတွေကတော့ အပူတပြင်း လိုက်လံ စုံစမ်းနေတယ်လို့ ကြားရပါတယ်။ ဘာတွေ အသေးစိတ် ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး” ဟုသူက ဆက်ပြောသည်။

မမြတ်မြတ် ဗိုက်ကို ဓားဒဏ်ရာ ၂ ချက် ထိုးပြီး ဦးခေါင်းကို တုနှင့် ရိုက်နှက်ခဲ့ကြောင်း၊ ကလေးထိန်း အိမ်အကူ မသွယ်သွယ်ညွန့် ဗိုက်တွင် ဓားဒဏ်ရာ ၁ ချက် လည်ပင်းမှာ ဓားဒဏ်ရာ ၂ ချက် ရရှိခဲ့ကြောင်း သူက ကြားသိရသော သတင်းကို ကိုးကားပြီး ပြောကြားသည်။

လူသတ်သမားများသည် မမြတ်မြတ်၏ ၅ လသား ကလေးငယ်ကို ဘာအန္တရယ်မှ မပေးခဲ့ဘဲ အိပ်ရာ ပေါ်တွင် တင်ထားခဲ့သည်ဟု သိရသည်။



နိရဉ္စရာ သတင်မှကူးယူဖေါ်ပြသည်။

Sunday, January 16, 2011

အရူးထခွင့်ပြုပါ၊ အစွမ်းရောက်ခွင့်ပြုပါ

   အရူးထခွင့်ပြုပါ၊ အစွမ်းရောက်ခွင့်ပြုပါ
ခရစ်သက္ကရာဇ် ၂၀၁၀ ကို နောက်ခိုင်းပြီးကေ ၂၀၁၁ ကိုကြိုဆိုဖို့ ကမ္ဘာသူကမ္ဘာသားတိ ပြင်ဆင်ကတ်တေအခါ ကမ္ဘာကြီး ထောင့်ဂျိုင်သျှေ တနိန်ရာမှာ အထင်အရှားဟိရယ် ရခိုင်ပြည်နန့် ဆက်နွယ်နိန်ရယ် အမေရိကန်ရောက် ရခိုင်အမျိုးသား တစုက အမေရိကန်က ကုလသမဂ္ဂယုန်း ရှိမှာ ရခိုင်ပြည် အချုပ်အချာ ကျဆုံးခြင်း အထိမ်းအမှတ် အနိန်နန့် ဆန္ဒပြလားခကတ်ပါရယ်။ ယင်းအထဲမှာ ဆြာကြီး ဒေါက်တာ ဦးအေးကျော်ကိုလဲ တွိလိုက်ရရယ်။ နှင်းဖွဲတိ ကျနိန်ရယ် ဒီဇင်ဘာကုန်ဆုံးရယ်နိန်တရက်မှာ ရခိုင်တစုက ကိုယ်ပင်ရို့တိ ဆုံးယှံးနိန်ရယ် အရာတခုကို လူသိရှင်ကြားဖော်ထုတ်လိုက်ပျာယ်ဖြစ်တေ။ ထူးခြားစွာတခုက ဗမာပြည်မှာ ထပိန်ခိုး၊ အိုးစုတ်ပလုတ်ဆိုးခိုးစွာကို တောင် သတင်းလုပ်လို့ အော်နိန်ရယ် ပြည်ပသတင်းဌါနတိနန့်၊ ဗမာပြည် လွတ်လပ်ရေး နိန့်တိကျကေစီ စတိတ်မန့်ထုတ်နိန်ကတ်တေ ရခိုင် နိုင်ငံရေး အဖွဲ့ တချို့ တတိတ် တိန်းနိန်ကတ်စွာကိုလဲ တွိရရယ်။ ယင်းအပြင် ယင်းဆန္ဒပြပွဲ နန့် ပတ်သက်လို့ ကောင်းကျိုးဆိုးကျိုးဝေဖန်ရယ်လူတိ၊ စိုးရိမ်မကင်းဖြစ်မိရယ် လီသံတိ၊ သံသယ ဖြစ်မိရယ် လီသံတိလဲ ပိတ်ပင်တားဆီးလို့မရရယ် အိန်တာနတ် စာမျက်နှာတိ ထက်မှာ ပလူပျံအောင် ထွက်ပေါ်လာကတ်ပါရယ်။
အဂုပိုင် ဖယ်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားညီနောင်တိ တတူ လက်တွဲပနာ တည်ဆောက်ဖို့ စစ်အစိုးရကို တိုက်နိန်ရယ် အချိန်မှာ ဒေလုပ်ရပ်ရယ် မလုပ်သင့်လို့ တချို့က ဝေဖန်ကတ်တေ။ ဒေပိုင် ဆန္ဒပြလိုက်တေအတွက်နန့် စစ်အစိုးရက ရခိုင်သားတိကို ဒုက္ခ ပီးဖို့လို့ တချို့က စိုးရိမ်ကတ်တေ။ ကမ္ဘာရွာ တည်ဆောက်ဖို့ ပြင်နိန်ရယ် ခစ်မှာ ဒေလုပ်ရပ်ရယ် ကကောင်းအမြင်ကျဉ်းမြောင်းရယ်အလုပ်၊ တဖက်စွန်းရောက်တေ အပြုအမူဖြစ်တေလို့ မှတ်ချက်ပီးကတ်တေ။ အဂုပိုင် ဘုံရန်သူ စစ်အစိုးရကို တိုက်နိန်ရယ် အချိန်မှာ ကိုယ်ပင်ရို့ လိုချင်ရယ် ပန်းတိုင်ကို တွန်းဆွီးမျိုချပိုင်မျိုချပနာ ခစ်နန့်အညီ ဒီပလိုမေစီကို သုံးပနာ ဗမာတိကို အချိုသတ် ဖယ်ဒရယ်ရအောင် အယင်လုပ်ပြီးမှ လွတ်လပ်ရေးကို ယူဖို့ ကြိုးစားသင့်ကြောင့်လဲ တချို့က အကြံပြုကတ်တေ။ အဆိုးဆုံးက 'မ' တရာရခိုင်သားတိ အကြံကုန်လို့ ဂလုံဆားချ အရူးထကတ်စွာရာလို့ ပြောကတ်သံကို ရခိုင်သားတိ ပစကပင် မချီမဆန့် ကြားကတ်ရခြင်းပင်ဖြစ်တေ။ ယေဇု နန့် လွန်ခရယ် ဆယ်စုနှစ်တခု လောက်က လူတစ်ယောက်ပြောခရယ် 'ရခိုင်ပြည်လွတ်လပ်ရေးယူဖို့အတွက် ရခိုင်သားတ၀က်လောက်ကို သတ်ပလိုက်ကတ်ရဖို့သိမ့်' ဆိုရယ် စကားကို ပြန်လို့ ကြားယောင်လာပါရယ်။ ယင်းပိုင်ပျာယ် အိုက်ယာလန် လွတ်လပ်ရေးယူဖို့ခါ မြောက်ပိုင်း နန့် တောင်ပိုင်း ခွဲရေး၊ တွဲရေး ပြသနာဖြစ်ပြီးကေ ကိုယ့်အချင်းချင်း ပြန်တိုက်ဖို့ အဆင့်ထိ ရောက်ခရစွာကိုလဲ အမှတ်ရလာပါရယ်။
ပထမဆုံးအနိန်နန့် ကုလသမဂ္ဂယုန်းရှိမှာ ရခိုင်ပြည်အချုပ်အချာ အာဏာ ကျဆုံးခြင်း အထိန်းအမှတ်နန့် ဆန္ဒပြကတ်ကေ ပဇာဖြစ်လဲ ဆိုရယ် အမိန်းတခုကို ၀သျှေတန်းအဘုသျှေတယောက်ပိုင် ပိုင်ကိုယ်စွာကိုယ်ပြန်မိန်းမိရယ်။ ယူအမ်က ယင်းပိုင် ဆန္ဒပြစွာ နန့် ပင် ရခိုင်ပြည်ကို လွတ်လပ်ရေးပီးဖို့ယာလား ဆိုပနာလဲ တွေးကြည့်မိပါရယ်။ ဒေပိုင်ကိစ္စတိကို ယူအမ်က ရာ ဖြေယှင်းလို့ ကျင်းဖို့ဆိုကေ ကမ္ဘာမှာ ရခိုင်နည်းတူ မလွတ်လပ်သိမ့်ရယ် လူမျိုးတိဖြစ်တေ (ဥပမာ- စကော့တလန်ရို့၊ တမိန်းလူမျိုးရို့) တိလဲ လွတ်လပ်ရေးရခစွာကြာခပျာယ်ဖြစ်လီဖို့လို့ အတွက်ခံမိပါရယ်။ ယင်းပိုင်ရာ အရာရာကို ယူအမ်က ပြေလည်အောင်ဖြေယှင်းနိုင်ကေ အရှိအလယ်ပိုင်းက