Wednesday, February 9, 2011
ကြိုဆိုပါသည် ရက္ခမြေဖွါး အသံများတည်း
         ကြိုဆိုပါသည် ရက္ခမြေဖွါး အသံများတည်း
         စင်စစ် သူတို့ အသံများမှာ ယခုမှ ထွက်ပေါ်လာသောအသံမဟုတ်။
ထာဝဉ်ပဲ့တင်ခတ်နေသော သူတို့ ၏ ရင်တွင်းကအသံကို ကျွန်တော်အမှတ်ရမိနေသည်မှာ
ကြာမြင့်ခဲ့ပြီ။ လွန်ခဲ့သော ၁၉ရ၂ ခုနှစ်က ရခိုင်ပြည်အနေက်ပိုင် မောင်တောမြို
့နယ် တမန်းသားကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖြစ်စဉ်က
ယင်းကျေးရွာမှ လူငယ်တချို့ နှင့် စကားလက်ဆုံကျခဲ့သည်။ ယင်းအချိန်က မဆလပါတီမှ
ပုဂ္ဂိုလ်များ လာရောက်လျင်လည်း ထမင်းချက်ကျွေးရ ၊မြေတိုင်းစာရေးလာလျင်လည်း၊
ထမင်းချက်ကျွေးရ ၊ ရဲလာလျှင်လည်း ထမင်းချက်ကျွေးရ၊  စစ်တပ်လာလျင်လည်း
ထမင်းချက်ကျွေးရနှင့် မည်သူ့ ကို အဖေခေါ်ရမှန်း မသိဟု ပြောကြသည်။ နယ်စပ်ဒေသမှာ
နေထိုင်သောသူတို့ မှာ အားလုံးကို ကြောက်လန့် နေကြရသည်။ ထို့ ကြောင့်
ကိုယ်တိုင်းကိုယ့်ပြည်မှာ အေးအေးဆေးဆေး နေလိုသည်ဟု ပြောကြသည်။
         ယင်းကိစ္စနှင့် ပါတ်သက်၍ နယ်စပ်ကျေးရွာမှ လူငယ်များကို
မေးမြန်းကြည့်ရာ သူတို့ ၏ ပြောကြားသောစကားမှာ ရခိုင်ပြည်ကို ရခိုင်လူမျိုးတို့ 
အေးအေးဆေးဆေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသောအချိန်လို ချင်သည်ဟု
ပြောဆိုကြသည်။ အကြောင်းမှာ နေ့ တထိတ်ထိတ် ညတထိတ်ညတထိတ်နှင့်
မည်သည့်အာမခံချက်မရှိသော ဘ၀ကို သူတို့  မလိုလားဟု ပြောဆိုကြသည်။ သူတို့ ၏အသံကို
ကျွန်တော်အမှတ်တရရှိနေဖြစ်သည်။ ရခိုင်ပြည်တောင်ပိုင်း ကုလားပြင် ဆေးပေးခမ်းတွင်
၁၉၈၄- ခုနှစ်က ပြောင်းရွှေ့ ရသည်။ ဂွမြို့ နယ်တခွင် ကျွန်တော် သွားရောက်ရသည်။
ယင်းအချိန်က ကျိန္တလီတံထားမရှိသေး။ ကုလားပြင်ကျေးရွာနှင့် ကိုင်းခုံကျးရွာသို့ 
့မှလာသော မော်တော်ကားဖြင့်လာသည့် ခရီးသည်ကို ယင်းဖေါင်ဖြင့် ၀ါးလုံးထိုးကာ ပို
့ဆောင်ပေးရသည်။ ထို့ အတူ ဂွမြို့ မှလာသော ခရီးသည်ကိုလည်း ထိုနည်းအတိုင်းပင်
