Sunday, April 3, 2011
သမိုင်းရီစီးကြောင်း တက်မပါဘဲ လက်နာင့်လှော်ကတ်ခပနာ
       သမိုင်းရီစီးကြောင်း တက်မပါဘဲ လက်နာင့်လှော်ကတ်ခပနာ
          ကိုယ့်ကိုယ်ကို သတိထား၍ ကြည့်မိခါ တခုခုကို ပြောဖို့ အချိန်ကျဗျာန်လို့  ထင်သည်။ ရင်ထဲမှာ မွန်းကြပ်နီအောင် ဒေစကားတိက ပြည့်နိန်သည်။ တယောက်ယောက်ကို ဖွင့်ပနာ ပြောလိုက်ရမှ အီးလားဖို့ ထင်သည်။ ပြောလဲပြောဖြစ်မိသည်။ ခက်နိစွာက ကိုယ့်အမြင်နာင့် တခြားလူအမြင်နာင့် တူချင်မှတူဖို့ ။ ယေကေလဲ တူဖို့ ဖက်ကတော့ များဖို့ ရာ။ ပဇေါင်ပင်ဖြစ်ဖြစ် ကိုယ်တွက်ကြည့်စွာ အမှားမဟုတ်။ ဇါဖြစ်လို့ ဆိုကေ ဒေခေတ်က -၂၁-ရာစုခေတ်။ အဆက်အသွယ်တိ ကကောင်းဟိန့် သည်။ ကမ္ဘာကြီးတဖက်နာင့် တဖက် ရွာချေတရွာပိုင် ဖြစ်လားခဗျန်မနား။ ရွာတောင်ဖက်က အော်ပြောပလိုက်ကေ ရွာမြောက်ဖက်က အခင်စိန်လှအောင်အိမ်ကပါ ကြားရေစွာမျိုး ။ ဒေပိုင်ခေတ်မှာ လူဖြစ်နိန်ကတ်ရရေ ။  ရခိုင်သားချေတိ ကမ္ဘာတ၀ှမ်းမှာရောက်နိန်ကတ်ပြီး
သား။ ခြီထောက်မှာ သဲမစင်သိ။ အားလုံးနိုင်ငံမှာ သတ္တိရှင် မျိုးချစ်ရခိုင်သားရို့ အ၈င်္လိပ်စကားကို တလုံးချေလဲ မပြောတတ်ကေတောင် အဂ်လိပ်စကားပြောနိန်ရေ နိုင်ငံမှာ လူတွင်ကျယ်ကြီးလုပ်လို့ ။ ယေပြီးကေ သူ၇ို့ အသိမှာ မျိုးချစ်ရခိုင်ပါလို့  ပြောတတ်တေ စာသားချေတိ ရီးလို့  တယောက်ကို ပြောနိန်ကတ်စွာ သိရမြင်ရ နိန်ရသည်။ ယေကေစိတ်ထဲမှာ ဇါပိုင်ပျော်ရကောင်းမှန်းမသိပါကားယေ ။
          ဒေနိန်ရာမှာ မျိုးချစ်ရခိုင်လို့  သုံးနိန်ကတ်တေ ရခိုငသားချေတိကို သတိထားမိသည်။ ရခိုင်သားတိက မျိုးချစ်တေဆိုစွာ စကားကို သုံးကတ်တေအခါ အမျိုးသီလကို စောင့်စည်းနိုင်သည့် လူမျိုးကို ဖေါ်ပြရေအနိန်နာင့် ရီးကတ်စွာကို ချီးကြူးလို့  မဆုံးနိုင်။ ယေကေလဲ အဓိပ္ပါယ်ဖွင့်စွာမှာ တိကျနိန်ဖို့ လိုသည်။ ယင်းချင့်က တနိ န့် က ဆောင်းပါးတစောင်ကို ဖတ်လိုက်ရသည်။ ယင်းဆောင်းပါးမှာ တင်ပြစွာတိ အားလုံးကောင်းသည်။ ယေကေလဲ နောက်ဆုံးစာပိုဒ်မှာကျရေခါ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်လားဖို့  ဆိုစွာကို ရီးပနာ အဆုံးသတ်လားသည်။ ယင်းပိုင်စွာမျိုးကျရေခါ ကျွန်တော်လက်မခံချင်တော့။ ရခိုင်မျိုးချစ်လူငယ်ဆိုသူတိမှာ မျိုးချစ်လို့  