အချိန်ကား ခရစ်သက္ကရစ်-၂၀၃၁-ခုနှစ် ဧပြီလ
ညဇက တရက်လုံး မိုးဖြောက်ဖြောက်ချေ ကျထားလို့  ပိတ်တောက်ပွင့်တိ ၀ီဝီဆာဆာပွင့်လို့  ကြိုင်လို့ ။ နံသာသွီးပြီးစွာနာင့် ဒေနိန်ခါ ရီလောင်းရဖို့ ဖြစ်သည်။ ကြားရာကြားဖူးသည်။ သိတော့မသိ။ တခုရာသိသည်။ ဒေနှစ်ခါ ရခိုင်ကိုလားပနာ သင်္ကြန်ပွဲကို လားခွင့်ပီးသည် ။ ယေဇူးနာင့် လာရာလာရသည်။ ဓလေ့လည်းမတူ ။ ဘာသာလည်းမတူ ။ ယိုင်ကျေးမူလည်း မတူ။ စကားလည်းမတူ။ ဇါသို့  ဇါပိုင် ပဇေါင်ပိုင် ပြောရဖို့ ကို နားမလည်။ အဓမ္မပြော၍သာ လက်ခံထားရစွာ ဟိန့် သည်။ ရခိုင်လူမျိုးလို့  ပြောထားခြင်းဖြစ်သောကြောင့်သာ သိထားစွာဖြစ်သည်။
" . အဝေး-- မင်းယင်းပိုင်ဆိုကေ အဂင့်ဂင့် စကားမပြောတတ်လားချင့် "
မြင့်ထွန်းလှိုင် တခုလည်း နားမလည်။ ထိုဖက်ဒေဖက် လှည့်ကြည့်နိန်မိသည်။ ဘေးနားက လူကြီးတယောက်က မီးလာသူကို လှမ်းပြောလိုက်မှန်း သိလိုက်သည်။ ပြောလိုက်သည့်သူကား ရန်ကုန်မှ အတူတူ လာသူ ရခိုင်သဟာယက ကော်မီတီလူကြီး ဟုသိသည်။
" သူက ရခိုင်စကားကို နားမလည်ဝေ-- အချေကတည်းက ဗမာပြည်ရောက်လားပနာ အခုစစ်တပ်က ခွင့်ယူလို့  လာစွာလေ - ဒေနိန့် မှာ သူရို့ ဘုရားရီချိုးစွာကို ကြည့်ယင်း မြို့ တွင်းမှာ ရီလောင်းကတ်စွာကိုကြည့်ယင်းပင်း လားကတ်ဖို့ လို့ လေ -"
" အော် - ယေဇူးနာင့် သူက မဖြီစွာကိုး"
မြင့်ထွန်းလှိုင်မှာ လူကြီးနှစ်ယောက် အချီအချ ပြောနိန်စွာကို စိကေတဗွေ နားလည်မိသည်။ ဗမာစကား ပြောသောအခါ နားလည်ခြင်းရာ ဖြစ်သည်။ ကိစ္စမဟိန့် ၊ အဆင်ပြီသလိုရာ ရယ်လိုက်ပြုံးလိုက်နာင့် ဗြီးလားဖို့  သဘော။
အားငယ်စရာတခုလည်း မလို။ ဇါအကြောင်းဆို ။ ရခိုင်သဟာယမှ ကော်မီတီလူကြီး၏ သားဖြစ်သူ ဇေါ်သက်ဝင်းမှာ သူနာင့်အတူ ရန်ကုန်က အတူတူ ပါလာစွာဖြစ်သည်။ သူရို့  သားအဖနာင့် ဓည၀တီဘုန်းကြီးကျောင်းမှာ ဆုံကြသည်။ မန္တလေးကိုရောက်လာသောဦးပဥဇင်း ဦးခေမာက မြင့်ထွန်းလှိုင်ကို ဆွီမျိုးဟု ဆိုက ခေါ်လာခြင်းဖြစ်သည်။ သိတော့ မသိ။ ကြားလည်း မကြားဖူး။ မန္တလေးမှ ကျောင်းသို့  ခွင့်နာင့်ပြန်လာခိုက်မှာ သင်္ကြန်နာင့် ထိပ်တိုက်ကျနိန်လို့  လိုက်လာရစွာရာဖြစ်သည်။ ဦးပဉ္ဖင်းနာင့် ဓည၀တီဘုန်းကြီးကျောင်းမှာ တည်းခိုကတ်သည့်အခါ ရခိုင်သဟာယအစည်းအ၀ီးနာင့် ဆုံနိန်သည်။ ယေဇူးနာင့် ရခိုင်သင်္ကြန်ကို စစ်တွေမြို့ မှာ ချဖို့ လားကတ်မေ ပြောကတ်ယင်း လိုက်လာစွာဖြစ်သည်။
ဇေါ်သက်ဝင်းမှာ ရခိုင်စကားကို နားလည်သည်။ ပြန်ပြော၍လည်း ကောင်းကောင်းမရ။ သူ့ အဖက ရခိုင်လူမျိုးစစ်စစ် ။ အမိကရာ တခြားလူမျိုးဖြစ်နိန်သည်။ တခြားလူမျိုးလို့ ရာ ထင်ရသည်။ အသားက မဲနိန်သည်။ ယေကေလဲ ညိုချောဖြစ်သည်အတွက် ကြည့်ကောင်းသည်။ ဇေါ်သက်ဝင်းအမိန့် မှာ ရခိုင်စကားကို မပြောတတ်၍ မြင့်ထွန်းလှိုင်နာင့် အဆင်ပြီသည်။ ခုတော့ ဇေါ်သက်ဝင်းကြောင့် စစ်တွေသင်္ကြန်ကို လည်ပတ်ရဖို့ စွာကို မကြောက်။ သူရို့ ကျောင်းက မြို့ တွင်းကို မလားခင် ပြောသံကြားလိုက်ရသည်။
" ဒေပိုင်သင်္ကြန်မျိုးဆိုကေ မြင့်ထွန်းလှိုင် ရို့  အချေခါ ပဒေသာပင်ကို တမြို့ လုံး လာလို့ လှူကတ်တေယေ- အခုတော့ တပင်လဲ လာလို့  မလှူကတ်ဗျန်လေ- ဇါကိုရှိဖို့ လဲ ယေ- ဆရာတော်ခမြာလဲ ထောင်ကျဗြီးစွာနာင့် စိတ်မကောင်းဖြစ်ရစွာနာင့် နောက်ဆုံးမှာ ပျံလားခရရေ မနားယေ-"
မြင့်ထွန်းလှိုင်က မျက်မှောက်တချက် ကုတ်လိုက်မိသည်။ သူရို့ အချေခါ လတ် ။ ပဒေသာပင် တမြို့ လုံးက လာလှူစွာ ။ ယေကေအခုဝါ။ တပင်တောင် မလာပါကား။ ကျောင်းမှာ ဆရာတော်တပါးကတော့ ဟိန့် သည်။ မောင်ရှင်ချေတိလဲ ဟိန့် သည်။ အချေတိကို စာပြနေသည်ကိုလည်း မြင်ရသည်။ ဇါဖြစ်လို့  ပဒေသာပင် လာလို့  မလှူကတ်စွာလည်ချင့်။ စိုင်းစား၍မရ ။ နောက်မှ အီးအီးဆီးဆီး မီးကြည့်ဖို့ လို့  စိတ်ကူးထားလိုက်သည်။ မြို့ ထဲသို့  ဆိုက္ကားတစီးနာင့် ဇေါ်သက်ဝင်းက ရှေ့မှာထိုင်ပနာ မြို့ တွင်းလာကတ်သည်။ ဈီးကြီးနားက လားချင်၍ ဆိုက္က်ားသမားက ပလ္လင်တောဖက်မှ လားသည်။ သဘောင်္ဆိပ်ကြီးမှာ ကုန်တင်ကုန်ချ လုပ်နိန်ရေ နိုင်ငံခြားသဘောင်္တိန့် နာင့် ရှုပ်ရှက်ခတ်နိန်သည်။ မြစ်ဖက်က တိုက်လာရေ လီက အီးမြနိန်သည်။ ယင်းနားမှာ တန့် ဗြီးကေ နိန်လိုက်ကတ်သည်။ မြင့်ထွန်းလှိုင်က အင်းပေါက်ဝက တိုက်လာရေ လီကို တ၀ကြီး ရှူဖြစ်လိုက်သည်။
ကြားဖူးနိန်ကျ တေးခင်းသံတိကို ကြားလာသည်။ သင်္ကြန်ကားတိန့် ဖြစ်သည်။ မော်တော်ကားတိန့် မှာ ကလေချေတိ မကန် ။ ကလို့ ခုန်လို့ ။ အားလုံးဗမာတေးခင်းတိကို ဆိုလို့ ။ ရခိုင်သင်္ကြန်ကား ဗမာတေးခင်းတိန့် နာင့် ကောင်းကောင်းပျော်စရာဖြစ်နိန်ကတ်တေလို့  ထင်လာသည်။ ဇေါ်သက်ဝင်းကတော့ သင်္ကြန်ကားတိန့် ကို ကြည့်ပနာ ပြောသည်။ ရခိုင်ယိုင်ကျေးမူပျက်စီလားခစွာမှာ ကြာဗျန် ဟု ဆိုသည်။ သရုပ်ပျက်ယိုင်ကျေးမူ လား မပြောတတ်။
ကမ်းနားလမ်းမှာ ရီလောင်းမဏ္ဍပ်ဟိန့် သည်။ မဏ္ဍပ်ထဲဝင်ပနာ ရီလောင်းဖို့  ၀င်လိုက်မိသည်။ ရီတောင်းရေအခါ ပြသနာဖြစ်လာသည်။
မြင့်ထွန်းလှိုင်က ရီတောင်းပနာ လောင်းဖို့ မတတ်။ သူကား ရခိုင်ယိုင်ကျေးမူကို မသိ။ သင်္ကြန်အကြောင်းကို မသိ။ ခက်စွာက ယင်းပိုင်။ ယေဇူးနာင့် မြင့်ထွန်းလှိုင် ရီမလောင်းခရ ။
ဆရတော်အုဌ်ဂူအနားမှာ ထိုင်ချလိုက်သည်။ ဓါတ်ပုံကို ပြ၍ ဆရာတော်မှန်း မျက်စိထဲမှာ မြင်နိန်မိသည်။ ထောင်ထဲမှာ ကျနိန်ခရစွာက မြင့်ထွန်းလှိုင်ရို့  ပိုင် အချေတိကို မြီးစပ္လို ့။ အမိအဖေတာင္မွ မမြီးစပ္ခစြာ။ ဆရာတော်က မွီးစပ်လို့  ထောင်ကျခရသည်လို့  သိလာရသည် ။ အခု ယင်းဒဏ်နာင့် ဆရာတော် ပျံခလားခရသည်။ ယင်းပိုင်ထောင်ထဲ ရောက်နိန်ရေအခါ လူကောင်ကြီးလာရေ မြင့်ထွန်းလှိုင်က သနတ်ကိုင်ထားပနာ ယင်းပိုင် ဆရတော်မျိုးရို့ ကို ဖမ်းဆီးထားခရစွာမျိုး။ ဟုတ်သည်။ မြင့်ထွန်းလှိုင်က စစ်သား။ အထက်ကအမိန့် ကို နာခံနိန်ရသည်။ အခု ကျေးဇူးရှင်ကို ပြစ်မှားခဗျန်ထင်နိန်ရသည်။ ယေဇူးနာင့် ဆရာတော်အုဌ်ဂူကို လက်စုံမိုးယင်း မျက်ရည်ကျကာ ရှိခိုးရသည်။
