Tuesday, May 31, 2011

နယူးယောက်မြို့ က အမှတ်တရ အလွမ်းချေရို့ 

တခါတလီ ကျွန်တော်နိန်ထိုင်ရေ ရပ်ကွက်လို့ ဆိုရဖို့ လား မြို့ လို့ ဆိုရဖို့ လား မသိ။ နယူးယာက်မြို့ ကြီးကား ( ၅ ) ရပ်ကွက်ကြီးသို့ မဟုတ် မြို့  ချေ( ၅) ခုကို ပေါင်းထားစွာဖြစ်သည်။ ကျွန်တော်နိန်ထိုင်သော ဘရောင့်စ်မြို့  ၊ ကွင်းစ်မြို့  ၊ ဘရုပ်ကလင်းမြို့  ။ မဟတ်တန်မြို့  ၊ စတိတ်အိုင်စလမ်းမြို့  ဆိုပနာ ပေါင်းစုထားစွာကို နယူယောက်မြို့  လို့ ခေါ်သည်။ ကျွန်တော့်အိမ်ကထွက်လို့  လားဗျန်ဆိုကေ -၂-ဘလော့လောက်မှာ ပန်းခြံဟိန့် သည်။ အခုပိုင်မေလဆိုက ပူချင်ကေ ပူလာတ်တေ မြို့ က နယူးယောက်မြို့ ဖြစ်သည်။ ဒေနိန့့် တောင်မှ မိုးထဖက်က မိုးရွာနိန်သိသည်။ မိုးကြိုးသံတောင် ကြားလိုက်ရသည်။ ညဇက ပူလို့ ဆိုဗြီး ပြတင်းပေါက်ကို ဖွင့်လို့  အိပ်ရသည်။ သံဇကာတော့ ပိတ်လို့ ။ ယေကေလဲ နိန့့် ခင်းဖက်မှာ နီကပူလာသည်။ နယူးယောက်မြို့  ရာသီဥတုကို ကျွန်တော့် မှာ စစ်တွေ မြို့ နာင့် တူသည်လို့  ထင်သည်။ မိုးက ရွာတတ်သည်ဖြစ်၍ ထင်ရစွာလား မပြောတတ်။ ကိုယ့်မြို့  ကိုယ့်ရွာကို သတိရနိန်လွန်း၍ ယင်းပိုင် ထင်နိန်စွာလား မပြောတတ်။ ယေကေလဲ မိုးကများချင်ချင် ဖြစ်နိန်၍ နယူးယောက်မြို့ ကို ကျွန်တော်က သဘောကျသည်။ ထိုတရက်နိန့် က အိုင်ဟိုဝါးပြည်နယ်မှာ နိန်ထိုင်ရေ မလေးရှားက လာလတ်တေ ကလေချေတယောက်က သူနိန်ရေ မြို့ မှာ ကောင်းကောင်းချမ်းနိန်လို့  တံခါးတိ ပိတ်ထားရရေလို့  ပြောသည်။ ချမ်းရေဆိုခြင်းမှာ ရီခဲနိန်စွာမျိုးကို ပြောစွာဖြစ်သည်။ ဆီးနှင်းတိ ကျဗျန်ဆိုကေ အခြားနယ်တိမှာ တမြို့ လုံးလိုလို ရီခဲပြင်ဖြစ်နိန်စွာက များသည်။ နယူးယောက်မြို့ မှာ ကုန်ခရေလက ဆီးနှင်းမိုး ရွာသည်။ မိုးထဖက်ရွာလို့  ဟိန့် ကေ -၃- ပေလောက် နှင်းထူထူကျခသည်။ ယင်းပိုင်ရွာကေ ပျော်ဖို့ ကောင်းသည်။ ဈီးဝယ်ဖို့  လားလို့ ဟိန့် ကေ ဂျာကင်အနွီးထည် ထူထူဝတ်လို့  လားရသည်။ ခေါင်းစွပ်ဂျာကင်က ဒေမှာ အ၀တ်များသည်။ နှင်းမိုးရွာခစွာက မှတ်မှတ်ရရ - ၃ ကြိမ်လောက် ဟိန့် ခရေလို့  ထင်သည်။ ယေကေလဲ ရက်ကဆက်တိုက်မကျခ။ တလမှာ တကြိမ်လောက် နှင်းမိုးရွာခစွာမျိုး။ နှင်းမိုးရွာခကေ ပန်းခြံထဲမှာ တကွင်းလုံး ရီခဲ ပြင်ဖြစ်နိန်သည်။ ရီခဲပြင်ဖြစ်တေဆိုကေ လီကတော့ စိမ့်နိန်အောင် ချမ်းစွာပါကာ။ နှင်းမိုးရွာရွာ မရွာရွာ နယူးယောက်မြို့ ကတော့ လီတိုက်တေဆိုကေ အီးစက် ချမ်းလှပါသည်။ ယေဇူးနာင့် ဂျာကင်အင်င်္ကျီ ၀တ်ရစွာနာင့် ၀ထုပ်ဆောင်းရစွာနာင့် အပြင်ထွက်ကေ ရက်ပြတ်ဝတ်နိန်ရသည်။ ယေခါ ရီခဲ ပြင်မှာ ဓါတ်ပုံရိုက်ရစွာက ပျော်ဖို့ ကောင်းသည်။ ယင်းဓါတ်ပုံတိကို ကျွန်တော့် မှာ ကိုယ့်ဘားက လူတိဘားကို ပို့ တတ်ပါသည်။ . နှင်းမိုးရွာစွာတိကို အယင်က ဘိုင်စကုတ်တိမှာ မြင်ဖူးသည်။ အခုတော့ ကိုယ်တိုင်တွိနိန်ရစွာမှာ ပထမဆုံးကျရေနိန့် ကို သတိတရ ပြောချင်သည်။ သားသမီးတိက