Thursday, October 13, 2011

ရွှေဂါစ်သဘာဝ စီမံကိမ်းကို မလေးသျှားရောက် ရခိုင်လူမျိုးတိက ကန့် ကွက်ဗျန်

မလေးရှား ရခိုင် အဖွဲ့အစည်းများနှင့် ပြည်သူလူထု ကိုယ်စား သတင်းထုတ်ပြန်ချက် eng

အေနိန် အချိန်ထိ လွတ်မြောက်လာရေ ရခိုင်နိုင်ငံရေး အကျဉ်းသားတိ

အေနိန် အချိန်ထိ ကျနော်ရို့လေးဝတီ ၀က်ဆိုက်မှ သတင်း ကောက်ရရှိသလောက်ဆိုကေ (၄)ယောက်တည်း ရာ ဟိပါသိမ့်ရေ။

၁။ ဦးမင်းအောင်      ၊     NLD (Tsp Chairman0 HRDP     ၊    (ဘ)ဦးအောင်မြင့်     ၊  ကလေးထောင်      ၊    တောင်ကုတ်၊ ရခိုင်ပြည်။

၂။ နိုင်စိုး       ၊        AASYC     ၊   (ဘ) ဦးမောင်လှဖြူ       ၊          ဘမော်ထောင်         ၊                   ဘူးသီတောင်၊ ရခိုင်ပြည်နယ်။

၃။  စန်းလွင်        ၊   Information Contibutor  ၊  (ဘ) ဦးဘတင်    ၊  သံတွဲထောင်     ၊   တောင်ကုတ်၊ ရခိုင်ပြည်နယ်။

၎။ ကိုယ်တော် ဣသိာရိယ (ခ) အောင်စိုး     ဘုန်းကြီး       (ဘ) ဦးအောင်ပန်းသာ         ဘူးသီတောင်(ထောင်)  စစ်တွေ။


ကျနော်ရို့ လက်ဟိ စုံစမ်းလို့ ရသလောက်ကို တင်ပီးလိုက်ပါရေ။

Wednesday, October 12, 2011

ဥရောပ မြန်မာ့ဖိုရမ် အဖွဲ့ က DVB ညွှန်ကြားရီးမှူး လုပ်နီသူ ဦးဟန်ညောင်ဝေကို နုတ်ထွက်ပီးရန် တောင်းဆိုလိုက်ဗျန်

NO DVB NO fM NO Prime Minister NO SfM

လွပ်ငြိမ်းချမ်းသာခွင့်နင့် လွပ်လာစော်တိကို

လွပ်ငြိမ်းချမ်းသာခွင့်နင့် လွပ်လာစော်တိကို ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက ကြိုဆိုဖို့  မသင့်လား။ အခုဆိုကေ နိုင်ငံရီးအကျဉ်းသားတိ လွပ်မြောက်လာကတ်စော်တိ ကြားနီရပါဗျန် ။ ယေကေလေး ရခိုင်လူမျိုးတိထဲက နိုင်ငံရီးအကျဉ်းသားတိ ဇါလောက် လွပ်လို့  လာကတ်လေဆိုစော်ကို သတင်းကောက်ယူနီစော်တိ မတွိ သလောက် ဖြိုက်နီပါရေ ။ တခြားနိုင်ငံရီးပါတီတိမှာ ထောင်ဗူးဝရှေ့မှာပင် နိုင်ငံရီးအကျဉ်းသားတိ လွပ်မြောက်လာစော်ကို ဆိုင်းဘုတ်ထောင်ပနာ ကြိုဆိုနီကတ်စော်တိ မြင်နီရပါရေ ။ မလွပ်လာသိကေ ဇါပိုင်ဖြိုက်လို့  မလွပ်မြောက်လာသိလို့  ထုတ်ပြန်န်ီရေပိုင် လွပ်မြောက်လာရေ လူကိုလေး ဖေ့သာတိ အိမ်ပြန်စရိတ်တိကို ပီးပနာ ကြိုဆိုပွဲတိ လုပ်ဗြီးကေ ၀မ်းသာအားရ လုပ်နီကတ်ပါရေထော ။ ယေဇူးနင့် ရခိုင်တိုင်းရင်းသားတိုးတက်ရီး
ပါတီကလေး နိုင်ငံရီးပါတီဖြိုက်လို့  လွပ်ငြိမ်းချမ်းသာခွင့် နင့် လွပ်မြောက်လာရေ လူတိကို ထောင်ဗူးဝရှေ့မှာ ကြိုဆိုခြင်းနင့် ဇါပိုင်သတင်းထုတ်ပြန်ပီးဖို့ စော်ကို လိုအပ်နီပါရေထော ။

သမတဦးသိန်းစိန်ကို အိန္ဒိယမှာ ရခိုင်ရဟန်းတော်တိက ဆန္ဒပြကတ်ဖို့ လား

အိန္ဒိယနိုင်ငံကို ချစ်ကြည်ရီး ခရီးလားယင်းပင်း ဗုဒ္ဒဂါယာ ဘုရားဖူးပနာ ၁၂ -ရက်နိကပင် ရောက်နီစော်ကို ရခိုင်ရဟန်းတော်တိက ဆန္ဒပြကတ်ဖို့ လားလို့  သတင်းတိ နားထောင်နီကတ်ပါရေ ။ ရခိုင်ရဟန်းသင်္ဃာတော် တိဖြိုက်တေ ရွှေဝါရောင်တော်လှန်ရီးကာလက ဖမ်းဆီးခံထားရေ ဦးဇင်းတိမှာ နအဖစစ်အစိုးရလက်ထက်က ဖမ်းဆီး ခံထားခရရေပိုင် မိဖမဲ့  အချေကျောင်း ဆရာတော် သမိုင်းသုတေသီ အရှင်ပညာစာရလေး သာယာဝတီထောင်မှာ အဖမ်းဆီး ခံနီရပါရေ ။ အရှင်ပညာစာရ မွီးစပ်ထားခရေ ကျောင်းသားချေ တရာကျော်နီးကပါးမှာလေး မန္တလေးမြို့ ကို ယူလားခပနာ အခုဆိုကေ ဇါမြို့ ကို ရောက်မှန်းမသိဘဲ ရောက်လားခရေပိုင် အချေတိမှာ ရခိုင်စကားကိုတောင် မပြောတတ်ဘဲ ဖြိုက်နီကတ်ပါဗျန်လို့  ပြောဆိုသံတိ ကြားနီရပါရေ ။ ယေဇူးနင့် သမတဦးသိန်းစိန် အိန္ဒိယနိုင်ငံကိုလာရေအခါ ရခိုင်လူမျိုး ရဟန်းတော်တိက အဖမ်းဆီး ခံရရေ ရခိုင်ရဟန်း သင်္ဃာတော် တိကို လွှတ်ပီးဖို့  တောင်းဆိုသင့်ရေလို့  ၀ီဖန်သံတိ ထွက်လာနီကတ်ပါရေထော ။

ကိုခိုင်ထွန်း(လေးဝတီ) ရေ မိသားစုနန့်အတူ အမေရိကန်သို့ထွက်ခွာလားပါယာ

ကိုခိုင်ထွန်း(လေးဝတီ)ရေ အေနိန်(၁၂၊ ၁၀၊၂၀၁၁ ) ခုနှစ် ဗုဒ္ဓဟူးနိန်ခါ နိန့်ခင်းဖက်တစ်ချက်တီ ခွဲလောက်မှာ UNHCR အစီအဇိုင်နန့် အမေရိကန်ကိုထွက်ခွာလားခပါယာ။ သူအခြီချဖို့ပြည်နယ်က အရီဇိုးနားလို့သိရပါရေ။ လမ်းခရီးအားလုံး အလှပချေ အဆင်ပြေပါစီလို့ လေးဝတီဝိုင်းတော်သားတိက ဆုတောင်းပါရေဒေ။ ကိုခိုင်ထွန်းရေ မလေးသျှားမှာနိန်တုန်းကလည်း ကိုယ်တက်နိုင်ရေဘက်က ရခိုင်အမျိုးသားရီးအတွက် အများကြီးလုပ်ပီးခပါရေ။ လေးဝတီဝိုင်းတော်အတွက်လေး အများကြီးကူညီထောက်ပံ့ပီးခရေ အစ်ကိုတယောက်ဖြစ်ပါရေ။ လေးဝတီဝက်ဆိုက်ကိုလည်း တည်ထောင်ခပြီးကေ ရခိုင်ပြည်နန့်ပတ်သတ်တေ သတင်းတိကို အဓိက ရှာဖွီးတင်ပြပီးခရေ အက်ဒမင်တယောက်လည်း ဖြိုက်ပါရေ။  ALD ပြည်ပဌာနခွဲ(မလေးသျှား)မှာလည်း စာရင်းစစ်တာဝန်ကို တတိယနိုင်ငံထွက်လားရေအချိန်ထိ ထမ်းဆောင်ခပါရေ။ ကျန်းမာပါစီ ၊ ချမ်းသာပါစီ ၊ အားလုံးအဆင်ပြေပါစီ ။ 