ပြသနာတိလဲ ပြေလည်လီဖို့ရာလို့လဲ စိုင်းစားမိပါရယ်။ ယင်းပိုင်ဆိုကေ ယင်းဆန္ဒပြကတ်တေ ရခိုင်သားတိ ရယ်ဒေ၀သျှေတန်း အသျှေတယောက်တောင် စိုင်းစားလို့ ရရယ် ကိစ္စတခုကို မစိုင်းစားမိပါဘဲ ပဇာဖြစ်လို့ အချိန်ကုန်ခံ အပင်ပန်းခံ ပနာ နှင်းတော ထဲမှာ ဆန္ဒပြကတ်တေလဲဆိုစွာကို သေခြာစိုင်းစားဖို့ လိုအပ်လာပါရယ်။ သေခြာစွာတခုကတော့ ယင်းပိုင် ဆန္ဒပြစွာလောက်နန့် ရခိုင်ပြည်ရယ် ဆုံးယှံးနိန်ရယ် အချုပ်အချာ အာဏာကို ပြန်လို့ ရဖို့စွာ ဖြစ်နိုင်ခြေ မဟိပါ။ ယေဒါလဲ သွင့်ခစ်အဆက်ဆက် မျိုသိပ်ထားခရယ် ဆန္ဒတခုကို ထုတ်ဖော်ပနာ ကမ္ဘာသူ ကမ္ဘာသား၊ ဗမာသူ ဗမာသား နန့် ရခိုင်သူ ရခိုင်သားတိကို "ငါရို့လွတ်လပ်ရေး ကျဆုံးလာခစွာကို မမိန့်သိမ့်ဒေကား၊ ငါရို့ အတွက်ပေါ်သိမ့်ရယ်ဒေကား၊ ငါရို့ လိုချင်သိရယ်ဒေကား" ဆိုရယ် သတင်းသျှေတခု ပီးလိုက်ခြင်းပင်ဖြစ်တေ။ ဆန္ဒပြခြင်းအဓိက ရွယ်ရည်ချက်ရယ် မိမိ ဆန္ဒကို အများသိအောင် ထုတ်ဖော်ပြောဆိုခြင်းဆိုစွာကို လူတိုင်းသိကတ်ပါရယ်။ ယင်းပိုင် ဆန္ဒပြလိုက်တေအတွက်နန့်လဲ ယင်းဆန္ဒပြည့်မြောက်လာဖို့လို့ တယောက်လဲ အာမ မခံပါ။ ယေဒါလဲ ဆန္ဒပြခြင်းမှာ မိမိဆန္ဒကိုယ် ထုတ်ဖော်ပြသ နိုင်ခြင်းရယ် အဓိက သော့ချက်ဖြစ်ပါရယ်။ အကျွန်ရို့တိမှာ စစ်အစိုးရ အချုပ်အချယ် လက်အောက်က လွတ်ပနာ တိုင်းတပါးခြားကို ရောက်နိန်ကေတောင်မှ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဆန္ဒကိုယ် ကိုယ်ပိုင်ရယ် ပစ ကတောင် ထုတ်မဖော်ဝံ့ဘဲ ပြည်ထောင်စုကိုလွမ်း၊ ဒီမိုကရေစီကို စုံမက်၊ လူအခွင့်အရေးကို လျှာရည်ကျပနာ အမျိုးသားအခွင့်အရေး နန့် ပတ်သက်တေ ဆန္ဒတိ ထုတ်ဖော်ဖို့စွာကိုတော့ သီလောက်အောင်ကြောက်တေ အခြေအနေတိဟိပါရယ်။ ယေဇု နန့် ကိုယ့်တိုင်းပြည်နန့် ကိုယ်လူမျိုးကို အဂယင့်လွတ်မြောက်စီချင်ကေ ကိုယ်စွာကိုယ်ခန်း အယင်လွတ်လပ်တေ လူသားတယောက်ဖြစ်အောင် ပြုလုပ်ကြံဆောင်ဖို့ အရေးကြီးပါရယ်။ ကိုယ်က ပူးပေါင်းပါဝင်ဖို့ မတတ်နိုင်ကေလဲ လုပ်လားကတ်တေလူတိကို ထောက်ခံအားပီးသင့်ပါရယ်။
ဒုတိယအချက်အနိန်နန့် ရခိုင်တိ ကုလသမဂ္ဂယုန်းရှိမှာ ရခိုင်ပြည်အချုပ်အချာ အာဏာကျဆုံးခြင်း အထိမ်းအမှတ် နန့်ပတ်သက်လို့ ဆန္ဒထုတ်ဖော်ပြလိုက်တေအတွက်နန့် ဖြစ်ပေါ်လာနိုင်ရယ် အကျိုးဆက်ဖြစ်တေ။ ဒေပိုင် လုပ်လိုက်တေအတွက် နန့် စစ်အစိုးက ပြည်တွင်းရခိုင်တိကို ဒုက္ခပီးပနာ ရခိုင်ပြည် ငါးပါးမှောက်ဖို့လို့ တချို့က စိုးရိမ်မကင်းဖြစ်ကတ်တေ။ ဖြစ်သင့်ပါရယ်။ ဒုက္ခလဲ တနည်းတဖုံ ပီးလောက်ပါရယ်။ ဒေကိစ္စကိုတော့ တခုလဲ မဖြစ်လာနိုင်လို့ မပြောလိုပါ။ ယင်းပိုင်ပျာယ် အမောင် တိုင်းရင်းသားရခိုင်သားတိ နန့် တတူလက်တွဲပနာ ဒီမိုကရေစီတိုက်ပွဲဝင်နိန်ကတ်တေ ဗမာတိလဲ ရခိုင်တိကို အမြင်မကျီလဲ ဖြစ်လားနိုင်ပါရယ်။ မတတ်နိုင်ပါ။ ကမ္ဘာမှာ ဟိရယ် လွတ်လပ်ပြီးနိုင်ငံတိ နန့် မလွတ်လပ်သိမ့်ရယ် နိုင်ငံတိ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတလျှောက်ကို အကြမ်းဖျင်းပြန်ကြည့်ကေ လွတ်လပ်ရေးလိုချင်လူတိကတော့ လွတ်လပ်ရေးကို နည်းမျိုးစုံနန့် တောင်းပြီးကေ၊ ပေါင်းစည်းရေးလိုလားလူတိက ပေါင်းစည်းရေးကို တောင်းခကတ်စွာလူတိုင်းအသိပါ။ တိုင်းပြည်နန့် လူမျိုးတခုရယ် လူတယောက် တည်းနန့် ဖွဲ့ စည်းထားခြင်းမဟုတ်ပါ။ လူအမျိုးမျိုး အမြင်အမျိုးမျိုး ဟိကတ်တေအတွက်နန့် သဘောထားတိ လွတ်လပ် လပ်လပ် ကွဲလွဲပိုင်ခွင့်ဟိပါရယ်။ သာတူညီမျှ အတွေးအခေါ်နန့် ဖယ်ဒရယ် စနစ်ကို တည်ဆောက်ဖို့တောင် အိမ်မက် မက်နိုင်ကတ်ကေ အကျွန်ရို့တိ ပဇာဖြစ်လို့ လွတ်လပ်ရေးကို အိမ်မက် မမက် နိုင်စရာအကြောင်းဟိပါဖို့လဲ။ တချို့က ဒီမိုကရေစီ နန့် ဖယ်ဒရယ်စနစ်တောင်မတည် ဆောက်နိုင်သိမ့်ဘဲ လွတ်လပ်ရေးယူဖို့စွာ အိမ်မက်တခုလိုပြောကေ ဗမာပြည်မှာ သာတူညီမျှ ဖယ်ဒရယ် စနစ်ကို တည်ဆောက်ဖို့စွာကိုလဲ အိမ်မက်တခုလို့ ဘဲ အကျွန်ပြောချင်ပါရယ်။