အလုပ်ကို လားနိန်ကတ်တေအခါ ကျွန်တော်ရို့  လင်မယားနှစ်ယောက်က အိမ်မှာ ကျန်ခသည်။ မိုးထဖက်စောစောမှာ နှင်းမိုးက မကျခင် သူရို့ က အိမ်ကထွက်လားခစွာဖြစ်လို့  နှင်းမိုးရွာနိန်စွာကို မမြင်ခရ။ ယေဇူးနန့်  နှင်းမိုးရွာနိန်စွာကို ကျွန်တော်ရို့ က ကြုံသည်။ ပထမခါ စတိုးဆိုင်ကို လားပနာ စားသောက်စရာတိကို လားဝယ်စွာဖြစ်သည်။ အလားခါ နှင်းမိုးချေတိက တဖြောက်ဖြောက်ကျလာသည်။ နှင်းမိုးက တဖွဲ ဖွဲ ရွာကျလာခါ စိတ်ထဲမှာ ပျော်စရာလို လို ဖြစ်လာသည်။ ပထမဆုံ့းအတွိအကြုံက ရွှင်လန်းစီဖြစ်သည်။ တောင်ပို့ မှိုကို တောထဲမှာ ဟင်းရှာယင်း တွိကေ ပျော်တတ်တေ ဆိုစွာမျိုး ဖြစ်နိန်သည်။ ယေကေလဲ နှင်းမိုးက လမ်းမထက်မှာ တတောင်လောက် မြုပ်လားဖို့ လို့ မထင်ခ။ အိမ်ခန်းကို ရောက်လို့  ပြတင်းပေါက်က ကြည့်နိန်ချိန်မှာ နှင်းမိုးတိက သဲလာသည်။ တနားနိန်ကေ လမ်းမထက်မှာ ရပ်ထားရေ မော်တော်ကားတိက နှင်းကားပုံသဏ္ဍန်ပိုင် ဖြစ်နိန်သည်။ မော်တော်ကားတိက လမ်းမထက်မှာ များသောအားဖြင့် ရပ်ထားတတ်သည်။ ကားထားဖို့  နိန်ရာမဟိန့် ကေ လမ်းထက်တိမှာ ရရေပိုင် ရပ်ထားစွာမျိုး။ ကားပက်ကင်လို့ ခေါ်ရေနိန်ရာမှာ လစာနာင့် အပ်ထားလို့  မလွယ်။ တလကို အနည်းဆုံး ဒေါ်လာ-၂၀၀- ကျော်ပီးရတတ်သည်။ ယေဇူးနာင့် နယူးယောက်မြို့ မှာ ကိုယ်ပိုင်ကားမဟိန့် ဆိုကေလဲ ဟိန့် နိန်ရေအနိန်အထားမှာ လမ်းမထက်ကြည့်ကေ ကားရပ်ဖို့  နိန်ရာတောင် မဟိန့် ။ ကိုယ့်အိမ်ရှေ့မှာ ကားရပ်လို့ မရ ။ ကားတစီးစာ ရပ်ဖို့ နိန်ရာလိုက်ရှာယင်း ဘလော့တိကို ကျော်ပနာ လားထားရသည်။ ကိုယ်ပိုင်ကား မဟိန့် ကေလဲ နယူးယောက်မြို့ ကား ပြသနာ တခုလဲ မဟိန့်  ။ ဒေမှာက မြီအောက်ရထားက လုံးဝအဆင်ပြီသည်။ ယေဇူးနာင့် ခရီးအလားအလာမှာ ကားမလို ။ ယင်းပိုင်နှင်းမိုး ရွာရေ အတွက်နန့်  သားသမီးတိကို တယ်ဖီဖုံးနန့်  လှမ်းပြောပြသည်။ အားရ၀မ်းသာ ပြောစွာမျိုး ၊ အလုပ်က ထွက်ပနာ အပြင်ကို တချက်ချေ ကြည့်လိုက်ကတ်လို့  ပြောဖြစ်စွာဖြစ်သည်။ နှင်းမိုးက အမှန်ပင် ပျော်စရာ ။ တလမ်းလုံး ဖြူနိန်လောက်အောင် နှင်းမိုးက တဖွဲ့ ဖွဲ ကျနိန်သည်။ နှင်းမိုးမှာ ဂျာကင်အင်င်္ကျီတိကို မစွပ် စီ။ လက်နန့်  ပွပ်လိုက်မှ ရီဖြစ်လားစွာမျိုး ။ ပန်းခြံထဲမှာ ထိုင်နိန်ရေအခါ စိုင်းစားမိခသည်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ နိန်ခကာ မိုးရွာဗျန်ဆိုကေ ခြီထောက်မှာ စွပ်စွပ်စိုစိုနန့်  ။ ကျုပ်လူးလို့  ။ သဲလူးလို့  ။ အခုတော့ နှင်းမိုးထဲမှာ ရီခဲပြင်ထဲမှာ ခြီထောက်ကို ချထားကေလဲ ရီမစွပ်ဖြစ်။ အိမ်ရောက်လို့  ချမ်းစွာကို အပူပီးပနာ တနားချေထိုင်ဗြီး ရီချိုးဖို့  လုပ်ရသည်။ ယေအခါ မှတ်မှတ်ရရ စကား ပြောရဖို့  ဖြစ်လာသည်။ ကျွန်တော့်မှာ အမေရိကန်နိုငံ ကိုရောက်တေနိန့် ကပင် တခုအချိန်ထိ ရီချိုးကေ ရီးအီးကို မချိုးဖြစ် ။ ရီအီးက ကျိုင်ပါအောင် အီးသည်။ ယေဇူနာင့် ရီးနွီးကိုရာ ချိုးဖြစ်သည်။ ဒေမှာမွီး ဒေမှာ ကြီး အမေရိကန်နိုငံသားတိကတော့ ရီနွီးချိုးလို့  ကြီးစွာတိရာ ပြောဖို့ ဖက်ကများသည်။ လူ့ ဘ၀ဆိုစွာကလဲ အရောင်က ပြောင်းလဲ တတ်တေပိုင် ဖြစ်နိန်ရေ သဘောမျိုး၊
