Wednesday, December 22, 2010

သမိုင်းကိုပျောက်အောင် မဖျောက်မိကြဖို့  လိုအပ်

သမိုင်းကိုပျောက်အောင် မဖျောက်မိကြဖို့  လိုတယ်  

Wednesday, December 8, 2010


လူမျိုးတိုင်းမှာ သမိုင်းရှိသည်။ မဖေါ်ပြလို၍ မရေးသားကြခြင်းနှင့် မလိုအပ်၍ မရေးသားပေးကြခြင်းမျိုး။ ယခုတလောဖတ်နေရသော ဆောင်းပါးများတွင် လူမျိုးနှင့် ပါတ်သက်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် ပါတ်သက်သောဆောင်းပါးများကို ဖတ်ကြငြင်းကြ ပြောနေကြသည်။ အမှားတွေကို တွေ့ နေရတော့ ပြောကြဆိုကြပေလိမ့်မည်။ စင်စစ်အားဖြင့် ကျွန်တော်ပင်လျင် ဤအကြောင်းကို ၀င်၍မဆွေးနွေးချင်။ သို့ သော် နောင်လာနောက်သားတွေ၊မျိုးဆက်သစ်တွေက သမိုင်းကိုပျောက်အောင်ဖျောက်အောင်ကြိုးစားမူများအား ရော၍မပါဝင်စေလိုခြင်းကြောင့် ဆွေးနွေးရေးသားလိုက်ရခြင်းဖြစ်သည်။ အဓိကအကြောင်းမှာ စာများရေးသားကြလျှင် ဆင်ခြင်သတိထားကြဖို့ လိုနေကြောင်း ပြောလို၍ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ခေါ်ဆိုခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံခေါ်ဆိုခြင်းမှာ ဗမာတိုင်းရင်းသားလူမျိုးများက အခြားသောလူမျိုးများကို နယ်ချဲ့ ကိုလိုနီပြုကာ လက်နက်အားကိုးဖြင့် အုပ်ချုပ်နေသော နိုင်ငံကို ခေါ်ဆိုခြင်းဖြစ်သည်။ ပကတိမျက်မှောက်ကာလတွင်
နယ်ချဲ့ အုပ်ချုပ်သူ ဗမာစစ်အာဏာရှင်တို့ သည် အခြားသောလူမျိုးများအား တိုင်းရင်းသားလူမျိုးများဟု ခေါ်ဝေါ်သတ်မှတ်ပြီး သူတို့ လူမျိုးကိုမူ ဗမာလူမျိုးဟု ခေါ်ဆိုသတ်မှတ်ထားကြသည်။ ယင်းဌါနေတွင် နေထိုင်ပါလျက် ဗမာလူမျိုးများမှာ မည်သည့်အတွက်ကြောင့် ဗမာတိုင်းရင်းသားလူမျိုးဖြစ်သည်ဟု ဗမာဆောင်းပါးရှင်များက မရေးသားကြသနည်းမသိ။ ယင်းမှာအခြား လူမျိုးများအနေဖြင့် စိတ်ကိုနာကျည်းစေခြင်းဖြစ်သည်။ အကယ်၍ဗမာတိုင်းရင်းသားလူမျိုးများဟုသာ ရေးသားနေကြသည်ဆိုလျှင် အခြားတိုင်းရင်းသားလူမျိုးများဟု ပြောဆိုခံနေကြရသောလူမျိုးများက ယင်းနိုင်ငံကို လက်ခံနားလည် ခွင့်လွှတ်နိုင်ကြမည်ထင်ရသည်။ နယ်ချဲ့ ကိုလိုနီပြုကာ လက်နက်အားကိုးဖြင့် အုပ်ချုပ်သောနိုင်ငံဟု ခေါ်ဆိုရခြင်းမှာလည်း သမိုင်းကိုသတိရစေလို၍ ထောက်ပြခြင်းဖြစ်သည်။ ဤနေရာ၌ ရခိုင်လူမျိုးများသည် ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့ ကြသော သီးခြားလူမျိုးဖြစ်သည်။ AD ၆ ရာစုခန့် ကပင် ယခုရေးသားနေကြသော ကကြီးခခွေး ဗျည်း ၃၃ လုံးကို ရေးသားသုံးစွဲံနေကြသော လူမျိုးဖြစ်သည်။ ဝေသာလီကျောက်စာ ၊ အာနန္ဒစန္ဒြကျောက်စာ ၊ ရှေးဟောင်းငွေဒင်္ဂါးတို့ မှာ ယင်းခေတ်ကပင် ရခိုင်လူမျိုးတို့  သုံးစွဲနေကြပြီဖြစ်သည်။ သက္ကရာဇ် ၁ရ၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် ရခိုင်ထီးနန်းကို ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခဲ့သူမှာ ဗမာဘုရင် မောင်ဝိုင်းဖြစ်သည်။ ရခိုင်လူမျိုးပေါင်း နှစ်သိန်းကျော်အသတ်ခံရသည်။ တချို့  ဘင်္ဂလာေးဒ့ရှ်နိုင်ငံဘက်သို့  ထွက်ပြေးတိမ်းရှောင်ရသည်။ တချို့ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ရခိုင်ရှင်ဘုရင် ထီးနန်းစိုက်ရာမြို့တော်ဖြစ်သော မြောက်ဦးရှိ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးမြို့ သို့  ရခိုင်အကျဉ်းသားများအား ဆောင်ယူခိုင်းခဲ့သည်။ စေတီဘုရားပုထိုးများမှ ရရှိသောကြေးစည်သံမောင်းများဖြင့် မင်းကွန်းခေါင်းလောင်းကို ပြုလုပ်ခဲ့သည်။ ရခိုင်လူမျိုးတို့ ၏ ယဉ်ကျေးမူမှာ အိန္ဒိယနိုင်ငံမှ ဆင်းသက်သည်။ ဗုဒ္ဒမြတ်စွာဘုရားရှင်သည် သက္ကရာဇစ် ၁၂၃ ခုနှစ်တွင် ရခိုင်ရှင်ဘုရင် မဟာစန္ဒသုရိယမင်းက ဖိတ်ကြား၍ ရခိုင်ပြည်မြောက်ဦးမြို့ တော်သို့  ကြွရောက်လာခဲ့သည်။ အေဒီ ၄ ရာစုမှပင် ရခိုင်လူမျိုးတို့ မှာ စာပေယဉ်ကျေးမူ နှင့် ဗုဒ္ဒဘာသာအယူဝါဒထွန်းကားနေခဲ့ ပြီးဖြစ်သည်။ ထို့ ကြောင့် ယခုရေးနေသော ကကြီးခခွေးဗျည်း စာပေမှာ ရခိုင်လူမျိုးတို့ ၏ စာပေသာဖြစ်သည်။ ဤစာမှာ ရခိုင်စာသာဖြစ်သည်။ ရခိုင်လူမျိုးတို့ တွင် ရှေးခေတ်ရခိုင်စာဆိုတော်များစွာရှိသည်။ ရတုရကန်အဲအန် သာခြင်းများကို စပ်ဆိုခဲ့ ကြကုန်သော စာဆိုတော်များမှာ လွန်စွာရှိသည်။ ထို့ ကြောင့် ယခုရေးနေသောစာပေကို ဗမာစာ ဖြစ်သည်ဆိုပြီး ပြောဆိုရေးသားနေမူမျိုးကို ရခိုင်လူမျိုးတို့ သည် အမှတ်တကယ်ပင် ရီမောကြသည်။ အဘယ့်ကြောင့်ဆိုသော် ရခိုင်လူမျိုးတို့ မှာ စာပေသမိုင်းရှိနေကြ၍ဖြစ်သည်။

ဗမာတိုင်းရင်းသားလူမျိုးတို့ ထံသို့  ဗုဒ္ဒဘာသာရောက်ရှိလာခြင်း

