Saturday, April 2, 2011

ရခိုင်လူငယ် နှစ်ယောက် ပစ္စပို့ ဓာတ်ပုံ ၄၂၀၀နှင့် မလေးရှားတွင်ဖမ်းဆီးခံရ

ရခိုင်လူငယ် နှစ်ယောက် ပစ္စပို့ ဓာတ်ပုံ ၄၂၀၀နှင့် မလေးရှားတွင်ဖမ်းဆီးခံရ

                                                                                                            နေ့ စွဲ။ ၂.၄.၂၀၁၁
မလေးရှား ကာလာလမ်းပူမြို့ မှ ဆုဘန်း မြို့ သို့  အလုပ်ရရှိရန်အတွက် လာရောက်ရာတွင် ဆုဘန်းဂျာယာ ၁၅ရပ်ကွက် inti college ပတ်ဝန်းကျင်အနီး၌ မြန်မာ နိုင်ငံသား(arakan) လူမျိုးများဖြစ်ကြသော မောင်ဇော်ထွန်းအောင် ဒုက္ခသည်အသိအမှတ်ပြု နံပါတ်(HCRJH.6011-12)နှင့် မောင်သာကျော်(HCRPK.8001-74)တို့ အား ဆုဘန်းဂျာယာရဲအရာရှိများက ၁.၄.၂၀၁၁ သောကြာ ည ၁၁နာရီခန့်  တွင်စစ်ဆေးကြည့်သောအခါ မသင်ခါဖွယ်ရာ အဖြစ်ယူဆရသော ပစ္စပို့ ဓာတ်ပုံအရွယ် ၄၂၀၀အားတွေ့ ရှိရသောကြောင်း ရဲစခန်းသို့ ခေါ်ဆောင်သွားခဲပါသည် ။ ထိုနောက် ရဲများက သူတို့ အား အသေအချာစစ်ဆေးမေးမြန်းသောအခါ ထိုသူတိုသည် ၄င်းပစ္စပို့ များအား ကွာလာလမ်းပူ PASAR SINI ကားမှတ်တိုင်အနီး စွန့် ပစ်အမှိုက်ပုံ မှယူခဲ့ကြောင်း ဖြေဆိုကြသည်။ ၄င်းတိုနှစ်ဦးသည် ထို ပစ္စပို့ အထုပ်အား သူ့ သူငယ်ချင်း တို့ အားပြသရန် လိုအင်ဆန္ဒဖြင့်သာယူဆောင် လာခဲသော်လည်း မလေးရှားရဲများက ပစ္စပို့ စာအုပ် UNHCR card အတုလုပ်သူ ဂိုဏ် ဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားသည်ဟု သတင်းရရှိ ပါသည်။ 
  ထိုအမှူဖြစ်ရခြင်းမှာ အရေးကြီးသောစွန့် ပစ်ပစ္စည်းများ ကို သေချာစွာဖြတ်ညှပ် ဖျက်စီပြီးမှ မပစ်ဘဲ ပြီးစလွယ် လုပ်တတ် (စွန့် ပစ်) သူများကြောင်း အပြစ်မဲ သူနှစ်ဦးသည် ဒုက္ခကြီးကြီး ဖြင့် ရင်ဆိုင်ဖြေရှင်း နေရပါသည်။  ယခုဖမ်းဆီခံ လူငယ်နှစ်ဦး အား တာဝန်ရှိသူများ မှ မကူညီပါက နှစ်ရှည်ထောင်ဒဏ် ကျရောက်နိုင်သည်ဟု နီစပ်သူ တစ်ဦး ကပြောကြားသွားပါသည်။ 

ပေးပို့ သူ
ခိုင်မြသိန်း