Monday, January 31, 2011

အမေရိကန်နိုင်ငံသား ဦးသန်းဝင်းအား လေးစားစွာဖြင့် ပြန်လည်ဖြေကြားသတင်းပေးချက်


အမေရိကန်နိုင်ငံသား ဦးသန်းဝင်းအား  လေးစားစွာဖြင့် ပြန်လည်ဖြေကြားသတင်းပေးချက်
(၁.၉.၂၀၁၁၊ အွန်လိုင်းစာတန်းနှင့်ပတ်သက်၍)
                 ဦးသန်းဝင်း၏ခေါင်းစီးစာတန်း။….. ။အမျိုးကိုချစ်တာလား? ဒါမှမဟုတ်အမျိုးကိုနှစ်တာလား? မေးခွန်:၀ါကျ နှင့်ပတ်သက်လို့ လူကြီးလူကောင်း ဦးသန်းဝင်းကိုပင် မိမိရေးမိလိုက်သော ၀ါကျကို မိမိပြန်လည် စီစစ် ဝေဖန် ဖို့အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။ အောက်ပါအချက်များ ……..
                ဤ၀ါကျကို မည်သည့်နိုင်ငံရေးရှုဒေါင့်မှကြည့်ပြီး ရခိုင်နိုင်ငံရေးသမားများကိုထောက်ပြရဲတာလဲ။ ကိုယ့်နိုင်ငံရေး ခံစားချက်နှလုံးသား(သို့)မည်သူတို့၏ နိုင်ငံရေးဦးဏှောက်၊ နိုင်ငံရေးကျမ်းဆိုသည်ကို ဥပဒေတွင်း၊ဥပဒေပ ဗမာ့နိုင်ငံရေးနှင့် ရခိုင့်နိုင်ငံရေး သမိုင်းကြောင့် ၁၇၈၄-ခုမှ ၂၀၁၁-ခု အထိ အချိန်ကာလ အပိုင်းအခြားအားဖြင့် ပြန်လည်သုံးသပ်ဆင်ခြင်ကြည့်ပါ။ အသိများလွန်နေသလား၊ အတတ်များလွန်နေသလား၊ အလွန်ပင် သိမ်မွေ့ နက်ရှိုင်း နေပါသလား ဆင်ခြင်ဖွယ်။
            ဤမျှလောက်ဆွေးနွေးတင်ပြရုံဖြင့် ဦးသန်းဝင်းမိန်းကြားသောမေးခွန်းဝါကျသည်၊ အခြားတဖက်တွင်  မည်သို့ သောအဓိပ္ပါယ်များပုန်းကွယ်နေသောကြောင့် ကိုယ့်ကိုကိုနှလုံးသွင်းဆင်ခြင်နိုင်ဖို့လုံလောက်မည်ထင်ပါ သည်။ ဦးသန်းဝင်း ၏ နိုင်ငံရေးအမြင်သည် ခေသူတစ်ယောက်မဟုတ်ကြောင်း နိုင်ငံရေးသိပ္ပံတွင် ရခိုင်လူမျိုးအဖို့ အားထား လောက်ပါ၏။ အပိုဒ်လိုက်ထောက်ပြချက်များသည်လည်း လက်ရှိစစ်ဘီလူး ဦးသန်းရွှေ၏ နိုင်ငံရေး အခင်းအကျင်းများကို ကွက်ကွက် ကွင်းကွင်းပင် ကောင်းကျိုးဆိုးကျိုးများကို အကျွန်ုပ်တို့အား မြင်စေပါ၏။ (အမှန်အတိုင်း ၀န်ခံခြင်းပင်) သို့သော်………..
            ပြန်လည်သတိပေးချက်…….ဤနိုင်ငံရေးအမြင်မျိုးသည် ကာလရှည်စွာကပင်ရခိုင်လူမျိုးများကို နိုင်ငံ ရေးကျွန်ဇာတ်သွင်းခဲ့ပြီးပြီးဆိုသည်ကို ကြည့်လျှင်ကြက်သိမ်းမွေးညှင်းထမိပါ၏။ဆက်လက်၍ သင်သည်ပင်လျှင် ကျွန်ပိုင်ရှင်တို့နဲ့အတူ globalization နှင့် IT ခေတ်ကြီး၌M -Series များအထူးအထဲကြားတွင် ငါ့ဝမ်းပူဆာမ နေသာလိုကူကြကယ်ကြ တဇာဇာနှင့် ၁၅.၁၈ အရွယ်မှစ၍ မိန်းမ ယောင်္ကျားဟူသမျှတို့သည် ပင်လယ်ရပ်ခြား တိုင်းတပါးသို့  နိုင်ငံတခုဆိတ်သုန်းရသည်အထိ ထွက်ပြေးတိမ်းရှောင်နေရသည် ကံကြမ္မာကိုလာလှည့်ကြည့်ပါ။
            ဦးသန်းဝင်း အရေးတကြီး(သတ်ကွင်း)ထောက်ပြထားသည့် အခြေအနေအဖြစ်မျိုးသို့ မရောက်ခင် မကြာတော့သည်ကာလမှာ အလွန်တရာပင်ဝမ်းနည်းစရာကောင်းဖွယ်ဖြစ်တော့မည့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးတို့သည် သင်ပြောဆိုသည့် ဗိုလ်ချုပ်မှုကြီးသန်းရွှေ စစ်ဖိနပ်အောက်တွင်မြုတ်ဝင်ပျောက်ကွယ်သွားပြီ။ မည်သည့်လူမျိုးများ ရခိုင်ပြည်တွင် အခြေတကျနေထိုင်ကြတော့မည်ဖြစ်ကြောင်း (၂၁) ရာစုအချိန်တိုတိုပိုင်းတွင် သင့်နိုင်ငံရေး အမြင်ကျမ်းကြီးကို အဖြေပေးပါလိမ့်မယ်။ စောင့်ကြည့်ပါတော့၊ ပဉ္စမမြန်မာနိုင်ငံတော်ထူထောင်သူ ဦးသန်းရွှေ ၏ ရခိုင်လူမျိုးများနှင့် တခြားကရင်၊ရှမ်း။ကယား၊မွန်စသည့် လူမျိုးများကံကြမ္မာ-နိဂုံးချုပ် ဂိုးသွင်းပွဲကို အမေရိကန် နိုင်င်ငံတော်ကြီးစင်မြင့်ထက်က တပျော်တပါးကြည့်ကြရအောင်၊ သင်၏သွေးသား သင်၏ဆွေမျိုးများသည်ပင်လျှင် ဤကမ္ဘာမြေ ဘယ်ဆီဘယ်ဝေ၊  သြော် ရခိုင်ပြည်အားချစ်လှစွာသော အမေရိကန်နိုင်ငံသား ဦးသန်းဝင်းခင်ဗျာ­---­- လာလှည့်ရှု့လှည့်.. ဖိတ်ခေါ်ပါတယ် …… သြော်မိတ်ဆွေ။
           
မှတ်ချက်။   ။ ကျန်ရှိသည့်အကြောင်းတိုင်းလည်း ဤအတိုင်း အဓိပ္ပါယ်ရှိသည်မို့ ၊ နိုင်ငံရေးကျမ်းမဖတ်တော့ပါ။
                                                            အားလုံးချစ်ခင်လေးစားလျှက်
     ကမ္ဘာမြေကိုချစ်မြတ်နိုးသူ
၂၅.၁.၂၀၁၁