Saturday, December 3, 2011

လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေကို ပြဌာန်လိုက်ဗျာလ်


မြန်မာနိုင်ငံမှာ ငြိမ်ချမ်းစွာ တန်စီပြီးကေ လမ်းလျှောက်ဆန္ဒပြခွင့် ဥပဒေကို ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၁၅)ကို ပြဌာန်း အတည်ပြုလိုက်ပါဗျာလ်။ ယင်းဥပဒေအတိုင်းရာ ဆန္ဒပြဖို့ဆိုကေ ရဲအဖွဲ့က နီပြီးကေ ၅ ရက် ကြိုတင် ခွင့်ပြုချက်လျှောက်ထားရဖို့ ဖြိုက်ပြီးကေ ဆန္ဒပြဖို့လူ၊ ဆန္ဒပြဖို့ ရည်ရွယ်ချက်ကို ထည့်သွင်းပြီးကေ လျှောက်ထားရပါဖို့လတ်။
အေဥပဒေနန့် ပတ်သတ်ပြီးကေ လွတ်တော်ထဲက အမတ်တယောက်ပြောပြစော်မှာ “အယင်းက မရဖူးရေ လူစုခွင့်နန့် တန်းစီလှည့်လည်ခွင့် ဥပဒေအပါအ၀င်၊ အယင်းကဆို လူငါးယောက်ထက် စုလို့မရပါ၊ အဂုဆိုကေ ငါးယောက်ထက်တော့ စုလို့ရလားပါဗျာလ်။ ယေကေလည်းသို့ ကြိုတင်လျှောက်ထားချက်ကို ရဲက လက်မခံဘဲ ငြင်းပယ်နိုင်ရေလို့ ဆိုထားရေအတွက် ဒီမိုကရေစီနန့် လူ့အခွင့်အရေးအတွက်တော့ ကန့်သတ်ချက်တိ ဟိနီသိ့မ်ရေ” လို့ ပြောကြားလားပါရေ။ အေဆန္ဒပြခွင့်ဥပဒေကို အတည်ပြုနိုင်ဖို့အတွက် လွှတ်တော်မှာ အမျိုးမျိုး အငြင်းပွါးမှုတိလည်း ဖြိုက်ခရေလို့ သိရပါရေ။ ဆန္ဒပြခွင့်မှာတော့ “ကြွေးကြော်ခွင့်တော့ ရပါရေ၊ ယေကလည်း အော်ဟစ်စော်တိတော့ ရဖို့မဟုတ်ပါ”လို့လည်း သိရပါရေ။ “ငြိမ်ချမ်းစွာစုဝေးခွင့်နန့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်” ဥပဒေမှာ ၁၈၆၀ ခုနှစ် ပြစ်မှုဆိုင်ရာ ဥပဒေ၊ ၁၈၉၉ ခုနှစ် ရန်ကုန် ရဲအက်ဥပဒေ၊ ၁၉၄၅ ခုနှစ် အက်ဥပဒေ၊ န၀တ အမိန်အမှတ် ၃/၉၀၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားချက် အမှတ် ၂/၂၀၁၀ စရေ တည်ဆဲ ဥပဒေတိကိုလည်း ထွင့်သွားထားရေလို့သိရပါရေ။ ယင်းပိုင်ဆိုကေ ဆန္ဒပြဖို့အတွက် ကြိုတင်ပြင်ဆင်မှုတိကို လုပ်ဆောင်လားနိုင်ပါဗျာလ်ယေ။