Saturday, December 10, 2011

အမေရိကန်ရောက် မြန်မာများတိက BBC သတင်းဌာနက အင်နာဂျုံးဝန်ချ တောင်းပန်ဖို့ ဆန္ဒပြ တောင်းဆို



အမေရိကန်ရောက် ရခိုင်လူမျိုးတိ အပါအ၀င် တခြားမြန်မာနိုင်ငံက တိုင်းရင်းသားတိ အားလုံး အပါဝင်း လူ ၁၅၀ ခန့်လောက်ရေ BBC Worldwide Americas ရှေ့မှာ ဆန္ဒ လားရောက် ပြခကတ်ပါရေ။ ဆန္ဒပြစော်နန့် ပတ်သတ်ပြီးကေ ဦးဆောင်ပါဝင်ရေ တယောက်ဖြိုက်တေ ကိုကျော်ထူးအောင်က အဂုပိုင် လေးဝတီကို ပြောပြပါရေ။ “ရည်ရွယ်ချက်ကတော့ BBC အာရှပစိဖိတ်ဌာနခွဲက အင်နာဂျုံး ဆိုရေ မိမ်မတယောက် Bleak Outlook for Burma's Ethnic Groups ဆိုရေ ဆောင်းပါး ခေါင်းစိုင်အောက်မှာ မြေပုံအမှားတိပါနီရေ အတွက်ကြောင်း ကျနော်ရို့ ယင်းချင့်ကို ဘီဘီစီက ပြန်လည်တောင်းပန်ပီးဖို့နန့်၊ နောက်နောင်အေပိုင်အမှားမျိုးထပ်မပြုလုပ်ရအောင် တောင်းဆိုရခြင်းဖြိုက်ပါရေ၊ နောက်ပြီးကေ တိုင်းရင်းသားပေါင်းစုံနန့် လူထု အသံတိကို BBC က ကြားနိုင်အောင်လို့ အမှန်တရားဖက်က ရပ်တည်နိုင်အောင်ဆိုပြီးကေ ဆန္ဒပြရခြင်းဖြိုက်ပါရေ”
တောင်းဆိုမှုတိကတော့ “ BBC သတင်းဌာနက အင်နာဂျုံဆိုရေ မိမ်မကို အရေးယူပီဖို့၊ သူ့အမှားလုပ်မိစော်ကို တရားဝင်တောင်းပန်ဖို့၊ ရခိုင်အပါအ၀င် ကျနော်ရို့ တိုင်းရင်းသားညီအစ်ကိုတိ တောင်းဆိုရစော်ပါ” လို့ ဆန္ဒပြစော်ထဲမှာ ပါဝင်ရေ ကရင်တိုင်းရင်းသားတယောက်ကလည်း ပြောကြားလားပါရေ။ ဆန္ဒပြစော်မှာ တစုံတရာ အနှောင့်အယှက် မဟိရေအပြင် ဆန္ဒပြရေလူတိကိုပင် တာဝန်ဟိရေလူက ကူညီဆောင်ရွက်ပီပါရေ လို့လည်း သိရပါရေ။ “ဆန္ဒပြဖို့ ပါမစ်လျှောက်ရပါရေ၊ သက်ဆိုင်ရာ BBC ဌာနက 6 Avenue လမ်းထက်မှာ ဟိပါရေ၊ ယင်းလမ်းနန့် ပတ်သတ်တေ ရဲစခန်းကို လားပြီးကေ ရဲစခန်း Community နန့်် ပတ်သတ်တေ ဌာနခွဲဟိပါရေ။ ယင်းဌာနတိကို လားပြီးကေ ကျနော်ရီု့ တရားဝင်ပါမစ်တောင်းရပါရေ။ သူရို့တိပါးမှာ တပါတ်ကြိုတင်ပြီးကေ ဒီဇင်ဘာလ ၂ ရက်နိကပင် တရားဝင်ပါမစ်တောင်းထားစော်ပါ။ ရဲတိကလည်း ကျနော်ရို့ လုံခြုံရေးအတွက် စနစ်တကျ ဆန္ဒပြနိုင်အောင်ဆိုပြီးကေ စီစစ်ပီးပါရေ” လို့ ပါဝင်ရေ လူတယောက်က ဆက်ပြောပါရေ။ အခုဆိုကေ BBC သတင်းဌာနကို ကန့်ကွက် ဆန္ဒပြမှုတိရေ ဆက်တိုက်ဖြိုက်ပေါ်နီပါရေ။ အင်္ဂလန်နိုင်ငံ၊ ရန်ကုန်၊ မလေးသျှားနန့် အမေရိကန်နိုင်ငံရို့အပါအ၀င် လူမှု ကွန်ယက် တခုဖြိုက်တေ Facebook မှာလည်း သုံးမိနစ်မကြာ ဘီဘီစီစာမျက်နှာကို လားရောက် ကန့်ကွက်နီကတ်ပါရေ။