Thursday, March 31, 2011

ရခိုင်ဒုတ္ခသည်ရုံးarrc/anc ကို ချောင်တခင်ဝင်ရောက်ဖမ်းဆီး

မလေးရှား မှ ရခိုင်ဒုတ္ခသည်arrc KLရုံးကိုချောင်တခင်ဝင်ရောက် ဖမ်းဆီ


  ခိုင်တင်မောင်                                                              ၃၀၊၃၊၂၀၁၁                                                 
  မလေးရှာနိုင်ငံ kuala lumpur မြိုထဲ ၌ဲအခြေစိုက်သော arrc/anc s ကို မလေးရှားအာဏာပိုင်များ က မတ်လ ၃၀ရက် ည ၁၁နာရီ ၂၀ တွင်ရှောင်တခင် ၀င်ရောက်စီနင်းဖမ်းဆီရာ လူ ၇ ယောက်ကိုဖမ်းဆီခေါ်ဆောင်သွာပါသည်
ဖမ်းဆီရာတွင်ရဲ၊ရလာ၊အဖွဲ့ ပေါင်စုံလိုယူဆရသည်လူအင်အား ၇၀၀ကျော်ခန့် ပါဝင်သည်ဟု မျက်မြင်သက်သေ ကိုခိုင်တင်မှိုင်း ကပြောပြပါသည်။ ထိုရဲနှင့်အတူ ရခိုင်ဘာသာပြန် မယဉ်ယဉ် ၊ကိုခိုင်မင်းချမ်းရိုက ပါဝင်ကူညီခဲပါသည်  arrc KLသည် ရခိုင်ပြည်သူ ကို ကိုယ်စားမပြုဘဲ တစ်ဦးတစ်ယောက်လက်ထဲတွင် ထင်သလိုချယ်လှယ်ကာရခိုင်လူမျိုးအရှက်ရ  အကျိုးယုတ်စေသော အဖွဲ့ ဖြစ်သောကြောင်း တိုင်းရင်းသား လူမျိုးကြားတွင် လည်းရခိုင်များကို အထင်သေစရာဖြစ်လောက်အောင် လုပ်ဆောင်ချက်များကြောင်း ရခိုင့်အများစု က arrc KL ကို မလိုလားကြပေ ဟု ယခင်arrc ဗဟိုကော်မတီဝင် တစ်ဦးက ပြောဆိုခဲပါသည်၊
  arrc KL မှဖမ်းဆီးသွားသည် ပုဂ္ဂိုလ်များတွင်အကြံပေးနာယာက ညီညီလွင် ဆိုသူကို ၂၇ ရက်ကတည်းက တရားမ၀င်ရက်ကျော်နေ ထိုင်မှူနန်ဖမ်းဆီးခဲပြီး ယနေ့ တွင် ဥက္ကဋ္ဌ  ဦးအောင်သန်း၊အတွင်ရေးမှူး ထွန်းထွန်း၊ဗဟိုကော်မတီဝင်များ ခိုင်ရိုးခိုင်၊မောင်ဆန်းဝင်း၊လှအောင်သာ၊မိုးကျော်နှင့် တောင်ကုတ်မြိုနယ်မှ အမည်မသိသူတစ်ယောက် ပါဝင်ပါသည်။ ယခုဖမ်းဆီသူ များကို ရခိုင်ပြည်သူ တစ်ယောက် ကိုမေးကြည်ရာ သူကအခုလိုပြောပါသည်၊ ရခိုင်ရုံးလိုနာမေခံ ဗျာလ်လုပ်စား စွာရာ ပြီးကေ ညီညီလွင် ကိုလူတီ လုံးဝအယုံအကြည်မရှိ  ဆိုစာကို သူမသိလို လုပ်နီစာမဟုတ်  ရခိုင်နိုင်ငံရေး ကို သတ်သတ်ဖျက်လို ဖျက်စီလုပ်နီစာ အစားချောင်အနီချောင်ရေ မလေးရှား ဂွင်မလွတ်ချင် စာလေ့ပါရေ ၊ဟုပြောကြားပါသည် 
ယနေ့ ဖမ်းဆီသူများကို သက်ဆိုင်ရာ ထောင်ကန့် များတွင်ထားရှိပြီး မလေးရှား ဥပဒေအရ အရေးယူမည်ဟု ရဲအရာရှိ arman husin ကပြောကြားခဲပါသည် ယနေ့ ဖမ်းဆီသူ ၇ယောက် ကျူးလွန်သည့်ပြစ်မှူးကိုထုပ်ဖေါ် ပြောကြာရန် တာဝန်မရှိကြောင်း ပြောကြာခဲပါသည်။

