Monday, September 12, 2011
ရခိုင်နိုင်ငံတော် လွပ်လွပ်ရီးအတွက် မြို့ သူကြီး ဦးအောင်ကျော်ဇံက အခု ပေါက်တော ဦးအောင်ကျော်ဇံ အထိ
  ကျွန်တော်ပြောချင်စွာက သမိုင်းထဲက သမိုင်း ။ ပြန်လို့  သတိရလာစွာကိုပါ ။ တခါတခါ ကျွန်တော် နိုင်ငံ ရီးဆောင်းပါး ရီးရေအခါ အယင်က ရခိုင်နိုင်ငံရီး ခေါင်းဆောင်တိကို ၀ီဖန်စွာတိ ပါလားပါသည် ။ ယေအခါ ကျွန်တော် စိတ်မကောင်း ဖြိုက်မိသည် ။   မတတ်နိုင်ပါဗျန်ကားယင် ။ ပြောဖို့ ကလေး ကျနီစွာရာပါ မနား ။ ကျွန်တော်သုံးသပ်မိစွာတိမှာ ဇါချင့်ကို သင်ခဏ်းစာယူရဖို့ လေး ဆိုစွာ ဟိလာပါသည် ။စိုင်းစားကြည့်ကတ် ပါဖိ တချက် ။ မင်းသားကြီးရွှီဘန်း ရို့  မြို့  သူကြီး ဦးအောင်ကျော်ဇံ ၊ ဒေးဝန်းကြီး ဦးအောင်ကျော်ရွှီ ဆိုစွာ နယ်ချဲ့အင်္ဂလိပ်တိကို ရခိုင်နိုင်ငံလွပ်မြောက်ရီးအတွက် တော်လှန်ရီးလုပ်ခရေ မျိုးချစ်ခေါင်းဆောင် တိဖြစ် သည် ။.
  ရခိုင်သားသစ္စာဖေါက် စံရဖွေပိုင် လူမျိုးကြောင့် အင်္ဂလိပ်ဘားမှာ အဖမ်းခံရလို့  အခု ( ဘင်္ဂလားဒေ့င်္ရ နိုင်ငံ ) ဒက္ကားထောင်မှာ အသက်သီလားခရသည် ။ ယင်းချင့်သည် ရခိုင်လူမျိုးရို့ အတွက် သမိုင်း ။ သက္က ရာဇ်-၁၁၈၆-ခုနှစ်-တန်ခူးလဆန်း-၁၄-ရက်နိမှာ ဓည၀တီ၊ ရမ္မာဝတီ၊ မေဃ၀တီ ၊ ဒွါရာဝတီ ဆိုရေ ရခိုင် နိုင်ငံကို မြန်မာနယ်ချဲ့ ရို့  သိမ်းပိုက်အုပ်ချုပ်ရေအချိန်က သက္ကရာဇ်-၁၁၈၆-ခုနှစ်အထိ နယ်ချဲ့ အင်္ဂလိပ် အစိုး  ရရို့  အုပ်ချုပ် သိမ်းပိုက်ရေအချိန်ထိ တွက်ကြည့်ကေ နှစ်ပေါင်းလေးဆယ်ဆိုစွာ မြန်မာလူမျိုးရို့  ရခိုင် လူမျိုးကို ကိုလိုနီလုပ်ခနိုင်ရေ အချိန်ကာလ တခုဖြိုက်သည် ။ ယင်းပိုင်အချိန် ကာလဗြီးကေ မြန်မာ နိုင်ငံ နင့် တခုချေလေး မဆိုင်ကြောင်း ၊ မပါတ်သက်ကြောင်း ပြောရဖို့ ရာ ဟိပါသည်။ 
      ပဇေါင်ဖြိုက်လို့ ဆိုကေ အင်းဝမြို့ နင့် မိုင်လေးဆယ်လောက်ဝီးရေ ရန္တပိုမြို့ မှာ အင်္ဂလိပ်နယ်ချဲ့  အစိုးရစစ် တပ်နင့် မြန်မာဘုရင်ရို့  စာချုပ်ချုပ်ခရေအခါ ရခိုင်နိုင်ငံကို အင်္ဂလိပ်ရို့  ပိုင်ဆိုင်လား ခဗျန် ဖြိုက်လို့ ပင်  ပြောဖို့ ဟိပါသည်။ ရန္တပိုစာချုပ်မှာ သက္ကရာဇ်-၁၁၈၇-ခုနှစ် တပေါင်းလပြည့်နိ ခရစ် သက္ကရာဇ်-၁၈၂၆ -ခုနှစ် ဖေဖေါ်ဝါရီလ-၂၆-ရက်နိ ချုပ်ဆိုခရေ နိဖြိုက်ပါသည်။ ယင်းပိုင်အချိန်ကာလကပင် ရခိုင်လူမျိုးရို့ မှာ ထိုင်နီခရေ ၊ အီးလို့  နီခရေ လူမျိုးမဟုတ်ဘဲနင့် ရခိုင်နိုင်ငံကို ပြန်လို့  ရချုင်လို့  လက်နက် ကိုင်တော်လှန်ရီး လုပ်ခရေ မျိုးချစ်ခေါင်းဆောင် ဟိခပါသည်။
        ရခိုင် မျိုးချစ်ခေါင်းဆောင်ကြီး မင်းသားကြီးရွှီဘန်း နင့် မြို့  သူကြီးဦးအောင်ကျော်ဇံ ၊ဒေးဝန်းကြီး ဦး    အောင်ကျော်ရွှီရို့ မှာ ရခိုင်တော်လှန်ရီးခေါင်းဆောင်ကြီးရို့  ဖြိုက် ကတ်  ပါသည်။ အင်္ဂလိပ်နယ်ချဲ့  အစိုး ရက ရခိုင်မျိုးချစ်တော်လှန်ရီးသမားတိ မပေါ်ပေါက်နိုင်အောင် အလှ ပလှ လုပ်နိုင်ခလို့  ရခိုင် မျိုးချစ်တော် လှန်ရီးခေါင်းဆောင်တိမှာ နောက်ထပ်တခါ မပေါ်ပေါက်ခစွာဖြိုက် သည်။ ၁၉၄၂-ခုနှစ် ဂျပန်တိ က-မြန်မာ နိုင်ငံကို ၀င်လာရေအချိန်မှာလေး ရခိုင်မျိုးချစ် ခေါင်းဆောင်ကြီး ဆရာတော် ဦးဥတ္တမမှာ ပျံလွန်လားခရေ အချိန် ဖြိုက်ဗြီးနီသိသည် ။ မပျံလွန်ခကေ တမျိုးတဖုံ ဟိပါဖို့  သိလို့  ထင်သည်။ 
     ဂျပန်ခေတ် ကာလ တလျှောက်လုံး ရခိုင်တော်လှန်ရီး သမားတိမှာ အမျိုးသားလွပ်မြောက်ရီးဖက်ကို အားသန်စွာ မတွိခရ ။ ယင်းအချိန်က အမျိုးသား လွပ်မြောက်ရီးကို ဖွင့်ဆိုစွာမှာ နယ်ချဲ့  သမားရို့ ၏ လက်ကလွပ်မြောက်ရီး ဖြိုက်နီသည်။   ယေဇူးနင့်ပင် ဘုံပေါက်သာကျော်ရို့  တော်လှန်ရီး ခရီးဝယ်မှာ ရန်ကုန်ုကိုလားပနာ ဗမာနိုင်ငံရီးသမားတိနင့် ပေါင်းပနာ အင်္ဂလိပ်တိကို တော်လှန်ဖို့  အကြောင်းဖြိုက်နီစွာ ကို တွိရသည်။ အပေါင်းကောင်း၍ ဘုံပေါက်သာကျော်မှာ အောက်သားနိုင်ငံရီးသမားရို့ လက်ကမသီ ရအောင်ထွက်ဗြီးရစွာမျိုးကို ကြားသိရရေအခါ ကျွန်တော် ရင်မနာကေ ဇါသူ ရင်နာပါဖို့ လေးချင့် ။ ဇါဖြိုက် လို့ လေး ဆိုကေ ဘုံ့ပေါက်သာကျော်မှာ တောနင်းလို့  အရှာခံရရေ ရခိုင်နိုင်ငံရီးသမားဖြိုက်လို့  ကံကောင်း လို့  မသီရစွာဖြိုက်ကြောင်း တော်လှန်ရီးခရီးဝယ် စာအုပ်မှာ ရီးပြထားစွာ ဟိပါသည် ။
