Friday, September 2, 2011

ကြီးမြတ်သော အလင်းရောင်


ရခိုင့်မဟာ ကမ္ဘာကိုပတ်၊ အောင်မြေထပ်၍
လွတ်လပ်ရေးတွက် ကြိုးပမ်းခဲ့။ 
ရဟန်းမြတ်ဇာနည် မြန်မာပြည်ရေး၊
အမျိုးရေးတွက် အသက်ခန္တာ၊ 
ရုပ်အင်္ဂါကို စွန့် ကာ ကျဲဖြန့် ၊ တရားပျံ့ ဝေ
ရွှေပြည်တော်ကို မျှော်တ၍။ ရခိုင့်သွေးတို့ 
စွေးစွေးနီမြန်း၊ လျှမ်းလျှမ်းရဲတောက်
အနောက်ရိုးမ၊ ပင်လယ်ဝတိုင် အခိုင်အမာ၊
ခြေရာသက်သေ ကိုယ့်မြေ ကိုယ်နန်း ချစ်သူတွေ။
ရိုကျိုးကော်ရော် ပူဇော်ဦးတင်၊ 
ရပ်ရှစ်ခွင်မှ မြစ်ပြင်လှိုင်းထန်၊ 
မိုးသံမြည်ဟီး လျှပ်စီးဝင်းပြက်၊
လင်းရှိန်လက်သည် တက်စနေ၀န်း အရုဏ်၌။
လက်ဆယ်ဖြာမိုး၊ ရှိခိုး နိမ့်ချ၊ 
တရားရစဉ် ဥတ္တမဆရာတော်၊
တော်လှန်ပုံရိပ်တောင်ထိပ်လွင့်ဝဲ နေသတည်း။

Pan Thu. San ဆရာတော်အား ရက္ခအလင်းတန်းအဖွဲ့မှ ဤကဗျာဖြင့် ပူဇော် ဂါရ၀ ပြုပါသည် Arakan Ray .