ခိုင်တင်မောင်
ပေးပို့ သည်


အထက်ပါသတင်းသည် လေးဝတီ၏အာဘော်မဟုတ်ပါ စာရေးသူ၏အာဘော်သာဖြစ်ပါသည်

Wednesday, March 30, 2011

'လူဖြစ်ကျိုးမနတ်မြီ'


လောကအလယ်      ဘ၀မေ၏
လူဘ၀သံသရာ       ဆုံရပ်မှာတွင်
ကံ၏အကျိုး          ကုသိုလ်ကျိုးကို
ထောက်ရူးခံစား      လောကသားတို့ 
ဤသည်ဘ၀   ဤသည်ကာအနတ္တ
အဖြာဖြာနှင့်     ဆည်းပူဘာသာ
ရှိခဲပါမှူ       မလွတ်သံသရာ
ကြုံတောက်ရခဲ  ပြည်မြန်မာက
လူငရဲကို       နောင်ဘ၀ဆယ်ခါ
ဆုမပန်လို    လောကတခွင်
လူမည်တွင်လည်း    မြန်မာပြည်သား
လူဖြစ်ရှုံးသည်    မာနအတ္တအာဂ္တါ နှင့်
အချင်းချင်းသတ်   ငရဲမှတ်လမ်းမှ
စစ်ထူမီးတောက်    အနှစ်၆၀
ကျော်ပြီတစ်ကား   လူဗြိန်းလူစောင်း
မင်းတစ်ဖြစ်လေး    ရှိခါပါမှူ
နောင်လာနောက်သား   လူဖြစ်ကျိုးမနတ်မြီ
ဖြစ်ရပြီကား.......ဖြစ်ပြီကာ.....




