ကိုသာဒိန် လပျိုဘဝက မှတ်မှတ်ရရ လူတယောက်နန့် တွိဖူးရေ။
တရက်နိန့် ခင်နန့် ချိန်းထားရေ လဖက်ရည်ဆိုင်မှာ ရောက်နိန်စွာ အချိန် တနာရီလောက် ကြာနိန်ဗျာလ်။ ခင်က ရောက်မလာသိမ့်။ ဇာနှစ်နာရီ ရှိဗျာလ်လဲလို့ နာရီကို ကြည့်လိုက်ခါမှ နာရီက ပတ်လို့ မပါလာ။ ယင်းပိုင်နန့် ဘေးခုံက အခင်ကြီး တယောက်ကို လှည့်ပနာ"ဇာနှစ်နာရီ ရှိပါဗျာလ်လဲ၊ အခင်။" လို့ မိန်းမိရေ။
ယင်း အခင်ကြီးက ကိုသာဒိန်ကို တချက် ကြည့်ပနာ "မပြောနိုင် ဝေး။" လို့ ပြန်ပြောလိုက်တေ။
ကိုသာဒိန်လည်း ကကောင်း အံ့သြလားပနာ "ဇာဖြစ်လို့ပါလဲ၊ အခင်။ အချိန်ကို တခေါက် ပြောလိုက်စွာနန့် အခင့်အတွက် ဇာနစ်နာလားပါဖို့လဲ။" လို့ ပြုံးပနာ ပြန်ပြောလိုက်တေ။"ဇာပြောရေ ဝေ။ ဇာနစ်နာလားဖို့လဲ၊ ဟုတ်လာ။ နစ်နာစရာ ရှိလို့ မပြောစွာ ဝေး။""အချိန်ကို တခေါက် ပြောစွာနန့်ပင် ဇာနစ်နာလားပါဖို့လဲ၊ အခင်။""အဝေး၊ ငါက အချိန်ကို ပြောလိုက်စွာနန့် မင်းက ငါနန့် ရရင်းနှနှီး စကားပြောချင်လာဖို့။ ဟုတ်တေ မလား။""ဖြစ်နိုင်ပါရေ အခင်။"
"အေး၊ ရင်းနှီးဗျာလ်ဆိုစွာနန့် မင်း ငါ့အိမ်ကို အလည်လာချင်လာဖို့၊ ဟုတ်တေမလား။"ကိုသာဒိန် လည်း အံ့သြစိတ်ကို မမျိုသိပ်နိုင်ဘဲ "ဟုတ်ပါရေ၊ အခင်။" လို့ သံယောင်လိုက်ပနာ ထောက်ခံ လိုက်တေ။" ငါကလည်း ကိုယ့် အိမ်ကို လာရေ အာဂန္တုဆိုပနာ လဖက်ရည်ချေယချေ တိုက်မိဖို့။"
"ဖြစ်နိုင်ပါရေ၊ အခင်။""လဖက်ရည် သောက်ပြီးစွာနန့် လဖက်ရည် လာချပီးရေ ငါ့သမီးကို လဖက်ရည် ကောင်း ကောင်းပါရေလို့ ပြောပနာ၊ မင်း ငမ်းချင်လာဖို့။" "အင်း ဖြစ်နိုင်ပါရေ၊ အခင်။"
"ယင်းပိုင်နန့် ငါ့သမီးနန့် ရင်းနှီးမှု ရှာပနာ၊ မင်း ငါ့သမီးကို ထိုခေါ်၊ ဒေခေါ် လုပ်လာဖို့။"
"အေဟင့်လည်း လူငယ်တိ သဘာဝအရ ဖြစ်နိုင်ပါရေ၊ အခင်။""ငါ့ သမီးကလည်း မင်း မလာကေ၊ ထိုယောင်၊ ဒေယောင်နန့် မျှော်တတ်လာဖို့။""မမ သဘာဝပါရာမလား။ ဖြစ်နိုင်ပါရေ။"
"နောက်ဆုံးမှာ တယောက်ကို တယောက် မတွိရ မမြင်ရကေ မနိန်နိုင်၊ မထိုင်နိုင် ဖြစ်လာကတ်ပနာ၊ ငါ့ဘားမှာ အခင့်သမီးကို ကျွန်တော် လက်ထပ်ပါရဇီလို့ မင်း လာတောင်းလာဖို့။"ကိုသာဒိန်လည်း အေတခါ မအောင့်နိုင်ဘဲ ရယ်လိုက်ပနာ "ဟုတ်ပါရေ၊ အခင်။ ကကောင်း ဖြစ်နိုင်ပါရေ။" လို့ ထောက်ခံ လိုက်ပါရေ။
ယင်းခါ အခင်ကြီးက ထိုင်နိန်ရေ ခွီးပုခုံချေက ထလိုက်ပနာ "လချိုင်၊ မင်းပိုင် နာရီချေ တလုံးတောင် မပိုင်ရေ ကောင်နန့် ငါ့သမီးကို သဘောတူရဖို့လား၊ ဝေး။" လို့ ပြောပနာ ကိုသာဒိန်နားက သသွက်ချေ ထွက်လားခလီပါယင့်။
စံဂိုးအောင်