Friday, May 20, 2011

အတောင်မကျိုးသိရေပိုင် ရခိုင်တော်လှန်ရီးသမားရို့  ထောင်ကအပြန်

ဇါပင်ဖြစ်ဖြစ် လူ့ လောကမှာ ပျော်ဖို့ ကောင်းရေနိန့်တိက ဟိ့နိန်ရေလို့  ပြောစမှတ် ဟိန့် ပါရေ ဒေ။ အချေခါ မောင်ရှင်လုပ်နိန်စွာက ထွက်တေနိန့်  ကို ပျော်ဖို့ ကောင်းရေ လို့  တခါ ၊ အိမ်ထောင်ကျရေ အခါ နောက်ဆုံးမှာ ထောင်ကလွပ်တေ နိန့်လို့ တခါ ပြောကတ်ပါရေ ယေ။ ယင်းပိုင်အတွက်တာနာင့် ထောင်ကလွပ်တေအခါ အဂင့်ဂင့်ပင် ပျော်ကတ်ယင့်လား ဆိုပနာ ကောင်းကောင်းစိုင်းစားမိခဖူးပါရေ ။ အခုဆိုကေ ထောင်ကလွပ်လာရေ လူတိကို မြင်ရပါဗျန် ။ ယင်းသူရို့ ကတော့ခါ အိန္ဒိယနိုင်ငံ ကာလကတ္တားအကျဉ်းထောင်မှာ -ထာင်ဒဏ်-၁၃-နှစ်ကျလို့  လွပ်ပါလတ်စွာ ရခိုင်တော်လှန်ရီးသမားတိနာင့် ကရင် တော်လှန်ရီးသမားတိ ဖြစ်ပါရေ ကာ။ ယင်းပိုင်ဆိုကေ ဒေတော်လှန်ရီးသမားတိမှာ ဇါကလာလို့  ဇါပိုင် ဖြစ်လားခစွာကအစ အဖြစ်အပျက်တိက ဟိန့် နိန်ဖို့ ဒေ။ ရခိုင်လူမျိုးဆိုစွာက မြန်မာနိုင်ငံ အနောက်ဖက်မှာ ဟိန့် ဗြီးကေ ကရင်လူမျိုးဆိုစွာက မြန်မာနိုင်ငံ အရှေ့ဖက်မှာ နိန်ထိုင်ကတ်တေ လူမျိုးတိပါရာ။ နယ်မြီချင်းလဲ မတူ ဘာသာလဲ မတူပါဘဲ လက်နက်ကိုင်တော်လှန်ရီးသမားဖြစ်ဗျန် အကျဉ်းထောင်ထဲမှာ -၁၃-နှစ်တိတိ နိန်ခရစွာက လုံးဝမယုံနိုင်စရာပါဒေ။ ယေကေလဲ လက်တွိမှာတော့ သူရို့  တိက အမှန်ပင် ဖြစ်နိန်ပါရေ ဒေ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ထွန်းကားပနာ ဒီမိုကရေစီနှင့် လူ့ အခွင့်အရီးဆုံရှုံးနိန်စွာ ကြာဗျန်ဖြစ်လို့  အနောက်ဖက်က ရခိုင်လူမျိုးလဲ လက်နက်ကိုင် အရှေ့ဖက်က ရခိုင်လဲ လက်နက်ကိုင်ပနာ တော်လှန်နိန်စွာက အတူတူပါရာ ။ ယင်းပိုင် အတူတူ ဖြစ်နိန်ခလို့ လဲ အခုပိုင် အကျဉ်းထောင်ထဲ ရောက်နိန်ခရစွာပါကာ။ . ယင်းပိုင်ဆိုကေ ယုံကြည်ချက်ကြောင့် အဖမ်းခံရစွာလားလို့  မီးစရာဟိန့် ပါရေ ။ ယုံကြည့်ချက်ကြောင့် လက်နက်ကိုင် တော်လှန်ရီးလုပ်စွာမှန်ကေ လဲ အခုပိုင် ထောင်ကျရစွာမှာတော့ သစ္စာဖေါက်ခံရလို့  