သာဂီထူးခိုင်




Monday, March 28, 2011

စစ်တပ်က မပစ်သတ်ရ ဆုံးဖြတ်ချက်လာပြီ

လမ်းပေါ်ထွက်ရင် စစ်တပ်က မပစ်သတ်ရဆိုတဲ့    ဆုံးဖြတ်ချက်ထွက်ပြီ
   
မတ်လ-၂၅-ရက်နေ့ က ဤဆုံးဖြတ်ချက်ကို ချပေးလိုက်ပြီ။ မလိုက်နာ၍မရ။ စစ်ရာဇ၀တ်မူဆိုသည်မှာ စစ်တပ်က လူတွေကို ပစ်သတ်ခြင်းခေါ်သည်။ ဂျီနီဗာမှာ ကုလသမဂ္ဂလက်အောက်ခံ ဖြစ်သည့် လူ့ အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်ကို ချလိုက်ကြခြင်းဖြစ်သည်။ သည်တော့  တနိုင်ငံလုံးက မျိုးဆက်သစ်လူငယ်တွေ ဘာာလုပ်ကြမည်နည်း ။ ခေါင်းဆောင်မျော်နေကြမည်လား။ အဓိကမှာ မိမိတို့ ကိုယ်တိုင် ခေါင်းဆောင်လုပ်ကြဖို့ ဘဲ ရှိတော့သည်။ ဒီပွဲက နောက်ဆုံးပွဲဖြစ်လာပြီ။ လူသားမျိုးနွယ်များကို ပြစ်မူဆိုင်ရာ ကျူးးလွန်၍မရဟု ဆိုလျင် ဥပဒေစကားက ကြီးကျယ်နေသည်။ သည်တော့ လူတွေက နားမလည်။ ရှင်းရှင်းလင်းလင်း ပြောလျင် စစ်တပ်ကမပစ်သတ်ရ အမိန့် ကို လူ့ အခွင့်အရေးကောင်စီက ချပေးလိုက်ြပီဖြစ်သည်။
      အခြေအနေတွေက ကိုယ့်ဖက်ရောက်လာနေကြပြီ။ သည်လိုရောက်နေတာကို သတိထားရတော့မည်။ ကမ္ဘာ့အရှေ့ဖက်ခြမ်းမှာ နိုင်ငံတွေပြောင်းလဲလာနေပြီ။ သမတတွေ ထွက်ပြေးနေကြရပြီ။ ယခုလည်း မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂက မျက်နှာလွှဲ၍ မနေတော့။ မီးစိမ်းပြလိုက်ပြီ ။ မျိုးဆက်သစ်လူငယ်တွေက ဒီအချိန်မှာ ခေါင်းဆောင်ပီသစွာ ကယ်တင်ရန်သာလိုသည်။ လူ့ အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအစိုးရက လိုက်နာပါမည်ဟု ကြေညာခြင်း၊ မကြေညာခြင်းမှာ လူထုနှင့်မဆိုင်။ မလိုက်နာလျင် သူတို့  အုပ်စု ကမ္ဘာနှင့် ထိပ်တိုက်တွေ့  သွားမည်။  သူတို့  အုပ်စုဆိုသည်မှာ နအဖစစ်အုပ်စုကို ပြောခြင်းဖြစ်သည်။ မည်သို့ ပင်ဆိုစေကာမူ စစ်အစိုးရသည် ယခုအချိန်တွင် တုံဏှိဘာဝေ နေ၍မရ။ တခုခုတော့ ပေးဆပ်ရတော့မည်။ ယင်းမှာ အာဏာလွှဲပြောင်းပေးရမည့် အခြေအနေကို ပြောခြင်းဖြစ်သည်။ နအဖစစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အာဏာလွှဲပြောင်းပေးရမည်မှာ ပြည်သူတွေကို ဖြစ်သည်။ လာမည့် မတ်လ-၃၁-ရက်နေ့ တွင် လွှတ်တော်မှ ကျမ်းသစ္စာ ကျိန်ဆိုကြမည်ဟု သိရသည်။ ဧပြီလ-၁-ရက်နေ့ တွင် ဦးသိန်းစိန်ကို သမတအဖြစ် ခန့့် အပ်လွှဲပြောင်းပေးမည်ဖြစ်သည်။ စင်စစ်အာဏာလွှဲပြောင်းပေးခြင်း
မဟုတ်။ ရာထူးလွှဲပြောင်းခြင်းသာဖြစ်သည်။ ဦးသိန်းစိန်မှာ သမတဆိုသော်လည်း အာဏာဆိုတာ  မူးလို့ တောင် ရှူပြစရာ တကွက်မျှ ပြစရာမရှိ။
        ဒင်းတို့ အနေအထားမှာ ဆုက်လဲစူး စားလဲရှူးနေရပြီ ။ တနေ့ ကမျိုးဆက်သစ်လူငယ်တွေ အသံကိုကြားလိုက်ရသည်။ ယင်းမှာသည်းညည်း မခံနိုင်တော့ကြောင်း ပြောဆိုသံပင်ဖြစ်သည်။ ခုအချိန်မှာ ကိုကျော်ထင် နှင့် မစုစုနွေးတို့ ကို ဂရုစိုက်ကြည့်ရတော့မည်ဖြစ်သည်။ သူတို နှစ်ဦးမှာ -၈၈-မျိုးဆက်ခေါင်ဆောင်တွေမဟုတ်။ သို့ သော် ဖေါက်ထွက်ခဲ့ သောကြောင့် သူတို့ နှစ်ဦးခေါင်းဆောင်နေရာ ရောက်နေသည်။ ယခုလည်းသူတို့ နှစ်ဦးလို ဖေါက်ထွက်ခေါင်းဆောင်မည့် လူငယ်တွေ ရှိနေကြပြီ။ သည်တော့ ယင်းလူငယ်တွေသည် သမိုင်းကပေးသော ပခုံးပြောင်းတာဝန်ကို ဆက်လက်ယူဆောင်ကြတော့မည်ဖြစ်သည်။ မည်သူ့  တိုက်တွန်းချက်များကိုမှ စောင့်ဆိုင်းစရာမလို။ အကြံပေးချက်များကိုလည်း ထိုင်စောင့်စရာမလိုတော့ ။ အကြောင်းမှာ လူထုမှအုံကြွမူဖြစ်နိုင်လာသည်ဟု ဝေဖန်သံတွေ ထွက်လာနေပြီဖြစ်သည်။