အိမ်ခမ်းကနီဗြီးကေ ပန်းခြံကို ကျော်လားစွာနန့်  ညာဖက်ကို ချိုးကွေ့ လိုက်ကေ -၅- ဘလော့လောက်လားရဖို့  ထင်သည်။ အိမ်ခန်းက နီပနာ တွက်ထားရေဆိုကေ -၁၀ မိနစ်လောက် ရထားဘူတာကို လားရသည်။ အမေရိကန်မှာ ဖြစ်စီ နယူးယောက်မြို့ မှာ ဖြစ်စီ နိန်ရာတိုင်းမှာ အလုပ်ကိုလားရေအချိန်နန့်  ရောက်တေအချိန်ကို တွက်ဆထားရသည်။ အိမ်ခန်းမှ ရထားဘူတာကို လားကေ -၁၀-မိနစ်ကြာကေ မြို့ ထဲကို မိနစ် -၃၀- လောက်ကြာသည်။ တခါစီးကေ ဒေါ်လာ-၂-ဒေါ်လာ-၂၅ ဆင့်ရာ ။ မြီအောက်က မတက်သမျှ စီးနိန်လီဖိ။ မြို့ ထဲ ဆိုစွာက မဟတ်တန်မြို့  ရပ်ကွက်ကို ပြောခြင်းဖြစ်သည်။ ကျွန်တော်ရို့ က - အမှတ်-၄-ရထားကို စီးလားရသည်။ အမှတ်-၄-ရထားမှာ ၁၀-မိနစ်လောက် စီးကေ မြီအောက်က လားရသည်။ အမှတ်( D ) ရထားနန့်  လားကေ လက်မှတ်ဝယ်ဗြီးစွာနန့်  မြီအောက်ရထားစီးရသည်။ ကျွန်တော်ရို့ က အမှတ်-၄-ရထားကို စီးလားရေအခါ ယန်းကီးစတေဒီယမ် ဘူတာရောက်ကေ မြီအောက်ကလားရသည်။ ယန်းကီးစတေဒီယမ်မှာ ကမ္ဘာ့အားကစားပွဲတိကို ကျင်းပရာ အားကစားကွင်းဖြစ်သည်။ အမေရိကန်နိုင်ငံသားတိကို တချို့ က ယန်းကီးဟု ခေါ်ကေ ဆဲသလိုလို ခေါ်ခြင်းဟု ပြည်တွင်းမှာ ရီးလို့  ပြောကတ်သည်။ ယန်းကီးလို့ ပြောကေ အမေရိကန်နိုင်ငံသားက တစိချေလဲ စိတ်မဆိုး။ စိုင်းလဲ မစိုင်းစား။ ယင်းမှာ အဓိပ္ပါယ်မရှိ။ ဇါဖြစ်လို့ ဆိုကေ ကမာ့္ဘ့အားကစားကွင်းနာမည်ကို ယန်းကီး စတေဒီယမ် ရုံလို့  ထားခြင်းက ဖေါ်ပြနိန်သည်ကိုသာ ကြည့်လီဖိ။ တီရှပ်အင်ကျီင်္တိမှာလဲ ယန်းကီးစာတမ်းတိ ထိုးလို့  ၀တ်နိန်ကတ်စွာမကန်။ မြီအောက်ရထားက လားရေအခါ တဘူတာနန့်  တဘူတာမှာ အနည်းဆုံး-၂-မိနစ်လောက်စီ ကြာသည်။ တွက်ထားလို့ ကြည့်ကေ တချို့ မှာ -၅-မိနစ် ကြာစွာလဲ ရှိသည်။ ယေဇူးနန့်  ဘူတာမှာ တန့် နိန်ရေအချိန်နန့်  ရထားစလို့  လားရေအချိန်က ရောက်တေအချိန်ကို တွက်ထားကေ အလုပ်ကို ရောက်တေအချိန်ကို သိရသည်။ နယူးယောက်မှာက အလုပ်ခွင်ကို ၀င်သည့်အချိန်ကား ကမ္ဘာလောက် အရေးကြီးသည်။ နောက်ကျ၍မရ။ နောက်ကျနိန်ပါက နိနု့်  တိုင်းရာဖြစ်တေဆိုကေ အလုပ်ပြုတ်ဖို့ ဖက်က များနိန်သည်။ နယူးယောက်မြို့ မှာ အလုပ်ပြုတ်ကေ အလုပ်ရှာဖို့  စွာက မလွယ်။ မြီအောက်ရထားကို စီးဖြစ်တော့ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ မှာ စီးဖြစ်ခရေ မြီအောက်ရထားလမ်းကို သတိရလာသည်။ ယင်းကာလကတ္တား မြီအောက်ရထားမှာ နှေရှူးလမ်းမကြီးအောက်မှာ ဟိန့် ကေလဲ အလွန်ဆုံးရှည်ကေ -၂၅- မိုင်တောင် ရှိမည်မထင်။ အခုတော့ အမေရိကန်နိုင်ငံ မြီအောက်ရထားကား မိုင်ပေါင်း-၂၀၉-မိုင်ဟိန့် သည်။ အခြားမြို့ တိကို လားစွာတိန့် နန့်  အပြောင်းအကူးလားရေ စွာမျိုးကိုပါ ရီတွက်လိုက်ကေ မိုင်ပေါင်း-၆၅၆-မိုင်အရှည်ဟိန့် သည်။ စကားမစပ် အဓိကအရေးကြီးစွာတခုကို သတိရမဆုံးဖြစ်မိသည်။ ယင်းကား ဒေမြီအောက်ရထားကို ဇါနှစ်က စလို့  လုပ်ခကတ်လေ ဆိုစွာကို ကျွန်တော်ကောင်းကောင်း သိချင်ခသည်။ ယင်းမှာ ဒေလောက်တိုးတက်တေ နိုင်ငံမှာ ဒေမြီအောက်ရထားလမ်းကို အသုံြး့ပုရေ အချိန်မှာ နှစ်ပေါင်းများစွာ ကြာခဗျန်လို့  ထင်ထားသည်။ မှန်ပါသည်။ နယူးယောက်မြီအောက်ရထားကို သက္ကရစ်-၁၈၆၀-ခုနှစ်မှာ စတင်ဖေါက်လုပ်ခသည်။ နှစ်ပေါင်းငါးဆယ် ကြာလာသည့်အခါ ရထားစီးမှတ်တမ်းကို တွက်ချက်ရေ အစီရင်ခံစာအရ လူပေါင်း ( ၁.၄၅-ဘီလီယမ် ) စီးလားဗြီးစွာ တွိရသည်။ နယူးယောက်မြီအောက်ရထားကို (၁၈၆၉ ) ခုနှစ်မှာ ဗြီးဆွဲလားသည်။ မြီအောက်ရထားကို စီးဖို့ လားဖို့ အတွက် အတက်အဆင်း ဓါတ်လှီကားတိကို (၁၈၆၉ ) ခုနှစ်မှာ ပြုလုပ်ပီးသည်။ ဒေနိန်ရာမှာ မြီအောက်ရထားကို သာမန်လူတိရာ ခရီးသည်အဖြစ် စီးနိုင်စွာလား မီးစရာ ဟိန့် သည်။ ယင်းပိုင်ဆိုကေ ကမ္ဘာမှာ ဒီမိုကရေစီထွန်းကားသော နိုင်ငံကို အမေရိကန်နိုင်ငံလို့  ဇါပိုင်နည်းနန့် မှ ခေါ်ဖို့ စွာမဟုတ်။ လုံးဝခြီထောက်နန့်  မလားနိုင်လူက တွန်းလှည်းနန့်  လားလို့ ရသည်။ တွန်းလှည်းဆိုစွာက လူကနောက်ကလိုက်ပနာ တွန်းလာရစွာမျိုး မဟုတ်။ ဘတ်စ်ကားဖြစ်ဖြစ် ရထားဖြစ်ဖြစ် စီးဖို့  လာကေ ကိုယ့်စကူတာ တွန်းလှည်းကို ကိုယ်တိုင် မောင်းလာစွာဖြစ်သည်။ မဟုတ်ကေ ကိုယ့်တွန်းလှည်းကို ကိုယ်က လက်နှင့် တွန်းလာရသည်။ သားသည်မိခင်တိမှာလဲ နို့ စို့ ချေတိကို လက်တွန်းလှည်းနှင့်ပင် ဓါတ်လှီကားက ခေါ်ယူရေအခါ ယင်းပိုင်ရာဖြစ်သည်။ သဘောက မသန်မစွန်းပုဂ္ဂိုလ်မျိုးတိမှာလဲ မြီအောက်ရထားတိကို စီးရသည်သာဖြစ်သည်။ ယင်းပိုင် မြီအောက်ရထားကို အမေရိကန်နိုင်ငံသားတိ စီးနိန်ရေအချိန်မှာ ရခိုင်နိုင်ငံတော်ကို အ၈င်္လိပ်နယ်ချဲ့ အစိုးရက သိမ်းယူလားရေ -၁၈၂၅-- နှစ်- မတ်လ-၂၉-ရက်နာင် ၃၁-ရက်နိန့် မှာ မြောက်ဦးကို သိမ်းယူဗြီးကေ -၁၈၂၆- ခုနှစ် ရန္တပိုစာချုပ်နာင့် တွက်ကြည့်လိုက်ကေ -(၄၃ ) နှစ်လောက်ကြာရေအခါ တည်ဆောက်ခစွာပါရေ ။ ယေကေ ကျွန်တော်ရို့  ရခိုင်လူမျိုးတိမှာ ယင်းအချိန်က -၄တောင်လောက် တွင်းတူးမိကေ ရီတွိနိန်စွာကို ဆက်လို့ မတူးဘဲနာင့် နိန်ပနာ ယာတဲတောင် မဆောက်တတ်တေ ဘ၀မဟုတ်ပါမနား။ ရထားစီးမိတိုင်း စိုင်းစားမိစွာကို ပြောစွာပါရာကာ။
နယူးယောက်မြို့ မှာ အလုပ်ရှာစွာက အင်္ဂလိပ်စကား ပြောတတ်တေ အလုပ်ရှာရလွယ်သည်။ စကားမတတ်ကေ အလုပ်က မလွယ်။ များသောအားဖြင့် အာရှတိုက်သားတိ အလုပ်လုပ်နိန်စွာက ဂျပန်စားသောက်ဆိုင်ဖြစ်တေ ဆူချီ လိပ်တေ ဆိုင်မှာ လုပ်စွာများသည်။ သဘောင်္သားတိ ပါ ကျောင်းသားဗီဇါနန့်  လာသူတိပါ ဆူချီ ဆိုင်မှာ လုပ်နိန်စွာက များသည်။ ပြန်လည်နိန်ရာချထားရီး အစီအစိုင်အရ ယူအန်အိပ်စီရာ နန့်  လာသူတိမှာ စက်ရုံတိမှာ လုပ်စွာများသည်။ တချို့ မှာ နဂိုရ်ကပင် မိမိတတ်တေ ပိုင်ညာနန့်  လာသူဖြစ်လို့  အခက်အခဲ မတွိကတ်ရ။ ကွန်ပြူတာ ပိုင်ညာတတ်ကေ ပိုလို့ ပင် အလုပ်က လွယ်သည်။ ကွန်ပြူတာပိုင်ညာဆိုစွာက အီးမေလ်းပို့ တတ် စာရိုက်တတ်စွာလောက်ကို ပြောစွာမဟုတ်။