ကျွန်ဘ၀ နှစ်ပေါင်းနှစ်ရာကျော် အထဲမှာ အကျွန်ရို့ ပိုင်ဆိုင်ရယ် လွတ်လပ်ခွင့်၊ စာပီ၊ တန်ဖိုး၊ ယိုင်းကျေးမှု၊ သာဘာ တိရယ် ရစရာ မဟိအောင် ပျက်စီးကုန်ဆုံးလားခပြီးပါယာ။ အဂုထက်ထိလဲ ဖျက်နိန်တုန်းပါသိမ့်။ ဒေဟင့်ထက်ပိုလို့ အရာ ဇာတိ အဖျက်ခံစရာ ဟိပါသိမ့်လေ။ ကုလသမဂ္ဂယုန်းရှိမှာ ဆန္ဒပြလိုက်မှ ပြည်တွင်းက ရခိုင်တိ အခြေအနေ ပိုလို့ ဆိုးလားနိုင်ရယ် ဆိုရယ် စကားမှာ ဟာသ ပျက်လုံးတခုပိုင်ဖြစ်နိန်ပါရယ်။ အကျွန်ရို့ ရခိုင်သားတိ ဘ၀က တိုးလဲခံ၊ ဆုတ်လဲနာ ဘ၀ဖြစ်နိန်ပြီးသားပါ။ ယေဇု နန့် မလွဲမသွေ ဒုက္ခတိကြုံလာဖို့ အတူတူ ယင်းဒုက္ခတိကို အဂုကပင် ရင်ဆိုင်သင့်ပါရယ်။ ရခိုင်တိ လိုလားရယ် ဆန္ဒကိုထုတ်ဖော်ပြသလိုက်တေအတွက် နန့် စစ်အစိုးရ၊ ဗမာနိုင်ငံရေးသမားတိ အငြိုအငြင်ခံရဖို့ ကြောက်တေအသံတိ၊ အောင်ဆန်းစုကြည် ယုံကြည်မှုကို မရဖို့စွာကြောက်တေ အသံတိလဲ ကြားရပါရယ်။ ယုံကြည်မှုဆိုစွာ တဖက်သတ်လားရိုး ထုံးစံမဟိပါ။ အပြန်အလှန်သက်ရောက်မှု ဟိရပါဖို့။ ယင်းဟင့်မှာ ရခိုင်တိက ဗမာတိ ယုံကြည်မှု ရအောင်ကြိုးစားသင့်ရယ်ဆိုရယ် စကားစွာ ကောင်းသံဝေဂ ရဖို့ ကောင်းရယ် စကားပါ။ ယုံကြည်မှု ခံယူချင်းယူ ဗမာတိကဘဲ ရခိုင်တိ ယုံကြည်မှု ရအောင်လုပ်ရပါဖို့။ သမိုင်းတလျှောက် ယုံကြည်မှုကို ချိုးဖောက်ခစွာ ရခိုင်မဟုတ်ပါ။ ဗမာတိဘဲ ဖြစ်ပါရယ်။ စစ်အစိုးရကို အကျွန်မယုံပိုင် အောင်ဆန်းစုကြည်ကိုလဲ အကျွန်မယုံပါ။ ယေဇု နန့် ဗမာတိ မာန်ပါလားဖို့စွာကြောက်လို့ ကိုယ့်ရို့တိ ဆုံးယှံးနိန်ရယ် အရာတခုကို မထုတ်ဖော်ကေ့လို့ ပြောစွာရယ် ကိုယ့်လူမျိုးကိုယ် ကိုယ်ရို့ နှစ်သတ်စွာနန့်တူပါရယ်။ အကျွန်ရို့တိ လွတ်လပ်ရေးပန်းတိုင်ကို အကောင်အထည်မဖော်နိုင်သိမ့်ကေလဲ လွတ်လပ်ရေးရယ် အကျွန်ရို့ အန္တိမပန်းတိုင် ဖြစ်တေဆိုစွာကို အစရှင်း နောင်ရှင်းကြိုတင်သိအောင်လုပ်ထားသင့်ပါရယ်။ စကော့တလန်ရယ် ဂနိန့်ထက်တိုင် အင်္ဂလန်က ပါလီမန်မှာ လွတ်လပ်ရေး တောင်းတုန်းပါ။ ဒေကိစ္စက ကောင်းဆန်းရယ်ကိစ္စတော့ မဟုတ်ပါ။ မ တရာသားတိဟိရယ် လူမျိုးတခုမှာ လွတ်လပ်ရေးလိုချင်ရယ်လူတိက လွတ်လပ်ရေးတောင်းနိန်စွာကိစ္စရယ် ဗမာတိ နန့် ဖယ်ဒရယ် စနစ်တည်ဆောက်ဖို့ ယုံကြည့်ဝံ့ရယ်လူတိထက်စာကေ ပိုလို့ လက်တွိကျရယ် အတွေးအခေါ်တရပ်လို့ အကျွန်မြင်ပါရယ်။
နောက်ဆုံးတချက်က ရခိုင်သားတိ လွတ်လပ်ရေးကိစ္စကို ပြောလိုက်တိုင်း ရခိုင်အချင်းချင်းပါ၊ ဗမာတိကပါ ကိုယ်ပင်ရို့ကို အစွမ်းရောက်တေ၊ အမြင်ကျဉ်းရယ် ဆိုပနာ ပြောကတ်ခြင်းပါ။ အမျိုးသားရေးဝါဒ (Nationalism)ရယ် တစ်ဆယ့်ကိုးရာစု အနောက်တိုင်းထုတ်ကုန်တခုလို့ တချို့က ပြောကတ်ပါရယ်။ တချို့က ယင်းမတိုင်ခင် ကပင် ဟိရယ်လို့ ငြင်းချက်ထုတ်ကတ်ပါရယ်။ ပဇောင်ဘဲ ဆိုဆို အမျိုးသားရေးဝါဒရယ် နိုင်ငံထူထောင်ခြင်း နန့် ဆက်နွယ် ပတ်သက်နိန်ပါရယ်။ လူမျိုးတမျိုးတမျိုး (သို့) လူမျိုးစုတိက ကိုယ်ပိုင် အချုပ်အချာ နိုင်ငံထူထောင်ဖို့ စိတ်အားထက်သန် ရည်စူးခြင်းရယ် အမျိုးသားရေးဝါဒ ပုံစံတိ အများထဲက တခုပင်ဖြစ်ပါရယ်။ ကိုယ်ရို့ဆုံးယှံးလားရယ် ရခိုင်အချုပ်အချာ အာဏာကို ပြန်လည်ရယူဖို့ ဆန္ဒထုတ်ဖော်ပြသ ခြင်းရယ် လောကကြီးမှာ ကကောင်းရိုးယှင်းရယ် ကိစ္စတခုရာဖြစ်ပါရယ်။ ကိုယ့်ပိုင်ရယ် ပစ္စည်းတခုကို ကိုယ်ရအောင်ကြိုးစားခြင်းရယ် မှန်ကန်ရယ် အပြစ်ကင်းစင်ရယ် (morally right) ကိစ္စတခုရာဖြစ်ပါရယ်။ သူများပိုင်ရယ် အရာကို ချုပ်ကိုက် ချယ်လှယ်ဖို့ ကြိုးစားခြင်းမဟုတ်ပါ။ ကိုယ့်လွတ်လပ်ရေးကို ကိုယ်တောင်းစွာရယ် အစွမ်းရောက်တေ၊ အမြင်ကျဉ်းမြောင်းရယ်ဆိုကေ အကျွန်ရို့ကို တန်းတူသတ်မှတ်တောင် အင်တင်တင်ဖြစ်နိန်ရယ် ဗမာနိုင်ငံရေး အဖွဲ့ အစည်း နန့် ဗမာတိကို အမြင်ကျယ်ရယ်၊ အလယ်အလတ်လမ်းစိုင် ကျရယ်လို့ ပြောရပါဖို့လား။ အကျွန်ရို့တိမှာ ကမ္ဘာရွာ တည်ဆောက်ရေး ၀ါဒီတိက ဥရောပယူနီယံကို လက်ညှိးထိုး၊ သတင်းမီဒီယာခစ်ကို ဗန်းပြ ပနာ အချုပ်အချာ အာဏာနန့် လွတ်လပ်ရေး တောင်းဆိုမှု ရယ် ဒိတ်အောက်လားပျာယ်လို့ ပြောကတ်ပါရယ်။ ယေဇု နန့် ဖယ်ဒရယ်စနစ်ကို တည်ဆောက်ပနာရာ ပြည်ထောင်စုအထဲမှာ နိန်ခြင်းအားဖြင့် ရခိုင်တိအတွက် ပိုလို့ အကျိုးရနိုင်ကြောင်း ငြင်းချက်ထုတ်ကတ်ပါရယ်။ လွတ်လပ်ရေးအတွေးအခေါ်ကိုကျကေတော့ "အူး...ဖြစ်နိုင်ဖို့လား၊ ယင်းချင့်က" ဆိုပနာလဲ ညိန်းကတ်ပါရယ်။ ယင်းပိုင်ဆိုကေ ဗမာပြည်မှာ သာတူညီမျှ စနစ်လို့ ဆိုကတ်တေ ဖယ်ဒရယ်ကိုတည်ဆောက်ဖို့စွာကိုတော့ "အူး...ဒေဟင့်က ဖြစ်နိုင်ဖို့လားလို့" တချက်တလီ မတွေးမိကတ်ပါလား။ လူအချင်းချင်း အမြင်အမျိုးမျိုးကွဲလွဲနိုင်ရယ်အတွက် လွတ်လပ် လပ်လပ် သဘောထား ကွဲလွဲပိုင်ခွင့်ဟိပါရယ်။ ယေဒါလဲ အကျွန်ရို့တိကိုတော့ ရခိုင်ပြည်လွတ်လပ်ရေးအတွက် အရူးထခွင့်ပြုပါ၊ အစွမ်းရောက်ခွင့်ပြုပါ။ ပဇာဖြစ်လို့လဲ ဆိုကေ ဒေအရာအကို အကျွန်ရို့တိ တန်ဖိုးထားရယ် အတွက်ကြောင့်။             ။


