Thursday, December 22, 2011

ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ရခိုင့်အောင်စည် FM Radio အသံလွင့်အစီအစိုင်များကို စတင်အသံလွင့်နီဗျာလ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ရခိုင့်အောင်စည်အမည်ရှိ FM Radio အသံလွင့် အစီအစဉ်တိကို ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ (၁၉) ရက်နိက စတင်အသံလွင့်နီယာဖြစ်ကြောင်း သတင်းရဟိပါရေ။ ယင်း ရခိုင့်အောင်စည် FM Radio အစီအစိုင်တိကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နိတိမှာ မြန်မာစံတော်ချိန် ၅ ချက်တီကနီ ၅ ချက်တီ ၄၅ မိနစ်အထိ တပတ်ကို (၃) ရက် ပုံမှန် အသံလွင့်ပြီးကေ ယင်းအစီအစိုင်တိကို FM 93 မီဂါဟတ်စ်က ဖမ်းယူနားဆင်နိုင်ရေလို့ သိရပါရေ။ ယင်း ရခိုင့်အောင်စည် FM Radio အစီအစိုင်တိနန့်ပတ်သတ်ပြီး တာဝန် ခံ ခိုင်ထွန်းအောင်က ရည်ရွယ်ချက်တိနန့် ပတ်သတ်ပြီး အဂုပိုင်ရှင်းပြပါရေ။ "ကျနော်ရို့ ရခိုင့်အောင်စည် FM Radio အစီအစိုင်တိလွင့်ရရေ ရည်ရွယ်ချက်က နံပါတ်(၁)က ရခိုင်ပြည်လွတ်မြောက်ရေးပါတီနန့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် အဓိက မဟာဗျူဟာ ရည်ရွယ်ချက်နန့် ဇာတိလုပ်နီရေဆိုရေအကြောင်းကို ပြည်သူတိ သိစီလိုပါေ၇။
နံပါတ် (၂) က ရခိုင်ပြည်သူတိ အောက်သားကျွန်ဘ၀ ကျရောက်နီရေဆိုရေအတွက် ဒုက္ခဆင်းရဲတွင်းမှာနစ်နီရရေဆိုရေအကြောင်းကို ရခိုင်ပြည်သူတိ ကွက်ကွက် ကင်းကင်း မြင်စီလိုပါေ၇။
နံပါတ် (၃) က ရခိုင်ပြည်လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လိုသည့် မျိုးချစ် လူငယ်များကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့်တပ်မတော်က အမြဲတမ်းကြိုဆိုနီရေ ဆိုရေ အကြောင်းကို သိစီလိုပါေ၇။
နောက်ဆုံး နံပါတ် (၄) အချက်ကတော့ ရခိုင်ပြည်သူများကို နိုင်ငံရေး၊စီးပွါးရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စရေ အထွေထွေဗဟုသုတတိ တိုးပွါးစီချင်စွာတိက အဓိကဖြစ်ပါ ရေ ‘ လို့  တာဝန်ခံခိုင်ထွန်းအောင်က ပြောပါရေ။
“ FM Radio အသံလိုင်းစွာ SW လိုင်းနန့် မတူပါ။ အသံလိုင်းစွာ ကီလိုမီတာအလိုက် လားရေအတွက် ကျနော်ရို့  လွင့်နီရေ ရခိုင့်အောင်စည် အသံလွင့်အစီအစိုင်တိကို ရခိုင်ပြည်ဇာမြို့ နယ်တိက နားထောင်လို့ ရရေဆိုစွာကိုတော့ ကျနော်ရို့ စုံစမ်းတုန်းပါ” လို့ တာဝန်ခံက ဆက်ပြောလားပါရေ။ အဂုလက်ဟိ ရခိုင့်အောင်စည်အသံလွင့်ဌာနက လွင့်နီရေ အစီအစိုင်တိမှာ ရခိုင်သခြင်း များ၊ ဆောင်းပါး၊ ကြော်ငြာ၊ ကဗျာ များဖြစ်ပြီးကေ နောက်ထပ် အစီအစိုင်တိ အများကြီးတိုး လားမည်လို့ လည်း သိဟိရပါရေ။
သတင်းနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ရခိုင်ပြည်