ဒီဇိုင်းနာအလုပ်တိကို လုပ်တတ်ကေ လစာကောင်းကောင်းရသည် ဟု ဆိုလိုခြင်းဖြစ်သည်။ တချို့ က စတိုးဆိုင်မှာ အရောင်းဈေးသည် လုပ်ရသည်။ ယင်းအလုပ်မှာလဲ ကလေ့မေချေတိရာ ရသည်။ ယူအန်အိပ်စီရာနန့်  လာသူတိမှာ ကံကောင်းစွာက သားသမီးချေတိ ပိုင်ညာသင်ကြားရစွာဖြစ်သည်။ အမိအဖတိက အင်္ဂလိပ်စကား မတတ်ကေလဲ သားသမီးချေတိက စာသင်ရေအခါ အချေတိအတွက် အနာဂါတ်မှာ ကောင်းလာသည်။ ယင်းချင့်က သားသမီးတိအတွက်အမြတ်ဖြစ်သည်။ စီးပွါးရီးအမွီမပီးနိုင်ကေလဲ ပိုင်ညာအမွီ ပီးနိုင်ခြင်းပင်လျှင် ယင်းချင့်က အမြတ်ဖြစ်နိန်သည်။ တချို့ က အင်္ဂလိပ်စကားတတ်လို့  အမေရိကန်စစ်သားဖြစ်နိန်သူတိလဲ ဟိန့် သည်။
အမေရိကန်မှာက သားသမီးတိနာင့် ပါတ်သက်လို့  ရင်အုပ်မကွာ စောင့်ရှောက်ကျွေးမွေး ထားနိုင်စွာမဟုတ်။ တခါက ရထားမှာ ဆုံစွာအကြောင်း ပြောပြချင်သည်။ လက်တွန်းလှည်းထဲမှာ နို့ စို့ အချေ တယောက်ကို မြင်ရသည်။ ကျွန်တော်ထင်ပါသည်။ အလွန်ဆုံးဟိန့် ကေ ( ၁၅) ရက်သားလောက်ပင် ဟိန့် လီဖို့ လား မသိ။ တွန်းလှည်းထဲမှာ နို့ ဘူးဖျော်တိုက်ပနာ လားနိန်စွာဖြစ်သည်။ ဒေမှာက အမိပါ အဖပါ အလုပ်ကို ထွက်လုပ်ကတ်ရသည်။ ယေခါ မွီးကင်းစအချေကို အချေထိမ်းကျောင်းမှာ ထားခရသည်။ မိုးထကပင် အချေကို ကျောင်းမှာ အပ်ထားခဗြီး အမိအဖ နှစ်ယောက်ထဲက အလုပ်က အယင်ဆင်းသူက ကျောင်းကို လားပနာ ကြိုခေါ်ခြီရသည်။ ယင်းမှာ အမေရိကန် ပုံသဏ္ဍန်ဖြစ်သည်။ ယင်းပိုင်ဆိုကေ မွီးဗြီး စိကေချေလောက် ဖြစ်လာသည်နာင့် လမ်းမထက်မှာ ကြီးပြင်းရေလို့ ဆိုကေ ပြောလို့ ရသည့် အနိန်အထား။ နယူးယောက်မှာ အချေတိ စာသင်ကြားရစွာက ပိုင်ညာရီးကောင်းသည်။ အချေကပင် ကျောင်းနာင့် မကင်းဖြစ်၍ ပိုင်ညာတတ်ပေါသည်။ ယင်းအထဲက စာသင်ကြားဖို့  စိတ်မ၀င်စားကေတော့ ပြောလို့ မရ ။ တန်ရာတန်ရာ လားလီဖိ ။ အခုပိုင် မေလ ၊ ဇွန်လ၊ ဇူလိုင်လတိမှာ ဆိုကေ ရာသီက ပူလာတတ်သည်။ ယေခါ ဒေနိန့် ပိုင်မျိုးဆိုကေ ပန်းခြံကို လားကတ်သည်။ ပန်းခြံမှာ သားသမိးတိကို ပျော်ဖို့ ကစတ်ဖို့ အတွက် ပန်းခြံကို ခေါ်လားရသည်။ ယေခါ ပန်းခြံထဲမှာ အချေတိ ဘားဂျွန်းစီးဖို့ လား ။ဗြီးနိန်ဖို့ လား ၊ ယိုင်းစီးဖို့ လား။ စီးစရာ ပျော်စရာ အများကြီး ။ လူကြီးတိကတော့ လီညှင်းခံလို့ - အ၀တ်အစားတိကတော့ ဒေပိုင်ပူရေအချိန်မျိုးမှာ ဆိုကေ စကတ်အတိုချေနာင့် ၊ ဘရာစီယာဝတ်လို့  လားနိန်စွာနာင့် ။ တချို့ က ဘောင်းဘီအတိုချေနာင့် ။ ကျွန်တော်ရို့  မျက်စိတိနာင့်တော့ အမြင်မတော်။ ယေကေလဲ နောက်ပိုင်းခါ မျက်စိက ယိုင်လားလားမသိ။ ရိုးအီလားဗျန်ဖြစ်သည်။ ထူးခြားနိန်စွာက အဖြူလူမျိုးတိက ယင်းလောက် အ၀တ်အစားက မကြမ်း ။ အမဲတိကတော့ ကြမ်းသည်။ လမ်းမထက်မှာ တွိကရာနိန်ရာတိမှာ ကျောင်းသူချေတိ ဖက်ရန်းနမ်းရှုတ် နိန်ကတ်စွာမှာ အဖြူကလေ့မေချေတိကို တွိရခဲသည်။ အမဲကတော့ မလွယ်။ တွိတတ်နိန်ပါသည်။
