Monday, April 11, 2011

ရခိုင်သင်ရိုးကို အစိုးရသစ်တရပ်တွင်ပြသွားမည်

ရခိုင်သင်ရိုးကို အစိုးရသစ်တရပ်တွင်ပြသွားမည်

ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၀ ခုနှစ်။      

ခိုင်ရိုးမ(စစ်တွေ)။တိုင်းရင်းဘာသာကို မိခင်ဘာသာစကား အဖြစ် အခြေခံပညာ မူလတန်း အဆင့်တွင် သင်ကြားနိုင်ရေးအတွက် အစိုးရသစ်တရပ်တွင် တင်ပြသွားနိုင်ရန် ပြင်နေကြောင်း သိရသည်။
ပျောက်ကွယ်လု ဖြစ်နေသည့် ရခိုင်ဘာသာစကားကို  ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့က ဦးစီးပြီး ရခိုင် ပညာရှင်းများက သင်ရိုးစာအုပ်အဖြစ် ညှိနှိုင်းဆွေးနွေးကာ ၂၀၁၀ ရွေးကောက်ပွဲက တက်လာသည့် အစိုးရသစ်တရပ်တွင်တင်ပြနိုင်ရန်အတွက် ရခိုင်စာပေ ညာရှင်များ ဥပဒေဘောင်အတွင်း က တင်ပြသွားမည်ဖြစ်သည်။
" ကျနော်တို့ ဆွေးနွေးဆဲကာလပါ၊ သင်ရိုးကိုလဲ ရေးဆွဲဖို့အတွက် ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး တင်ပြထားပါတယ်။ တက်လာမယ့် အစိုးရဆီကို တင်ပြသွားမှာပါ။ ကျနော်တို့ရခိုင်စာကို မူလတန်း အဆင့်မှာ သင်ကြားနိုင်ဖို့ အတွက်ကို" ဟု ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါ ရခိုင်တိုင်းရင်းဘာသာစကားကို မူလတန်းအဆင့်တွင်ပြဌာန်းနိုင်ရေးအတွက် ယခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စာပေပညာရှင်များဆွေးနွေးပွဲတရပ်ကို  စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်တွင် စစ်တွေမြို့ရှိ စာပေပညာရှင်များကပြုလုပ်ခဲ့ပြီး  ရခိုင်ဘာသာစကားစံတခုဖြစ်ရန် အတွက် ပညာရှင်အားလုံးသာဘောတူသည့် တင်ပြချက်များကိုလည်း  ဆွေးနွေးခဲ့သည်။
" ကျနော်တို့ တင်ပြတာကိုတပြည်နယ်လုံးအတိုင်းအတာထိ သုံးနိုင်အောင် ပညာရှင်တွေရဲ့ သဘောထားတွေကိုကောက်ခံတာလဲရှိပါတယ်။ အားလုံးသဘောတူမှ ရခိုင်ဘာသာစကား စံတခု အဖြစ်  သတ်မှာဖြစ်ပါတယ်" ဟု ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်က ဆက်ပြောသည်။
သို့သော်မည်သည့် ကာလမှာ စတင်အကောင်အထည်ဖော်မည်ကို ရွေးကောက်ပွဲက တက်လာ သည့် အစိုးရလက်ထက်တွင်ပြဌာန်းနိုင်ဖွယ်ရှိကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မှ တွဲဖက်အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
"ရခိုင်ဘာသာစကားနဲ့ ပြဌာန်းမယ်ဆိုတာကို ရခိုင်လူထုတွေက လိုလားနေကြတယ်။ ဥပဒေ ဘောင်အတွင်းကနေကြိုးစာနေကြတာပါ။ အခု တက်လာမယ့်အစိုးရသစ်မှာ တင်ပြသွားဖို့ရှိတယ်။ အခု သင်ရိုးပြဌာန်းစာအုပ်တွေ ပြုစုဖို့အတွက်ဆွေးနွေးနေဆဲပါ" ဟုဦးခိုင်ပြည်စိုးက ပြောသည်။