Tuesday, January 18, 2011

ဂီရိမုန်တိုင်း(၃)လပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်လွှာ



ဂီရိမုန်တိုင်း(၃)လပြည့် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပပြုလုပ်ကြရန်
တိုက်တွန်းနှိုးဆော်လွှာ
သို့
ချစ်သောမြန်မာပြည်သူပြည်သားအပေါင်းတို့

ဂီရိမုန်တိုင်းကြောင့်ရခိုင်ပြည်သူပြည်သားများစွမှာကြီးမားသောအတိဒုက္ခရောက်နေကြရသည်ကိုအမှန်မေ့နေကြ
တာပါလား(သို့)မေ့ဟန်ဆောင်နေကြတာပါလားဆိုတာကိုကျနော်အသေအချာမပြောတတ်တော့ပါ။နိုင်ငံတကာအသိုင်းအ၀ိုင်းများမှလည်းဂီိရိဒုက္ခသည်တို့အပေါ်အာရုံစူးစိုက်အလေးအနက်ထားကြပုံမပေါ်သည်ကိုတွေ့နေရသည်။လူအသေအပျောက်များမှသာလျင်ပြည်တွင်းကရောပြည်ပကပါအကူအညီများရောက်လာကြမည့်သဘောလား..
ကျွန်တော်မပြောပြတတ်တော့ပါ။

ရခိုင်ပြည်ကိုဂီရိမုန်တိုင်းကြီးတိုက်ခတ်သွားခဲ့တာဟာလာမည့်ဇန်န၀ါရီ(၂၂)ရက်နေ့ဆိုရင်တိတ်ဆိတ်စွာနဲ့ဘဲသုံးလ
ပြည့်မြောက်တော့မယ်ဖြစ်ပါတယ်။မုန်တိုင်းတိုက်ခက်ပြီးနောက်တွင်ရခိုင့်လမ်းပန်းဆက်သွယ်ရေးမကောင်းတာကတမျိုး၊တယ်လီဖုန်းဆက်သွယ်ရေးစနစ်လွန်မင်းစွာအားနည်းတာကတသွယ်၊မိမိတို့ကိုယ်တိုင်ကဆင်းရဲနွမ်းပါးမှုဒဏ်ကိုကြိတ်မှိတ်ခံစားနေကြရ၍ မိမိတို့အရေးထက် အခြားသူများ၏အရေးကိစ္စကို လူအများစိတ်မ၀င်စားနိုင်တာကတ
ကြောင်း၊ လူသားချင်းချင်းစာနာထောက်ထားလိုသည့် စိတ်ကင်းမဲ့ပြီးလျစ်လျူရှုကြသည်ကတဖုံ စသည်တို့ကြောင်း
ကျွန်တော်တို့၏လေဘေးသင့်ရေဘေးသင့် ရခိုင်ပြည်သူပြည်သားများဟာ ယနေ့အချိန်ထိ မ၀ရေစာစားပြီးဆင်းရဲပင်
ပန်းစွာအသက်ရှင်နေကြရပါတယ်။ အားလုံးသိကြ၊ ကြားကြ၊ မြင်ကြ ရတဲ့အတိုင်း နိုင်ငံတကာနှင့်ပြည်တွင်းအန်ဂျီအို
တွေရဲ့ အကူအညီအထောက်အပံ့တွေဟာလည်းအလွန်နည်းပါးလွန်းလှပါတယ်။ရွာတစ်ရွာမှာထက်ဝက်လောက်က
သာအကူအညီများရကြပါတယ်။ဒါတောင်မှလုံလောက်တဲ့ထောက်ပံမှုတွေကိုရကြတာမဟုတ်ပါဘူး။ဥပမာပြောရရင်
“အိမ်တိုင်လောက်ပဲကျန်တဲ့မိသားစုကသာအထောက်အပံ့ရမယ်…မဲပေါက်တဲ့သူမှသာတာပိုလင်စရမယ်” ဆိုပြီး ဝေ
ခြမ်းရေးကိုစောင့်ကြည့်နေကြရတဲ့ လေဘေးရေဘေးသင့် ရခိုင်ပြည်သူပြည်သားတွေရဲ့  ဘ၀ဟာ အင်မတန်မှသနား
စရာပါ။