လေးဝတီဝိုင်းတော်သားများ


အုန်းပြန့်ကရင်ဒုက္ခသည် စခန်းမှ ရခိုင်သံဃာတော် (၁)ပါးနန့် ဗမာကိုယ်တော်(၁)ပါး ပြည်တော်ပြန်

ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖက်မြို့နယ်၊ အုန်းပြန့် ကရင် ဒုက္ခသည်စခန်းမှာ သီတင်သုံးနီခရေ ရခိုင် ကိုယ်တော်တပါးနန့် ဗမာကိုယ်တော်တပါး ( ၁၁၊ ၁၀ ၊၂၀၁၁ ) ခုနှစ် အင်္ဂါနိန့်က ရုပ်သီအစိုးရ သမတ ဦးသိန်းစိန်၏ ပြည်တော်ပြန်ကိစ္စကို လက်ခံရေဆိုပါနာ မြန်မာနိုင်ငံသို့   ပြန်ကြွလားရေ အကြောင်းသတင်းရဟိပါရေ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခပြီးကေ နယ်စပ်ကို ထွက်ပြီးလာရေ  ဦးဝိသုဒ္ဓနဲ့ ဦးနန္ဒိယ ရို့ရေ မြန်မာနိုင်ငံမှာ ရုပ်သီအစိုးရက ပြုပြင်ပြောင်းလဲရေးတိ လုပ်နီဗျာလ် ဆိုပြီးကေ ပြည်တော်ပြန်ရခြင်းဖြိုက်ကြောင်း သူ့ရို့နန့် နီစပ်တေ တကာ၊ တကာမတိ ကို ပြောကြားလားကြောင်း သိရပါရေ။    ဦးဝိသုဒ္ဓ ရေ သက်တော် (၅၁) နှစ်၊ ၀ါတော် (၁၃)နှစ်ဟိပြီးကေ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဖြစ်ပါရေ။ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခပြီးကေ အစိုးရပါးကို အဖမ်းခံရကာ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရခပါရေ။ ထောင်ထဲမှာ ၁၀ နှစ်လောက် ခံခရပြီးကေ ထောင်က ထွက်လာပြီးရေ နောက်မှာ သာသနာ ဘောင်ထဲသို့ပြီးပနာ အုန်းပြန့် ဒုက္ခသည် စခန်းမှာ သီတင်သုံးနီထိုင်ခရေလို့ သတင်းရဟိပါရေ။   ဦးနန္ဒိယမှာ၂၀၀၇ ရွှေဝါရောင်သံဃာ့လုပ်ရှားမှုမှာ ပါဝင်ခပြီးကေ ရန်ကုန်တိုင်း စမ်းချောင်းမြို့တယ် ကိုးထပ်ကြီး စာသင်တိုက်မှာ ပညာသင်ကြားနီခပြီးကေ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြီးလာပြီးကေ အုန်းပြန်စခန်း  ရပ်ကွက် (၁၆)ရှိ၊ ကဘာလုံးချမ်းသာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်သုံးနီထိုင်းခရေလို့ သတင်းရဟိပါရေ။
ဦးဝိသုဒ္ဓက“နိုင်ငံတော်က ပြန်ခေါ်စော်ကို လက်ခံပါရေ။ သူရို့တိလည်းအဂုဆိုကေ ဧရာဝတီမြစ် ရီကာတာ ဆောက်လုပ်စော်လည်းရပ်တန့်ပစ်လိုက်ယာ၊ ဒေါ်အောင်ဆန်စုကြည်နန့်လည်း တွိ့ဆုံကတ်တေဆိုကေ အကောင်းဖက်ကို ဦးတည်းနီယာ”လို့ မြ၀တီဖက်ကို ရောက်တေခါ အုန်းပြန့်စခန်းမှာဟိရေ တကာ၊ တကာမတိပါးကို ဖုန်းဆက်လားရေကြောင်း . အုန်းပြန့်ထဲက ရခိုင်တကာ တယောက်က ပြောကြားလားပါရေ။