ထောင်ကျရစွာဖြစ်ပါရေ ။ သစ္စာဖေါက်တေစွာကို အလှပလှ ခံလိုက်ရစွာမှာ ရခိုင်တော်လှန်ရီးအဖွဲ့ ဖြစ်တေ NUPA က ရာဖြစ်ပါရေ ။ ရခိုင်ပြည်သူ့ အမျိုးသားညီညွတ်ရီးပါတီလို့ ခေါ်ရေ NUPA မှာ ယင်းအချိန်က ဥကက္ကဌ ဦးရွှေသာဖြစ်ဗြီးကေ စစ်ဦးချုပ်က ဗိုလ်ချုပ်ခိုင်ရာဇါဖြစ်ပါရေ ။ ဗိုလ်ချုပ်ခိုင်ရာဇါက လက်နက်ကိုင်တော်လှန်ရီးလုပ်  စွာမှာ ပါတီိ၏စည်းကမ်းကို အတိအကျလိုက်နာပနာ ဆောင်ရွက်နိန်ရေအတွက် ရခိုင်တပ်မတော် - AA- မှာ လက်နက်အင်အား လူအင်အား တောင့်တင်းခိုင်မာလာပါရေ ။ ထိုင်းနိုင်ငံမှာ အခြီစိုက်တေ -AA- စစ်စခမ်းဖွင့်ဖို့ လို့  လိုအပ်လာရေအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရုံးစိုက်တေ ဗဟိုကော်မီတီ ဦးစောထွန်းက ပါတီ၏ ဦးဆောင်လမ်းညွှန်မူကြောင့် အိန္ဒိယအစိုးရနာင့် ဆွေးနွေးခရပါရေ ။ ယင်းပိုင်ဆွေးနွေးရစွာမှာ ဗမာစကားပြောရေ ဟိန္ဒူလူမျိုး ဖြစ်တေ နေ၀င်းလို့ ခေါ်ရေ ဗိုလ်ကြီး Grre Wall က အိန္ဒိယထောက်လှန်းရီးတာဝန်ခံဖက်က ဆွေးနွေးစွာဖြစ်ပါရေ ။ ရခိုင်တပ်မတော်က ထိုင်းနိုင်ငံပင်လယ်ပြင်မှာ ကြီးစိုးနိန်ရေအခါ တရုပ်နိုင်ငံဖက်က မြန်မာစစ်အစိုးရနာင့် အလွမ်းသင့်နိန်ရေ အတွက် တရုပ်နိုင်ငံရီတပ်တိကို ထောက်လှန်းရီးသတင်းပီးနိုင်ဖို့  အိန္ဒိယအစိုးရက လိုလားခစွာဖြစ်ပါရေ ။ ယင်းချင့်ကို ရခိုင်တပ်မတော်က အကူအညီ ပီးရေအခါ
နှစ်ဖက်သဘောတူညီချက်အရ ကပ္ပလီပင်လယ်ပြင်-နီကိုဘား ကျွန်းမှာ စစ်စခမ်းဖွင့်ဖို့  သဘောတူပီးခပါရေ ယေ။ ရခိုင်တပ်မတော်က ခေါင်းဆောင်တိနင့် အိန္ဒိယထောက်လှန်းရီးဖက်က စစ်ဗိုလ်တိနာင့် အမြဲတမ်းတွိကတ် ဆုံကတ်ခပါရေ ။
ယင်းပိုင်တွိကတ်စွာမှာ နယ်စပ်မှာ ဟိန့် ရေ စခမ်းမှာလဲ လာတွိရေပိုင် မြို့ တိမှာလဲ တွိကတ်စွာပါရာ ။ နောက်ဆုံး နေ၀င်းခေါ် Gree Wall မိသားစုအတွက် ထောက်ပံ့ကြေးငွေ ပီးလိုက်စွာကလဲ နဲစွာမဟုတ်ပါလားယေ။ ဗမာစကားတတ်တေ ဟိန္ဒူလူမျိုးက ထိုင်နိင်ငံ ဘန်ကောက်ကို လာဗျန်ဆိုကေ အကောင်းဆုံးဟော်တယ်တိမှာ တည်းပနာ စားသောက်နိန်ခစွာမှာလဲ ရခိုင်တပ်မတော်က ဧည့်ခံကျွေးမွေးရစွာပါရာယေ။ ၁၉၉၈-ခုနှစ်မှာ ယင်းပိုင်နောက်ဆုံးအခေါက်လာရေအခါ နေ၀င်းက ရန်ကုန်ကိုလားပနာ ယင်းအချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် နာင့် လားလို့ တွိခပါသိရေ ။ ယင်းချင့်မှာ ရခိုင်တပ်မတော်ကို ဖျောက်ဖျက်ဖို့ အတွက် အစီအစဉ်တိ ဆွဲလို့  ပါလာခစွာပါယေ။ ဒေပိုင်စွာမျိုးကို မသိရေအတွက် နောက်ဆုံးမှာ နေ၀င်းခေါ်ရာကို ရခိုင်တပ်မတော်က စစ်စီးဦးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာက ယုံကြည်လားစွာ မဟုတ်ပါလားယေ။ တော်လှန်ရီးခေါင်းဆောင်ကြီး ဗိုလ်ချုပ်ခိုင်ရာဇါက အိန္ဒိယနိုင်ငံအတွက် တခုချေလဲ မကောင်းစွာ မလုပ်ခရေပိုင် ကပ္ပလီပင်လယ်ပြင်ကျွန်းထဲက လန်းဖေါကျွန်းကို ရောက်တေနိန့် ထိ သံယသ တခုချေလဲ မဟိန့် ခပါယေ။ ၁၉၉၈-ခုနှစ် ဖေဖေ၀ါရီလ- ၁၁- ရက်နိ့်န့် မိုးထဖက်စောစောမှာရာ သစ္စာဖေါက်စွာကို သိလိုက်ရေအခါမှာကား နောက်ကျလားခပါဗျန်ကာ။
စစ်ဦးစီးချုပ်ဗိုလ်ချုပ်ခိုင်ရာဇါနာင့် ဗိုလ်စောထွန်းအပါဝအင် ကျဆုံးလားရစွာ ခေါင်းဆောင်ခြောက်ယောက်မှာ မယုံနိုင်လောက်အောင် ဖြစ်လားခစွာကို သိရစွာနာင့်ပင် အိန္ဒိယထောက်လှမ်းရီးတိက ပစ်သတ်စွာ ခံလိုက်ရစွာဖြစ်ပါရေ ။ အခုထောင်ကလွပ်လာရေ ရဲဘော်တိကတော့ခါ ယင်းနိန့် မှာပင် အဖမ်းခံလိုက်ရပါရေ ။ ယင်းနိန့် ပင် အဖမ်းခံလိုကရဗြီးကေ ပို့ ဘလဲယားမှာ ထောင်ကျနိန်စွာက ကာလကတ္တားအကျဉ်းထောင်ကို ပြောင်းလို့  ယူလာစွာဖြစ်ပါရေ ။ အခုတော့ ကာလကတ္တားအကျဉ်းထောင်က လွပ်လာကတ်ပါဗျန်ကာ။ ဒေပိုင်လွပ်မြောက်လာဖို့ အတွက် ကမ္ဘာတခုလုံးမှာဟိန့် ရေ ရခိုင်လူမျိုးတိကလဲ တတ်နိုင်ရေဖက်က ကြိုးစားပီးကတ်ပါရေ ။ ကမ္ဘာတခုလုံးမှာ ဟိန့် ရေ အဖွဲ့ အစည်းတိကလဲ ရခိုင်တော်လှန်ရီးသမားတိ လွပ်ဖို့ အတွက် ၀ိုင်းဝန်းကြိုးစားကတ်စွာမဟုတ်ပါလားယေ။ အိန္ဒိအစိုးရက ချုပ်ထားစွာကို လွှတ်ပီးဖို့  အခွင့်အာဏာ မဟိန့် စွာတိမှာလဲ ပြသနာ မဟုတ်ပါလားယေ။ ဇါဖြစ်လို့ ဆိုကေ အစိုးရက ဖမ်းချုပ်ထားစွာ မဟုတ်ဘဲ ထောက်လှန်းရီးက ဖမ်းဆီးချုပ်နှောင်ထားရေအခါ ကြားကခံနိန်ရစွာက ရခိုင်တော်လှန်ရီးသမားတိ ပါကားယေ။
