Saturday, September 4, 2010

ဒီမိုကရေစီ နှင့်တော်ဝင်ဆီမီးခွက်

ဆီမီးခွက်သည်၊ ရခိုင်ဒီမိုကရေစီသို့
စွမ်းရည်ပြည့်မှန်း၊ အမှောင်လွှမ်းသော်
ဆန်းစ လရောင်၊ သူစွမ်းဆောင်အံ့။
ဆီမီးခွက်သည်၊ ဖက်ဒရယ်ဆီသို့
ရည်ရွယ်အလင်း၊ သူဖန်ဆင်းအံ့။
ဆီမီးခွက်သည်၊
ရခိုင်ပြည်အား၊ စွမ်းရည်မြှင့်ပေး
လူမျိုးရေးနှင့်၊ ခွင့်ရေးဟူသမျှ
တန်းတူရအောင်၊ အမှောင်ဖယ်ရှင်း
ဖန်ဆင်းအရောင်၊ သူစွမ်းဆောင်မည်
လင်းရောင်ခြည်နှင့်၊ စွမ်းရည်နှင့်။
အို-- သျှင်နေမင်းငဲ့
အလင်းဖန်တီး
ဤဆီမီး၏
ညီးညီးထိန်သာ
သူ့ပါဝါသည်
ကမ္ဘာနေသို့ လင်းလိမ့်မည်။ ။