ဗမာတိုင်းရင်းသားလူမျိုးတို့ မှာ ယင်းအချိန်က ယခုအချိန်ကဲ့သို့  သီးခြားဗမာလူမျိုးဟူ၍ မခေါ်ဆိုသေး။ သူတို့ ထံသို့  သီဟိုဋ်နိုင်ငံမှသာ ဗုဒ္ဒဘာသာယဉ်ကျေးမူ ရောက်ရှိလာခြင်းဖြစ်သည်။ အေဒီ ၁၄ ရာစုနှစ်မှာမှ ဗုဒ္ဒဘာသာရောက်ရှိလာရာ စာပေယဉ်ကျေးမူမှာ ရခိုင်လူမျိုးများထက် လွန်စွာနောက်ကျမှရောက်ရှိခြင်းဖြစ်သည်။ ရခိုင်လူမျိုးတို့ ၏ ဗုဒ္ဒဘာသာကိုးကွယ်မူမှာ မြတ်စွာဘုရားရှင် ရောက်ရှိလာပြီးနောက် ကိုးကွယ်ခြင်းဖြစ်ရာ အိန္ဒိယမှ ရောက်ရှိလာသော ဗုဒ္ဒဘာသာယဉ်ကျေးမူဖြစ်သည်။ ထို့ ကြောင့်ရခိုင်လူမျိုးနှင့် အိန္ဒိယနိုင်ငံသည် ယဉ်ကျေးမူဓလေ့ထုံးစံများ ရိုက်ခတ်စီးဆင်းနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝေသာလီကျေက်စာနှင့် အခြားသောမရေမတွက်နိုင်သော ကျောက်စာများ စာပေရေးသားမူများမှာ အိန္ဒိယနိုင်ငံရှိ ကျောက်စာများတွင် ရေးထိုးထားသော စာပေမျိုးနှင့် တူညီနေသည်။ ယင်းဗုဒ္ဒဘာသာကို ရခိုင်လူမျိုးစုများသည် ယုံကြည်စွာဖြင့် ကိုးကွယ်ကြသည်။ ရခိုင်လူမျိုးစုတို့ တွင် ရခိုင်လူမျိုးစု၊ သက်လူမျိုးစု ကမန်လူမျိုးစု၊မြိုလူမျိုးစု၊သက်လူမျိုးစု ၊မရမာလူမျိုးစု၊ဒိုင်းနက်လူမျိုးစု များဟူ၍ရှိသည်။ ယင်းလူမျိုးစုများမှာ ရှေးနှစ်ပေါင်းပဝေသဏီကပင် ယခုအချိန်ထိ ရခိုင်လူမျိုးစုနွယ်များအဖြစ် မှီတင်းနေထိုင်ကြသည်။ ရခိုင်လူမျိုးစုဖြစ်သော မရာမာကြီးလူမျိုးသည် .ခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ရှိနေသလို ရခိုင်ပြည်အနှံ့တွင်လည်း ရှိနေကြသည်။ အိန္ဒိယစာပေများနှင့် ရခိုင်သမိုင်းစာပေဆိုင်ရာစာပေများတွင် မရမာကြီးလူမျိုးများဟု သုံးနှုံးခေါ်ဝေါ်ခြင်းကို ဘရမာဒေ့ရှ် တနည်းအားဖြင့် ဗမာလူမျိုးပါဟု ပြောဆိုရေးသားမူမှာ မည်သို့ မျှ အဓိပ္ပါယ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ရခိုင်လူမျိုးများနှင့် အိန္ဒိယနိုင်ငံယဉ်ကျေးမူသည်သာ ဆက်စက်မူရှိနေခဲ့ပြီး ဗမာလူမျိုးများသမိုင်းတွင် ယင်းသို့ ခိုင်ခန့် သော သမိုင်းအချက်အလက်မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဒဘာသာကို စတင်ကိုးကွယ်မူနှင့် ကကြီးခခွေးကို စတင်သုံးစွဲသော ရခိုင်လူမျိုးများ၏ စာသည်သာ ယနေ့ သုံးစွဲနေသော စာပေဖြစ်သည်။ နောက်တချက်မှာ ၁ရ၈၄ ခုနှစ်တွင် ရခိုင်လူမျိုးတို့ ၏ စာဆိုတော်များ ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယင်းကမှတဆင့် ရခိုင်စာပေများကို သင်ကြားခဲ့ကြသောကြောင့် တဖြေးဖြေးနှင့် ကာလရွေ့ လျောလာပြီး ပေထက်အက္ခရာဖြစ်လာကြခြင်းဖြစ်သည်။ ယင်းကြောင့်လည်း ရခိုင်လူမျိုးတို့ မှာ ဤစာသည် ရခိုင်စာဟု သံသယကင်းစွာ ယုံကြည်လက်ခံကြသည်။