       ယင်းသို့  ဝေဖန်သံထွက်ပေါ်နေခြင်းမှာ နိုင်ငံရေးပါတီများမှ လာသောအသံဖြစ်သည်။ သည်တော့ယင်းနိုင်ငံရေးပါတီများသည်ပင် လူထုကို မျော်လင့်စောင့်စားနေကြပြီ။ နိုင်ငံရေးပါတီများသည် လူထုထံမှ ခေါင်းဆောင်ပေါ်ပေါက်လာမည်ကို စောင့်မျှော်နေခြင်းမှာ သဘာဝတော့ ကျလှသည်မဟုတ်။ သို့ သော် မြန်မာနိုင်ငံရေးလောကမှာကား အမှန်စင်စစ် ယင်းသို့ ဖြစ်နေသည်။ ထို့ ကြောင့် ဒီမိုကရေစီအရေးတော်ပုံအတွက် လူထုခေါင်းဆောင်မှာ လုံးဝမုချ တဖန်ပေါ်ပေါက်လာမည်ဖြစ်နေပြီ။ ဆန္ဒပြသည်နှင့်ပင် လူထုခေါင်းဆောင်ဟု ပြောနိုင်သလား ဆိုသော မေးခွန်းကလည်း ရှိနေသေးသည်။ ရှင်းရှင်းလင်းလင်း ပြောရလျင်တော့ လူထုကိုခေါင်းဆောင်ပြီး စစ်အစိုးရကို ဖြုတ်ချဖို့  စွမ်းဆောင်လာသူဆိုလျင် လူထုခေါင်းဆောင်အဖြစ် အသိအမှတ် ပြုရတော့မည်ဖြစ်သည်။ ယင်းမှာ နိုင်ငံတကာနိုင်ငံရေး ရေစီးကြောင်း သီအိုရီဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ ပြည်သူက ရွေးချယ်ခြင်းသာဖြစ်သည် မဟုတ်လား။
          စစ်အစိုးရသည် လူထုလှုပ်ရှားမူများကို အမြဲတမ်းစိုးရိမ်ထိပ်လန့် စွာ ကြည့်နေသည်။ အကယ်၍ လူထုကလမ်းပေါ်ထွက်လာလျင် စစ်အစိုးရက ပထမတွင် အခြေနေများကို စောင့်ကြည့်နေပြတတ်သည်။ သူတို့ ၏ ဦးတည်ချက်များမှာ မည်သို့ ရှိသည်။ မည်မျှ နိုင်ငံတကာဖိအား ပါနိုင်သည်ကအစ တွကိချက်ထားသည်။ သူတို့ ၏ တွက်ချက်မူပြီ်းသည်နှင့် ပွဲကိုကြမ်းတတ်ပြသည်။ လက်နက်အားကိုးနှင့် ပစ်ခတ်ပြလျင် သေဆုံးသူက သေဆုံးသွားရသည်။ လက်နက်မဲ့ ပြည်သူတွေမှာ သေနတ်နှင့် ပစ်ခတ်တော့ မိမိတို့  အသက်ဘေးအန္တရယ်ကို စိုးရိမ်၍ ထွက်ပြေးရတော့သည်။ သည်တော့ သပိတ်တိုက်ပွဲမှာ မျှားဦးကျိုးပြီး လူထုဆန္ဒပြပွဲက အဆုံးသတ်သွားသည်။ မကြာခင် ဆန္ဒပြပွဲကို ဦးဆောင်သူများအား လူဖမ်းပွဲလုပ်တော့သည်။ အုဋ်အရောရောကျောက်အရောရော ဖမ်းဆီးပြီး နှိပ်စက်တော့သည်။ ထောင်ချတော့သည်။ ယင်းသို့ အရေးအခင်းများကို ဖိနှိပ်သော စစ်အစိုးရသည် လမ်းပေါ်ထွက်လာသော အတိုက်အခံလူထုများကို အမြဲတမ်းအနိုင်ရခဲ့ သည်။ ယင်းမှာစစ်အစိုးရ၏ အဓိကရုမ်းနှိမ်နှင်းရေးလက်စွဲဖြစ်သည်။ စစ်အစိုးရ၏ ပုံသဏ္ဍန်ဖြစ်သည်။
     ယခုလူ့ အခွင့်အရေးကောင်စီမှ ချမှတ်ပေးလိုက်သော ဆုံးဖြတ်ချက်များမှာ ယင်းဖြစ်စဉ်များကို ကြိုတင်ကာကွယ်ထားသည်။ လူထုကလမ်းပေါ်ထွက်လာလျင် စစ်တပ်မှ မပစ်သတ်ရ ဆိုပြီး တားထားသည်။ ဤသည်မှာ လွပ်လွပ်စွာ ပြည်သူများ၏  ထုတ်ဖေါ်ခွင့်အာဏာကို ပေးထားခြင်းဖြစ်သည်။ သဘောက ပြည်သူလူထုမှာ မိမိတို့ သဘောဆန္ဒအတိုင်း ထုတ်ဖေါ်ခွင့်ရှိသည်။ ယင်းထုတ်ဖေါ်ခွင့်မှာ ပြည်သူလူထုက စစ်အစိုးရကို ဆင်းတော့ဟုလည်း ကြွေးကြော်နိုင်သည်။ အလိုမရှိဟုလည်း အော်ဟစ်နိုင်သည်။ စုရပ်ထားပြီး မိမိတို့ ၏ အတွေးးအခေါ်များကို ထုတ်ဖေါ်နိုင်သည်။ လူစုလူဝေးဖြင့် ထုတ်ဖေါ်နိုင်ခြင်းကို စစ်တပ်မှ မည်သို့ မျှမပစ်သတ်ရ။ ယင်းမှာ ယခုလူ့အခွင့်အရေးကောင်စီမှ ချမှတ်ပေးလိုက်သော စည်းကမ်းကလနားတွေ ဖြစ်သည်။ နိုင်ငံတကာဥပဒေဖြစ်သည်။ ဤဥပဒေကိုစစ်အစိုးရသည် လိုက်နာရမည်ဖြစ်သည်။ မလိုက်နာက တောင်စွယ်မှာ နေကွယ်သည်နှင့် ဘ၀နိနဂုံးချုပ်ငြိမ်းသွားရမည့် ကိန်းရောက်သွားနိုင်သည်။
