Wednesday, May 25, 2011

ရင်မှာလှိုင်းခတ် တဖြတ်ဖြတ်နာင့် တော်လှန်ရီးကို မရပ်လီကေ့

တရက်နိန့်က အထွီးချေဘားက စုံစီနဖါ သတင်းတိ ကြားလိုက်ရပါရေ ။ သူရို့  လပျိုချေတစု ၀ဖြီးချပ်တောင်နားက ပွဲကြည့်တောင်နားကို လားပနာ မင်းသားကြီးရွှီဘန်း အရိုးဂူကို ဂါဝရပြုခကတ်ပါရေလတ်။ ယေအခါ ကလေချေတိက လက်မောင်းသွီးကို ဖေါက်ပနာ သစ္စာဆိုကတ်တေလို့ ပြောပါရေကာ။ မင်းသားကြီးရွှီဘန်းဆိုစွာ ဒက္ကားထောင်ထဲမှာ လက်မောင်းသွီးကို ဖေါက်ပနာ သီတန်းစာရီးခရေ ရခိုင်သူရဲကောင်းတယောက်ပါယေ။ ယင်းအတွက်တာနာင့် အထွီးချေရို့ ကလေချေတတိုင်ကလဲ လက်မောင်သွီးကို ဖေါက်ပနာ သစ္စာတိုင်ကတ်တေလို့ ပြောပါရေထော။ ဒေသတင်းကို ကြားစွာနာင့် သမိုင်းအကြွီးတိ ကျီပါဖို့ ဗျန်ကာ ဆိုပနာ မျက်ရည်ကျလာမိပါရေ ။ ဟုတ်ပါရေ ။ တင်ထားရေ သမိုင်းအကြွီးဆိုစွာကလဲ နဲစွာကား မဟုတ်ပါမနား။ ကျွန်တော်ရို့  ရခိုင်ရှင်ဘုရင် နန်းစိုက်ခရေ နန်းတော်ကြီးကလဲ အငုတ်တောင် မဟိန့် ပါကာ။ ကြည့်လီလီတိုင်း စာတီပုထိုးနာင့် ဟိန့် ခရေ နိန်ရာတိမှာလဲ အုဋ်ခဲနှစ်ပိုင်းကျိုးတိနာင့် ၊ မြီငလျင်လှုပ်ခလို့  မြီပြင်တိ ပျောက်လို့  မြို့ တိပျောက်လို့  လားခရေပိုင် အလှပလှ ရခိုင်ရွှီနန်းတော်ကြီးကား တိုင်ငုတ်တောင် မတွိပါကာဒေ။ ရခိုင်ဗဟိုစည် သောသောညံနိန်ခရေလို့  ရင့်ကျူးပနာ ပြောခရရေ ရွှီပြည်မြောက်ဦးက ကချေသည်ရို့ တိနာင့် ခရုသင်းအသံတိလဲ တိတ်လို့ ဆိတ်လို့  ဖြစ်နိန်ပါဗျန်ကာ။ ဒေပိုင်ရခိုင်ရွှီနန်းတော်ကြီးနားမှာ သဇင်ပန်းခိုင် တမြိုင်မြိုင်လို့  ပြောခရေ ဘုရားရုပ်ထုတော်တိ ၊ လိုင်ပင်းကျိုးလို့  နိန်ရာတိုင်းမှာ တွိနိန်ရပါရေကာ။ ယင်းပိုင်တွိနိန်ရစွာတောင်မှာမှ ဘုရားရုပ်ထုတော် မှာ သွီးစက်တိ မခမ်းခြောက်ပါသိကာဒေ။ ရခိုင်လူမျိုးတိနိန်ခကတ်တေ ရခိုင်နိုင်ငံတော်မှာ ရခိုင်လူမျိုးတိ သွီးချောင်းစီးခရစွာ နှစ်ပေါင်း ၂၂ရ-နှစ် တိုင်တိုင် ဟိနိန့် . ခပါဗျန် ၀ါ ။ ဒေပိုင် သွီးမြီကျခစွာကို