မျက်မှောက်ကာလ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်လိုကြမူ

ယခုတလော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် ဒုတိယပင်လုံညီလာခံအရေးတွေ ဆွေးနွေးရေးသားကြသည်။ ဤအခါမိမိတို့ လိုရာ ဆွဲပြီးရေးသားနေကြသည်ကို တွေ့ မြင်ရသည်။ သမိုင်းကိုမသိဘဲ လိုရာကိုကောက်ချက်ချကာ ရေးသားနေကြသည်ကို ၀မ်းနည်းဘွယ်တွေ့ မြင်ရသည်။ စောစောကပြောခဲ့သလို ရခိုင်လူမျိုးတို့ မှာ ထီးမွေနန်းမွေပျောက်ကာ လူမျိုးပေါင်း သိန်းနှင့်ချီကာ အသတ်ခံခဲ့ရသည်။ နိုင်ငံလည်းပျောက်ခဲ့ ကြရသည်။ သက္ကရာစ် ၈၁၆ ခုနှစ်တွင် ရခိုင်ရှင်ဘုရင် မင်းခရီနှင့် အင်းဝဘုရင် တို့ ရခိုင်ရိုးမတောင်( ဖိုးခေါင်တောင် ) တွင် နှစ်နိုင်ငံစာချုပ်ဆိုခဲ့ ကြသည်။ ဖိုးခေါင်တောင်၏ အရှေ့ဖက်ကို အ၀ဘုရင်နိုင်ငံပိုင်သည်ဆိုပြီး အနောက်ဖက်ကို ရခိုင်နိုင်ငံတော်၏ အချုပ်အချာ အာဏာပိုင်နိုင်ငံဟု ခေါ်ဝေါ်သတ်မှတ်အသိအမှတ်ပြုခဲ့ကြသည်။ ယင်းနေ့ မှာ ( အေဒီ - ၁၄၅၄ ခနှစ် - သက္ကရဇစ် - ၈၁၆ ခု၊ တန်းခူးလဆန်း - ၆ - ရက်- တနင်းလာနေ့  ဖြစ်သည်) ။ ရခိုင်နိုင်ငံတော်သည် ယင်းအချိန်မှပင် ရခိုင်လူမျိုးတို့ ၏ နိုင်ငံတော်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့သည်။ ရခိုင်ရှင်ဘုရင်လက်ထက်က ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ အထိ ပိုင်ဆိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံရှိ မဂိုဘုရင်တို့ နှင့်၎င်း၊ မူဆလင်ဘုရင်တို့ နှင့်၎င်း မကြာခဏစစ်မက်ဖြစ်ပွါးခဲ့ရသည်။ စီးပွါးရေးတွက် နိုင်ငံတကာနှင့် ရေလမ်းခရီးဖြင့် ကူးသန်းသွားလာဖေါက်ကားခဲ့ကြသည်။ ပေါတူဂီ။ဒက်ခ်ျ၊ပြင်သစ်၊ တို့ နှင့် စီးပွါးရေးအထူးကောင်းမွန်ခဲ့သည်
မြောက်ဦးဘုရင် မဟာသမတရာဇါမင်းလက်ထက်တွင် ဗမာဘုရင်မောင်ဝိုင်းက မကြေညာသောစစ်ကို ကျူးကျော်ပြီး စစ်တိုက်သည်။ ထို့ကြောင့် ရခိုင်ထီးနန်း နှင့် ရခိုင်နိုင်ငံတော်ကျဆုံးခဲ့ရသည်။ ယင်းနေ့ မှာ ၁ရ၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ဖြစ်သည်။ ယင်းသို့ ရခိုင်အချုပ်အချာနိုင်ငံတော်ကျဆုံးခဲ့ရသော်လည်း ယင်းနေ့ အလွန် ဇန္န၀ါရီလ ၁ ရက်နေ့ ကပင် ရခိုင်လူမျိုးတိ့ သည် မိမိတို့ ၏ဆုံးရှုံးသွားသော ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိစေဖို့  တော်လှန်ရေးကို စတင်ဆင်နွဲသည်။ ယခုအချိန်ထိ ရခိုင်လူမျိုးတို့ သည် ရခိုင်ပြည်လွပ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲလျက်ပင်ရှိနေဆဲဖြစ်သည်။ ရခိုင်နိုင်ငံတော်ကို ပြန်လည်မရသမျှလက်နက်ကိုင်တော်လှန်ရေးက ဆက်လက်ရှိနေအုံးမည်ဖြစ်သည်။ ဤသည်မှာ ရခိုင်လူမျိုးတို့ ၏ စစ်မှန်သော တရားသော အမှန်တရားပင်ဖြစ်သည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းပိုင်ခွင့်အရေးမရှိလျှင် ခွဲထွက်ပိုင်ခွင့် ရှိရမည့် အခြေအနေ

ကောင်းပါပြီ။ ယခုတင်ပြသောရခိုင်လူမျိုးတို့ ၏ သမိုင်းကို မျက်စိမှိတ်လက်မခံလျှင်လည်း အကြောင်းမဟုတ်၊ ဗမာတိုင်းရင်းသားလူမျိုးတို့ သည် ရခိုင်လူမျိုးတို့ ၏ ဤသီးခြားသမိုင်းအခြေအနေကို မည်သို့ မျှ မမေ့လျော့မိကြစေရန်သာ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် ရေးနေကြသော ဗမာဆောင်းပါးရှင်များက စစ်အစိုးရသတင်းစာများမှ အလိုတော်ရိဆောင်းပါးရှင်များထက် ပိုမိုရေးသားနေမူများက များပြားနေကြသောကြောင့်ဖြစ်သည်။ ဤနေရာ၌ လူ့ အခွင့်အရေးအခြေခံအချက် ( ၃၀ ) တွင် ပုဒ်မကြီးဖြင့် သေသေချာချာဖေးပြထားမူတချက်ရှိနေသည်။ ယင်းမှာ လူမျိုးတမျိုးကို လူမျိုးတမျိုးက ကိုလိုနီအဖြစ် မအုပ်ချုပ်ရ။ မကျူးကျော်ရ။ ဆိုသောအပိုဒ်ပါရှိနေသည်။ သည်တော့ ရခိုင်လူမျိုး တို့ မှာ လူအခွင့်အရေးအခြေခံဥပဒေကို မခံစားရသော လူမျိုး တမျိုးဖြစ်နေသည်ကို သိနားလည်ရပေလိမ့်မည်။ မှန်ပါသည်။ ရခိုင်လူမျိုးတို့ သည် ဗမာနယ်ချဲ့ ကိုလိုနီအဖြစ် နေရသောကျွန်လူမျိုးဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ယင်းကျွန်ဘ၀မှလွပ်မြောက်ရေးအတွက် ရခိုင်လူမျိုးတို့ က လက်နက်ကိုင်တော်လှန်ရေးဆင်နွဲနေသည်မှာလည်း ပကတိမျက်မှောက်ကာလမှာ ရှိနေဆဲဖြစ်သည်။
အခြားတဖက်မှာ ဗမာလူမျိုးနယ်ချဲ့ စစ်အာဏာရှင်အုပ်စိုးထားသော ဤနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်လိုကြသည်ဟုလည်း ပြည်ပရောက်ဆောင်းပါးရှင်များ၊ ပြည်ပရောက်အဖွဲ့ အစည်းများက အမြဲပြောဆိုနေကြသည်ကို တွေ့ ရသည်။ တချိန်တည်းမှာ စစ်အစိုးရက မကြိုက်မှာစိုး၍ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို မပြောဆိုတော့၊ စွန့် လွှတ်လိုက်ကြပါပြီဟု ရေးသားပြောဆိုနေကြသည်။ စစ်အစိုးရက မကြိုက်၍ ခွဲထွက်လိုခွင့်ကို အနာဂါတ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံမှာ ရေးမထည့်ထားပါဟု ဖွဲစည်းအုပ်ချုပ်ပုအခြေခံဥပဒေရေးဆွဲရေးဥက္ကဌဖြစ်သူက ကျွန်တော့်အား ပြောဆိုခဲ့သည်။ သို့ သော် ကျွန်တော်ရေးသားသော အနာဂါတ်ဓည၀တီရခိုင်ပြည်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေဒေ( မူကြမ်း ) တွင် ယခုလို ရေးသားဖေါ်ပြထားရှိသည်။ ( ပုဒ်မ-၁၁- (က ) တန်းတူရေးနှင့် ခွဲထွက်ခွင့်--ရခိုင်ပြည်တွင် နိုင်ငံရေးနင့် ခွဲထွက်ခွင့်မရှိသည်အတွက်နှင့်၎င်း၊ အခြားသောတိုင်းရင်းသားလူမျိုးများနှင့် ညီတူညီမျ အကျိုးခံစားပိုင်ခွင့်င့်ရှိသည်၎င်း၊ အကယ်၍ယူဆလျင် ရခိုင်ပြည်သည် ဗဟိုအစိုးရနှင့်၎င်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့်၎င်း၊ ပထမအကြိမ်ပြည်သူ့ လွှတ်တော် သက်တမ်း- ၄ -နှစ်ကျော်လျင် ခွဲထွက်ပိုင်ခွင့်ရှိသည်။ ( ခ ) ဤဥပဒေပုဒ်မ-၁၁ (က ) အရ ဖက်ဒရယ်ပြည်ထောင်စုမြန်ာမနိုင်ငံမှ ခွဲထွက်ခွင့်ရရှိသည်နှင့် သီးခြားလွပ်လပ်သောသို့ မဟုတ်( သို့ မဟုတ်) ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံနှင့် လုံးဝမပါတ်သက်သော ဓည၀တီရခိုင်ပြည်ဖြစ်ကြောင်း ဤဥပဒေပုဒ်မ-၁၁- (ခ ) ဖြင့် ပြဌန်းဖွင့်ဆိုနိုင်သည်။
ဤသည်မှာသမိုင်းကို သေသေချာချာ ချပြထားပြီး ရေးသားထားသော ရခိုင်နိုင်ငံတော်ဖြစ်ရပ်များမှ ရခိုင်လူမျိုးတို့ ၏ ဆန္ဒအမှန်ကို ဖေါ်ထုတ်ပြဆိုခြင်းဖြစ်သည်။ ထို့ကြောင့်လည်း စစ်အစိုးရကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ခွဲထွက်ပိုင်ခွင့်ကိုမက လုံးဝသီးခြားနိုင်ငံတော်အတွက်ကိုပါ ကျွန်တော်တို့ က ရေးဆွဲထားခြင်းဖြစ်သည်။ ယင်းအထဲ၌ အကယ်၍ ဆိုသောစကားရပ်ကို သတိချပ်စေလိုသည်။ မည်သည့်အချိန်တွင်မဆို ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ချင်လိုသူများမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုက်နာကျင့်သုံးရေးသည်သာအရေးကြီးသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏အမြော်အမြင်ကြီးမားမူဖြင့် ရေးသားခဲ့သော ယင်း ၄၇ ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စစ်အစိုးရမကြိုက်သည်ဆိုပြီး အမှိုက်ပုံထဲကို လွှင့်မပစ်ဖို့ အရေးကြီးသည်။ တချိန်တည်းမှာပင် အခြားသောတိုင်းရင်းသားလူမျိုးများကလည်း ဤအချက်ကို အထူးသတိထားရမည်ဖြစ်သည်။