         ကောင်းပြီ ။ ကျွန်တော်တို့ မှာ ကိုယ်ဖြစ်စေချင်သော စိတ်ဆန္ဒအတိုင်း ကောက်ချက်ဆွဲ ပြနေပြီး လက်နက်မဲ့  လူငယ်တွေကို လမ်းပေါ်ထွက်ခိုင်းနေသည် ။ တကယ်တမ်း လမ်းပေါ်ထွက်ပြီး မှ ပစ်ခတ်လျင် သေဆုံးကြရတော့မည်ကို တစက်မျှ မစဉ်းစားပေဘူးလားဟု စောဒကတက်နိုင်စရာရှိပါသည်။ ယင်းမှာ အင်မတန်တိကျသော မှန်ကန်သော မေးခွန်းဖြစ်သည်။ ကျွန်တော်တို့ မှာ နိုင်ငံခြားတွင်နေထိုင်ပြီး ပြည်တွင်းမှလူများကို သေတွင်းပို့ ခိုင်းနေသည်ဟု ပြောလျင်လည်း ခံရရုံမှတပါး အခြားပြောစရာမရှိ ။ သို့ သော် ယင်းသို့  လမ်းပေါ်ထွက်ပြီးမှ ပစ်သတ်လျင်ဆိုသောစကားကို ကျွန်တော်တို့  အလေးအနက် စဉ်းစားကြရပါလိမ့်မည်။ ဆွေးနွေးကြရပါလိမ့်မည်။ တိုင်ပင်ကြရပါလိမ့်မည်။ ထို့ကြောင့် ယင်းမေးခွန်းအပေါ်မှာ ကျွန်တော်တို့ က မည်ရွေ့ မည်မျ ဆောင်ရွက်နိုင်ကြမည်နည်းဆိုသော အဖြေကို ရှာကြဖို့ ဘဲ ရှိတော့သည်။  ယင်းအဖြေသည် အဓိကဖြစ်သည်။
         သည်တော့ ဘာများလုပ်ကြမှာလဲ ရဲဘော်တို့ ဟု မေးရတော့မည်ဖြစ်သည်။ ပြည်တွင်းက ပုဂ္ဂိုလ်ကြီးတွေက စစ်အစိုးရကို ပြောင်းလဲသွားစေချင်သည့် ဆန္ဒဖေါ်ပြနေကြသည်။ လူငယ်တွေကလည်း စုစုဝေးဝေးနှင့် ပြောကြဆိုကြ ၇ှိနေကြပြီ။ ပြည်ပကပုဂ္ဂိုလ်ကြီးများမှာ ဘာတွေများဖြစ်နေကြပြီင်္လဲ မပြောတတ်။ ဖွဲ့ ထားလိုက်သည့်အဖွဲ့ တွေ  ၊ နောက်ဆုံးပါလီမန်တွေတောင် ဖွဲ့ စည်းလိုက်ပြီးပြီ ။ ပြီးတော့ ပြည်ပရောက်အစိုးရကလည်း ရှိနေသေးသည်ဆိုတော့ ပြည်တွင်းကလူထုတွေ လမ်းပေါ်ထွက်ပြရင် ပိုးစိုးပက်စက်နှင့် သေကြေမည်လို့ တော့ မထင်ဟု တွေးမိမိသည်။ သို့ သော် ယင်းအတွေးသည် ခဏတာသာ ခံသည်။ တာရှည်တာများ မခံလိုက်ရသော ပုဂ္ဂိုလ်ကြီးများကို တွေးရသည်မှာ မိမိအချိန်ကို မိမိကပင် အပုပ်ခံလိုက်သလို ဖြစ်သွားသည်။ ထားပါလေတော့။ ရှိပါလေတော့။ ဒီမိုးဒီလူ ဒီလှေတွေ နှင့် သူတို့ ကို အဖက်လုပ်ပြီး စကားမပြောလိုတော့။
        ပြည်တွင်းက လူငယ်တွေက အကြမ်းမဖက်နိုင်ငံရေးနည်းဖြင့် ဆန္ဒပြကြတော့မည်ဖြစ်သည်။ သူတို့ ဆန္ဒပြကြလျင် စစ်အစိုးရ၏ လူမဆန်စွာ ပစ်သတ်ပြုမူမျိုးကို မခံရအောင် နိုင်ငံတကာအစိုးရများနှင့် ဆွေးနွေးထားရန်လိုပြီ။ လူ့ အခွင့်အရေးပုဂ္ဂိုလ်များနှင့် သေချာစွာ ဆွေးနွေးအဖြေရှာထားရန်လိုပြီ။ သေကြေကုန်ပြီးမှ စစ်အစိုးရမကောင်းကြောင်း ဝေဖန်ပြောမည့် ကာလမဟုတ် ။ ထို့ ကြောင့် ပြည်ပမှာရှိနှင့်ကုန်သော လူကြီးလူကောင်း ပုဂ္ဂိုလ်ကြီးများမှာ ယခုအချိန်တွင် ရှေ့မျက်နှာ နောက်ထား၍ တွေ့ ဆုံဆွေးနွေးရန် လုပ်ကြရတော့မည်။ သို့ မဟုတ်က ယခုအချိန်မှာ ဤပွဲကို လက်လွပ်ခံရတော့မည်ဖြစ်သည်။ ဒီမိုကရေစီတိုက်ပွဲအတွက် တခုနည်းသော နည်းမှာ လူထုညီညွတ်ရေးနည်းနှင့် ဦးတည်ချက်မှန်ကန်ရေးဖြစ်သည်။ ဦးတည်ချက်မှန်ကန်ရေးဆိုသည်မှာ စစ်အစိုးရ ပြုတ်ကျရေးဖြစ်သည်။ ကောင်းပြီ ၊စစ်အစိုးရပြုတ်ကျလျင် ဒီမိုကေ၇ရစီအရပ်သားအစိုးရ ဖွဲ့ ရမည်ကို သိထားနှင့်သည်။ အကြောင်းမှာ နိုင်ငံရေးလုပ်သည်ဆိုမှဖြင့် အာဏာလိုချင်၍ဖြစ်သည်။ နို်ုင်ငံရေးအာဏာ မလိုချင်ဟု ပြောသော နိုင်ငံရေးသမားမှာ လိမ်ညာသောသူသာဖြစ်သည်။
