Thursday, May 19, 2011

ရခိုင်တော်လှန်ရီးသမားတိနန့်  ကရင်တော်လှန်ရီးသမားတိ ကာလက္ကတားအကျဉ်းထောင်က လွပ်လာဗျာလ်

လွန်ခရေ ၁၉၉၈-ခုနှစ် ဖေဖေါ်ဝါရီလ-၁၁ -ရက်နိန့်က ကပ္ပလီပင်လယ် အိန္ဒိယနိုင်ငံပိုင် လန်းဖေါကျွန်းမှာ ရခိုင်တော်လှန်ရီးသမားစစ်စခမ်းဖွင့်ဖို့  လာစွာမှာ အဖမ်းခံခရရေ တော်လှန်ရီးသမားတိ ( ၁၉-၅-၂၀၁၁) ဒေနိဆိုကေ လွပ်လာကတ်ပါဗျန်၊ အကျဉ်းထောင်ထဲမှာ -၁၃-နှစ်တိုင်တိုင် နိန်ခရေ ရခိုင်တော်လှန်ရီးသမား-၃၁-ယောက်မှာ နယူးဒေလီလေဆိပ်ကို ညဥ့် -၁၁-ချက်တီးခါ ရောက်လာဖို့  ဖြစ်တေအတွက် နယူးဒေလီမှာ ဟိန့် နိန်ကတ်တေ ရခိုင်လူမျိုးတိအပါအ၀င် အခြားလူမျိုးတိကပါ လေဆိပ်ကိုလားပနာ ကြို ဖို့  ကားနှစ်စီးတောင် အဆင်သင့် ငှားထားရေလို့  ပြောသံကြားရပါရေ ။ နောက်-၃-ယောက်မှာ အကျဉ်းထောင်တွင်း ပြသနာဖြစ်နိန်ခလို့ . အမူဟိန့် နိန်သိရေအတွက် မလွပ်သိဘဲ တနားချေ ကျန်နိန်ခရေလို့  သိရပါရေ ။ NUPA ရခိုင်ပြည်အမျိုးသား ပြည်သူ့  ညီညွတ်ရီးပါတီ က တော်လှန်ရီး ရဲဘော်ရို့ မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇါနာင့် လာစွာမှာ အဖမ်းခံရစွာဖြစ်ပြီးကေ ဗိုလ်ရာဇါအပါအ၀င် ခေါင်းဆောင်-၆-ယောက် အသတ်ခံခရပါရေ ။ ယင်းပိုင် ဗိုလ်ရာဇာရို့  ကျဆုံးလားစွာမှာ အဓိကတရားခံ အိန္ဒိယ-စစ်တပ်ထောက်လှန်းရီးက ဗမာစကားပြောရေ - ဟိန္ဒူလူမျိုး နေ၀င်းခေါ် Gree-Wal ဆိုသူဖြစ်ပါရေ ။ သူက အိန္ဒိယနိုင်ငံပိုင် လန်းဖေါကျွန်းမှာ စစ်စခမ်းဖွင့်လို့  ရအောင် -အစိုးရနာင့် ပြောဆိုဆွေးနွေးဟန် ဆောင်ထားပြီးဒေါ်လာတိကို NUPA က ထာဝဉ်တောင်းယူနိန်ခသူလဲ ဖြစ်ပါရေ ။ ယင်းပိုင်သစ္စာဖေါက်ပနာ လုပ်ကြံခလို့  ရခိုင်တော်လှန်ရီးခေါင်းဆောင် ဗိုလ်ချုပ်ခိုင်ရာဇါ ကျဆုံးလားခရရေ အတွက် ရခိုင်တော်လှန်ရီး လုံးဝပျက်စီးလားခရပါရေ ။ အခုအချိန်မှာ ရခိုင်တပ်မတော်-AA- က တော်လှန်ရီးရဲဘော် -၃၄- ယောက်လွပ်လာဗျန်ဆိုကေ NUPA ကို ပြန်လို့ တခါ တော်လှန်ရီးအတွက် အားသစ်ဖြည့်ကတ်နိုင်ဗျန်လို့  ရခိုင်လူမျိုးကြားမှာ အားပီးထောက်ခံသံတိ ထွက်လာနိန်ပါဗျန်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အများအဖြစ် သူရို့ ကို အသိအမှတ် ပြုထားလိုက်ဗျန် ဖြစ်တေအတွက် တရားဝင်သက်သေခံလက်မှတ် ရထားဗျန် ဖြစ်ပါရေ ။ သူရို့ တိအနာဂတ်အတွက် အိန္ဒိယနိုင်ငံမှာ တာရှည်နိန်ရဖို့ လား မဟုတ်ကေ တတိယနိုငံတိကို ပို့ လိုက်ဖို့စွာလားကို တော့ သေသေချာချာ မသိရဘဲ ဖြစ်နိန်ကတ်ရပါရေ ။ ဇါပင်ဖြစ်ဖြစ် အခုလွပ်လာရေ NUPA က တော်လှန်ရီးရဲဘော်တိက ဦးဆောင်ပနာ ရခိုင်နိုင်ငံရီးနာင့် တော်လှန်ရီးကို ဆက်လက်လှုပ်ရှားလားဖို့  ဆိုကေ နိုင်ငံတကာမှာ ရောက်နိန်ကတ်တေ ရခိုင်လူမျိုးတိက ၀ိုင်းဝမ်းထောက်ခံလားဖို့  အလားအလာကောင်းတိ မြင်နိန်ရရေပိုင် စည်းရုံးညီညွတ်ရီးနာင့် ပါတ်သက်လို့ တပါတီနာင့် တပ်မတော်တခုတည်း ဖြစ်လားနိုင်ဖို့  ဟိန့် ရေလို့  သုံးသပ်နိန်ကတ်စွာ ကြားနိန်ရပါရေ။


လေးဝတီ

။.