မင်းသားကြီးရွှီဘန်းက လက်မောင်းသွီးဖေါက်ပနာ အီးချမ်းစီချင်လို့  တော်လှန်ရီးကို လုပ်ခစွာ နောက်ဆုံးမျိုးချစ်ပါဒေ။ မင်းသားကြီးရွှီဘန်းလုပ်ခရေ တော်လှန်ရီးကား နယ်ချဲ့  အင်္ဂလိပ်တိက ရခိုင်ငံတော်ကို ကိုလိုနီအဖြစ် လုပ်ထားစွာဖြစ်လို့  တော်လှန်ရီး လုပ်နိန်ခရေ ကာလပါယေ။ ယေကေလဲ အမျိုးသားသစ္စာဖေါက် စံရဖွေပိုင် လူမျိုးကြောင့် အဖမ်းခံ ရပနာ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြယင်း အဖရခိုင်နိုင်ငံတော်အတွက် အသက်စွန့်  လွှတ်ခရပါရေ ။ မသီခင် နောင်လာနောက်သား မျိုးဆက်သစ်ရခိုင်လူမျိုးတိကို သိစီဖို့ အတွက် လက်မောင်းကို သွီးဖေါက်ပနာ ထောင်နံရံမှာ ရီးခပါရေ ယေ။ ယင်းပိုင် အဖရခိုင်နိုင်ငံတော်အတွက် လက်မောင်းသွီးနာင့် ရီးခရေပိုင် မျိုးဆက်သစ်ကလေချေတိဖြစ်တေ အထွီးချေရို့ ကလဲ မင်းသားကြီးရွှီဘန်း အုဋ်ဂူမှာ အလေးပြုယင်းပင်း လက်မောင်းသွီးကို ဖေါက်လို့  သစ္စာတိုင်နိန်ကတ်ပါဗျန်လတ်။။။။။။။။။။
အင်္ဂလိပ်ခေတ်ကို ခေတ်ကောင်းခါယင် ဆိုပနာ ၀ါကြီး ၀ါကြီးမတိကပြောဖူးကတ်ပါရေ ဒေ။ ယေအခါ ဇါဖြစ်လို့  ခေတ်ကောင်းကာယင် ဆိုပနာ ဆိုစွာကို စိုင်းစားမိပါရေ။ ၁၇၈၄-ခုနှစ်က ၁၈၅၂- ခုနှစ် ကာလမှာ ရခိုင်လူမျိုးရို့ မှာ ပြည်လဲပျက် ရွာလဲပျက် စွာပါရာ။ အင်္ဂလိပ်တိက နယ်ချဲ့  သိမ်းပိုက်လို့  ၀င်လာရေအခါမှာ ရခိုင်လူမျိုးတိက စိကေတဗွေ ပါတါ
်သက်လားစွာပါဗျန်ကား။ ယေဇူးနာင့်လဲ ခေတ်ကောင်ခါယင်လို့  ပြောခစွာတိပါရာ။ အလှပလှတော့ ခေတ်ကောင်းစွာကား မဟုတ်ပါယင်။ အင်္ဂလိပ်နယ်ချဲ့  အစိုးရကို တော်လှန်ရေ မျိုးချစ်ရခိုင်တော်လှန်ရီးသမားတိကို စစ်တွေထောင်ထဲမှာ သားအဖနှစ်ယောက်စလုံး ကြိုးဒဏ်ပီးပနာ သတ်ပခစွာ ဟိန့် ပါရေ ယေ။ ယင်းပိုင်ပါဗျန်ကာ။ အဆိုးဆုံးကတော့ခါ ဆရာတော်ဦးဥတ္တမနှင့် ပါတ်သက်လို့  ပြောရဖို့  စွာပါယေ။ ယင်းချင့်ကတော့ခါ အင်္ဂလိပ်နယ်ချဲ့ တိက အိန္ဒိယနိုင်ငံက တက္ကသိုလ်ကျောင်းကို တက်ခဗြီးကေ ပညာစုံစွာပါမက