ဝါးလုံးထိုးဖေါင်ဖြင့် သယ့်ဆောင်ပေးရသည်။ တခါတရံတွင် ရခိုင်ပြည်တောင်ပိုင်းရှိ
တောင်ပေါက်ကျေးရွာသို့  ကျွန်တော်သွားရောက်သည်။ ယင်းဖက်က
ကျေးရွာသူကျေး၇ွာသားများမှ ရခိုင်မြော်ကပိုင်းလေသံဖြင့် ပြောကြားခြင်းမရှိ။
အရှေ့ ဖက်ကလေသံဖြင့်
ပြောဆို ကြသည်။ အရှေ့ဖက်ကလေသံဆိုခြင်းမှာ ရခိုင်ရိုးမတောင်၏ အရှေ့ဖက်ကရှိသော
ဧရာဝတီဖက်သားလေသံကို ပြောဆိုကြခြင်းဖြစ်သည်။ ရခိုင်မုန့် တီဆိုသည်တောင်မှ
အနောက်မုန့် တီ စားမလား ၊ အရှေ့မုန့် တီစားမလား ဆိုခြင်းကအစ ကွဲပြားသည်။
စကားလေသံကသာ ကွဲပြားသော်လည်း သူတို့ သည် ရခိုင်လူမျိုးဟု စိတ်ထဲမှာကော
ပြင်ပမှာပါ အမျိုးကိုချစ်သော စိတ်ဖြင့် ထာဝရပြောဆိုကြသည်။ သူတို့ နှင့် တွေ
့ဆုံသည့်အခါတိုင်း ဂွမြို့ နယ်မှ ကျွန်တော်နှင့် စကားလက်ဆုံပြောဖြစ်သော
ပုဂ္ဂိုလ်များမှာ - ဝေး နင်လဲ ရခိုင်ပြည်ကို လိုချင်သလို  ငါလဲ လိုချင်တယ်ဟု -
ပြောဆိုတတ်ကြသည်။
       ဂွမြို့ နယ်သည် တော်လှန်ရေးခေတ်အဆက်ဆက် နိုင်ငံရေးနှင့်
စိမ်းသူများမဟုတ်ချေ။ စာပေဗဟုသုတများနှင့် ကင်းကွာသူများမဟုတ်။ စာရေးဆရာများ
အနုပညာသည်များ ထွန်းတောက်ရာမြို့ နယ်ဖြစ်သည်။ ၈၈- အရေးအခင်းကာလတွင်
ကုလားပြင်ကျေးရွာမှ ဦးဘညွန့် မှာ ဖမ်းဆီးခံရပြီး စစ်တွေထောင်ရောက်လာသည်။
ယင်းထောင်မှ ဘူးသီးတောင်ရှိ ကျီးကန်းပြင်ထောင်သို့ ရဲဘက်အဖြစ် ပို့ ခံရသည်။
ကျီးကန်းပြင်ထောင်မှ ထွက်ပြေးကြသောအခါ တဦးမှာ ပစ်သတ်ခံရသည်။ သူတို့ ကို
ယင်းထောင်မှာ ဆက်လက်မထားတော့ဘဲ စစ်တွေထောင်သို့  ပြန်လည်ပို့ သည်။
စစ်တွေထောင်သို့ ရောက်လာသောအခါ ကျွန်တော်က ထောင်ဝင်စာတွေ့ ဆုံပြီး သူ၏စားစရာ
ဆေးလိပ်၊ငပိကအစ တာဝန်ယူ ပို့ ပေးနေခဲ့သည်။ လွပ်မြောက်လာသ်ေအခါ ပြန်စရိတ်ကို
ပေးပြီး ဂွမြို့ နယ်သို့  သင်္ဘောနှင့် တင်ဆောင်ပို့ ပေးလိုက်တော့သည်။ ဦးဘညွန်
့မှာ မြ၀တီမဂ္ဂဇင်းတွင် ရဲဘော်မိုး ကလောင်အမည်ဖြင့် ရေးသားခဲ့ သော လေတပ်မှ
အငြိမ်းစားမယူခင်ကပင် စာရေးနေသော တပ်ကြပ်ကြီး စာရေးဆရာဖြစ်သည်။ ဦးဘညွန့် မှာ
