အရက်သမား ချစ်သူမဖြစ်လို
ပွဲတော်တည်ခါနီး ထိုအပ်ပီးလျှင်
စင်္ကာပူနိုင်ငံ ကျောင်းတက်ဖို့ လား
ရခိုင်သူနန့် ရခိုင်သားများ ပညာလည်းစုံ
ကြင်ယာစုံဖို့  နှလုံးသားရေးရာ
ဆွေးနွေးကာပြော ရခိုင်သူကရခိုင်သားကို
မကြိုက်ခြင်းက အဇာကြောင်းလည်း?
ခင်ပွန်းလောင်မှာ ဓနရူပါ ပညာပြည်စုံ
ရှိခဲတုံလည်း စိတ်တိုင်းမကျ
တစ်ခုခုက အရက်သမားဘဝ
အရက်သမားရလဒ်တီကား တစ်ခွက်သောက်
သမာဓိရောက် နှစ်ခွက်သောက်ကာ
စကားများလာ သုံးခွက်သောက်ခါ
ပညာရှိစကား အပြောများပြီး
လေးခွက်သောက်သော် ခွီးရူးလားသလို
ယိုင်ဗျာလ်ပေါ်ပြီး ငါးခွက်သောက်ခါ
ခြင်္သေ့စိတ်ပေါက်ကာ လူတစ်ကာ ကိုဟိန်းလား
မော်ကြောကြောနန့်  မိတ်ဆွေချင်းချင်း
စကားများကာ ခေတ်ရန်ဖြစ်ပွါး စိတ်ဝမ်းကွဲကာ
အဖုံဖုံအမျိုးမျိုး ထိုးကတ်သတ်ကပ်
သေကြေပျက်စီးသူကား မနည်းဗျာလ်
အရက်သမား ဘ၀ သာဓက ကိုပြရလျှင်လည်း
ဗာရာဏာသီပြည့်ရှင် ဘုရင်ဗောဓိသာရ
တနေသောအခါ စားတော်ပွဲမှာ
အသားဟင်းလျှာ ကို ခွီးစားလား၍
နောက်ထပ်ဝယ်မရ ထိုဒုက္ခကို
ဘုရင်မထံပါး အခစားဝင်ကာ
လှောက်တင်ပါသော် ဘုရင်မက
ရင်နှစ်သည်းလျှာ သားရတနာ ကို
ပွဲတော်တည်ခါနီး ထိုအပ်ပီးလျှင်
ချစ်ဇောအဟုန်ဖြင့် သားဟင်းအစုံကို
လျှစ်လျှူရူကာ မေ့လျှောစေပါလိမ်မည်
စားတော်မှူး ပွဲတော်တည်ခါနီး
ရင်နှစ်သည်းချာ သားရတနာကို
ထိုအပ်ကာပီး ယူကာဖွေ့ ဖက်
အချစ်မွန်းကာ စားပွဲစုံရာကို
ကြည်လိုက်သောအခါ အသားဟင်းလျှာမပါ၍
ပေါင်ဖဲလက်ငင် သားအရင်းကိုပင်
ကြမ်းပေါ်ပစ်ချ လားချက်ကြလော
ဤအသားဟင်းကို ပွဲတော်တင်စေ
ပြောလိုက်လေ၏ ယစ်မျိုးကြီးကာ
မြိန်ရေချက်ရေ စားကောင်းလေ၏
စားပြီးအိပ်ပြီး ယစ်မှူးပြေသော်
ချစ်လှစွာသော သားရတနာကို
ပွေ့ ယူဖက်ကာ နန်းပါ၍ ခေါ်ကာလှမ်းတောင်း
မရှိကြောင်းပြော အမှန်တရား
ဘုရင်သိလားခါ သတိနောက်မှပြင်မရပါ
ရူးစာရင်စာ ဖြစ်ရရှာပြီ
အရက်သမားဘ၀ မွန်းတည့်ချိန်မှာ
နီဝင်ရပြီ အရက်ရှောင်လာ
သက်တမ်းစေ့ လူဘ၀ နိန်နိန့် ရမည်
နိန်ရမည်တည်း။
ကဗျာ ဆရာ
ဘိုးလန်တောင်..ဘွားအောင်
ဆုဘန်း