Saturday, September 4, 2010

ရခိုင်ဝံလက်အားမာန်

ရခိုင်အောင်လံကို
တလူလူလွှင့်ထူပြီး
ရခိုင့်ဘုရင့်နိုင်ငံတော်အဖြစ်
ကမ္ဗည်းထုဆစ်
(၁၇)ရာစုခေတ်က
ရခိုင့်ရေတပ်မတော်မှာ
̒̀၀ံလက် ́တံဆိပ်ကိုခပ်နှိပ်
ပြည်သူတွေနှစ်ခြိုက်ခဲ့ဖူးတယ်။
ရှေးရခိုင်အမျိုးသားတွေဟာ
ယုံကြည်မှုအဖြစ်
ဝံလက်ကိုထုဆစ်
ပစ္စက္ခကာလအထိ
ရခိုင်အမျိုးသားတွေရဲ့
နှလုံးသွေးသားထဲက
̀၀ံလက်ငှက် ́
ချေဖျက်လို့မရ
ရင်ထဲမှာထာဝရထုဆစ်ထားကြတယ်။
ရခိုင်အမျိုးသားတွေဟာ
ဝံလက်ငှက်ကို
̀မျိုးစောင့်ငှက် ́အဖြစ်တမျိုး
̀သူရဲ့ကောင်းငှက် ́အဖြစ်တဖုံ
̀ငှက်ရာဇာ ́အဖြစ်တလီ
ယုံကြည်မှုတွေနှင့်အဓိပ္ပါယ်ဖွင့်ဆိုကြရင်း
ရက္ခဘုမ္မိကို တည်ဆောက်ဖို့ ပုံဖေါ်နေကြလေရဲ့။
ယုံကြည်မှုသင်္ကေတအဖြစ်
ဝံလက်ငှက်ကိုထုဆစ်
ရခိုင်အမျိုးသားတိုင်း ချစ်နေဆဲဖြစ်တဲ့
̀၀ံလက်ရဲ့အားမာန် ́ဆိုတာ
ညီညာသွေးစည်း ပေါင်းစည်းရေးဖြစ်တယ်။။
ရေးသားသူ ။   ။ ခိုင်လင်း(မေဃ၀တီ)