ရွီးသားသူ
စံသာအောင်

Friday, January 14, 2011

စစ်ဖိနပ်အောက်က မြန်မာပြည်


စစ်ဖိနပ်အောက်က မြန်မာပြည်

ပင်လုံစာချုပ်ပါအချက်တိကိုမျက်ကန်းမျိုးချစ်လူမျိုးကြီးဝါဒီဦးနုမှပြောင်တင်းတင်းချိုးဖောက်ခလို့၁၉၅၈ခုနှစ်မှာတိုင်းရင်းသားတိရဲ့လွတ်လပ်ရေးတိုက်ပွဲတိဟာအရှိန်ုအဟုန်မြင့်လာခရရေ။နိင်ငံရေးအခြေအနေကိုထိန်းသိမ်းမရဖြစ်လာရေခါဦးနုဟာဗိုလ်နေ၀င်းကို လက်သပ်ပနာတိုင်းပြည်အာဏာကို ၀ကွက်အပ်နှံခလို့ ၁၉၆၂ခုနှစ်ကစပြီးကေမြန်မာနိုင်ငံမှာစစ်တပ်အုပ်ချုပ်ရေးစ
နစ်စတင်လာခစွာ ကနိန့်ထက်ထိဖြစ်ပါရေ။ စစ်တပ်အုပ်ချုပ်လာခရေအဆက်ဆက်မှာ ပြည်သူတိအထူးသဖြင့် ဗမာကလွဲရေ
တိုင်းရင်းသားလူမျိုးတိရဲ့အခန်းကဏ္ဍစွာရေဇာပိုင်အနိန်အထားကိုရောက်လားခရဘာရေလဲဆိုစွာကိုလက်လှမ်းမီသလောက်တင်ပြလိုက်ဘာရေ။