နယူးယောက်မြို့ မှာ ကံကောင်းစွာက လောင်ပေါ်ဖြစ်သည်။ အလှပလှ ကံထူးရှင်ဖြစ်နိုင်သည့် ဆုမျိုး လက်မှတ်ရောင်းသည်။ ယင်းမှာ တဒေါ်လာရာ ပီးရသည်။ မီဂာား လို့  ခေါ်ရေ လောင်ပေါ်ဖြစ်သည်။ ယင်းလောင်ပေါ်မှာ တပါတ်မှာ နှစ်ရက် - အဂ်ါနာင့် သောကြာနိန့်မှာ ဖွင့်သည်။ ညဥ့်-၁၁- နာရီဆိုကေ ယင်းနိန့် လောင်ပေါ် စဖွင့်သည်။ ယေခါ သူဌေးလောင်းတိက ယင်းနိန့် ကို ကွန်ပြူတာကတဆင့် စောင့်ကြည့်တိုက်နေတတ်သည်။ ယင်းအထဲမှာ ကျွန်တော်လည်းပါသည်။ စဖွင့်စွာနင့် -ဒေါ်လာ-၁၂-သန်းက ဆုမဲဖွင့်စွာဖြစ်လို့  လောင်ပေါ်ထိုးရစွာမှာ စိတ်ချမ်းသာရာ ရသည်။ ထိုးလို့  တယောက်လဲ ကံထူးရှင် မပေါက်သိကေ ဆုငွေ တိုးလာသည်။ မပေါက်သမျှ တိုးလာရာ နောက်ဆုံး ဒေါ်လာ-သန်း-၃၀၀- ကျော်အထိ ဆုအဖြစ် သတ်မှတ် ကြေညာသည်။ ကျွန်တော်မှတ်မိသလောက် ဒေါ်လာ-သန်း-၁၆၀- ကျော်ပေါက်သော သူမှာ ကျွန်တော်နှင့် တဆိုင်ထဲတွင် ထိုးခဲ့ သော နိန့် ဖြစ်နိန်ခသည်။
နယူးယောက်မှာက မီကား ထီဖွင့်သည်ဆိုသည်နာင့် ယင်းနိန့် သတင်းမှာ ဖတ်ရကောင်းနေသော သတင်းဖြစ်နိန်သည်။ ဇါသူက ပေါက်လားခသည်။ ပေါက်သူက ဇါသို့  ခံစားနိန်သည်။ ဇါလုပ်ချင်သည်။ စသည်ဖြင့် ပြောစွာ ချေတိ ဆိုစွာချေတိကား စိတ်ဝင်စားဖို့ ကောင်းသည်။ ကံမကောင်းစွာက ကျွန်တော်ရို့ ပိုင် အသက်ကြီး အရွယ်တိအတွက်ဖြစ်သည်။ ယင်းမှာ နိန်မကောင်းကေ ဇါသားသမီးကလဲ ဆီးရုံးကို လိုက်ပို့ နိုင်ခြင်းမဟိန့် ။ လိုက်ပို့ ဖို့ လည်းမလို။ အရေးကြီးကေ အရေးပေါ်ဖုံးနံပါတ်ကို ခေါ်၊ လာလို့  ဟိန့် ကေ ထမ်းစင်နာင့် တခါတည်းလိုက်လား။ ဆီးရုံကိုမလားခင်ကတည်းကပင် အိမ်ထဲမှာ ဆီးသွင်းချင်ကေ သွင်း၊ ယင်းပိုင်အရေးပေါ်ပြုစုယင်း ဆီးရုံကြီးတခုခုကို အတွင်းလာနာအဖြစ် စာရင်း ရီး ။ နောက်ဆီးရုံတက်ရပါက အခန်းထဲကို လိုက်ပို့  ။ ကုတင်က နိန်ပနာ မိသားစုကို အကြောင်းကြားဖို့  တယ်လီဖုံးနံပါတ်ကို ပြောပြ ။ နိန်ကောင်းကေ တီဗွီ ကြည့်နိန်။ ယင်းချင့်က အသက်ကြီး လူအဖို့  ဆီးရုံမှာ လားတက်တေ ပြသနာ ။ ယေကေ သားသမီးတိက အလုပ်ကဆင်းလာမှ လာကြည့်။ ယင်းချင့်က ကံမကောင်းစွာလား မပြောတတ်။ တခုတော့ သိသည်။ အမေရိကန်နိုင်ငံသားတိမှာ ဆီးရုံထက်မှာ ခိုညည်းရေပိုင် ညီးနိန်ရေလူမဟိန့်  ။ ဖျားလို့  လှိမ့်နိန်ေိရလူလဲ တခါချေလဲ မမြင်ဖူး ။ တာဝန်ကျဆရာဝန်မှာ သေသေချာချာ ဂရုစိုက်စွာ အားနာဖို့ တောင် ကောင်းလှပါသည်။