သုံးလိုက်ဗျာန်ဆိုစွာနာင့် ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိဖို့  သုံးနုံးရေ လူတိရာဖြစ်နိန်ရဖို့ ပါဒေ။  ရခိုင်နိုင်ငံတော်ဆိုစွာရေ တခါက အောက်သားတိ ဖျက်ဆီးပစ်ခလို့  -၁၇၈၄- ခုနှစ်မှာ အလှပလှ ပျက်စီးလားခသည်။ ယင်းပိုင်နိုင်ငံတော်ပျက်စီးလားခစွာသည် -၁၈၈၅-ခုနှစ်အထိ အဂ်လိပ်လက်ထက်ရောက်လားရေအခါ ဒုတိယအကြိမ် သူ့ ကျွန်ဘ၀ကို ရောက်လားခသည်။ ထိုအချိန်ကပင်စလို့  အောက်သားတိနာင့် ကျွန်တော်ရို့  ရခိုင်နို်င်ငံတော်နာင့် တခုချေလဲ မပါတ်သက်ခဗျန်။ ယင်းပိုင်ဆိုကေ အောက်သားတိနာင့် ပွဲပြီးလားခပါဗျန်ကာ။
         အင်္ဂလိပ်တိလက်အောက်က ဒုတိယကမ္ဘာစစ်ဖြစ်လာရေအခါ ဂျပန်လက်အောက်မှာ တခါကျနိန်ခသည်။ ယေကေ ရခိုင်နိုင်ငံတော်မှာ ဂျပန်ပါးမှာ ကိုလိုနီဖြစ်နိန်စွာပါဒေ။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်တိ စစ်ရှုံးလို့  လက်နက်ချလားရေအခါ အင်္ဂလိပ်တိက ရခိုင်နိုင်ငံတော်ကို ဒုတိယအကြိမ် ကိုလိုနီလုပ်သည်။ ရှင်းပါဖို့ ဗျာလ်ထင်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးစွာနာင့် ဓနသဟာယနိုင်ငံတိမှာ ကိုလိုနီနိုင်ငံတိကို လွပ်လွပ်ရီးပီးကတ်ဖို့  ဆိုစွာဖြစ်လာသည်။ ယင်းအကွက်ကို အောက်သားနိုင်ငံရီးသမားတိက လားတွိသည်။ တချိန်တည်းမှာ ရခိုင်တော်လှန်ရီးသမား ၊နိုင်ငံရီးသမားတိက ရခိုင်နို်ငံတော်ပြန်လည်ရရှိဖို့  ပြသနာကို ဗိုလ်ချင်းပျံရို့ ။ မင်းသားကြီး ရွှေဘန်းလက်ထက်အထိ အဆုံးသတ်လိုက်စွာနာင့် ပင် ရခိုင်လက်နက်ကိုင်တော်လှန်ရီးခရီး ပြီးဆုံးလားခသည်။ ဒေနိန်ရာမှာ ရခိုင်တော်လှန်ရီးကို မျိုးချစ်ရခိုင်ရို့  မဆက်စပ်နိုင်ခကတ်။ ယင်းပိုင်နာင့်ပင် ဂျပန်ခေတ်တော်လှန်ရီး ဖြစ်လာရေအခါ ဆရတော်ဦးစိန္တာ၊ ဆရတော်ဦးပညာသီဟ၊ ဘုံပေါက်သာကျော်ရို့  ပေါ်လာပြီးကေ ၇ခိုင်တော်လှန်ရီးသမားအဖြစ် ရပတ်တည်လာသည်။ အတိုချေပြောရဖို့  ဆိုပါကေ ပင်လံညီလာခံလုပ်ခြီစွာမှာ ရခိုင်နိုငံရီးသမားတိ လားလို့ တက်စွာနာင့်ပင် ရခိုင်နိုင်ငံတော်ပြန်လည် ရ၇ှိရီးဆိုစွာ ပျောက်ကွယ်လားခရသည်။
        ယင်းသမိုင်းကို ကျွန်တော်ရို့  လက်ထက်မှာ ဖျောက်ရဖို့  ဖြစ်လာသည်။ ရခိုင်တော်လှန်ရီးသမားရို့  ရခိုင်နို်င်ငံရီးသမားရို့ အမှားကြောင့် -၁၉၄၈-ခုနှစ်မှာ တခုချေလဲ မပါတ်သက်ပါဘဲ ရခိုင်လူမျိုးက တိုင်းရင်းသားလူမျိုးဖြစ်လားခသည်။