" မင်းကို ဆရာတော်က ခွင့်လွှတ်ပါဖို့  စွာပါရာဝေ- ဇါဖြစ်လို့ ဆိုကေ မင်းကလာပနာ ရှိခိုးနိန်စွာကိုး -ယေကေလဲ ရခိုင်စကားနာင့် ရှိခိုးမှ ဆရာတော်က အလှပလှ ကြီနပ်ဖို့ လို့  ငါထင်ရေ ဝေ- "
ပက်ခုံးကို ကိုင်ပနာ ပြောလာရေ ဇေါ်သက်ဝင်းကို ပြန်လို့  မပြောမိ။ သူပြောစွာလဲ ဖြစ်နိုင်သည်။ စစ်သားတယောပ်ဖြစ်ပနာ အသဲမာပါရေလို့  ပြောကေလဲ ဒေအချိန်မှာ မျက်ရည် မကျလို့  မရ။ ရှက်စွာကလဲ ပါနိန်သည်။ လူ့ ဘ၀မှာ ကံအဆိုးဆုံးထဲမှာ ပါနိန်စွာလား မပြောတတ်။ ဆရာတော်မှာ ဆင်းဆင်းရဲရဲနာင့် သီတင်းသုံးယင်း ပျံလွန်လားခရရေလို့  သိရသည်။ ယင်းဆရာတော်မှာ မြင့်ထွန်းလှိုင်၏ ကျေးဇူးရှင်လို့ ပြောသောအခါ အစပိုင်းမှာ မယုံချင်။ သူရို့ အချေခါ စုပနာ ရိုက်ထားခရေ ဓါတ်ပုံကို ပြမှ ယုံကြည့်လာသည်။ အမိ ဇါသူလဲ ။ အဖ ဇါသူလဲ လို့  မသိရေ ဘ၀မှာ မွီးစပ်ပနာ လူဖြစ်အောင် ကျွေးမွီးခရေ ဆရာတော်ကို မြင်ချင်လိုက်သည်။ အုဌ်ဂူရှေ့က သဲတဆုပ်ကို ကောက်ယူပနာ လီထဲမှာ လွှင့်ပစ်လိုက်သည်။
" ယင်းပိုင်ဆိုကေ ကျွန်တော် ဇါကလာလို့  ဇါကလဲ ဆိုစွာ တခုချေလဲ မသိရပါမနားယေ "
မြင့်ထွန်းလှိုင်က ဇေါ်သက်ဝင်း အဖနားက လူကြီးတယောက်ကို လှမ်းပြောလိုက်သည်။
" မင်းရို့ တိအကြောင်းကား တခုချေလဲ မသိကတ်ဗျန်ဝေ- အခင်ရို့ သိသလောက်ကဆိုကေ ရှေ့နေမကြီး ဒေါ်အေးနုစိန်ကလဲ ကောင်းကောင်းတင်ပြရေဝေ- မင်းရို့ တိကို မခေါ်လီရအောင် - မရမနားယေ- နောက်ဆုံးမှာ မင်းရို့ က အမိအဖ ဇါသူလဲ မသိ- ရခိုင်လူမျိုးတောင် မင်း၇ို့ က မဖြစ်လိုက်ဗျန်လေ ဝေ- မင်းကရာ ကံကောင်းလို့  အခုဆရာတော်ကို ရှိခိုးလာရစွာယေ-"
" ကျွန်တော်ရို့  ဘ၀က ယင်းလောက်ပင် ဆိုးလားခပါလား အဖိုး- ကျွန်တော်ရို့ တိကို မြို့ က လူတိက တယောက်လဲ မွီးစပ်ဖို့  မပြောခကတ်ပါလား ချင့် - "