(၁)ဘာသာတရား
ဦးနု မှ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခြင်းသည် မသင့်တော်ဟုသုံးသပ်ပါရေ။ ဘာသာတရားမည်
သည်မှာလူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏သက်ဝင်ယုံကြည်မှုသာဖြစ်ပါသည်။လူတိုင်းသည်မိမိဆန္ဒအလျောက်မိမိကြိုက်နှစ်သက်ရာဘာသာကိုကိုးကွယ်ခွင့်ဟိန့်သည်ကိုကုလသမဂ္ဂ၏လူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ်အမှတ်(၁၈)တွင်ပြဌာန်းပေးပြီးဖြစ်ပါ
သည်။ဤသို့ဖြင့်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းပေးလိုက်ခြင်းဖြင့်အခြားသောဘာသာတရားကိုကိုးကွယ်နိန်ကတ်တေတိုင်းရင်းသားတိအနိန်နန့်ဇာပိုင်ခံစားရဖို့လဲဆိုစွာကိုဦးနုမစိုင်းစားခစွာလား။တမင်လုပ်စွာလား၊သို့မဟုတ်သူ့ကိုယ်သူ ဘုရားဒါယိကာကြီးဂုဏ်ပုဒ်ကိုယူကာ နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ်ခစွာလား၊ သို့တည်းမဟုတ် ဗုဒ္ဓဘာသာ
တိုင်းရင်းသားတိနန့်အခြားသောဘာသာဝင်တိုင်းရင်းသားတိကြားမှာသွီးခွဲအုပ်ချုပ်ခစွာလားဆိုစွာကိုယထာဘူတကျကျလေ့လာသုံးသပ်ဖို့လိုရေထင်ဘာရေ။

အဖရခိုင်ပြည်သူပြည်သားတိသို့နှိုးဆော်လွှာ


အဖရခိုင်ပြည်သူပြည်သားတိသို့နှိုးဆော်လွှာ
ရခိုင်သမိုင်းအကျဉ်း
ရခိုင်ရို့သည်ဘီစီ-၃၃၂၅မှစတင်ကာကိုယ့်ထီးကိုယ်နန်းဖြင့်နိန်ထိုင်လာခကတ်တေလူမျိုးတစ်မျိုးဖြစ်ပါသည်။ရခိုင်ရို့၏တတိယ
ဓည၀တီခေတ်စန္ဒာသူရိယဘုရင်လက်ထက်တွင်ဂေါတမဗုဒ္ဓဘုရားရှင်သည်ဓည၀တီရခိုင်နိုင်ငံသို့ကြွရောက်ပြီးမဟာမုနိရုပ်ရှင်တော်အား ကိုယ်စားထားခသည်။ရခိုင်ရို့သည် ကိုယ်ပိုင်စာပီ၊ ယိုင်ကျေးမှု၊ သမိုင်းအစိုင်အလာရို့နန့် နိန်ထိုင်လာခရာမြောက်ဦး
ခေတ်မှာ အထွတ်အထိပ်ကို ရောက်ဟိန့်ခသည်။ ယင်းအချိန်က ရခိုင့်ဘုရင်တိသည် ကမ္ဘာမှာငွေဒင်္ဂါးထုတ်လုပ်အသုံးပြုနိုင်ခ
သည်။ရခိုင့်သက္ကရာဇ်၁၁၄၆ခု၊ပြာသိုလဆုတ်(၇)ရက်၊ခရစ်သက္ကရာဇ်၁၇၈၄ခု၊ဒီဇင်ဘာလ(၃၁)ရက်နိန့်တွင်ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းသည်ရခိုင်နိုင်ငံတော်အားစစ်ကြောင်းသုံးကြောင်းဖြင့်ချီတက်သိမ်းပိုက်ခသည်။ကျူးကျော်သူဗမာရို့သည်ရခိုင့်ထီးနန်းကိုမီးရှို့ကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိအား ဓါးဖြင့်ထိုးသတ်ခြင်း၊ ပုခက်ထဲနိန်အချေတိအားဓါးကစပ်ခြင်း၊ မြစ်ချောင်းတိအ
တွင်း ခြံခတ်ဗနာ ရခိုင်ပြည်သူတိအား သတ်ဖြတ်ခြင်းစသည့် ဖက်ဆစ်စနစ်ဖြင့် ရခိုင်ပြည်သူပြည်သားပေါင်း နှစ်သိန်းခြောက်
ထောင်ကျော်ကိုဗမာဘုရင်စစ်တပ်မှရက်စက်စွသတ်ဖြတ်ခဲ့သည်။ကမ္ဘာမှာဖက်စနစ်ကိုကျင့်သုံးခသူသည်ဂျာမဏီခေါင်းဆောင်ဟစ်တလာမဟုတ်ဘဲဗမာဘိုးတော်မောင်ဝိုင်းဖြစ်သည်ကိုရခိုင်သားတိုင်းမမိန့်အပ်ဘာ။

ကနိန့်ရခိုင်ပြည်အနိန်အထား
အဆက်ဆက်အုပ်ချုပ်လာခရေဗမာအာဏာရှုင်များသည်ရခိုင်လူမျိုးများအားနိုင်ငံရေးအရများစွာနှိပ်ကွတ်ထားသည်။ရခိုင်ပဏ္ဍိတ်ဆရာကြီးဦးသာထွန်းအား စစ်တွေထောင်တွင် အဆိပ်ခတ်သတ်ခသည်။ ရခိုင်သမိုင်းသုတေသီ ဆရာကြီးဦးစံသာ
အောင်အားလည်းဆီးထိုးကာလုပ်ကြံသတ်ဖြတ်ခသည်။ကနိန့်အချိန်အခါမှာလည်းရခိုင်သမိုင်းသုတေသီအသျှင်ပညာစာရအားမတရားစွတ်စွဲချက်မျိုးစုံနန့်ထောင်သွင်းအကျဉ်းချထားသည်။ ရခိုင်သမိုင်း၊ စာပီ၊ ယိုင်ကျေးမှုတိကိုဖော်ထုတ်ခွင့်မရအောင်ပိတ်

ထူးဆန်းသော သာသနာပြု နှင့် ဘာသာမေ့သူများ၏ တရား ကကွက်

Wednesday, January 12, 2011

ရခိုင့်ဂစ်နှင့်နေချဲ့ သူရိုအမြတ်

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် မုတ္တမကမ်းလွန်ရှိ ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းမှလည်း ၂၀၁၃ ခုနှစ်အတွင်း၌ပင် စတင်၍ ပြည်ပတင်ပို့ရန် စီစဉ်ထားပြီး အဆိုပါ စီမံကိန်းနှစ်ခုမှ လက်ရှိ ပြည်ပတင်ပို့နေသည့် ရဲတံခွန်နှင့်ရတနာ စီမံကိန်းနှစ်ခုမှ ထွက်ရှိပမာဏ၏ အနည်းဆုံး တစ်ဝက် နီးပါး အထိ ထွက်ရှိတင်ပို့နိုင်မည့် အနေအထားရှိသည်ဟု သိရသည်။
လက်ရှိတွင် ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကိုသာ ပြည်ပတင်ပို့နေခြင်းဖြစ်ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်းက အဆိုပါစီမံကိန်းနှစ်ခုမှ ပြည်ပသို့ ၃၇၃ ဒသမ ၈၇၂ ဘီလျံကုဗပေ တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Wednesday, January 5, 2011