ရခိုင်နိုင်ငံရေးအကျဉ်းသား တယောက်ထဲရာ ပါသိမ့်ရေ လွပ်ငြိမ်းချမ်းသာခွင့်

 ရုပ်သီးအစိုးရ သမတဦးသိန်းစိန်က လွပ်ငြိမ်းချမ်းသာ ခွင့်ကို ၀ါကျွတ်ပွဲနင့် အတူ လွှတ်လိုက်စော်မှာ တခြားလူမျိုးတိ ပါနီစော် တွိရပါရေ ။ ရခိုင်ပြည်စစ်တွေမြို့ နင့် ဘူးသီးတောင်ထောင်က နိုင်ငံရီးအကျဉ်းသားတိ လွှတ်နီကေတောင်မှ ရခိုင်လူမျိုးထဲက တယောက်ချေလေး မပါသိပါဒေ။ ဇါလူမျိုးဘင်ဖြိုက်ဖြိုက် အကျဉ်းထောင်က လွှတ်ပီးလိုက်စော်ကို မြင်တွိရရေလူတိုင်း မျက်ရည်ကျလောက်အောင်အထိ ခံစားရကတ်စော်ပါရာကာ။ ထောင်ကလွှတ်ပီးလိုက်တေ သားကို အမိဖြိုက်သူက ထောင်ဗူးဝရှေ့မှာ ငိုလို့  ဖက်ပနာ ကြိုနီရေ ပုံတိကို မြင်ရလို့  စိတ်မကောင်း ဖြိုက်ရပါရေ ။ အမိနင့်သား တွိစော်မျိုး၊ မောင်နင့် နှမ တွိစော်မျိုး ၊ လင်နင့် မယားတွိစော်မျိုး ၊ ရဟန်းသင်္ဃာ ပြန်လို့  လွတ်လာစော်မျိုးဆိုစော် အကျဉ်းကျခံနီရာက လွပ်မြောက်လာရေ လူတိ ဘ၀မှာ အပျော်ဆုံးနိ တရက်ပါဒေ။ အခုက လူမျိုးရီးကို အခြီခံပနာ ရခိုင်လူမျိုးတိကိုမှ သီးသန့်  ထောင်က မလွှတ်စော်လားလို့  ပြောစရာဖြိုက်နီရပါရေဒေ။ ဘူးသီးတောင်ထောင်မှာ ရွှေဝါရောင်တော်လှန်ရီး လှုပ်ရှားမှူခေါင်းဆောင် အရှင်ဦးအရိသရိယ နင့် အခြား ဦးဇင်းများ ။ မီဒီယာသမား ဦးမောင်သာထွန်း ။ ဦးမြတ်ထွန်း ။ အင်းစိန်အကျဉ်းထောင်မှာ ၂၀၁၁-ခုနှစ် ဖေဖေါ်ဝါရီလက အင်းစိန် အောင်ဇေယျ ရပ်ကွက် အလယ်လမ်း ကွမ်းယာဆိုင်အနားမှာ ဗုံးပေါက်လားခလို့  အဖမ်းခံနီရရေ ကျော်ကျော်စိုး နင့် အင်းစိန်ထောင်မှာ အဖမ်းခံနီရရေ ကလေချေတိ ။ မိဖမဲ့  ကျောင်းဖြိုက်တေ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်ဆရာတော် ဦးပညာစာရက သာယာဝတီထောင် နင့် မဲလုံးခေါ်နိုင်စိုး ရို့  ဖြိုက်တေ AASYC က ကျောင်းသားလူငယ်တိကလေး အင်းစိန်ထောင် ပူတာအိုထောင်တိမှာ ကျနီကေလေး အခုလွှတ်ပီးလိုက်စော်ထဲမှာ မပါပါသိကာဒေ။ ကလေးထောင်က လွပ်လာစော်ထဲမှာ ဦးမင်းအောင် NLD တောင်ကုတ်က တယောက်ပါရေလို့  သိရပါရေ ။  ယေဇူးနင့် ရခိုင်နိုင်ငံရီးအကျဉ်းသားတိ လွပ်လားဖို့ ဆိုပနာ မိသားစုတိက စိတ်ပူပနာ အထူးစောင့်စားနီကတ်တေ ဆိုစော်ကို သိရပါရေ ။

