Friday, May 6, 2011

ငါကိုငါ ရခိုင်သားတစ်ယောက်လို့ သမုတ်လို့ ပန္တွက်ပြုလိုက်တေ.




ငါကိုငါ ရခိုင်သားတစ်ယောက်လို့ သမုတ်လို့ ပန္တွက်ပြုလိုက်တေ..။
ရခိုင်ပြည်က ရခိုင်သား
တောင်ပိုင်းသားတစ်ယောက်ဖြစ်တေပိုင်
မြောက်ပိုင်းသားတစ်ယောက်လည်းဖြစ်တေ...
ဓညဝတီသား တစ်ယောက်ဖြစ်တေပိုင်
အဝကျွန်းသားတစ်ယောက်လည်းဖြစ်တေ...
သံတွဲသားတစ်ယောက်ဖြစ်တေပိုင်
ပလက်ဝသားတစ်ယောက်လည်းဖြစ်တေ...
မောင်တောသား တစ်ယောက်ဖြစ်တေပိုင်
မာန်အောင်သားတစ်ယောက်လည်းဖြစ်တေ...
.

မြောက်ဦးရွှီနန်းစွာ ငါ့မွီးရပ်ဖြစ်တေပိုင်
သံတွဲငပလီစွာလည်း ငါနီရပ်ဖြစ်တေ...
စိုင်းတင်ရီတခွန်စွာ ငါရို့ အမွီအနစ်ဖြစ်တေပိုင်
ရွှေသဘာဝဓာတ်ငွိ့ တွင်းစွာလည်း ငါရို့ ဖိုးဖွားဆက်လာ ရတနာဖြစ်တေ...
ဂီရိကြောင့် ငါနာကြင်ခရရေပိုင်
ရထားလမ်းစီမံကိန်းကြောင့်လည်း ငါအံကြိတ်မိခရရေ...
ခိုင်ရာဇာရဲ့ AA ကိုနှမြှောမိခရေပိုင်
အဖိုးဦးသာထွန်းရဲ့  သမိုင်းနှလုံးသားတစ်စုံကိုလည်း တန်ဖိုးထားမိခရေ...

ငါ့ခန္ဒာကသွီးစွာ ဟန်ဒရက်ပါဆင့်(100%) ရခိုင်သွီး
ရခိုင်ပြည်တဝှန်းမတန့် ဘဲစီးဆင်းလို့ 
ငါ့အသက်စွာလည်း ရခိုင်ပြည်သူပြည်သားတိရာဖြစ်တေ...

ငါပြောရေ စကားက ရခိုင်စကား
စစ်တွေစကားဖြစ်တေပိုင်
ရမ်းဗြဲစကားလည်းဖြစ်တေ...
သံတွဲစကားဖြစ်တေပိုင်
မာန်အောင်စကားလည်းဖြစ်တေ...
မြောက်ဦးစကားဖြစ်တေပိုင်
တောင်ကုတ်စကားလည်းဖြစ်တေ..
ငါရို့ စာစွာ ရက္ခဝဏ္ဏ အက္ခရာ ရခိုင်စာ
ငါရိုသမိုင်းစွာ မာရာယု ကစ မဟာသမ္မတ
ပြီးကေ ၁၁၄၆ ကစ ဒေနိန့် ထိကာလ...

ထပ်ပနာ ရှင်သန်ဖို့ 
ငါ့နှလုံးသားမှာ အတ္တတိချည်နှောင်
သတ္တိတိစိုက်ပျိုး
တစ်ခုတည်းဖြစ်တေ နာမပညပ်နန့် 
ရခိုင်ပြည် ရခိုင်သား ရခိုင်စကား
ရခိုင်ဆိုရေ ဝင်ရိုးတစ်ခုမှာ အခြီခံ ပနာ
ငါ့ကိုငါ ရခိုင်မှုပြုရေ.....

ငါစွာ ဒေသန္တရမဲ့ ရခိုင်ပြည်ဖွား အကြွင်းမဲ့ ရခိုင်သား.....

ငါစွာ ဒေသန္တရမဲ့ ရခိုင်ပြည်ဖွား အကြွင်းမဲ့ ရခိုင်သား......

မောင်မောင်လင်းလက်.