တန်းတူရေးဆိုသည်မှာ ဘုန်းကြီးကျောင်းဆောက်ခြင်း၊ တံထားဆောက်ခြင်းလောက်မှမျှ တန်းတူရေးကို ပြောဆိုခြင်းမဟုတ်။ နိုင်ငံရေးအရလွပ်လွပ်စွာ တန်းတူခွင့်ရှိနေရေးဖြစ်သည်။ လူမျိုးတမျိုးက လူမျိုးတမျိုးကို နယ်ချဲ့ကိုလိုနီအဖြစ် ပြုလုပ်ထားပြီး ညီအကိုပါဟု ပြောဆိုနေရုံမျှတော့ ဘာမျှ ဖြစ်လာမည်မဟုတ်။ လူ့ အခွင့်အရေးအခြေခံဥပဒေအချက်အလက်များကို တိကျလိုက်နာသော နိုင်ငံရေးစနစ်ရှိမှသာ တန်းတူရေးဖြစ်လာလိမ့်မည်။ ကိုယ်ပိုင်ဥပဒေပြဌန်းပိုင်ခွင့်ပိုင်ဆိုသည်မှာ ကောက်ရိုးပုံစောင့်သောခွေးလို နိုင်ငံရေးစနစ်မဟုတ်ချေ။ မိမိတို့၏နိုင်ငံ ပြည်နယ်ပေါင်းစုတို့ ကို မိမိတို့ သီးခြားကိုယ်ပိုင်ဥပဒေဖြင့် အုပ်ချုပ်စီမံကျင့်သုံးပိုင်ခွင့်ဆိုသော နိုင်ငံရေးစနစ်ရှိစေရေးဖြစ်သည်။ ယင်းအခြေအနေများကို ဖြစ်ပေါ်စေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတခုကို တည်ဆောက်ကြမည်ဆိုလျှင် ၂၁ ရာစုနှင့်အညီ ခေတ်မှီတိုးတက်သောအမြင်ဖြင့် တည်ဆောက်ကြရန်လိုသည်။

နိုင်ငံပေါင်းစု ဖက်ဒရယ်သို့ မဟုတ် ပြည်ထောင်ပေါင်းစုဖက်ဒရယ်နိုင်ငံ တည်ဆောက်ခြင်း

စစ်မှန်သောဒီမိုကရေစီအခွင့်အရေးနှင့် လူ့ အခွင့်အရေးကို အခြေခံသော ဖက်ဒရယ်နိုင်ငံတခုကို တည်ဆောက်ကြရန်အတွက် အဓိကတိုင်းရင်းသားဌါနေလူမျိုးများ အရေးကြီးနေသည်။ ရခိုင်နိုင်ငံတော်ဆုံးရှုံးသွားသော ရခိုင်လူမျိုးများ၊ မွန်ဘုရင့်နိုင်ငံတော်ဆုံးရှုံးသွားသော မွန်လူမျိုးတို့ သည် သူတို့ ၏နိုင်ငံတော်ကို ပြည်လည်လိုချင်ကြသည်ဖြစ်သည်။ ယင်းမှာလုံးဝငြင်း၍မရသော သမိုင်းအချက်ဖြစ်သည်။ သို့ အတူတောင်တန်းဒေသ တိုင်းရင်းသားလူမျိုးများဖြစ်သော ကချင်၊ကရင်။ ချင်း၊လူမျိုးများတို့ ၏ အခြေခံလူ့ အခွင့်အရေးများသည်လည်း ပျောက်ဆုံးဖယ်ရှားခံရနေမူများကို ပြန်လည်ရလိုကြသည်သာဖြစ်သည်။ ထို့ ကြောင့် ရခိုင်လူမျိုးများနှင့် မွန်လူမျိုးတို့ သည် ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အခြားတိုင်းရင်းသားလူမျိုးတို့ နှင့် လက်တွဲတိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဒီမိုကရေစီအစိုးရစနစ်တခုကို တည်ဆောက်လာနိုင်ပြီဆိုလျင် ရခိုင်လူမျိုးနှင့် မွန်လူမျိုးတို့ မှာ လွပ်လွပ်ရေးကို လုံးဝခံစားရမည့် လူမျိုးဖြစ်သည်။ ဆိုလိုသည်မှာ ရခိုင်လူမျိုးနှင့် မွန်လူမျိုးတို့ ကို ဒီမိုကရေစီအစိုးရဖြစ်လာမည့်အစိုးရက လွပ်လွပ်ရေးပေးရန်လိုသည်။ အကြောင်းမှာသူတို့ အနေဖြင့် ဗမာနယ်ချဲ့ ကိုလိုနီအဖြစ်မှ လွပ်ကင်းပြီး ဖက်ဒရယ်နိုင်ငံတည်ဆောက်သည့်အခါ လူ့ အခွင့်အရေးအခြေခံအချက် ( ၃၀ ) ထဲက ဥပဒေပုဒ်မတို့ ဖြင့် နိုငငံတကာရှိလူသားများနှင့် တန်းတူအကျိုးခံစားပိုင်ခွင့် ရရှိစေရန်ဖြစ်သည်။ ယင်းသို့ ဆိုက နိုင်ငံပေါင်းစုဖက်ဒရယ်ပြည်ထောင်စုကို စစ်မှန်သောဒှီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ကြမည်ဆိုလျင် ရခိုင်နိုင်ငံပြည်ထောင်စုနှင့် မွန်ဘုရင့်ပြည်ထောင်စုတို့ သည်လည်း ပါဝင်လာမည်မှာ အသေအချာဖြစ်သည်။ ပြီးတော့ အခြားသောတောင်တန်းဒေသ ပြည်နယ်ပေါင်းစုလူမျိုးများကလည်း နိုင်ငံပေါင်းစုဖက်ဒရယ်ထောင်စုတွင် ပါဝင်လာမည်ဖြစ်သည်။ သို့ မှသာ သေနတ်သံဆိတ်သုဉ်းသော ပြည်ထောင်စု တခုဖြစ်မည် ။ ယင်းမှာတန်းတူရေးနှင့် ကိုယ်ပိုင်ဥပဒေပြဌာန်းပိုင်ခွင့်၏ တစိပ်တဒေသဖြစ်သည်။

အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ရေး

ကျွန်တော်တို့ အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတခုကို တည်ဆောက်မည်ဆိုသောအခါ သမိုင်းအချက်အလက်များကို တည်ဆောက်ရန်အရေးကြီးသည်။ မိမိစိတ်ကြိုက်ထင်သလို မှတ်တမ်းမှတ်ရာကျန်ရစ်အောင် ရေးသား၍မရ။ အတိတ်ကဖြစ်ပျက်နေခဲ့သော သမိုင်းဆိုင်ရာအချက်အလက်များတို့ သည် နှောင်းလူတို့ အပေါ် အထူးမီးမောင်းထိုးပြနေသည်။ အနာဂါတ်ချစ်ကြည်သွေးစည်းညီညွတ်ရေးအတွက် ရေးသားပြောကြဆိုကြမည်ဆိုလျင် ယင်းလူမျိုးတို့ ၏ အတိတ်သမိုင်းများနှင့် နိုင်ငံရေးရေစီးကြောင်းဖြစ်သန်းမူတို့ ကို လေ့လာတွက်ချက်ကြပြီးမှသာ ရေးသားပြုစုရန်သင့်ကြသည်ဟု ထင်သည်။ အဘယ့်ကြောင့်ဆိုသော် နဂိုရ်ကမှ အစာမကြေညက်ဖြစ်နေသာ လူမျိုးရေးပဋိပက္ခများအကြားတွင်
မီးလောင်ရာလေပင့်ဖြစ်အောင် ပြုလုပ်ခြင်းမှာ အနာဟောင်းများ မကျက်ခင် သွေးစိမ်းရှင်ရှင်ထွက်အောင် ဒါးနှင့် ထပ်မံတူးဆွနေကြခြင်းကိုမူ အထူးဆင်ခြင်ရန်လိုအပ်သည်။ အဓိကအားဖြင့် သမိုင်းကို မဖျောက်ဖျက်မိကြဖို့  အထူးအရေးကြီးပါသည်ဟုပြောချင်သည်

ခိုင်အောင်ကျော် (နယူးယောက်)