အိန္ဒိယနိုင်ငံ သတင်းစာတိ၊ နိုင်ငံရီးအဖွဲ့ တိမှာ နာမည်ကြီးစာရီးဆရာတယောက်ဖြစ်နိန်ရေ ဆရာတော်ဦးဥတ္တမက စစ်တွေမြို့ ကို ပြန်လာရေအခါ စစ်တွေမြို့ မှာ မနိန်ရစွာ မဟုတ်ပါလားယေ ။ စစ်တွေမြို့ ကိုရောက်ကေ မြို့ သူမြို့ သားတိက ၀ိုင်းလို့ ကြိုကတ်ဖို့ ၊ အမိအဖတိက ဆွီမျိုးတိက သဘောင်္ဆိပ်ဆင်းပနာ ကြိုဖို့  လာကတ်ဖို့  ထင်ထားရေ ဆရာတော်မှာ အမိအဖလဲ မကြို ၊ ဆွေမျိုးလဲ မကြိုရေအပြင် ပုလိပ်တိကရာ ကြိုနိန်စွာကို တွိခရပါရေ ။ ဇါဖြစ်လို့ ဆိုကေ ဆရာတော်ဦးဥတ္တမအကြောင်းကို အလှပလှ စုံစမ်းထားရေ အင်္ဂလိပ်ထောက်လှမ်းရီးက အစီရင်ခံစာပို့ ထားလို့ ရာ ယင်းပိုင်လုပ်ထားစွာပါယေ။ ( မှတ်ချက်- အင်္ဂလိပ်အစိုးရက ဆရာတော်ဦးဥတ္တမကို ကာလကတ္တားမှာ စုံစမ်းထားစွာကို ရဲစုံထောက်မှတ်တမ်းးအရ ပြုစုထားစွာကို ရှာဖွေတွိရှိထားပါရေ ) ဆွေမျိုးတိကိုလဲ ဆရာတော်နာင့် အမျိုးလို့  ခံကေ ဖမ်းဖို့ ဆီးဖို့  လို့ ပြောထားရေ အတွက် တယောက်ချေလဲ ကြိုဖို့  မလာဝံ့စွာပါယေ။ ယင်းချင့်မှာ ဆရာတော်ဦးဥတ္တမအဖို့  ရခိုင်လူမျိုးချေတိကို စာသင်ပီးဖို့  ဆိုရေ ဆန္ဒတိ အားလုံးပျက်စီးလားခရပါရေ ။ တချိန်တည်းမှာ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရီးမျိုးဆက်သစ် နာင့် ကိုလိုနီနယ်ချဲ့  တိုက်ဖျက်ရီးဆိုစွာကို ရခိုင်လူမျိုးတိ မကြားနာရစွာပင် ဖြစ်ပါရေ ။ ကိုယ့်မွီးရပ်ဌါနိန်မှာ မနိန်ရဘဲနာင့် ဆရာတော်ဦးဥတ္တမမှာ အောက်သားတိုင်းပြည်ကို လားခပနာ အောက်သားနိုင်ငံရီးကိုရာ ဆက်လို့  လုပ်လားခြီရစွာမျိုကို ဖန်တီးခံလိုက်ရပါရေ ။
ဒေပိုင်ရခိုင်တော်လှန်ရီးတိကို ဒေပိုင်ရခိုင်နိုင်ငံရီးတိကို ဆရာတော်ဦးဥတ္တမက မသိဘဲနာင့် နိန်လီပါဖို့ လားယေ။ တခုစိုင်းစားရဖို့ စွာက ဆရာတော်ဦးဥတ္တမက အောက်သားတိုင်းပြည်မှာ နိန်ပနာ နိုင်ငံရီးတရား ဟောနိန်ကေလဲ ရခိုင်ပြည်ကိုပါ လာပနာ တရားဟောဖို့  လာစွာ ဟိန့် ခပါရေဒေ။ ယင်းချင့်က နောင်လာနောက်သား မျိုးဆက်သစ်တိက မမိဖို့  အကြောင်းအရာ တခုမဟုတ်ပါမနား။ အခြီအနိန်တိဆိုစွာက ဖြစ်ချင်လာကေ နိုင်ငံရီးမှာ အရောင်အမျိုးအမျိုး ဖြစ်လာတတ်ပါရေ ။ ယင်းအရောင်တိက သူ့ ခေတ်နာင့် သူဖြစ်လာဗျန်ဆိုကေ ယင်းချင့်တိကို သိလာကတ်စွာနာင့် ယင်းသမိုင်းဆိုးတိကို ချက်ချင်း ဖြတ်ပလိုက်ရပါရေ ။ မဟုတ်လို့  ဟိန့် ခကေ ယင်းသမိုင်းဆိုးအမွီဆိုစွာ နောက်မြီ နောက်ရီကိုလဲ ကပ်လို့  ပါလာတတ်ပါရေ ယေ။
ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူလို့  ဂျပန်ခေတ်ဖြစ်လာရေအခါ ရခိုင်တော်လှန်ရီးမျိုးဆက်တိက ပေါ်လာပါဗျန်။ ယင်းချင့်မှာ ဆရာတော်ဦးပညာသီဟ၊ ဆရာတော်ဦးစိန္တာ၊ ဘုံပေါက်သာကျော် ရို့ တိ ပေါ်ပေါက်လာပါဗျန်ဒေ။ အခြားလူတိလဲ ဟိန့် လာပါရေ ။ ယေကေ ယင်းဂျပန်ခေတ်သမိုင်းကို ကြည့်လိုက်တေအခါ ကိုယ့်ခြီကိုယ့်လက်နာင့် မနိန်ခဘဲနာင့် အောက်သားတိနာင့် လားပနာ ဂျပန်တော်လှန်ရီး လုပ်စွာ ဖြစ်လာပါရေ ။ အစပိုင်းခါ ကိုယ့်ရခိုင်လူမျိုး စင်းသီး တော်လှန်ရီး လုပ်နိန်ပါယင့်သားနာင့် နောက်ပိုင်းခါ ရောလို့  ပူးပေါင်းလို့ ရာ ဖြစ်လားခပါရေ ။ အောက်သားတိက ဂျပန်တိကို ခေါ်လာပနာ လွပ်လွပ်ရီးရဖို့ လိုလို့  အင်္ဂလိပ်တိကို တိုက်နိန်စွာပါယေ။ ယေကေ အင်္ဂလိပ်ဗြီးလားခကေ ဂျပန်နာင့် ကျလာရေအခါ ရခိုင်ပြည်မှာ ရခိုင်နိုင်ငံရီးသမားတိက ဂျပန်ခေတ်မှာ အစိုးရနိန်ရာထဲမှာ မဟိန့် ပါဒေ။ နောက်ဂျပန်တိကို အောက်သားတိက တိုက်ထုတ်တေအခါမှာလဲ ရခိုင်လူမျိုးတိက အောက်သားတိနာင့် ပေါင်းလို့  တိုက်ထုတ်ခပါရေ ။ ယေကေ ဂျပန်တိ ဗြီးလားဗြီးကေ အင်္ဂလိပ်တိက အစိုးရ ပြန်လို့  ဖြစ်လာပါရေ ယေ။ ယင်းပိုင် အင်္ဂလိပ်ခေတ်မှာ အောက်သားတိက အစိုးရအဖွဲ့ ထဲမှာ ပါနိန်သိတောင် ရခိုင်လူမျိုးကို ကြည့်လိုက်ကေ သီးခြား မပါလားပါသိယေ။ အောက်သားပါးမှာ ကြားညှပ်ပနာ ဦးအောင်ဖံဝေက ပါလားနိန်စွာပါ ---( တော်လှန်ရီးခရီးဝယ်- ဘုံပေါက်သာကျော် × ) ယင်းပိုင်ပါလာညးခကေလဲ ရခိုင်လူမျိုး နန့်  ရခိုင်နိုင်ငံတော်ကို ကိုယ်စားပြုစွာမဟုတ်ဘဲ အောက်သားနိုင်ငံရီးပါတီထဲမှာ ပါလားရေ စွာမျိုး ဖြစ်လားစွာပါရာ ။