ရခိုင်ပြည်တော်လှန်ရေး ပေါ်ပေါက်လာရခြင်းများ
အေဒီ ၁၇၈၄
ရခိုင်သက္ကရာဇ် ၁၁၄၆ ရခိုင်ပြည်ကို ဗမာကသိမ်းထားသည့်နောက်ပိုင်းကာ လ တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်းသည် ရခိုင်လူထုကို ပုံစံအမျိုးမျိုးဖြင့် မျိုးတုံးအောင် ပြုကျင့် လျှက်ရှိသည့်ဖြစ်ရပ်ကို ရခိုင်လူထုက မြင်လာသည့်အခါ တံလျပ်ရေထင်ခဲ့သည့် ရခိုင်ပြည် ၏သစ္စာဖောက် မောင်သံတွေသည် ကိုယ်ဖော်သည့်ဆေးကို ကိုယ်မစားနိုင်သည့် အနေအထား သို့ ရောက်ရှိလာကာ နောက်ဆုံးကာလတွင် ရရာလူများကို စည်းရုံးကာ ဗမာမင်းကို တော်လှန်ခဲ့ရသည်။ သို့သော် ရခိုင်ပြည်ကို အပိုင်သိမ်းထားသဖြင့် တော်လှန်ရေး မအောင် မြင်ခဲ့ချေ။ မောင်သံတွေ၏သားဖြစ်သူ ဗိုလ်ချင်းပျံက တော်လှန်းရေးကို ဆက်လက်ဦးဆောင်ခဲ့ သည်။ ဗိုလ်ချင်းပျံသည် လက်ရုံးရည်ပြည့်ဝသော်လည်း နိုင်ငံရေးဘက်၌ စည်းရုံးရေးအားနည်း ခဲ့လေသည်။ ဗိုလ်ချင်းပျံသည် နိုင်ငံရေးဆက်လက် လှုပ်ရှားမှုမရှိတော့ဘဲ ချင်းတောင်တန်း ဒေသ၌ ခိုလုံနေရပြီး ၁၈၁၅ ခုနှစ်တွင် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်။
သို့သော် ရခိုင်တော်လှန်ရေးသည် ကျဆင်းသွားခြင်းမရှိပါ။ ရခိုင်ပြည်အတွက် တိုက်ပွဲဝင်နေ ကြသည့် ရခိုင်ပြည်တောင်ပိုင်း၌ ဗိုလ်သာဦး၊ ဇော်ဂျီဗိုလ်၊ တိမ်ကြားဗိုလ် စသည့် ရခိုင့်တော် လှန်ရေး အင်အားစုများကလည်း ရခိုင်ပြည်မြောက်ပိုင်းတွင်ရှိသည်။ ဗိုလ်ချင်းပျံ၏ ယောက်ဖ ဖြစ်သူ ဒေဒ၀န်းကြီးအောင်ကျော်ရွှီနှင့် ရခိုင်မင်းဆွေမျိုးများဖြစ်သည့် မင်းသားကြီးရွှေဗန်း၊ မြို့သူကြီးအောင်ကျော်ဇံ စသော ရခိုင်ခေါင်းဆောင်များက ရခိုင်တော်ရေးကို ဆက်ခံကြသည်။
ဗမာကိုမောင်းထုတ်ရန် မဟာမိတ်ဖွဲ့
ဗမာတနိုင်ငံလုံး အင်္ဂလိပ်လက်အောက်သို့ ရောက်သွားသည့်အချိန်တွင်လည်း ရခိုင်တော်လှန် ရေးသည် အင်္ဂလိပ်စစ်ကူဖြင့် ဗမာကိုတိုက်ရန် စီစဉ်ရသည်။ ထိုစဉ်က အင်္ဂလိပ်နှင့် ရခိုင်တို့ သည် ဗမာတို့ကို တိုက်ရန် အချက်(၁၀)ချက်ပါသည့် စာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်ကို ရခိုင်ခေါင်းဆောင်နှင့် အင်္ဂလိပ်ခေါင်းဆောင်တို့က သဘောတူခဲ့ကြသည်။
ထိုပုဂ္ဂိုလ် များသည်
ရခိုင်ဘက်မှ-
(၁) မင်းသားကြီးရွှေဗန်း
(၂) မြို့သူကြီးအောင်ကျော်ဇံ
(၃) ဒေးဝန်းကြီးအောင်ကျော်ရွှီ
အင်္ဂလိပ်တို့ဘက်မှ
(၁) မင်းကြီး ဒိန်သျှန်
(၂) ယ၀ါသတ်ခေါ် ရာပသိန်သတ် တို့ဖြစ်ကြပြီး အောက်ပါသဘောတူ အချက်(၁၀)ချက်ကို ချုပ်ဆိုခဲ့သည်။
(၁) ဗမာကို ရခိုင်ပြည်မှ မောင်းထုတ်ရန်။
(၂) အင်္ဂလိပ်ထဲမှ လက်နက်အကူအညီပေးရန်၊ စစ်သားအချို့ ကူညီရန်။
(၃)စစ်ကာလအတွင်း အင်္ဂလိပ်တို့ထံမှ စစ်စရိတ်ထုတ်သုံးရန်။
(၄) ရန်သူဗမာထွက်သွားပြီးနောက် ရခိုင်ပြည်ကို ရခိုင်အကြီးအကဲ(မင်းသား)များသို့ ပြန်အပ်ရန်။
(၅) စစ်ပြီးသွားပါက စစ်အတွင်း အသုံးစရိတ်(၂)ဆကို ရခိုင်တို့က အင်္ဂလိပ်တို့အားပေးရန်။
(၆)အင်္ဂလိပ်တို့သည် ရခိုင်ပြည်သူတို့အား မရက်စက်မစော်ကားရန်နှင့် စာချုပ်ပါ ကတိများ တည်ရန်။
(၇) စစ်ပြီးလျှင် အင်္ဂလိပ်အစိုးရသည် ရခိုင်ပြည်မှ လုံးဝဥဿုံ ထွက်ခွါပေးရန်။
(၈) စစ်တိုက်လျှင် ရခိုင်တို့က ရှေ့ဆောင်လမ်းပြချီတက်ရန်။
(၉) ကုန်းတပ်ရေတပ်တို့၌ နှစ်ဦးနှစ်ဖက် တာဝန်ယူရန်၊ တူညီမျှတ အားသွန်ခွန်စိုက် ရွပ်ရွပ်ချွန်ချွန် တိုက်ထုတ်ရန်။
(၁၀) စစ်အတွင်းရိက္ခာကို ရခိုင်တို့က လုံးဝတာဝန်ယူရန် တို့ဖြစ်သည်။
ထိုသို့ စာချုပ်ချုပ်ဆိုပြီးနောက် ရခိုင်နှင့်အင်္ဂလိပ်တို့က ပူးတွဲတပ်ဖြင့် ၁၈၂၄ ခု မတ်လတွင် စတင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်ကို စိုးမိုးနေသည့် ဗမာတို့လည်း ရခိုင်ပြည်မှ ဆုတ်ခွါသွားရသည်။ နောက်ပိုင်းတွင် ရန္တပိုစာချုပ်ဖြင့် ပြေငြိမ်းလိုက်ရသည်။