         ၁၉၈၈-ခုနှစ်ကာလက ၀န်ကြီးချုပ်ဟောင်းဦးနုက စင်ပြိုင်အစိုးရဖွဲ့ ခဲ့ သည်။ သေသည့်တိုင်အောင် ယင်းစင်ပြိုင်အစိုးရကို မဖျက်ခဲ့  ။ ခုလည်းဘဲ လူထုတွေက ဆန္ဒပြဖို့  လမ်းပေါ်ထွက်လာကြပြီ ဆိုလျင် အရပ်သားအစိုးရဖွဲ့ စည်းရေးကို ဦးတည်ဆန္ဒပြကြရမည်သာဖြစ်သည်။ သို့ မှသာ နိုင်ငံတကာမှ ယင်းအစိုးရအဖွဲ့ ကို ထိတွေ့ ဆက်ဆံလာလိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏နိုင်ငံရေးအခြအနေမှာ ယခုအချိန်တွင် ကမ္ဘာက မေ့လျော့နေသော နိုင်ငံရေးပြသနာ မဟုတ်။  တခုပ်တရ သတိထားနေသော ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် နိုင်ငံတခုဖြစ်ကြောင်း လူတိုင်းသိသည်။  ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရှိနေပြန်ရာ စစ်အစိုးရနှင့် ဒီမိုကရေးကို ပိုမိုသိနေကြပြီးဖြစ်သည်။ တခုတော့ရှိသည်။ တောင်အာဖရိကမှ နယ်လဆင်မင်ဒဲလားက သမတဖြစ်နေချိန် လူမဲလူငယ်တဦး လမ်းပေါ်မှာ သေဆုံးသွားရသည်။ ယင်းအခင်းဖြစ်ပွါးရာသို့  နယ်လဆင်မင်ဒဲလား၏ ပထမဇနီးဖြစ်ခဲ့ သူက ချက်ချင်း ရောက်ရှိလာပြီး သမတက ခုထက်ထိမရောက်သေးဘူးလား ဆိုကာ သမတနယ်လဆင်ကို ဝေဖန်သွားသည့်  အကြောင်းအရာကို အမှတ်ရနေမိသည်။
          ဆိုလိုသည်မှာ လူုတွေက လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေလျင် သူတို့ ၏ အသက်အိုးအိမ် ထိပါးခဲ့ လျင် နိုင်ငံရေးခေါင်းဆောင်များက သူတို့ အတွက် ရင်ဆိုင်ဖြေ၇ှင်းနိုင်ရမည်ဖြစ်သည်။ ပြည်ပမှာဆိုက ယင်ကဲံ့သို့  မဖြစ်ရအောင်ကြိုတင်စီစဉ်ပေးထား၍ရသည်။ သည်တော့ ညီသလားဟေ့လို့  သင်္ကြန်သံချပ်လို အတိုင်အဖေါက်ညီညီ သံချပ်ကလေးထိုးဖို့  လုပ်ကြရတော့မည်။ မစွန်းရင်းကလဲ ရှိ၊  ကဇွန်းရင်းကလဲ ငြိသော ပုဂ္ဂိုလ်တို့ အနေဖြင့် ယခုအချိန်မှာ ဇွဲသတ္တိတွေကို ထုတ်ပြကြပါတော့လို့  ပြောချိန်ရောက်နေပြီ။ အကြောင်းမှာ နအဖစစ်အစိုးရမှာ မပြေးသော် ကန်ရာရှိ ဖြစ်သွားမည်ကို သိလျက်နှင့် လက်ပိုက်ထိုင်နေလို့ ကတော့ နောက်ထပ်နှစ်ပေါင်း အများကြီးကြာမြင့်သွားနိုင်သည်။  အကယ်၍ လမ်းပေါ်ထွက်ပြီး ဆန္ဒပြလျင် မပစ်သတ်ဟု အာမခံပြောရဲသော သူတွေမှာ အနီးကလေးမှာရှိသည်။ ယင်းအနီးကလေးမှာ ရန်သူကိုတိုက်ခိုက်ဖို့  ယခုအချိန်တွင် အရေးကြီးသည်။ အရေးကြီး၍ သွေးစည်းခဲ့ ကြလျင် စစ်အစိုးရမှာ လုံးဝခံနိုင်မည်မဟုတ်။ အကြောင်းမှာ လွပ်လွပ်စွာ ထုတ်ဖေါ်နိုင်ဖို့  အတွက် နိုင်ငံတကာမှ မြန်မာနိုင်ငံသားတွေကို လိုင်စင်ချပေးလိုက်ပြီ။ အခွင့်အရေး မျက်နှာသာပေးလိုက်ပါပြီ။  ကဲ တို့ ခေတ်မှာ ဘာများမလုပ်နိုင်စရာ ၇ှိပါတော့နည်း။ ဒီအချိန် စစ်အစိုးရ မပြုတ်ဘဲ ခံနိုင်ရိုးလား လို့ ပြောရုံမှတပါး ။။။။    ။။။။။