ကယ်ဆယ်ရေးလာပေးမဲ့အကူအညီကိုစောင့်ရင်းလုံလောက်တဲ့အရေးပေါ်ဝေခြမ်းရေးမရတဲ့လေဘေးရေဘေးသင့်သူတွေဟာဆန်ကွဲစားနေကြရတာကိုကိုယ်တိုင်မြင်ခဲ့ရတာတွေကိုကျွန်တော့်ပြောပြရင်မယုံနိုင်စရာပါ။ရင်ထဲမှာဆိုနင့်
အောင်ခံစားနေရဆဲ ဖြစ်ပါတယ်။

ဘာကြောင့်ဒီလူတွေမှာဒီလောက်အကူအညီမဲ့နေရပါသလဲ

ဂီရိမုန်တိုင်းသင့်ဒေသတွေမှာကျေးရွာအဖြစ်အစိုးရကအသိအမှတ်ပြုခြင်းမခံရသေးတဲ့တချို့ တချို့ သောနေရာတွေ
မှာလုပ်ကိုင်စားသောက်နေကြရတဲ့လယ်သမား၊ရေလုပ်သမားတွေဟာမုန်တိုင်းအပြီးအလုပ်အကိုင်မရှိတဲ့နောက်မှာကယ်ဆယ်ရေးပစ္စည်းရရန်အတွက်လျောက်လွှာစာရွက်ကလေးတစ်စောင်ကိုကိုင်ပြီးတစ်ရုံးဝင်တစ်ရုံးထွက်မျက်နှာ
ငယ်စွာဖြင့်ဆန်အလှူခံနေကြရပါတယ်။ဆန်ရဖို့အသာထား၊စကားတောင်အပြောမခံကြတဲ့အတွက်မျက်နှာအောက်
ချပြန်လှည့်ခဲ့ကြရပါတယ်။ NGO အဖွဲ့အစည်းတွေမှာလည်း လုံခြုံရေးဝန်ထမ်းတွေမှနေ အထက်ဝန်ထမ်းများ အထိ
တာဝန်ရှိသူတွေဟာရွာသူရွာသားတွေပြောတဲ့စကားကိုနားထောင်ချိန်မရလောက်အောင်ကိုအလုပ်များနေကြတယ်လို့ရွာသားတွေကတဆင့်သိခဲ့ရပါတယ်။ဒီလိုနဲ့ရွာတွေမှာဝေခြမ်းရေးမရတဲ့လေဘေးသင့်ပြည်သူတွေဟာမြို့ တက်ပြီး
အခက်အခဲတွေကိုပြောပြခဲ့ကြပေမဲ့ဘာမှထူးခြားမှုတွေဖြစ်မလာခဲ့ပါဘူး။ဓါတ်ဆီကုန်ရုံသာမကဘဲ့ထမင်းအထပ်ထပ်ပင်ငတ်ကြရသေးကြောင်းသူတို့ကတဆင့်သိခဲ့ရပါတယ်။ဝမ်းနည်းဖွယ်ကောင်းလေစွ။