အင်္ဂလိပ်အကြံ
သို့သော် ရခိုင်ပြည်မှ ဗမာများကို ရခိုင်-အင်္ဂလိပ်ပူးတွဲစစ်ဆင်ရေးလုပ်ကာ အောင်မြင်စေကာမူ စာချုပ်ပါ ကတိအတိုင်း အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ရခိုင်ခေါင်းဆောင်များလက်ထဲသို့ ပြန်မ အပ်ဘဲ ၄င်းတို့၏ လက်အောက်ခံအဖြစ် သိမ်းပိုက်ထားသည်။ ရခိုင်ခေါင်းဆောင်များကိုလည်း ဖမ်းဆီးကာ ထောင်ချလိုက်သည်။ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် မင်းသားကြီးရွှေဗန်းနှင့် တခြားခေါင်းဆောင်များကိုလည်း ထောင်ထဲတွင် သေဆုံးသွားကြသည်။ ၁၈၈၅ ခုနှစ်တွင် ဗမာပြည်ကို အင်္ဂလပ်တို့သိမ်းယူနိုင်ခဲ့လေသည်။ ထိုအထဲတွင် တော်လှန်ရေးနှစ်မျိုး ပေါ်ပေါက် လာသည်။ ရခိုင့်တော်လှန်ရေးနှင့် ဗမာ့တော်လှန်ရေးပင် ဖြစ်သည်။ အင်္ဂလိပ်တို့သည် အာရှတ တိုက်လုံးအထိ သိမ်းပိုက်နိုင်လေသည်။ ထိုအချိန်တွင် တော်လှန်ရေးကာလသည် မှေးမှိန်သွား လေသည်။
အင်္ဂလိပ်တို့၏ ရန်ဘက်နိုင်ငံတခုအဖြစ် ဂျပန်က စတင်လာသည်။ အင်္ဂလိပ်က အာရှကို သိမ်းထားချိန်တွင် ဂျပန်ကလည်း အနောက်နိုင်ငံများကို သိမ်းပိုက်လာခဲ့သည်။

လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်အသျှင်ဦးဥတ္တမ
ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးတရားဟောပြောလာမှု၊ လမ်းပြပေးမှုတို့ကြောင့် နောက်ပိုင်း ၁၉၂၀ ခုနှစ်ကာလတွင် ကျောင်းသားသပိတ်၊ လယ်သမားအရေးတော်ပုံတို့ ပေါ်ပေါက်လာ ခဲ့သည်။ ထိုအချိန် ဂျပန်ကလည်း စစ်ရေးအရ တစတစကြီးထွားလာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဗမာပြည်သည် ဂျပန်လက်အောက်သို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ရခိုင်တို့လည်း ဂျပန်ကို တော်လှန်ရေးစတင်ရလေသည်။ ရခိုင့်ခေါင်းဆောင်များဖြစ်ကြသည့် ဦးဘစော၊ ဦးသာထွန်းအောင်၊ ဗိုလ်ကြီးကြာလှအောင်၊ ဘုံပေါက်သာကျော် စသည့် ရခိုင့်ခေါင်းဆောင် တို့က ဂျပန်တို့ကို တိုက်ပွဲဝင်ခဲ့ကြသည်။
၁၉၄၅ ခုနှစ်တွင် ရခိုင်ပြည်မှ ဂျပန်တပ်များဆုတ်ခွါသွားခဲ့ရာ ရခိုင်ပြည်တွင်(စီ-အေ-အက်စ် (ဘီ)ခေါ် စစ်အုပ်ချုပ်ရေး စတင်လာခဲ့သည်။ ယင်းကာလတွင် စစ်အုပ်ချုပ်ရေးသည် ပြည်သူ များကို နိုင်ထက်စီးနင်းကာ ဆိုးသွပ်ခဲ့သည်။ အမျိုးသမီးများကို မုဒိန်းကျင့်မှုများလည်း ရှိလာ သည်။ နောက်တွင် ဗမာဦးစီးဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့သို့ ရခိုင်ခေါင်း ဆောင်များလည်း ၀င်သွားကြသည်။ ယင်းအချိန်တွင် ဆရာတော် ဦးစိန္တာ၊ ဘုံပေါက် သာကျော် စသည့်ခေါင်းဆောင်များကလည်း အင်္ဂလိပ်အစိုးရထံ လက်နက်မအပ်ဘဲ လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်ရလေသည်။

ရခိုင့်တော်လှန်ရေးဂယက်
၁၉၈၄ ခုနှစ် ဇန်န၀်ရီလ(၄)ရက်နေ့တွင် ဗမာပြည်ကို အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးပြီး နောက်ပိုင်းတွင်မူ ဗမာတို့က ရခိုင်သူပုန်ချေးမုန်းရေး ကျဆင်းလာသည်။ ရခိုင့်ခေါင်းဆောင် တချို့လည်း လက်နက်ချ အလင်းဝင်ခဲ့ကြသည်။ လက်နက်နှင့်ဒီမိုကရေစီလဲသည် ဆိုသည့် ၀ါဒကြောင့် ရခိုင့်တော်လှန်ရေး အဖွဲ့တို့သည် လက်နက်ချခဲ့သည်။
မည်သို့ဆိုစေကာမူ ရခိုင့်ခေါင်းဆောင်များ လက်နက်ချသွားသော်လည်း နောက်တွင်ကျန်ခဲ့ သည့် ကျော်ဇံရွှီဦးဆောင်သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီ(အေစီပီ)နှင့် မောင်စိန်ညွန့် ဦးဆောင် သည့် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ၊ ထွန်းရွှေမောင်ဦးဆောင်သည့် ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်နှင့် ခိုင်မိုးလင်းဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တို့လည်း တော်လှန်ရေးလက်ဆင့်ကမ်းခဲ့ကြသည်။
နောက်ပိုင်း ၁၉၉၈ တွင်ဖွဲ့စည်းသည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦးနှင့် ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ၊ ဗိုလ်ရာဇာဦးဆောင်သည့် ရခိုင့်တပ်မတော် တို့ကလည်း လက်ဆင့်ကမ်းခဲ့ကြသည်။

ကိုလတ်(ခိုင်ရိုးမ)
ကိုးကား=
(၁) မြန်မာနိုင်ငံသမိုင်းသစ်
(၂)တော်လှန်ရေးခရီးဝယ်(ဘုံပေါက်သာကျော်)
(၃)ဦးလှထွန်းဖြူ(ဂေါတမ)ဘ၀နှင့်စာပေ
(၄)နိုင်ငံရေးမှတ်စုများ
(၅)ရခိုင်နိုင်ငံသမိုင်းသစ်(ပိုးလှအောင်-မူကြမ်း)
  ရှေးဟောင်းခြေရာကို ဖျက်လိုသူများ