အထွီးချေရို့ ကို ပြောချင်စွာနာင့်ပင် ဆက်လို့ ပြောဖြစ်စွာပါရာဒေ။ ကြုံလို့ ရာ ပြောလိုက်စွာပါဗျန်။ အတိတ်သမိုင်းက မျိုးချစ်ပုဂ္ဂိုလ်လို့  အသိအမှတ်ပြုထားခံရရေ လူတိကို ပြစ်မှားချင်စွာတော့ မဟုတ်ပါကားယေ။ ယေကေလဲ ယင်းချင့်ကာလက အတူတူ လက်တွဲ တိုက်ပွဲဝင်နိန်ခရေ အချင်းချင်းကိုပင် ၀ီဖန်ပနာ သမိုင်းနာင့်ချီလို့  အသိအမှတ်ပြုထားစွာကို တော့ သိစီချင်ပါရေ ။ ဇါဖြစ်လို့ ဆိုကေ အခုအချိန်မှာ ကောင်းကောင်းတောက်ပနိန်ရေ သမိုင်းရောင်ပြန်ဟပ်မူတိကို မတွိချင်လို့  မရ ။ မကြုံချင်လို့  မရ၊ မမြင်ချင်လို့ မရ ဖြစ်နိန်ပါဗျန်ကာ။ ယေဇူးနာင့် သမိုင်းအရိပ်က မိုးလို့ နိန်ရေအခါ ယင်းအမိုးအောက်မှာ ဇါပိုင်ရခိုင်လူမျိုးတိက ဟိန့် နိန်ခဗြီးကေ အခုအချိန်မှာလဲ ယင်းပိုင်သမိုင်းအမိုးဆွီးအောက်မှာ မောင်းကာချလို့  အယပ်တွဲလို့  နိန်ရဖို့ စွာက လုံးဝမဖြစ်နိုင်ပါကားယေ။ ၁၉၄၈-ခုနှစ် လွပ်လွပ်ရီး ရလားရေအခါ ရခိုင်လူမျိုးထဲက ဦးညိုထွန်းက က ၀န်ကြီးဖြစ်လားခပါရေ ။ ယင်းခါ ရခိုင်လူမျိုးတိမှာ အောက်သားတိနာင့် ရောလို့  ဖြစ်လားခဗြီးကေ လုံးဝအဖတ်ဆယ်လို့  မရအောင် ကျွန်ဖြစ်လားစွာ မဟုတ်ပါလားယေ ။ ရခိုင်နိုင်ငံတော်လဲ ချက်ချင်းပျောက်လားခစွာပါရာ။ ယေဇူးနာင့် ဘုံပေါက်သာကျော် ( တော်လှန်ရီးခရီးဝယ် ) မှာ ( ဦးအောင်ဇံဝေ၊ ဦးညိုထွန်း၊ ဦးဘစော ရို့ နာင့် ဆရာတော်ဦးစိန္တာ တောပုန်းဘ၀နာင့် နီစိုင်မှာလဲ ရက်ြပတ်လာပါယင့်။ မဟာမြိုင်ညီလာခံ လုပ်ဖို့  တိုင်ပင်ကတ်စွာမှာပါ။ ဆရာတော်ဦးစိန္တာကို သာယာဝတီထောင်မှာ ဖမ်းထားခါလဲ သူရို့ တိ လာကတ်ပါယင့် ၊ နောက်ဆုံးမှာ လွပ်လွပ်ရီးရန်သူကို အပြတ်ချေမှုန်းဖို့  ဆိုပနာ ဦးညိုထွန်းရို့ က ၀န်ကြီးဖြစ်လားရေအခါ ဘုံပေါက်သာကျော်၇ို့  ကို တောထဲမှာ နီစရာမရအောင် လိုက်သတ်စွာ ကံကောင်းလို့ ပါကားယေ- ဗကပ ဦးကျော်မြကလဲ အစခါ ဟုတ်တိပတ္တိနာင့် နောက်ဆုံးခါ အလင်းဝင်လားဗြီးကေ ဗိုလ်မှုးချုပ်ကျော်ဇေါနာင့် ပေါင်းပနာ လိုက်တိုက်စွာ သစ္စာဖေါက်ရခိုင်နိုင်ငံရီးသမားကြီးတိကြောင့် အမျိုးသားလွပ်မြောက်ရီးကို မရနိုင်ခစွာပါ ယေ ) ဒေပိုင် ရီးထားစွာကို ကြည့်ကတ်ပါဖိ။