အစစအရာရာချွတ်ခြုံကျနေတဲ့ အကူအညီမဲ့ ရေဘေးလေဘေးသင့်ရခိုင်ပြည်သူတွေဟာ ထမင်းတစ်နပ်စားရရေးအ
တွက်အရှက်အကြောက်ကိုမငဲ့ဘဲတောင်းရမ်းစားနေကြရေပေပြီ။မုန်တိုင်းဖြစ်ပြီးတဲ့နောက်မှာရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးကရခိုင်သူရခိုင်သားတွေသာမကပြည်ပရှိရခိုင်သူရခိုင်သားများနှင့်အနယ်နယ်အရပ်ရပ်မှစေတနာရှင်များကလူသားချင်းစာနာတဲ့စိတ်ထားတွေနဲ့ကူညီပံ့ပိုးပေးခဲ့ကြပါတယ်။သို့သော်လက်ရှိအချိန်မှာမူဒုက္ခသည်များကြုံတွေ့နေရသည့်ဆင်းရဲအမျိုးမျိုးကိုပြည်တွင်းပြည်ပကသူတွေသာမကသတင်းမီဒီယာများကပါအလွန်မြန်ဆန်စွာဖြင့်သိသိသာသာကြီး အာရုံစိုက်မှုနည်းပါးလာနေသည်ကို ၀မ်းနည်းစွာတွေ့နေရပေသည်။

မည်သို့ပင်ဆိုစေ..ရခိုင်ပြည်သည်မြန်မာနိုင်ငံတွင်တည်ရှိသောရခိုင်တိုင်းရင်းသားများနေထိုင်သည့်နယ်မြေတစ်ခုဖြစ်ပါသည်။သို့အတွက်ပြည်တွင်းပြည်ပသတင်းမီဒီယာများမှအာရုံစိုက်မှုနည်းပါးသည်ရှိသော်လည်းမြန်မာပြည်သူပြည်သားအပေါင်းတို့သည်လူသားချင်းစာနာစိတ်ရှိစွာဖြင့်လေဘေးသင့်ပြည်သူများအားအစာရေစာလုံလောက်စွာရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသင့်ကြပါသည်။ မိမိတို့တတ်နိုင်သည့်ဘက်မှ ကူညီမှုများကို ဆက်လက်ပေးရန် လိုအပ်
ကြောင်းပြောကြားလိုပါသည်။အဆိုပါလေဘေးသင့်ပြည်သူတို့သည်မြန်မာနိုင်ငံထဲမှမြန်မာပြည်လူသားများမဟုတ်ပါလော..။

ဒုက္ခရောက်နေကြတဲ့ရခိုင်ပြည်သူပြည်သားများအတွက်ဆက်လက်ကြိုးပမ်းပေးကြရန်ကျွန်တော်လေးနက်စွာတိုက်တွန်းပါရစေ။ယခုလာမည့်ဇန်န၀ါရီလ(၂၂)ရက်နေ့သည်ဂီရိမုန်တိုင်းတိုက်ခတ်ခဲ့သည့် သုံးလပြည့်မြောက်တော့မည်
နေ့ ဖြစ်သည်။သို့ရာတွင် လေဘေးရေဘေးသင့် ရခိုင်ပြည်သူတွေမှာမျှော်လင့်ချက်မဲ့စွာငတ်ပြတ်နေဆဲ ၊ အပစ်ပယ်ခံ
ထားရဆဲဖြစ်သည်။ယင်းနေ့တွင်ပင်မုန်တိုင်းကြောင်းသေဆုံးသွားခဲ့ရတဲ့လူတွေအတွက်ပြီးတော့ဆင်းရဲမှုသောကအ
ပြည်နှင့်ကျန်ခဲ့သောမိသားစုတွေအတွက်ကျွန်တော်တို့ဟာသူတို့အတွက်ထပ်တူထပ်မျှခံစားရပါကြောင်းနှင့်အိုးမဲ့အိမ်မဲ့စွာဖြင့်ဘ၀စားဝတ်နေရေးအတွက်ပူပင်သောကအတိပြည့်နေတဲ့ပြည်သူတွေရဲ့ဘ၀ကိုထပ်တူဝမ်းနည်းမိကြောင်းပြသရန်အလို့ငှာ ၀မ်းနည်းမှုအထိမ်းအမှတ် တစ်ခုကျင်းပပြုလုပ်ရန်အတွက် မြန်မာပြည်သူပြည်သား  တိုင်းရင်းသားညီ
အစ်ကိုမောင်နှမများအား ကျွန်တော်အနေဖြင့် တိုက်တွန်းလိုက်ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့မျိုးချစ်ရခိုင်ပြည်သူပြည်သားတွေအပါအ၀င်အခြားအခြားသောလူသားချင်းစာနာတတ်သူမြန်မာပြည်သူပြည်သားများမှလည်းကျွန်တော်တို့နှင့်အတူဇန်န၀ါရီလ(၂၂)ရက်နေ့တွင်ဒီဝမ်းနည်းခြင်းဖယောင်းတိုင်မီးထွန်းပွဲ
အခမ်းအနားကျင်းပရာတွင်ပါဝင်ကြဖို့ထပ်မံတိုက်တွန်းလိုက်ပါတယ်။