နှစ်ပေါင်း-၁၃-နှစ်တိတိ အကျဉ်းထောင်ထဲမှာ အနာဂါတ်ဆိုစွာ ပျောက်နိန်ခရေ ရခိုင်တော်လှန်ရီး သမားရို့ မှာ အခုဆိုကေ အနာဂါတ်ရောင်ခြည်ကို လှမ်းလို့  မြင်နိန်ရပါဗျန်။ ဇါဖြစ်လို့ဆိုကေ နှစ်ပေါင်း-၁၃-နှစ်လောက် လူ့ လောကအပြင်ဖက်နာင့် ၀ီးကွာနိန်ခရရေ တော်လှန်ရီးသမားတိမှာ ကျင့်သားရနိန်ဗြီးပါဗျန်။ လောကဓံကို တိတိကျကျခံစားရဗြီးပါဗျန်။ အစားဆင်းရဲ အနိန်ဆင်းရဲ လုံခြုံရီးဆင်းရဲနာင့် နိန်ခရရေ ဘ၀ဆိုးတခုလုံးမှာ လှောင်အိမ်ဆိုစွာ ထွက်ပေါက်မဟိန့် ရေ နိန်ရာတခုဖြစ်နိန်စွာမဟုတ်ပါလားယေ။ ယင်းပိုင် မတရားဖမ်းဆီးခံနိန်ရရေ လှောင်အိမ်ထဲမှာ ခေါင်းဆောင်ကြီးတဦးဖြစ်တေ ဗိုလ်ချုပ်ခိုင်ရာဇါ တယောက်ကျဆုံးလားစွာကပင် သူရို့ အတွက် အဆိုးဝါးဆုံး ဆုံးရှုံးမူကြီးပါလို့  AA- တာဝန်ခံ ကိုဓညလင်းက ၀န်းနည်းပနာ ရင်ဖွင့်ပြောပြပါရေ ။ အရာအားလုံးကို စွန့် လွှတ်နိုင်ကေလဲ ခေါင်းဆောင်ကြီးတဦးကို ဆုံးရှုံးစွန့် လွှတ်ခရစွာကို ပြောပြရေအခါ ဇါလောက်အထိ ခေါင်းဆောင်ကို လေးစားချစ်ခင်ရေ ဆိုစွာ သိသာနိုင်ပါရေ ဒေ။
ခေါင်းဆောင်ဆိုစွာက နောက်လိုက်ကောင်းတိက အသိအမှတ်ပြုမှရာ ခေါင်းဆောင်ဖြစ်စွာမဟုတ်ပါလားယေ။ နောက်လိုက်ကောင်းတိက ခေါင်းဆောင်ကို ၇ွီးချယ်ကတ်ရစွာဖြစ်ပါရေ ။ ယင်းပိုင် ခေါင်းဆောင်တဦးဖြစ်တေ ဗိုလ်ရာဇါမှာကလဲ အရည်အချင်းရှိသူတယောက်ပီပီ ရခိုင်တပ်မတော်ကို တည်ထောင်ပနာ တော်လှန်ရီးဆင်နွဲစွာပါကာ။ ခေါင်းဆောင်ဆိုစွာက နောက်လိုက်ကောင်းတိကို မွီးဖွါးပီးရေအတွက် ရခိုင်တပ်မတော်မှာ တော်လှန်ရီးအားကောင်း နိန်ရေအချိန်ကာလဖြစ်ခပါရေ ယေ။ ယင်းပိုင် ဖြစ်နိန်ခစွာမှာ ဒေပိုင်သစ္စာဖေါက်လို့  ကျဆုံးလားရေအခါ ဒေပိုင်ရခိုင်တပ်မတော်ကို ဇါပိုင်ပြန်လို့  ထူထောင်နိုင်ဖို့ လဲလို့  စိုင်းစားကတ်ရဖို့  ဖြစ်လာပါဗျန်။