အခါအားလျော်စွာ ကျွန်တော်တို့ နှင့် စကားပြောတိုင်း သမိုင်းနှင့်ချီကာ
ပြောဆိုတတ်သူဖြစ်သည်။ ကျွန်တော်တို့ ဆိုသည်မှာ ကိုမျိုးမြင့်ခေါ်မောင်မောင်လည်
စကားဝိုင်းတွင် ပါသောကြောင့်ဖြစ်သည်။ ကိုမျိုးမြင့်မှာ
သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဦးသန့် အရေးအခင်းတွင် ဖမ်းဆီးထောင်ကျခဲ့ သော
သွားဆရာဝန်လောင်းဖြစ်သည်။ သူ၏အကိုမှာ ကဗျာဆရာအောင်သာမိုး( သံတွဲ ) ဖြစ်သည်။
ယခုတော့ မျိုးမြင့်ခေါ်မောင်မောင် မှာ -  ၈၈ - အရေးအခင်းဖြစ်ပြီး မကြာခင်တွင်
ကွယ်လွန်သွားခဲ့ ပြီဟု သတင်းကြားရသည်။ သူတို့ နှင့် စကားပြောတိုင်း
ရခိုင်ပြည်တောင်ပိုင်းမှ ပုဂ္ဂိုလ်များမှာ ကိုယ့်ရခိုင်နိုင်ငံ ပြန်လည်တမ်းတ
ရချင်သောအကြောင်းတွေကို ပြောဖြစ်ကြသည်သာများသည်။
         ကျွန်တော်သည် ရခိုင်ပြည်တ၀ှမ်းကို တာဝန်ကျရတိုင်း သွားရေက်သလို
မိတ်ဆွေအပေါင်းအသင်း သဘောင်္သားများလည်းရှိရာ အခါအခွင့်ကြုံတိုင်း မြို
့ပေါင်းများစွာသို့  လိုက်ပါသွားဖူးသည်။ မှတ်မှတ်ရရပြောရလျင် မန်အောင်မြို
့ကို ပင်လယ်ခရီးမို့  မသွားချင်ဆိုကာ ပေတေတေ နေခဲ့ ၍ ယင်းမြို့ တမြို့ ထဲသာ
မရောက်ဖူး။ အခြားမြို့ နယ်များ ၊ကျေးရွာများကိုကား တညတန်သည်၊ နှစ်ညတန်သည်၊
တလတန်သည် ၊နေဖူးရောက်ဖူး သွားဖူးသည်။ သည်အခါ နယ်မြေခံပုဂ္ဂိုလ်များနှင့်
အခါအားလျော်စွာ ပြောဖြစ်သောစကားမှာ မွေးရာပါနိုင်ငံရေး စကားဖြစ်ပါတော့သည်။
သည်အခါ ရခိုင်နိုင်ငံတော်အကြောင်းနှင့်  ပြောဖြစ်ခြင်းများပါသည်။
ယခုလည်းမလေးရှားနိုင်ငံရှိ ရခိုင်ပြည်မှ ရခိုင်လူမျိုးများနှင့်
ရခိုင်ပြည်လွပ်မြောက်ရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များက လွပ်လွပ်ရေးလိုချင်သလား
မေးသည်။ ယင်းအခါ လွပ်လွပ်ရေးလိုချင်ကြသည်ဟု လူထုတွေ့ ဆုံပွဲအစည်းအဝေးတွင်
ဖြေကြားကြသလို  ရခိုင်ပြည်လွပ်မြောက်ရေးပါတီက လည်း မိမိတို့ ၏ မူဝါဒမှာ
လွပ်လွပ်ရေးသာဖြစ်ကြောင်း ပြောဆိုကြေညာခဲ့ သည်ဟု သိရှိရသည်။ မလေးရှားရောက်
