ရခိုင်ရိုးမ။ ၉။၉။၂၀၁၁

အခမ်းအနားကို ဘင်္ဂလားဒေခ်ျ့ ဒေသနာရီ မွန်းတဲ့ တနာရီခွဲမှာ နမောတဿ သုံးကြိမ်ရွတ်ဆိုဗျာယ် ဖွင့် လှစ်ဗြီး ဆရာတော်အားဂုဏ်ပြုရေ အနိန်နန့်  ရခိုင်ရိုးရာအနုပညာရှင် ကိုကျော်မင်း က နီဝန်းနီနီ နန့်  RWU အဖွဲ့ဝင်တိနန့် စုပေါင်းဗျာယ် ရက္ခပူရိ သီခြင်းကိုသီဆိုလားခပါသည်။ သဘာပတိအဖြစ် သာဿန ဦးသျှောင် အတွင်းရေးမှူး ဦးစန္ဒာဝရ က ပြုလုပ်ကာ အထူးအစီအစဉ် တရပ်အနိန်နန့် ဆရာတော်အား တက်ရောက်လာသူ အားလုံးက ဆီမီးညှိပူဇော်ဂါရဝပြုဗြီး ဆရာတော်အကြောင်းကို ကဗျာ စာစီစာကုံး ပန်းချီ ပြိုင်ပွဲ ဆုပီးပွဲ အစီအစိုင်တိပြုလုပ်ခကတ်ပါသည်။
အခမ်းအနားသို့ တက်ရောက်လာရေ ဝါရင့် နိုင် ငံရေး သမားတယောက်ဖြစ်တေ ဦးခိုင်အာဏာနီက ''ငရို့ ကို မဟာဗမာဝါဒီလူမျိုးတိက မြန်မာနိုင်ငံတိုင်း ရင်းသား ဆိုဗြီးကေ ခေါ်ရေ ငရို့ က တိုင်းရင်းသားမဟုတ် ရခိုင်နိုင်ငံသားတိရာဖြစ်တေ ရခိုင်မှာတောင် မဟာရခိုင်တိ ဒေနိန့်ကျွန်ဖြစ်တေခါ နိုင်ရေလူကပြောရေ ပြော ပတ်စီ နိုင်ရေခါ ငရို့ လည်းယင်း သူ ရို့ ကိုပြောမေ ကွယ်လွန်လားရေ ဆရာတော်ကိုပူဇော်ဂုဏ်ပြုနိန်စွာ ထက် ဆရာတော်ချမှတ်ခရေ လမ်းစိုင်ကို ဇာပိုင်ဖေါ်ဆောင်ကတ်ဖို့ လည်း ဂနိန့် Leadership crisic ပြဿ နာ ဒေပိုင်ပြဿနာဖြစ်တိုင်း စုပေါင်းညှိနိုင်း အဖြေရှာရဘာဖို့ " လို့ ပြောကြားခပါသည်။
ယင်းနောက် အခမ်းအနားမှာ အမေရိကမှ ကဗျာဆရာ ခိုင်မင်းဇံ(ရခိုင်ပြည်)နန့်  ရက္ခအလင်းတန်းဂျာနယ်မှ ကဗျာတိကိုရွတ်ဖတ်ဂုဏ်ပြုကြောင်းသိရသည်။RWUရခိုင်အမျိုးသမီးအစီးအရုံးမှဥက္ကဌ ဒေါ်စောမြရာဇာလင်း ကလည်း ''အကျွန်ရို့ စွာ မည်သည့်ဗမာလက်အောက်ခံ အဖွဲ့အစီးမဟုတ်ကြောင်း မြန်မာတနိုင်ငံလုံး အမျိုး သမီး ၁၂ ဖွဲ့နန့် အတူ မိမိယုံကြည်ရာ ရှမ်းအမျိုးသမီးက ရှမ်းလူမျိုးလွတ်လပ်ဖို့ ကို ရခိုင်ကလည်းရခိုင် လူမျိုးလွတ်လပ်ရေး ကို ရာပြတ်ပြတ် သားသားလုပ်မေ" ဟုဆိုသည်။ ယင်းနောက် ကိုခိုင်ဇော် သီဆို ထားရေ အမျိုးသားရေး သခြင်း နန့် သဘာပတိအပိတ်မိန်းခွန်းစကားပြောကြားလို့  ညဇာ ၄ နာရီခွဲမှာ အခမ်းအနားကိုအောင်မြင်စွာရုပ် သိမ်းကြောင်းသတင်းရရှိသည်။
ခိုင်ဥက္ကာပျံ( လေးဝတီဝိုင်းတော်သား)