ဒေချင့်တိရေ မလုပ်သင့်စွာတိကို လုပ်ခြီမှားလို့  မျိုးဆက်သစ်ရခိုင်လူငယ်ကလေချေတိက အခုအချိန်မှာ နားလည်လာကတ်ပါဗျန်ထော။ တရက်နိန့် က မလေးရှားက မျိုးဆက်သစ် ကလေချေတယောက်က ပြောပြလာပါရေဒေ။ ယင်းချင့်က ပင်လုံမှာ ရခိုင်လူမျိုးတိလဲ လက်မှတ်ထိုးစွာမှာ မပါခကေ လွပ်လပ်ရီးပီးခစွာမှာလဲ အဓိကပြသနာက အင်္ဂလိပ်နယ်ချဲ့  အစိုးရပါရာလတ်။ ယေကေ အင်္ဂလိပ်အစိုးရကို အခုအချိန်မှာ တရားစွဲရဖို့  မဟုတ်ပါလားယေလို့  ဆွေးနွေးလာစွာပါဒေ။ ကျွန်တော်ကောင်းကောင်း အားဟိန့့် လာပါရေထော။ သူ့ အတွေးအခေါ်နာင့် သူ့ အမြင်ကို ရလိုက်စွာမှာ အတိုင်းမသိ ပျော်မိလားပါရေ ကာ။ ဇါဖြစ်လို့ ဆိုကေ ဒေပိုင် အမြင်ချင်းဖလှယ်ပနာ ပြောကတ်ဆိုကတ် တိုင်ပင်ကတ်ကေ ဇါလောက်အထိ ကောင်းရေ ဆိုစွာကို စာရီးသူကျွန်တော်က လိုလားနိန်စွာဖြစ်ပါယင့်။ ယေကေကျွန်တော့်ကို မီးလာရေအတွက် ကျွန်တော်ဖြီပီးလိုက်ကေ တယောက်ထဲရာ သိလားပါဖို့ ဒေ။ ယေဇူးနာင့် အားလုံးသူလဲ သိလီကတ်ရအောင် ဖြီပီးလိုက်စွာပါဒေ။ သူပြောရေပိုင် အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဒေအချိန်မှာ စကားပြောရပါဖို့ ဗျန်။ အင်္ဂလိပ်နယ်ချဲ့ အစိုးရနာင့် ရခိုင်တော်လှန်ရီးသမားတိက စာချုပ်ချုပ်ပနာ ဗမာနယ်ချဲ့ အစိုးရကို ယင်းအချိန်က ရခိုင်နိုင်ငံက ပူးပေါင်းတိုက်ထုတ်ကတ်ပါရေ။ ယေကေ ဗမာနယ်ချဲ့ တိက စစ်ရှုံးလို့  ထွက်ဗြီးလားကေ ရခိုင်နိုင်ငံကို လွပ်လွပ်ရီးပီးပါမေလို့  ဆိုပနာ လုပ်ထားခကတ်စွာပါ။ အင်္ဂလိပ်တိက ရခိုင်နိုင်ငံကိုပါမက ဗမာပြည်ကိုပါ သိမ်းပိုက်ဗြီးနောက်မှာ တစိပင်ကား မလွယ်ပါယေ။ နောက်ဆုံးမှာ ရခိုင်တော်လှန်ရီးသမားတိ ထောင်ကျရစွာနန့်  