၁၉၄၈-ခုနှစ်က အခုအချိန်ထိ ရခိုင်နိုင်ငံတော်မှာ နှစ်ပေါင်း-၆၈- ခုနှစ် ကိုလိုနီဖြစ်နိန်ရသည်။ ဒေပိုင် အောက်သားလက်အောက်မှာ -နှစ်ပေါင်း-၆၈- နှစ် သူ့ ကျွန်ဖြစ်နိန်စွာကို ကျွန်တော်ရို့  ရုန်းထွက်တော်လှန်ရဖို့ ပါကာ။ ရခိုင်တော်လှန်ရီးသမားတိ မှားခရ ယင်းဖီးကို ကျွန်တော်ရို့  ၀ဋ်ခံနိန်ရခြင်းဖြစ်သည်။ အခုဆိုကေ ရခိုင်လူမျိုးချေတိ ရီးနိန်ရေ ဆောင်းပါးတိမှာ ဒေပိုင်စွာမျိုးတိကို တွိနိန်ရသည်။  တချို့ မှာ အောက်သားတိက ကော်မန့် ပီးပနာ ပြန်လို့  ရီးနိစွာတိကို မြင်ရသည်။ ယေကေရန်ဖြစ်နိန်ကတ်တေ သဘောမျိုး။ ကျွန်တော်ရို့  ရခိုင်လူမျိုးချေတိကလဲ ကိုယ့်အမျိုးကိုထိကေ ဇါရပါဖို့ လဲ ။ ရီးပလိုက်တေ ကလေချေတိကလဲ နည်းစွာမဟုတ်။ အောက်သားတိက သူရို့  နိုင်ငံကို အင်္ဂလိပ်တိက နယ်ချဲ့  သိမ်းပိုက်ရေအခါ သူရို့ လက်အောက်က တော်လှန်ရီး လုပ်ခသည်။ ရခိုင်လူမျိုးက အောက်သားလက်အောက်မှာ နှစ်ပေါင်း-၆၈-နှစ်ဖြစ်နိန်စွာကို တော်လှန်ရီး မလုပ်ရလို့  ပြောနိန်သည်။ ဇါသူက တရားနိန်ပါလေချင့် ။ သူရို့ လူမျိုးက အင်္ဂလိပ်ပါးမှာ ကျွန်ဘ၀ကိုေ၇ာက်ခရေအခါ တော်လှန်ရီးလုပ်ခသည်။ ဂျပန်လက်အောက်မှာ ကျွန်ဘ၀ကိုေ၇ာက်လားရေအခါ တော်လှန်ရီး လုပ်ခသည်။ ယင်းကြောင့် အောက်သားလူမျိုး လွပ်လွပ်ရီးရခသည်။ ဒေချင့်က ကိုလိုနီဖြစ်ကေ တော်လှန်ရီးလုပ်တတ်တေသဘော။
      ယေကေ ရခိုင်လူမျိုးက တော်လှန်ရီးလုပ်နိစွာက ဇါအမှားလဲ ။ ဒေချင့်ကို ရခိုင်သားချေတိက သေသေချာချာ ၇ှင်းပြနိုင်ရဖို့ ပါဒေ။ နောက်တခုက ရခိုင်နိုင်ငံတော်က -၆၈-နှစ် ကျွန်ဘ၀ေ၇ာက်နိစွာဖြစ်သည်။ လူမျိုးလည်းမတူ။ ဘာသာယိုင်ကျေးမူလည်းမတူ။ ရီးလဲမတူ။ မြီလဲ မတူ။ ရာသီဥတုလည်းမတူ။ အပင်လည်းမတူ။ နပျောသီးတောင်မတူ။ စားစွာငါးလည်းမတူ။ သောက်တေဟင်းရည်လည်း မတူ။ စားရေ ငရုပ်သီးလည်းမတူ။ တခုလည်းမတူ။ ယင်းလောက် စာပီလည်းမတူ၊ ယိုင်ကျေးမူလည်းမတူ ရေ လူမျိုးနာင့် ဇါခါလဲ အတူတကွနိန်လို့ မဖြစ်။ ဒေချင့်အတွက်နာင့်လဲ ရခိုင်လူမျိုးတိမှာ သမိုင်းနာင့်ချီလို့  ရခိုင်နိုင်ငံတော်ကို ပြန်လည်ရရှိဖို့  အရေးကြီးသည်။ လူမျိုးတမျိုးဆိုစွာက ကိုလိုနီဖြစ်နိန်ကေ ကမ္ဘာမှာ လွပ်လွပ်ရီးတိုက်ပွဲ ဟိန့် သည်။ လက်နက်ကိုင်တော်လှန်ရီး လုပ်လို့  ရကေရ ။ မရခကေ ရအောင် ကမ္ဘာကြွီသရွိလုပ်ဖိ ။ ယင်းပိုင်ပါဗျလ်။ အခုရခိုင်လူမျိုးတိမှာ ၁၉၄၈-ခုနှစ်ကပင် တော်လှန်ရီးလုပ်ခကတ်စွာ အခုအချိန်ထိ။ ယင်းအချိန်က ရခိုင်လူမျိုး တော်လှန်ရီးက အရောင်အမျိုးမျိုး။ တချို့ က ဗကပ၊ တချို့ က ရခိုင်ပြည်ကွန်မြူနစ်ပါတီ၊ နောက်ပိုင်းမှာ ရခိုင်အမျိုးသား လွပ်မြောက်ရီးပါတီ ။ ယင်းပိုင်နာင့်ပင် ရခိုင်နိုင်ငံတော်ကို ပြန်လည်၇ရှိရှီးအတွက် ဆိုပနာ ဖွဲ့ စည်းဖြစ်လာစွာက ရခိုင်ကာကွယ်ရီးတပ်မတော် ( AIO ) ။ ဗိုလ်ချုပ်ထွန်းေ၇ွှမောင် ဦးစီးရေ တပ်မတော်။ ယင်းတပ်မတ်ာလဲ အခုက မဟိန့်  ဗျာလ်။ ကရင်ကဆင်းလာရေ ခိုင်မိုးလင်းဦးစီးရေတပ်က ရခိုင်ပြည်ကို အခက်အခဲမျိုးစုံနာင့် လာရသည်။ လမ်းမှာ မဆလစစ်တပ်နာင့် တိုက်ပွဲဖြစ်လို့  ဗိုလ်ခိုင်မိုးလင်း ကျဆုံးလားရသည်။ ဗိုလ်ခိုင်မိုးလင်းကျဆုံးလာကေလည်း အခုအချိန်မှာ ရခိုင်ပြည်လွပ်မြောက်ရီးပါတီ နာင့် တပ်မတော်ဟိန့် သည်။ ရခိုင်အမျိုးသားရီးနာင့် လွပ်မြောက်၇ီးအတွက် လက်နက်ကိုင်တပ်မတော်ဖြစ်နိန်သည်
          ရခိုင်ကွန်မြူနစ်ပါတီက လက်ကျန်တိ ဖွဲ့ ထားသည့် ပါတီမှာ အခု ဒီမိုကရကတ်တစ်ပါတီဖြစ်သည်။ သူရို့ မှာ လက်နက်ကိုင်ရဲဘော်တိ အများကြီး မဟိန့် လားမသိ။ တခါချေလည်း ရန်သူအောက်သားစစ်တပ်နာင့် တိုက်ပွဲဖြစ်သံတော့မကြား။ ယေကေလည်း သူရို့ မှာ ရခိုင်လူမျိုးတိဖြစ်တေအတွက် ရခိုင်အမျိုးသားရီးတော့ ဟိန့် ဖို့ ထင်ရသည်။ ကျွန်တော်ပြောချင်သည်မှာ ရခိုင်လူမျိုးလက်နက်ကိုင် အဖွဲ့ တိမှာ ဒုက္ခဆင်းရဲ ပင်ပမ်းစွာနာင့် တော်လှန်ရီးဆင်နွှဲနိန်ကတ်သည်။ ယေဇူးနာင့် သူရို့ အချင်းချင်း သင့်သင့်မြတ်မြတ် ဟိန့် စီချင်သည်။ ခက်နိန်စွာက သူရို့  လက်နက်ကိုင်အချင်းချင်း မသင့်မြတ်စွာမှာ သူ၇ို့ ကို ထောက်ခံရေ လူငယ်အချင်းချင်းလည်း စိတ်ဝမ်းကွဲပြားကတ်ရသည်။ ယင်းမှာ သဘာဝဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ က ခေါင်းဆောင်တိ မညီညွတ်စွာမှာ အဓိက ပြသနာ မပြီးစွာကို သူရို့  မသိလိုက်။ ယင်းမှာ ဘုံရန်သူပျောက်လားခပြီးကေ အချင်းချင်း တိုက်နိန်ကတ် သတ်နိန်ကတ်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။