                   ရှေးဟောင်းခြေရာကို ဖျက်လိုသူများ
ရခိုင်ပြည်နယ် အတွင်းရှိ ရှေးဟောင်း ဘုရားပုထိုးများကို ပြန်လည်ပြုပြင်ရာတွင် မူလရှေးဟောင်း
လက်ရာများ ပျက်စီးခြင်းကြောင်း သတိထားပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း အများပြည်သူ၏ ဆန္ဒ
ကို ခံယူခြင်းမှာ လွန်စွာ အရေးပါလှသည်။
ရခိုင်ပြည်နယ်အတွင်း မြောက်ဦးဒေသသည် AD16ရာစုနှင့် 17ရာစု ကာလများတွင် စီးပွားရေ လူမှုရေး
နိုင်ငံရေး နှင့် ယဉ်ကျေးမှု အားဖြင့် ဖွံဖြိုးတိုးတက် စည်ပင် မှုသည် အထွက်အထိပ်သို့ ရောက်ရှိခဲ့ ကြောင်း သမိုင်းမှတ်တမ်းများအရ သိရ သည်။
ရှေးဟောင်းဘုရားများကိုယခုအခါ တွေ့ရှိနေရခြင်းဖြစ်သော်လည်း ဘုရားပျက်များကို  တတ်နိုင်သလောက်   ပြုပြင်မွန်းမွန်ခဲ့ကြ သည်။  ယင်းသို့ ပြုလုပ်ရာတွင် ဒေသခံစေတနာ ရှင်များက ပြုလုပ် သည်များ ရှိသကဲ့သို့ သက်ဆိုင်ရာရှေးဟောင်းသုတေသန ဌာနမှ လည်းပြုပြင်မှုများရှိ ခဲ့ကြောင်း သိရသည်။   သို့သော်လည်းပြန်လည်ပြုပြင်ခြင်းနှင့် ပတ်သက်ပြီး အမြင်မှားမှု များကို ပြည် သူ နှင့် ယဉ်ကျေးမှုဌာ အကြား တွင်ရှိလာခဲ့ရာ ဖြေရှင်း၍ မရနိုင်သော အကြောင်းအရာတခု အဖြစ် ကြီးထွားလာခဲ့ သဖြင့် ရှေးဟောင်းဘုရားများကို ပြုပြင်လိုလျင် ယဉ်ကျေးမှု ဌာနကိုတိုက်တွန်းရန် အကြောင်း ကြား လာရ ကြောင်း သိရသည်။
မြောက်ဦးဒေသခံများကလည်း ၄င်းတို့ လိုအပ်သော ပုံစံအတိုင်း ပြုပြင်လိုသကဲ့ သို့ သက်ဆိုင်ရာဌာန ကလည်း ၄င်းတို့လိုအပ် သလို ပြုပြင်ကြ သည်။  အဆိုပါကိစ္စနှင့်ပတ်သက်၍ ၂၀၀၈ -  ဇန် န၀ါရီ လ ထုတ် ၇ ရက် သတင်း ဂျာနယ် အတွဲ ၆၊ အမှတ်(၄၁)တွင် ပြည်သူများကို အပုတ်ချရေးသားထား သော
အိဖြုမွန်၏ သတင်းနှင့် ပတ်သက်၍  ကိုယ် လိုရာ ဆွဲ ပြောသည် ဟု ဒေသခံများ ရှုမြင်ခဲ့ကြသည်။ ယင်းတွင် မြောက်ဦးမြို့သို့ လာရောက်လေ့လာခဲ့သော မန္တလေးနည်းပညာတက္ကသိုလ်မှ လက်ထောက်
ကထိက ဒေါ်ယုမွန်မြင့်က ” ဒေသခံတွေ ဘုရားပျက်တွေ ရှိရင် ဒီအတိုင်းမထား ကောင်းဘူး ၊ ဆိုပြီးပြုပြင်ကြတယ်။  ရှေးဟောင်းဘုရားတွေကို ဒီအတိုင်းပြုပြင်ကြတော့ ၊ ရှေးဟောင်း ဗိသုကာ လက်ရာ ပျက်သွားနိုင်တယ်“ ဟု မြောက်ဦးမြို့ရှိ ဗိသုကာ လက်ရာများ သုတေသန စာတမ်း ဖတ်ပွဲတွင်  ပြောကြားခဲ့ သည်ဟု ရေးသားထားသည်။
ထို့အပြင်ရန်ကုန်နည်းပညာတက္ကသိုလ် ဗိသုကာဌာနမှ ကထိကဦးခိုင်ဝင်းလတ်ကလည်း ” မြောက်ဦး က ရသျှစ်သောင်း က ရာသီဥတု ဒဏ်ကြောင်း ပျက်စီးတာရှိပေမယ့် ဗိသုကာ အကြောင်း ဒေသခံတွေ နားမလည် တော့ ကိုယ့်သဘောနဲ့ကို ပြုပြင်ကြတယ်။ သျှစ်သောင်းဘုရားရဲ့အောက်ခြေတွေမှာ ၀င်လာတဲ့ မိုးရေတွေကို ထွက်ဖို့ အပေါက် လုပ်ထားပေမယ့် ၊ နားမလည်တဲ့ လူတွေက အပေါက်ကို ပိတ် လိုက်တော့ ရေ ကမထွက်တော့ဘူး၊ ဒါကြောင့် တာရှည် မခံတာပါ၊ ” ဟု ရေးသားထားရာ ဒေသခံ များကို နားမလည် ဟု ရေးသားချက်ပြောဆို ချက် အပေါ် မြောက်ဦးမှ သမိုင်းသုတေသီများ ကလည်း ခံပြင်းခဲ့ ကြကြောင်းသိရ သည်။
 ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် အချို့သောဒေသခံတို့သည် ဗိသုကာ ပညာ ကို လေ့လာလိုက်စားမှုများ ညယနေ့ ကာလအထိ ရှိနေသေးကြောင်း ၊ သို့သော်လည်းဗိသုကာ ပညာကိုည နားလည်မှု မရှိဘဲပြုပြင်ခဲ့မှုများ ရှိကောင်း ရှိခဲ့ သည့်တိုင် အစိုးရဌာနများ အနေဖြင့် လက်ရှိရနေသော အခွင့်အာဏာ ကို အသုံးပြုကာ ကိုယ်ကျိုးအတွက် လုပ်ဆောင်မှုများရှိနေကြောင်း ၊ ရှေးဟောင်းသုတေသန ဌာနများ အနေဖြင့် မလိုလားအပ်သော သတင်းထိမ်ချန်မှု များ ပြုလုပ်လျက် ရှိ နေကြောင်း လည်း သိရ သည်။
ဒေသခံများက မူ ”  သူတို့လုပ်ချင်သလို့ လုပ်နေကြတဲ့အတွက် မြောက်ဦးမြို့မှာရှိတဲ့ရှေး ဟောင်း လက်ရာတွေထဲ က တစ်ချို့ဘုရားပုထိုးပျက်တွေမှာ  ပြန်လည်ပြုပြင်ထားကြတာ ဟာ ရှေးမူနဲ့လုံးဝ လွဲချော်နေတာတွေ ရှိနေ ပါတယ် ၊  သျှစ်သောင်းဘုရားအထက် မုဒ်ဦးမှာလဲ ရှေးလက်ရာ မဟုတ်ဘဲ သူတို့ လုပ်ချင်သလိုပြုပြင် လိုက်တဲ့ အတွက် ဘုရားပွဲတော်ချတိုင်း အရင်က လုံးဝမကြုံဖူးတဲ့ အဖြစ် အပျက် တွေ နဲ့ကြုံနေရပါပြီ၊ ဒါ ဟာသက်သက်ရှေးဟောင်း ယဉ်ကျေးမှုတွေကို ဖျက်စီးနေတာ ပါ၊ ”ဟု ပြော ဆိုနေကြ သည်။
မြော်ကဦးဒေသ သည် ကမ္ဘာယဉ်ကျေးမှု အမွေ အနှစ်စာရင်းတွင် ထည့်သွင်းထားသောဒေသဖြစ်ရုံမက ရှေးဟောင် ယဉ်ကျေးမှုအမွေ အနှစ် ဒေသတစ်ခုအဖြစ်လည်း ကမ္ဘာ ကအသိအမှတ်ပြုလိုက်သည့် အတွက် ရှေးခေတ်လက်ရာ များ မပျောက်ပျက်အောင် ထိန်ူသိမ်းရေးအတွက် လည်း များစွာ လို အပ်လျက် ရှိကြောင်း အငြင်းပွားမှုများကို ပယ်ပျက်ကာ စစ်မှန်သော ရှေးခေတ် လက်ရာများ ပေါ်ထွက်လာရေး မှာ မြောက်ဦး သမိုင်းဝင်ဒေသ၏ အဓိကစိန်ခေါ်မှု ကြီးတစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက် ပါ သည်။
                 

(လင်းလင်း- ခိုင်ရိုးမ)

အမှန်ပြောကေ မခြီ .DAT