Thursday, December 15, 2011

ရခိုင်ပြည်တပ်မတော် (AA) ဒု-စစ်ဦးစီးချုပ်ဟောင်း တိုင်းပြည်နန့် လူမျိုးအပေါ်တာဝန် ထမ်းဆောင်ယင်း သီဆုံး



ရခိုင်ပြည် - ဘင်္ဂလားဒေ့ရှ်- အန္ဒိယ သုံးနိုင်ငံနယ်စပ်ဒေသတိမှာ အခြီစိုက်ပြီးကေ ရခိုင်ပြည်တပ်မတော်(AA-Arakan Army) က ဒု-စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် မောင်သိန်းဟန်(ခ) မောင်သိန်းရွှေရေ အသက်(၆၁)နှစ် ဟိပြီးကေ အေနိ နိခင်းဖက် ရခိုင်ပြည်နန့် ကပ်ပြီးကေ တည်ဟိရေ ဘင်္ဂလာ နယ်စပ် တနီရာမှာ တိုင်းပြည်နန့် လူမျိုးတာဝန်ကို ထမ်းဆောင်ယင့် လူကြီးရောဂါနန့် ကွယ်လွန်လားရေလို့ သိဟိရပါရေ။ ဗိုလ်ချုပ် မောင်သန်းတန်(၆၁)နှစ်ရေ မသီခင်အထိ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းခွင့် အပြည့်အ၀ရဟိရေး၊ ဒီမိုကရေစီရေးနန့် အခြေခံလူအခွင့်အရေးတိ ရဟိရေးအတွက် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) နန့် ရခိုင်ပြည်တပ်တော် (AA)ရို့မှာ အမျိုးသားဖက်က မားမားမတ်မတ်ရပ်တည်ခပြီးကေ ရန်သူစစ်အုပ်စုတိကို တိုက်ပွဲဝင်နီယင် ကွယ်လွန်လားခရေ ရခိုင်မျိုးချစ် သူရဲကောင်း တယောက်ပါ။
ဗိုလ်ချုပ်ရေ မိသားစုဝင်တိနန့် အတူ တော်လှန်ရေး ရဲဘော်ရဲဘက်တိက ဗိုလ်ချုပ် မောင်သိန်းတန်အား တော်လှန်ရေးလုပ်ထုံးလုပ်နည်းတိနန့် အညီ ဒီဇင်ဘာလ (၁၇) ရက်နိမှာ မြေမြုတ်သင်္ဂြုလ်လားဖို့ ဖြိုက်ပါရေ လို့လည်း သိဟိရပါရေ။ ဗိုလ်ချုပ် မယားနန့် အတူ သမီးနှစ်ယောက်၊ သားတယောက် ကျန်ခပြီးကေ မသီခင်က နိုင်ငံရေး၊ တော်လှန်ရေးဒဏ်တိကို ကြံ့ကြံ့ခံမနာ ကိုယ်ကျိုးမဖက် အမျိုးသားရေးဖက်က ရည်တည်ပီးခရေ ပုဂ္ဂိုလ်လည်း ဖြိုက်ပါရေ။ ဗိုလ်ချုပ် မောင်သိန်းတန်မှာ ပါတီနန့် တပ်မတော်မှာ တာဝန်ထမ်းဆောင်နီခါရေလည်း ကျရာတာဝန်က မငြိုငြင်ပဲ တာဝန်ကျီပွန်စွာ ထမ်းဆောင်ခပါရေ။ ဗိုလ်ချုပ်ရေ ၁၉၇၁ ခုနှစ်လောက်ကပင် KIO(ကချင်တပ်မတော်)နယ်မြေတိမှာ ရခိုင်ပြည် လွတ်လပ်ရေးအတွက်အဖွဲ့ချုပ်(AIO)တပ်နန့် ကုန်လမ်းခရီးရှည်တိ ပထမဆုံး ဖြတ်ကျော်ခပြီးကေ ရခိုင်ပြည်သို့ အရောက်လားခရေ သူရဲကောင်းတဦးလည်း ဖြိုက်ပါရေ။
Source: ဂစ္ဆပသတင်းဋ္ဌာန