Wednesday, January 12, 2011

ရခိုင့်ဂစ်နှင့်နေချဲ့ သူရိုအမြတ်

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းအပြင် မုတ္တမကမ်းလွန်ရှိ ဇောတိကသဘာဝဓာတ်ငွေ့ စီမံကိန်းမှလည်း ၂၀၁၃ ခုနှစ်အတွင်း၌ပင် စတင်၍ ပြည်ပတင်ပို့ရန် စီစဉ်ထားပြီး အဆိုပါ စီမံကိန်းနှစ်ခုမှ လက်ရှိ ပြည်ပတင်ပို့နေသည့် ရဲတံခွန်နှင့်ရတနာ စီမံကိန်းနှစ်ခုမှ ထွက်ရှိပမာဏ၏ အနည်းဆုံး တစ်ဝက် နီးပါး အထိ ထွက်ရှိတင်ပို့နိုင်မည့် အနေအထားရှိသည်ဟု သိရသည်။
လက်ရှိတွင် ရဲတံခွန်နှင့် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းနှစ်ခုမှ ထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကိုသာ ပြည်ပတင်ပို့နေခြင်းဖြစ်ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်းက အဆိုပါစီမံကိန်းနှစ်ခုမှ ပြည်ပသို့ ၃၇၃ ဒသမ ၈၇၂ ဘီလျံကုဗပေ တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


“ဇောတိက စီမံကိန်းက ၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလ ကြားထဲမှာစပြီး ပြည်ပတင်ပို့နိုင်မှာပါ။ ရွှေစီမံကိန်းကတော့ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့ကစပြီး တင်ပို့နိုင်မှာပါ။ မြန်မာ-တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေအနေနဲ့လည်း ၂၀၁၃ မေလမှာ အပြီးသတ်ဖို့ သတ်မှတ်ထားပါတယ်”ဟု စွမ်းအင် ၀န်ကြီးဌာန၊ စွမ်းအင်စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က မြန်မာ-မ လေးရှား ရေနံနှင့်သဘာဝဓာတ်ငွေ့ အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်ယူနေသည့် စီမံကိန်းနှစ်ခုနှင့် ၂၀၁၃ ခုနှစ်တွင် စတင်၍ ပြည်ပတင်ပို့နိုင်မည့် ရွှေ နှင့် ဇောတိကစီမံကိန်းများမှ ထုတ် ယူတင်ပို့မည့် ပမာဏနှစ်ရပ်ပေါင်း ဆိုပါက အာရှပစိဖိတ်ဒေသတွင် နံပါတ် (၁) ပြည်ပတင်ပို့သည့် နိုင်ငံဖြစ်လာဖွယ်ရှိနေကြောင်း၊ နိုင်ငံအလိုက် သဘာဝ ဓာတ်ငွေ့တင်ပို့သည့် စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့် ၁၆ နေရာတွင် ရပ်တည်နေသည် ဆိုသော်လည်း ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အဆင့် ၁၃ နေရာရှိ ဘိုလီးဗီးယားနိုင်ငံကိုပင် ကျော်တက်သွားနိုင်သည်ဟုလည်း လုပ်ငန်းရှင်များက သုံးသပ်ကြပါသည်။
မည်မျှတင်ပို့သည်ဖြစ်စေ လက်ရှိသဘောတူ မြှုပ်နှံလုပ်ကိုင်မှုအရ စီမံကိန်းများ အားလုံးနီးပါးတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE မှ ၁၅ ရာခိုင်နှုန်း ၀န်းကျင် ရောင်းချခွင့်ရရှိပြီး နိုင်ငံခြားကုမ္ပဏီများမှ ၈၅ရာခိုင်နှုန်းဝန်းကျင် အထိရောင်းချခွင့်ရရှိကြောင်း သိရသည်။
လက်ရှိ သဘာဝဓာတ်ငွေ့ ထုတ်ယူကာ ပြည်ပတင်ပို့နေသည့် ရတနာစီမံကိန်းတွင် MOGE မှ ရောင်းချခွင့် ၁၅ ရာခိုင်နှုန်းပါဝင်ပြီး နိုင်ငံခြားကုမ္ပဏီသုံးခုမှ ၈၅ ရာခိုင်နှုန်း ရရှိသည်။ ရဲတံခွန်စီမံကိန်းတွင်လည်း MOGE မှ ရောင်းချခွင့် ၂၀ ဒသမ ၄၅ ရာခိုင်နှုန်းရရှိပြီး နိုင်ငံခြားကုမ္ပဏီသုံးခုမှ ၇၉ ဒသမ ၅၅ ရာခိုင်နှုန်း ရောင်းချခွင့် ရရှိထားကြောင်း သိရသည်။
-———————————————————————————————————————————————– မြန်မာနိုင်ငံတွင် လက်ရှိသဘာဝဓာတ်ငွေ့ ထုတ်ယူနေသည့် စီမံကိန်း နှစ်ခုနှင့် ၂၀၁၃ ခုနှစ်တွင် စတင်၍ပြည်ပတင်ပို့နိုင်မည့် ရွှေနှင့်ဇောတိက စီမံကိန်းများမှ ထုတ်ယူတင်ပို့မည့် ပမာဏနှစ်ရပ်ပေါင်း ဆိုပါက အာရှပစိဖိတ် ဒေသတွင် နံပါတ်(၁)ပြည်ပတင်ပို့သည့် နိုင်ငံဖြစ်လာဖွယ်ရှိ …
————————————————————————————————————————————————
၂၀၁၃ ခုနှစ်တွင် စတင်၍ ပြည်ပတင်ပို့ရန်ရည်မှန်းထားသည့် တည်ဆောက်ဆဲ ရွှေနှင့်ဇောတိက စီမံကိန်းနှစ်ခုတွင်လည်း MOGE အနေဖြင့် ရောင်းချခွင့် ၁၅ ရာခိုင်နှုန်း ရရှိပြီး နိုင်ငံခြားကုမ္ပဏီများမှ ၈၅ရာခိုင်နှုန်းရရှိကြောင်း သိရသည်။
“၂၀၁၃ မှာရွှေနဲ့ဇောတိကသာ စပြီးတင်ပို့မယ်ဆိုရင် ၂၀၁၄၊ ၂၀၁၅ ဆိုရင် Asia Pacific Region မှာ မြန်မာက အင်ဒိုနီးရှားကို ကျော်တက်ပြီး ပထမနေရာ ရောက်သွားမှာသေချာတယ်။ ဒီလိုပဲ ကမ္ဘာ့သဘာဝဓာတ်ငွေ့ တင်ပို့တဲ့ နိုင်ငံစာရင်းမှာလည်း အဆင့် ၁၀ အတွင်း တောင်ရောက်သွားနိုင်တယ်။ လက်ရှိ ရဲတံခွန်နဲ့ရတနာ ကပို့နိုင်တာ ၈ ဒသမ ၂၉ ဘီလျံ ကုဗမီတာဖြစ်ပြီး ရွှေနဲ့ဇောတိက နှစ်ခုပေါင်း ၄ ဘီလျံကုဗမီတာ၊ ၅ ဘီလျံ ကုဗမီတာ ထပ်ထွက်နိုင်လို့ပါ။ ဘာကြောင့်လည်းဆိုတော့ ရွှေနဲ့ ဇောတိကနှစ်ခုပေါင်း  RESERVE  က ၅ ဒသမ ၉၃၂ ထရီလီယံကုဗပေ ရှိတယ်လေ။ လက်ရှိရဲတံခွန်နဲ့ ရတနာ နှစ်ခုပေါင်း RESERVE  က ၁၀ ဒသမ ၆၆ ရှိတယ်လေ။ ဒါကြောင့် တစ်ဝက်နီးပါးလောက်တော့ ထွက်မှာသေချာတယ် ပြောရတာပါ”ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးကလည်း ရှင်းပြခဲ့သည်။
ရဲတံခွန်စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း
ကုမ္ပဏီ       ရောင်းချခွင့်ရာခိုင်နှုန်း
PETRONAS     ၄၀ .၇၅ ရာခိုင်နှုန်း
MOGE     ၂၀ .၄၅ ရာခိုင်နှုန်း
NIPPON     ၁၉ .၄၀ ရာခိုင်နှုန်း
PTTEP     ၁၉ .၄၀ ရာခိုင်နှုန်း
ရတနာစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း

