Monday, April 11, 2011

ဗမာမီဒီယာအစ ရခိုင်ကဟု စစ်တမ်းကဆို

ဗမာမီဒီယာအစ ရခိုင်ကဟု စစ်တမ်းကဆို
 
ရခိုင်ရိုးမ April 9, 2011

စစ်တွေ( ရခိုင်ရိုးမ)။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ၁၈၅၃ ခုနှစ်စလို့ ထုတ်ဝေခရေ Arakan News ဂျာနယ်ရေ မြန်မာနိုင်ငံ၏ ရှိအကျဆုံး ဂျာနယ်တစောင်ဖြစ်တေလို့ စစ်တမ်းတခုက ဆိုပါရေ။

ယင်းဂျာနယ်ရေ ၁၈၅၃ ခုနှစ်က စစ်တွေမြို့မှာ ပိုင်ရှင်Mr.J.O.Hay. ဦးလှဖော်သူ က တပတ်ကို(၂)ကြိမ် ထုတ်ဝီခရေလို့ သိရပါရေ။ စစ်တွေက ၁၈၅၃ ခုနှစ်မှာ ထုတ်ဝေရေနောက်ပိုင်း ရိုးမအရှေ့မှ ရတနာပုံ သတင်းစာကို ၁၈၇၂-၇၃ ( ဗမာသက္ကရာဇ်-၁၂၃၆ ) ခုနှစ်မှာ စတင်ထုတ်ဝီခကြောင်းလည်း သိရပါရေ။

“ကျနော်ရို့လေ့လာမိသလောက်ပြောရဖို့ဆိုကေ ဗမာပြည်မီဒီယာ( Press Media) ရေ ရခိုင်မှာ ကနဦးပေါ်လာပြီး နောက်ပိုင်းမှ ဖြစ်လာစာလို့ သိရရေ။ ဇာလဲဆိုကေ ရတနာပုံသတင်းစာစာရေ ၁၈၇၂ - ၇၃ မာရာ စထုတ်စာကိုး၊ ရခိုင်မာ ကတော့ ၁၈၅၃ ကပင် စစ်တွေမြို့မာ စထုတ်နီဗျယ် ယင်းအတွက် ကျနော်ရိုးရှေ့ကျရေလို့ဆိုနိုင်ပါရေ” လိုရခိုင်ဝါရင့် သတင်းစာဆရာတဦးက ပြောပါရေ။

ရခိုင်ပြည်မာ ပုံနှိပ်မီဒီယာလုပ်ငန်း(Press Media) ကို ၁၈၅၃ ကနီပြီးကေ ၁၉၆၀ ခုနှစ်ထိ နှစ်ပေါင်းတရာကျော် ရှည်ကြာခရေလို့လည်း စစ်တမ်းအရ သိရပါရေ။

ရခိုင်ပြည်နယ်မာ( Press Media) လုပ်ငန်းမှာ နာမည်ကြီးဂျာနယ်တိဖြစ်တေ Akyab Commercial News( သို့) ArakanNews ဂျာနယ်ရေ စောင်ရေအများဆုံးထုတ်ဝီနိုင်ခရေ အပြင် ၁၈၅၃ ကနီ ၁၉၁၆ ၀န်းကျင်အထိ ထုတ်ဝီနိုင်ခကြောင်း လေ့လာသိရှိရပါရေ။

ရခိုင်ရိုးမ က စုဆောင်းထားရေးမှတ်တမ်းတရပ်အရ The Arakan Advocate ဂျာနယ်၊ The Arakan Echo၊ The Daily Advertiger ၊The Arakan Time ၊ ပြည်ကြီးမဏ္ဍိုင်သတင်းစာ၊ ရခိုင်ပြည်ရာဇ၀င်အသင်းသတင်းစာ၊ ရခိုင်ပြည်သတင်းစာ၊ ရခိုင်ဇာနည်ဂျာနယ်၊ ရခိုင်အသံသတင်းစာ လမ်းမှန်သတင်းစာ၊ တိုးလက်ရုံးသတင်းစာ။ ရခိုင်တိုင်းသတင်းစာ၊ ရခိုင်ပြည်သူ့သတင်းစာ၊ ရခိုင်အလင်းသတင်းစာ စရေ ဂျာနယ် ၁၅ စောင်ခန့် ထုတ်ဝီခရေ လို့လည်းစုံးစမ်းသိရှိရပါရေ။

ယင်းအပြင် ကျောက်ဖြူ အခြေစိုက် The Arakan Industrial Press ကနီပြီးကေ၁၈၉၆ - ၉၇ -ခုနှစ်က စောင်ရေ ၆၀ ရှိ Kyauk Phyu Advertising and Friend of Arakan ဆိုရေ ဂျာနယ်ကိုလည်းထုတ်ဝီခပါရေ။ ၁၉၆၀ ခုနှစ်နောက်ပိုင်းရေ ရခိုင်ပြည်နယ်မာ ပုံနှိပ်မီဒီယာလုပ်ငန်းကျဆင်းလာရေ အပြင် ဂနိ ထိ ပြည်တွင်းမှာ ရခိုင်ပုံနှိပ်မီဒီယာလုပ်ငန်း မရှိသိကြောင်း သိရပါရေ။ ပြည်ပ အခြေစိုက် ရခိုင်မီဒီယာများကသာ ထုတ်ဝီနီကြောင်းတွေ့ရပါရေ။