သီလားခရစွာနန့်  တော်လှန်ရီးမျိုးဆက်ပြတ်ပါလားအောင် လုပ်ခစွာပါယေ။ မြန်မာနိုငံကို လွပ်လွပ်ရီးပီးဖို့ အခါ ရခိုင်နိုင်ငံက ရခိုင်တော်လှန်ရီးသမားတိက ဆန္ဒထုတ်ဖေါ်လို့  မတောင်းခစွာလား ၊ လွပ်လွပ်ရီးပီးရေအခါ ရခိုင်လူမျိုးတိကို အောက်သားနိုင်ငံရီးသမားတိက ရောလို့  သူရို့ နန့် အတူ လုပ်ပလိုက်စွာကို ခံရစွာလား မပြောတတ်ပါယေ။ ဇါဖြစ်လို့ ဆိုကေ မြန်မာနိုငံ လွပ်လွပ်ရီးရရေ အခါ -၁၉၄ရ-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြီခံ ဥပဒေမှာ မြန်မာနိုင်ငံတော်၏အလံမှာ ကြယ်ကြီးတလုံးကို ကြယ်ချေ-၅-လုံးက ၀န်းရံထားပါရေ ။ ကြယ်ကြီးတလုံးမှာ ရခိုင်လူမျိုး၊ မွန်လူမျိုး၊ ဗမာလူမျိုး ကို ကိုယ်စားပြုထားသော ကြယ်ဖြစ်တေ ဆိုပနာ လုပ်ထားစွာပါယေ။ ယင်းချင့်က ကမ္ဘာလောက် အရုပ်ဆိုးစွာ မဟုတ်ပါမနား။ မွန်လူမျိုးလဲ ပျောက် ရခိုင်လူမျိုးလဲ ပျောက်ပနာ ရခိုင်နိုင်ငံကိုလဲ ဖျောက်ပလိုက်ပါရေဒေ။
ယေကေ ဟုတ်ပါယင့်။ သူပြောရေပိုင် အင်္ဂလိပ်နယ်ချဲ့  အစိုးရက မြန်မာနိုင်ငံကို လွပ်လွပ်ရီးပီးပခစွာမှာ ရခိုင်နိုင်ငံရောပါလားခစွာ အမှားကြီး မှားလားစွာပါယေ။ ဒေချင့်ယေ အင်္ဂလိပ်အစိုးရက မှားလားစွာပါရာ။ မှားလားဖို့ အတွက် ကိုယ့်ရခိုင်နိုင်ငံရီးသမားတိက ရောလို့  လုပ်ကတ်စွာပါကိုး။ ယေကေ ယင်းချင့်ကို ကျွန်တော်ရို့ က အခုအချိန်မှာ ချမပြနိုင်ပါဗျန်လား။ ဒေကိစ္စယေ အမှန်ပင် ဖြစ်နိန်ရေ ပြသနာပါချင့်။ ယေဇူးနာင့် တခါတခါ ကျွန်တော်ရီးရေဆောင်းပါးတိမှာ သမိုင်းကို ဖြတ်သန်းပနာ လားနိန်ကတ်ပါဗျန်။ ဒေသမိုင်းခရီးမှာ မျိုးဆက်သစ်ကလေချေတိက သိနိန်ဖို့  လိုနိန်ပါဗျန်လို့  ပြောနိန်စွာံပါရာ။ လွန်ခရေ -၁၉၄၈ -ခုနှစ်မှာ ရခိုင်ငံတော် ပျောက်ဆုံးလားခရပါရေ ။ ဒေစကားကို ကျွန်တော်သီခါနီးအချိန်ထိ ပြောလားပါဖို့ ဒေ။ မ၀ီးသိရေ အချိန်တခုကို ဇါဖြစ်လို့  ကျွန်တော်ရို့ က သမိုင်းမှာပျောက်လားအောင် ထိုင်နိန်လိုက်ရပါဖို့ လဲ ယေ။ အို--မျိုးဆက်သစ်လူငယ်အပေါင်းရို့ -- အဖရခိုင်ငံတော်ကို ရခိုင်လူမျိုးလက်ထဲမှာ့ ဟိန့် သင့်ရေမနားယေ။ ကိုယ့်နိုင်ငံကို ကိုယ်ရခိုင်လူမျိုး အုပ်ချုပ်မှ ကိုယ့်နိုင်ငံ စည်ပင် သာယာလီဖို့  မလားယေ။ ဒေနိန့် အချိန်မှာ သဘာဝရီနံတိ ၊ ဂါတ်စ်တိက ရခိုင်နိုင်ငံကို ကောင်းကောင်းကြီးတည်ဆောက်လို့  ရစွာကို လူတိုင်းသိန်န်ကတ်ပါဗျန်။ ရခိုင်သမတိ ထမင်းချက်နိန်ရေအခါ ရီနံဆီမဟိန့် လို့  ထင်းမဟိန့် လို့  ထမင်းမချက်ရသိဆိုစွာမျိုးကို အခုအချိန်မှာ ကြားနိန်ရပါရေ ။ ရခိုင်လူမျိုးလက်ထဲမှာ ကိုယ့်ကြမ္မာဖန်တီးဖို့  ကိုယ်ရို့ လက်ထဲမှာရာ ရခိုင်နိုင်ငံတော်ဟိန့့် ခကေ ဂါတ်စ်က ဓါတ်ငွေ့ နာင့် လူတိုင်းထမင်းချက်စားနိုင်ပါဗျန်န်။ မီးကိုအသုံးပြုလို့  တိုးတက်တေ သိပ္ပံပိုင်ညာတိနာင့် ရခိုင်ငံတော်ကြီး လှပလားလီပါဖို့ ကာ။ အခုကား အောက်သားတိုင်းပြည်က ဂါတ်စ်နာင့် ထမင်းချက်စားနိန်ပါရေ ယေ။ ကျွန်တော်ရို့ မှာကား ငတ်လို့ ။
ရခိုင်နိုင်ငံတော်ကို အင်္ဂလိပ်နယ်ချဲ့  အစိုးရက မြန်မာနိုင်ငံနာင့် ရောလို့  လွပ်လွပ်ရီးပီးခစွာအထဲမှာ ထည့်ခစွာကို အင်္ဂလိပ်အစိုးရကို အခုအချိန်မှာ တချက်ချေ သိအောင် ပြောရပါဖို့ ဗျန်ဒေ။ တရားစွဲဖို့  မလိုပါယေ။ ဒေပိုင်ရာပြောနိုင်ခကေ သမိုင်းကစကားပြောလာပါဖို့ ဗျန်။ သမိုင်းရီစီးကြောင်းမှာ ကျွန်တော်ရို့  အလိုက်သင့် လားမနိန်ရအောင် သမိုင်းပီးတာဝန်တိကို ယူတတ်ကတ်ဖို့  လိုရေမဟုတ်ပါလားယေ။ ဒေပိုင်ဖြစ်လာဖို့ အတွက် မလေးရှားက AA ရဲဘော်ခိုင်စိုးအကြံပီးစွာကို ကျေးဇူးတင်လိုက်ရပါရေ ဒေ။ ဇါဖြစ်လို့ ဆိုကေ ရခိုင်နိုင်ငံတော်နာင့် ပါတ်သက်လို့  နိုင်ငံတကာကရာ ရခိုင်လူမျိုးတိက ၀ိုင်းလို့  ရာ လုပ်လာကတ်ဖို့ ဆိုကေ ရခိုင်သားအသံ အာကာမှာညံနိန်လားပါဖို့ ဗျန်။ ယင်းပ်ုင်ညံလားခကေ ရင်လှိုင်းခတ်သံ တဖြတ်ဖြတ်နာင့် တော်လှန်ရီးကို မရပ်လီကတ်ကေ့လို့ ရာ ပြောရဖို့ မနားပါကားယေ။။။။။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )
.