ရခိုင်လူမျိုးများမှာ ရခိုင်ပြည်တ၀ှမ်းမှဖြစ်သည်။တောင်ပိုင်းကော
မြောက်ပိုင်းကော အရှေ့ကော အနောက်ကော အလယ်ကော ချစ်စဖွယ် စုံနေသည်။
ပြည်သူလူထုအသံနှင့် ရခိုင်ပြည်လွပ်မြောက်ရေးပါတီမှ အသံများမှာ
ဆက်စပ်ယှက်နွယ်ကာ ဘ၀ဂ်ညံသွားပြီဖြစ်သည်။ ယင်းအသံမျိုးကို ကျွန်တော်သည်
ယခင်ကရခိုင်ပြည်တနံတလျားတွင် ကြားခဲ့ဖူးပြီ။ ယခုလိုတစုတဝေးတည်းတွင်
မကြားဖူးသေး။ ကျွန်တော်ရှိနေလိုက်ချင်သည်။ သူတို့ အသံကို မျက်ရည်ဝဲစွာဖြင့်
နားထောင်ချင်သည်။ ခံစားကြည့်ချင်သည်။ ရင်ကိုတုန်လှုပ်စေချင်သည်။ သူတို
့အသံကိုကြားရလျင် သေပျော်နိုင်လောက်ပါသည်။
             အဘယ့်ကြေင့်ဆိုသော် လွန်ခဲ့သော ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ-၃၁- -ရက်နေ
့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂအဆောက်အဦးရှေ့တွင်
ကျွန်တော်တို့  အပါအ၀င် ရခိုင်လူမျိုးအသံတွေကို ညံစေခဲ့ ပြီ။ ယင်းပုဂ္ဂိုလ်တို
့မှာ ရခိုင်နိုင်ငံတော်က ရခိုင်လူမျိုးများဖြစ်သည်။
မည်သည့်ကိုလိုနီပြုလုပ်ခံထားရသည့်   တိုင်းရင်းသားများမဟုတ်။ လွပ်မြောက်နေသော
လူမျိုးများဖြစ်သည်။ သူတို့  လွပ်မြောက်နေသလို ပြည်တွင်းရှိ ကိုလိုနီဖြစ်နေသော
တိုင်းရင်းသားပြုလုပ်ခံထားရသော သူတို့ အား လွပ်မြောက်စေလိုကြသည်။ ပြည်ပမှ
ရခိုင်လူမျိုးတို့  လွပ်မြောက်နေသလို ပြည်တွင်းမှ ရခိုင်လူမျိုးတို့ ကလည်း တနေ
့လွပ်မြောက်လာရမည်ဖြစ်သည်။ သူတို့ လွပ်မြောက်ရေးအတွက် သူတို
့အသံပေးနေကြပြီဖြစ်သည်။
               ခုလည်း မလေးရှားရောက် ရခိုင်နိုင်ငံတော်မှ ရခိုင်လူမျိုးများက
ရခိုင်ငံတော်ကို ပြန်လည်ရရှိရေးအတွက် တသံတည်းထွက်ပေါ်လိုက်ခြင်းမှာ -၂၁-ရာစု
ရခိုင်လူမျိုးများ၏ မင်္ဂလာအရှိဆုံးသော အသံဖြစ်သည်ဟု ထင်သည်။ သူတို့ ၏့ ရှေ့တွင်
ရခိုင်ပြည်လွပ်မြောက်ရေးတပ်မတော် ရှိနေပြီ။  ထို့ ကြောင့် ကြိုဆိုလိုက်သည်
ရက္ခမြေဖွါး အသံတည်းဟု ပြောရလျှင်ကား လွန်အံ့မထင်။
ခိုင်အောင်ကျော် ( နယူးယောက် )