ရခိုင်တပ်မတော်ကို ဇာပိုင် ပြန်လို့  ထူထောင်ကတ်ဖို့ လဲ ဖြစ်လာကတ်ပါဗျန်။ ရခိုင်တော်လှန်ရီးရဲဘော်ရို့ မှာ အကျဉ်းထောင်က လွပ်လာကေလဲ မဗြီးပြတ်သိရေ သမိုင်းပီးတာဝန်က တန်းစီလို့  ဟိန့် နိပါသိရေ ဒေ။ မိသားစုတိနာင့် ကွဲကွာလို့  ပြန်လို့  ဆက်သွယ်ဖို့ စွာကို မလုပ်နိုင်ကတ်ပါသိဒေ။ ထောင်ထဲမှာ ရခရေ ရောဂါတိကို မစစ်ဆီးရပါသိဒေ။ သူရို့ တိ ကျမ်းမာရီးကို မကြည့်ကတ်ရပါသိဒေ။ ထောင်မကျခင် အသက်ကြီးနိန်ဗျန်ဖြစ်တေ ပြည်တွင်းကအမိအဖတိ အခုအချိန်မှာ အသက်ပင် ဟိန့် လီကတ်ယင့်လား ဆိုစွာ မသိရပါသိဒေ။ ကွဲကွာလို့  ကျန်ခရေ ထိုင်းနိုင်ငံမှာ သားမယား တိနာင့် အချေတိကို သတင်းမမီးကတ်ပါသိဒေ။
ရခိုင်တော်လှန်ရီးရဲဘော်တိမှာ ကမ္ဘာတ၀ှမ်းမှာ ရောက်နိန်ကတ်တေ ရခိုင်လူမျိုးတိနာင့် အဆက်အသွယ် ရနိန်ကတ်ပါဗျန်။ ဖုံးတိနာင့် စကားပြောနိန်ကတ်ပါဗျန်။ သူရို့ နာင့် စကားပြောရေအခါ သူရို့  ကျမ်းမာရီးကို သတိမရကတ်ပါယေ။ သူရို့  သတိရစွာက ရခိုင်လူမျိုးတိ အတွက် ဇါပိုင် တစုတည်း တစည်းတည်း ညီညွတ်ရီး လုပ်ကတ်ရဖို့  လဲ ဆိုစွာကို ပြောကတ်ပါရေ ဒေ။ ရခိုင်တော်လှန်ရီးကို ဇါပိုင် လုပ်ကတ်ရဖို့ လဲ ဆိုစွာကို ပြောကတ်ပါရေ ဒေ။ ညဇကညဥ့်ခါ ရောက်ဗြီးကေ ဒေနိန့် ဆိုကေ -၂၄-နာရီတောင်မပြည့်ပါသိဒေ။ အပြင်လောကမှာ နိန်ရစွာက တရက်တောင်မပြည့်ရေအချိန်အတွင်းမှာ ရခိုင်နိုင်ငံရီးအတွက် သူရို့  ရင်ထဲမှာ ကောင်းကောင်းပင် ပြောလို့  မဗြီးပါကားယေ။ ကမ္ဘာတ၀ှမ်းလုံးမှာ ရောက်နိန်ကတ်တေ မျိုးဆက်သစ်ရခိုင်လူငယ်တိကလဲ ဒေပိုင် ရခိုင်တော်လှန်ရီးရဲဘော်တိက လွပ်လာရေအခါ အနာဂါတ်ရခိုင်နိုင်ငံရီး အခြီအနိန် တိုးတက်လာဖို့ လားဆိုပနာ စစ်တမ်းတိ ကောက်နိန်ကတ်ပါရေ ၀ါ ။