မြင့်ထွန်းလှိုင်က သူတတ်တေ ရခိုင်စကားကို မနည်းကြိုးစားပနာ ပြောကြည့်သည်။ သူပြောစွာကလည်း မှန်နိန်သည်။ ဆရာတော်ကို ဖမ်းဆီးရေဆိုကေ သူရို့ နာင့် မဆိုင်။ မွီးစပ်သူဟိန့် ကေ မြို့ မှာ ကျန်လိုက်ရဖို့ နားရာ။ သူ့ အသိက ယင်းပိုင်။ သူရို့ ကို ဗမာပြည်ကို ခေါ်လားခချိန်မှာ သူ့ အသက်က- ၃- နှစ်လောက်ရာ ရှိနိန်သိသည်။ သူပြန်လို့  စစ်တွေကို ရောက်ချိန်မှာ အသက်-၂၈--နှစ်လောက် - ရှိနိန်ဗျန်ဖြစ်သည်။
" ဟုတ်တေ-- မင်းပြောရေပိုင်ဆိုကေ ယင်းပိုင် ဖြစ်ဖို့ - ယေကေလဲ မင်းကိုင်ထားရေ သနတ်က လူ့ အခွင့်အရီးမသိဝေ- ဒီမိုကရေစီမသိဝေ- လူမျိုးပါပျောက်အာင် လုပ်လိုက်စွာကို ကြည့်ပလင့်ဝေ- မင်းရို့ နာင့် တခုချေလဲ မဆိုင်ဘဲနာင့် ဗမာပြည်ကို ခေါ်လားခစွာ ကြည့်ပလင့်ဝေ- မင်းရို့ ကို စစ်တွေမြို့ က လူတိက ကောင်းကောင်းပင် ပြောကတ်ဆိုကတ်ပါရေ ဝေ- မရခစွာရာ ယေ "
မြင့်ထွန်းလှိုင်က စစ်သားဖြစ်နိန်သည်။ ယေဇူးနာင့်  သူနားလည်အောင် ရှင်းပြလိုက်ခြင်းဖြစ်ကြောင်း သိသည်။ သနတ်ကိုင်ပနာ နယ်စပ်တိမှာ ရမ်းကားးချင်တိုင်း ရမ်းနိန်ခရေ အကြောင်းတိကို စိုင်းစားမိလာသည်။ စိုင်းစားမိစွာကို ဘေးနားကလူတိ မသိအောင် နိန်လိုက်သည်။
ရှက်ကောင်းထမန်း စစ်သားလုပ်နိန်ရစွာကို လူတိ မသိစီချင်။
နောက်ဗြီးကေ သူ့ နာမည်က ရခိုင်လူမျိုးနာမည်နာင့်လည်း မတူစွာကို သတိထားမိလာသည်။ ရခိုင်လူမျိုးဖြစ်ပနာ ရခိုင်စကား မပြောတတ် ဖြစ်နိန်ရေ သူ့ ဘ၀ကို စာနာလာမိသည်။ သနားလာမိသည်။
ဆရာတော်အုဌ်ဂူရှေ့မှာ အချိန်ဇါလောက် ကြာလားခမှန်း သူမသိ။ မှောင်နိန်လာဗျန်ဖြစ်လို့  ဇေါ်သက်ဝင်းက သတိပီးမှ ပတ်ဝန်းကျင်ကို ကြည့်မိသည်။ ဇေါ်သက်ဝင်းနာမည်လည်း ရခိုင်လူမျိုး နာမည် မဟုတ်မှန်း သူသိလာသည်။ သင်္ချိုင်းမှာ လူမရှိဗျန်။ ဆုံးဖြတ်ချက်တခုကို သူချလိုက်သည်။ ယင်းဆုံးဖြတ်ချက်ကို ဆရာတော် ဦးပညာစာရ က ကြီနပ်ဖို့ ထင်ပါသည်။ စစ်အစိုးရလက်ထဲမှာ စစ်သားအဖြစ် သနတ်မကိုင်ဗျန်ဆိုသော ဆုံးဖြတ်ချက် ။ ယေဇူးနာင့် ဆရာတော် ရောက်လီလားရာ ဘုံဘ၀က ကြားနိုင်အောင် ပြောဖြစ်အောင် ပြောလိုက်သည်။
" ဒေမြီရာကို အလာနှောင်းလားကေလဲ ဒေမြီရာက မပြန်ပါဗျန် ဒေ "
ခိုင်အောင်ကျော် ( နယူးယောက် )
.