Saturday, October 9, 2010

ရခိုင်ပြည် မှာမုန်းတိုင်တိုက်ခတ်

ဒီလိုင်းလုံးများတက်လာသဖြင့် ငမန်းရဲကျွန်းမှ ရွာသားများ အသက်လု ထွက်ပြေးခဲ့ရ


10/8/2010
Adjust font size:  

Arakan-state-Mray-Bon-city-water-flood အောက်တိုဘာလ ၇ ရက်နေ့က မြေပုံမြို့လမ်းများ၊ ရပ်ကွက်များကို ရေနစ်နေစဉ်
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲကျွန်းတွင် မုန်တိုင်းနှင့် အတူ ဒီရေ လိုင်းလုံးကြီးများ တက်လာသဖြင့် ကျွန်းပေါ်တွင် ရှိနေသော ကျေးရွာသားများမှာ သူတို့ နေထိုင်ရာ ကျေးရွာများကို စွန့်ခွာပြီ မြေပုံမြို့သို့ လှေများဖြင့် အသက်လု ထွက်ပြေးခဲ့ရသည်ဟု သတင်း ရရှိသည်။

အောက်တိုဘာလ ၇ ရက်နေ့က စတင်ပြီး ရာသီ ဥတု ဖေါက်ပြန်လာပြီးနောက် လေပြင်းများတိုက်ခတ်လာကာ ဒီရေလိုင်းလုံးကြီးများပါ တက်လာသဖြင့် ငမန်းရဲကျွန်းတွင် ကျေးရွာ အများအပြားကို ရေနစ်သွားခဲ့သည်ဟု သိရသည်။

ယခုအခါ အဆိုပါ ကျွန်းပေါ်မှ ကျေးရွာသားများမှာ မြေပုံ မြို့ပေါ်တွင် ခိုလုံနေကြသည်ဟု မြေပုံ မြို့ခံများက ပြောသည်။

၁၉၆၇ ခုနှစ်မေလ အတွင်းက တိုက်ခတ်သွားခဲ့သော မုန်တိုင်းကြောင့် ဒီရေလိုင်းများ တက်လာသဖြင့် ငမန်းရဲကျွန်းတွင် လူပေါင်း ၅၀၀၀ ခန့် သေဆုံးခဲ့ကြောင်း ဦးကျော်မြသာက ပြောသည်။
Arakan-state-Mray-Bon-city-water-flood အောက်တိုဘာလ ၇ ရက်နေ့က မြေပုံမြို့လမ်းများ၊ ရပ်ကွက်များကို ရေနစ်နေစဉ်
အလားတူ မြေပုံမြို့နယ်ရှိ င/ရှီပြင်၊ လောင်းဒရိတ်၊ င/မန်းရဲကျွန်း၊ ကြက်ရေကျွန်း၊လွန်းလုံးပိုက်နှင့် ပင်လယ် ကမ်းခြေ တလျောက်ရှိ ကျေးရွာမှ ကျေးရွာသားများလည်း မုန်တိုင်နှင့် အတူ ဒီရေ လိုင်းများ မြင့်တက် လာမူကြောင့် မြေပုံမြို့သို့ ထွက်ပြေး ခိုလုံနေကြသည်ဟု ပြောသည်။

မြေပုံ မြို့ခံ တစ်ဦးက “ သူတို့ကို အခု စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပါတယ်။ လူပေါင်း ထောင်ချီပြီး ရှိမယ်ထင်ပါတယ်။ တိတိကျကျ မပြောနိုင်သေးဘူး” ဟု ပြောသည်။

မြေပုံမြို့တွင်လည်း ရေတက်လာသဖြင့် အဓိက လမ်းများကို ရေလွှမ်းနေပြီး မြေနိမ့်ပိုင်းရပ်ကွက်မှ အိမ်များကို ရေ ၄ ပေကျော်ထိ နစ်နေကြောင်း သိရသည်။

မုန်တိုင်းနှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီရေလိုင်းများ တက်လာသဖြင့် တာတမံ အများအပြား ကျိုးပေါက်သွားသဖြင့် လယ်ယာမြေ အမြောက်အများ ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------