        နောက် ရခိုင်လွပ်လွပ်ရီးတပ်မတော် တည်ထောင်သူ ဦးထွန်းရွှေမောင် ၊ ရခိုင်ပြည်လွပ်မြောက် ရီးပါတီ-တည်ထောင်သူ ဗိုလ်ခိုင်မိုးလင်း ၊ရခိုင်တပ်မတော် တည်ထောင် သူ ဗိုလ်ခိုင်ရာဇါရို့ မှာ စင်းသီးရခိုင် လွပ်မြောက်ရီးမျိုးချစ် တော်လှန် ရီး ခေါင်းဆောင် ရို့  အဖြိုက် ပေါ်ထွန်းခစွာဖြိုက်သည်။ ကျဆုံးခြင်း နင့်ဆုံးရှုံးခြင်းရို့ မှာ ဟိခကေလေး သူရို့ မှာရခိုင်မျိုးချစ် တော် လှန်ရီး ခေါင်းဆောင်ဖြိုက်ကြောင်း အသိ  အမှတ် ပြုရသည်။
    လက်နက်ကိုင်တော်လှန်ရီး အဖွဲ့ ကို ခေါင်းဆောင်သူရို့ မှာ မျိုးချစ် တော်လှန်ရီးသမား ရို့  ဖြိုက်တေပိုင် ရခိုင်ပြည်အတွင်း နိုင်ငံရီး လုပ်ကိုင်ကတ်သူတိမှာလေး အမျိုးသားချစ်စိတ် ဟိနိုင်သည်ဟု ပြောလို့ရ နိုင်ေ ကာင်းသည်။ယေကေလေး ဒေချင့်ကို ကောင်းကောင်းကြီး ခွဲ ခြမ်း စိတ်ဖြာဖို့  လိုရေလို့  ထင် သည်။ မြန်မာ နိုင်ငံ လွပ်လွပ်ရီးရဖို့  ကြိုးစားရေအခါ ရခိုင်ငံရီးသမားတိအဖြိုက် ဦးအောင်ဇံဝေရို့ ကဗိုလ် ချုပ်အောင်ဆန်း ရို့ နင့် ပူးပေါင်းပနာ ၀န်ကြီးနီရာတိ ယူလားခကတ်သည်။ ဦးဘစောရို့ ဦးညိုထွန်းရို့  မှာ လွပ်လွပ်ရီးရ လားရေအခါ ၀န်ကြီးအဖြိုက် နီရာ ရလားသည်။ တဖက်က လက်နက်ကိုင် တော်လှန်ရီး လုပ် ခရေ ဘုံပေါက်သာကျော်ရို့  ဆရာတော် ဦးစိန္တာရို့  ၊ဆရာတော် ဦးပညာသီဟ ရို့ တောင်မှ ရခိုင်နိုင်ငံ လုံးဝ လွပ်မြောက်ရီးးအတွက် မပါခကေ ယင်းဝန်ကြီးနီရာ ယူထားသူတိမှာ ဇါပိုင်ပြောနိုင်ကတ်ပါဖို့ လေး ချင့် ။ အခုအချိန်မှာ ပြောနိုင်စွာ တခုက ရခိုင်နိုင်ငံရီးသမားကြီးတိက ၀န်ကြီး နီရာကို ယူလားခစွာနင့်ပင် ရခိုင်နိုင်ငံတော်ပျောက်လားခဗြီးကေ ရခိုင်ပြည်နယ် အဆင့်တောင် မရခစွာကို ပြောရဖို့  ဖြိုက်သည်။ 
      ၁၉၉၀-ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းမှာ ရွီးကောက်ပွဲလုပ်တေအခါ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က လွှတ်တော် ကိုယ်စားလှယ်တိ မဲ -၁၁- နယ်မြီမှာ အနိုင်ရခသည် ။ ယေကေလေး န၀တအစိုးရက အာဏာ လွှဲပြောင်းပီးဖို့  စွာကို လက်မခံ ။ တနားနီကေ ပါတီတိကိုတောင် န၀တအစိုးရက သရဘောင်း လိုက်ပနာ ဖျက်သိမ်းကြောင်း ကြီညာသည်။ ယင်းချင့်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်လေး ပါလားသည်။ နိုင်ငံခြားကို ထွက်လားသူနင့် ပြည့်တွင်းမှာလေး ရုံးခမ်းမရှိ ၊ လူမရှိနင့် ဖြိုက်ချင်စွာ ဖြိုက်လားရသည် ။ ရန်ကုန်မှာ နီသူ ဦးအေးသာအောင် မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ကိုကိုယ်စားပြုပနာ ဆက်လက်ရပ်တည်သည်။ ဒေါ်အောင် ဆန်းစုကြည် နင့် ပါတ်သက်ဗြီးကေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နင့် ပူးပေါင်း လုပ်ကိုင်နီသည့် ဦးအေး သာအောင် မှာ ပြည်ထောင်စုစိတ်ဓါတ်နင့် ပင်လုံညီလာခံကို ခေါ်ဖို့  ချည်း ပြောနီသည်။   သူပြော နီရေ ပြည်ထောင်စုစိတ်ဓါတ်မှာ သူ့ ကောင်းစားရီးအတွက်ဖြိုက်ဗြီးကေရခိုင်လူမျိုးတရပ်လုံးကောင်း စားရီး အ တွက် မဟုတ်။ ရခိုင်နိုင်ငံတော် ပပျောက်ရီးဖြိုက်သည်။ ၂၀၀၈- ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြီခံ ဥပဒေကို ထောက်ခံဗြီးကေ ၂၀၁၀- ရွီးးကောက်ပွဲကို လုပ်လာသည်။ ယေအခါ ရခိုင်တိုင်းရင်းသားတိုး တက်ရီးပါတီက လွှ့တ်တော်ကိုယ်စားလှယ် -၃၅-နီရာဖြင့် ရခိုင်တပြည်လုံး အနိုင်ရလာသည်။ ထူးခြားစွာမှာ ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတိမှာ ၁၉၉၀-ခုနှစ် ရွီးကောက်ပွဲ ၀င်ခရေ -ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တိပါ -တပ်ပေါင်းစုပါ -တသီးပုဂ္ဂလတိပါ- တပါတီ တဖွဲ့ တည်း ဖြိုက်လားစွာဖြိုက်သည်။ ဒေချင့်က ကောင်းရေ အချက်အလက် တခုဖြိုက်သည်။ သဘောက ပြည့်တွင်းနိုင်ငံရီးသမားတိက ညီညွတ်ကတ်စွာကို ပြ လိုက် စွာဖြိုက်သည်။ ပြည်ပ နိုင်ငံရီးအဖွဲ့ အစီးနှင့် ပါတီတိမှာဆိုကေ ဟိသမျှ တယောက်တပေါက်နင့် မတရာ သား သရဘောင်းလိုက်ပနာ အားလုံး ဘောက်ကဒတ်ဖြိုက်နီကတ်သည်။ တယောက် ကို တယောက် မလေးစား၊ အထင်မကြီး ။ အသက်ဇါလောက်ကြီးကြီး - တခါက ဆရာကြီး ဒေါက်တာအေးကျော် ကို ပြော ထားစွာကို သတိရမိသည်။ ဆရာကြီးဒေါက်တာအေးကျော်ကို အင်တာဗျူး လုပ်တေအခါ ဆရာ ကြီးက ကိုယ့်ရခိုင်နိုင်ငံကို ကိုယ်က အုပ်ချုပ်ချင်လို့ ရေ ဆိုပနာ အင်တာဗျူးမှာ ဖြီသည်။ ယင်းပိုင်ဖြီဖို့  စွာမျိုးကို တယောက်ချေကလေး မဖြီကတ်သိ ။ ယင်းပိုင်စွာကို ကလေချေတယောက်က ဆရာကြီးကို အားမနာ ပ ပြောလိုက်သည်။ ယူလီ မြီ -ခြောက်ပေ-လတ် ၊ ကျွန်တော် လန့် လားမိသည်။ အသက်အရွယ်အရ ပညာညဏ်အဆင့်အရ ရခိုင်လူကြီးလူကောင်းတယောက်ကို ဒေပိုင် ပြောနီကတ်တေ ရခိုင်သားချေတိနင့် ပဇေါင်ပိုင် တထိုင်တည်း တနီရာတည်း စကား ပြောနိုင်ပါဖို့  လေး။ လူ့ ယဉ်ကျေးမူကို နားမ    လည်ရေ   ဒေပိုင် ရခိုင်လူမူအဖွဲ့ အစီးတိမှာ ကျွန်တော်ရို့  အမျိုးသားရီး အကြောင်းတိကို ရခိုင်နိုင်ငံတော်ပြန် လို့ ရ ဟိရီး ကို ပြော ဆို ရီးသားနီကတ်ပါသည်။ 
  လွန်ခရေ -၂၀၁၀-ခုနှစ် ဒီဇင်ဘာလ-၃၁-ရက်နိက အမေရိကန် နိုင်ငံ နယူးယောက်မြို့  ရှိ ကုလသမ ဂ္ဂညီလာခံရုံ့းချုပ်ရှေ့မှာ ဆရာကြီး ဒေါက်တာအေးကျော်နင့် ကျွန်တော် အပ်ါအ၀င် ကလေချေတိ ရခိုင် နိုင်ငံတော် ကိုလိုနီဖျက်သိမ်းရီးအတွက် ဆန္ဒပြ တောင်းဆိုခပါသည်။ ဒေပိုင်တောင်းဆိုခစွာကို အခုနှစ် မှာလေး ပြုလုပ်ကတ်ဖို့  စွာမှာ တကမ္ဘာလုံးက လုပ်လားကတ်ဖို့ လို့  ပြောသံကြား နီရပါသည်။ ဒေပိုင် ဖြိုက်  လာစွာ သည်သမိုင်းက စကားပြောလာစွာဖြိုက်သည်။ ယင်းပိုင်နှင့်ပင် ဖြိုက်နီရေအချိန်မှာ အခု ရခိုင်တိုင်းရင်းသားတိုးတက်ရီးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကို လွှတ်တော်တက်နီ စွာက မတက်ရဗျန်ဆိုပနာ ဖယ်ပလိုက်ဗျန်လို့  သိရသည်။ သဘောက ရွီးကောက်ပွဲကာလမှာ ကြံ့ဖွံ့ပါတီကို မကောင်းပြောခလို့  ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြိုက် တက်နီစွာကို အခုပိုင် မတက်ကေ့ဖိ ဆိုပနာ ထုတ်ပယ်လိုက်စွာက တစိချေလေး လက်မခံနိုင်စရာဖြိုက်သည်။ ပြသနာဟိခကေ တရားစွဲစွာတိ -ဟိခကေ ဒေကိစ္စတိကို လွှတ်တော်ညီလာခံ မခ်ါခင် ရှင်းရှင်းလင်းလင်း လုပ်ထားကေ ကောင်းသည်။ အခု က လွှတ်တော်အတွင်းမှာ တက်နီရေ လူကိုမတက်ကေ့ဖိဆိုစွာကရှက်ကောင်းထမန်း ဖြိုက်လားသည်။ ဒေ  ပိုင် စွာမျိုးကို စိုင်းစားပနာ သုံးသပ်ရဖို့  ဆိုကေ ဒေလွှတ်တော်ကိုပင် အစချီဗျန် ပြောရဖို့  ဖြိုက်သည်။ 