Tuesday, October 11, 2011

မလေးသျှားဟိရခိုင်ပြေသူလူများထံသို့ ဆန္ဒပြရန်မေတ္တာရပ်ခံချက်

အကျွန်ရို့ရခိုင်ပြေသည် သဘာဝသယံဇာတပေါကြွယ်ဝသည့် တိုင်းပြေတပြေ ဖြစ်တေ ဆိုစွာကို အားလုံးအသိပင်ဖြစ်ပါသည်။ သို့သော်လည်း ယင်းသယံဇာတပစ္စည်းတိစွာ ရခိုင်ပြေကို အကျိုးမပြုရုံမက အဖရခိုင်ပြေကို ပြိုက်ဒဏ်အဖြစ်အကြီးအကျယ် ဒုက္ခပီးလျက်ဟိပါသည်။ နိုင်ငံတခုဖရိုဖရဲ ပျက်သုန်းရေးကိုပင်ဦးတည်လျက် အဆိုးဝါးဆုံးအခြီအနိန်နန့် ရင်ဆိုင်လျှက် ဟိပါသည်။

ဗမာအစိုးရကိုယ်စားပြု တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီသည် ဗမာစိုက်တပ်နန့် ပူးပေါင်းလျက် ရခိုင်ပြေ၌လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အဓမ္မလယ်ယာမြီများကိုသိမ်းပိုက်ခြင်း၊ ရပ်ရွာများကိုဖျက်ဆီးခြင်း၊ပြောင်းရွိ့ခြင်း၊ ဂေဟစနစ်တခုလုံးထိခိုက်ဖျက်ဆီးစီခြင်း စသည့် များစွာကိုလူမဆန်စွာ ပြုလုပ်လျှက်ဟိန့်ပါသည်။ ဤအရေးကိစ္စတိစွာ ရခိုင်အမျိုးသားရေးနန့် သျှောင်လွဲ၍မရသော တိုက်ရိုက်ပတ်သက်သည့် အမျိုးသားရေးတာဝန်ကြီးတရပ်ဖြစ်ပါသည်။
ဤရွှေဂက်(စ်)စီမံကိန်းကိစ္စကို ဦးသိန်းစိန်အစိုးရပါလီမန်တွင်လည်း ရခိုင်ကျောက်ဖြူ အမတ် ဦးဘသျှင်မှ ဓါတ်ငွေ့သုံးစွဲရေးကိစ္စကိုလည်းမိန်းမြန်းကြည့်ရာ  ရခိုင်အမတ်များအနိန်ဖြင့် အရေးတယူစိတ်ဝင်တစား ဆောင်ရွက်လျှက်ဟိန့်ပါသည်။ (ကချင်ဒေသ) မြိုက်ဆုံရီကာတာ တည်ဆောက်ရေးကိစ္စကိုလည်း ပြည်သူတရပ်လုံးက တောင်းဆိုဆန္ဒပြမှုကြောင့် ဦးသိန်းစိန် အစိုးရမှ ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ထားပြီးဖြစ်ပါရေ။

ထို့ကြောင့်ရွှေဂက်(စ်)ကိစ္စ ရပ်တန့်ရေးကိုအရေးဆိုရန်မှာ ရခိုင့်အမျိုးသား၏ တာဝန် ကျရောက်လျှက်ဟိန့်ရေလို့ ခံယူသည့်အလျှောက် ရခိုင်အမျိုးသားများ တာဝန်တရပ်အနိန်နန့် အားလုံးဝိုင်းရံဗျာလ် ဗမာအစိုးရသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုပါရန် မလေးသျှားဟိန့်ရခိုင် အမျိုးသားများ၊ ကမ္ဘာတဝှမ်းလုံးဟိန့် ရခိုင်အမျိုးသားများနန့်အတူ တက်ကြွစွာပါဝင်ပူးပေါင်း ကတ်ပါရန် ရွှေဂက်(စ်)ကိစ္စ ဆန္ဒပြမှုဖြစ်မြောက်ရေးဦးစီးကော်မတီမှ အလေးအနက်တောင်းဆို လိုက်ပါသည်။


(Text Box ဆန္ဒပြမည့်အချိန်-13/10/2011 ရက်နိန်က မိုးထဖက် (၉း၀၀) ချက်တီ တိတိတွင် ပူချန်း ၊ Tesco/ တက်စ်ကို ပန်းခြံအနားမှ ကားများ ထွက်ပါမည်။ )

ရွှေဂက်(စ်)ကိစ္စ ဆန္ဒပြမှုဖြစ်မြောက်ရေးဦးစီးကော်မတီ

ဆက်သွယ်ရန်ဖုန်းနံပါတ်များ_                           

-      0127226430

-      0320721306

-      0176916130