နယူးယောက်မှာ စတိုးဆိုင်တိမှာ အသားဆိုင်တိဟိန့် သည်။ သေသေချာချာ ထုတ်ပိုးထားရေအတွက် သန့် ရှင်းရီးလည်းဟိန့် သည်။ ဟင်းသီးဟင်းရွက်ကအစ သေသေချာချာ ထုပ်ပိုးရောင်းရေအတွက် ၀ယ်ယူရစွာမှာ အဆင်ပြီသည်။ အသားငါးဈီးတန်သလောက် ဟင်းသီးဟင်းရွက်က ဈီးကြီးသည်။ ယေအခါ တရက်လာလဲ ကော်ဖီ ၊ တရက်လာလဲ ဖရုံသီး၊ တရက်လာလဲ အာလူး ကို ကျွန်တော်ရို့  နိန့် စိုင်မစားနိုင်။ ယင်းအတွက်နာင့် ပြောင်းလဲ စားဖို့  အိန္ဒိယသားတိ နိန်ထိုင်ရေ ရက်ကွက်က ဈီးကို လားရသည်။ ယင်းရပ်ကွက်မှာ စတိုးဆိုင်တိ ဟိန့် သည်။ အာရှသားတိက ယင်းမြို့  ဒေသမှာ နိန်သည်။ ယေဇူးနာင့် ကျွန်တော်ရို့  အာရှတိုက်သဒး အစားအစာ ရသည်ဟု ပြောကေ ရနိုင်သည်။ ဓပြုတ်သီး ၊ပြိန်းစွယ်- ချိုင်ပေါင်။ ကန်ဇွန်းရွက်။ သရက်ကင်းဥ၊ က အစ ၀ယ်လို့ ရသည်။ ယေအခါ ယင်းဈီးကို သားသမီးတိ အလုပ်အားရက် ဖြစ်တေ စနီ တနင်းဂနွီနိန့် မှာ လားဝယ်ကတ်ရသည်။ ကျွန်တော့်မှာ ဈီးဝယ့် လားကေ စာနာဗရာကို ကြိုက်၍ ၀ယ်တတ်သည်။ အသားငါးက စတိုးဆိုင်တိမှာ သီးခြားစီ ရောင်းတတ်ကြသည်။ ထုံးစံအတိုင်း တရုပ်တန်းလည်း ဟိန့် သည် ။ တရုပ်တန်းမှာ ပုဇွန် ။ ၀က်သား ၊ကြက်သား ၊ငါးခြောက် တိကတော့ မျိုးစုံ ။ ယင်းပိုင် တရုပ်တန်းဈီးမှာဖြစ်ဖြစ် ကျွန်တော်နိန်ထို်ငရေ အိမ်နားက အသားဆိုင်တိမှာ ဖြစ်ဖြစ် ထူးခြားစွာကို ပြောပါဆိုကေ မယုံကြည်ဘဲ ဖြစ်နိန်ဖို့  ထင်သည်။
ယင်းမှာ ယင်ကောင်တိ မဟိန့် စွာဖြစ်သည်။ အသားငါးဆိုင်တိ ဆိုကေ ဇါပင်ဖြစ်ဖြစ် အနံ့ အသက်ကတော့ ဟိန့် စမြဲ ။ နောက်ဆုံး ကျွန်တော့်အိမ်မှာ ရခိုင်မုန့် တီချက်စားကေပင် ငပိန့ံကား ထုံသင်းမွှီးကြိုင် တအိမ်လုံး လှိုင်လို့  ပျံ့ လို့  ။ ။ ယေကေလဲ ငါပိနန့် နာင့် မွီးခါကပင် ကြီးလာကတ်တေ ကျွန်တော်ရို့ မှာ ချိုင်ပေါင်ချက်စွာနာင့် ၀မ်းဆာလို့  စားချင်စိတ် ပေါက်လာကေလဲ ယင်းငပိနန့် ကို ဖွားဖက်တော် ယင်ကောင်တိက ဇါအတွက်လဲ မသိ။ ယောင်လို့ ပင် ပြတင်းပေါက်နားကို ၀ဲလို့  ပျံလို့  ယင်တပ်မတော်လဲ မချီတက်လာပါကာ။ ကျွန်တော်ထင်ပါသည်။ ဆီးဖြန်းထားလို့  ယင်းပိုင် ယင်ကောင်ပျောက်နိန်စွာဖြစ်တေလို့  ။ အိမ်အောက်မှာ ထားရေ အမှိုက်ပုံနားမှာတေ့ ယင်ကောင်တိ တကောင်တလေ တွိမိသည်။ ယေကေလဲ နောက်တရက်ဆိုကေ ပျောက်နိန်သည်။ ရှင်းရှင်းလင်းလင်း ပြောရဖို့ ဆိုကေ နယူးယောက်မြို့ မှာ ယင်ကောင် မဟိန့် သောမြို့ လို့  ပြော၍ရသည်။ နောက် ပုရွက်ဆိတ် မဟိန့့် ။ ကျွန်တော်ရို့  ၏ မိတ်ဆွေကြီး ပုရွက်ဆိတ်မှာ ဇါအကြောင်းကြောင်းနာင့် ယင်းလောက်ပင် ပျောက်ချက်သား ကောင်းလေမသိ။ သကြားကို ဇါလောက်ချထား ချထား ။ ပျားရည်ကို ဇါလောက်ချထား ချထား တကောင်လဲ လာဖို့  မဟုတ်။ မလာဆိုစွာမှာ ဟိန့် ကား မဟိန့် ပါဒေ။ ယေကေလဲ ပိုးဟပ်ကတော့ နယူးယောက်မြို့ မှာ အိမ်တိုင်းလိုလို ဟိန့် သည်။ ကြွက်ချေတိ လက်သန်းချေလောက်ကလဲ ဟိန့် သည်။ ယေဇူးနာင့် ကြွက်လက်သန်းချေလောက်ကို သတ်ဖို့ အတွက် ကြွက်ဖမ်းဆီးစာရွက်လာပီးသည်။ လဆန်းတရက်နိန့် ဆိုကေ အိမ်မှာ သန့် ရှင်းရေးအလုပ်သမားက အိမ်တွင်းဆီးဖြန်းဖို့ လာရသည်။ အိမ်သာတိ ထမင်းချက်ခန်းတိကို ဆီးဖြန့် ပီးရသည်။ ယေအခါ ကြွက်ဖမ်းဆီးကပ်ပြား စာရွက်ကို -၄- ခုလောက်ပီးသည်။ ယင်းကပ်ပြားမှာ ငပြောသီး တဖီးကို ပုံဆွဲပနာ ဘနာနာ လို့ စာရီးထားသည်။ လက်ဝါးပြင်သာသာလောက် ကြီးသော ကပ်ပြားစာရွက်မှာ ကော်ကတ်ထားသည်။ ယင်းကပ်ပြားမှာ ငပြောသီးပုံကို မြင်လို့  ကြွက်ရာမြင်လို့  နင်းမိလားကေ ကြွက်က မဗြီးနိုင်။ ယေခါ တစီစီနာင့် သူ ခြီထာက်ကို ခွါဖို့  ကြိုးစားလီလီ ကော်နာင့် ကပ်လီလီ။ ယင်းချင့်သည်ပင် ကြွက်နှိမ်နှင်းရီး စတိုင်။ ကြွက်မြည်သံကြားလို့  တွိကေတာ့ ယင်းကပ်ပြားကိုပါ ကြွပ်ကြွပ်အိပ်ထဲ ထည့်ကာ အမှိုက်ပုံးမှာ လားထည့်လီဖိ။ ပြောရဖို့ သိ။ ကမ္ဘာလောက်တိုးတက်တေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ကြွပ်ကြွပ်အိတ်ကို သုံးနိန်ရစွာက သန့် ရှင်းရီးကို ရပါရေကာ။ ကျန်းမာရီးနာင့်လဲ ကိုက်ညီနိန်ပါရေထော။ တလကစထဲ ပြောရဖို့ ပါသိ။ အမှိုက်ပုံးထဲမှာ ကြွပ်ကြွပ်အိတ်ကို လားပစ်လို့  ဗြီးကေ စတိုးဆိုင်ကို လားပနာ ကြိုက်တေ ဆန်ကို ၀ယ်ဖို့  လားလိုက်ရသည်။ ဆန်ဆိုလို့  တခါက မီးစွာ ခံခရဖူးပါသည် ။ နယူးယောက်မှာ ထမင်းစားရပါယင့်လားလို့  မီးလို့  ကျွန်တော်က ရယ်လို့  ရှင်းပြလိုက်ရသိသည်။ သူရို့  ထင်ထားစွာက ကျွန်တော်ရို့ ကို ပေါင်မုန့် ချည်း စားနိန်ရလို့  ထင်ထားရေလို့  ပြောဖြစ်သည်။ ဆန်တိက ထိုင်းနိုင်ငံက ထွက်တေ ဆန် နာင့် ဗီယက်နမ်က ထွက်တေ ဆန်ဖြစ်သည်။ ယေဇူးနာင့် ဆန်ဝယ်ယင်းပင်း အသားဝယ်ဖို့  ဆိုပနာ စတိုးဆိုင်ကို လားလိုက်သည်။ စတိုးဆိုင်ရှေ့ကိုရောက်တေအခါ တံခါးက ကျွန်တော်လာလို့  အလိုလို ဖွင့်ဗြီးသားဖြစ်နိန်သည်။ လူလာကေ တံခါးစောင့်မဟိန့် ဘဲ လျှပ်စစ်ပညာနာင့် အော်တိုမက်တစ် ဖွင့်ပီးရေ တံခါးပေါက်က ကျွန်တော်ရင်ကော့ပနာ ဈီးဝယ်ဖို့  ၀င်လိုက်ပါသည်။ ယေကလဲ စိတ်ကောင်းလှပါ။ အထဲကိုဝင်ရာဝင်လိုက်ရသည်။ ရှက်ကောင်းထမန်း စိတ်ထဲမှာ ခံစားမိပါသည် ။ ဇါဖြစ်လို့ ဆိုကေ ကျွံန်တော်နာင့် စတိုးဆိုင်ထဲမှာ ဈီးဝယ်နိန်ကတ်တေ အမေရိကန်နိုင်ငံသားတိကလဲ တခါက အင်္ဂလိပ်နယ်ချဲ့ လက်ထက်မှာ ကိုလိုနီဖြစ်ခကတ်သည် ။ ၁ရ၈၆-ခုနှစ်မှာ အမေရိကန်နိုင်ငံက အင်္ဂလိပ်တိဘားက လွပ်လွပ်ရီးရစွာ အချိန်မှာ ကျွန်တော်ရို့  ရခိုင်နိုင်ငံက အောက်သားတိဘားမှာ ကိုလိုနီဖြစ်လို့  -၂- နှစ် ဟိန့် ရေ အချိန်ဖြစ်သည် ။ အခုသူရို့ က လွပ်လွပ်ဗြီးတိုးတက်လို့  မယုံနိုင်စရာ သိပ္ပံပိုင်ညာ ထွန်းကားတိုးတက်သော နိုင်ငံ ဖြစ်နိန်သည်။ ကမ္ဘာမှာ အမေရိကန်နိုင်ငံကို ယှဉ်နိုင်သူမဟိန့်  ။ အင်အားကြီးနိုင်ငံ ဖြစ်သည်။ ယင်းချင့်ကို အတွက်ပေါ်ပနာ ရင်ကော့လို့  စတိုးဆိုင်ထဲကို ၀င်ခကေလဲ ဗြုံးကနဲ ယူကြုံးမရဖြစ်နိန်ရသည် ။ သေချာနိန်စွာကား ကျွန်တော်က ကမ္ဘာမှာ မလွပ်လွပ်သော နိုင်ငံတခုက လူမျိုးတမျိုးဖြစ်နိ်န်ရလို့ ပင် ။ ယေဇူးနင့်လဲ နယူးယောက်မြို့ မှာ နိန်ယင်းထိုင်ယင်းပင်း လွမ်းစရာချေတိကို ပြောပြယင်းပင်း ကိုယ့်ရခိုင်နိုင်ငံကို အလွမ်းဖြီနိန်ရစွာကလဲ တမှောင့်ပါမနား လို့  ပြောချင်ပါသည်။

ခိုင်အောင်ကျော် ( နယူးယောက် )

.