ကုမ္ပဏီ       ရောင်းချခွင့်ရာခိုင်နှုန်း
TOTAL     ၃၁ .၂၄ ရာခိုင်နှုန်း
MOGE     ၁၅ ရာခိုင်နှုန်း
UNOCAL     ၂၈ .၂၆ ရာခိုင်နှုန်း
PTTEP     ၂၅ .၅၀ ရာခိုင်နှုန်း
ရွှေစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း

ကုမ္ပဏီ     ရောင်းချခွင့်ရာခိုင်နှုန်း
DAEWOO     ၈၅ ရာခိုင်နှုန်း
MOGE     ၁၅ ရာခိုင်နှုန်း
OVL     ၁၇ ရာခိုင်နှုန်း
GAIL     ၈ .၅ ရာခိုင်နှုန်း
KOGAS     ၈ .၅ ရာခိုင်နှုန်း
ဇောတိကစီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့်ရရှိသည့် ရာခိုင်နှုန်း

ကုမ္ပဏီ       ရောင်းချခွင့်ရာခိုင်နှုန်း
PTTEP     ၈၅ ရာခိုင်နှုန်း
MOGE     ၁၅ ရာခိုင်နှုန်း
ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်ပို့မှု နိုင်ငံအလိုက်ရပ်တည်မှု

နိုင်ငံ   ပမာဏ(ဘီလျံကုဗမီတာ)
ရုရှား   ၁၇၆ ဒသမ ၄၈
နော်ဝေ  ၉၅ ဒသမ ၇၂
ကနေဒါ  ၉၂ ဒသမ ၂၄
နယ်သာလန်   ၄၉ ဒသမ ၆၇
အယ်လ်ဂျီးရီးယား   ၃၁ ဒသမ ၇၇
အမေရိကန်  ၂၉ ဒသမ ၄၆
ကာတာ   ၁၈ ဒသမ ၇၅
တာ့မစ်နစ္စတန်   ၁၆ ဒသမ ၇၃
ဥဇဘက်ကစ္စတန်   ၁၅ ဒသမ ၇၀
ဂျာမနီ   ၁၂ ဒသမ ၈၀
ဗြိတိန်   ၁၂ ဒသမ ၁၇
ကာဇက်စတန်  ၁၀ ဒသမ ၃၀
ဘိုလီးဗီးယား   ၉ ဒသမ ၈၁
အင်ဒိုနီးရှား   ၉ ဒသမ ၆၇
လစ်ဗျား   ၉ ဒသမ ၁၇
မြန်မာ  ၈ ဒသမ ၂၉
အဇာဘိုင်ဂျန်   ၇ ဒသမ ၁၉
အီရန်   ၅ ဒသမ ၆၇

မျိုးသာဂီ
ပီးပို့ ပါသည်။