ယင်းပိုင်ဆိုကေ အကျဉ်းထောင်က လွပ်လာရေ တော်လှန်ရီးသမားအမြင်နာင့် အပြင်မှာ မျိုးဆက်သစ် အမြင်တိက ဇါလောက် ကွဲပြားခြားနားနိန်လေ ဆိုစွာကို စိုင်းစားဖို့ လိုလာပါဗျန်ဒေ။ သမိုင်းတခုကို ဖြတ်သန်းပနာ လားနိန်ရေအခါ သမိုင်းထဲမှာ လမ်းလျောက်နိန်ကတ်တေ မျိုးဆက်သစ်လူငယ်တိက ခေါင်းဆောင်တိကို လိုက်လို့ ရှာနိန်ကတ်ပါရေ ။ ပြည်တွင်းမှာ ရခိုင်လူမျိုး၇ို့ တိက ရခိုင်ငံရီးက အလှပလှ စည်းစည်းရုံးရုံးနာင့် ဇါပင်ဖြစ်စီ လုပ်နိန်ကတ်တေအခါ ပြည်ပမှာဟိန့် ရေ ရခိုင်နိုင်ငံရီးလောကက ၀ါးအစည်းပြီရေပိုင် ဖြစ်နိန်ရ ပါရေဒေ။ ယေဇူးနာင့် ပြည်ပမှာဟိန့် နိန်ရေ မျိုးဆက်သစ်လူငယ်တိက သူရို့ ဆန္ဒကို ထုတ်ဖေါ်ပြောရေအခါ အနာဂါတ် ရခိုင်နိုင်ငံရီး ပြောင်းလဲတိုးတက်လာဖို့ လို့  ပြောဆိုကတ်ပါရေ ။ ယင်းပိုင်ဆိုကေ အရာရာကို စွန့် လွှတ်ပနာ လက်နက်ကိုင်တော်လှန်ရီးကို ၀င်နိန်လို့  အကျဉ်းထောင်ထဲက လွပ်လာရေ ပုဂ္ဂိုလ်တိကို မီးကြည့်လိုက်ပါရေ ။ ယေအခါ ယင်းပုဂ္ဂိုလ် သုံးယောက် စလုံးက ချက်ချင်းလက်တန်း ဖြေပါရေကာယေ။ သူ၇ို့ ဖြေစွာက ချက်ချင်း ရခိုင်နိုငံငံ့ရီးလောကကို စည်းစည်းရုံးရုံးနာင့် လုပ်လားချင်စွာပြောပါရေ ဒေ။ တခုတည်းသောနိုင်ငံရီးပါတီနာင့် တခုတည်းသောတပ်မတော် ဖြစ်ရီးတိကို ပြောပြကတ်ပါရေ ။ မိသားစုတိက ဇါပိုင် ဖြစ်နိန်ဗျန်လေ ဆိုစွာကို မပြောဘဲ ထောင်ကလွပ်လာရေစွာကို သတင်းမီးလို့  ကမ္ဘာမှာရောက်နိန်ကတ်တေ ရခိုင်လူမျိုးတိ ကို ကျေးဇူးတင်ကြောင်း ပြောပါရေ ဒေ။ ပြည်တွင်းက ရခိုင်လူမျိုးချေတိက သတင်းမီးကြောင်းကို ပြောခိုင်းလို့  ပြောပြရေအခါ ထောင်ကလွပ်လာရေ တော်လှန်ရီးသမားတိက ၀မ်းသာကြောင်း ပြောပြပီးပါလို့  ပြန်လို့  ပြောခိုင်းပါရေ ယေ။ ဇါပိုင်ဖြစ်ဖြစ် ငှက်ဆိုစွာက အတောင်ကျိုးကေ ပျံ လို့ မရတတ်ပါကားယေ ။ အခုအချိန်မှာ ငှက်တိပိုင် ပျံချင်ရာကို ပျံလို့ ရရေ ရခိုင်တော်လှန်ရီးသမားတိမှာ အတောင်မကျိုးသိရေပိုင် ရခိုင်တော်လှန်ရီးသမားရို့  ထောင်ကအပြန် ၀ဲလို့ ကျနိန်ရေ မျက်ရည်ကို ထိမ်းသိမ်းယင်း အနာဂါတ်ရခိုင်ပြည်အတွက် အားမာန်အပြည့်ဟိန့် နိန်ရေအကြောင်း ပြောကတ်တေဆိုစွာ

အကြောင်း ပြောဖြစ်နိန်ပါကတ်ပါဗျန် ဒေ။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )
.