Monday, December 5, 2011

လာဖို့တရုတ်နှစ်သစ်ကူး(မလေးသျှား)မှာရခိုင်စတိတ်ရှိုးပွဲတခုကျင်းပလားဘာဖို့


လာဖို့တရုတ်နှစ်သစ်ကူးမှာ မလေးသျှားရောက်အဖရခိုင်သူ ရခိုင်သားတိစိတ်ထွက်ပေါက်တခုရစီရေးအတွက် ရခိုင်စတိတ်ရှိုးပွဲတခုလုပ်လားဖို့လို့သတင်းရဟိ ဘာရေ ။ ယင်းပိုင်းရှိုးပွဲသတင်းကိုကြားလိုက်ရရေ အတွက်နန့် ရခိုင်ရှိုးပွဲကိုစောင့်နိန်ဂတ်တေ ညီအစ်ကို မောင်နှမတိအားလုံးမျှော်ရကျိုးနပ်ဖို့လို့ထင်ဘာရေ ။ ယင်းပွဲကို ၂၀၁၂ ခု ဇန်နဝါရီလ ၂၆ ရက်နိန့်ခါ တရုတ်တန်းခန်းမ Chinese Assembly Hall မှာပြုလုပ်လားဖို့ဖြစ်ဘာရေ ။ အချိန်က နိန့်ခင်းသား ၁၂ ချက်တီးကနိန် ညဇာသား ၆ နာရီအထိ အားရပါးရ ဖြေဖျော်ပီးလာဖို့ဖြစ်တေ ။ ပါဝင်သီဆိုဖို့အဆိုတော်တိကတော့ခါ ဝင်းကိုခိုင် ၊ ညီမင်းခိုင် ၊ ညှာစိမ်းခိုင် ၊ စောနှင်းနွယ်ရို့ဖြစ်ဂတ်ပါရေ ။
ယင်းစတိတ်ရှိုးပွဲမှာ ကံစမ်းမဲ အစီအစိုင်ကိုပါထည့်သွင်းထားရေလို့သိရဘာရေ ။ (၁)ပထမဆု လက်တော့ကွန်ပျူတာ (၂)ဒုတိယဆု ကင်မရာတလုံး (၃)တတိယဆု ဖုန်းတလုံး နှင့် အခြားနှစ်သိမ့်ဆုများ ပါဝင်ပါရေလို့သိရဘာရေ ။ အခုရက်ပိုင်းကပင်နိန်ပြီးဂေ လက်မှက်ကိုစတင်ရောင်းချလားဖို့ယာလို့ ပွဲစီစိုင်ရေ ဦးဆောင်ဦးရွက်လုပ် တေအစ်ကို ကိုတူးဝမ်းမှပြောကြားလားပါရေ ။ လက်မှက်တိကို အခုကပင်ကြိုတင်ဝယ်ယူနိုင်ဂတ်ပါဗျာလ်လို့ သိရဘာ ရေ ။ ရဟိန့်ရေ အကျိုးအမြတ်တိကို ရခိုင်ပြည်မှာလိုအပ်နိန်ရေ စာသင်ကျောင်း ဆီးရုံ ဆင်းရဲနွမ်းပါးရေ ကျောင်းသား ကျောင်းသူချေတိနန့် သက်ကြီးရွယ်အို အဘိုးသျှင် အဘောင်သျှင်ရို့ပါးသို့ထောက်ပံ့ပီးလားဖို့ဖြစ်ပါရေလတ် ။ ပရိတ် သတ်တိအနိန်နောင့် စိတ်အပန်းဖြေမှုရစီရေပိုင် ကိုယ့်ရခိုင်ပြီအတွက်ကုသိုလ် ပါဝင်ရာလေးရောက်ပါရေလို့ပြောလားပါရေ။ လက်မှက်တိကို မလေးသျှာဟိန့်ရခိုင်ဆိုင်များနန့် တခြားဒေသဆိုင်ရာနယ်မြေခံ အဖွဲ့အစီးများ ၊ မြို့ထဲရုံး တွင်ဝယ်ယူအားပီးနိုင်ပါကြောင်း ၊ ပူချူန်းမှာဝယ်ယူလိုသူများအနိန်နောင့် ကိုတူးဝမ်း (ဖုန်း ၀၁၆ ၃၅၅၆ ၄၀၆)သို့ ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်းအသိပီးလိုက်ရဘာရေ ။ လက်မှက်တစောင်ကို မလေးသျှားရင်းဂစ် (၆၀) လို့သတ်မှတ် ထားပါရေလို့ပြောပါရေ။ အခုပိုင် စတိတ်ရှိုးပွဲကို Arakan Social Fund (Malaysia) မှကျင်းပစော်ဖြစ်တေလို့သိရပါရေ ။ သင်၏စိတ်အပန်းဖြေပျော်ရွှင်မှုမှ ရခိုင်ပြီအတွက်အလှူဒါနချေတခုရယူလိုက်ပါ။