       ယေကေလည်း တော်လှန်ရီးလက်နက်ကိုင်အဖွဲ့ တိမှာ သမိုင်းက ဒဏ်ခတ်စွာကို ခံရဖို့  အချိန် ပါးလာဗျာလ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာတလွှားရောက်နိန်ကတ်တေ ရခိုင်လူငယ်ချေတိမှာ ကွန်ယက်ချိတ်ဆက်နိန်ကတ်သည်။ အချင်းချင်း ပြောဆိုဝီဖန် နိန်ကတ်သည်။ ဇါအဖွဲ့ ကို ထောက်ခံရဖို့  ၊ ဇါလူကိုထောက်ခံရဖို့  ပြောဆိုလာကတ်သည်။ သူရို့ သိသည်မှာ ရခိုင်နိုင်ငံတော်ကို ပြန်လည်ရ၇ှိစီဖို့  လက်နက်ကိုင်တပ်မတော်တခု ဖြစ်ပေါ်ရီးဖြစ်သည်။ လက်နက်ကိုင်တပ်မတော် တခု ဟိန့် ကို ဟိန့် နိန်ဖို့ လိုအပ်နိန်ဗျာလ် လို့  ထင်မြင်ယူဆနိန်ကတ်သည်။ အခုအချိန်မှာ ရန်သူအောက်သားစစ်တပ်ကို တိုက်ခိုက်နိန်စွာမှာ ရခိုင်ပြည်လွပ်မြောက်ရီးတပ်မတော်ဖြစ်နနိ်သည်။ ဒေသူရို့ ကို ထောက်ပံ့ပီးရဖို့  ဖြစ်လာကတ်သည်။ လက်တွိလည်း ထောက်ပံ့လာကတ်သည်။  လက်နက်ဟိန့် မှ ရန်သူကို တိုက်လို့ ရသည်။ ကျည်ဆံဟိန့် မှ တိုက်လို့ ရသည်။ တိုက်နိုင်ဖို့ အတွက် ထမင်းစားဖို့ လိုသည်။ ဆန်ဖိုး ဆီဖိုး ၀ယ်ပီးရဖို့  ရခိုင်လူမျိုးတိ စိုင်းစားဖို့  သင့်လာဗျာလ်ဖြစ်သည်။ ဇါဖြစ်လို့ ဆိုကေ သူရို့ က လက်နက်ကိုင်တိုက်ပွဲ တိုက်နိန်ရေအခါ ကျန်နိန်လူတိက နောက်က၀ိုင်းဝမ်းပီးရဖို့  ဖြစ်သည်။ လက်တွိမလုပ်နိုင်ကေ ဖြစ်နိုင်ရေဖက်က ရခိုင်တော်လှန်ရီးကို အကူအညီ ပီးနိုင်ဖို့ လိုသည်။
ရန်သူနာင့်တိုက်နိန်ရေ ကျွန်တော်ရို့  ရခိုင်တော်လှန်ရီး သမားတိအသက်ကို ကျွန်တော်ရို့  တန်ဖိုးထားရဖို့ ဖြစ်သည်။ ကိုယ်ကလက်နက်မကိုင်လျင် ကိုင်သူကို လေးစား။ ချီးမြှောက် ။ ဂုဏ်ပြု။ ဦးညွတ်။
         ယင်းပိုင်။ ရန်သူနာနင့် တိုက်တေ ရခိုင်မျိုးချစ် ရဲဘော်တိကိုလည်း ကိုယအချင်းချင်း မတိုက်စီချင်။ ရခိုင်လူမျိုးလက်နက်ကိုင်အဖွဲ့ မှာ စိစိပေါက်ပေါက် ရွီလိုက်ကေ ရာဂဏန်းပင်မပြည့် ။ ယင်းချင့်နာင့် အချင်းချင်းမတည့် ဖြစ်နိကတ်သည်။ တခတခါ ပစ်သတ်နိန်ကတ်သည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ ရန်သူနာင့်တိုက်၍ ကျဆုံးသူကို သူရဲကောင်းဘွဲ့  ကျွန်တော်ရို့ ပီးသည်။  ကိုယ့်အချင်းချင်း တိုက်ခိုက်လို့  ကျဆုံးနိန်ကတ်ကေ ဇါပိုင်လုပ်လို့  စိတ်ကောင်းနိုင်ပါဖို့ လဲ။ နောက်ကျွန်တော်ရို့ က အမျိုးချစ်တေ လူလိုလဲ ပြောနိန်ကတ်သည်။ ရခိုင်မျိုးချစ်လူငယ်များလို့  စာရီးခါတော့ ရီးကတ်သည်။  အကြောင်းအရာက ဆဲလိုက်စွာ အားမနာရီးလိုက်စွာတိ တွိရသည်။ စိတ်ပျက်ဖို့ ကောင်းပါသည်။ အခုအချိန်မှာ အခြင်းပြောနိန်ရီးနိန်ဖို့  အချိန်မဟုတ် ၊ ကာလလည်း မဟိန့် ပါဗျည်။
