ရခိုင်ရိုးမ။ ။ September 17, 2011
ရန်ကုန်။

အသျှင်ပညာစာရ (သို့မဟုတ်) လူမျိုးကြီးဝါဒ နအဖ စစ်အာ ဏာရှင်များကို ခြိမ်းခြောက် သူ ခေါင်းစိုင်နန့် ရခိုင်၊ ဗမာ နှစ်ဘာ သာ နန့် ဖြန့် ချီရေ အဆိုပါစာအုပ်ရေ ဆရာတော်ကို ဖမ်းဆီး ပြီး ၁၅ ရက်အလိုက အကြောင်းအရာတိကို စုစည်းရီးသား ထားပြီးကေ စာမျက်နှာ ၈၇ မျက်နှာပါ ဟိကြောင်း သိရသည်။
စာအုပ်စိတ်ဝင်စားဖို့ကောင်းရေဆိုစွာက ကျနော် ရို့မ သိရေ အချက် အလက် တချို့ပါဝင်နိန် ရေ၊ နောက်ဆရာတော် ကို စွပ်စွဲထားစွာတိလည်း အတိအလင်းပါရေခါ၊ လူတိက ပို စိတ် ဝင်စားကတ်တေ” ဗမာပြည်၊ ရန်ကုန်ရောက် ရခိုင်အမျိုး သားတဦးက ဆိုသည်။ အဆိုပါ စာအုပ်ရေ ရန်ကုန် အပါအဝင် ရခိုင်ပြည် မြို့နယ်အနှံ့မှာ ဖြန့်ဝီလျှက်ဟိကြောင်း သိရသည်။ “စာအုပ်မှာတော့ခါ သူ့ ဘဝ သူ့ အကြောင်း သူ့လုပ်ဆောင်ချက် တိကို သူ၏ ရခိုင်ပြည်သူ ရခိုင် ပြည်သားရို့က စုပေါင်းရီး သား ဖော်ထုတ်သည် လို့ရာ ပါရေ။

နောက်တခုက အင်တာနတ်ကရ ရေအချက် အလက်တိ ၊ ကော်မန့်တိ ပါဝင်ရေ၊ ထုတ်ပြန်ချက်တိလည်း ထည့်ထားပြီးကေ ဝက်ဆိုဒ်တိက သတင်းတိကို လည်းထည့်ထားရေ၊ စောင်ရေက တထောင်လို့ပါရေ” ဆိုပနာ စာအုပ်ကို ဖတ်ရှုရရေ ပေါက်တောမြို့ခံတဦးက ပြောသည်။
ဆရာတော်ကို မဖမ်းဆီးမည် ၆လ အလိုမှာ ကြိုတင် ပြင်ဆင်ထားခြင်းဖြိုက်ပြီး အကွက်ကျကျ ဖန်တီးလိုက်စွာ ဖြိုက်တေလို့လည်း စစ်တွေမြိုခံ တချို့က ဆိုသည်။
အခုအခါ ဆရာတော်ရေ မကွေးတိုင်း သရက်မြို့ အကျဉ်းထောင်မှာ အကျဉ်းကျခံနိန်ရ သည်။
ဆရာတော်အမှုကို ရခိုင်ပြည် တရားရုံးတော် မှာ ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ်၄၀/ ၂၀၁၀ နန့် လျှောက်ထားခကေလေ့ ၂၀၁၀ နိုဝင်ဘာ ၁၂ ရက် နိ့က လက်မခံသင့်ဆိုပနာ အကျဉ်းနည်းနန့် ပလပ် ခသည်။
ဒုတိယအကြိမ် ရခိုင်ပြည် တရားလွှတ်တော် ကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ်- ၂၄/၂၀၁၁ အဖြစ် တင်သွင်းခကေလည်း ၂၀၁၁ ဇွန်လ ၃ ရက်နိ့က အကျဉ်းနည်းနန့် ပလပ်ခပြန်သည်။
“သြဂုတ်လ ၁၆ ရက်နိ့က နေပြည်တော်ကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် ၈၉ (ခ) နန့် တင်ထားပါဗျာယ်။