Tuesday, May 3, 2011

လွမ်းမြင့်တာရှည် ကြာသည်တည်း













မျှော်၍ကြည့်သော် ၊ ကြားနိုင်ဖေါ်ရို့ 
ထူးခေါ်မဟိန့် ၊ ရင်မှာသိမ့်မျှ
တစိမ့်ဆံခြည် ၊ ရင်းလေသည်နှာင့်
တိမ်ပြီတိမ်လွှာ ၊ မိုးအာကာပုံ
ပြောင်းဗျာလ်ထွီမြူး၊ ရောင်စုံလူးဟန်
နှစ်ကူးလွန်တိုင်း ၊ ရက်မှန်အောက်မိ
အခြင်းသိယင့် ၊ စိစိတွီးလျှက်
လွမ်းဆွီးခက်ဖြာ ၊ အရှေ့ ရွာတည်
ရက္ခိုင်ပြည်ကို ၊ မျှော်ရည်မဆုံး
ရင်နင့်ထုံး၍ ၊ ကိုယ်နှုံးချိပမ်း
အားအင်ခမ်းပိုင် ၊ စိတ်အစိုင်မှာ
ယိမ်းယိုင်ဖြစ်ခ ၊ သောကာလ၌.
မာနသမိုင်း ၊ ရိုက်ခတ်တိုင်းဖြစ်
ညို့ မှိုင်းရစ်သီ ၊ ကျစ်ကျစ်လက်သီး
ဆုပ်ပြီးဗျန်လေ ၊ သဏ္ဍန်ဂုဏ်ဝင့်
လွမ်းမြင့်တာရှည် ကြာသည်တည်း ။။။

မျှော်၍လွမ်းသော် ၊ ရော်ရမ်းလီတိုင်း
တရက်မှိုင်းညို့ ၊ တရက်ပျို့ နှာင့်
လွမ်းဖို့ စာစီ ၊ ဖြစ်နိန်လီယောင်
ရှေ့နောက်တောင်မြောက် ၊ ဂယောင်ခြောက်ခြား
မိမဲ့ သားပိုင် ၊ စိတ်အားငယ်ဗျာလ်
တခါရံမျှ ၊ ပျော်ဟန်မဟိန့် 
မျက်ရည်လိမ့်ကျ ၊ ခံစားရစွာ
ဘ၀ဆက်ကာ ၊ မဟိန့် ပါကေ့
တခါလူဖြစ် ၊ လောက၌၀ယ်
စိတ်နှိုက်ကိုယ်ပါ ၊ လွပ်လွပ်ကာနိန်
မြီးခါငိုလို ့ ၊ ရယ္လို ့ပိုင္ရာ
တားနိုင်သူကင်း ၊ ချော့မြူယင်းနှာင့်
ဝမ်းတွင်းပျော်သို့  ၊ အကျော်ဒေးယျ
မဖြစ်ရလည်း ၊ ဖြစ်ရချိန်မှာ
လူရာစင်စစ် ၊ အမြင်ဟိန့် ချင့်
လွမ်းမြင့်တာရှည် ကြာသည်တည်း။။။။။ ။။။။။။

မျှော်၍ကြည့်သော် ၊ ယောင်ဗျာလ်ခေါ်မိ
မပေါ်လာပိုင် ၊ ရခိုင်ပြည်သူ
ကိုယ်ဟလူရို့  ၊ အဇူအဇါ
ဖိုးဖီးမှာလည်း ၊ သိစွာမိဗျာလ်
ဟိန့် လီပြန်ဖို့ ၊ လွမ်းဝှန်စိတ်ကဲ
မျက်ရည်ဝဲယင်း ၊ အမြဲပင်းလျှင်
ရင်တွင်းချိနာ ၊ မသာယာဖြစ်
ဇါခါတွိဖို့  ၊ ဆုံဖို့ လဲချင့်
တေးကျူးရင့်သံ ၊ ရိုးမယံ၌
လွင့်ပျံကြားချင် ၊ စိတ်မှာမြင်လို့ 
ငါရို့ ပြည်ကို ၊ အုပ်ချုပ်လိုရေ
အုပ်ချုပ်မေလတ် ၊ တခွင်ရပ်ဝန်း
မပြတ်ကြားနိန် ၊ ဟိန့် လီစီစွာ
ကြားသည်နှင့်လည်း ၊ တန့် ဆည်းမရ
မျက်ရည်စနှာင့် ၊ ဘ၀ပီးဆပ်
အသက်အပ်ဗျာလ် ၊ တော်လှန်ကတ်ဖို့ 
ညီညွတ်ကတ်ဖို့  ၊ ရလပ်ခကေ
ပြန်လတ်သူငါ ၊ ပျော်စရာချင့်
မြီးရပ္ရြာကို ၊ ဂုဏ္လႊာတင့္ဖို့ ့
လွမ်းမြင့်တာရှည် ကြာသည်တည်း ။။။။ ။။။။။။။။။။။့

ခိုင်အောင်ကျော် ( နယူးယောက် )
.