Tuesday, December 13, 2011

မျိုးကို ချစ်လို့

မျိုးကိုချစ်လို့ မျိုးစောင့်တရား
ငါ ဟောရေ။
မျိုးကိုချစ်လို့ မျိုးချစ်စိတ်ဓာတ်
ငါ ရိုက်သွင်းရေ။
မျိုးကိုချစ်လို့ မျိုးဂုဏ်တက်ဖို့
ငါ ကြိုးစားရေ။
မျိုးကိုချစ်လို့ ကိုယ်ကျင့်သီလ
ငါ စောင့်ထိန်းရေ။
မျိုးကိုချစ်လို့ မာနဒေါသ ငါမထား
သည်းခံခွင့်လွှတ် နားလည်ပီးရေ။
မျိုးကိုချစ်လို့ မနာလိုစိတ် အတ္တစိတ်ကို
အသိနန့်ချုပ်တည်း ငါမျိုးရိုးမို့
ငါရို့လူမျိုး ကောင်းစားရေးကို
ငါ လိုလားရေ။
မျိုးကိုချစ်လို့ အမြင်မတော်
လမ်းမှားတိမှာ တစ်ဝဲလည်လည်
ဇာသူမဆို သွီးရင်းသားမို့
လမ်းကြောင်းမှန်ကို အမှန်ရောက်အောင်
ငါ လမ်းပြရေ။
မျိုးကိုချစ်လို့ သူ.ကျွန်ဘဝ
လွှတ်မြောက်စီဖို့
ကြံဆရှာဖွေ လွှတ်မြောက်လမ်းကို
ငါ အားထုတ်ရေ။
ရက္ခအလံ ကမ္ဘာအလည်
ထည်ထည်ဝင်ဝင် မြဲမြံစီဖို့
ရခိုင်ထဲက ရခိုင်တစ်ယောက်
ငါလည်းရခိုင် ရခိုင်သားမို့
ဇွဲမာန်ပြည့်ဖြင့် လုံ့လချီကာ
ကြံဆောင်ပါမေ အို...ရခိုင်ရို့။
(ရွီမြောက်ဥူး-ခိုင်ကျော်ဆန်း)