Wednesday, December 14, 2011

ရခိုင်ပြည်မှာ လျှပ်စစ်မီးရဟိရေ လှုပ်ရှားမှုတိကို စစ်ဆေးချက်တိ စောင့်ကြည့်မှုတိ ခံနီရပါရေ


ရခိုင်ပြည်နယ်အထဲမှာ ၂၄ နာရီ မီးရဟိရေ လှုပ်ရှားမှုတိ ဆက်တိုက် လှုပ်ရှားလျှက်ဟိပြီးကေ လှုပ်ရှားမှုထဲမှာပါရေလို့ မသင်္ကာ ခံနီရရေလူတိကို ခေါ်ယူစစ်ဆေးစော်တိ၊ စောင့်ကြည့်စော်တိကို အဂုနောက်ပိုင်မှာ အစိုးရဖက်က ဆက်တိုက် လုပ်လာပါရေလို့ သိဟိရပါရေ။ ရခိုင်ပြည်နယ် ရွှေသဘာဝဓာတ်ငွေ့ ထွက်ဟိကေလည်း ရခိုင်ပြည်သူလူထဲတိမှာ အကျိုးခံစားခွင့် တခုလည်း မရဟိပါ။ ရခိုင်ပြည်က ထွက်တေ သဘာဝဓာတ်ငွေကို တရုတ်ကိုရောင်းချလားပြီးကေ ရခိုင်ပြည်နယ်က ထွက်ကေလည်း ရခိုင်ပြည်သူလူထုတိမှာ ဆီမီးခွပ်ကိုတောင် မထွန်းနိုင်ရေ ဆင်းရဲသားဘ၀နန့် ရုန်းကနီရစော်ကို မကြည့်နိုင်လို့ ရခိုင်လူငယ်ထုက ၂၄ နာရီ မီးရဟိရေးကို လှုပ်ရှားနီရစော် ဖြိုက်တေလို့လည်း သိရပါရေ။
ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးထဲက ပထမဆုံးအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျောက်ဖြူမဲဆန္ဒနယ်က ပြည်သူလွှတော်ကိုယ်စလှယ်က ရွှေသဘာဝဓာတ်ငွေသိုက်က ထွက်တေ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်မှာ သုံးစွဲဖို့လား လို့ အဆိုတင်သွင်းမီးကြည့်ခပါရေ။ ယင်းချင့်ကို စွမ်းအင်ဝန်ကြီးက ရခိုင်ပြည်နယ်မှာ တခုချေလည်းသို့ မသုံးစွဲပါ၊ အားလုံးကို တရုတ်ကို ရောင်းချလားဖို့ ဖြိုက်ပါရေလို့ ပြောခရေအတွက် ရခိုင်ပြည်သူလူထဲမှာ ရင်ထုမနာ ဖြိုက်ရပြီးကေ ယင်းလောက်ကပင် တောက်လျှောက် လှုပ်ရှားမှုတိ စတင်လာပါရေ။ လှုပ်ရှားမှုထဲမှာ ပါဝင်ရေ လူငယ်တယောက်က “ကျနော်ရို့ ၂၄ နာရီ မီးမရမချင် လှုပ်ရှားမှုတိကို ရခိုင်ပြည်နယ် အနှံမှာ တောက်လျှောက်လုပ်လားပါဖို့၊ ကျနော်ရို့ ပြည်သူ့တိ ဆင်းရဲ မွဲတည်နီစော်ကို ကျနော်ရို့ လက်ပိုက်ကြည့်မနီနိုင်ပါ” လို့ ပြောလားပါရေ။ နှစ်ပေါင်း ၃၀ ကျော် အတွင်းမှာ ရွှေဂစ်(စ်)စီမံကိန်ကနီ ထုတ်လုပ်ရောင်းချပြီးကေ အမေရိကန်ဒေါ်လာ ၉ ကုဋေခန့်လောက်ကို မြန်မာ အစိုးရက ရဟိဖို့လည်း ရွှေဂစ်(စ်) စီမံကန်း ဆန့်ကျင်လှုပ်ရှားရေးအတွက် အစီရင်ခံစာမှာတွိ့ရပါရေ။ a