               တခုတော့ သူရို့  သတိမထားမိခြင်းပင်ဖြစ်သည်။ ယင်းမှာ သမိုင်းရီးစီးကြောင်းမှာ သူရို့  မျောနိန်စွာကို မသိခြင်းဖြစ်သည်။ ယေကေလဲ ရင်တွင်းက အကြောင်းတိကို သူရို့ ပြောဖြစ်နိန်ကတ်သည်။ ယင်းမှာ မျိုးချစ်ဆိုရေ စာကြောင်းကို ၇ီးနိန်လာကတ်သည်။ ယင်းချင့်သည်ပင် သမိုင်းကို ဖြတ်လားနနိ်စွာလို့  ကျွန်တော်ပြောချင်သည်။ အကြောင်းမှာ သူရို့  ဖြတ်လားနိန်စွာမှာ ရခိုင်နိုင်ငံတော်လို့  ပြောနိန်လာကတ်ခြင်းပင်ဖြစ်သည်။ ဟုတ်တေ။ ယင်းချင့်သည် လွန်ခရေ -၆၈-ခုနှစ်က မထွက်လာရေ အသံဖြစ်သည်။ ဒေအသံသည်ကား ကျွန်တော်ရို့ ၏ ဗဟိုရ်စည်အသံဖြစ်သည်။ သောသောညံဖို့  ဗဟိုစည်အသံကို ကျွန်တော်ရို့  တီးနိန်ကတ်သည်။ သမိုင်းရီစီးကြောင်းမှာ ရခိုင်မျိုးချစ် လူငယ်တိမှာ ရခိုင်နိုင်ငံတော်အကြောင်းကို ပြောယင်းပင်း အားနာင့် မာန်နာင့် ဟိန့် နိန်လာကတ်သည်။ ဒေပိုင်စွာမျိုးကို ကျွန်တော်ရို့  စုစည်းနိုင်ဖို့  လိုလာပါသည်။ အယင်က ရခိုင်တော်လှန်ရီးသမားတိ နိုင်ံ့ရီးသမားတိ မှားခရေ ၀ဋ်ကြီါးကို ဆပ်ဖို့  အတွက် သမိုင်းရီးကြောင်းမှာ တက်မပါကေလဲ လက်နာင့်လှော်နိန်ကတ်ဖြစ်သည်။
          ဇါပင်ဖြစ်ဖြစ် ကမ်းခြီကို ရောက်က်ဖို့  အရေးကြီးစွာရာလေ။  လွပ်လွပ်ရီးဆိုစွာ တိုက်ပွဲဝင်ရေ  တော်လှန်ရီးသမားတိအတွက် အောင်ပွဲ ရာဖြစ်သည်။
        အဓိကပြောချင်စွာက ရန်သူမှာ လက်နက်ဟိန့် ကေ ကိုယ်ရို့ ကလဲ လက်နက်ရအောင် စုပီးကတ်ဖို့ ဖြစ်သည်။ ရန်သူမှာကျည်ဆံဟိန့် ကေ ကိုယ်ရို့ ကလဲ ကျည်ဆံရအောင် စုရဖို့ ဖြစ်သည်။ ရန်သူနာင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့  အင်အားချင်းညီမျလာဗျာလ်ဆိုကေ ဇါပိုင်ပင်ဖြစ်ဖြစ်ဖြစ် ကိုလိုနီလက်အောက်က လွပ်မြောက်ရီးအသံဆိုစွာ ထွက်လာဖို့ ရာဖြစ်သည်။
       ယင်းအသံကား ရခိုင်နိုင်ငံတော် ကို ရခိုင်မျိုးချစ်တိက ရဖို့ ဗျာလ်ဆိုရေ အသံ
ခိုင်အောင်ကျော် ( နယူးယောက် )