ဒီဇင်ဘာလ(၂၂)ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မြေပုံမြို့မှလူငယ်အချို့ ဟာဂီရိမုန်တိုင်း(၂)လပြည့်ဝမ်းနည်းမှုအထိမ်း
အမှတ်အဖြစ် မိမိတို့ရဲ့ အိမ်ရှေ့ ဆိုင်ရှေ့ နှင့် လမ်းမများပေါ်မှာ ဖယောင်းတိုင်မီးထွန်းညှိခဲ့ကြပါတယ်။

ဒီအတိုင်းပဲယခုလာမည့်ဇန်န၀ါရီလ(၂၂)ရက်နေ့ ၊ စနေနေ့တွင် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် အမြို့မြို့အနယ်နယ်
ရှိမြို့များတွင် ရခိုင်လူငယ်များမှ ဖယောင်းတိုင်ကိုယ်စီထွန်းညှိကာ ဂီရိသုံးလပြည့်ဝမ်းနည်းမှုအထိမ်းအမှတ်ကိုကျင်းပ ကြမည်ဖြစ်သည်။

ဆက်လက်တိုက်တွန်းလိုသည်မှာ ပြည်ပတွင်ရောက်ရှိနေကြသော အဝေးရောက်မျိုးချစ်ရခိုင်သူရခိုင်သားများ နှင့်လူ
သားချင်းစာနာတတ်သည့် အခြားသောမြန်မာပြည်သူပြည်သားများမှ တစ်ဦးတစ်ယောက်ချင်းစီမိမိအိမ်နှင့်ဆိုင်ရာနေ
ရာများတွင်ဇန်န၀ါရီလ(၂၂)ရက်နေ့ညနေပိုင်းတွင် ဖယောင်းတိုင်မီး ပြိုင်တူထွန်းညှိကာကူညီပေးကြပါရန်တိုက်တွန်း
နှိုးဆော်လိုက်ရပေသည်။

အောက်တိုဘာ၂၂-၂၃ရက်နေ့များကရခိုင်ပြည်နယ်တွင်တိုက်ခတ်သွားသောအားပြန်းသည့်ဆိုင်ကလုန်းမုန်တိုင်းဂီရိ
သည် အိမ်ထောင်စု(၅၂၀၀၀)ကျော်နှင့်လူဦးရေပေါင်း(၂၆၀၀၀၀)ကျော်ကိုမုန်တိုင်းနှင့်အတူအလူးအလဲခံစားစေခဲ့ပါ
သည်။အဆိုပါမုန်တိုင်းကြောင်း အိမ်ခြေပေါင်း(၂၀၃၈၀)ပျက်စီးဆုံးရှူံးခဲ့ရပြီး လူဦးရေ(၂၀၁၉၂၃)မှာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့
ကြရသည်ဟု ၀ီကီပီးဒီးယား တွင်ဖော်ပြထားသည်။

အခမ်းအနား ဂီရိ(၃)လပြည့်ဝမ်းနည်းခြင်း
အစီအစဉ်-ဖယောင်းတိုင်ထွန်းညှိပွဲ
နေ့ရက်-၂၂.၀၁.၂၀၁၁(စနေနေ့)မိမိနေရာပတ်ဝန်းကျင်တွင်ထွန်းညှိပေးကြပါရန်။

တိုက်တွန်းနှိုးဆော်သူ

Khine BraveHeart