ခိုင်အောင်ကျော် ( နယူးယောက် )
      

Thursday, March 10, 2011

ထားပိုက်ခချိုက်သူ

ထားပိုက်ခချိုက်သူ

ရခိုင်သမ  ချောချောလှလှ
ရခိုင်သူနန့် တွိရခင်ရ
ချိုက်ခင်ရ၏
တယောက်အကြောင်း တယောက်မသိ
ရခိုင်သူက အိမ်သူသက်ထား
ပေါင်းဖက်လားဖို့ ဆုံးဖြတ်ထားကာ
တနိန့်သောခါ ခိုးယူဖို့လား
သူမှမဟိန့် စိတ်ညစ်ပြန်လာ
နောက်တခါပြန်တွိ သူမိန်းကြည့်၏
ငါ့ကိုထားပြီး နောက်လူထံပါး
ဇာဖြိုက်လိုက်လား နင်ကားအရက်သမား
ကစ်စ်ပီးခါ နံစော်ပါ၏
အစိုဉ်ထာဝရ နံစော်ခံရ
ငါ့ဘ၀ကို အစော်မနံ
ချိုက်သူထံသို့ အပ်လိုက်ပါယာမောင်းမောင်။
---------------------------------------
ရခိုင်လူငယ်တိအရက်သောက်ခြင်းကြောင်းရခိုင်သမချေတိကရခိုင်ယောက်ကျားချေတိကိုမကြိုက်ဖြိုက်လာ
ကတ်စွာသည်အမျိုးသားရေးဆုံးယှုံးနစ်နာမှုတစ်ရပ်ဖြစ်ပါကြောင်း။

