Saturday, April 16, 2011

ရခိုင် ဗုဒ္ဒပူဇနိနယယိမ်း ကုလသမဂ္ဂရုံးချုပ်တွင် တင်ဆက်ရန်ကြိုးစား

ရခိုင် ဗုဒ္ဒပူဇနိနယယိမ်း ကုလသမဂ္ဂရုံးချုပ်တွင် တင်ဆက်ရန်ကြိုးစား
    လာဖို့  မေလ-၂၆-၅-၂၀၁၁ -နိန့်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ဟိန့် ရေ ကုလသမဂ္ဂရုံးချုပ်မှာ ဗုဒ္ဒမြတ်စွာဘုရား သဗ္မညုတ ညဏ်တော် ရရေစွာကို အကြောင်းပြုပနာ ကုလသမဂ္ဂအဖွဲ့ ဝင် -၁၅၁- နိုင်ငံပေါင်းက အခန်းအနားတရပ်ကို ကျင်းပဖို့  ဟိန့် ရေလို့  ကုလသမဂ္ဂက လာရေ သတင်းတိအရ သိရပါရေ။ ယင်းပိုင် အခန်းအနားပြုလုပ်ဖို့ စွာမှာ ဗုဒ္ဒပူဇနိယ ပူဇေါ်ပွဲအနိန်နန့်  ရခိုင်လူမျိုးရို့ က ဓည၀တီနိုင်ငံမှာ စန္ဒသူရိယမင်းလက်ထက် က မြတ်စွာဘုရား သခင် ရောက်ဟိန့်  လာပနာ မဟာမြတ်မုနိန်ဘုရားကို တည်ထားကိုးကွယ်ခရေအတွက် ပူဇေါ်ခရစွာကို အကြောင်းပြုပနာ ပူဇေါ်ရေအထိမ်းအမှတ်အဖြစ် တင်ပြကတ်ဖို့ စီစိုင်နိန်ကတ်ကြောင်း သိရပါရေ။ ဒေပိုင်စီစိုင်နိန်စွာမှာ ရန်ကုန်မှာ ဟိန့် ရေ အဆိုတော် သန်းမောင် ဦးစီး ရေ လေးဝတီအဖွဲ့ နှင့် အမေရိကန်ရှိ ရခိုင်လူမျိုးများ က နိန်ပနာ အဆိုကျော်တိနန့်  ဗုဒ္ဒပူဇနိနယ ယိမ်းအဖွဲ့  ကရေ ကလေ့မေချေတိကို ပြောဆိုနိန်ပါကြောင်း သတင်းတိကြားနိန်ရပါရေ။ ယေကေလဲ ရခိုင်အဆိုတော်တိနန့်  ရခိုင်ရိုးရာ လေးဝတီယိမ်းအဖွဲ့  တိမှာ ပါ့စ်ပို့  ဟိန့် ရေလူ နည်းစွာနန့်  တချို့ မှာ ဖေ့သာအခက်အခဲတိ တွိနိန်ရရေ လို့  စိတ်မကောင်းစွာ ကြားသိနိန်ရပါရေ။ အမေရိကန်ကိုလာပနာ ကိုယ့်လူမျိုးတိ ဂုဏ်ကြက်သရီကို ဖေါ်ဆောင်ဖို့  လာကတ်တေ ရခိုင်အဆိုတော်တိနန့်  ရခိုင်ရိုးရာ အဖွဲ့ တိမှာ စတိတ်ရှိုးပွဲ လုပ်ဖို့ စွာကိုပင် အမေရိကန်နိုင်ငံအတွင်း ရခိုင်လူမျိုးတိက ကြည့်ကတ်ဖို့  အားပီးကတ်ဖို့  လားဆိုစွာကိုတောင် မီးကြည့်နိန်ကတ်ရသိရေလို့  ပြောဆိုသံတိလဲ ကြားနိန်ရပါရေ။ အထူးသဖြင့် မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန် နိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရို့  မှာ ရခိုင်အဆိုကျော်တိက လားလို့ ဖျော်ဖြေနိုင်ပြီးကေ သူရို့ လားဗျန် ဖျော်ဖြေရေအတွက် ညဏ်ပူဇေါ်ခကိုလဲ ရကတ်ပါရေလို့  သိရပါရေ။ အမေရိကန်ကိုလာပြီးကေ ကိုယ်စရိတ်နန့်  ကိုယ်လာပနာ ကုလမသဂ္ဂရုံး ဌါနချုပ်မှာ အမျိုးဂုဏ်ကို ထုတ်ဖေါ်ဖို့  လာရေ ရခိုင်အဆိုတော်တိနန့်  ရိုးရာအဖွဲ့ မှာ အမေရိကန်က ရခိုင်လူမျိုးတိက စတိတ်ရှိုးပွဲလုပ်ကေပင် ကြည့်ဖို့  လာရောက်အားပီးကတ်ဖို့ လားလို့  စိုးရိမ်မိနိန်ကတ်တေလို့  သတင်းတိ ကြားနိန်ရပါသိရေ။ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံပေါင်း-၁၅၁- နိုင်ငံရှေ့မှာ ဒေပိုင်ရာ ရခိုင်လူမျိုးရို့ က ဗုဒ္ဒပူဇနိယ ပူဖေါ်ပွဲကို တင်ပြနိုင်ခကေ ကမ္ဘာတခုလုံးက ရခိုင်နိုင်ငံနန့်  ရခိုင်လူမျိုးတိအကြောင်းကို နိုင်ငံတိုင်းက တချိန်တည်းမှာ သိလားနိုင်ကတ်ဖို့  ဖြစ်တေလို့  ပြောဆိုနိန်ကတ်သံ ကြားနိန်ရပါရေ ။ 

  လေးဝတီ