     ကျွန်တော်ရို့  အမြင်မှာ ဒေအစိုးရသည် ရုပ်သီးအစိုးရဖြိုက်သည်။ သူ့ နောက်မှာ လက်နက်အားကိုးနင့် လူတတိုင် ထိုင်စောင့်နီသည်။ ပြသနာလုပ်ခြီကေ စစ်တပ်က အာဏာသိမ်းဖို့  ဆိုပနာ ဖွဲ့ စီးအုပ်ချုပ်ပုံအခြီခံ ဥပဒေမှာ ရီးပြထားသည်။ ယေဗြီးကေ လွပ်လွပ်လပ်လပ် ပြောလို့ ဆိုလို့  ရစွာ မဟုတ်။ အဓိပ္ပါယ် မဟိတေ လွှတ်တော် အဖြိုက် ကျွန်တော် ရို့ က သိထားဗြီးဖြိုက်သည်။ ပေါက်တောက ဦးအောင်ကျော်ဇံမှာ အမျိုး သား ချစ်စိတ် ဟိဖို့ ထင်သည် ။ ယေဇူးကြောင့် နိုင်ငံရီးလောကထဲ ၀င်ပါလာစွာကို သံသယဖြိုက်စရာမလို ။ တခုရာဟိသည် ။ အခုပိုင် ပြည်သူ့ လွှတ်တော် ညီလာခံက ရုပ်သိမ်းပနာ အိမ်ပြန်လားရစွာသည် ရခိုင်နိုင်ငံရီးနှင့် တစိချေလေး မပတ်သက်စွာကို သိထားဖို့ လိုသည်။ 
    ရခိုင်လူမျိုးတယောက်ဖြိုက်ယင့်သားနင့် ရခိုင်ပြည့်၏ အရီးအရာကို လုပ်ပိုင်ခွင့် ကိုင်ပိုင်ခွင့် တခုလေး မဟိရေ အချိန်ခါမှာ လွှတ်တော် တက်နီကေလေး မထူးခြား ဆိုစွာကို နားလည်ထားဖို့  လိုသည်။ ရုပ်သီး အစိုးရ လွှတ်တော်မှာ ရုပ်သီးလွှတ်တော်ကိုယ်စားလှယ်တိက အားရပါးရ မရယ်ရ ။ အားရပါးရ မပြောရ- ဆိုစွာကို မြင်သိကြား  သိ- ခရေ -ကိုယ်စားလှယ် တယောက်နီနင့် အခုအချိန်မှာခံစားမူအတိုင်းအတာ ကို ဖြီပျောက်နိုင်ဖို့  ထင်သည်။ ဥပမအားဖြင့် ရခိုင်ပြည်က ကျောင်းတကျောင်း ဆောက်ဖို့  ပြောလို့  မရခ၊ ရခို်င်စကားနင့် ရခိုင်ပြည့်မှာ စာသင်ချင်ရေလို့  ပြောစွာ မရခသိ ။ မြစ်ထဲ ပင်လယ်ထဲမှာ ရခိုင်သားတိ ငါး ဖမ်းခွင့် တောင်းလို့  မရခစွာတိကို ဇါပိုင်ဖြိုက်လို့  ၀မ်းနည်းစရာ ဟိနီရပါဖို့ လေးချင့် ။ နယ်ချဲ့  အင်္ဂလိပ် လက်ထက်က မြို့  သူကြီးဦးအောင်ကျော်ဇံရို့ က ရခိုင်နိုင်ငံလွပ်လွပ်ရီးကို ရဖို့  အတွက် အသက်ကို စွန့် လို့ တိုက်ခပါသည်။ ယေဇူးနင့် သမိုင်းမှာ နာမည်တလုံးနင့် ရခိုင်မျိုးချစ် ခေါင်းဆောင် အဖြိုက် မြို့  သူကြီး ဦးအောင်ကျော်ဇံကို ကျွန်တော်ရို့  ဂုဏ်ပြုနီသည်။ ရခိုင်တိုင်းရင်းသား တိုးတက်ရီးပါတီက မျိုး ချစ်ခေါင်းဆောင်အဖြိုက် ဦးအောင်ကျော်ဇံကရာ ရခိုင်နိုင်ငံတော်အတွက် ပါခကေ- ပဇေါင်ပင် ကောင်း လီ ပါဖို့ လေးလို့စိုင်းစားမိနီပါသည်။ ယေဇူးနင့် မြို့ သူကြီး ဦးအောက်ကျော်ဇံကို ဂုဏ်ပြုရေ ပိုင် ပေါက်တော က ဦးအောင်ကျော်ဇံကိုလေး ဂုဏ်ပြုချင်ပါဖိ ။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် ).