Friday, April 1, 2011

ALA မှ နအဖစစ်တပ် ခလရ (၂၀) ရှေ့ တန်းစခန်းအား ၀င်ရောက်တိုက်ခိုက်

 


ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) မှ နအဖစစ်တပ် ခလရ (၂၀) ရှေ့ တန်းစခန်းအား ၀င်ရောက်တိုက်ခိုက်
ALP News & Info (ဧပြီလ ၁ ရက်၊ ၂၀၁၁ ခု)
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ လက်နက်ကိုင် အဖွဲ့  ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် အမှတ်(၉) တပ် ရင်းမှ ဗိုလ်ကြီး ခိုင်စိုးဟိန်း ဦးဆောင်သော စစ်ကြောင်း တကြောင်းသည် ရန်သူ နအဖတပ်၊ ခလရ ၂၀ မှ ဗိုလ် ကြီး အောင်မျိုးဆက် ဦးစီးသည့် ဘူးသီးတောင်မြို့ နယ် မြိတ်ချောင်းဒေသ နဟန်းကျေးရွာ အနီး အခြေစိုက် စစ်စခန်းအား မတ်လ ၃၁ ရက်နိ ညဥ့် ၁ နာရီ ၄၅ မိနစ်တွင် ၀င်ရောက် ပစ်ခတ်ခကြောင်း  စစ်ကြောင်းမှူး၏ သတင်းပီးပို့ ချက်အရ သိဟိရပါသည်။
တိုက်ပွဲဖြစ်ပွါးပုံမှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ ခလရ ၂၀ ရှေ့ တန်း လှုပ်ရှား အခြေစိုက် စစ်စခန်းအား စတင်ဝင်ရောက်တိုက်ခိုက်ရာမှ  အပြန်အလှန် တိုက်ပွဲဖြစ်ပွါးခ ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲမှာ မိနစ် (၃၀)ခန့် ကြာမြင့်ခကြောင်းနှင့် ရခိုင်ပြည်လွတ် မြောက်ရေး တပ်မတော်ဖက်မှ အထိအခိုက် အကျအဆုံးတစုံတရာ မဟိဟု စစ်ကြောင်း မှူး၏ ပြောပြချက်အရ သိဟိရပါသည်။ ရန်သူ နအဖတပ်မှ အထိအခိုက်အကျအဆုံးကို တိတိ ကျကျမသိရသေးပဲ ဆက်လက်စုံစမ်းနီဆဲဖြစ်ကြောင်းပြောပြပါသည်။
ွှဤကဲ့သို့  နဟန်းအခြေစိုက်စခန်းအား ၀င်ရောက်ပစ်ခတ်ရသည့် အကြောင်းမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ၂၀၁၁ ခုနှစ်တွင် စစ်ရေးအရှိန်တိုးမြှင့်ရန်  ပေါ်လစီအရ သော် လည်းကောင်း၊ နအဖတပ်ရင်းမှ အဆိုပါနယ်မြေတွင် ရခိုင်အနွယ်ဝင် မြိုလူမျိုးများကို အ တင်း အဓမ္မငွေတောင်းခံခြင်း၊ ပေါ်တာဆွဲခြင်း၊ လူငယ်များကို စစ်သားသစ်အဖြစ် အတင်း အဓမ္မဖမ်းဆီးမှုများသည် တနိထက် တနိပိုမိုများပြားလာသည်ကို ပြည်သူများဖက်မှ ကာ ကွယ်သည့်အနီဖြင့် အဆိုပါ စစ်စခန်းအား ၀င်ရောက်တိုက်ခိုက်ခခြင်းဖြစ်ကြောင်း ဖြစ် သည်။ အခြားတဖက်တွင်လည်း ရခိုင်ပြည်သူလူထုကို အဖရခိုင်ပြည်လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရန် အချိန်တန်ပြီဖြစ်ကြောင်း အသိပီးသည့်အနီဖြင့် တိုက်ခိုက်ခခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွါးသည့် နီရာသည် ရခိုင်-ဘင်္ဂလားနယ်စပ် နယ်ခြားကျောက်တိုင် အမှတ် (၆၉) အနီးတွင် ဖြစ်ပါသည်။ 
ရခိုင်ပြည် လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် တိုင်းချစ်ပြည်ချစ် လူငယ်တစုက အဖရခိုင်ပြည်ကို သူ့ ကျွန်ဘ၀မှ ကယ်တင်ရန် ရည်ရွယ်ကာ ဖွဲ့ စည်းခပြီး ဖွဲ့ စည်းချိန်မှစ၍ အေနိချိန်ထိ တစိုက်မတ်မတ် တိုက်ပွဲဝင်လာသည့် ပါတီ နှင့် တပ်မတော်လည်းဖြစ်သည်။
ဆက်သွယ်ရန် ( + 91 9612869434)
သတင်းနှင့်ပြန်ကြားရေးဌာန
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ရခိုင်ပြည်