ကဗျာဆရာ
(ဘိုးလန်တောင်  ဘွားအောင် )
ဆုဘန်း

Wednesday, March 9, 2011

အရက်သမား ချစ်သူမဖြစ်လို

                   အရက်သမား ချစ်သူမဖြစ်လို

စင်္ကာပူနိုင်ငံ    ကျောင်းတက်ဖို့ လား
ရခိုင်သူနန့် ရခိုင်သားများ       ပညာလည်းစုံ
ကြင်ယာစုံဖို့      နှလုံးသားရေးရာ   
ဆွေးနွေးကာပြော     ရခိုင်သူကရခိုင်သားကို 
မကြိုက်ခြင်းက         အဇာကြောင်းလည်း?
ခင်ပွန်းလောင်မှာ     ဓနရူပါ ပညာပြည်စုံ
ရှိခဲတုံလည်း     စိတ်တိုင်းမကျ
တစ်ခုခုက        အရက်သမားဘဝ
အရက်သမားရလဒ်တီကား     တစ်ခွက်သောက်
သမာဓိရောက်      နှစ်ခွက်သောက်ကာ
စကားများလာ      သုံးခွက်သောက်ခါ
ပညာရှိစကား       အပြောများပြီး   
လေးခွက်သောက်သော်       ခွီးရူးလားသလို 
ယိုင်ဗျာလ်ပေါ်ပြီး             ငါးခွက်သောက်ခါ
ခြင်္သေ့စိတ်ပေါက်ကာ     လူတစ်ကာ ကိုဟိန်းလား
မော်ကြောကြောနန့်        မိတ်ဆွေချင်းချင်း
စကားများကာ ခေတ်ရန်ဖြစ်ပွါး    စိတ်ဝမ်းကွဲကာ
အဖုံဖုံအမျိုးမျိုး       ထိုးကတ်သတ်ကပ်
သေကြေပျက်စီးသူကား     မနည်းဗျာလ်
အရက်သမား ဘ၀      သာဓက ကိုပြရလျှင်လည်း
ဗာရာဏာသီပြည့်ရှင်    ဘုရင်ဗောဓိသာရ
တနေသောအခါ      စားတော်ပွဲမှာ
အသားဟင်းလျှာ ကို     ခွီးစားလား၍
နောက်ထပ်ဝယ်မရ      ထိုဒုက္ခကို  
ဘုရင်မထံပါး        အခစားဝင်ကာ
လှောက်တင်ပါသော်    ဘုရင်မက
ရင်နှစ်သည်းလျှာ      သားရတနာ ကို

ပွဲတော်တည်ခါနီး    ထိုအပ်ပီးလျှင်
ချစ်ဇောအဟုန်ဖြင့်    သားဟင်းအစုံကို
လျှစ်လျှူရူကာ        မေ့လျှောစေပါလိမ်မည်
စားတော်မှူး       ပွဲတော်တည်ခါနီး
ရင်နှစ်သည်းချာ    သားရတနာကို
ထိုအပ်ကာပီး   ယူကာဖွေ့ ဖက်
အချစ်မွန်းကာ    စားပွဲစုံရာကို 
ကြည်လိုက်သောအခါ   အသားဟင်းလျှာမပါ၍
ပေါင်ဖဲလက်ငင်    သားအရင်းကိုပင်
ကြမ်းပေါ်ပစ်ချ     လားချက်ကြလော 
ဤအသားဟင်းကို    ပွဲတော်တင်စေ 
ပြောလိုက်လေ၏      ယစ်မျိုးကြီးကာ
မြိန်ရေချက်ရေ     စားကောင်းလေ၏
စားပြီးအိပ်ပြီး      ယစ်မှူးပြေသော်
ချစ်လှစွာသော   သားရတနာကို
ပွေ့ ယူဖက်ကာ နန်းပါ၍    ခေါ်ကာလှမ်းတောင်း
မရှိကြောင်းပြော     အမှန်တရား
ဘုရင်သိလားခါ      သတိနောက်မှပြင်မရပါ
ရူးစာရင်စာ     ဖြစ်ရရှာပြီ
အရက်သမားဘ၀     မွန်းတည့်ချိန်မှာ
နီဝင်ရပြီ   အရက်ရှောင်လာ
သက်တမ်းစေ့  လူဘ၀ နိန်နိန့် ရမည်
နိန်ရမည်တည်း။

ကဗျာ ဆရာ
ဘိုးလန်တောင်..ဘွားအောင်
                   ဆုဘန်း